တစ်နေ့တည်းတွင် ကျော်ကြားလာခြင်း
Vol. 179 Ch. 2561
ထျန်းယန်မြို့သည် တိတ်ဆိတ်နေ၏။ မြို့သခင်ရုံးတော်ထဲတွင် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ကို ကျင်းပနေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
ထိုအခိုက်တွင် ကောင်းကင်ထက်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ကျဆင်းလာသည်။ ကပ်ဘေးတိမ်တိုက်များပင် အမှန်တကယ် ထွက်ပေါ်လာ၏။
၎င်းသည် ချပ်ဝတ်လက်နက်ကပ်ဘေးတစ်ခုပင်။
ထျန်းယန်မြို့ထဲမှ ကျင့်ကြံသူများသည် အပြင်းအထန် ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်။ သူတို့သည် ထိုအခိုက်အတန့်ကို မျှော်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ချပ်ဝတ်လက်နက်ကပ်ဘေးကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားဆဲပင်ဖြစ်သည်။ ကပ်ဘေးအဆင့်ကျင့်ကြံသူခုနစ်ဦးထဲမှ တစ်ဦးသည် နတ်ဘုရားတစ်ဝက်လက်နက်တစ်လက်ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။
ထိုလက်နက်သည် မိုးကြိုးသွားတစ်ခုဖြစ်သည်။ ၎င်းသည် ကပ်ဘေးတိမ်တိုက်များထဲတွင် ကြောက်မက်ဖွယ်မိုးကြိုးလျှပ်စီးများကို ပါလာစေသည်။ ကျယ်လောင်သော မိုးချုန်းသံကြီးတစ်ခုကို ကြားလိုက်ရပြီး ကပ်ဘေးအလင်းသည် ထိုမိုးကြိုးသွားပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာ၏။
ချပ်ဝတ်လက်နက်ပြုလုပ်သူသည် သူ၏မိုးကြိုးသွား မိုးကြိုးပစ်ချခံနေရ၏။ကို တိတ်တဆိတ်သာရပ်ကြည့်နေသည်။ ကပ်ဘေးပြီးဆုံးသွားသောအခါ ထိုမိုးကြိုးသွားပေါ်တွင် ကပ်ဘေးအရှိန်အဝါ ဆွဲကျန်နေခဲ့၏။ ၎င်းသည် အရိုးပင်အေးစိမ့်သွားစေမည့် အငွေ့အသက်ကို ပေးနေလေသည်။
“သူလုပ်နိုင်ခဲ့ပြီ”
ထျန်းယန်မြို့တွင်းရှိ ကျင့်ကြံသူများသည် ကြွေးကြော်လိုက်ကြသည်။ နတ်ဘုရားတစ်ဝက်လက်နက်တစ်လက်သည် ကပ်ဘေးကို ကျော်ဖြတ်ပြီးသောအခါ အောင်အောင်မြင်မြင် ပြီးစီးသွားခဲ့ပေပြီ။
သို့သော် ထိုချပ်ဝတ်လက်နက်ပြုလုပ်သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခုမှ မရှိပေ။ သူသည် မိုးကြိုးသွားကို ဆွဲကိုင်လိုက်ရာ ၎င်းထံမှနေ၍ အလွန်စွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ သို့သော် သူသည် ခေါင်းယမ်းလိုက်ပြီး တခြားတစ်ဖက်ကို ကြည့်လိုက်သည်။ သူသည် သူ့လက်နက်ကို အားမရကြောင်း ထင်ရှား၏။
အဆင့်တူသောနတ်လက်နက်များကို ၎င်းတို့၏အရည်အသွေးအပေါ်မတူတည်၍ အမျိုးအစားများခွဲခြားထား၏။
သူသည် စွမ်းအားကြီးနတ်ဘုရားတစ်ဝက်လက်နက်တစ်လက်ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့သော်လည်း ယခင်က သူလုပ်ဖူးသည်များထက်သာအောင် မလုပ်နိုင်ခဲ့ဟု သူခံစားနေရ၏။ သူသည် လုံလောက်အောင် မသန်မာသေးပေ။ သူ့အနေဖြင့် ပထမနေရာရရန် သေချာပေါက် မဖြစ်နိုင်တော့ပေ။ သူသည် ထိပ်ပိုင်းသုံးဦးအတွင်း၌ပင် ဝင်နိုင်မည်မဟုတ်ပေ။
ဤပြိုင်ပွဲတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူ ခုနစ်ဦးသာပါလေသည်။ ထို့ကြောင့် အဆင့်သုံးအတွင်းဝင်နိုင်ရန် ဖြစ်နိုင်ချေ(၅၀)ရာခိုင်နှုန်းနီးပါးရှိသည်။ သူတို့အတွက် အဆင့်သုံးအတွင်းသို့ပင် မဝင်နိုင်ခြင်းသည် ရှုံးနိမ့်မှုပင်ဖြစ်သည်။
နေ့တစ်ဝက် ထပ်မံကုန်ဆုံးသွား၏။ ကောင်းကင်ထက်တွင် ကပ်ဘေးတိမ်တိုက်များ ထပ်မံစုဝေးလာသည်။ နောက်ထပ်ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးသည် နတ်လက်နက်တစ်ခုကို ပြုလုပ်ပြီးခဲ့ပေပြီ။
နောက်ရက်အနည်းငယ်အတွင်း၌ နတ်ဘုရားတစ်ဝက်လက်နက်များ တစ်လက်တစ်လက် ပြီးစီးလာ၏။ ထျန်းယန်မြို့အထက်တွင် ချပ်ဝတ်လက်နက်ကပ်ဘေးငါးကြိမ် ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။
ထိုကပ်ဘေးများပေါ်ပေါက်လာမှုသည် အောက်ရှိပရိသတ်ကို အချိန်ကုန်ဆုံးမှုကို မေ့လျော့နေစေ၏။ သူတို့သည် ထိပ်တန်းချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ စွမ်းရည်များကို အံ့အားသင့်နေကြသည်။ ထိုသူများပြုလုပ်သော နတ်လက်နက်များသည် ချပ်ဝတ်လက်နက်ကပ်လေးမျာကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ကြသည်။
မပြီးစီးသေးသော ချပ်ဝတ်လက်နက်ပြုလုပ်သူနှစ်ယောက်သာ ကျန်တော့လေသည်။ ပရိသတ်များသည် ကောင်းကင်ပေါ်ရှိ ထိုနှစ်ဦးကို ကြည့်လိုက်ကြသည်။ ချပ်ဝတ်လက်နက်နယ်မြေထဲတွင် နေရာနှစ်ခုသာ ကျန်တော့လေသည်။ ထိုနှစ်ဦးထဲမှ တစ်ဦးသည် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ မုယန်ဖြစ်ပြီး ကျန်တစ်ဦးသည် မြို့သခင်ရုံးတော်မှ ကျင့်ကြံသူ ဝမ်ရှောင်ဖြစ်သည်။
သူတို့နှစ်ဦးသည် ပြိုင်ပွဲဝင်များကြားတွင် အထူးချွန်ဆုံးနှစ်ဦးဖြစ်သည်။ သို့သော် သူတို့သည် ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် အနှေးဆုံးဖြစ်၏။ သူတို့သည် အချိန်အကြာဆုံး အသုံးပြုခဲ့သည်။ သူတို့ရှေ့တွင် ချပ်ဝတ်လက်နက်ပြုလုပ်သူနှစ်ဦးသည် တစ်ကြိမ်ရှုံးနိမ့်ခဲ့ပေသေးသည်။ သူတို့သည် သူတို့၏လက်နက်များကို နှစ်ကြိမ်ပြန်လုပ်ခဲ့ရသည်။ သို့သော် သူတို့အသုံးပြုခဲ့သောအချိန်သည် မုယန်နှင့် ဝမ်ရှောင်ထက် နည်း၏။ မုယန်နှင့် ဝမ်ရှောင်သည် သူတို့၏လက်နက်များကို ပြုလုပ်ရန် အချိန်မည်မျှ ယူခဲ့ကြောင်းသိရှိနိုင်၏။
သို့သော် သူတို့သည်လည်း ပြီးဆုံးခါနီးလောက်ပေပြီ။ ပရိသတ်များသည် မုယန်၏ နတ်လက်နက်၏ အကြမ်းဖျင်းပုံစံကို မြင်နိုင်နေပြီဖြစ်သည်။ သူသည် လှံတစ်ချောင်းကို ပြုလုပ်နေခြင်းဖြစ်သည်။ လှံသည် တောက်ပစွာလင်းလက်နေပြီး ရွှေရောင်အလင်းများဖြာထွက်နေသည်။ ထို့အပြင် ထိုလှံသည် သာမန်လှံများထက် ပိုထူ၍ ပိုရှည်လေသည်။ ၎င်းသည် နတ်ဘုရားတစ်ပါးက အသုံးပြုသော နတ်လှံတစ်ချောင်းကဲ့သို့ ထင်ရ၏။ ၎င်းသည် မပြီးဆုံးသေးသော်လည်း ပရိသတ်များသည် ၎င်းအတွင်း၌ရှိသည့် စွမ်းအားကို ခံစားနိုင်နေပြီဖြစ်သည်။
လှံများသည် ၎င်းတို့၏စွမ်းအားကြောင့် ကျော်ကြားသော လက်နက်အမျိုးအစားမျိုးမဟုတ်ပေ။ သို့သော် ပရိသတ်သည် ထိုလှံမှထုတ်လွှတ်နေသော စွမ်းအားကြီးသည့် သက်ရောက်မှုကို ခံစားနိုင်၏။ ကြည့်ရပုံအရ ၎င်းသည် တခြားအပိုင်းများတွင်လည်း ပို၍စွမ်းအားကြီးပုံပေါ်လေသည်။ ၎င်းသာ ပြီးစီးသွားလျှင် သေချာပေါက် အံ့အားသင့်ဖွယ် တိုက်ခိုက်စွမ်းရည်ရှိသည့် အစွမ်းထက်ဝိညာဉ်လက်နက်တစ်ခုဖြစ်လာမည်ဖြစ်သည်။
ဝမ်ရှောင်ပြုလုပ်နေသော နတ်လက်နက်မှာ တူတစ်ချောင်းဖြစ်သည်။ ၎င်းသည်လည်း ရွှေရောင်အလင်းများ လင်းလက်တောက်ပနေသည်။ သို့သော် ၎င်းသည် မီးတောက်များလည်း တလက်လက်တောက်ပနေသည်။ ၎င်းသည် လွန်စွာမျက်စိပသာဒရှိသည်။
မြို့သခင်ရုံးတော်အတွင်းရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ဦးက မှတ်ချက်ပြုလိုက်သည်။
“ဝမ်ရှောင်လုပ်နေတဲ့ အဲဒီတူက သာမန်တူတွေကို လုပ်ဖို့လိုအပ်တဲ့ သတ္တုထက် ဆယ်ဆပိုသုံးရတယ်။ ဒါပေမဲ့ အဲဒါရဲ့ အရွယ်အစားက တခြားတူတွေရဲ့ အရွယ်အစားနဲ့အတူတူပဲ... ပြီးတော့ သူသုံးတဲ့ သတ္တုရိုင်းတွေက ထူးကဲတယ်။ အဲဒီသတ္တုတွေအကုန်လုံးက အတော်လေးအလေးချိန်စီးတယ်။ ဒီတူသာ ပြီးစီးသွားရင် ဘယ်လောက်လေးမယ်ဆိုတာ ကျုပ် တွေးကြည့်လိုတောင်မရဘူး”
ထိုအခိုက်တွင် ပရိသတ်များသည် ထိုချပ်ဝတ်လက်နက်ပြုလုပ်သူနှစ်ဦး မည်သည့်လက်နက်ကို ပြုလုပ်နေသည်ကို သိနေကြပြီဖြစ်သည်။
“ဒီမုယန်ကလည်း တော်တာပဲ... သူက သူ့လှံကိုလုပ်ဖို့ သာမန်လှံတွေလုပ်ဖို့အတွက် လိုအပ်တဲ့သတ္တုထက် အဆနည်းနည်းပိုသုံးခဲ့တယ်။ လှံကရှည်တော့ စွမ်းအားကြီးတဲ့သူတစ်ယောက် သုံးဖို့ သင့်တော်တယ်။ ပြီးတော့ စွမ်းအားလည်းအပြည့်ပဲ။ သူတို့နှစ်ဦးစလုံးက ပြိုင်ပွဲကို စွမ်းအားနဲ့အနိုင်ယူဖို့ ကြံနေကြတာလား”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
ပရိသတ်များသည် ထိုနှစ်ဦး သူတို့၏လက်နက်များကို ပြုလုပ်နေသည့် လုပ်ငန်းစဉ်ကို ဆက်၍ ကြည့်ရှုခံစားနေကြသည်။ မည်သူက ပို၍အစွမ်းထက်သည်ဆိုသည်ကို သူတို့ မကြာခင်သိရတော့မည်ဖြစ်သည်။ ယခုတွင် သူတို့ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေရန်သာ လို၏။
ထိုနတ်လက်နက်နှစ်လက်စလုံးသည် ရှားပါးသောလက်နက်များ မဟုတ်ကြပေ။ တူများနှင့် လှံများသည် နတ်လက်နက်များအကြားတွင် သာမန်လက်နက်များသာဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ပြိုင်ပွဲကို တခြားအချက်များနှင့် အနိုင်ယူရန် ကြံရွယ်ထားကြောင်း ထင်ရှား၏။ သူတို့သည် လက်နက်၏စွမ်းအားနှင့် ပြိုင်ပွဲကို အနိုင်ယူရန် ကြံရွယ်နေကြခြင်းသာဖြစ်ပေမည်။
တစ်ခါတစ်ရံတွင် ရှုပ်ထွေးသော လက်နက်ပုံစံများကို လုပ်ခြင်းသည် ပို၍ကောင်းခြင်းမဟုတ်ပေ။ ပညာရှင်များသည် အခြေခံလက်နက်ပုံစံများကိုသာ ပြုလုပ်၍ ထိုရိုရှင်းသောပုံစံမှာပင် ပြီးပြည့်စုံသောအခြေအနေအထိရောက်အောင် ပြုလုပ်ခြင်းသည်လည်း အထင်ကြီးဖွယ်ပင်ဖြစ်သည်။
အချိန်များ ဆက်၍ကုန်ဆုံးနေသည်။ ထျန်းယန်မြို့သည် ပို၍ပင် တိတ်ဆိတ်လာသည်။ နောက်ဆုံးနတ်လက်နက်နှစ်လက်သည် မကြာမီတွင် ပြီးဆုံးတော့မည်ဖြစ်ကြောင်း အားလုံးခံစားနိုင်၏။ သူတို့အားလုံးသည် အသက်ပင်အောင့်ကာ ကောင်းကင်ထက်သို့ ငေးကြည့်နေကြသည်။
နောက်ဆုံးတွင် အတုမဲ့နတ်အလင်းတစ်ခု ဖြာကျလာပြီး အောက်ရှိလူအားလုံးကို မျက်စိကျိန်းသွားစေ၏။ ရွှေလှံသည် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ကောင်းကင်၏အရောင် ပြောင်းလဲသွားပြီး ကပ်ဘေးတိမ်တိုက်များ လှည့်ပတ်၊ မြည်ဟည်းလာသည်။ ထိုကပ်ဘေးတိမ်တိုက်များ ယူဆောင်လာသော အရှိန်အဝါသည် ယခင်က ကပ်ဘေးအားလုံးထက် များစွာပို၍သန်မာ၏။
ကပ်ဘေးတိမ်တိုက်များ ပြန်လည်လွင့်ပါးသွားသောအခါ လှံသည် တလက်လက်တောက်ပနေသော နတ်အလင်းများကို ဖြာထုတ်လိုက်၏။ ကျန်ချပ်ဝတ်လက်နက်ပြုလုပ်သူ ငါးဦးသည် သူတို့ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။ ထိုလှံမှ ထွက်ပေါ်နေသောအရှိန်အဝါသည် သူတို့၏နတ်လက်နက်များမှအရှိန်အဝါထက် များစွာသန်မာကြောင်း ထင်ရှား၏။ သူတို့သည် ကွာခြားမှုကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ထိုလှံ၏အရည်အသွေးနှင့် သူတို့၏နတ်လက်နက်များ၏အရည်အသွေးသည် များစွာကွာခြားမှုရှိသည်။
“ဒီမုယန်က တော်တာပဲ”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
“သူက အဲဒီလှံထဲမှာ အင်အား၊ အာကာသစွမ်းအား၊ သတ်ဖြတ်လိုတဲ့အငွေ့အသက်နဲ့ အရည်အသွေးအမျိုးမျိုးရဲ့ လမ်းစဉ်တွေကို ပေါင်းစပ်ထည့်သွင်းခဲ့တာပဲ။ အဲဒီလှံက တော်တော်အားကောင်းတဲ့ အဖျက်စွမ်းအားရှိတယ်”
တစ်စုံတစ်ယောက်က သုံးသပ်လိုက်သည်။ လှံ၏ပတ်ပတ်လည်ရှိ အာကာပြင်သည် တစ်စစီပျက်စီးလုနီးပါးဖြစ်နေသည်။ သို့သော် ထိုလှံကို မည်သူမှပင် အသုံးမပြုရသေးပေ။ ၎င်းသည် ၎င်း၏နတ်အလင်းရောင်ခြည်တစ်ခုတည်းဖြင့်ပင် တခြားသူများကို ထိတ်လန့်သွားစေနိုင်၏။ ကပ်ဘေးအဆင့်ကျင့်ကြံသူများပင် ၎င်းကို ထိတ်လန့်၏။
“သူက နတ္တိအင်ပါယာဘုံက ကျင့်ကြံသူတစ်ဦးလား”
ကောင်းကင်ဒေသမှ ထိပ်သီးအချို့က ခန့်မှန်းလိုက်ကြသည်။ မုယန်သည် နတ္တိအင်ပါယာဘုံမှ ချပ်ဝတ်လက်နက်ပြုလုပ်သူတစ်ဦးပေလော။
ကောင်းကင်ဒေသက မည်သူမှ သူ၏အမည်ကို မကြားဖူးကြချေ။ ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သော ကျင့်ကြံသူများနှင့် ကွာခြားကြသည်။ ချပ်ဝတ်လက်နက်ပြုလုပ်သူများအနေဖြင့် လောကကြီးနှင့် လုံးဝအဆက်အသွယ်ဖြတ်ရန် ခက်ခဲ၏။ ထို့ကြောင့် မုယန်သည် သီးခြားကျင့်ကြံနေခဲ့သူတစ်ဦးဖြစ်နိုင်ချေမှာ လွန်စွာနည်းပါ၏။
သူသည် တခြားလောကများမှ လူတစ်ယောက်ဖြစ်နိုင်ချေက ပိုများ၏။ သူသည် ထျန်းယန်မြို့ကို လွှမ်းမိုးရန်နှင့် ဤချပ်ဝတ်လက်နက်ပွဲတော်တွင် သူ၏လုပ်ဆောင်ချက်ဖြင့် နတ်လက်နက်များကို ရယူရန် ကြံရွယ်နေခြင်းဖြစ်နိုင်သည်။
သို့သော် သူသည် သူ၏ရည်မှန်းချက်ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မည်လော။
ဝမ်ရှောင်အနေဖြင့် မုယန်ကို အနိုင်ရလိုလျှင် မည်ကဲ့သို့သောတူမျိုးကို ပြုလုပ်ရမည်နည်း။
ဝမ်ရှောင်အပေါ်သို့ မရေမတွက်နိုင်သော အကြည့်များစွာ ကျရောက်လာသည်။ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တွင် လက်နက်မပြီးသေးသော တစ်ဦးတည်းသောသူဖြစ်သည်။
သို့သော် ဝမ်ရှောင်၏လက်နက်သည် ပြီးစီးခါနီးပေပြီ။
ထိုအခိုက်တွင် ချပ်ဝတ်လက်နက်နယ်မြေထဲ၌ တူတစ်ချောင်း ပျံတက်သွားသည်။ ဝမ်ရှောင်သည် လေးနက်သောမျက်နှာထားရှိပြီး သူ့တစ်ကိုယ်လုံးကို မီးတောက်များက လွှမ်းခြုံထား၏။ သူ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် တူကို လက်ညှိုးညွှန်လိုက်၏။ သူ့နောက်တွင် နတ်တစ်ပါး၏ ပုံရိပ်ယောင်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် တူထံသို့ ပျံသန်းသွားပြီး ၎င်းနှင့် ပေါင်းစည်းလိုက်၏။
ရုတ်ခြည်းအတွင်းမှာပင် ထိုတူထံမှနေ၍ ကျန့်(၁၀,၀၀၀)ရှည်သော နတ်ရောင်ခြည်တစ်ခု ဖြာထွက်လာသည်။ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြတ်သန်းသွားပြီး မိုးချုန်းသံများ မြည်ဟည်းသွားသည်ကို ကြားလိုက်ရသည်။ ချပ်ဝတ်လက်နက်နယ်မြေသည် တုန်ခါသွားကာ နတ်အလင်း၏အောက်တွင် ပျောက်ကွယ်သွား၏။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ကပ်ဘေးအလင်းများ ကျဆင်းလာသည်။ ချပ်ဝတ်လက်နက်ကပ်ဘေး စတင်ပေပြီ။
ထျန်းယန်မြို့ထဲမှ လူအားလုံးသည် အပြင်းအထန် ရင်တုန်သွားကြသည်။ ကောင်းကင်ဒေသမှ ထိပ်သီးများပင် ကောင်းကင်ထက်ရှိ လူကိုကြည့်၍ မျက်နှာထားများ ထူးဆန်းသွားကြသည်။
သူသည် လက်နက်အတွင်းသို့ ဝိညာဉ်တစ်ခု သွင်းနေခြင်းပင်။
ပရိသတ်များသည် နတ်အလင်းတစ်ခုက ဝမ်ရှောင်၏ တူအတွင်းသို့ အဆက်မပြတ်စိမ့်ဝင်နေသည်ကို တွေ့ကြရ၏။ ပတ်ဝန်းကျင်တွင် နတ်များစွာ၏ ဝိညာဉ်ပုံရိပ်များထွက်ပေါ်လာပြီး တူအတွင်းသို့ ဝင်နေကြသည်။ ကပ်ဘေးအလင်းသည် တူအပေါ်သို့ ကျဆင်းသွားသောအခါ တူသည် ပို၍ပင် လင်းလက်တောက်ပလာသည်။ ၎င်းသည် ကပ်ဘေးအလင်း၏သက်ရောက်မှုကို အနည်းငယ်ပင် မခံလိုက်ရသကဲ့သို့ပင်။
“ဝမ်ရှောင်က ဝိညာဉ်လက်နက်တစ်ခုထဲကို တကယ် ဝိညာဉ်ထည့်နိုင်တာပဲ။ ကြည့်ရတာ ဒီပြိုင်ပွဲရဲ့ ရလဒ်က ဘာမှအငြင်းပွားစရာ မရှိတော့ဘူးပဲ...”
ကောင်းကင်ဒေသက ထိပ်သီးကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။ လူများစွာသည် ထိုစကားကို လက်ခံကြောင်း ခေါင်းညိတ်လိုက်ကြသည်။ ဝမ်ရှေင်သည် ဤချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ အနိုင်ရသူဖြစ်ရန် သေချာနေပေပြီ။
တခြားထိပ်တန်းချပ်ဝတ်လက်နက်ပြုလုပ်သူများသည်လည်း အံ့အားသင့်သောမျက်နှာထားများ ရှိနေကြသည်။ ဝမ်ရှောင်သည် လက်နက်တစ်လက်အတွင်းသို့ ဝိညာဉ်တစ်ခု တိုက်ရိုက်ထည့်သွင်းနိုင်၏။ သူတို့သည် အရှုံးကို ဝန်ခံရုံသာရှိတော့၏။
မုယန်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွား၏။ သူသည် ဖြစ်ပျက်နေသည်များကို မျက်တောင်မခတ်ကြည့်နေလေသည်။ သူ၏မျက်နှာထား မပြောင်းလဲသွားသော်လည်း သူ၏ခံစားချက်များသည် အနှောင့်အယှက်ဖြစ်သွား၏။ သူသည် သူ၏နတ်လက်နက်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ဝမ်ရှောင်ထက် အားမနည်းကြောင်း ခံစားလိုက်ရသည်။ သို့သော် သူရှုံးသွားနိုင်၏။
နောက်ဆုံးတွင် ချပ်ဝတ်လက်နက်ကပ်ဘေး ပြီးဆုံးသွား၏။ နတ်လက်နက်သည် အောင်အောင်မြင်မြင် ပြီးဆုံးသွားပေပြီ။
တူသည် ကောင်းကင်ထက်တွင် ပျံဝဲနေပြီး တလက်လက်တောက်ပသော ရောင်ခြည်တစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းသည် တခြားနတ်လက်နက်များကို ဖိနှိပ်ရန် ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ အသက်ရှိသည်ဟုပင် ထင်ရလေသည်။ ၎င်းသည် တခြားလက်နက်များကို စိန်ခေါ်နေပုံပင်။
ရွှေလှံသည် တူ၏စိန်ခေါ်မှုကို ပြန်တုံ့ပြန်လိုက်သည်။ လက်နက်နှစ်လက်စလုံးသည် ကြောက်မက်ဖွယ် နတ်အလင်းများကို ထုတ်လွှတ်နေသည်။ သို့သော် တူသည် ပို၍ ဉာဏ်ထက်မြက်ပုံပေါ်လေသည်။ ၎င်းသည် ၎င်း၏ပြိုင်ဘက်ကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။ ရွှေလှံသည် ကြောက်မက်ဖွယ် အဖျက်စွမ်းအားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ပတ်ဝန်းကျင်မှ အာကာပြင်သည် တွန့်ခေါက်သွားသည်။ သို့သော် တွန့်ခေါက်နေသော အာကာသမဟာလမ်းစဉ်သည် တူနှင့်ရင်ဆိုင်လိုက်ရသောအခါ ပျက်စီးသွားသည်။ ထို့ကြောင့် လှံသည် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် ထိုပြိုင်ပွဲ၏ နံပါတ်တစ်သည် မည်သူဖြစ်ကြောင်း အားလုံးရှင်းရှင်းလင်းလင်း သိသွား၏။
ဤအကြိမ် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲ၏ အနိုင်ရရှိသူ ထွက်ပေါ်လာပေပြီ။
အနိုင်ရရှိသူမှာ မြို့သခင်ရုံးတော်မှ ဝမ်ရှောင်ဖြစ်သည်။
ထျန်းယန်မြို့မှ ကျင့်ကြံသူအားလုံးသည် ဝမ်းသာအားရပြုံးလိုက်ကြပြီး စိတ်အေးသွားဟန် သက်ပြင်းချလိုက်ကြသည်။ ထိုမတိုင်ခင်က အဆင့်မြင့်ရန်ဟောင်များ၏ ပြိုင်ပွဲတွင် သူတို့သည် အပြင်လူများ၏ အနိုင်ယူခြင်းကို ခံခဲ့ကြရသည်။ ထို့ကြောင့် သူတို့သည် ဤပွဲကို အနိုင်ရရန် မျှော်လင့်နေခဲ့ကြသည်။ မဟုတ်လျှင် သူတို့သည် မျက်နှာပျက်ရပေမည်။
“ရလဒ်ကို ကြေညာပါမယ်”
ထျန်းယန်မြို့သခင်က ကြေညာလိုက်သည်။ ရုတ်ခြည်းပင် မြို့သခင်ရုံးတော်အတွင်းမှ ကျင့်ကြံသူများသည် ပြုလုပ်ထားသော နတ်လက်နက်များနှင့်အတူ ရှေ့သို့ထွက်လာကြ၏။
နတ်လက်နက်များကို ပြသနေရန်မလိုပေ။ ကျင့်ကြံသူအားလုံးသည် နတ်လက်နက်များ၏ စွမ်းအားကွာခြားမှုကို အာရုံခံနိုင်ကြလေသည်။
အနိုင်ရရှိသူများ၏အမည်များကို တစ်ဦးပြီးတစ်ဦး ကြေညာပေးလေသည်။ ရန်ဟောင်ပထမအဆင့်မှစ၍ ကပ်ဘေးအဆင့်အထိ အနိုင်ရရှိသူများကို ကြေညာလိုက်၏။
“ဒီတစ်ကြိမ် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲရဲ့ နောက်ဆုံးအနိုင်ရရှိသူကတော့ ဝမ်ရှောင်ပါပဲ”
ထိုကြေညာသံကို ထျန်းယန်မြို့တစ်ခွင်လုံးရှိ လူအားလုံး ကြားနိုင်၏။ တစ်မြို့လုံးသည် အားပေးသံများဖြင့် ညံသွား၏။ ခံ့ညားသော ဝမ်ရှောင်သည် ကောင်းကင်ထက်တွင် တိတ်တဆိတ်ရပ်နေ၏။ သူသည် လက်ခုပ်ဩဘာပေးကာ ချီးကျူးအားပေးခံနေရသော်လည်း တည်တည်ငြိမ်ငြိမ်သာ ရှိနေလေသည်။ သူသည် ထိုရလဒ်ကို လုံးဝဂရုမစိုက်သည့်နှယ်ပင်။ သို့တည်းမဟုတ် သူ၏အမြင်တွင် သူနောက်ဆုံးအနိုင်ရရှိသူဖြစ်လာသည်မှာ နဂိုကတည်းက သေချာနေသောကိစ္စတစ်ခုဟု မြင်ခြင်းလည်းဖြစ်နိုင်၏။ ထို့ကြောင့် သူသည် ရလဒ်ကို အံ့အားမသင့်ခြင်းလည်း ဖြစ်နိုင်၏။
ဝမ်ရှောင်သည် အတော်ဆုံးချပ်ဝတ်လက်နက်ပြုလုပ်သူဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ သူသည် ဤချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် အစွမ်းအထက်ဆုံး နတ်လက်နက်ကို ပြုလုပ်နိုင်ခဲ့သည်။
ထိုအခိုက်တွင် ထျန်းယန်မြို့တွင်းမှ လူအားလုံးသည် ဝမ်ရှောင်ကို အာရုံစိုက်နေကြသည်။ လူများစွာသည် သူ့ကိုချစ်ခင်ကြ၏။ သူသည် တစ်ရက်အတွင်းမှာပင် လူများစွာ၏နှလုံးသားကို ရရှိခဲ့ပေပြီ။
အနာဂတ်တွင် ဝမ်ရှောင်၏အမည်သည် ကောင်းကင်ဒေသတစ်ခွင်လုံးတွင် ပို၍ကျော်ကြားလာမည်ဖြစ်သည်။
“ဂုဏ်ပြုပါတယ်”
“မြို့သခင်... ဂုဏ်ပြုပါတယ်။ မြို့သခင်ရုံးတော်က ဒီလို ထူးချွန်တဲ့လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ”
ဂုဏ်ပြုသံများ၊ ချီးကျူးသံများကို နေရာအနှံ့တွင် ကြားနေရ၏။ သူတို့အားလုံးသည် ကောင်းကင်ဒေသမှ ထိပ်သီးများဖြစ်ကြသည်။ ထျန်းယန်မြို့သခင်သည် လှိုက်လှိုက်လှဲလှဲရယ်လိုက်၏။ သူသည် ထိုသို့ရယ်ခဲ၏။ သူကြေညာလိုက်သည်။
“ကျုပ် အရင်ကပြောခဲ့သလိုပဲ ချပ်ဝတ်လက်နက်ပြိုင်ပွဲမှာ အနိုင်ရသူအားလုံး ဆုလာဘ်တွေရပါမယ်။ ပြီးရင် အနိုင်ရသူအားလုံး မြို့သခင်ရုံးတော်ထဲမှာ သူတို့ရဲ့ ဆုလာဘ်တွေကို ရွေးချယ်ဖို့ တာဝန်ရှိသူတစ်ယောက်က ခေါ်သွားပေပါလိမ့်မယ်”
“ကျေးဇူးအများကြီးတင်ပါတယ် မြို့သခင်...”
လူများစွာသည် သူ့ကို အနည်းငယ်ဦးညွှတ်၍ ကျေးဇူးတင်လိုက်သည်။
“အားလုံးကိုလည်း ဒီပြိုင်ပွဲကို တက်ရောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲက အာလုံးတက်ရောက်ပေးလို့သာ စည်းကားခဲ့တာပါ”
ထျန်းယန်မြို့သခင်က ပြောလိုက်၏။
“ဒီချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအတွင်းမှာ မြို့သခင်ရုံးတော်က မင်းသမီးအတွက် နတ်လက်နက်တစ်ခု ပြင်ဆင်ထားပါတယ်။ အဲဒီနတ်လက်နက်ကို ဦးဆောင်ပြုလုပ်တဲ့သူကတော့ ဝမ်ရှောင်ပါ”
လူများစွာသည် သူ၏စကားကိုကြားလိုက်သောအခါ မျက်နှာထားများ ထူးဆန်းသွားကြသည်။ ဝမ်ရှောင်သည် မင်းသမီးဒွန်ဟောင်အတွက် နတ်လက်နက်ကို ဦးဆောင်ပြုလုပ်ပေးခဲ့သည်ဆိုသလော။
ဝမ်ရှောင်၏စွမ်းရည်ကို ပြိုင်ပွဲမှတဆင့် အတည်ပြုခဲ့ပြီးဖြစ်သော်လည်း မင်းသမီးအတွက် နတ်လက်နက်ပြုလုပ်ခြင်းသည် မြို့သခင်ရုံးတော်၏စီမံချက်တစ်ခုဖြစ်သဖြင့် မြို့သခင်ကိုယ်တောင် ဦးဆောင်ပြုလုပ်သင့်သည် မဟုတ်ပါလား။
သို့သော် ထိုနတ်လက်နက်ကို မြို့သခင်နှင့် ဝမ်ရှောင်တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ပြီး မြို့သခင်သည် ဝမ်ရှောင်ကို ဂုဏ်တင်ပေးရန်အတွက် ဝမ်ရှောင်ကဦးဆောင်ခဲ့သည်ဟု ပြောလိုက်ခြင်းလည်း ဖြစ်နိုင်၏။
သို့သော် ထျန်းယန်မြို့သခင် ဆက်ပြောလိုက်သည့်စကားသည် လူများ၏ သံသယကို ရှင်းလင်းသွားစေ၏။ သူ၏စကားလုံးများသည် အားလုံးကို အံ့အားသင့်သွားစေ၏။
သူက ပြောလိုက်၏။
“ဝမ်ရှောင်က အရှင်ထျန်းယန်ရဲ့ အမွေအနှစ်ကို ပြည့်ပြည့်စုံစုံ ဆက်ခံရရှိထားတာဆိုတော့ လက်ရှိ မြို့သခင်ရုံးတော်မှာ မဟာအင်ပါယာအဆင့်လက်နက်တွေကို ပြုလုပ်နိုင်တဲ့သူက ဝမ်ရှောင်တစ်ဦးပဲရှိပါတယ်။ သူက နတ်လက်နက်တွေထဲကို မဟာအင်ပါယာဝိညာဉ်တွေ ထည့်သွင်းနိုင်ပါတယ်...”