← Chapters

ဝမ်ရှောင်၏ ထူးခြားမှုလော

Vol. 179 Ch. 2560

ဝမ်ရှောင်၏ ထူးခြားမှုလော

Vol. 179 Ch. 2560

ထျန်းယန်မြို့တွင်းတွင် တိတ်ဆိတ်နေပြီး လူများစွာသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေကြသည်။

စွမ်းအားကြီးပြိုင်ပွဲဝင်များသည် သူတို့၏ချပ်ဝတ်လက်နက်နယ်မြေများကို ဖန်တီးထားပြီးဖြစ်ကာ ချပ်ဝတ်လက်နက်ပြုလုပ်ရန် သတ္တုများကို စတင်ထုနှက်နေကြလေသည်။

မြို့သခင်ရုံးတော်တွင် လမ်းစဉ်မီးတောက်ရှိသည့် ချပ်ဝတ်လက်နက်နန်းတော်တစ်ဆောင်ရှိသည်။ ထိုနန်းတော်တွင် လက်နက်များ၏ပုံစံကို ကြိုတင်သွန်းလောင်းထားသော သတ္တုများရှိလျှင် ၎င်းတို့ကိုအချောသတ်၍ ချပ်ဝတ်လက်နက်များ ပြုလုပ်နိုင်၏။ သို့သော် အရည်အချင်းပြည့်မီသော ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ချပ်ဝတ်လက်နက်ကို အစမှအဆုံးတိုင် မိမိဘာသာ ပြုလုပ်နိုင်ရပေမည်။  ထိုသို့ပြုလုပ်နိုင်ရန် ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ချပ်ဝတ်လက်နက်နယ်မြေကို ဖန်တီးကာ လမ်းစဉ်မီးတောက်ရှိရပေမည်။ ထိုကိစ္စများသည် အခြေခံဖြစ်သည်။ ထို့ကြောင့် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းနှင့် ကျင့်ကြံခြင်းကို ခွဲ၍မရခြင်းပင်။

ကျင့်ကြံခြင်းအဆင့်သည် အရာအားလုံး၏အခြေခံဖြစ်သည်။

အကယ်၍ ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်သည် လုံလောက်အောင်မမြင့်လျှင် သူ၏လမ်းစဉ်မီးတောက်သည် လုံလောက်သောအပူချိန်ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ သူသည် အဆင့်မြင့်ချပ်ဝတ်လက်နက်သတ္တုများကို အရည်ဖျော်နိုင်မည်မဟုတ်သဖြင့် ချပ်ဝတ်လက်နက်ကို စတင်ပင် ပြုလုပ်နိုင်မည်မဟုတ်ချေ။

မြို့သခင်ရုံးတော်မှ ဝမ်ရှောင်သည် နှစ်တစ်ရာခန့် သူ၏အရည်အချင်းကို သွေးထားသူဖြစ်ရာ သူ၏အရည်အချင်းသည် လွန်စွာထက်မြက်နေမည်မဟုတ်ပါလားဟု ထျန်းယန်မြို့မှ လူများစွာက တွေးနေကြသည်။ နောက်ဆုံးတစ်ခေါက် ချပ်ဝတ်လက်နက်ပြိုင်ပွဲပြုလုပ်ခဲ့သည်မှာ လွန်ခဲ့သောနှစ်တစ်ရာက ဖြစ်သည်။ ဝမ်ရှောင်သည် ထိုစဉ်က ကိစ္စများကို မှတ်မိနိုင်သော အသက်အရွယ်ရှိနိုင်သဖြင့် ပြီးခဲ့သော ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို ကြည့်ခဲ့ဖူးပေလိမ့်မည်။

နှစ်တစ်ရာကြာပြီးနောက်တွင် သူသည် ထျန်းယန်မြို့၏ဆက်ခံသူ၊ အရှင်ထျန်းယန်၏အမွေခံအဖြစ် လောကကြီးထဲတွင် ထွက်ပေါ်လာခဲ့၏။ ဤတစ်ခေါက် ပြိုင်ပွဲတွင် သူသည် သူ၏အံမခန်းအင်အားနှင့် စွမ်းရည်များကို ထုတ်ပြတော့မည်ဖြစ်ကြောင်း လူတိုင်းတွေးနိုင်၏။

“ကြည့်လိုက်... ချပ်ဝတ်လက်နက်နယ်မြေတွေထဲမှာ ဆန်းကြယ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်နေတယ်”

တစ်စုံတစ်ယောက်သည် ဝမ်ရှောင်ဘက်သို့ ကြည့်၍ ပြောလိုက်၏။ သူ၏ ချပ်ဝတ်လက်နက်နယ်မြေသည် ချပ်ဝတ်လက်နက်နန်းတော်တစ်ခုကဲ့သို့ ထင်ရ၏။ ထိုထဲတွင် လမ်းစဉ်မီးတောက် တောက်လောင်နေပြီး ဧရာမမီးဖိုကြီးတစ်ခုရှိသည်။ သူ့နောက်တွင် ဝိညာဉ်ပုံရိပ်များ ထွက်ပေါ်လာသည်။ ၎င်းတို့သည် သူ၏တိုက်ပွဲဝင်ပုံစံနှင့်တူသော မီးဝိညာဉ်ပုံရိပ်များဖြစ်သည်။ ဝိညာဉ်ပုံရိပ်များ၏ လုပ်ဆောင်ချက်များသည် သူနှင့်တစ်သားတည်းပေါင်းစည်းသွားပြီး မီးတောက်များအတွင်းရှိ ချပ်ဝတ်လက်နက်ပြုလုပ်မည့် သတ္တုကို စတင်ထုနှက်လိုက်ကြသည်။

ထိုနေရာထဲတွင် နတ်ကောင်းကင်များအထက်ရှိ မီး‌တောက်နတ်နန်းတော်တစ်ခုရှိနေသကဲ့သို့ ဆန်းကြယ်သောဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာ၏။

“ဒီထူးခြားဖြစ်စဉ်က ထျန်းယန်မြို့ရဲ့ ဝမ်မိသားစုက မိသားစုဝင်တစ်ယောက်က ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည် အထွတ်အထိပ်ကိုရောက်သွားမှ ဖြစ်လာနိုင်တဲ့ဖြစ်စဉ်ပဲ။ ဝမ်ရှောင်က အဲဒီလိုလုပ်နိုင်နေပြီလို့ ငါမထင်ခဲ့ဘူး”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ဝမ်ရှောင်သည် မည်သို့သော လက်နက်ကိုပြုလုပ်မည်ကို မြင်နိုင်ရန် လူအားလုံး မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

“ဝမ်ရှောင်က အရှင်ထျန်းယန်ရဲ့ အမွေအနှစ်ကို ပြည့်ပြည့်စုံစုံရရှိထားတာလို့ မြို့သခင်ကပြောတယ်မလား... ဒဏ္ဍာရီတွေအရတော့ ရှေးခေတ်တုန်းက အရှင်ထျန်းယန် ချပ်ဝတ်လက်နက်ပြုလုပ်ရင် ကောင်းကင်ထက်မှာ ချပ်ဝတ်လက်နက်နတ်နန်းတော်ကြီးတစ်ဆောင် ပေါ်ထွက်လာတယ်လို့ ပြောကြတယ်။ ပြီးတော့ နတ်ဘုရားကိုယ်တိုင် နတ်လက်နက်ကို ပါဝင်ပြုလုပ်ပေးတယ်တဲ့... သူတို့လက်နက်ပြုလုပ်နေတဲ့အသံကို ကုန်းမြေတစ်ခွင်လုံးက လူတွေ မြင်ရ၊ ကြားရတယ်တဲ့... အဲဒီအသံတွေ၊ မြင်ကွင်းတွေက နတ်လက်နက်ပြီးမြောက်သွားမှ ပျောက်ကွယ်သွားတာတဲ့”

တစ်စုံတစ်ယောက် တီးတိုးရေရွတ်လိုက်သည်။ သူတို့သည် အံ့ဩဘနန်းဖြစ်နေကြလေသည်။

ဝမ်ရှောင်သည် လောကထိပ်သီးတစ်ဦးဖြစ်လာနိုင်သော အလားအလာရှိသည်။ သူသည် ရှေးဟောင်းမဟာအင်ပါယာနှင့်တူညီသော အလားအလာကိုပြသခဲ့ပေပြီ။ ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်က အနာဂတ်တွင် သူ၏နေရာကို ဆက်ခံမည့်သူဟု ကြေညာ၍ သူ့အတွက် ထိုသို့အရှိန်အဟုန်ဖန်တီးပေးခဲ့ခြင်းကို အံ့အားသင့်စရာမရှိတော့ပေ။ ထိုသို့လုပ်ခြင်းသည် ဝမ်ရှောင်၏စွမ်းရည်ကို အပြည့်အဝယုံကြည်ခြင်းဖြစ်သည်။

“မုယန်ကလည်း တကယ်သန်မာတာပဲ”

တစ်စုံတစ်ယောက်သည် တခြားတစ်ဘက်ကို ကြည့်လိုက်သည်။ လေထဲရှိ ချပ်ဝတ်လက်နက်ပြုလုပ်ရာနေရာ ခုနစ်နေရာတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူခုနစ်ဦး အသီးသီးရှိသည်။ ထျန်းယန်မြို့မှ လူအများစုသည် သူတို့ကိုသာ အာရုံစိုက်နေကြသည်။

မုယန်၏ ချပ်ဝတ်လက်နက်နယ်မြေသည်လည်း ထူးကဲ၏။ ၎င်းသည် ယဇ်ပလ္လင်တစ်ခုနှင့်တူသဖြင့် လူများကို မသိုးမသန့် ခံစားနေရစေ၏။ သို့သော် ၎င်းသည် အမှန်ပင်စွမ်းအားကြီးသည်ဟု ခံစားရ၏။ တစ်ချက်မျှကြည့်လိုက်ရုံဖြင့် သူ၏ချပ်ဝတ်လက်နက်ပြုလုပ်နည်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းကြောင်း မြင်နိုင်၏။

သူ့ဘေးမှ တခြားကပ်ဘေးအဆင့်ကျင့်ကြံသူငါးဦးသည်လည်း ပြောင်မြောက်သောစွမ်းဆောင်ချက်များကို ပြသနေသည်။ သူတို့သည် ကောင်းကင်ဒေသအတွင်းရှိ‌ နေရာအနှံ့မှ ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများဖြစ်ကြသည်။ သူတို့အားလုံးသည် နတ်ဘုရားတစ်ဝက်လက်နက်များကို ပြုလုပ်နိုင်၏။ သူတို့သည် သူတို့၏ဇာတိများတွင် နာမည်ကျော်ကြားသူများဖြစ်ကြသည်။ သူတို့ ထိုပြိုင်ပွဲတွင် ဝင်ပြိုင်ရသည့်အကြောင်းအရင်းမှာ ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် အကြီးကျယ်အခမ်းနားဆုံး ပြိုင်ပွဲတစ်ပွဲဖြစ်သောကြောင့်ပင်။

ထို့အပြင် သူတို့သည် ဒုတိယကပ်ဘေးအဆင့် နတ်ဘုရားတစ်ဝက်လက်နက်တစ်လက်ကို ရရှိနိုင်ရန် အခွင့်အရေးရှိသည်။

မြို့သခင်ရုံးတော်အတွင်းရှိ ကျင့်ကြံသူအများစုသည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ ချပ်ဝတ်လက်နက်နယ်မြေများကို ကြည့်ရှုနေကြသည်။ ရှီးချီယောင်သည် ဝမ်ရှောင်ကို စိုက်ကြည့်နေလေသည်။ သူမ၏မျက်လုံးထဲတွင် လွန်စွာလေးနက်သောအရိပ်အယောင်များ ရှိနေသည်။ ဝမ်ရှောင်သည် လွန်စွာစွမ်းအားကြီးကြောင်း သူခံစားနိုင်၏။

ရှေးဟောင်းနတ်ဘုရားကလန်မှ မျိုးဆက်များတွင် သာမန်လူ တစ်ဦးမှမပါပေ။ ထျန်းယန်မြို့သခင်သည်လည်း တည်ကြည်လေးနက်နေ၏။

ထို့အပြင် ထျန်းယန်မြို့သခင်၏ ကြေညာမှုတစ်ခုသည် သူမကို အနည်းငယ်စိုးရိမ်နေစေ၏။

ဝမ်ရှောင်သည် အရှင်ထျန်းယန်၏ အမွေအနှစ်ကို ပြည့်ပြည့်စုံစုံရရှိခဲ့သည်ဟု သူပြောခဲ့သည်။ သို့ဆိုလျှင် ဝမ်ရှောင်သည် ထျန်းယန်မြို့သခင်၏ အထက်တွင် ရှိပေလိမ့်မည်။

ရှီးချီယောင်သည်လည်း ရှေးဟောင်းနတ်ဘုရားကလန်တစ်ခု၏ ဆက်ခံသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူမသည် ရှေးဟောင်းနတ်ဘုရားကလန်များ၏အကြောင်းကို အနည်းငယ်ပိုသိ၏။ အကယ်၍ ဝမ်ရှောင်သည်...

ကိစ္စများသည် ထိုအဆင့်အထိ မရောက်လောက်သေးဟု ရှီးချီယောင် မျှော်လင့်လိုက်သည်။ သို့သော် ထျန်းယန်မြို့သခင်၏သဘောထား၊ ဝမ်ရှောင်ကို ဤကဲ့သို့အရေးပါသောပွဲတွင် မိတ်ဆက်ပေးခြင်းနှင့် ကောင်းကင်ဒေသမှ အင်အားစုအားလုံးကို ဖိတ်ကြားကာ မင်းသမီးပင် ဤပွဲသို့ရောက်ရှိနေခြင်းတို့ကို ထောက်စာ၍ ရှီးချီယောင်သည် စိတ်လေးနေ၏။

သူမစိတ်လေးနေသောကိစ္စ ဖြစ်လာနိုင်ချေသည် မနည်းပေ။

သို့ဖြစ်လျှင် စီဝေ့ကြယ်ကောင်းကင်သည် အနည်းငယ်ပို၍အန္တရာယ်ရှိလာမည်ဖြစ်သည်။

“ဒီတစ်ခေါက် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာတော့ ဝမ်ရှောင်က ပထမနေရာရဖို့ သေချာနေပြီထင်တယ်”

ကောင်းကင်ဒေသမှကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။

“သူ့ရဲ့ချပ်ဝတ်လက်နက်နယ်မြေထဲမှ ဆန်းကြယ်တဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်လာတာကို ကြည့်ရင် ဝမ်ရှောင်ရဲ့ ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်က တော်တော်လေးမြင့်တဲ့အဆင့်ကို ရောက်နေပြီဆိုတာ သိနိုင်တယ်။ အပြင်လူတွေက ဆုရမယ့် နတ်ဘုရားတစ်ဝက်လက်နက်လေးလက်ကို ရဖို့လွယ်မှာမဟုတ်ဘူး”

အတော်ဆုံးချပ်ဝတ်လက်နက်ပြုလုပ်သူသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများထဲမှ ထွက်ပေါ်လာမည်မှာ အသေအချာပင်ဖြစ်သည်။ ပထမရရှိသူသည် နတ်ဘုရားတစ်ဝက်လက်နက်လေးလက်ကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေအရ ၎င်းတို့ကို ဝမ်ရှောင်သာရရှိသွားနိုင်၏။

“ရှေးဟောင်းချပ်ဝတ်လက်နက်မဟာအင်ပါယာတွေရဲ့ ပြိုင်ပွဲကို ကြည့်နေရသလို ကျုပ်ခံစားနေရတယ်”

မြို့သခင်ရုံးတော်အတွင်းရှိ အင်အားစုတစ်စုမှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။ ထိုစကားထဲတွင် မျက်နှာလိုမျက်နှာလုပ်လိုသည့် အရိပ်အယောင်အနည်းငယ်ပါသော်လည်း မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများကို ထိုစကားကို သဘောကျသွားကြသည်။

ထျန်းယန်မြို့သခင်က ပြောလိုက်၏။

“အင်း... သူ အဲဒီအဆင့်ကို ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီတစ်ခေါက် ကောင်းကင်ဒေသက ထိပ်သီးအင်အားစုတွေ ရောက်လာတာပဲ။ ခင်ဗျားတို့ဆီမှာ တခြားရည်ရွယ်ချက်တွေ ရှိသေးတယ်ဆိုတာ ကျုပ်ကောင်းကောင်းသိပါတယ်။ ပြိုင်ပွဲပြီးသွားရင် အားလုံးပဲ အဲဒီအကြောင်းကို ပြောဆိုဆွေးနွေးနိုင်ပါတယ်။ ဝမ်ရှောင်က ခင်ဗျားတို့အတွက် အဲဒီပြဿနာကို ရှင်းပေးချင်ရှင်းပေနိုင်လောက်မှာပါ”

ကျင့်ကြံသူများသည် ခေတ္တမျှ မှင်တက်သွားကြသည်။ ဝမ်ရှောင်က သူတို့အတွက် ထိုပြဿနာကို ဖြေရှင်းပေမည်လော။

သူ ထိုသို့လုပ်နိုင်၏။

ရှီးချီယောင် ရင်တုန်သွားသည်။ သူမ၏ မှန်းဆချက်သည် ကံခေကာ မှန်ခဲ့လေသလော။

ထျန်းယန်မြို့အတွင်း၌ တွေ့ခဲ့ရသော အရိပ်အမြွက်များကို ထောက်စာလျှင် ထိုကိစ္စသည် အမှန်တရားနှင့် အတော်လေးနီးစပ်နိုင်၏။ သူမ၏မှန်းဆချက်သည် မှန်ကန်နိုင်၏။ ထို့ကြောင့် သူမသည် ရီဖူရှင်းအတွက် အနည်းငယ် စတင်ပူပန်လာ၏။

ထျန်းယန်မြို့သခင်သည် ဤတစ်ခေါက် ဝမ်ရှောင်ကိုမိတ်ဆက်ပေးခဲ့ခြင်းတွင် ထိုကဲ့သို့ရည်ရွယ်ချက်မျိုး ရှိလိမ့်မည်ဟု သူမ,မထင်ခဲ့ပေ။

ဤကဲ့သို့ ရှုပ်ထွေးနေသောအချိန်တွင် ထျန်းယန်မြို့သည် ဝမ်ရှောင်ကို လက်ရှိအခြေအနေအား ပြောင်မြောက်စွာဖြင့် တည်ငြိမ်အောင်လုပ်စေ၍ သူ့ကို ဤပရမ်းပတာအပိုင်းတခြား၏ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာစေလိုခြင်းပင်။

မင်းသမီးထံတွင် ကျင့်ကြံရန်အတွက် လမ်းစဉ်လက်တွဲဖော်မရှိသေးသဖြင့် ထျန်းယန်မြို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်ကို မျက်စိကျနေသည်ဟူသော ကောလာဟလများထွက်ပေါ်နေခြင်းကို အံ့အားသင့်စရာမရှိတော့ပေ။

အကယ်၍ ဝမ်ရှောင်သာ ထိုမျှထူးချွန်းထက်မြက်လျှင် သူသည် ထိုနေရာအတွက် အမှန်ပင်အရည်အချင်းပြည့်မီ၏။ သူသည် သမက်‌တော်ဖြစ်နိုင်ရန် အရည်အချင်းရှိပုံရလေသည်။

အကယ်၍ အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် သမက်တော်ရွေးချယ်မည်ဆိုလျှင် မည်သူသည် ဝမ်ရှောင်နှင့် ယှဉ်နိုင်မည်နည်း။

“မြို့သခင်က ယုံကြည်မှုအပြည့်ရှိနေတာ အံ့ဩစရာမရှိတော့ပါဘူး”

တစ်စုံတစ်ယောက်က ပြုံးလျှက်ပြောလိုက်၏။

“အဲဒီလိုသာဆို ကျုပ်တို့လည်း ကြိုတင်မျှော်လင့်ထားပြီး ပွဲဆက်ကြည့်ရမှာပေါ့”

အစောပိုင်းပွဲစဉ်တွင် ဆရာမုန့်ယန်သည် ဝတ်ရုံနက်ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။ ခုနစ်ပွဲမြောက်ပွဲစဉ်မှစ၍ ‌ပွဲစဉ်သုံးပွဲဆက်တိုက်တွင် လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးသော ချပ်ဝတ်လက်နက်ပြုလုပ်သူများ ထွက်ပေါ်လာခဲ့သည်။ သို့သော် ထျန်းယန်မြို့သခင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ကိစ္စများသည် ထိန်းချုပ်မှုအောက်တွင် မရှိတော့ဟု ထင်ခဲ့ရသည်။ သို့သော် လက်တွေ့တွင်မူ မြို့သခင်သည် ဝမ်ရှောင်ကြောင့် ယုံကြည်မှုအပြည့်အဝရှိနေ၏။

ဤပြိုင်ပွဲတွင် ဝမ်ရှောင်သည် အထူးချွန်ဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သူဖြစ်နေသ၍ ကျန်ကိစ္စများသည် အရေးမကြီးပေ။ အကယ်၍ သူတို့သည် ရန်ဟောင်အဆင့်ကိုးအပိုင်းတွင် ရှုံးနိမ့်ခဲ့လျှင်ပင် ဝမ်ရှောင်၏အနိုင်ရမှုက ပြန်ထေနိုင်၏။ ဝမ်ရှောင်၏ ထက်မြက်မှုသည် ကျန်အရာအားလုံးကို ပြန်ထေနိုင်ပြီး လူများကို တခြားသူများ၏ရှုံးနိမ့်မှုကို လျစ်လျူရှုသွားစေနိုင်၏။

ရီဖူရှင်းသည်လည်း ထျန်းယန်မြို့သခင်ပြောလိုက်သောစကားကို ကြားခဲ့သည်။ ထိုစကားသည် သူ ကောင်းကင်ဒေသရှိ အင်အားစုများထံ ယူဆောင်လာသည့် ပြဿနာများကို အရိမ်အမြွက်ပေးနေခြင်း ဖြစ်ပုံပေါ်၏။

သူမျှော်လင့်ထားသကဲ့သို့ပင် သူနှင့်ရှီးချီယောင်တို့၏ ခန့်မှန်းထားမှုသည် မှန်ကန်ခဲ့၏။ ‌‌နောက်ဆုံးတွင် ထျန်းယန်မြို့သည် ထိုကိစ္စတွင် ဝင်ပါပေလိမ့်မည်။

သူသည် ဝမ်ရှောင်ကို မော့ကြည့်လိုက်၏။

ဝမ်ရှောင်က ထိုကိစ္စကို ဖြေရှင်းနိုင်သလော။

အချိန်ကုန်ဆုံးလာပြီး အချို့ နတ်လက်နက်များ ပြုလုပ်ပြီးစီးသွားပေပြီ။ ပထမဆုံးပြီးဆုံးသွားသူမှာ ရန်ဟောင်အဆင့်နိမ့်ပိုင်းမှ ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးဖြစ်သည်။ ထို့နောက် ကျန်ကျင့်ကြံသူများသည်လည်း တစ်ဦးပြီးတစ်ဦး သူတို့၏နတ်လက်နက်များကို ပြုလုပ်ပြီးစီးလာကြ၏။ သို့သော် အချို့လူများသည် မအောင်မြင်ခဲ့ပေ။

ဤတစ်ခေါက်တွင် ပြိုင်ပွဲဝင်တိုင်းကို အခွင့်အရေးနှစ်ကြိမ်ပေးထားပြီး အချိန်ကန့်သတ်ချက်လည်းမရှိပေ။ သူတို့ ပထမအကြိမ်တွင် မအောင်မြင်ခဲ့လျှင် ဒုတိယအကြိမ် ထပ်မံကြိုးစားနိုင်၏။ သူတို့အားလုံးသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် အနိုင်ရရန် ပြီးပြည့်စုံသောဝိညာဉ်လက်နက်ကို ပြုလုပ်လိုနေကြသည်။

ဤတစ်ခေါက်တွင် ချပ်ဝတ်လက်နက်ပြုလုပ်ရန်ကြာချိန်သည် ပြိုင်ပွဲဝင်တစ်ယောက်စီတိုင်းအတွက် ကြာမြင့်၏။ ပထမဆုံးပြီးဆုံးသွားသူများမှာ ရန်ဟောင်ပထမအဆင့်များဖြစ်ကြသည်။ မြို့သခင်ရုံးတော်မှ တာဝန်ရှိသူများသည် ယင်းနတ်လက်နက်များကို လူအားလုံးကိုပြသကာ ၎င်းတို့၏ စွမ်းအားကို ထုတ်ကြည့်ခဲ့သည်။ ထို့နောက်တွင် သူတို့သည် ရလဒ်များကို ကြေညာခဲ့သည်။ ရန်ဟောင်ပထမအဆင့် ကျင့်ကြံသူများကြားတွင် အနိုင်ရသူမှာ မြို့သခင်ရုံးတော်မှ ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးဖြစ်၏။

ပထမအဆင့်ကျင့်ကြံသူများ၏ ရလဒ်ကို ကြေညာပြီးသောအခါမှ လေပေါ်ရှိ ချပ်ဝတ်လက်နက်ပြုလုပ်သူခုနစ်ဦးသည် ချပ်ဝတ်လက်နက်ပြုလုပ်မည့် သတ္တုများကို အရည်ကျိုပြီးရုံသာရှိသေးလေသည်။ သို့ကြောင့် သူတို့၏အဆင့်သည် မည်မျှကွာခြားသည်မှာ ပေါ်လွင်နေ၏။

လေပေါ်ရှိ ချပ်ဝတ်လက်နက်ပြုလုပ်သူခုနစ်ဦး၏ ပြုလုပ်ချိန်သည် ပို၍ကြာမည်မှာ အသေအချာပင်ဖြစ်သည်။ သူတို့အနေဖြင့် ပြီးမြောက်အောင်ပြုလုပ်ရန် မည်မျှကြာမည်ကို မည်သူမှမပြောနိုင်ပေ။

သို့သော် ပွဲကြည့်ပရိသတ်များသည် အလျင်မလိုကြပေ။ ဤပွဲစဉ်သည် နောက်ဆုံးပွဲစဉ်ပင်ဖြစ်သည်။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် နှစ်တစ်ရာမှ တစ်ကြိမ်သာကျင်းပသော ပြိုင်ပွဲဖြစ်သည်။ ထိုပြိုင်ပွဲသည် ကြီးကျယ်ခမ်းနားသောပြိုင်ပွဲတစ်ပွဲဖြစ်ရာ ထျန်းယန်မြို့မှလူများသည် ထိုပြိုင်ပွဲပြီးဆုံးသွားမည်ကိုပင် စိုးနေလေသည်။ ထိပ်တန်းကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများ ပြုလုပ်နေသော အဆင့်တစ်ဆင့်ချင်းစီသည် ပွဲကြည့်ပရိသတ်အတွက် အနုပညာကဲ့သို့ပင်ဖြစ်သည်။ အထူးသဖြင့် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကို စိတ်ဝင်စားမှုရှိသော လူများသည် ပို၍ပင် အာရုံစိုက်ကြည့်ရှုနေကြသည်။

ထျန်းယန်မြို့ထဲတွင် နေ့၊ ညဟူ၍ မရှိတော့ပေ။ အားလုံးသည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းအပေါ်သာ အာရုံစိုက်ထားကြသည်ဖြစ်ရာ အချိန်ကိုပင် မေ့လျော့နေကြသည်။

ပြိုင်ပွဲဝင်များသည် တစ်ဦးပြီးတစ်ဦး သူတို့၏လက်နက်များကို ပြုလုပ်ပြီးစီးလာကြ၏။ စင်မြင့်ရှစ်ခုစလုံးတွင် ယှဉ်ပြိုင်မှုပြီးဆုံးသွားပြီဖြစ်ပြီး အနိုင်ရရှိသူများလည်း ထွက်ပေါ်လာပြီဖြစ်သည်။

ထိုပထမရရှိသူများထဲမှ တစ်ဝက်ခန့်သည် မြို့သခင်ရုံးတော်မှ ချပ်ဝတ်လက်နက်ပြုလုပ်သူများဖြစ်ကြသည်။ သို့သော် ထူးခြားဖြစ်စဉ်တစ်ခုလည်း ရှိခဲ့၏။ ရန်ဟောင် အဆင့်ခုနစ်နှင့် အဆင့်ရှစ်အပိုင်းမှ အနိုင်ရရှိသူများသည် မြို့သခင်ရုံးတော်မှ ချပ်ဝတ်လက်နက်ပြုလုပ်သူများမဟုတ်ကြပေ။ ထိုအဆင့်ပွဲများတွင် အနိုင်ရသူများမှာ အစောပွဲစဉ်များတွင် ပေါ်ထွက်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူများဖြစ်သည်။

ထို့အပြင် ရန်ဟောင်အဆင့်ကိုးအပိုင်းတွင်လည်း ထူးခြားမှုရှိခဲ့သည်။ မုန့်ယန်ကို အနိုင်ယူခဲ့သော ဝတ်ရုံနက်နှင့်ချပ်ဝတ်လက်နက်ပြုလုပ်သူသည် မြို့သခင်ရုံးတော်မှ ချပ်ဝတ်လက်နက်ပြုလုပ်သူကို ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်နေ၏။

ထိုလူများသည် မည်သည့်နေရာမှ လာခဲ့ကြသနည်း။ သူတို့သည် အဘယ်ကြောင့် ထိုမျှ သန်မာနေရသနည်း။

သို့သော် ဤတစ်ခေါက်ပွဲစဉ်တွင် မြို့သခင်ရုံးတော်သည် ချပ်ဝတ်လက်နက်လောကတွင် မည်မျှလွှမ်းမိုးအသာရသည်ကို မြင်နိုင်၏။ အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော ချပ်ဝတ်လက်နက်ပြုလုပ်သူများ ပေါ်ထွက်မလာပါက သူတို့သည် ပထမနေရာများကို ပိုယူနိုင်မည်ဖြစ်သည်။

ထျန်းယန်မြို့သည် ကောင်းကင်ဒေသတွင် နံပါတ်တစ် ချပ်ဝတ်လက်နက်တော်ဝင်မြေဖြစ်ရာ အကောင်းဆုံး ချပ်ဝတ်လက်နက်ပြုလုပ်နည်းများနှင့် အကောင်းဆုံး ချပ်ဝတ်လက်နက်အရင်းအမြစ်များရှိသည်။ ထို့ကြောင့် ထျန်းယန်မြို့သခင်ရုံးတော်က ပျိုးထောင်ထားသော ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် အတော်ဆုံးဖြစ်နေခြင်းမှာ သဘာဝကျ၏။

ရန်ဟောင်အဆင့်ကိုးအပိုင်းတွင် ဝတ်ရုံနက်နှင့်ချပ်ဝတ်လက်နက်ပြုလုပ်သူသည် သူ၏လက်နက်ကို ပြုလုပ်နေဆဲဖြစ်သည်။ ဤတစ်ခေါက်တွင် သူသည် ပို၍အလေးအနက်ထားယှဉ်ပြိုင်နေသည်။ သူသည် မုန့်ယန်နှင့်ယှဉ်ပြိုင်ခဲ့စဉ်ကထက် ပို၍အလေးအနက်ရှိနေသည်။ သူသည် ထိုပွဲစဉ်က အချိန်ထက် အချိန်သုံးဆပိုယူထားသော်လည်း ယခုအထိ မပြီးစီးသေးပေ။

နောက်ဆုံးတွင် ဝိညာဉ်လက်နက် ပြီးမြောက်သွား၏။ ထိုလက်နက်သည်လည်း အဖိုးတန်ဒယ်စောက်အိုးတစ်ခုပင် ဖြစ်သည်။ သူသည် သူအကျွမ်းကျင်ဆုံး လက်နက်ကို ပြုလုပ်ခဲ့ပုံရ၏။ ဤတစ်ခေါက် လက်နက်၏အရည်အသွေးသည် ယခင်တစ်ခေါက်ကထက် ပိုကောင်းလေသည်။

“သူက သူ့ရဲ့ပြိုင်ဘက်ကို ဖိနှိပ်နေတာပဲ”

ပရိသတ်သည် ထိုဝိညာဉ်လက်နက်ထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ သူအနိုင်ရတော့မည်ဖြစ်ကြောင်း သိရှိသွားကြသည်။ မြို့သခင်ရုံးတော်မှ ရန်ဟောင်အဆင့်ကို ပြိုင်ပွဲဝင်သည် ဝမ်ယုဆိုသူဖြစ်သည်။ သူသည်လည်း ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းတွင် ဆရာတစ်ဆူအဆင့်အထိ ရောက်ရှိနေသူဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူရှုံးနိမ့်တော့ပေမည်။

ယခင်က ပွဲစဉ်တွင်လည်း မုန့်ယန်သည် ရန်ဟောင်အဆင့်ကျင့်ကြံသူများအကြားတွင် အနိုင်ရနိုင်သည့်စွမ်းရည် ရှိသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဝတ်ရုံနက်နှင့်ချပ်ဝတ်လက်နက်ပြုလုပ်သူသည် သူ့ကိုအနိုင်ယူကာ ဤအဆင့်အထိ ရောက်လာခဲ့သည်။ ထို့ကြောင့် သူထပ်မံအနိုင်ရသွားလျှင်လည်း အံ့အားသင့်စရာမရှိပေ။

မျှော်လင့်ထားသကဲ့သို့ပင် ဝတ်ရုံနက်နှင့်ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ဝမ်ယုကို အနိုင်ယူကာ အရေးပါသောအောင်ပွဲတစ်ခုကို ရရှိသွား၏။

သူသည် ရန်ဟောင်အဆင့်ကိုးများအကြားတွင် ပထမရခဲ့ခြင်းပင်။ ထို့ကြောင့် သူသည် ရန်ဟောင်အထွတ်အထိပ်အဆင့် နတ်လက်နက်သုံးလက်နှင့် ပထမကပ်ဘေးအဆင့် နတ်ဘုရားတစ်ဝက်လက်နက်ကို ရရှိမည်ဖြစ်သည်။

မမျှော်လင့်ပါပဲနှင့် ရန်ဟောင်အဆင့်ခုနစ်၊ အဆင့်ရှစ်နှင့် အဆင့်ကိုးပွဲများတွင် မြို့သခင်ရုံးတော်မှ အဓိကပြိုင်ပွဲဝင်များသည် ပထမနေရာကို မကာကွယ်နိုင်ခဲ့ကြပေ။ ထို့ကိစ္စသည် မြို့သခင်ရုံးတော်မှ ကျင့်ကြံသူများကို အနည်းငယ် မျက်နှာငယ်စေ၏။ သို့သော် သူတို့လုပ်နိုင်သည်မှာ ထိုအရှုံးကို မျိုသိပ်ထားရန်သာဖြစ်သည်။

ဤပြိုင်ပွဲသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲဖြစ်သည်။ ကောင်းကင်ဒေသမှ လူများအရှေ့တွင် အနိုင်၊ အရှုံးနှစ်ခုစလုံးသည် ငြင်းခုံရန်မလိုလောက်အောင် ထင်ရှား၏။ သူတို့ မည်သို့လုပ်နိုင်ဦးမည်နည်း။

ထိုမျှသာမကသေးပေ။ သူတို့သည် ပြိုင်ပွဲရလဒ်ကို ပျော်ပျော်ရွှင်ရွှင် ကြေညာပေးရကာ အဖိုးတန်ဆုလာဘ်များကိုလည်းပေးရဦးမည်ဖြစ်သည်။

ယခုတွင် စွမ်းအားကြီး ကပ်ဘေးအဆင့်ချပ်ဝတ်လက်နက်ပြုလုပ်သူများကြားမှ အရေးအကြီးဆုံး ယှဉ်ပြိုင်မှုသာ ကျန်တော့၏။ သူတို့၏လက်နက်များကို ပြုလုပ်ပြီးစီးသွားပြီဖြစ်သော ‌အောက်ရှိပြိုင်ပွဲဝင်များသည်ပင် ‌ခေါင်းမော့ကာ လေပေါ်တွင် ချပ်ဝတ်လက်နက်နယ်မြေခုနစ်ခုကို ကြည့်ရှုနေကြကာ ထိုကြီးကျယ်ခမ်းနားသော ချပ်ဝတ်လက်နက်ပြိုင်ဆိုင်မှုမြင်ကွင်းကို အံ့ဩတကြီးဖြစ်နေကြသည်။

ထိုကပ်ဘေးအဆင့်ချပ်ဝတ်လက်နက်ပြုလုပ်သူ ခုနစ်ဦးသည် သူတို့၏လက်နက်များကိုပြုလုပ်ရာတွင် အဆင့်များ၏တစ်ဝက်သာ ပြီးဆုံးပေသေးသည်။ သို့သော် ထိုချပ်ဝတ်လက်နက်နယ်မြေခုနစ်ခုစလုံးသည် မီးနယ်မြေများအဖြစ် ပြောင်းလဲနေပေပြီ။ သူတို့ ချပ်ဝတ်လက်နက်ပြုလုပ်နေသည့် လုပ်ငန်းစဉ်သည်ပင် ပရိသတ်များအတွက် မျက်စိပသာဒဖြစ်စေ၏။

All Chapters