ငါနဲ့လိုက်ခဲ့ပါ
Vol. 27 Ch. 374
စနစ်မှာ အချိန်အတော်ကြာသည်အထိ အသက်မဝင်ပြီးနောက် တစ်ဖန်ပြန်လည် တောက်ပလာလေပြီ။
အန်လင်းက သူ့စိတ်ထဲမှ စနစ်ကို ဖွင့်လိုက်ပြီး "အထူး မစ်ရှင်"ဘားမှာ လင်းနေသည်ကို တွေ့လိုက်ရ၏။
"အထူးမစ်ရှင်: လက်ခံသူမှာ ခရမ်းကြယ်စင် သုတေသနအဖွဲ့အစည်း ၈၈မှ သတင်းအချက်အလက်များအားလုံးကို ရယူပြီးစီးကြောင့် သိရှိရပါ၏။ ယခုတွင် အောက်ပါအထူးမစ်ရှင်ကို ပေးအပ်လိုက်သည်။ စီစဉ်သူ ပိုင်လင်းအား တိမ်ဖြူကန်ကို ထွက်ခွာပြီး ကုန်းမြေကြီးသို့ပြန်အောင် ဖြားယောင်းပါ။"
"မစ်ရှင် အောင်မြင်ပါက : အထူးမန္တန်နည်းလမ်းထီတွင် လက်မှတ်တစ်ဆောင်ရရှိမည်ဖြစ်ပါသည်။
"မစ်ရှင်ကျဆုံးပါက : သုံးနှစ်ကြာ အမြုံဖြစ်လာမည်။"
"မစ်ရှင့် ပြီးမြောက်ရန် အချိန်အကန့်အသတ် : ၆နာရီ။"
"မှတ်ချက် : ဤမစ်ရှင်မှာ ငြင်းပယ်၍မရနိုင်ပါ။"
အန်လင်းက သူ့၏ ခြေထောက်များကြားသို့ စိုးရိမ်မှုနှင့်ကြည့်လိုက်ကာ မျက်နှာ ရှုံ့မဲ့လိုက်၏။
သုံးနှစ်ကြာ အမြုံဖြစ်လာမယ် ဟုတ်လား။ ဤအပြစ်ဒဏ်က အရမ်းများသည့် ပုံတော့ မရပါချေ။
သူက ဤသတ္ထုတိုင်ကြီးကို မည်သည်များ အသုံးပြုခဲ့ပါသနည်း။ သူက ထိုအရာကို နှစ်နှစ်ဆယ်ထိအောင် ဖြုန်းတီးလာခဲ့ပြီးဖြစ်၏။ ထိုအခြေအနေမှ ထိုအရာကို နောက်ထပ်သုံးနှစ် ထပ်မံဖြုန်းတီးလိုက်ခြင်းက သေချာပေါက် မနာကျင်နိုင်ပါပေ။
ထိုသည်ကို စိတ်ထဲတွေးကာ သူက အများအပြားပင် ပိုမို စိတ်သက်သာသွားတော့၏...။
အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်၏။ ဤအတွေးအခေါ်က တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရ၏။
သေစမ်း။ ဒါကြီးက သူ့ရဲ့ ယောက်ျားဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ပတ်သတ်နေတာ ဖြစ်၏။ ယောက်ျားတစ်ယောက်က သူလိုအပ်သလို ရှေ့တိုး နောက်ဆုပ်လုပ်နိုင်စွမ်း အလုံအလောက် လိုက်လျောညီထွေဖြစ်ပါမှ ယောက်ျားစစ်စစ်ဖြစ်နိုင်မည်ဖြစ်၏။ သူက နောက်ထပ်သော စွမ်းဆောင်နိုင်ရည် မရှိတော့ပါက မည်သို့သော ယောက်ျားမျိုးဖြစ်လာမည်နည်း။
ထိုအတွေးများ သူ့၌ ပေါ်လာသည်နှင့် ဤအပြစ်ဒဏ်အပေါ် အန်လင်း၏ စိတ်သဘောထားမှာ ပြောင်းပြန်လှန်သွားလေတော့၏။
ရှုံးနိမ့်ခြင်းဆိုတာ ရွေးချယ်စရာမဟုတ်ဘူး။
"မင်းက မင်းရဲ့အမွေတွေရသွားပြီဆိုတော့ အခုသွားလို့ရပြီ။ ငါအနားယူဖို့လိုပြီ။"
ပိုင်လင်းက သူမ၏ မျက်ခုံးများကို မောပန်းစွာ ပွတ်လိုက်ရင်း သူတို့အား နှင်ထုတ်လာ၏။
"ခဏလေး။ ငါ့ရဲ့ ခွေးစာထုတ်လုပ်ခြင်း အမွေဆိုတာဘာကြီးလဲ။ မင်းက ခွေးတွေအပေါ်ကို နှိမ့်ချဆက်ဆံနေတာလား။ ဝုတ်..." တပိုင်က ဒေါသတကြီး ဆန္ဒပြလာ၏။
"မင်းက ခွေးစာတွေကို အောင်အောင်မြင်မြင် ထုတ်နိုင်ပြီဆိုရင် အဲ့တာက ဘယ်လောက်အရသာရှိလဲဆိုတာသိလိမ့်မယ်။" ပိုင်လင်းက တပိုင်း၏ အငြင်းအဆိုတွင် ဒေါမပွလာပါပေ။ သူမက သူ့အား နူးညံ့သောအပြုံးလေးနှင့်သာ ကြည့်နေလိုက်၏။
"ခဏလေး။" အန်လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အော်ဟစ်လိုက်၏။ "အမကြီးပိုင်၊ ငါတို့စကားပြောသင့်တယ်လို့ ငါထင်တယ်။"
သူက သရဲလောက၏ မူရင်းစွမ်းအားကို အသုံးပြုခြင်းကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ခံစားရနေဆဲဖြစ်သည်မို့ တပိုင်၏ နောက်ကျောပေါ်တွင် ခြေကားယား လက်ကားယားနှင့်သာ လှဲနေနိုင်၏။ ထိုသို့ဆိုလျှင်တောင်မှ သူပိုင်လင်းကို ကြည့်နေသောအကြည့်များမှာ စိတ်ရင်းများ အပြည့်ပါနေပေ၏။
အန်လင်း၏ အတည်ပေါက်အမူအရာတွင် ပိုင်လင်းက အနည်းငယ်တုံ့ဆိုင်းသွားပြီး အပြုံတစ်ခုနှင့် ပြန်ဖြေလာ၏။ " မာစတာအန်လင်း၊ ဘာတွေများ ဆွေးနွေးစရာ ရှိသေးတာလဲ။ ခရမ်းကြယ်စင်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ အကုန်လုံးက မင်းစိတ်ထဲမှာ ရှိနေပြီးသားလေ။ ငါက တခြားဘယ်ဟာကိုမှ မင်းကို ပြောပြလို့မရတော့ဘူး။"
"ဟမ်... ငါက အဲ့အကြောင်းပြောနေတာ မဟုတ်ပါဘူး။ ငါက မင်းနဲ့အတူ ဘဝအကြောင်းနဲ့ အိပ်မက်တွေအကြောင်းပြောချင်တာ။" အန်လင်းက မျက်နှာလိုမျက်နှာရနှင့် ပြောလာ၏။
ပိုင်လင်း : "..."
တပိုင်က အန်လင်းဆီသို့လည်ပြန်ကြည့်ကာ "ငါတော့မင်းနဲ့ပတ်သတ်ပြီး မှားသွားတယ်"ဟူသော အမူအရာနှင့် ကြည့်လာလေ၏။
"မြန်မြန်လုပ်။ မင်းပြောချင်တာကိုပြော။ ဒါပေမဲ့ ငါမင်းကို အကောင်းနဲ့ အကြံပေးထားမယ်နော်။ ငါက မောင်လေးတွေကို စိတ်မဝင်စားဘူး။" ပိုင်လင်းက အေးစက်စွာပြန်ဖြေလာ၏။
သူမ၏ စကားလုံးများကြောင့် အန်လင်း၏ ရင်ဘတ်မှာ တင်းကြပ်လာတော့၏။ ဒီအမျိုးသမီးက ဘာတွေတွေးနေတာလဲ။ သူက သူမနဲ့ စကားပြောဖို့ပဲ စီစဉ်နေတာပါ။ ဒီဟာ ဘယ်လိုလုပ်ပြီးများ သူမကို ရိုမန့်တစ် တွဲဖက်အနေနဲ့ ဆွဲဆောင်တဲ့ဆီကို ရောက်သွားရတာလဲ။
ထို့အပြင် သူတို့၏ အသက်အရွယ်ကွာခြားချက်မှာ နှစ်ပေါင်းတစ်သောင်းကျော်လေ၏။ အန်လင်းသည်လည်း ထိုကဲ့သို့သော ဆက်ဆံရေးမျိုးကို စိတ်မဝင်စားပါချေ။
"အဟမ်း...။ ငါပြောချင်တာက ငါက ခရမ်းကြယ်စင် သုတေသနအဖွဲ့အစည်းက ပေးစရာရှိတဲ့ အမွေတွေ အကုန်လုံးကို လက်ခံလိုက်ပြီဆိုတော့ မင်းက ဒီမှာ ဆက်နေဖို့မလိုတော့ဘူးမလား။" အန်လင်းက မေးလာ၏။
"သတင်းအချက်အလက်တွေက အမွေရဲ့ တစိတ်တပိုင်းပဲရှိသေးတာ။ ဒီမှာ သွေးမျိုးဆက်တွေ၊ ကျင့်ကြံခြင်း နည်းလမ်းတွေ၊ ဗဟုသုတတွေနဲ့ တခြားအမွေအနှစ်တွေ ရှိသေးတယ်။" ပိုင်လင်းက သူမ၏ မျက်လုံးများကို ကျဉ်းလိုက်ပြီး အန်လင်းကို သူမ၏ လှပသောသွင်ပြင်များက အန်လင်း၏ မျက်နှာမှ လက်မအနည်းငယ်အကွာဆီသို့ ငုံ့ချလာ၏။ "မင်းက ငါ့ကို ဒီနေရာက ထွက်သွားစေချင်တာလား။"
အန်လင်းက ပိုင်လင်းကို မော့ကြည့်လိုက်ပြီး သူမ၏ အဖြူရောင်အလင်း၏ အောက်တွင် တောက်ပနေသော ကြွေထည်ကဲ့သို့ အသွင်အပြင်များနှင့် မိတ်ဆံခံလိုက်ရ၏။
"ဟုတ်တယ်။ ငါမင်းကို ဒီနေရာက ထွက်သွားစေချင်တယ်။" အန်လင်းက သူ့၏ ရည်ရွယ်ချက်ကို မဆီမှ ဖုံးကွယ်ရန် မစီစဉ်ထားပါ။ "ကမ္ဘာကြီးက အရမ်းကြီးလွန်းတယ်။ မင်းက အဲ့တာကို မမြင်ချင်ဘူးလား။"
"အိုး... ငါက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်က ကမ္ဘာကြီးမှာ ခရီးတွေသွားပြီးပြီ။ အခုတော့ စိတ်မဝင်စားတော့ဘူး။" ပိုင်လင်း၏ မျက်လုံးက အန်လင်းကို ကြည့်ရင်း လှိုင်းအနည်းငယ်ထသွားတော့၏။ ထိုအခိုက်၌ အန်လင်းက ပိုင်လင်း၏ မျက်နှာများ သူ့နှင့် အရမ်းနီးကပ်နေသည်ကို အနည်းငယ် ရှက်ရွံ့မှုနှင့် မျက်နှာလွဲလိုက်လေ၏။
"ဒါပေမဲ့ ဒီကမ္ဘာကြီးက အဲ့အချိန်ကနဲ့ဆို အများကြီး ပြောင်းလဲသွားပြီးပါပြီ။ အဲ့တာက ပိုပိုပြီးလှလာပြီးတော့ အခုဆို သက်ရှိတွေနဲ့ ပြည့်နှက်နေပြီ။ အဲ့မှာ ကြီးကျယ်ခန်းနားတဲ့လူတွေအများကြီးနဲ့ အရသာရှိတဲ့ အစားအစာတွေအများကြီးပဲ ပြီးတော့ ကောင်းမွန်ပြီး လှုပ်ရှားနေတဲ့ ဂီတတွေရော..." အန်လင်းက သူ့၏ ဆွဲဆောင်ခြင်းကို ဆက်လုပ်နေ၏။
"ဒါပေမဲ့ နှစ်ပေါင်းတစ်သောင်းလောက် ကျော်သွားတာတောင်မှ မပြောင်းလဲတာ တစ်ခုတော့ရှိတယ်..." အန်လင်း၏ စကားလုံးများကို ကြည်းပြီးနောက် ကမ္ဘာကြီးကို မြင်တွေ့ရန် စိတ်ဝင်စားမှုမှာ ပိုင်လင်းက ကျရောက်သွားလေပြီ။
အန်လင်းက ပိုင်လင်းက သူမ၏အိမ်ကို သတိရနေသည်ကို သိပြီး တခြားအရာများပြောရန် ရှာဖွေနေစဉ်တွင် စိတ်တက်ကြွလာတော့၏။
ခရမ်းကြယ်စင် အဖွဲ့အစည်းမှာ ကိုးပြည်ထောင် တိုင်းပြည်နှင့် လုံးဝမတူပါပေ။
အတိအကျပြောရပါက ခရမ်းကြယ်စင် အဖွဲ့အစည်းမှ လူများသည်ပင် ကိုးပြည်ထောင် တိုင်းပြည်မှ ပြည်သူပြည်သားများနှင့် မျိုးစိတ်မတူကြပေ။ ပိုင်လင်းသည်လည်း ခရမ်းကြယ်စင်မျိုးနွယ်စုမှ အဖွဲ့ဝင်ဖြစ်ကာ သူမက နှစ် တစ်သောင်းကျော် နေထိုင်ခဲ့သော ထိုမျိုးနွယ်စုမှ တစ်ဦးတည်းသော ကျန်ရစ်သူဖြစ်၏။
သူမကိုယ်သူမ ဤသုတေသနအဖွဲ့အစည်းထဲတွင် အချိန်အကြာကြီး သီးခြားပိတ်လှောင်ထားရန် မည်သို့သော စိတ်ဆံုးဖြတ်ချက်များ လိုခဲ့ပါသနည်း။ သူမက ထိုစိတ်ဆုံးဖြတ်ချက်ဖြင့် မည်သည်ကို အောင်မြင်ရန် ကြိုးပမ်းနေသနည်း။
"အမကြီးပိုင်၊ နင့်မှာ အိပ်မက်တွေ ဘာတွေရှိလား။ ဒါမှမဟုတ် တခြား တစ်မျိုးပြောရရင် နင့်မှာ ရည်မှန်းချက်တွေရှိလား။" အန်လင်းက သူမက ဘာအတွက် နေနေသလဲဆိုတာကို သိပါက ထွက်သွားရန် သေချာပေါက် သွေးဆောင်နိုင်မည်ဟု ခံစားရ၏။
"ငါက ခရမ်းကြယ်စင်အဖွဲ့အစည်းရဲ့ ကျစ်ရစ်ပစ္စည်းတွေကို ဒီကုန်းမြေကြီးတစ်ခုလုံးကို ဖြန့်ဝေချင်တာ။" ပိုင်လင်းက ဆက်မပြောခင် ခေတ္တမျှ ရပ်တန့်သွား၏။ "ပြီးတော့ ငါက လူတွေ ခရမ်းကြယ်စင်ကို မေ့မသွားအောင် သတိပေးချက်တစ်ခုအနေနဲ့ နေချင်တာ..."
"ဟုတ်ပြီ။ ကိုးပြည်ထောင် တိုင်းပြည်ထဲမှာ ခရမ်းကြယ်စင် မြို့တော်ဆိုပြီးရှိတာ သိလား။ သူတို့က မင်းရဲ့ အဖွဲ့အစည်းက အမွေတွေကို ဆက်ခံပြီးတော့ ပြောင်းလဲမှုဖြစ်သွားကြတာ။" အန်လင်းက ဖြည်းညင်းစွာပြောလာ၏။
အန်လင်း၏ မျက်လုံးထဲ၌ စိတ်ဝင်စားမှုအရိပ်အယောင်များ နောက်ဆုံးတွင် ပေါ်လာတော့၏။ "ခရမ်းကြယ်စင် မြို့တော်ဟုတ်လား။ အရင်က အစမ်းသပ်ခံတွေဆီက အဲ့တာရှိကြောင်းကြားဖူးတယ်။ အဲ့ဒီ့ ခရမ်းကြယ်စင်မြို့တော်က အခု ဘယ်လိုဖြစ်နေပြီလဲ။"
"ငါမပြောပြဘူး။ မင်းသိချင်ရင် ကိုယ့်ဟာကို ဖော်ထုတ်ရမယ်။" အန်လင်းက အတည်ပေါက် ပြန်ဖြေလာ၏။
ပိုင်လင်း : "..."
"ရွှေကျီးကန်း၊ ကြေးမုံပေါင်းစည်းခြင်း၊ အမှောင် နတ်ဘုရား၊ အလွန်အေးစက်ခြင်း၊ အရိပ်နတ်ဆိုး၊ အသက်စွမ်းအင်၊ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ၊ အံ့ချီး အစားအသောက်၊ နတ်ဆိုး အမှောင်ထု၊ ထိုက်ချိ၊ ငါမမှားဘူးဆိုရင် အဲ့ဒါတွေက သုသေတနအဖွဲ့အစည်းရဲ့ အမွေအနှစ်တွေပဲ။" အန်လင်းက သူ့စိတ်ထဲသို့ တစ်ချက်ကြည့်လိုက်ကာ ဆက်ပြောလာ၏။ "ငါ့ရဲ့ စိတ်ဝိညာဉ်သားရဲတွေနဲ့ ငါက အဲ့ထဲက ၈ခုကို ရပြီးပြီ။ တခြားနှစ်ခုကလဲ ဟိုးအရင်းတုန်းက အစမ်းသပ်ခံတွေက ရပြီးသွားပြီ။"
"အဲ့တာမို့ အဓိက အမွေတွေ အကုန်လုံးနဲ့ သတင်းအချက်အလက်တွေက ပေးအပ်ပြီးပြီဆိုတော့ ဒီမှာဆက်နေပြီး အနာဂတ် အစမ်းသပ်ခံတွေအတွက် ပစ္စည်းတွေ ပေးဖိုအတွက် ဒီမှာဆက်နေနေစရာ ဆင်ခြေမရှိတော့ပါဘူး။ တခြားအမွေတွေကတော့ မင်းခရီးသွားရင်း စမ်းသပ်မှုတွေပြုလုပ်ပြီးတော့ တကယ်ထိုက်တန်တဲ့လူတွေကို အမွေတွေ လက်ဆင့်ကမ်းလို့ရတာပဲကို..."
"အဲ့လိုလုပ်ရင် မင်းလဲ ခြေဦးမှုကို ယူနိုင်ပြီးတော့ မင်းရဲ့လုပ်ငန်းစဉ်ကလဲ သေချာပေါက်တိုးတက်လာမှာ"
"အဲ့တာတွေအပြင် ထိပ်ဆုံးက မင်းက ခရီးသွားပြီးတော့ ကမ္ဘာကြီးကို စူးစမ်းလေ့လာနိုင်တာပေါ့။ အဲ့တာက ဒီမှာတစ်ယောက်တည်း အထီးကျန်နေတာထက်စာရင် သေချာပေါက်ပိုပြီးတော့ ကောင်းတဲ့ ရွေးချယ်မှုပဲလေ ဟုတ်တယ်မလား။"
"ငါ့ခေါင်းထဲက သတင်းအချက်အလက်တွေက ပြောတာကတော့ ဒီသုသေတနအဖွဲ့အစည်းကြီးက ရွေ့လျာနိုင်ပြီးတော့ သူ့ဟာသူ နေရာကူးပြောင်းနိုင်တယ်တဲ့။ ငါအတိအကျတော့ မသိဘူး ဒါပေမဲ့ မင်က သုတေသနအဖွဲ့အစည်းကြီးကို မင်းနဲ့ ယူသွားလို့ရရင် စမ်းသပ်ချက်တွေ မရှိတော့မှာကို စိတ်ပူစရာလဲမလိုဘူးမလား...။"
...
အန်လင်းက ပိုင်းလင်းက အပြုံးခပ်ဖွဖွလေးနှင့် နားထောင်နေစဉ်တွင် အကြောင်းပြချက်တစ်သီကြီးကို ရွတ်ပြလိုက်၏။
"ငါအပြင်ထွက်ပြီး ကမ္ဘာကြီးကို စူးစမ်းလေ့လာဖို့အတွက် မင်းက ငါ့ထက်ပိုပြီး စိုးရိမ်နေသလိုပဲလို့ ငါခံစားရတယ်။ မင်းက ဘာလို့ ဂရုစိုက်နေရတာလဲ။" ပိုင်လင်းက ရုတ်တရက် မေးလာ၏။
"ဘာလို့လဲဆိုတော့ ငါတို့က သူငယ်ချင်းတွေမို့လေ။" အန်လင်းက ပြီးပြည့်စုံသော အပြုံးမျက်နှာလေးနှင့် လိမ်လိုက်၏။
"သူငယ်ချင်း..." ပိုင်လင်း၏ အပြုံးက ကျယ်ပြန့်လာလေ၏။ ထိုသည်မှာ အပစ်ကင်းစင်သည့် အဖြူရောင် ကြာပန်းတစ်ပွင့်က တိတ်တဆိတ်ပွင့်လာကာ ခန်းနားကြီးကျယ်သော ကျက်သရေရှိမှုနှင့် အလှတရားကို ပြသနေသကဲ့သို့ပင်။
သူမက သူ့စကားလုံးများတွင် ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံး၌ သဘောတူညီမှုနှင့် ခေါင်းငြိမ့်ပြလာလေ၏။ "မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ပြီးတော့ ငါခရမ်းကြယ်စင်မြို့တော်ကိုလည်း ငါကိုယ်တိုင်တွေ့ချင်တယ်။ မင်းဒီကအရင်ထွက်သွားပြီးတော့ ငါ့ကို စဉ်းစားခွင့်ပေးအုံး။"
"စဉ်းစားဖို့မလိုပါဘူး။ ခရီးသွားတယ်ဆိုတာ ချက်ချင်းမှ ပျော်စရာကောင်းတာ။" အန်လင်းက စေ့ဆော်လိုက်၏။
မင်းကလာနောက်နေတာလား။
သူ့၌ အချိန်ခြောက်နာရီသာ ရှိပေ၏။ အကယ်၍ ပိုင်လင်းက အရာတွေကို တွေးတောရန်နေခဲ့ပါက သူက သုံးနှစ်ကြာ အမြုံဖြစ်လာပေလိမ့်မည်။
"ငါတို့က ဒီအတိုင်းကြီး ထွက်သွားရမှာလား။" ပိုင်လင်း၏ နှလုံးသားက တုန်ယင်သွားလေ၏။
"ဟုတ်တယ်လေ။" အန်လင်းက ပိုင်လင်း၏ သေးသွယ်ပြီး နူးညံ့သော လက်ကိုဆုတ်ကိုင်လိုက်ကာ တည်ကြည်သော အမူအရာနဲ့ ခေါင်းငြိမ့်ပြလာ၏။
တပိုင်က သူရရှိခဲ့သော ခွေးစာထုတ်လုပ်ခြင်းအမွေမှာ အလွန်ကို အသုံးမကျဟုခံစားလာရ၏။ သူက ခွေစာများ လုံလောက်သည်ထက်ပင် ပိုနေပါပြီ။ အဲ့အမွေကိုရရှိခြင်း၏ ရည်ရွယ်ချက်က မည်သည်ဖြစ်သနည်း။
သူတို့က အပျက်အစီးထဲတွင် ပိတ်မိနေသော မင်းသမီးတစ်ပါးကို သွားကယ်မည်ဟုသော အန်လင်း၏ ကတိစကားက တပိုင်ကို အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားစေခဲ့၏။
ယခုတော့ အစ်ကိုကြီးအန်က သူ့အား လိမ်ညာခဲ့ခြင်း မဟုတ်သည်ကို သိလိုက်ရချေပြီ။
သို့သော်လည်း မင်းသမီးလေးမှာ ပိုင်းလင်းဖြစ်နေ၏...
တပိုင်က သူ့ကို အဖော်ပြုလိုက်လာရန်အတွက် သူ့၏ လုပ်ဇာတ်ကြီးက အမှန်တကယ်ပင် အမှန်ဖြစ်လာမည်ဟု အန်လင်းက မမျှော်လင့်ထားခဲ့ပါပေ...
***