ကမ္ဘာအနှံ့ ခရီးသွားခြင်း
Vol. 27 Ch. 376
နေရောင်က တောအုပ်ထူထူထဲသို့ဖြတ်ကာ တောက်ပါနေပြီး မြေပြင်ကို ပြောက်ကျားအလင်းများ ထွန်းလင်းနေပေ၏။
လေပြည်ညင်းလေးက တိုက်ခတ်သွားပြီး တရှဲရှဲမြည်သံများကို ချန်ရစ်ခဲ့ကာ ငှက်များကတော့
သစ်ပင်ပေါ်တွင် တေးသီကျူးနေကြ၏။
အမျိုးသမီး တစ်ဦးက မြေပျော့ပျော့လေးကို နင်းကာ သီချင်းဟောင်းတစ်ပုဒ်ကို တစ်ကိုယ်တည်း ခပ်တိုးတိုးညည်းနေရင်း အေးချမ်းလှသော တောအုပ်ကို လျှောက်ကြည့်နေလေ၏။
"အမကြီး ပိုင်၊ နင် သွားတာက လမ်းမှားနေပြီ။ အဲ့တာက ဗုဒ္ဓနိုင်ငံတော်ကို သွားတဲ့လမ်းကြီး။ ကိုးပြည်ထောင် တိုင်းပြည်က ဒီဖက်မှာ" အန်လင်းက တခြားဦးတည်ရာဆီသို့ ညွှန်ပြလိုက်၏။
အမျိုးသမီးက အန်လင်းကို သူမ၏ မျက်နှာပေါ်တွင် ချစ်စဖွယ်အပြုံးလေးနှင့် လှည့်ကြည့်လိုက်၏။ "ငါ သွားချင်တဲ့ နေရာကိုသွားမှာပေါ့။ မင်းက ဘာလို့ ငါ့နောက်ကို တောက်လျောက်လိုက်နေရတာလဲ။"
"မင်းက သီးခြားနေနေတာ အရမ်းကြာပြီလေ။ မင်းက ပြင်ပကမ္ဘာကြီးနဲ့ အသားမကျမှာ ဒါမှမဟုတ် အန္တရာယ်ကြုံနေမှာကို ငါစိတ်ပူလို့ပါ။" အန်လင်းက တပိုင်၏ တင်ပါးကို ပွတ်လိုက်ပြီး ပိုင်လင်းနှင့် အရှိန်တူစေရန် အမြန်သွားဖို့ တိုက်တွန်းလိုက်၏။
ပိုင်လင်းက ခေါင်းမော့ကာ အသက်ပြင်းပြင်းရှုလိုက်၏။ သစ်ကိုင်းများကြားမှ ဖြတ်သန်းကာ နေရောင်ခြည်၏ နွေးထွေးမှုကို ကြုံလိုက်ရသောအခါ တောက်ပသော အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ပေါ်လာလေ၏။ သူမ၏ အပြုံးက ရေခဲနှင့် နှုင်းမှုန် အလွှာတစ်ခုကို ဖြတ်သန်း အရည်ပျော်စေသည့် လေပြည်နွေးနွေးလေး ကဲ့သို့ပင် ကြည့်ရှုသူများကို ပျော်ရွှင် ဝမ်းမြောက်စေ၏။
တပိုင်က မနေနိုင်တော့ပဲ အန်လင်းဆီသို့ အသံကူးပြောင်းလိုက်၏။ "အစ်ကိုကြီး အန်၊ မင်းပြောတဲ့ အမကြီးပိုင်က မင်းသမီးအလှလေးတစ်ပါးဆိုတာကို ငါယုံစပြုလာပြီ။
အန်လင်းက အသံကူးပြောင်းကာ တုံ့ပြန်လိုက်၏။ "ငါမင်းကို ဘယ်တုန်းကလိမ်ဖူးလို့လဲ။"
"ငါပြင်ပ လောကကြီးကို ရောက်ခဲ့တာ အတော်ကို ကြာနေပြီ။ ဒါပေမဲ့ အရာရာအားလုံးက အရမ်းလှပနေတုန်းပဲ။ သဘောကျလိုက်တာ။" ပိုင်လင်းက သူမပတ်လည်ရှိ အပင်သက်ရှိများကို ကြည့်ကာ မြေကြီး၏ မြေသင်းနံ့လေးကို ရှုသွင်းလိုက်၏။ သူမက ငှက်များ တေးသီနေသည်ကို နားထောင်ပြီး နေခြည်နွေးနွေး၏ အောက်တွင် နေပူဆာလှုံနေလိုက်၏။ အရာအားလုံးမှာ သူမအား ညှို့ငင်ဖမ်းစားနေပြီး သူမက သူမ၏ပတ်လည်မှ လောကကြီးကို အံ့ဩမချီးကျူးပဲ မနေနိုင်တော့ပါချေ။
ပိုင်လင်းမှာ နေသားတကျရှိခြင်း၏ မည်သည့် မကောင်းသော လက္ခဏာမျှ မရှိသည်ကို အန်လင်းက မြင်နိုင်ပါ၏။
"ဝေါင်း..." ကျားခေါင်းနှင့် မြွေခန္ဓာရှိသော သန္ဓေပြောင်းသားရဲတစ်ကောင်က ရုတ်တရက် သစ်ပင်များမှ ခုန်ထွက်လာကာ ပိုင်လင်းဆီသို့ ခုန်အုပ်လိုက်၏။
သူက သန္ဓေပြောင်းသားရဲကို မြင်လိုက်ကတည်းက အန်လင်း၏ လက်ချောင်းထိပ်များတွင် လျှပ်စီးများ စတင်လင်းလက်နေပြီး ဖြစ်၏။
ခွပ်...
သန္ဓေပြောင်းသားရဲက ရုတ်တရက် မမြင်နိုင်သော အတားအဆီးတစ်ခုကို အသံအကျယ်ကြီးနှင့် ဝင်တိုက်မိသွား၏။
အန်လင်းက အံ့ဩသော အမူအရာနှင့် ပိုင်လင်းအား ကြည့်လိုက်၏။ သူက အလွန်ပင် မှိန်ဖျော့သော သက်ရှိစွမ်းအင် လှိုင်းငယ်လေးများ ကိုသာ ခံစားမိပြီး ထိုမမြင်နိုင်သော အတားအဆီးက လေထုပါးပါးထဲတွင် ပျောက်ကွယ်သွားတော့၏။
ထိုအတားအဆီးမှာ လေထု နံရံကဲ့သို့ အဆင့်နိမ့် မန္တန်နည်းလမ်းမျိုး မဟုတ်သော်လည်း ထိုအစား အလွန်အမင်း အဆင့်မြင့် လေဟာနယ် ကြိုးကိုင်ခြင်း နည်းလမ်းဖြစ်သည်ကို သိပေ၏။
နည်းလမ်းတစ်ခုလေးကပင် အန်လင်းအား ပိုင်လင်းအပေါ်တွင် ယုံကြည်ချက်အများကြီး တိုးသွားစေ၏။ သူမက အစွမ်းထက် ပုဂ္ဂိုလ်များနှင့် ရန်ပွဲကို မစတင်သေးသရွေ့ သူမက တစ်ယောက်တည်း အဆင်ပြေမည်မှာ အသေအချာပင်။
ဟင်... သူမ၌ နေသားတကျရှိခြင်း၏ မည်သည့် မကောင်းသော လက္ခဏာမျှ မရှိသည့်အပြင် သူမကိုယ်သူမလည်း ပိုမိုစောင့်ရှောက်နိုင်လေ၏။ သူက သူမအား လောကကြီးထဲသို့ ရှင်းလင်းသည့် အသိတရားတစ်ခုနှင့် သွားခွင့်ပြုလိုက်နိုင်ပေ၏။
"ငါက တိရစ္ဆာန်လေးတွေကို အကြောင်းမရှိဘဲ သတ်တဲ့အကျင့်မရှိဘူး။ ဆန်ကုန်မြေလေးကောင်..." ပိုင်လင်းက မမြင်နိုင်သော အတားအဆီးကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်ပြီးနောက် သတိမေ့သွားသောမလို ဖြစ်နေသော သန္ဓေပြောင်းသားရဲကို အေးစက်စွာ ကြည့်လိုက်၏။
သန္ဓေပြောင်းသားရဲက ချက်ချင်းပင် အဝေးသို့ ထွက်ပြေးသွားလေ၏။
"ငါကြားတာတော့ အဲ့လိုမျိုး သန္ဓေပြောင်းသားရဲတွေက အလွန်ကို နူးညံ့တဲ့ အသားရှိတာတဲ့။" အန်လင်းက ရုတ်တရက် အော်လိုက်၏။
သန္ဓေပြောင်း သားရဲ၏ ပတ်ဝန်းကျင်ရှိ နေရာလပ်မှာ လွှမ်းခြုံစပြုလာ၏။
ထိုအရာက ချက်ချင်းပင် သေဆုံးသွားတော့သည်။
အန်လင်းက မီးမွှေးလိုက်ပြီး နူးညံ့ဖြူဖွေးနေသော အသားတုံးများကို သတ္ထုတံစို့တွင် ထိုးလိုက်ပြီး မီးဖိုပေါ်တွင် ကင်လိုက်လေ၏။
အန်လင်းက အသားပေါ်သို့ ဟင်းခတ်အမွှေးအကြိုင်များ အဆက်အပြတ် ဖြူးလိုက်ပြီး အောက်မှမီးကို တစ်ဖောက်ဖောက်မြည်စေပြီး ကွဲထွက်သွားစေလေ၏။ အသားကင်ခြင်းမှ စွဲမက်ဖွယ်ရနံ့က လေထုကိုဖြတ်ပြီး သင်းပျံ့လာတော့လေသည်။
ပိုင်လင်းသည် အန်လင်းက သူ့၏ သိုလှောင်လက်စွပ်ထဲမှ ဆွဲထုတ်လာသော ခွေးခြေခုံလေးတစ်ခုပေါ်တွင် မေးထောက်ကာ ထိုင်နေ၏။ သူမက မီးတောက်အပေါ်တွင် ကင်နေသော တံစို့များကို အနည်းငယ် ငေးငိုင်ကာ တိတ်တဆိတ်ကြည့်နေ၏။
"ငါ ကျောက်နဂါးပြည်နယ်ထဲက စားသောက်ဆိုင်တစ်ခုမှာတုန်းက အတော်လေး နာမည်ကြီးတဲ့ ဟင်းလျာတစ်ခုစားဖူးတယ်။ အဲ့က အဓိက ပါဝင်ပစ္စည်းက ဒီသန္ဓေပြောင်းသားရဲရဲ့ အသားလေ။ အဲ့တာမို့ ငါတို့လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့ အခွင့်အရေးကို လက်လွတ်မခံသင့်ဘူးဆိုတာကို သိတာ။" အန်လင်းက မနေနိုင်ပဲ နှုတ်ခမ်းသပ်ကာ မီးတောက်များပေါ်တွင် ကင်နေသော တံစိုးများကို ကြည့်လိုက်၏။
သူက ပိုင်လင်း၏ စူးစူးစိုက်စိုက် အကြည့်များကို ရယ်မော့လိုက်၏။ "မင်းနောက်ဆုံး အစားစားခဲ့တာ ဘယ်လောက်ကြာပြီလဲ။"
"အင်... တစ်သောင်းနဲ့မှ ခုနှစ်ရာ နှစ်ဆယ့်ခြောက်နှစ်" ပိုင်လင်းက ပြန်ဖြေလာ၏။
အန်လင်း : "..."
"အဲ့လောက်အကြာကြီး အစားမစားတော့ ဗိုက်မဆာဘူးလား။" အန်လင်းက ခတ္တမျှ ကြောင်နေပြီး မေးလာ၏။
"ဟာလာပြင်သို့ အပြန်အဆင့်ကိုရောက်ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိညာဉ် စွမ်းအင်ကို အစားအသောက် ရင်းမြစ်အဖြစ် အသုံးပြုနိုင်တယ်။ အဲ့တာမို့ ငါက သေချာပေါက် ဗိုက်မဆာဘူးပေါ့။" ပိုင်လင်းက တစ်ခစ်ခစ်ရယ်လိုက်၏။
အန်လင်းက တုံ့ပြန်ကာ ပြုံးပြလိုက်၏။ "ဒါပေမဲ့ စားတယ်ဆိုတာက ဘဝမှာ ပျော်စရာလုပ်ငန်းစဉ်တွေထဲက တစ်ခုပဲကို နှစ်တစ်သောင်းကျော်အောင် ဘာမှမစားပဲ နေနေတာက နာတာပေါ့။"
သူကနောက်ဆုံး လက်တစ်ဆုတ်စာ အမွှေးအကြိုင်ကို တံစို့ပေါ်သို့ ဖြူးလိုက်ပြီးနောက် သူ့ဘေးမှ အမျိုးသမီးဆီသို့ ကမ်းပေးလိုက်၏။ "မြည်းကြည့်ပါအုံး။"
ပိုင်လင်းက အန်လင်းလက်ထဲမှ အသားကင်ချောင်းကို ယူလိုက်ပြီး ထိုအရာ၏ အရသာရှိသော အနံ့လေးကို ခံလိုက်ပြီး စိတ်ခံစားချက်များက သူမ၏ မျက်လုံးထဲတွင် လင်းလက်လာလေ၏။
သူမက အသားတစ်တုံးကို ကိုက်လိုက်ပြီး တဖြည်းဖြည်းခြင်း အရသာခံလိုက်၏။
အသားကင်မှာ အမှန်ပင် အရသာရှိလှ၏။ ထိုအရာ၏ ကြည်နူးဖွယ်အရသာမှာ သူမ၏ အရသာခံအဖုကလေးများမှ တိုးဝင်လာကာ သူမ၏ နှုတ်ခမ်းကို မသိလိုက်မသိဘာသာဖြင့် တွန့်ကွေးသွားစေ၏။
"မင်းက ငါ့ရဲ့ အသားကင်ကို ကြိုက်တဲ့ပုံပဲ။"
အန်လင်းက ဒုတိယတံစို့ကို မျှော်လင့် တကြီးအမူအရာဖြင့် သားရေကျနေပြီးဖြစ်သော တပိုင်ဆီသို့ ပြုံးကာလှမ်းပေးလိုက်၏။
ပိုင်လင်းက အန်လင်းကို ကြည့်ကာ ခေါင်းငြိမ့်ပြပြီး ပြန်ပြောလာ၏။ "ဒီဟာက နှစ်ပေါင်း ၁၀၇၂၆မှာ ငါစားဖူးတဲ့ အကောင်းဆုံး အသားကင်ပဲ။"
အန်လင်း၏ နှုတ်ခမ်းများက ခပ်ဖွဖွ တွန့်ကွေးသွား၏။ "မင်းက ချီးကျူးတဲ့နေရာမှာ နည်းနည်းလေး ပိုပြီးတော့ ဉာဏ်မြင့်လို့မရဘူးလား။"
ပိုင်လင်းက သူမ၏ မျက်ခုံးများကို ခပ်ဖွဖွပင့်လိုက်၏။ "ဟမ်... ငါက နှစ်ပေါင်း ၁၀၇၂၆နှစ် အတွင်းမှာ အသားမစားရသေးဘူး ဒါပေမဲ့ မင်းရဲ့ အသားကင်အတွက်ကို အရမ်းချီးကျူးထားတာလေ ဒါက မင်းအတွက် လုံလောက်တဲ့ ချီးကျူးမှု မဟုတ်ဘူးလား။"
အန်လင်းက သူမ၏ ဖော်ပြချက်တွင် အနည်းငယ်ကြောင်အသွားပြီး သူမက အမှန်တကယ်ကို ရည်ရွယ်နေသည်ဟု ခံစားလိုက်ရ၏။
ပိုင်လင်းက အသားကင်ကို ဆက်လက်ဝါးနေကာ ခေါင်းငြိမ့်ပြလိုက်၏။ "မင်းကမှန်တယ် စားသောက်တယ်ဆိုတာ ဘဝမှာ ပျော်ရွှင်စရာ အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုပဲ။"
ထို့နောက် သူမက သူမ၏ စကားလုံးများကို ပြန်လည်ရယ်မော စပြုလာပြီး ပျော်ရွှင်နေသော အမူအရာနှင့် တံစို့ကို ဆက်ပြီးဝါးနေလေ၏။
အန်လင်းက မနေနိုင်ပဲ ပုံမှန်ဆိုပါက စိတ်နေစိတ်ထား အလွန်အမင်း ထူးဆန်းပြီး အေးစက်သော ပိုင်းလင်း၏ မျက်နှာပေါ်မှ သန့်စင်ပြီး ကြည်လင်နေသော အပြုံးလေးကို စိတ်လှုပ်ရှားစွာ သက်ပြင်းချလာ၏။ ကြည့်ရသည်မှာ အကြိမ်တိုင်း ပြင်ပလောကကို ထွက်လာပြီး ကမ္ဘာကြီးကိုကြည့်ရှုရန်မှာ သေချာပေါက် အရေးကြီးသည်ပုံပင်။
"မင်းက နောက်ထပ်ဘယ်ကို သွားမှာလဲ။ ငါက ကောင်းကင်ဘုံ ခုံရုံးကို ပြန်မလို့။" အန်လင်းက ရုတ်တရက်ပြောလာ၏။
"ငါမင်းကို မပြောပြပါဘူး။" ပိုင်လင်းက ခပ်တိုတို ပြန်ဖြေလာ၏။
အန်လင်း : "..."
"အဲ့တာဆိုလဲ ငါ့ကို အသံကူးပြောင်း အစီအရင်ချန်ထားခဲ့ မင်းတစ်ခုခုလိုရင် ငါ့ကို ဆက်သွယ်လို့ရတယ်လေ။" အန်လင်းက ဆက်ပြောလာ၏။
"နိုးပါ။ ငါတို့က ပြန်ဆုံဖို့ ကံကြမ္မာပါရင် ပြန်တွေ့မှာပဲ။" ပိုင်လင်းက အေးစက်စွာ ပြောလာ၏။
အန်လင်း : "..."
သူမက လွန်ခဲ့သော မိနစ်ပိုင်းလေးက အလွန်နူးညံ့ပြီး ချစ်စဖွယ်ဖြစ်နေ၏။ ရုတ်တရက် ဘာလို့များ အရမ်းအေးစက်ပြီး အဖက်မလုပ်တဲ့ပုံ ဖြစ်သွားရတာလဲ။
ဖြစ်နိုင်တာက သူမက အန်လင်းဝင်ပါလို့မရတဲ့ ကိစ္စတစ်ခုခုကို ပြုလုပ်တော့မည်ဖြစ်၍ သူ့ကို ပြောပြရန် တွန့်ဆုတ်နေခြင်းပင်။
အန်လင်းက အကြောင်းပြချက်ကို လံုးဝပင် တွေးမရဖြစ်နေကာ ထိုအကြောင်းအရာကို တွေးတောရင်းစိတ်ရှုပ်မခံတော့ပါပေ။
ခဏအကြာတွင်တော့ သူတို့သုံးယောက်စလုံးမှာ နောက်ဆုံးတွင် သန္ဓေပြောင်းသားရဲတစ်ခုလုံးကို စားသောက်လိုက်ပေ၏။
"မင်းက ငါ့ကို ထပ်ပြီးတော့ အဖော်ပြုပေးဖို့မလိုတော့ဘူး။ ဒီမှာပဲ လမ်းခွဲကြရအောင်။" ပိုင်းလင်းက အန်လင်းအား အမူအရာမဲ့ကြည့်လိုက်သည်မှာ သူမက စိတ်ခံစားချက်အားလုံးကို ပိတ်သိမ်း ပစ်လိုက်သကဲ့သို့ပင်။
ထိုသည်မှာ သူ့အတွက်လဲ ကောင်းကင်ဘုံခုံရုံးကို ပြန်ရန် အချိန်သေချာပေါက်ဖြစ်၍ အန်လင်းက ခဏတုံ့ဆိုင်းနေပြီးနောက် သဘောတူညီမှုနှင့် ခေါင်းငြိမ့်ပြလိုက်၏။
"ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ပိုင်လင်း။ မင်းလိုအပ်ရင် ငါ့ကို ကောင်းကင်ဘုံ ခုံရုံးမှာ လာရှာလို့ရတယ်။" သူက ပိုင်လင်းအား လက်ပြလိုက်၏။
ပိုင်းလင်းက ခေါင်းငြိမ့်လိုက်ပြီး ချက်ချင်းပင် အဖြူရောင်းအလင်းတန်းတစ်ခုနှင့် လေထဲသို့ ပျောက်ဆုံးသွားတော့၏။
အန်လင်းနှင့် တပိုင်က ပိုင်လင်းထွက်သွားသည်ကို တိတ်တဆိတ် ကြည့်နေကြ၏။
"အစ်ကိုကြီး အန်၊ မင်းရဲ့ မင်းသမီးလေးက ထွက်ပြေးသွားပြီ။ ဝုတ်..." တပိုင်က ရုတ်တရက် ပြောလာ၏။
အန်လင်းက တုံ့ပြန်ပြောမနေတော့ပါချေ။ ထိုအစား သူက စနစ်ကို ကြည့်ရှုလိုက်၏။
ထိုနေရာ၌ သူက အထူးမစ်ရှင်ကို ပြီးမြောက်ပြီး သူ့၏ ဆုလာဘ်ကို လက်ခံရရှိနိုင်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည့် စနစ် သတိပေးချက်တစ်ခု ရှိနေလေ၏။
ပြန်တွေးကြည့်ပါက ရှေ့တစ်ခုကထီမှာ မှော်ဝင် ရတနာထီဖြစ်၏။ သူက နောက်ဆုံးတွင်တော့ မန္တန်နည်းလမ်း ထီတစ်ခုကို ဝင်ရောက်နိုင်ပြီ ဖြစ်၏။
အန်လင်းက သူ့၏ လက်များကို အရင်ဆေးလိုက်ပြီး အလုပ်မလုပ်ခင်၌ ဘိုးဘေးများကို ဆုတောင်းလိုက်ပေ၏။
သူက ထီဘီးလုံးကြီးကို ကြည့်လိုက်၏။ ထီဘီးလုံးကြီးပေါ်တွင် မတူညီသော မန္တန်နည်းလမ်းများ ရာကျော်ရှိနေပြီး သူတို့အားလုံးမှာ သိပ်သည်းသောအပုံတစ်ခုအဖြစ် စုပုံခံထားရ၏။ ထိုအပေါ်တွင် မန္တန်နည်းလမ်းများကို မြင်နိုင်သည့် သူ့၏ အမြင်အာရုံကို နှောက်ယှက်ရန် မြူခိုးအလွှာပါးပါးတစ်ခုရှိလေ၏။
ရှိပါစေ။ အဲ့မှာ ဘာပဲဖြစ်ဖြစ် အထူးမန္တန်နည်းလမ်းတွေပဲ ရှိတာဖြစ်၏။ သူတို့ထဲက တစ်ခုခုမှာတော့ သူ့၏နည်းစနစ်ကို အလွန်ကောင်းမွန်သော ဖြည့်ဆည်းခြင်းတစ်ခု ဖြစ်ပေလိမ့်မည်။
"ထီကို စတင်ပါ။"
အန်လင်းက စိတ်ထဲတွင် အော်ဟစ်လိုက်၏။
သူ့စိတ်ထဲရှိ ကြီးမားသော ထီဘီးလုံးမှာ ချက်ချင်းပင် အရှိန်ပြင်းပြင်းနှင့် စတင်လည်ပတ်လာလေ၏။
"ရပ်တော့။"
ဘီးလုံးက တဖြည်းဖြည်း အရှိန်လျော့သွားကာ ထိုအရာ၏ အမည်က တောက်ပသော အလင်းဖြင့် ထွန်းလင်းလာသည့် တစ်ခုသော မန္တန်နည်းလမ်းရှေ့၌ ရပ်တန့်သွား၏။
***