အမွေအနှစ်တွင်းကြီး
Vol. 27 Ch. 373
အန်လင်းက ရှဲ့လေး၏ မန္တန်အတိုင်း လုပ်ဆောင်လိုက်ပြီး စွမ်းအင်ပမာဏ အမြောက်အများက နယ်မြေထိုးဖောက် လက်သည်းထဲသို့တိုးဝင်လာတော့၏။
"တင်..."
မြူတူးသောအသံတစ်ခု ထွက်ပေါ်လာပြီး နယ်မြေထိုးဖောက်လက်သည်းက တောက်ပသော ကြက်သွေးရောင်အလင်းဖြင့် တောက်ပလာလေ၏။
ဖျက်စီးစေတတ်သော စွမ်းအင်က သူ့ထိပ်တွင် စုစည်းကာ သိပ်သည်းစပြုလာပြီး နယ်မြေထိုးဖောက်လက်သည်း၏ ထိပ်၌ တောက်ပလွန်းသော အနီရောင် ကြယ်တစ်ပွင့်ရှိနေသကဲ့သို့ ထင်ရစေ၏။
"သွားစမ်း..."
အန်လင်းက လက်ညိုးထိုးပြလိုက်သည်နှင့် နယ်မြေထိုးဖောက်လက်သည်းက ချက်ချင်းပင် ပျောက်ကွယ်သွား၏။
ထို့နောက်တွင်တော့ အသင့်နေရာကူးပြောင်းခြင်းနှင့် ရွေ့လျားခံလိုက်ရသကဲ့သို့ ထိုအရာမှာ သားရဲတစ်ရာနတ်ဆိုး၏ မျက်နှာရှေ့တွင် တည့်တည့်ပေါ်လာပြီးဖြစ်လေ၏။
စူးစူးဝါးဝါး အသံများက အခန်းထဲတွင် ထွက်ပေါ်လာပြီး စွမ်းအင်များ ပေါက်ကွဲမှုကြောင့် လေပြင်းများ တိုက်လာတော့၏။
နယ်မြေထိုးဖောက်လက်သည်းမှာ သားရဲတစ်ရာ နတ်ဆိုး၏ ကိုယ်နှင့် အနည်းငယ်မျှသာ ကွာဝေးတော့သော်လည်း ထိုအကွာအဝေးအနည်းငယ်မှာ ကျော်လွှား၍မရနိုင်သော နေလာလပ်ဖြစ်ပုံရ၏။ အလွမ်အမင်းချွန်ထက်လှသည့် နယ်မြေထိုးဖောက်လက်သည်းသည်ပင် လေဟာနယ် အကာအကွယ်ကို ချက်ချင်းကြီး မထိုးဖောက်နိုင်ပါပေ။
သို့သော်လည်း လေဟာနယ် အကာအကွယ်တွင် အက်ကွဲကြောင်းလေးများက တဖြည်းဖြည်းပေါ်လာစပြုနေပြီး နယ်မြေထိုးဖောက် လက်သည်း၏ ပတ်ဝန်းကျင်ရှိ လေထုက တုန်ယင်လာပေတော့သည်...
သားရဲတစ်ရာနတ်ဆိုး၏ အသစ်ပြန်ဖြစ်ခြင်းက အဆုံးသတ်သို့ ရောက်လာပြီဖြစ်ကာ ထိုအရာက တဖြည်းဖြည်း မျက်လုံးဖွင့်လာကာ အန်လင်းကို လက်ဗလာနှင့် ဆွဲဖြဲပစ်တော့မည်ကဲ့သို့ စိတ်ပိုင်းဖြတ်လိုက်၏။ သို့သော်လည်း ထိုအရာသည် ချက်ချင်းပင် ကြက်သွေးရောင် လက်သည်းနှင့် မိတ်ဆက်ခံလိုက်ရ၏။
ထိုအခိုက်အတန့်၌ အန္တရာယ် အငွေ့အသက် အကြီးကြီးကို ခံစားမိလိုက်၏။
ခွမ်း...
တစ်စုံတစ်ခုမှာ ကွဲပွင့်သွားပုံရကာ နာကျင်မှုအများအပြားက နောက်မှ လိုက်လာလေ၏။
ထန်း...
ကြက်သွေးရောင် သေစေနိုင်သည့် အလင်းတန်းက သားရဲတစ်ရာ နတ်ဆိုး၏ ဦးခေါင်းသို့ ထိုးဖောက်လာ၏။ ထိုသည်က ဖြတ်သန်းသွားရာ ပတ်ပတ်လည်ရှိ နေရာလွတ်ကို လွှမ်းခြုံလိုက်ကာ သို့ဖြစ်၍ သားရဲတစ်ရာ နတ်ဆိုး၏ ခေါင်းသို့ ထိခိုက်မှုများ ထပ်မံဖြစ်ပေါ်စေလေ၏။ အဆုံးတွင်တော့ ပြတ်ရှဒဏ်ကြီးတစ်ခုပေါ်လာပြီး ထိုသည်မှာ ရွှေရောင်လျှပ်စီးကြောင်းကြီးက ဖန်တီးလိုက်သည်ထက်ပင် ကြီးမားလေ၏။
သားရဲတစ်ရာ နတ်ဆိုးကြီးမှာ အသိစိတ်ပြန်ဝင်လာသည်မှာ သုံးစက္ကန့်ထက်ပင် မပိုသေးပါချေ။ နောက်ထပ်သော ဒဏ်ရာအပြင်းအထန်ရရှိကာ ထပ်မံ သတိမေ့မြောသွားပါ၏။
နယ်မြေထိုးဖောက် လက်သည်းမှာ အန်လင်း၏ အမိန့်ပေးမှုတွင် ပြန်လည် တွန့်ကွေးလာပြီး သားရဲတစ်ရာ နတ်ဆိုး၏ နှလုံးကို ထိုးနှက်လိုက်ပြန်၏။
နောက်ထပ်သော ပြင်းထန်လှသည့် အော်မြည်မှုကြီး နောက်တွင် လေဟာနယ်အတားအဆီးမှာ ထပ်မံထိုးဖောက်ခံလိုက်ရ၏။ သားရဲတစ်ရာ နတ်ဆိုးကြီး၏ နှလုံးသားတွင် ခပ်မှိန်မှိန်အသံဖြင့် အပေါက်ကြီးတစ်ခုက ပေါ်ထွက်လာပြီး သွေများက ရေပန်းကဲ့သို့ ပန်းထွက်လာ၏။
ဤသည်မှာ မိမိကိုယ်ကို ကျေနပ်အားရနေမည့်အစား အလွန်အမင်း အလျင်အမြန်လုပ်ဆောင်ရမည့်အချိန်ဟု အန်လင်းက သိလေ၏။
နယ်မြေထိုးဖောက် လက်သည်းမှာ လေထဲတွင် ကြမ်းတမ်းလှသော မြင်ကွင်းနှင့် ကန့်လန့်ဖြတ်မျဉ်းများ ရေးဆွဲပစ်ကာ သားရဲတစ်ရာနတ်ဆိုး၏ ခန္ဓာကိုယ်အား အထိအခိုက်များ ပိုမို ပေးအပ်လိုက်၏။
ထန်း... ထန်း... ထန်း...
သွေးရေပန်းများက ထူထည်း လျင်မြန်စွာပေါက်ကွဲထွက်လာ၏။
အန်လင်းက သားရဲတစ်ရာနတ်ဆိုး၏ လေဟာနယ် အကာအကွယ်မှာ ပိုပို၍ အားနည်းလာပြီး တဖြည်းဖြည်းနှင့် နယ်မြေထိုးဖောက်လက်သည်းကို ထိုးဖောက်မှုတစ်ခုစီအတွက် အချိန်ပိုနည်းလာသည်ကို ခံစားမိ၏။
ပြီးနောက် သိပ်မကြာမီမှာပင် သားရဲတစ်ရာနတ်ဆိုးကြီးမှာ မကောင်းဆိုးဝါး ဆွစ်ဇာလန်ချိစ့်တစ်ခုနှင့် တူစပြုလာလေပြီ။
သို့သော်လည်း စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ပြီဆိုသော အသိပေးသည့် အသံက အခုအချိန်ထိ မပေါ်လာသေးသည်မို့ အန်လင်းက သူ့၏ တိုက်ခိုက်မှုများကို မရပ်တန့်သေးပါချေ။
နောက်ဆုံးတွင်တော့ အချိန်တစ်ခု၌ အန်လင်းသည် လေဟာနယ် အကာအကွယ်ကို လုံးဝပင် အာရုံမခံမိတော့ပါပေ။
"တပိုင်..."
အန်လင်းက ခြေထောက်များမခိုင်တော့သည်မို့ အော်ဟစ်လိုက်ကာ သူ့၏ သရဲလောက၏ မူရင်းစွမ်းအားကို ရုပ်သိမ်းလိုက်တော့သည်။
"ငါ့တာဝန်သာထားလိုက်တော့ ဝုတ်..." တပိုင်က အန်လင်း၏ ခေါ်ဆိုခြင်းကို ချက်ချင်း တုံ့ပြန်လိုက်ပြီး သားရဲတစ်ရာ နတ်ဆိုးဆီသို့ တစ်ဟုန်ထိုး ခုန်အုပ်လိုက်ကာ ထိုအရာ၏ အပေါက်များနှင့် ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ တွဲကပ်ထားလိုက်၏။
ထိုအခိုက်၌ သူက သူ့၏ကောင်းကင်ပြိုကွဲစေနိုင်သော လက်သည်းများမှ အပြာရောင် ဓားမော့ ဖွဲ့စည်းခြင်း တစ်သီကြီးကို ထုတ်လိုက်ပြီး ချက်ချင်းပင် သားရဲတစ်ရာနတ်ဆိုးကြီးကို အရေမတွက်နိုင်သောအပိုင်းများအဖြစ် ခုတ်ပိုင်းပစ်လိုက်၏။
တပိုင်က ထိုမျှနှင့် မရပ်သေးပဲ နောက်ထပ် မီးမန္တန်နည်းလမ်းတစ်ခုကို အသုံးပြုလိုက်ပြီး တောက်လောင်နေသည့် မီးတောက်စီးကြောင်းကြီးတစ်ခုကို မှုတ်ထုတ်လိုက်ကာ သားရဲတစ်ရာ နတ်ဆိုးကြီး၏ အကြွင်းအကျန်များကို မဲနက်သည်အထိ မီးကျွမ်းစေလိုက်၏။ အကျန်များကို ခဏအကြာအထိ မီးကင်လိုက်ပြီးနောက် တပိုင်က အပိုင်းအစများကို အထက်အောက်လှန်ကာ သူ့၏ မီးတောက်များနှင့် ထပ်ကင်နေလေတော့သည်။
"ဂုဏ်ယူပါတယ်။ သင်ဟာ အပြစ်များ စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီးပါပြီ။ သင်က သင့်၏ ဆုလာဘ်ကို လက်ခံနိုင်ပါပြီ။"
ပိုင်းလင်း၏ အသံက ထွက်ပေါ်လာပြီး တပိုင်နှင့် အန်လင်းက အလယ်ခေါင်၌ အနက်ရောင် ဘောလုံးတစ်လုံး ချိတ်ဆွဲထားသော စွတ်စွတ်ဖြူနေသော နေရာလပ်ကြီးတစ်ခုဆီသို့ မရောက်ခင်တွင် မူးဝေခြင်းကို ကြုံလိုက်ရ၏။
အန်လင်းက ရင်းနှီးသည့်နေရာလပ်သို့ ရောက်ပြီးသောအခါ မြေပြင်ပေါ်သို့ ပုံကျသွားလေ၏။ သူ့၏ ဒဏ်ရာအပြည့်နှင့် ခန္ဓာကိုယ်မှာ အပြည့်အဝ ပြေလျော့သွားပြီး အသက်မျှင်းမျှင်းရှူနေရင်း စတင်ရယ်မောလာတော့သည်။ "ဟားဟား... ငါတို့က နောက်ဆုံးတော့ အဲ့ဒီ့ကျိန်စာသင့် စမ်းသပ်မှုအားလုံးကို ကျော်ဖြတ်နိုင်သွားပြီ။"
"တက်ကြွစရာကောင်းချက်ဆိုတာ... ငါက ဒီအတွေအကြုံကို ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။ ဝုတ်..." တပိုင်သည်လည်း မျက်နှာထက်တွင် စိတ်လှုပ်ရှားသောအမူအရာဖြင့် သူ့ဘေးမှ မြေပေါ်သို့လဲကျသွား၏။
"ဟီးဟီး... ငါက မင်း သားရဲတစ်ရာနတ်ဆိုးကို ဘယ်လို အပိုင်းပိုင်းဖြတ်ပြီး မီးသွေးဖြစ်အောင်ကင်ဖြစ်တယ်ဆိုတာ မေ့မှာမဟုတ်ဘူ။" ပိုင်လင်းက သူ့မ၏ မျက်လုံးတောက်တောက်များထဲတွင် ရယ်မြူးရိပ်ဖြင့် တပိုင်ဆီသို့ လျှောက်လာလေ၏။
တပိုင်က ပိုင်လင်းကိုမြင်သည်နှင့် တုန်ယင်လာပြီး စကားပြောရန်ပင် ကြောက်လန့်နေပေတော့၏။
"ပိုင်လင်း၊ အခုကတော့ မင်းရဲ့ကတိကို တည်ဖို့ အချိန်ပဲ။" အန်လင်းက ရွှင်မြူးအားရသော အပြုံးနှင့် စိတ်မရှည်စွာ လှုံ့ဆော်လိုက်၏။
ပိုင်လင်း၏ မျက်နှာပေါ်၌ နူးညံ့သော အပြုံးလေးက ပေါ်လာပြီး သူမက အန်လင်းဆီသို့ ဆွဲဆောင်မှုရှိသော အမူအရာနှင့် လျှောက်လာရင်း မျက်လုံးများက ရေကဲ့သို့ ကြည်လင်နေ၏။ "အရမ်းစိတ်မရှည်ဖြစ်မနေပါနဲ့။ ငါတို့က အကြိုလုပ်ငန်းစဉ်တောင်မလုပ်ရသေးဘူး မင်းက အဓိကလုပ်ငန်းဆီကိုသွားဖို့ တွေးနေပြီလား။"
သူမ၏ အရှက်မဲ့သော စိတ်ရှုပ်ထွေးဖွယ် နည်းဗျူဟာနှင့် ထိပ်တိုက်တွေသောအခါ အန်လင်းမှာ လုံးဝ မရွေ့လျားပဲ ကျန်နေပြီး သူမကို တည်ကြည်သောအမူအရာနှင့် ကြည့်လိုက်၏။ "ဘာအကြိုလုပ်ငန်းစဉ်မှ မလိုဘူး ကျေးဇူးပြုပြီး လိုရင်းကိုသာ တန်းပြောပါ။"
ပိုင်လင်းက ခပ်ဖျော့ဖျော့ သက်ပျင်းချလိုက်ပြီး "ငါက လိုရင်းကို မပြောချင်လို့မဟုတ်ပါဘူး။ အဲ့တာက မင်းက... မင်းကနည်းနည်း ထူးဆန်းနေလို့။ မင်းက ငါ့ရဲ့ အချက်အလက်တွေကို တက်တက်ကြွကြွ ခိုးယူနိုင်တာ။ ငါက မင်းဆီကို အမွေတွေပေးနေတုန်း အမွေတွေကို ခိုးသွားရင် ဘယ်လိုလုပ်မလဲ။"
"ဟုတ်ပြီ။ အဲ့တာဆို ငါတို့က အဲ့နားမှာ လုပ်ဆောင်နေတုန်း မင်းက ဘယ်လို လျာထားလဲ။" အန်လင်းက သူနောက်ဆုံးတစ်ခေါက် ဒီနေရာသို့ရောက်ခဲ့စဉ်က အနက်ရောက်ဘောလုံးထဲမှ အချက်အလက်တစ်ဝက်လောက်ယူပြီးသည့်နောက် ထိုသည်ကိုကွဲပစ်တော့မိမလိုဖြစ်သည်ကို ပြန်တွေးမိလိုက်၏။ ထိုအရာကို သိနေသည်မို့ ပိုင်လင်း၏ စိုးရိမ်မှုများမှာ ဖြစ်နိုင်သည်ကို သူကသိပါ၏။ သို့ဖြစ်၍ သူက ပူးပေါင်းဆောက်ရွက်မှုကို ပြသည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်၏။
ပိုင်လင်း၏ လက်ဖဝါးပေါ်တွင် အလင်းများ စုစည်းစပြုလာပြီး အန်လင်းအပေါ်၌ သူ့အား သွေးမျိုးဆက်နှင့် ကျင့်ကြံခြင်းနည်းလမ်း အမွေများ လက်ခံရရှိခြင်းမှ တားဆီးနိုင်ရန် ချိတ်စည်းတစ်ခု ဖန်တီးလိုက်၏။ ထိုအရာများအားလုံး လုပ်ပြီးမှသာ သူမက အန်လင်း၏ နဖူးပေါ်သို့ လက်ချောင်းထိပ်လေးနှင့် ညွှန်ပြလိုက်၏။
ဘုန်း...
အချက်အလက်အမြောက်အများက အန်လင်း၏ ကိုယ်ထဲသို့ စီးဝင်စပြုလာပြီး အန်လင်း၏ စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံသွားကြလေတော့သည်။
အန်လင်း၏ မျက်လုံးများက သတင်းအချက်အလက်များ စီးဆင်းမှုကြောင့် ပိုမိုတောက်ပလာ၏။ နှိုင်းယှဉ္ရပါက ပိုင်လင်း၏လှပသော အသွင်အပြင်များမှ သွေးများက ခန်းခြောက်စပြုလာပြီး သူမ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာလေတော့သည်။ သူမက အချက်အလက်များ စီးဆင်းမှုကို လုံးဝမထိန်းချုပ်နိုင်တော့ကြောင်း ရှာဖွေတွေ့ရှိသွားပြီး သူမက ထိုအရာကို အန်လင်းခန္ဓာကိုယ်ထဲသို့ စီးဆင်းနေခြင်းမှ တားဆီးရန် အားအင်လုံးဝမရှိပါပေ။ သူမက ဤကဲ့သို့ ကို့ယို့ကားယားအခြေအနေမျိုးကို တစ်ကြိမ်တည်းသာ ကြုံဖူးပါ၏။
သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ပိုင်လင်းက အချက်အလက်စီးဆင်းမှုကို တွန်းအားပေးမဖြတ်တောက်လိုက်ပါပေ။ ထိုအစား သူမက သတင်းအချက်အလက် စီးဆင်းမှုကို နှေးကွေးသွားအောင်သာ လုပ်ဆောင်လိုက်ပြီး နောက်ဆုံးတစ်ခေါက်ကဲ့သို့ သတင်းအချက်အလက်အလွန်အကျွံ ပို့ဆောင်ခြင်းကြောင့် အနက်ရောင်ဘောလုံး မအက်ကွဲသည်မှာ သေချာအောင် ပြုလုပ်လိုက်၏။ သူမက အဖြစ်အပျက်များကို တွန်းအားပေး မပြောင်းလဲတော့ပါပေ...
အမွေအနှစ်များက အဆုံးသတ်သွားလေပြီ။
အန်လင်းက တိတ်ဆိတ်နေဆံဖြစ်ကာ သူက သတင်းအချက်အလက် အမြောက်အများကို အစာချေနေဆဲသကဲ့သို့ပင်။
အနည်းငယ်ကြာပြီးနောက်တွင်တော့ သူက ပိုင်လင်းဆီသို့ ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်၏။ "အဲ့တာဆို မင်းက တစ်လှည့်စီဖြစ်တဲ့ အသက်ပုံစံကို ပြောင်းလဲခဲ့တဲ့ ခရမ်းကြယ်စင် အဖွဲ့အစည်းရဲ့ အသင်းဝင်တစ်ယောက်ပေါ့။"
ပိုင်လင်းက ထိုသည်မှာ အန်လင်း လက်ခံရရှိခဲ့သော သတင်းအချက်အလက် တစ်စိတ်တပိုင်း ဖြစ်သည်ကို သိ၏။ သို့ဖြစ်၍ ငြင်းဆိုရန် အကြောင်းမရှိသည်မို့ ထောက်ခံသည့်အနေဖြင့် ခပ်ဖွဖွခေါင်းငြိမ့်ပြလိုက်၏။
အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်၏။ "ခရမ်းကြယ်စင် အဖွဲ့အစည်း... အဲ့တာက ဘာဖြစ်သွားတာလဲ။"
"ငါမင်းကို ပြောပြလို့မရဘူး။ ပြောပြလိုက်ရင် ငါသေလိမ့်မယ်။" ပိုင်လင်း၏ မျက်တောင်များက တုန်ယင်သွားပြီး ပူဆွေးမှုအပြည့်နှင့် အမူအရာက သူမ၏ မျက်နှာထက်တွင် ပေါ်လာလေ၏။
"နောက်တစ်ခုက ငါမင်းကို အထူးမြူနှင်း၊ စက်ပစ္စည်း အင်ဂျင်နီယာနဲ့ အရိပ်နတ်ဆိုး တို့ရဲ့အမွေတွေကို ပေးအပ်မယ်။ အဲ့သုံးခုလုံးက ဒီသုတေသနအဖွဲ့အစည်းရဲ့ အဆင့်အတန်းအမြင့်ဆုံးနော်။ မင်းက အဲ့ဒီ့ စမ်းသပ်မှုတွေအားလုံးကို ကျော်ဖြတ်နိုင်တာမို့ အဲ့ဒီ့အမွေတွေနဲ့ ထိုက်တန်တယ်။" ပိုင်လင်းကရှေ့စကားဝိုင်းအပေါ် မည်သည်မှ နောက်ထပ် ထပ်မပြောတော့ပဲ သူမ၏ လက်ချောင်းကို အန်လင်း၏ နဖူးပေါ်သို့ ထပ်မံထိလိုက်၏။
"တပိုင်နဲ့ ရှောင်ဟုန်လဲ ငါ့ဘက်ကနေ တိုက်ပေးတယ်။ သူတို့လဲ အမွေတွေ ရသင့်တယ်။" အန်လင်းက ဆန္ဒထုတ်ဖော်လာ၏။
ပိုင်လင်းက အပြုံးလေးနှင့် ပြန်ဖြေလာ၏။ " စိတ်မပူပါနဲ့။ သူတို့လဲ ရမှာပါ။ အဲ့ဒီ့ အမွေအနှစ်တွေက သူတို့အတွက် သင့်တော်တာတွေ ဖြစ်လာမှာ။"
သို့ဖြစ်၍ အန်လင်းမှာ နောက်ထပ်သော အမွေ သုံးခုကို ရရှိလိုက်၏။
အမွေသုံးခုစလုံးမှာ အလွန်အမင်းလက်တွေ့ကျသော အသုံးပြုမှု ရှိပြီး သူတို့က သူ့စိတ်ထဲသို့ တိုးဝင်လာသည်နှင့် သူက စိတ်လှုပ်ရှားစွာ တုန်ယင်လာတော့သည်။ အထူးမြူနှင်း အမွေမှာ ရေခဲနည်းရာမများ၏ အသုံးချခြင်းတွင် လှည့်ပတ်နေပြီး အရိပ်နတ်ဆိုး အမွေကမူ လေဟာနယ်နှင့် ခံစားမှုကို ကြိုးကိုင်ခြင်းတို့ ပါဝင်ပြီး သူ့၏ စစ်နတ်ဘုရား၏ ဓားချက်ခြောက်ချက်မှ အရိပ်ကျားနည်းလမ်းနှင့် တွဲဆက်အသုံးပြုနိုင်၏။ စက်ကိရိယာ အင်ဂျင်နီယာ အမွေကမူ အနာဂတ်တွင် သူက စက်ရုပ်တစ်နှင့် စက်ရုပ်နှစ်တို့ကို အထူးပြုလုပ်ချက်အနည်းငယ် စမ်း၍ပြုလုပ်ပေးနိုင်လောက်မည်။
သူက ရှောင်ဟုန်ကို သူမ၏ အိပ်စက်ခြင်းမှ နိုးလိုက်ပြီး သူမက အသက်စွမ်းအင်၏ အမွေကို လက်ခံရရှိ၏။ ပိုင်လင်း၏ ပြောကြားချက်အရ ထိုအမွေမှာ ရှောင်ဟုန်၏ အလင်းဖြင့် အစာချက်ခြင်းနည်းလမ်း၊ သူမ၏ ရွှေရောင် ကျငှက်အမွေနှင့် တွဲဆက်အသုံးပြုကာ ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်လေ၏။
တပိုင်သည် ထို့နောက်တွင် ခွေးစာထုတ်လုပ်ခြင်း အမွေကို လက်ခံရရှိ၏။ မှန်ပါသည်။ ထိုသည်မှာ အမှန်တကယ်ပင် ခွေစာမည်သို့ပြုလုပ်ရမည် ပါဝင်သော အမွေဖြစ်ပါ၏။
တပိုင်မှာ ဤအမွေကို လက်ခံရရှိပြီးနောက် လုံးဝပင် ပြောစရာ စကားမဲ့နေလေ၏။
အန်လင်းသည်လည်း အမွေက မည်သည်ဆိုတာကို သိရှိပြီးနောက် သူ့အမူအရာကို ကူးယူလိုက်မိ၏။
ထိုအချိန်၌ပင် "ဒင်းဒေါင်"ဟူသော သတိပေးအသံတစ်ခုက စနစ်ဆီမှ ရုတ်တရက် ထွက်ပေါ်လာလေ၏။
***