← Chapters

ပြိုင်ဘက်ကင်းလေလော...

Vol. 179 Ch. 2563

ပြိုင်ဘက်ကင်းလေလော...

Vol. 179 Ch. 2563

မြို့သခင်ရုံးတော်အတွင်း၌ ကျင့်ကြံသူများစွာသည် တင်းမားသောမျက်နှာထားများဖြင့် ရောက်လာသူများကို ကြည့်နေကြလေသည်။

မျှော်လင့်ထားသကဲ့သို့ပင် ထိုအဓိကလောကကြီးနှစ်ခုသည် ထျန်းယန်မြို့သို့ ရောက်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် ထျန်းယန်မြို့၏ ဤပွဲတော်ကို အသုံးချ၍ မြို့သခင်ရုံးတော်အတွင်းသို့ လျှို့ဝှက်ဝင်လာကြခြင်းပင်။

ထိုအုပ်စုအတွင်းမှ လူများသည် လွန်စွာစွမ်းအားကြီး၏။ ခေါင်းဆောင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ထင်ရှားသောလူတစ်ယောက် ဖြစ်နေခဲ့ပေပြီ။ ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူအားလုံးသည် သူ့ကို မှတ်မိကြလေသည်။

“အဲဒါ မှော်နက်သူတော်စင်ဟွာယွင်ထင်းပဲ...”

တစ်စုံတစ်ယောက် ပြောလိုက်၏။

“ပြီးတော့ မိစ္ဆာသူတော်စင်ချင်းကောရောပါတယ်”

နောက်တစ်ယောက် ထပ်မံပြောလိုက်၏။

ထိုက်ရှန့်ကုန်းမြေသခင်သည် ထိုနှစ်ဦးကို တွေ့လိုက်သောအခါ မျက်နှာထား လေးနက်သွားသည်။ ကောင်းကင်ဒေသမှ စွမ်းအားကြီးထိပ်သီးများစွာသည် ထရပ်လိုက်ကြ၏။ သူတို့သည် အတော်လေး ခက်ထန်ပုံပေါက်နေလေသည်။

ထိုခေါင်းဆောင်နှစ်ဦး ကောင်းကင်ဒေသသို့ ရောက်ရှိလာခြင်းသည် ကောင်းကင်ဒေသမှ စွမ်းအားကြီးထိပ်သီးများကိုပင် စိတ်ဖိစီး၊ တုန်လှုပ်သွားစေကြောင်း ထင်ရှား၏။

မှော်နက်သူတော်စင်ဟွာယွင်ထင်းသည် မှော်နက်နန်းတော်မှ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်၏။ သူ၏အဆင့်အတန်းသည် ပြိုင်ဘက်ကင်း၏။ သူသည် မှော်နက်နန်း‌တော်၏ အုပ်ချုပ်မှုအောက်ရှိ စွမ်းအားအကြီးဆုံးလူများထဲမှ တစ်ယောက်ဖြစ်ပြီး မှော်နက်နန်းတော်၏ အရေးပါသောသူတစ်ယောက်လည်းဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ်လေးစုကျော်က စစ်ပွဲထဲတွင် သူ့လက်ချက်ဖြင့် စွမ်းအားကြီးလူများ မရေမတွက်နိုင်အောင် သေဆုံးခဲ့သည်။ ကောင်းကင်ဒေသမှ စွမ်းအားကြီးထိပ်သီးများသည် သူ့ကိုရှိန်ကျသည်။

မိစ္ဆာသူတော်စင်မိုချင်းကောသည်လည်း ထို့အတူပင်ဖြစ်သည်။ သူသည် မိစ္ဆာသူတော်စင်ဟူသော ဂုဏ်ပုဒ်ကို ရရှိထားသော်လည်း လွန်စွာတင့်တယ်သောဟန်ပန်ရှိပြီး အလွန်ခံ့ညားထည်ဝါ၏။ သူသည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ထင်ရသည်။ သူ၏မျက်လုံးများသည်သာ တခြားသူများကို သူ့အားကြောက်ရွံ့သွားစေသည်။ သူ့လက်များသည်လည်း မရေမတွက်နိုင်သောလူများစွာ၏ သွေးများစွန်းထင်းနေ၏။ သို့သော် သူ၏ဝတ်ရုံဖြူသည် သန့်စင်နေဆဲပင်။

ယခု ဤပရမ်းပတာခေတ်တွင် လောကအသီးသီးသည် မငြိမ်းချမ်းကြတော့ပေ။ ထိုကဲ့သို့သော လူများသည် သီးခြားနေခဲ့ကြသည်မှာ ရာစုနှစ်များ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုတွင် သူတို့သည် ကောင်းကင်ဒေသသို့ လာခဲ့ကြပေပြီ။ ထိုကိစ္စ၏အရေးပါမှုကို ထပ်၍ပြောနေရန်မလိုပေ။ ဤပရမ်းပတာခေတ်တွင် အဓိကလောကကြီးများသည် စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။

ယခုတွင် အဓိကလောကကြီးနှစ်ခုမှ ကျင့်ကြံသူများ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ဒေသ၏ လက်ရှိအင်အားသည် မည်သို့ရှိသည်ကို သိလိုနေကြခြင်းဖြစ်နိုင်၏။

ရီဖူရှင်းသည် ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။ မှော်နက်လောကနှင့် မိစ္ဆာအင်ပါယာဘုံမှ အင်အားအကြီးဆုံးလူများသည် ကောင်းကင်ဒေသသို့ ရောက်ရှိလာပြီလော။

ထိုလူနှစ်ဦးသည် မှော်နက်သူတော်စင်နှင့် မိစ္ဆာသူတော်စင်ဟု ကျော်ကြားသည်။ သူတို့၏စွမ်းရည်များနှင့် အဆင့်အတန်းကို မေးခွန်းထုတ်ရန် မလိုပေ။

“မင်းက မင်းရဲ့ကျင့်ကြံခြင်းကို ဘယ်လိုစမ်းသပ်ချင်တာလဲ”

မှော်နက်သူတော်စင်ဟွာယွင်ထင်းက မေးလိုက်သည်။ သူ့အကြည့်များသည် လူအုပ်ကို ဖြတ်သန်းသွားကာ ဝမ်ရှောင်ပေါ်တွင် တဒင်္ဂမျှ ရပ်တန့်သွားသည်။ ထိုအခိုက်တွင် ဝမ်ရှောင်သည် တစ်ဦးတည်း‌သောဇာတ်လိုက်တစ်ဦးကဲ့သို့ ရပ်နေလေသည်။ သူ့ထံမှနေ၍ သဏ္ဍာန်မဲ့အရှိန်အဝါတစ်ခု ထွက်လာသည်။ မြို့သခင်ရုံးတော်မှနေ၍ နတ်အလင်းတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ကို ထွင်းဖောက်သွားသည်။ ထျန်းယန်မြို့ပေါ်သို့ ကျယ်ပြန့်သော နတ်အရှိန်အဝါတစ်ခု ဖိနှိပ်ကျဆင်းလာ၏။ ထျန်းယန်မြို့တွင်းမှ လူအားလုံး ကောင်းကင်အရှိန်အဝါကို ခံစားလိုက်ရသည်။

“အဲဒါက အင်ပါယာအရှိန်အဝါပဲ”

တစ်စုံတစ်ယောက် အံ့ဩတကြီးပြောလိုက်၏။

ထျန်းယန်မြို့မှ ကျင့်ကြံသူများသည် ရင်တုန်ပန်းတုန်ဖြစ်သွား၏။ ဝမ်ရှောင်သည် မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နေခြင်းပင်။

ဝမ်ရှောင်သည် အဓိကလောကကြီးနှစ်ခု၏ စွမ်းအားကြီးထိပ်သီးနှစ်ဦးနှင့် ရင်ဆိုင်နေရချိန်မှာပင် မတုန်လှုပ်သွားခဲ့ပေ။ သူသည် ကြောက်ရွံ့သည့်လက္ခဏာတစ်စက်မှမပြဘဲ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ထျန်းယန်မြို့သခင်သည် ထိုကဲ့သို့မြင်ကွင်းကို မြင်သားကျနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူစိတ်အေးသွားသည်။ ထိုမတိုင်ခင်က သူသည် ဝမ်ရှောင်ကို လောကကြီးထဲသို့ မထွက်ရန် အမြဲတားမြစ်ခဲ့သည်။ သူသည် မတော်တဆမှုများ ဖြစ်လာမည်ကို စိုးရိမ်ခဲ့ခြင်းပင်။ ယခုတွင် လောကထဲမှ မည်သူသည် ဝမ်ရှောင်ကို ထိဝံ့သနည်း။

မည်သူကရော ထိနိုင်သနည်း။

ဝမ်ရှောင်သည် အတွေးတစ်ချက်ဖြင့်ပင် မဟာအင်ပါယာအဆင့်လက်နက်များကို ထွက်ပေါ်လာစေနိုင်၏။ သူသည် မှော်နက်သူတော်စင်၊ မိစ္ဆာသူတော်စင်တို့နှင့် ရင်ဆိုင်နေရလျှင်လည်း ဘာအရေးနည်း။ အကယ်၍ သူတို့သာ မဆင်မခြင်ပြုမူဝံ့လျှင် သူတို့သည် ထျန်းယန်မြို့ထဲတွင် သေဆုံးသွားရပေမည်။

သူ၏မြေးတော် ဝမ်ရှောင်ကို မဟာအင်ပါယာများမှလွဲ၍ မည်သူမှ မယှဉ်နိုင်ပေ။ သူသည် မည်သည့်ကျင့်ကြံသူကိုမှ မကြောက်ပေ။

ထို့အပြင် ထျန်းယန်မြို့သည် သူတို့၏ပိုင်နက်ဖြစ်သည်။ သူတို့ပိုင်နက်အတွင်းသို့ ရောက်လာသူသည် မည်သူဖြစ်စေ ဦးညွှတ်၍လာရပေမည်။

ဟွာယွင်ထင်းနျင့် မိုချင်းကောတို့သည်လည်း မြို့သခင်ရုံးတော်ဘက်သို့ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် အင်ပါယာအရှိန်အဝါကို အာရုံခံစားမိခဲ့ကြသည်။ ထျန်းယန်မြို့၏ ရှေးဟောင်းနတ်ဘုရားကလန်ဖြစ်သော ဝမ်မိသားစုတွင် ထိုကဲ့သို့ စွမ်းအားကြီးသူတစ်ဦး အမှန်တကယ် ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထိုသူသည် အဓိကကျသော ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုဖြစ်သည်။

သို့သော် သူတို့သည် ထျန်းယန်မြို့၏ ပွဲတော်အတွင်း၌ ဝမ်ရှောင်မှလွဲ၍ တခြားအန္တရာယ်ရှိနိုင်သည့်အရာများကို အာရုံမရခဲ့ပေ။ အရာအားလုံးသည် ပုံမှန်ကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုအကြောင်းကို များစွာမတွေးတောခဲ့ခြင်းပင်။

“ခင်ဗျားတို့က ကျုပ်နဲ့ ချပ်ဝတ်လက်နက်ပြုလုပ်တဲ့အပိုင်းမှာ ယှဉ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ ကျုပ်တို့ သိုင်းပြိုင်ကျရင် မကောင်းဘူးလား...”

ဝမ်ရှောင်သည် ထိုနှစ်ဦးကို မျက်လုံးချင်ဆုံအောင် စိုက်ကြည့်လျှက် မေးလိုက်သည်။ သူ၏လေသံသည် အေးစက်နေပြီး ထီမထင်ကာ စိတ်ကြီးဝင်နေသည့် အငွေ့အသက်များပါလေသည်။

“ချပ်ဝတ်လက်နက်ပြုလုပ်တာကို ပြိုင်ရင်တော့ မင်းပဲနိုင်မှာပေါ့...”

ဟွာယွင်ထင်းက ပုံမှန်အတိုင်းပြောလိုက်၏။

“မင်းက စမ်းကြည့်ချင်နေမှာတော့ ငါ့ရဲ့လူတွေက သဘောတူရမှာပေါ့။ ငါတို့လည်း ကောင်းကင်ဒေသမှာ လက်ရှိထင်ရှားနေတဲ့လူတွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင်ချင်နေတာပဲ”

ထျန်းယန်မြို့အတွင်းမှ ကျင့်ကြံသူအားလုံးသည် သူတို့ပြောနေကြသော စကားများကို ကြားလိုက်သောအခါ ရင်တုန်သွားကြသည်။ သူတို့သည် ထိုပွဲတော်အတွင်း၌ ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲအပြင် အဓိကလောကကြီးများ၏ ထိပ်သီးများကြားမှ တိုက်ပွဲကိုလည်း မြင်ရလိမ့်မည်ဟု တစ်ခါမှမတွေးမိခဲ့ဖူးပေ။

ယခုတွင် ယှဉ်ပြိုင်မှုသည် ကောင်းကင်ဒေသမှ စွမ်းအားကြီးပါရမီရှင်များကြားတွင်သာ မဟုတ်တော့ဘဲ ကောင်းကင်ဒေသနှင့် မှော်နက်လောကနှင့်နတ္တိအင်ပါယာဘုံတို့မှ နတ်ဘုရားအဆင့်အင်အားစုနှစ်စုတို့အကြားမှ ယှဉ်ပြိုင်မှုဖြစ်နေပေပြီ။

ဝှီး...

လူတစ်ယောက်သည် တိမ်များထက်သို့ ပျံတက်သွားပြီး ကောင်းကင်ထက်မှနေ၍ အောက်သို့ငုံ့ကြည့်လိုက်သည်။ ထိုကျင့်ကြံသူသည် မြို့သခင်ရုံးတော်မှ ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသော ဝမ်ယွီဖြစ်သည်။ ရွှေရောင်မီးတောက်သည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူ၏နတ်အလင်းသည် တောက်ပစွာလင်းလက်နေ၏။ သူ၏အရှိန်အဝါသည် ကျယ်ပြောသောအာကာပြင်ကို စိုးမိုးထားသည်။

ဝမ်ယွီသည် ခေါင်းငုံ့၍ သူ့ကို အနိုင်ယူခဲ့သော ဝတ်ရုံနက်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူကို ကြည့်လိုက်သည်။ ထိုဝတ်ရုံနက်နှင့်လူသည် ဆရာမုန့်ကို အနိုင်ယူခဲ့သူပင်ဖြစ်သည်။ ဝမ်ယွီပြောလိုက်၏။

“မင်းရဲ့ကျင့်ကြံခြင်းအစွမ်းကို ငါကိုယ်တိုင်စမ်းကြည့်မယ်...”

ဝတ်ရုံနက်နှင့်ချပ်ဝတ်လက်နက်ပြုလုပ်သူသည် သူ့ကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် မြို့သခင်ရုံးတော်အထက်ရှိ အာကာပြင်ပေါ်သို့ ပျံတက်သွားလိုက်သည်။

ထိုအနက်ရောင်ဝတ်ရုံနှင့်ချပ်ဝတ်လက်နက်ပြုလုပ်သူသည် မှော်နက်လောကမှ ထူးချွန်းသောပန်းပဲဆရာတစ်ဦးဖြစ်သည်။ သူသည် ဤအကြိမ် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးခံထားရခြင်းပင်။ သူသည် မုန့်ယန်နှင့် ဝမ်ယွီတို့ကို အောင်အောင်မြင်မြင် အနိုင်ယူနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ထျန်းယန်မြို့၏ ထောင့်တစ်နေရာတွင် မုန့်ယန်သည်လည်း ကောင်းကင်ထက်ရှိ မြင်ကွင်းကို ကြည့်ရှုနေလေသည်။ သူသက်ပြင်းချလိုက်၏။ သူသည် မှော်နက်လောကမှ ကျင့်ကြံသူတစ်ဦးကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိသွားသောအခါ ပြိုင်ပွဲဝင် နောက်တစ်ဆင့်ဆက်မတက်နိုင်ခဲ့ခြင်းမှာ သိပ်၍မဆိုးတော့ဟု သူတွေးလိုက်သည်။ တစ်ဖက်ကလူသည် ပြင်ဆင်၍ လာခဲ့ခြင်းဖြစ်ပြီး သူသည်လည်း ယုံကြည်မှုလွန်ကဲနေခဲ့ကာ မြို့သခင်ရုံးတော်အတွင်းသို့ သေချာပေါက်ဝင်နိုင်လိမ့်မည်ဟု အပိုင်တွက်ထားခဲ့ခြင်းပင်။ ထို့ကြောင့်သာ သူပြိုင်ပွဲအတွင်းမှ ထွက်ခဲ့ရခြင်းဖြစ်သည်။

ထိုချပ်ဝတ်လက်နက်ပြုလုပ်သူများ၏ တိုက်ခိုက်စွမ်းရည်သည် မည်မျှအစွမ်းထက်သနည်း။ ထျန်းယန်မြို့ထဲမှ ကျင့်ကြံသူများစွာသည် ထိုသို့တွေးလိုက်ကြသည်။ သူတို့အားလုံးသည် ကောင်းကင်ထက်သို့ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ဝမ်ယွီသည် ချက်ချင်း တိုက်ခိုက်လိုက်သည်။ ထို့အပြင် သူသည် သူပြုလုပ်ခဲ့သော နတ်လက်နက်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။ သူသည်လည်း မုန့်ယန်ကဲ့သို့ပင် ထိုသူနှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့ကြောင့် ယခုတိုက်ပွဲတွင် သူတို့သည် သူတို့ကိုယ်တိုင်ပြုလုပ်ခဲ့သော လက်နက်များကို အသုံးပြု၍ တိုက်ခိုက်ပါမှ မျှတပေလိမ့်မည်။

ကောင်းကင်ထက်တွင် အဖျက်စွမ်းအားကြီးသော တိုက်ပွဲတစ်ပွဲ ရုတ်ခြည်းဖြစ်ပေါ်လာ၏။ ဝမ်ယွီ၏တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ပင်ဖြစ်သည်။ သူသည် ‌ရှေ့သို့တရစပ်တိုးကာ သူ့ပြိုင်ဘက်ကို ထပ်ခါထပ်ခါ ဖိအားပေးတိုက်ခိုက်နေသည်။ သူသည် ထိုတိုက်ပွဲတွင် လုံးဝအသာစီးရနေ၏။

ဝတ်ရုံနက်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း သူ၏တိုက်ခိုက်စွမ်းရည်သည် ဝမ်ယွီထက် အားနည်းပုံပေါ်လေသည်။ ထျန်းယန်မြို့မှ ကျင့်ကြံသူများက အထက်ပါအတိုင်း တွေးလိုက်ကြသည်။ ဝမ်ယွီသည်လည်း ရှေး‌ဟောင်းနတ်ဘုရားကလန်ဖြစ်သော ဝမ်မိသားစုမှ ပါရမီရှင်တစ်ဦးဖြစ်၏။ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းကို အဓိကထားလေ့လာသော်လည်း သူ၏ကျင့်ကြံခြင်းအပိုင်းကိုလည်း လျစ်လျူမရှုခဲ့ပေ။ သို့သော် ဝတ်ရုံနက်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ထိုပြိုင်ပွဲတွင် ဝင်ပြိုင်သည်မှာ မှော်နက်နန်းတော်၏ ဖိတ်ခေါ်မှုကြောင့်ဖြစ်သည်။ သူသည် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းတွင် အရည်အချင်းအပြည့်ရှိသည်။ သူ၏တိုက်ခိုက်စွမ်းရည်သည်လည်း အတော်လေးအစွမ်းထက်သော်လည်း သူ၏ချပ်ဝတ်လက်နက်ပြုလုပ်စွမ်းရည်နှင့်နှိုင်းဆာလျှင် အနည်းငယ်နိမ့်ကျ၏။

ဝမ်ယွီပြုလုပ်ခဲ့သော နတ်လက်နက်သည် နေမင်းလှံတစ်ချောင်းဖြစ်၏။ ထိုလှံချက်ကို ထုတ်လိုက်လျှင် ကျင့်ကြံသူ၏နောက်တွင် အလျှံတညီးညီးတောက်ပနေသော နေတစ်စင်း ထွက်ပေါ်လာ၏။ နေအလင်းရောင်သည် မျက်စိကျိန်းလောက်ဖွယ်ဖြစ်ပြီး လွန်စွာစွမ်းအားကြီးသော တိုက်ခိုက်စွမ်းအားပါဝင်လေသည်။ နောက်ဆုံးတွင် ဝတ်ရုံနက်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူသည် ဝမ်ယွီ၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် နောက်သို့ပြန်ဆုတ်သွားရလေသည်။ သူသည် ထိုပြိုင်ပွဲတွင် ရှုံးနိမ့်သွားသဖြင့် မျက်နှာပျက်သွားသည်။

ဝမ်ယွီသည် သူ၏ကတိကိုထိမ်းသိမ်းခဲ့ပြီး သူ့ကို သေစေနိုင်လောက်သည့် တိုက်ခိုက်မှုဖြင့် မတိုက်ခိုက်ခဲ့ပေ။ ဝတ်ရုံနက်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူသည် အရှုံးကိုဝန်ခံရန် အင်တင်တင်ဖြစ်နေပြီး ဆက်၍တိုက်ခိုက်လိုနေပုံပေါ်လေသည်။  သို့သော် ဟွာယွင်ထင်းက အမိန့်ပေးလိုက်၏။

“တော်လိုက်တော့...”

ဝတ်ရုံနက်နှင့် ချပ်ဝတ်လက်နက်ပြုလုပ်သူသည် နောက်သို့လှည့်လိုက်သည်။ ထို့နောက် သူသည် ဦးညွှတ်၍ ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ဆရာ...”

ထို့နောက် သူ ချက်ချင်းထွက်ခွာသွား၏။ ထိုအဖြစ်အပျက်မှနေ၍ မှော်နက်သူတော်စင်၏ ဩဇာအာဏာကို အပြည့်အဝမြင်နိုင်၏။

“မင်း... သွားပြီး ပြိုင်လိုက်...”

ဟွာယွင်ထင်းသည် သူ့နောက်တွင်ရပ်နေသော ကျင့်ကြံသူတစ်ဦးကို အမိန့်ပေးလိုက်၏။ သူ့နောက်မှနေ၍ လူတစ်ယောက်ထွက်လာသည်။ သူသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏အရှိန်အဝါသည် တုန်လှုပ်ဖွယ်ပင်။ ထိုလူငယ်သည် အစောကချပ်ဝတ်လက်နက်ပြုလုပ်သူကဲ့သို့ မဟုတ်ဘဲ မှော်နက်နန်း‌တော်မှ အရေးပါသူတစ်ဦးဖြစ်သည်။

“ကျင့်ကြံသူတွေကြားက တိုက်ပွဲမှာ ကျင့်ကြံသူတွေ ပါဝင်သင့်တာပေါ့... ဝမ်ယွီ မင်းလည်း ပြန်လာခဲ့တော့”

ဝမ်ရှောင်က အမိန့်ပေးလိုက်၏။ ဝမ်ယွီသည် ထိုအမိန့်ကို ကြားလိုက်သောအခါ ပြန်ဆုတ်လာခဲ့သည်။

ဝမ်ရှောင်သည် နောက်လှည့်၍ လူတစ်‌ယောက်ကို ကြည့်လိုက်သည်။ ကျင့်ကြံသူတစ်ဦး ရှေ့သို့ ထွက်လာ၏။

သူသည် ထျန်းယန်မြို့မှ ဝမ်မြန်ဖြစ်သည်။

ယခင်က ဝမ်မြန်သည် ထျန်းယန်မြို့၏ ဆက်ခံသူဖြစ်လိမ့်မည်ဟု အထင်ခံခဲ့ရသည်။ သူ၏တိုက်ခိုက်စွမ်းရည်သည် ထိပ်တန်းဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ ဝမ်မြန်သည် ထျန်းယန်မြို့တွင် စွမ်းအားကြီးထိပ်သီးတစ်ဦးဟု သတ်မှတ်ခံရသူဖြစ်သည်။

ထိုကျင့်ကြံသူနှစ်ဦးသည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ ဝမ်မြန်၏ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာသည်။ ရုတ်ခြည်းပင် နတ်နံရံများထွက်ပေါ်လာပြီး အာကာပြင်ကို ချိပ်ပိတ်လိုက်ကာ မဟာလမ်းစဉ်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ရွှီး...

ဝတ်ရုံနက်နှင့်ကျင့်ကြံသူသည် လင်းလက်သွားပြီး တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့ပတ်ပတ်လည်ရှိ အရာအားလုံးကို ဝါးမျိုတော့မည့်ပုံပေါ်နေသည်။ ဝမ်မြန်၏ ရှေ့တည့်တည့်တွင် အနက်ရောင်လှံတစ်ချောင်း ဖြစ်ပေါ်လာသည်။ သူ့‌ရှေ့၌ နတ်နံရံတစ်ခု ပေါ်ထွက်လာ၏။ ထိုနတ်နံရံပေါ်တွင် မရေမတွက်နိုင်အောင်များပြားသော သင်္ကတများစွာနှင့် ရှေးဟောင်းစာလုံးများစွာ ထွင်းထားလေသည်။ တွင်းနက်ကြီးသည် နတ်နံရံကို ဝါးမျိုးရန်ကြိုးစားနေပြီး အနက်ရောင်လှံက ၎င်းကို ထိုးဖောက်ရန် ကြိုးစားနေသည်။ သို့သော် ထိုတိုက်ခိုက်မှုနှစ်ခုစလုံးသည် နတ်နံရံကို မဖောက်ထွင်းနိုင်ကြပေ။

မြို့သခင်ရုံးတော်အတွင်းမှ လူအားလုံးသည် ဝမ်မြန်၏စွမ်းရည်ကို ယုံကြည်မှုရှိကြသည်။ သူတို့သည် သူ၏အင်အားကို သံသယမရှိပေ။ ဝမ်မြန် ယခင်က ရှုံးနိမ့်ခဲ့ခြင်းမှာ သူ၏ပြိုင်ဘက်သည် ရီဖူရှင်းဖြစ်ခဲ့ခြင်းကြောင့်သာဖြစ်သည်။

ထျန်းယန်မြို့သခင်သည် တိုက်ပွဲပြင်ကို စူးစိုက်ကြည့်ရှုနေသည်။ သူ၏ မျက်နှာထားသည် ပြောင်းလဲမှုမရှိပေ။ အဓိကလောကကြီးနှစ်ခုမှ ကျင့်ကြံသူများသည် ထျန်းယန်မြို့တွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ သို့သော် ကိစ္စများသည် သူတို့အလိုရှိသလို မဖြစ်နိုင်ပေ။ သူတို့အားလုံးသည် ရှုံးနိမ့်သွားမည်သာဖြစ်သည်။ ယနေ့သည် ဝမ်ရှောင်တစ်ယောက် သူ၏အမည်ကို ကောင်းကင်ဒေသတစ်ခွင်လုံးတွင် ကျော်ကြားသွားအောင်လုပ်မည့်နေ့ဖြစ်သည်။ ယနေ့မှစ၍ လူအားလုံးသည် သူ၏အမည်ကို သိသွားပေလိမ့်မည်။

မျှော်လင့်ထားသကဲ့သို့ပင် ထိုတိုက်ပွဲသည်လည်း အနိုင်အရှုံး ကွဲကွဲပြားပြားဖြင့် ပြီးဆုံးသွား၏။ ပြိုင်ဘက်သည် စွမ်းအားကြီးသော်လည်း ဝမ်မြန်သည် သူ့ကိုလျင်မြန်စွာ အနိုင်ယူနိုင်ခဲ့၏။

တစ်ဖက်မှလူ ပြန်ဆုတ်သွားသောအခါ မြို့သခင်ရုံးတော်သည် တိတ်ဆိတ်သွားသည်။ အဓိကလောကကြီးနှစ်ခုမှ ကျင့်ကြံသူများရောက်ရှိလာခြင်းသည်ပင် ထျန်းယန်မြို့၏ ဝမ်မိသားစုကို မခြိမ်းခြောက်နိုင်ပေ။

အဓိကလောကကြီးနှစ်ခုမှ ကျင့်ကြံသူများ ဤတစ်ခေါက်ရောက်လာခြင်းမှာ ကောင်းကင်ဒေသရှိ လက်ရှိအခြေအနေများကို စုံစမ်းရန်ဖြစ်နိုင်၏။ သူတို့သည် တိုက်ပွဲဖြစ်ရန် ရည်ရွယ်ချက်မရှိပုံပင်။ ထို့ကြောင့် သူတို့၏ထိပ်သီးများ မပါလာခဲ့ခြင်းပေ။ ထို့အပြင် တိုက်ပွဲဖြစ်ခဲ့ရသည်မှာလည်း ဝမ်ရှောင်က တောင်းဆိုခဲ့၍ဖြစ်သည်။

ထျန်းယန်မြို့မှ ကျင့်ကြံသူများကို စိန်ခေါ်လိုနေသော တခြားသူများ ရှိနေပေသေးသည်။ သို့သော် သူတို့ကို ဟွာယွင်ထင်းနှင့် မိုချင်းကောတို့က တားဆီးလိုက်သည်။

သူတို့သည် ကောင်းကင်ဒေသ၏နယ်မြေအတွင်းသို့ ရောက်နေသည်မဟုတ်ပါလား။

ထိုအခိုက်တွင် မြို့သခင်ရုံးတော်အတွင်းမှ လူတစ်ယောက်ထွက်လာ၏။ သူသည် အလယ်သို့ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။

“ဆရာချန်ခုန်း...”

ဝမ်ထန်သည် ထူးဆန်းသောမျက်နှာထားဖြင့် လှမ်းခေါ်လိုက်သည်။ သူလှမ်းခေါ်လိုက်သော်လည်း ငွေရောက်မျက်နှာဖုံးနှင့်လူသည် ရှေ့သို့ဆက်လျှောက်နေပြီး လူအုပ်အလယ်သို့ သွားနေလေသည်။

ထိုရှေ့သို့ထွက်လာသူ ငွေလှံချန်ခုန်းသည် ရီဖူရှင်းဖြစ်သည်။

ယနေ့တွင် ထျန်းယန်မြို့သည် ကောင်းကင်ဒေသမှ အင်အားစုများကို စုရုံးခဲ့ပြီး မဟာအင်ပါယာအဆင့်လက်နက်များကို ဆင့်ခေါ်၍ စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်ရန်ကြံနေ၏။ သူသည်လည်း တိုက်တိုက်ဆိုင်ဆိုင် ဤနေရာတွင် ရှိနေခဲ့သည်ဖြစ်ရာ ထိုကိစ္စကို အဘယ်သို့ မည်သို့မှမလုပ်ဘဲ နေနိုင်မည်နည်း။

ဝမ်ရှောင်သည် အရှင်ထျန်းယန်၏ အမွေခံဖြစ်ပြီး ထျန်းယန်မြို့၏ ဆက်ခံသူဖြစ်သည်။ သူသည် ဂုဏ်ရှိကာ ကောင်းကင်ဒေသတွင် ပြိုင်ဘက်ကင်းဖြစ်သည်။

သူသည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးရန်နှင့် ရီဖူရှင်းကိုသတ်ရန် မဟာအင်ပါယာအဆင့်လက်နက်များကို ဆင့်ခေါ်လိုနေသည်။

ကောင်းကင်ဒေသမှ အင်အားစုများသည်လည်း သူ၏ဦးဆောင်မှုကို လက်ခံခဲ့ကြသည်။

‘ဟမ်...’

လူများစွာသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူသည် မည်သို့လုပ်ရန် ကြံရွယ်နေသနည်း။

ရှီးချီယောင်သည်လည်း ရီဖူရှင်းကို ကြည့်နေသည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထင်ထားသကဲ့သို့ပင် ရီဖူရှင်းသည် ဆက်၍စောင့်မနေနိုင်တော့ချေ။

All Chapters