ပြောစရာစကားမဲ့နေသော ကျန်းအန်လန်
Vol. 27 Ch. 375
တိမ်တိုက်တောင်၏ ထိပ်ဖျားတွင် လင်းကျွင်းကျွင်းက သူမရှေ့ရှိ ကမ်းဗက်ပေါ်တွင် အလွန်အမင်း အသက်ဝင်နေသော နတ်ဆိုးနဂါးတစ်ကောင်ကို ရေးဆွဲနေလေ၏။
နတ်ဆိုးနဂါးမှာ တောင်တစ်လုံးပေါ်တွင် ကို့ယို့ကားယားနေနေပြီး သူ့၏ အမုန်းတရားအပြည့်နှင့် အစွမ်းထက် အနက်ရောင် လက်သည်းများအောက်တွင် အဆင့်ဆင့်ထိုးနှက်ချက်ကို ခံနေရပုံရှိသော အမျိုးသားတစ်ဦးရှိနေ၏။
လင်းကျွင်းကျွင်းက ခပ်ဖွဖွပြုံးကာ အမျိုးသား၏ မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာကို ရေးဆွဲနေလေ၏။
သူမက အလွန်ပျော်ရွှင်နေပုံရပြီး သူမကို အလွန်အမင်း နှစ်သက်စေသော ပုံရိပ်တစ်ခုကို ရေးဆွဲနေသကဲ့သို့ပင်။
"အဲ့တာက ငါ့ကို အနိုင်ကျင့်လို့ မင်းရတဲ့ဟာပဲ။ ဘယ်လိုခံစားရလဲ။"
လင်းကျွင်းကျွင်းက ကမ်းဗက်ပေါ်မှ အမျိုးသားကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။
မကြာမီပင် သူမက လွန်ခဲ့သောရက်အနည်းငယ်က ကျန်းအန်လန်နှင့် သူမ၏ အသံကူးပြောင်းခြင်းကို ပြန်သတိရသွား၏။
"သူက အဲ့မှာရောက်နေတာ ၇ရက်တောင်ကျော်သွားပြီ။ ဒါပေမဲ့ အခုထိ ထွက်မလာသေးဘူး။ ဘာလို့ အဲ့လောက်တောင် ကြာနေရတာလဲ။ သူတစ်ခုခုများ ဖြစ်နေတာလား။" သူမက စိုးရိမ်မှုနှင့် သူမကိုယ်သူမ ပြန်တွေးလိုက်၏။
ထို့နောက် သူမက အေးစက်သောလှောင်ပြုံးတစ်ခုနှင့် မပီမသအသံတစ်ခုပြုလိုက်၏။
"သူက အဲ့မှာသေသွားရင်ကောင်းမယ်။ အဲ့တာဆို သူငါ့ကိုထပ်ပြီး အနိုင်ကျင့်လို့ရတော့မှာ မဟုတ်ဘူး။"
...
ထိုအခိုက်အတန့်၌ ကျန်းအန်လန်မှာ တိမ်ဖြူရေကန်ဘေးမှ မြက်ခင်းပြင်ပေါ်တွင် လှဲနေတာဖြစ်ပြီး အပူအပင်မရှိသော အမူအရာနှင့် ကောင်းကင်မှ တိမ်တိုက်များကို မော့ကြည့်နေ၏။
"မာစတာအန်လင်းက အထဲကို ဝင်သွားတာ ၇ရက်တောင်ရှိပြီ။ အဲ့တာက အပျက်အစီးထဲမှာ ဖြုန်းတီးတဲ့နေ့ အေရအတွက်အရဆို မှတ်တမ်းဝင်နေပြီ။ သေချာပေါက် အဲ့တာက ပြန်မလာတဲ့ အစမ်းသပ်ခံတွေကိုတော့ ထည့်မတွက်ထားဘူးပေါ့။"
"ဟင် ... ဒီတစ်ခေါက် မာစတာအန်လင်းက သတင်းအချက်အလက် ဘယ်တောင်တောင် ပြန်ယူလာမလဲ သိချင်လိုက်တာ။"
"ဟီးဟီး ... မာစတာ ထျန်းယွီက သူ့ကို တွေ့ရဲပါ့မလား။"
ကျန်းအန်လန်သည် နောက်ဆုံးတစ်ခေါက်က အန်လင်း ဤနေရာ၍ ရှိနေစဉ် မာစတာထျန်းယွီက မျက်ရည်များကျသည်အထိ အနိုင်ကျင့်ခံရသည်ကို ပြန်သတိရသွားပြီး သူ့ကိုယ်သူ ရယ်မောလိုက်၏။ သူကနောက်ထပ် ဘာဆက်ဖြစ်မည်ကို အနည်းငယ် စိတ်လှုပ်ရှားနေလေပြီ။
ရေလှိုင်းကြီးများ အများအပြားက တိမ်ဖြူရေကန်၏ မျက်နှာ ပြင်ပေါ်တွင် ရုတ်တရက် မြင့်တက်လာခဲ့၏။
မရေမတွက်နိုင်သော လေပူပေါင်းများက မျက်နှာပြင်ထက်သို့ တက်လာကာ မြေကြီးမှာ စတင်တုန်ခါသွားလေတော့သည်။
"ဘာတွေဖြစ်နေတာလဲ။"
ကျန်းအန်လန်က ချက်ချင်း ထရပ်လိုက်ပြီး ရေကန်ထဲမှ တိုးဝှေ့နေသော ရေများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
ထို့နောက်ချင်ချင်းပင် ကြီးမားသော ရေေပါက်ကြီး တစ်ခုက ထွက်ပေါ်လာပြီး လူနှစ်ယောက်က ရေကန်ထဲမှ ခုန်ထွက်လာတော့သည်။
လှိုင်းကြီးများ ဖြစ်ပေါ်လာပြီး ခြေထောက်အောက်ခြေမှ မြေကြီးက တုန်ခါလာလေ၏။
အဖြူရောင် အရာဝတ္ထုကြီးက ရေကမ်ခြေမှ မြင့်တက်လာပြီး လေထဲရှိ အဖြူရောင် ပုံရိပ်တစ်ခုဆီသို့ စုစည်းသွားပြီး တုန်ခါပြီးရင်း တုန်ခါလာတော့သည်။
ဘုန်း...
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးက ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းကာ ထွက်ပေါ်လာပြီး တစ်စုံတစ်ခုတိုက်မိသွားသကဲ့သို့ပင်။ သို့မဟုတ်ပါက ဖြစ်နိုင်သည်မှာ တစ်စုံတစ်ခုက ဗလာကျင်းသွားခြင်းပင်။
မြေကြီးက ချိုင့်ဝင်သွားပြီး တိမ်ဖြူကန်မှာလဲ နောက်ပြန်ကျစပြုလာပေတော့သည်။
လှိုင်းလုံးကြီးများက ကမ္ဘာမြေ တုန်လှုပ်စေသော အသံများအလယ်မှ ထွက်ပေါ်လာ၏။
ကျန်းအန်လန်မှာ ပါးစပ်အဟောင်းသားနှင့် သူ့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာငေးကြည့်နေလေ၏။
သူက ခေါင်းမော့ကြည့်လိုက်သောအခါ ရင်းနှီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် မရင်းနှီးသော ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုပ်ရ၏။
ထိုသည်မှာ အဖြူရောင် ဝတ်စုံနှင့် လက်ထဲတွင် ပုတီးစေ့ကိုင်ထားသည့် အလွန်လှသော အမျိုးသမီးတစ်ဦးဖြစ်၏။ ခုဏတုန်းက အဖြူရောင် အရာဝတ္ထုကြီးမှာ သူမလက်ထဲရှိ ဆန်းကြယ်သော ပုတီးထံသို့ ပျံသန်းကုန်ကြ၏။
"ခရမ်းကြယ်စင် သုတေသနအဖွဲ့အစည်း ၈၈ကို အဓိက ဗဟိုချက်ထဲမှာ အောင်မြင်စွာ သိမ်းဆည်းပြီးပြီ။"
ပိုင်လင်းက သူမမျက်နှာပေါ်တွင် ဝမ်းနည်းသောအမူအရာနှင့် အနက်ရောင်ပုတီးစေ့ကို ကိုင်ထား၏။
အန်လင်းက မျက်နှာ ပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ ဂုဏ်ယူ ချီးမြှောက်သော စကားလုံးများ ပေးအပ်လာ၏။ "ဂုဏ်ယူပါတယ်။ အမကြီးပိုင်၊ မင်းက အခုဆိုရင် ကျန်နေတဲ့ အမွေတွေကို လက်ဆင့်ကမ်းပေးနိုင်တဲ့ အလားအလာရှိတဲ့ အစမ်းသပ်ခံတွေကို ရွေးချယ်ဖို့အတွက် လက်ဦးမှုရသွားပြီ။"
ပိုင်လင်းက တုံ့ပြန်သည့်အနေဖြင့် ခပ်ဖွဖွပြုံးပြလိုက်ပြီး စကားပြန်မပေးပါပေ။
ထိုအခိုက်အတန့်မှာပင် ခေါင်းခေါ်၌ နဂါးချုနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက သူတို့ဆီသို့ အလျင်အမြန် ပျံသန်းလာပေ၏။
ရှောင်ချိုးကမူ သူ့၏ ပုံစံငယ်လေးသို့ ပြန်ပြောင်းကာ အန်လင်း၏ ပုခုံးပေါ်တွင် နေရာယူလိုက်၏။
"မာစတာအန်လင်း၊ ဘာ... ဘာတွေဖြစ်နေတာလဲဗျ။"
ကျန်းအန်လန်က သူ့ရှေ့မှလူနှစ်ယောက်ကို ကြောက်လန်တကြား အံ့ဩစွာကြည့်ကာ မည်သည့်မေးခွန်းကို အရင်မေးသင့်သည်ကိုပင် မသိတော့ပါပေ။
"ဟားဟားဟား... ညီအစ်ကို ကျန်း၊ သတိထားနေစရာ မလိုပါဘူး။" အန်လင်းက တစ်ခစ်ခစ်ရယ်လိုက်၏။ "လာခဲ့။ မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ဒီကောင်းကင်ဘုံ နတ်သမီးက ခရမ်းကြယ်စင် သုတေသနအဖွဲ့အစည်း ၈၈ရဲ့ စီစဉ်သူ ပိုင်လင်းပဲ။ ဒါက တိမ်ဖြူကန်ရဲ့ အစောင့် ကျန်းအန်လန်တဲ့။"
နွေးထွေးသော အပြုံးလေးက ပိုင်လင်း၏ မျက်နှာပေါ်တွင် ပေါ်လာကာ ခပ်ဖွဖွခေါင်းငြိမ့်ပြ၏။ "တွေ့ရတာ ဝမ်းသားပါတယ်။"
ကျန်းအန်လန်က အန်လင်း၏ မိတ်ဆက်ခြင်းကို ကြားပြီးသည့်နောက်တွင် မျက်လုံးများပင် ထွက်ကျတော့မလို ဖြစ်သွားရ၏။ "မင်း... မင်းက ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းရဲ့ စီစဉ်သူလား။"
"ဟုတ်တယ်လေ။" ပိုင်လင်းက ရိုးသားစွာနှင့် ခပ်တိုတိုပင် ပြန်ဖြေလိုက်၏။
ကျန်းအန်လန်မှာ အလန့်တကြား ရင်ဘတ်ကို ဆုတ်ကိုင်လိုက်ပြီး ဘာလုပ်ရမည်ကို လုံးဝ မသိတော့ပါပေ။
အို အချစ်ကလေးရယ်...။
ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်လာတာလဲ။
ကျန်းအန်လန်က ပထမထင်လိုက်သည်က ထိုသည်မှာ အပျက်အစီးထဲသို့ ဝင်ရောက်ပြီးနောက် ခရမ်းကြယ်စင်အကြောင်း အချက်အလက်တစ်ချို့ စုဆောင်းရန် အန်လင်း၏ အကူတစ်ယောက်ဖြစ်မည်ဟုပင်။
သို့သော် သောက်ကျိုးနည်း သုတေသနအဖွဲ့ကြီး၏ စီစဉ်သူကို သူနဲ့အတူ ခေါ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
"အဲ့တာဆို... မာစတာ အန်လင်း..." ကျန်းအန်လန်က သူတို့အောက်ရှိ တိမ်ဖြူကန်နှင့် နစ်မြုပ်နေကာ ရေကန်ပတ်လည်တွင် အက်ကွဲကြောင်းများနှင့် မြေကြီးကို မသေချာသော အမူအရာနှင့် ညွှန်ပြလိုက်၏။ "ဒါတွေအားလုံးက ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းကြောင့်လား။"
"ဟုတ်တယ်။ ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းက ပိုင်လင်းရဲ့ ပုတီးစေ့ထဲမှာ သိုလှောင်ပြီးသွားပြီ။ သူမက မကြာခင် ဒီကနေ ထွက်သွားတော့မှာ။" အန်လင်းက ခေါင်းငြိမ့်ပြကာ ဆက်ပြောလာ၏။ "နောက်တစ်မျိုး ပြောရမယ်ဆိုရင်... မင်းက အခု အငြိမ်းစားယူလို့ရပြီ ညီအစ်ကို ကျန်း။ ကမ္ဘာကြီးက မင်းရဲ့ ယောက်သွားပဲ။ မင်းသွားချင်တဲ့နေရာရော မင်းလုပ်ချင်တာတွေရော အကုန် လွတ်လွတ်လပ်လပ်လုပ်လို့ရပြီ။"
ကျန်းအန်လင်းက တောက်ပသော မျက်လုံးတစ်စုံကို တဖျတ်ဖျတ်ခတ်ကာ အန်လင်း၏ စကားက သူ့နားထဲတွင် မြည်ဟီးနေတော့၏။
ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းကြီးက မရှိတော့ဘူး...။ သူက အငြိမ်းစားယူလို့ ရပြီ...။
"အို အချစ်ရယ်... ငါအခု အိပ်မက်မက်နေတာလား။"
အန်လင်းက သူ့ကိုယ်သူ စိတ်အားထက်သန်စွာ မကိုက်မိခင်တွင် အော်ဟစ်လိုက်၏။
ဖူး...
သွေးများက သူ့မျက်နှာတစ်ခုလုံးပေါ်သို့ ပန်းထွက်လာ၏။ သူက နာကျင်မှုသည် သူ့လက်ချောင်းမှ တဆင့် တိုးထွက်လာသည်ကို ခံစားမိသောအခါတွင် အနည်းငယ် စိတ်ဖောက်သော အမူအရာနှင့် စတင်ရယ်မောလာ၏။
အန်လင်းက ပိုင်လင်း၏ မျက်နှာပေါ်ရှိ အလွန်အံ့အသင့်သွားသော ပုံရိပ်ကို သတိပြုမိပြီး ဒေါသထွက်နေသော ရှင်းလင်းချက်တစ်ခုကို ထုတ်ပြလာ၏။
"အာ... ဒီက ငါ့သူငယ်ချင်းက လန့်သွားအုံးမယ်။ အဲ့အကြောင်း အများကြီး မတွေးနဲ့တော့..."
"ဟီးဟီး... သူက ကောင်းကင်ဘုံ ခုံရုံးက သုတေသန အဖွဲ့အစည်းကို စောင့်ရှောက်ဖို့ ခန့်ထားတဲ့သူဖြစ်ရမယ်။ ဟုတ်လား။ ဒီလိုမျိုး တစ်စုံတစ်ခုက သူ့ဘဝ ပြောင်းလဲမှုအကြီးကြီး ဖြစ်မှာပေါ့။ အဲ့တာမို့ အနည်းငယ် အထိတ်တလန့် ဖြစ်တာက နားလည်ပေးလို့ရပါတယ်။" ပိုင်လင်းက ခေါင်းငြိမ့်ပြလာ၏။
ကောင်းကင်ဘုံ ခုံရုံးက သေချာပေါက်ပင် ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းကို အလွန်စိတ်ဝင်စားပြီး ခရမ်းကြယ်စင်အကြောင်း သူတို့ ရသမျှ သတင်းအချက်အလက်များ လိုက်လံစုဆောင်းရန် ကြိုးပမ်းမည်ကို သူမ သိပေ၏။ ဤသည်မှာ ခရမ်းကြယ်စင်၏ သတင်းအချက်အလက်များ ကမ္ဘာကြီးထဲသို့ ပျံ့နှံ့ရန် တခြားသော နည်းလမ်းတစ်ခု ဖြစ်ပြီး သို့ဖြစ်၍ သူမက ကောင်းကင်ဘုံ ခုံရုံးက အချက်အလက်စုစည်းရန် ကြိုးစားသည်ကို မဆန့်ကျင်ပါ။
ကျန်အန်လန်၏ စိတ်လှုပ်ရှားမှုမှာ တည်ငြိမ်စပြုလာပြီး ပိုင်လင်းအား စူးစူးစိုက်စိုက်ကြည့်ကာ မျက်နှာချိုသွေးသည့်အသံဖြင့် ပြောလိုက်၏။ "ကောင်းကင် နတ်သမီး ပိုင်လင်း၊ မင်းက တိမ်တိုက်တောင်ထိပ်ကို သွားပြီးတော့ မာစတာ ထျန်းယွီနဲ့ စကားစမြည်း ပြောပေးလို့ ရမလားဟင်။ မင်းက ကောင်းကင်ဘုံ ခုံရုံးနဲ့ ပူပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် နှစ်ဖက်လုံး အလိုရှိတဲ့ စီမံချက်တစ်ခုရအောင် ငါတို့က သေချာပေါက် ညှိနှိုင်းပေးလို့ရပါတယ်"
ပိုင်လင်းက ခေါင်းခါပြလိုက်၏။ "အဲ့အတွက် မလိုအပ်ဘူး။ ကောင်းကင်ဘုံ ခုံရုံးက ဘာလိုချင်သလဲ ငါသိတယ်။ ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈ထဲက အချက်အလက်တွေ အကုန်လုံးက အန်လင်းရဲ့ ခေါင်းထဲရောက်နေပြီ။ မင်းသူ့ဆီကနေ လဲလှယ်ယူလို့ရတယ်။"
ကျန်အန်လန်က အန်လင်းအား မဖော်ပြနိုင်သော အံ့ဩမှုနှင့် ငေးကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်မိလေ၏။
အန်လင်းက ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈ထဲက အချက်အလက်တွေ အကုန်လုံး ပိုင်ဆိုင်ထားသည်လား။
အဲ့ကောင်စုတ်လေးက ပိုင်လင်းကို တာအိုတွဲဖက်အဖြစ် ယူလိုက်ပြီလား။ သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲဟ။
သေစမ်း။ သေစမ်း...။
ကျန်းအန်လန်၏ နဂါးချိုမှာ ပိတိနှင့် တုန်ခါနေပြီး အန်လင်းကို လေးစားမှု အပြည့်နှင့် ကြည့်လိုက်၏။
အန်လင်းက ကျန်းအန်လန်က ဘာတွေတွေးနေသလဲဆိုသည်ကို မသိပဲ သူ့လက်များကို ရိုသေသမှုနှင့် တွဲဆက်လာ၏။ "ပိုင်လင်းက အခုဆို ကုန်းမြေကြီးကို ခရီးသွားတော့မှာ။ ငါ သူမကို ခဏတော့အဖော်ပြုပေးလိုက်အုံးမယ်။ ပြီးရင် မင်းဆီကို တွေ့ဆုံဖို့ ပြန်လာခဲ့မယ်။"
"ဒါပေါ့။ ဒါပေါ့။ အတူတူ ခရီးမှာ ပျော်ခဲ့ကြနော်..." ကျန်းအန်လင်းက စကားလုံးများ ခလုတ်တိုက်နေသည်မို့ ထစ်ထစ်အအနှင့် ပြောလာလေ၏။
"မင်းက ငါ့ကို အဖော်ပြုပေး စရာမလိုပါဘူး။"
ပိုင်လင်းက မကျေနပ်သော အမူအရာဖြင့် သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်ပြီး အဖြူရောင် အလင်းတန်းတစ်ခုနှင့် အဝေးသို့ ပျံသန်းသွားတော့၏။
"ငါ့ကို ကျေးဇူးသိတတ်ဖို့ အခွင့်အရေးလေး တစ်ခုတော့ပေးပါအုံး။ အမကြီးပိုင်၊ ငါ့ကိုစောင့်ပါအုံး။"
အန်လင်းက အလွန်အမင်း စိတ်အားထက်သန်နေပြီး ခွေးကျောပေါ်မှနေ၍ သူမက ကန့်ကွက်နေသည့် စကားလုံးများကြားသော်လည်း ပိုင်လင်းနောက်သို့ ဆက်လိုက်နေလေတော့သည်။
...
တိမ်တိုက်တောင်၏ ထိပ်တွင် လင်းကျွင်းကျွင်းက နောက်ဆုံးတွင်တော့ ညစ်ပေနေသော အမျိုးသားက နဂါးနတ်ဆိုးတစ်ကောင်၏ ရိုက်နှက်ခြင်းမှ နာခံခြင်းသို့ရောက်သွားသော သူမ၏ အနုပညာအလုပ်ကို အပြီးသတ်လိုက်၏။
ထိုနောက်သိပ်မကြာခင်မှာပင် သူမက အစွမ်းထက် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအား လှိုင်းငယ်လေးများကို အာရုံခံမိကာ တိမ်တိုက်တောင်ပင် အနည်းငယ် တုန်ယင်လာတော့၏။
"ဟင်...။ တစ်ခုခုများ ဖြစ်လို့လား။"
သူမက တစ်စုံတစ်ဦးက ခရမ်းကြယ်စု သုတေသနအဖွဲ့အစည်းထဲတွင် ရှိနေဆဲဖြစ်သည်ဟုသော အချက်ကို သတိရသွားပြီး အနည်းငယ် စိတ်ပူစပြုလာတော့၏။
သူမက အခြေအနေ စုံစမ်းရန်အတွက် ကျန်းအန်လန်ကို အသံကူးပြောင်း အစီအရင်မှတစ်ဆင့် ဆက်သွယ်ရန်ဆုံးဖြတ်လိုက်၏။
သူမက သူမ၏ အသံကူးပြောင်း အစီအရင်ပေါ်တွင် ကျန်းအန်လန်ကို နှိပ်လိုက်ပြီး မေးမြန်းလိုက်၏။ "ကျန်းအန်လန်၊ တိမ်ဖြူကန်မှာ တစ်ခုခုဖြစ်သွားသေးလား။"
"ရေကန်မှာ ကိစ္စတွေအများကြီးပဲ ဖြစ်နေတာ။" ကျန်းအန်လန်က အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလာ၏။
"ဘာဖြစ်လို့လဲ။" လင်းကျွင်းကျွင်းက ချက်ချင်းပင် သူမ၏ အာရုံစိုက်မှုကို စုစည်းလိုက်၏။
"အန်လင်းက အပျက်အစီးရဲ့အပြင်ကို သုတေသန အဖွဲ့အစည်းထဲက သတင်းအချက်အလက်တွေ အကုန်လုံးနဲ့ ထွက်လာတယ်။ ပြီးတော့ သူက စီစဉ်သူ ပိုင်လင်းနဲ့အတူ ထွက်ပြေးသွားတယ်။"
လင်းကျွင်းကျွင်း : "..."
ဂျွတ်..
သူမ၏ နူးညံ့သော စုတ်တံက နောက်တစ်ကြိမ် နှစ်ပိုင်းချိုးခြင်းခံလိုက်ရပေတော့၏။
***