← Chapters

မြို့သခင်ရုံးတော်တွင် စုဝေးခြင်း

Vol. 179 Ch. 2558

မြို့သခင်ရုံးတော်တွင် စုဝေးခြင်း

Vol. 179 Ch. 2558

ထိုအခိုက်တွင် မြို့သခင်ရုံးတော်သည် အလွန်တိတ်ဆိတ်နေလေသည်။ ထိပ်သီးကျင့်ကြံသူများမှာ ထိုပြိုင်ပွဲကွင်းကို အာရုံစိုက်နေကြသည်။

အကယ်၍ ပြီးခဲ့သော ပွဲစဉ်နှစ်ပွဲတွင် ဖြစ်ပျက်သွားခဲ့သော အမည်မသိ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများက သူတို့၏အစွမ်းကို ထုတ်ပြခဲ့မှုများသည် တိုက်ဆိုင်မှုများဖြစ်ပါက ဤပွဲစဉ်တွင် မုန့်ယန်ကို အနိုင်ယူသွားသော စွမ်းအားကြီးချပ်ဝတ်လက်နက်ပြုလုပ်သူသည်လည်း နောက်ထပ် တိုက်ဆိုင်မှုတစ်ခုပေလော။

ထိုကဲ့သို့သောသူသည် အလွန်ကျော်ကြားသူတစ်ဦး ဖြစ်နေသင့်၏။ အင်အားစုအားလုံးသည် ထိုကဲ့သို့ ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသည့် ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးကို ရရန် ယှဉ်ပြိုင်နေကြမည်သာဖြစ်သည်။ သူသည် သူ့ဘာသာ ဆက်၍ကျင့်ကြံနေလျှင်ပင် အင်အားစုတိုင်းက သူ့ကို အလွန်အလိုရှိနေကြမည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့သောသူတစ်ဦးကို ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်ရှိ လူတစ်ဦးကမှ မသိကြပေ။ သူတို့သည် ထိုသူကို တစ်ခါမှမမြင်ခဲ့ဖူးသလို၊ သူ့အကြောင်းကိုလည်း မကြားခဲ့ဖူးပေ။

ထိုကိစ္စသည် ဖြစ်ပင်ဖြစ်နိုင်ပါလေသလော။

ထိုသို့ဖြစ်နိုင်ချေသည် လွန်စွာနည်းပါ၏။

“ထိပ်ပိုင်းရန်ဟောင်အဆင့်တွေ စပြိုင်ကတည်းက ထင်မထားတာတွေ ဖြစ်လာခဲ့တာပဲ”

တစ်စုံတစ်ယောက်က ပြောလိုက်၏။ အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ထိုကဲ့သို့ ထင်မထားသောအခြအနေများသည် ပြိုင်ပွဲ၏ ခုနစ်ပွဲမြောက်ပွဲစဉ်တွင် စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုခုနစ်ပွဲမြောက်ပွဲစဉ်သည် ထိပ်ပိုင်းရန်ဟောင်အဆင့်ကျင့်ကြံသူများ စတင်ယှဉ်ပြိုင်သည့်ပွဲဖြစ်သည်။ ထို့နောက်တွင် ရှစ်ပွဲမြောက်နှင် ကိုးပွဲမြောက် ပွဲစဉ်များတွင်လည်း ထိုကဲ့သို့ ထင်မထားသည်များ ဆက်လက်ဖြစ်ပျက်ခဲ့သည်။

“မုန့်ယန်ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်က အဲဒီလူထက် မနိမ့်ပါဘူး... သူက ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတာတစ်ခုပဲ။ ဒါပေမဲ့ သူ့အနေနဲ့ ယုံကြည်မှုလွန်ကဲမယ်ဆိုလည်း လွန်ကဲချင်စရာပဲလေ... သူ့လောက် စွမ်းအားကြီးတဲ့ ချပ်ဝတ်လက်နက်ပြုလုပ်သူ ထွက်ပေါ်လာမယ်လို့ သူဘယ်ထင်ထားမလဲ”

မြို့သခင်ရုံးတော်မှ တစ်စုံတစ်ယောက် ပြောလိုက်၏။ မုန့်ယန်အပြင် မည်သူမှလည်း ထိုသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

မုန့်ယန်၏ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်သည် အမှန်ပင် ရန်ဟောင်ထိပ်တန်းအဆင့် ရှိသည် မဟုတ်ပါလား။

သူနှင့် ယှဉ်ပြိုင်နိုင်သည့်သူ ထွက်ပေါ်လာမည်ဟု မည်သူထင်ထားမည်နည်း။ သူနှင့် တန်းတူအရည်အချင်းရှိသူ ထွက်ပေါ်လာမည်ဟု မည်သူထင်မည်နည်း။

မုန့်ယန်သည် သူ၏ပြိုင်ဘက်က စွမ်းအားကြီးနတ်လက်နက်တစ်ခုကို ပြုလုပ်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် အမှားမရှိစေရန် ပြုလုပ်ရန်မရှုပ်ထွေးသည့် လက်နက်ကိုပြုလုပ်ခဲ့သည်။ သို့ကြောင့် မုန့်ယန်၏နတ်လက်နက်သည် ဖိနှိပ်မှုခံခဲ့ရပြီး ရှုံးနိမ့်ခဲ့ရလေသည်။

လူများစွာသည် ခေါင်းညိတ်လိုက်ကြပြီး ထိုသုံးသက်ချက်ကို လက်ခံခဲ့ကြသည်။ မုန့်ယန်၏ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်သည် သူ၏ပြိုင်ဘက်ထက် မနိမ့်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူ ရှုံးနိမ့်ခဲ့ရလေသည်။ ထိုကိစ္စသည် အမှန်ပင် စိတ်မကောင်းစရာပင်။

ထိုကဲ့သို့ အရည်အချင်းရှိသော ကျွမ်းကျပ်ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ယင်းသို့ ထုတ်ပယ်ခံလိုက်ရပေပြီ။

“ဆရာမုန့်ယန် ဘယ်ကိုထွက်သွားလည်းဆိုတာ သွားရှာပြီး သူ့ကို ဧည့်သည်တစ်ဦးအနေနဲ့ မြို့သခင်ရုံးတော်ကိုလာဖို့ ဖိတ်ခဲ့”

မြို့သခင်ရုံးတော်အတွင်းရှိ ထိပ်သီးတစ်ဦးက ပြောလိုက်၏။ ရုတ်ခြည်းပင် လက်အောက်ငယ်သားတစ်ယောက်သည် သူ့အမိန့်ကိုနာခံလိုက်ပြီး တခြားစွမ်းအားကြီးလူများနှင့်အတူ ထွက်ခွာသွား၏။ သူတို့အားလုံးသည် မုန့်ယန်ကို လူစုခွဲ၍ ရှာလိုက်ကြသည်။

မုန့်ယန်သည် မာနကြီးသူတစ်ဦးဖြစ်သည်။ ထိုရှုံးနိမ့်မှုကြောင့် သူသည် မြို့သခင်ရုံး‌တော်အတွင်းသို့ဝင်၍ ချပ်ဝတ်လက်နက်ပြုလုပ်ရန်ပင် အခွင့်အရေးမရှိ‌တော့ပေ။ ထို့နောက်တွင် သူသည် ချက်ချင်းထွက်သွားကာ ထျန်းယန်မြို့သို့ မည်သည့်အခါမှ ပြန်လာ‌တော့မည်မဟုတ်ချေ။ သို့ဆိုလျှင် သူသည် ချပ်ဝတ်လက်နက်ပြုလုပ်နည်းများကို ကျင့်ကြံရန် မြို့သခင်ရုံးတော်သို့ မည်သည့်အခါမှ ဝင်တော့မည်မဟုတ်ပေ။

မုန့်ယန်၏ အကျင့်စရိုက်အရ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကို သူ့ဘာသာ ဆက်၍ကျင့်ကြံနေမည်ဖြစ်သည်။ သူ နတ်ဘုရားတစ်ဝက်လက်နက်ကို ပြုလုပ်နိုင်လာသည့် နေ့မှ ထပ်မံထွက်ပေါ်လာမည်ဖြစ်သည်။

မြို့သခင်ရုံးတော်သို့ ရောက်ရှိနေပြီဖြစ်သော ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် အတူတကွစုဝေးလိုက်ကြသည်။ သူတို့သည် အစောက အံ့အားသင့်ဖွယ်ပြိုင်ဆိုင်မှုကို တွေ့ခဲ့ရသဖြင့် မုန့်ယန်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်နေသည်။ မုန့်ယန်သာ မြို့သခင်ရုံးတော်ထဲတွင် ထပ်မံယှဉ်ပြိုင်ခွင့်ရခဲ့လျှင် ပြောင်မြောက်သောအရည်အချင်းများကို ထုတ်ပြမည်ဖြစ်သည်။

သို့သော် ယခုတွင် သူသည် ဆုံးရှုံးမှုဖြင့်သာ ထွက်ခွာသွားရပြီး ဂုဏ်သိက္ခာလည်း ထိပါးခဲ့၏။

“ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲရဲ့ ကိုးပွဲမြောက်ပွဲစဉ် တရားဝင်ပြီးဆုံးသွားပြီ။ နောက် ကျုပ်တို့ အနိုင်ရတဲ့ ပြိုင်ပွဲဝင်တွေ နောက်ဆုံးဆယ်ပွဲမြောက်ပွဲစဉ်အတွက် မြို့သခင်ရုံးတော်ထဲ ဝင်လာတာကို စောင့်ရုံပဲ”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။

“အဆုံးအဖြတ်ပေးမယ့် ဆယ်ပွဲမြောက်ပွဲစဉ်မှာ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတွေ အတူတူ လက်နက်ပြုလုပ်တာကို မြင်ရလိမ့်မယ်။ ပြီးတော့ မြို့သခင်ရုံးတော်က အဆင့်တစ်ဆင့်ချင်းစီအတွက် ပြိုင်ပွဲမှာဝင်ပြိုင်မယ့် စွမ်းအားကြီးချပ်ဝတ်လက်နက်ပြုလုပ်သူ တစ်ယောက်စီကို ရွေးချယ်မယ်။ နတ်ဘုရားတစ်ဝက်လက်နက်တွေကို ပြုလုပ်နိုင်တဲ့ ကပ်ဘေးအဆင့်ကျင့်ကြံသူတွေက အရင်ပွဲစဉ်တွေမှာ ဝင်ပြိုင်စရာမလိုခဲ့ဘူး။ သူတို့က ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲရဲ့ ဆယ်ပွဲမြောက်ပွဲစဉ်မှာ တန်းပြီးဝင်ပြိုင်လို့ရတယ်”

နတ်ဘုရားတစ်ဝက်လက်နက်များကို ပြုလုပ်နိုင်သည့် ကပ်ဘေးအဆင့် ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် များစွာမရှိပေ။ ကောင်းကင်ဒေသတစ်ခွင်လုံးတွင် ထိုကဲ့သို့သောသူများ များစွာမရှိပေ။ နတ်ဘုရားတစ်ဝက်လက်နက်များကို ပြုလုပ်နိုင်သည့် ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် ရှေ့ပိုင်းပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်မလိုပေ။

သူတို့သည် ကောင်းကင်ဒေသတွင် ထိပ်သီး ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများဖြစ်ကြသည်။

“နောက်ဆုံးတော့ သူတို့ရောက်လာပြီ”

လူများစွာသည် အတော်လေး မျှော်လင့်နေကြသည်။ မြို့သခင်ရုံးတော်ထဲတွင် ပြိုင်ပွဲ၏ ဆယ်ပွဲမြောက်ပွဲစဉ်ကို ကျင်းပတော့မည်ဖြစ်သည်။ ထိုပွဲစဉ်သည် နောက်ဆုံးပွဲစဉ်ဖြစ်သည်။ အဆင့်ကွဲပြားသော စွမ်းအားအကြီးဆုံး ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် အတူတကွစုဝေးကာ တစ်ချိန်တည်းတွင် လက်နက်ပြုလုပ်ကြမည်ဖြစ်သည်။

ထို့အပြင် ပြိုင်ပွဲဝင်များသည် ဤပွဲစဉ်တွင် အနိုင်ရရှိခဲ့လျှင် မြို့သခင်ရုံးတော်သို့ ဝင်ခွင့်ရမည့်အပြင် တခြားဆုလာဘ်များစွာကိုလည်း ရရှိမည်ဖြစ်သည်။ သူတို့သည် မြို့သခင်ရုံးတော်သို့ ဝင်ရန် မ‌ရွေးချယ်ခဲ့လျှင်ပင် တခြားထိပ်သီးအင်အားစုများသို့ ဝင်ရန်လည်း ရွေးချယ်နိုင်ပြီး သူတို့၏အနာဂတ်ကျင့်ကြံခြင်းကို ထိုထိပ်သီးအင်အားစုများက ထောက်ပံ့ပေးပေလိမ့်မည်။

မည်သည့်အင်အားစုကမှ ကောင်းမွန်သော အလားအလာများရှိသည့် ကျွမ်းကျွင်ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးကို လက်လွှတ်လိုမည်မဟုတ်ပေ။

ထို့ကြောင့် ဤတစ်ခေါက်ပွဲစဉ်သည် ကျင့်ကြံခြင်းအဆင့်နိမ့်သော ချပ်ဝတ်လက်နက်ပြုလုပ်သူများအတွက် ပို၍အ‌ရေးကြီး၏။ အဘယ်ကြောင့်ဆိုသော ဤပွဲစဉ်သည် သူတို့၏အနာဂတ်ကို ပြောင်းလဲသွားစေနိုင်သောကြောင့်ပင်။

အဆင့်မြင့် ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် ကျော်ကြားမှုကို ရရှိထားပြီးဖြစ်ပြီး နေရာတိုင်းတွင် လူအားလုံး၏ လေးစားမှုကိုခံရပြီးဖြစ်သည်။ သူတို့သည် သွားရာအရပ်တွင် မျက်နှာပွင့်သူများဖြစ်ကြသည်။ သို့သော် သူတို့သည်လည်း ထိပ်သီးအင်အားစုကြီးများက သူတို့ကို ပို၍ကောင်းမွန်သော အရင်းအမြစ်များထောက်ပံ့၍ သူတို့၏ကျင့်ကြံခြင်းတွင် ကူညီပေးသည်ကို လိုအပ်ပေ‌သေးသည်။

ထိုမှသာ သူတို့၏ကျင့်ကြံခြင်းအဆင့်မြင့်လာမည်ဖြစ်ပြီး သူတို့၏စွမ်းရည်များလည်း တိုးတက်လာမည်ဖြစ်သည်။

ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းဖြစ်စေ၊ အာခီမီပညာရပ်ဖြစ်စေ ပါရမီတစ်ခုတည်းဖြင့် မလုံလောက်ပေ။ ကျင့်ကြံခြင်းအဆင့်သည် အခြေခံဖြစ်သည်။ ကျင့်ကြံခြင်းအစွမ်းမရှိလျှင် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းနှင့် အာခီမီပညာရပ်တွင် မွေးရာပါ ပါရမီပါခြင်းသည် အဓိပ္ပာယ်မရှိသကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းအစွမ်းသာမရှိလျှင် ထိုပါရမီများကို အသုံးမချနိုင်သောကြောင့်ပင်။

ရီဖူရှင်းသည် လူအုပ်ထဲမှနေ၍ ဖြစ်ပျက်နေသော အရာအားလုံးကို ကြည့်ရှုနေ၏။ ထျန်းယန်မြို့သခင်နှင့် မြို့သခင်ရုံးတော်မှ တခြားကျင့်ကြံသူများသည် တည်ငြိမ်အေးဆေးနေခဲ့သည်။ သူတို့သည် အနည်းငယ်မျှပင် လှုပ်လှုပ်ရှားရှားဖြစ်မနေခဲ့ပေ။ သို့သော် ဤအကြိမ် ပြိုင်ပွဲတွင် ဆန်းကြယ်သောလျှို့ဝှက်အင်အားစုတစ်စုက ဝင်ပြိုင်နိုင်သည်ဟု သူတို့ တွက်ဆထားပြီးဖြစ်ရပေမည်။

ဤတစ်ခေါက်ပြိုင်ပွဲမှ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် သူတို့ခန့်မှန်းထားသည်ထက် ပို၍အစွမ်းထက်နေလေသည်။ ထို့ကြောင့် သူတို့ မခန့်မှန်းထားသော ကိစ္စများဖြစ်လာရန် ဖြစ်နိုင်ချေများနေလေသည်။ တစ်နည်းဆိုရလျှင် သူတို့သည် ပြိုင်ပွဲ၏အခြေအနေသည် မည်သို့ဆက်ဖြစ်မည်ကို မထိန်းချုပ်နိုင်တော့ပေ။ သူတို့သည် ထိုပြိုင်ပွဲကို ကြီးမှူးကျင်းပသူများဖြစ်သော်လည်း ယခုတွင် ပြိုင်ပွဲစည်းမျဉ်းများကို ပြန်မပြောင်းနိုင်တော့ပေ။ ထိုအမည်မသိ လူများကို ပြိုင်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်ရန် မတားနိုင်တော့ချေ။

ထိုသို့သာလုပ်ခဲ့လျှင် ထျန်းယန်မြို့၏ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။ ထို့အပြင် နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသည့် ဤပွဲတော်သည်လည်း လူအားလုံး၏လှောင်စရာ ဟာသတစ်ခုဖြစ်သွားပေလိမ့်မည်။

သို့သော် ရီဖူရှင်းအနေဖြင့် အခြေအနေသည် ထိုသို့ဖြစ်သွားလျှင်လည်း အရေးစိုက်စရာမရှိပေ။ ချပ်ဝတ်လက်နက်ပြိုင်ပွဲ၏နောက်ကွယ်တွင် စီဝေ့ကြယ်ကောင်းကင်ကို ပြစ်မှတ်ထားနေသော အကြံများရှိသည် မဟုတ်ပါလား။ သို့သော် ယခုတွင် တစ်စုံတစ်ယောက်သည် အရာအားလုံးကို နှောင့်ယှက်ရန်ကြံနေသည်ဖြစ်ရာ အခြေအနေများ မည်သို့ဖြစ်လာမည်ကို သူသည် ဝမ်းမြောက်ဝမ်းသာ ကြည့်နေရုံသာရှိသည်။

အခြေအနေသည် အနည်းငယ် ပို၍ပရမ်းပတာဖြစ်လာစေရန်ပင် သူမျှော်လင့်နေ၏။

ယခုတွင် လူအားလုံးသည် ထိုအခြေအနေများ၏ နောက်ကွယ်မှ အင်အားစုများသည် မည်သည့်အင်အားစုများဖြစ်နိုင်သနည်းဟု ခန့်မှန်းတွေးတောနေကြလောက်၏။

ရီဖူရှင်းသည်လည်း ခန့်မှန်းသုံးသပ်နေသည်။

မည်သည့်အင်အားစုသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ဝင်ပြိုင်ရန် ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်ပြုလုပ်သူအုပ်စုတစ်စုကို စုစည်းနိုင်လောက်သည်အထိ အဆက်အသွယ်ကောင်းများရှိသနည်း။

ကောင်းကင်ဒေသတွင် ထိုကဲ့သို့ လုပ်နိုင်စွမ်းသောအင်အားစု တစ်စုသာ ရှိသည်။ ထိုအင်အားစုသည် ထျန်းယန်မြို့၏ မြို့သခင်အိမ်တော်ဖြစ်၏။

သို့သော် ထျန်းယန်မြို့၏ မြို့သခင်အိမ်တော်သည် ထိုပြိုင်ပွဲကို ကြီးမှူးကျင်းပသူဖြစ်သည်။ ထို့ကြောင့် အမှောင်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုသည် ကောင်းကင်ဒေသမှ အင်အားစုတစ်စု မဖြစ်နိုင်ပေ။

သို့ဆိုလျှင် ထိုအင်အားစုသည် မည်သည့်အင်အားစုဖြစ်မည်နည်း။

အဖြေသည် သူတို့ရှေ့တွင်ပင် ရှိနေသည်။

မှော်နက်နန်းတော်... နတ္တိအင်ပါယာတောင်...

ထိုအင်အားစုနှစ်စုသာ ထိပ်သီးချပ်ဝတ်လက်နက်ပြုလုပ်သူများကို ဤနေရာသို့ လာစေ၍ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့မှ ကျင့်ကြံသူများသည် ကောင်းကင်ဒေသသို့ ရောက်ရှိနေပြီဟု ဆိုနိုင်၏။

မင်းသမီးဒွန်ဟောင်နှင့် အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း ထိုမျှ ခန့်မှန်းသုံးသပ်နိုင်ခဲ့သည်။ ထိုအခိုက်တွင် သူတို့၏မျက်လုံးများထဲမှ နတ်အရောင်အဝါများသည် အတွင်းသို့ ပြန်ဝင်သွား၏။ ထိုအဓိကလောကကြီးနှစ်ခုမှ မည်သူတို့ ရောက်လာသနည်း။

အဖြေမှာ သူတို့အားလုံးရောက်လာသည်ဟူ၍ ဖြစ်သည်။

ယခုတွင် သူတို့သည် ကောင်းကင်ဒေသ၏ နယ်မြေအတွင်းသို့ တိုက်ရိုက်ဝင်လာရဲသည်အထိ ရဲတင်းနေပြီလော။ သို့ဆိုလျှင် ထိုအပြုအမူသည် အမှန်ပင်စိတ်ကြီးဝင်နေသော အပြုအမူဖြစ်ပေလိမ့်မည်။

သို့သော် သက်သေအထောက်အထား မရှိဘဲနှင့် ထိုစွမ်းအားကြီးကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများကို ဖမ်းဆီး၊ သတ်ဖြတ်ပစ်၍ မရပေ။

ထိုသူများအကြားတွင် အမှန်ပင် မထင်မရှားနေထိုင်ခဲ့သည့် အရည်အချင်းရှိသော ချပ်ဝတ်လက်နက်ပြုလုပ်သူများလည်း ပါနိုင်၏။

ဤချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် အချိန်နှင့်အမျှ ပို၍စိတ်လှုပ်ရှားစရာ ကောင်းလည်သည်ဟု ထင်ရလေသည်။

ထျန်းယန်မြို့တစ်မြို့လုံးသည်လည်း ပြိုင်ပွဲ၏ ဆယ်ပွဲမြောက်ပွဲစဉ်ကို အလွန်မျှော်လင့်နေကြသည်။

မြို့သခင်ရုံးတော်အတွင်းမှ ထိပ်သီးများသည် စောင့်ဆိုင်းနေရင်း စကားပြောဆိုနေကြသည်။ မကြာမီမှာပင် တောင်ဘက်မှနေ၍ လူများလျှောက်လာသည်ကို သူတို့မြင်လိုက်ရသည်။ ထိုလူများသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ‌ရှေ့ပိုင်း ပွဲစဉ်ကိုးပွဲမှ အနိုင်ရသူများဖြစ်ကြသည်။

တောင်ဘက်ရှိကွင်းပြင်သည် ယခင်က အလွတ်ဖြစ်နေသော်လည်း တဖြည်းဖြည်းဖြင့် ထိုနေရာသို့ လူများရောက်ရှိလာ၏။ သူတို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှ ပြိုင်ပွဲဝင်များဖြစ်သည်။ ယခုတွင် သူတို့သည် ထိုနေရာတွင် ပြန်လည်စုဝေးနေပြီဖြစ်သည်။

ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ ကိုးပွဲမြောက်ပွဲစဉ်တွင် အနိုင်ရရှိသွားသူ ရောက်လာသောအခါ မြို့သခင်ရုံးတော်၏ အတွင်း၊ အပြင်နှစ်ခုစလုံး တိတ်ဆိတ်သွား၏။

လူများစွာ၏အကြည့်များသည် ဝတ်စုံနက်နှင့်လူပေါ်သို့ ကျရောက်သွားကြသည်။ ထိုဝတ်စုံနက်နှင့်လူသည် မုန့်ယန်ကို အနိုင်ယူခဲ့သော ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူဖြစ်သည်။ သူသည် မည်သည့်နေရာမှ လာခဲ့သနည်း။

သို့သော် ထိုလူ၏မျက်နှာထားသည် တည်ငြိမ်နေပြီး ရှေ့တုရှုကိုသာ ကြည့်နေပြီး စိုးရိမ်ပူပန်သည့်လက္ခဏာတစ်ခုပင် မပြပေ။ တခြားအနိုင်ရရှိသူများလည်း ထို့အတူပင်ဖြစ်သည်။ သူတို့သည် လူအုပ်ထဲတွင် တိတ်တဆိတ်ရပ်နေကြသည်။ သူတို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ဝင်ပြိုင်ရန် လာခဲ့သော ကျင့်ကြံသူများသာဖြစ်သည်။

“မင်းတို့လည်း ရှေ့ထွက်ကြ”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။ ရုတ်ခြည်းပင် သူ့နောက်မှ လူကိုးယောက် ရှေ့သို့ထွက်လာသည်။

ထိုလူကိုးယောက်သည် ရန်ဟောင်အဆင့်တစ်မှ ရန်ဟောင်အဆင့်ကိုးထိ ရှိသူများဖြစ်သည်။ သူတို့သည် မြို့သခင်ရုံးတော်အတွင်းရှိ အဆင့်အမြင့်ဆုံး ချပ်ဝတ်လက်နက်ပြုသူများဖြစ်သည်။

သူတို့သည် ပွဲစဉ်ကိုးပွဲတွင် အနိုင်ရသူများနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ သူတို့ကြားတွင် စင်မြင့်ကိုးခုရှိနေလေသည်။ ထိုချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် မြို့သခင်ရုံးတော်မှ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများနှင့် ပြင်ပမှ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများ တွေ့ဆုံယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲလည်းဖြစ်သည်။

နှစ်တစ်ရာလျှင် တစ်ကြိမ်ကျင်းပသည့် ထိုကြီးကျယ်ခမ်းနားသောပြိုင်ပွဲ၏ အနိုင်ရသူတစ်ဝက်ခန့်သည့် မြို့သခင်ရုံးတော်မှသာ ဖြစ်လေ့ရှိသည်။

“မြို့သခင်ရုံးတော် အတွင်းရော အပြင်မှာပါရှိတဲ့ ကပ်ဘေးအဆင့် ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူတွေက မြို့သခင်ရုံးတော်ထဲကို လေပေါ်ကတဆင့် တန်းသွားနိုင်ပါတယ်”

ထျန်းယန်မြို့သခင်သည် ကျယ်လောင်စွာ ကြေညာလိုက်သည်။ သူ့အသံကို ထျန်းယန်မြို့တစ်ခွင်လုံးတွင် ကြားနိုင်၏။ သူသည် ထိုကဲ့သို့အဆင့်ရှိသည့် ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများကို ကောင်းကင်ပေါ်မှနေ၍ မြို့သခင်ရုံးတော်အတွင်းသို့ ဝင်ခွင့်ပြုကာ အကြီးမားဆုံးလေးစားမှုကို ပြသလိုက်ခြင်းပင်။

မကြာမီတွင် နှစ်ဖက်စလုံးမှနေ၍ လူသုံးယောက် ထွက်လာ၏။ ထိုသုံးဦးစလုံးသည် ကပ်ဘေးအဆင့်ရှိသော ထိပ်သီးများဖြစ်ကြသည်။ ထိုကဲ့သို့သောလူများသည် လွန်စွာရှားပါးလေသည်။ သို့သော် ဤပြိုင်ပွဲသည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် အကြီးကျယ်အခမ်းနားဆုံးပြိုင်ပွဲ ဖြစ်သဖြင့် သူတို့လည်း ရောက်ရှိလာခြင်းဖြစ်ဖြစ်၏။

ထို့နောက်တွင် မြို့သခင်ရုံးတော်အပြင်ဘက်ရှိ ကောင်းကင်ထက်တွင် လူနှစ်ယောက် ထွက်ပေါ်လာသည် သူတို့သည် မြေပေါ်သို့ ဆင်းသက်လိုက်ကြသည်။ သူတို့သည် ရှေ့သို့လျှောက်လာ၍ ထျန်းယန်မြို့သခင်ကို အနည်းငယ်ဦးညွှတ်၍ ပြောလိုက်၏။

“မြို့သခင်ဝမ်ကို နှုတ်ခွန်းဆက်ပါတယ်”

“ဆရာကြီးတို့က အဝေးကနေ လာခဲ့ရတာဆိုတော့ ပင်ပန်းသွားပါပြီ”

ထျန်းယန်မြို့သခင်က ဆက်ပြောလိုက်၏။

“တကယ်လို့ နောက်ထပ်ပြိုင်ပွဲဝင်မယ့်သူတွေရှိသေးရင် ရှေ့ကိုထွက်ခဲ့ပါ”

သူ၏အသံပျောက်ကွယ်သွားပြီး‌နောက် မကြာခင်တွင် မြို့သခင်ရုံးတော်အထက်ရှိ ကောင်းကင်တွင် နောက်ထပ်လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုလူသည် ဟန်ပန်သည် လွန်စွာခံ့ညားထည်ဝါ၏။ သူထွက်ပေါ်လာသောအခါ မြို့သခင်ရုံး‌တော်မှ ကျင့်ကြံသူများသည် သူမည်သူ၊ မည်ဝါသနည်းဟု မေးမြန်းလိုက်ကြသည်။ သို့သော် မည်သူမှ ထိုလူကို မသိကြပေ။

သူတို့သည် အစောက လူငါးဦးစလုံးကို သိကြသည်။ သို့သော် ယခုထွက်ပေါ်လာသည့် ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူကို မည်သူမှ မသိကြပေ။

ယခုတွင် ထျန်းယန်မြို့သခင်၏မျက်လုံးထဲ၌ လေးနက်မှုအနည်းငယ် ရှိနေပေပြီ။ သူသည် ထိုလူကို စိုက်ကြည့်နေ၏။ ထိုလူသည် မြေပေါ်သို့ ဆင်းလာပြီး ထျန်းယန်မြို့သခင်ရှိရာဘက်သို့ အရိုအသေပေးလိုက်၏။

“ချပ်ဝတ်လက်နက်ပြုလုပ်သူ မုယန် မြို့သခင်ကို နှုတ်ခွန်းဆက်ပါတယ်”

“မုယန်...”

မည်သူမှ သူ၏အမည်ကို မကြားဖူးပေ။

“ဆရာကြီးက ဘယ်ကလာခဲ့တာပါလဲ”

ထျန်းယန်မြို့သခင်က မေးလိုက်သည်။

“ကျုပ်က ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို လာပြိုင်တာပါ။ ကျုပ် ဘယ်ကလာတယ်ဆိုတာ အရေးမကြီးပါဘူး”

မုယန် ပြန်ပြောလိုက်၏။ ထျန်းယန်မြို့သခင်သည် သူ့ကိုကြည့်လိုက်၏။ သို့သော် သူ့ကို ဆက်၍မေးမြန်းနေရန် မသင့်တော်ပေ။ မြို့သခင်သည် ဝတ်စုံနက်နှင့် လူငယ်တစ်ဦးကိုကြည့်၍ ပြောလိုက်၏။

“မင်းလည်း ဝင်ပြိုင်လိုက်ပါ”

“ဟုတ်ကဲ့”

ထိုလူငယ်သည် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ထွက်သွား၏။ ထိုအခိုက်တွင် ထျန်းယန်မြို့တွင်းမှ လူများစွာသည် ထိုလူငယ်ကို ကောင်းကင်ထက်ရှိ မှန်ကြီးမှတဆင့်ကြည့်လိုက်နေကြသည်။ ထိုလူငယ်သည် မြို့သခင်ရုံးတော်က လျှို့ဝှက်ပျိုးထောင်ထားသော ပါရမီရှင်ဖြစ်သည်။ ထျန်းယန်မြို့သည် မကြာသေးခင်ကမှ သူ၏အကြောင်းကို သိရှိခဲ့ရခြင်းဖြစ်၏။

All Chapters