← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃)

မမျှော်လင့်ထားသော ရလဒ်များ

ဟွာကျွင်းတို့ နောက်ထပ်ပစ္စည်းအချို့ကို ရက်ရက်ရောရော လေလံဆွဲခဲ့ကြသဖြင့် ကောင်းကင်(၃) အခန်းထဲမှ လူမှာ မည်သူဖြစ်၍ ဤမျှအသုံးအဖြုန်းကြီးနေရသနည်းဟု အခြားသူများ စပ်စုလာကြတော့သည်။

မကြာမီမှာပင် သူတို့လက်ထဲ၌ ငွေတေး တစ်ထောင်အောက်သာ ကျန်တော့သဖြင့် ဟွာကျွင်း လေလံဆက်မဆွဲတော့ ဆိုဖာပေါ်တွင် အေးအေးဆေးဆေး လှဲလျောင်းကာ သစ်သီးစားနေတော့သည်။

လေလံအောင်သည့်အတွက် ကော်မရှင်ခရရှိသော ပိုင်ယန် ဟွာကျွင်း စိတ်မပါတော့သည်ကို မြင်သောအခါ ပြုံးရွှင်စွာ တိုက်တွန်းလာ၏။

“ဧည့်သည်တော်ကြီး လေလံပစ္စည်းစာရင်းကို ကြည့်ချင်လား၊၊ ကောင်းတာတွေ အများကြီး ကျန်ပါသေးတယ်”

ဟွာကျွင်စ

“အဲဒီလိုမျိုးလည်း ရှိသေးတာလား။ ကျွန်မကို ပြဦးလေ”

ပိုင်ယန် အပြုံးမပျက် ပြော၏။

“ဒီစာရင်းကို ကြည့်ရင် ငွေ ငါးတေး ကျသင့်ပါတယ်”

ဟွာကျွင်း သူမထံသို့ ငွေတုံးတစ်တုံး ဝှေ့ယမ်းပစ်ပေးလိုက်သည်။ “ရော့”

ပိုင်ယန် ငွေကို ကျွမ်းကျင်စွာ ဖမ်းယူလိုက်ပြီး ဝမ်းသာအားရ ပြော၏။

“ဧည့်သည်တော်ကြီးက တကယ့်ကို ရက်ရောတာပဲ။ ခဏလောက် စောင့်ပါဦးရှင်”

သူမ ခါးလေးနွဲ့ကာ အခန်းထဲမှ ထွက်သွားပြီး ခေတ္တအကြာတွင် စာရင်းစာအုပ်ကို ယူဆောင်လာသည်။

ဟွာကျွင်း စာရင်းကို ဖတ်ကြည့်ရင်း ပြောလိုက်၏။

“ဘာမှ ထူးထူးခြားခြား မကျန်တော့ပါဘူး။ ဝန်ကြီးဟောင်းတစ်ယောက် ကိုယ်တိုင်ရေးဆွဲထားတဲ့ မြစ်ချောင်းကာကွယ်ရေး မှတ်တမ်းဆိုတာရယ် ပြီးတော့...”

လုမင်လီ လက်များ တန့်သွား၏။

“ဒီပစ္စည်းက တကယ်ပဲ ဒီမှာ ရှိနေတာလား”

ဟွာကျွင်း ကိုယ်ကိုမတ်ထိုင်လိုက်ပြီး မေးလိုက်သည်။

“ဘာလဲ၊ ‘မြစ်ချောင်းကာကွယ်ရေး မှတ်တမ်း’ လား။ ရှင် အဲဒါကို လိုချင်လို့လား”

လုမင်လီ ခေါင်းညိတ်ပြ၏။

“အဲဒီတုန်းက ဧကရာဇ်မင်းမြတ်က ဝန်ကြီးဟောင်းရဲ့ အိမ်တော်တစ်ခုလုံးကို မြေလှန်ရှာခဲ့တာတောင် မတွေ့ခဲ့ဘူး၊၊ အခုတော့ ဒီမှာ မမျှော်လင့်ဘဲ ပေါ်လာတာပဲ”

ဟွာကျွင်း

“ထူးဆန်းလိုက်တာ၊ ဒီပစ္စည်းရဲ့ အစပျိုးစျေးက ငွေတေး ရှစ်ရာတောင် ဖြစ်နေတယ်”

လုမင်လီ ခဏစဉ်းစားပြီး ပြောလိုက်၏။

“ဒီပစ္စည်းက မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေလက်ထဲ မရောက်သွားဖို့ လိုအပ်တယ်”

ထိုသို့ ပြောရင်း ဟွာကျွင်းကိုသေသေချာချာ ရှင်းပြသည်။ “ဒီထဲမှာ ဆည်မြောင်းတည်ဆောက်ပုံတွေနဲ့ ရေစီမံခန့်ခွဲမှု နည်းဗျူဟာတွေတင် ပါတာမဟုတ်ဘူး။ အရေးကြီးဆုံးက ပြည်နယ်ရှစ်ခုမှာရှိတဲ့ ဆည်တွေကို ဖျက်ဆီးလို့ရမဲ့ အားနည်းချက် (၇၂) နေရာရဲ့ တည်နေရာတွေ ပါနေတယ်”

ဟွာကျွင်း သူ့အတွေးအတိုင်း လိုက်ပါစဉ်းစားကြည့်ပြီး မေး၏။

“တကယ်လို့ မကောင်းတဲ့လူတွေလက်ထဲ ရောက်သွားရင် အဲဒီဆည်တွေကို ဖျက်ဆီးပစ်ကြမှာပေါ့”

ထိုသို့ဆိုလျှင် တကယ့်ကို အန္တရာယ်ကြီးလှပေသည်။

“ဒါပေမဲ့ အစပျိုးစျေးက ငွေတေး တစ်ထောင်တောင် ဖြစ်နေပြီလေ။ ကျွန်မတို့ စောစောက ငွေတွေကို သိပ်မသုံးလိုက်ရမှာ”

လုမင်လီ သူ့ခါးမှ ဓားကို ဖြုတ်လိုက်ပြီး ပိုင်ယန် အား မေးလိုက်၏။

“ဒါကို အပေါင်ပစ္စည်းအဖြစ် သုံးလို့ရမလား”

ပိုင်ယန်

“ဒီမှာ အပေါင်ပစ္စည်း လက်မခံပါဘူးရှင်။ လေလံတင်မဲ့ ပစ္စည်းပဲ လက်ခံပါတယ်”

လုမင်လီ ဝေခွဲမရဖြစ်နေစဉ် ဟွာကျွင်း မေးလိုက်သည်။

“ဒါက ဘာလဲ”

သူမသည် စာရင်း နောက်ဆုံးစာမျက်နှာရှိ ဆလင်ဒါပုံစံ အရာဝတ္ထုလေးတစ်ခု တင်ထားသော ပန်းကန်ပုံကို ညွှန်ပြလိုက်သည်။ အမည်မရေးထားပေ။ အစပျိုးစျေး ငွေတေး တစ်ထောင်ဟုသာ ရေးထား၏။

ဟွာကျွင်း အတွက် ထိုအရာက ရင်းနှီးနေသလို ခံစားရသည်။

လုမင်လီ မှာမူ ပို၍ပင် မျက်မှောင်ကြုတ်သွားသော်လည်း စကားမဆိုပေ။

ပိုင်ယန် ပြုံးလျက် ပြောသည်။

“ဒါက ဒီညရဲ့ အဓိကပစ္စည်းပဲရှင်။ တကယ်လို့ ငွေတေး ဆယ်တေး ပေးမယ်ဆိုရင် ကျွန်မက ခြွင်းချက်အနေနဲ့ ဒါက ဘာလဲဆိုတာ ပြောပြပါ့မယ်”

ဟွာကျွင်း ဘာမှမပြောဘဲ နောက်ထပ် ငွေတေး ဆယ်တေး ထပ်မံ ပစ်ပေးလိုက်သည်။

ပိုင်ယန် ကျေနပ်သွား၏။

“ဒါက နတ်ဆေးပါ။ တစ်လုံးတည်းနဲ့ အသက်ကို ကယ်တင်နိုင်တဲ့ နတ်ဆေးပါရှင်”

ဟွာကျွင်း

“ဖျားနာတာနဲ့ နာကျင်တာတွေကိုလည်း သက်သာစေတာလား”

ပိုင်ယန် အံ့သြတကြီးဖြင့် ပြောတော့၏။

“ဘယ်လိုလုပ် သိတာလဲ၊ ဒီဆေးက အရမ်းရှားတာ။ အဲဒီတုန်းက စစ်သူကြီးလုက မြို့တစ်မြို့လုံးက လူတွေကို ဒီဆေးနဲ့ ကယ်တင်ခဲ့တာလို့ ပြောကြတယ်။ အဲဒီနောက်ပိုင်း ဒီဆေးက ပျောက်ကွယ်သွားပြီး အနည်းငယ်ပဲ ကျန်တော့တာ။ အခုဆိုရင် စျေးကောင်း တော်တော်ရနေပြီ”

ဤသည်မှာ ဟွာကျွင်း လွန်ခဲ့သော အချိန်က လုမင်လီ ကို ပေးခဲ့သော အိုင်ဗျူပရိုဖန်ဆေးတောင့်များ ဖြစ်နေ၏။

ဟွာကျွင်း သူမ အမြဲဆောင်ထားတတ်သော အိတ်ထဲမှ အိုင်ဗျူပရိုဖန်ဆေးဘူးကို ထုတ်လိုက်ပြီး လုမင်လီကို ပြောလိုက်သည်။

“ပိုက်ဆံက အလိုလို ရောက်လာပြီ မဟုတ်လား”

သူမ ပိုင်ယန် ကို မေးလိုက်သည်။

“ပစ္စည်းတွေ လေလံတင်လို့ရတယ်လို့ ခုနက ပြောတယ်မလား။ ဒါဆို ဒီနတ်ဆေး ငါးလုံးကို လေလံတင်ပေးစမ်းပါ”

သူမ ဆေးတောင့် ငါးတောင့်ကိုသာ ထုတ်ယူပြီး ပိုင်ယန် ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ပိုင်ယန့် လက်များ တုန်ယင်သွား၏။

သူမ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်။

“ဒီနတ်ဆေးတွေကို ဘယ်လိုလုပ် ကျွန်မလက်ထဲ ဒီအတိုင်း ပစ်ထည့်လိုက်ရတာလဲ တကယ်လို့ ကျွန်မလို လူသား ခန္ဓာကိုယ်နဲ့ ထိလို့ ဆေးစွမ်းတွေ ပျက်ပြယ်ကုန်ရင် ဘယ်လိုလုပ်မလဲ”

“ဪ ဒီလိုကိစ္စကြီးကို ကျွန်မ မေ့သွားတယ်”

ဟွာကျွင်း သူမကို စနောက်လိုက်၏။

“ဘယ်လိုလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ၊ ဆေးတွေ အရည်ပျော်တော့မယ်”

ပိုင်ယန် ကြောက်လွန်းသဖြင့် ငိုမတတ် ဖြစ်နေသည်။ “ကောင်းကင်ဘုံက ကျွန်မ့ကို ဖျက်ဆီးတော့မှာပဲ။ ဧည့်သည်တော်ကြီး ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး၊ ငွေတွေ အကုန်လုံး ပြန်ပေးပါ့မယ်”

ဟွာကျွင်း တစ်ရှူးတစ်ခု ယူလိုက်ပြီး ဆေးတောင့်များကို အပေါ်တွင် တင်ပေးလိုက်သည်။

“ကဲ တိယန်ရှန်း နှင်းကြာပန်းနဲ့ လုပ်ထားတဲ့ ဒီပိုးသားဖြူလေးပေါ် တင်ထားလိုက်ပြီဆိုတော့ ဆေးတွေ ဘေးကင်းသွားပါပြီ”

ပိုင်ယန် အားအင်ကုန်ခမ်းကာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့၏။

“ဟီးဟီး ကျွန်မ တကယ် ကြောက်သွားတာပဲ”

ဟွာကျွင်း သူမကို ပြန်ဆွဲထူလိုက်ပြီး ပြောလိုက်သည်။ “မမေ့သွားနဲ့ဦး၊၊ ဒါတွေကို မြန်မြန်သွားပြီး လေလံတင်ပေးချေ”

“ဟုတ်ကဲ့... အခုပဲ သွားပါ့မယ်”

သူမ မနှောင့်နှေးရဲဘဲ အမြန်ထကာ ဆေးများကို ဂရုတစိုက် ကိုင်ဆောင်လျက် အောက်ထပ်သို့ ဆင်းသွားတော့သည်။

လုမင်လီ

“ကိုယ့်ရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာတောင် ဒီဆေးတွေ အပြင်ကို ပေါက်ကြားနေသေးတာပဲ။ မင်းရဲ့ ယုံကြည်မှုကို ကိုယ် စောင့်ထိန်းဖို့ ပျက်ကွက်ခဲ့ပြီ”

ဟွာကျွင်း ပုခုံးတွန့်ပြကာ ပြောလိုက်၏။

“မတတ်နိုင်ဘူးလေ။ အရာအားလုံးကိုတော့ ဘယ်လိုလုပ် ကာကွယ်နိုင်မလဲ။ ကံကောင်းတာက အများကြီး မကျန်တော့တာပဲ၊ တစ်လုံးသုံးရင် တစ်လုံး လျော့သွားမှာပဲလေ”

မကြာမီ အောက်ထပ်မှ မောင်းသံ ထပ်မံထွက်ပေါ်လာပြီး လူတစ်ယောက်က ကြေညာလိုက်၏။

“ဒီနေ့ကတော့ မင်္ဂလာရှိတဲ့ နေ့ပါပဲ၊ ကျွန်တော်တို့ လေလံပွဲမှာ နတ်ဆေး ငါးလုံး ထပ်တိုးလိုက်ပါတယ်”

“ဒီနတ်ဆေးဟာ ပြင်းထန်တဲ့ အဖျားရောဂါ၊ ခေါင်းကိုက်တာနဲ့ အားအင်ကုန်ခမ်းတာတွေကို တစ်လုံးတည်းနဲ့ နာရီဝက်အတွင်း သက်သာစေမှာပါ”

“အဲဒီတုန်းက ကျွန်တော်တို့ မင်းဆက်ရဲ့ စစ်သူကြီးလုက သူ့သွေးကို အရင်းပြုပြီး နတ်သမီးကို ပင့်ဖိတ်ခဲ့ပါတယ်။ နတ်သမီးက စစ်သူကြီးရဲ့ စိတ်ရင်းကို မြင်လို့ ဒီဆေးတွေကို ပေးသနားခဲ့တာဖြစ်ပြီး ပြည်သူပေါင်းများစွာကို ကယ်တင်ခဲ့တာပါ။ အခုဆိုရင် ဆေးပြား (၁၀) ပြားတောင် မကျန်တော့ပါဘူး”

ဟွာကျွင်း ရယ်လွန်းသဖြင့် ကိုယ်လေးပင် ကိုင်းသွားရသည်။

“ဘယ်လိုလုပ် ဒီလို ဇာတ်လမ်းတွေ ဖြစ်ကုန်တာလဲ။ ကျွန်မတောင် မသိပါလား”

လုမင်လီ မတတ်သာဘဲ ခေါင်းကိုသာ ခါယမ်းနေမိတော့၏။

“အစပျိုးစျေး ဆေးတစ်လုံးကို ငွေတေး တစ်ထောင်ပါ”

လေလံပွဲမှာ အလွန်ပင် အပြိုင်အဆိုင် ဖြစ်လာတော့သည်။ နောက်ဆုံးတွင် လူတစ်ယောက်က သူ့အခန်းထဲရှိ အစေခံကို ဖယ်ခိုင်းလိုက်ပြီး အော်ဟစ်လိုက်၏။

“ငွေတေး တစ်သောင်း၊ ငါးလုံးစလုံးကို ငါယူမယ်”

“အသံနေအထားအရဆိုရင်တော့ တိလူမျိုးတွေ ဖြစ်နိုင်တယ်”

လုမင်လီ ပြောလိုက်သည်။

ဟွာကျွင်း ပိုင်ယန်ကို မေးလိုက်၏။

“အဲဒီစျေးခေါ်လိုက်တဲ့လူက ဘယ်အခန်းကလဲ”

ပိုင်ယန် ရိုသေစွာ ပြန်ဖြေသည်။

“ကောင်းကင်(၁၄) အခန်းကပါရှင်”

“အဲဒီအခန်းက တခြားဘာတွေများ လေလံဆွဲသေးလဲ”

ပိုင်ယန် ခေတ္တစဉ်းစားပြီး ပြောလိုက်သည်။

“ကျွန်မလည်း မမှတ်မိတော့ဘူး”

ဟွာကျွင်း ငွေထုတ်လိုက်ပြီး ပြောလိုက်၏။

“ရှင်တို့ စည်းမျဉ်းကို ကျွန်မ သိပါတယ်။ ငွေတေး ဆယ်တေး ပေးမယ်ဆိုရင် ရှင် မှတ်မိသွားမှာပါ”

ပိုင်ယန် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ပြောတော့၏။ “ဧည့်သည်တော်ကြီး ကျွန်မ ငွေမလိုချင်ပါဘူး။ အခုချက်ချင်း သွားပြီး စုံစမ်းပေးပါ့မယ်”

ထိုသို့ ပြောကာ အပြေးအလွှား ထွက်သွားတော့သည်။

ဟွာကျွင်း ဇဝေဇဝါဖြင့် လုမင်လီ အား မေးလိုက်၏။ “သူ ဘာဖြစ်သွားတာလဲ”

“မင်း သူ့ကို ခြောက်လိုက်လို့လေ။ တကယ်လို့ အဲဒီနတ်ဆေးတွေသာ သူ့လက်ထဲမှာ ပျက်စီးသွားရင် သူ အသက်ရှင်ဖို့ မလွယ်ဘူး”

ဟွာကျွင်း လျှာလေးထုတ်ပြကာ ပြော၏။

“ကျွန်မ စတာပါ၊၊ အဲဒီလောက် မပြင်းထန်ပါဘူး”

ပိုင်ယန် အမြန်ပြန်ရောက်လာသည်။

“နတ်ဆေးကလွဲလို့ အဲဒီအခန်းက လူတွေက တခြားဘာကိုမှ စျေးမခေါ်ခဲ့သလို၊ တစ်ခါမှလည်း ဝင်မပြိုင်ခဲ့ပါဘူး”

ဟွာကျွင်း

“ထူးဆန်းလိုက်တာ။ သူတို့ အိုင်ဗျူပရိုဖန်ကိုပဲ လာဝယ်တာလား”

လုမင်လီ ခေါင်းခါပြလိုက်သည်။

“မြစ်ချောင်းကာကွယ်ရေး မှတ်တမ်းရှိနေသေးတာကို မမေ့နဲ့ဦး”

ပိုင်ယန် က ကြောက်ရွံ့စွာ ပြော၏။

“ဧည့်သည်တော်ကြီး ကျွန်မ သွားတုန်း အဲဒီအခန်းထဲမှာ လူတွေ အငြင်းပွားနေကြတာ ကြားခဲ့ရတယ်၊၊ ဒါပေမဲ့ ဘာတွေပြောနေလဲဆိုတာတော့ ကျွန်မ နားမလည်ဘူး”

လုမင်လီ ပြုံးလိုက်၏။

“ဒီဆေးပြားတွေးက သူတို့အစီအစဉ်ကို ပျက်စီးသွားစေပုံပဲ။ ငွေတေး တစ်သောင်း သုံးလိုက်ရပြီးတော့ သူတို့ဆီမှာ ငွေ သိပ်ကျန်တော့မှာ မဟုတ်ဘူး”

ဟွာကျွင်း

“ဒါကတော့ တကယ့်ကို ကံကောင်းတဲ့ တိုက်ဆိုင်မှုပဲ။ ဒါဆို ရှင် စိတ်ချလက်ချ လေလံဆွဲလို့ ရပြီပေါ့”

အမှန်ပင်။ မြစ်ချောင်းကာကွယ်ရေး မှတ်တမ်း လေလံတင်သောအခါ ထိုသူများသည် ဟန်ပြအဖြစ် နှစ်ကြိမ်ခန့်သာ စျေးခေါ်ပြီး လက်လျှော့သွားကြသည်။

ထို့ကြောင့် လုမင်လီ ငွေတေး တစ်ထောင့်နှစ်ရာဖြင့် ၎င်းကို ဝယ်ယူနိုင်ခဲ့သည်။

လေလံပွဲ စီစဉ်သူများမှာ စီးပွားရေး တော်တော်တွက်ကြသည်။ ဟွာကျွင်း ဆေးငါးလုံးကို လေလံတင်ပြီးနောက် သူတို့လက်ထဲ ကျန်ရှိနေသေးသော နောက်ဆုံးဆေးတစ်လုံးကို နောက်တစ်ကြိမ် လေလံပွဲတွင် စျေးနှစ်ဆဖြင့် ရောင်းချရန် သိမ်းထားလိုက်ကြ၏။

လေလံပွဲမှာ ထိုနေရာတွင်ပင် ပြီးဆုံးသွားသည်။ သူတို့ ဝယ်ယူခဲ့သော ပစ္စည်းများကို လုမင်လီ ကြိုတင်သတ်မှတ်ထားသော နေရာသို့ လျှို့ဝှက်စွာ ပို့ဆောင်ပေးခဲ့ကြ၏။ ငွေပေးချေမှုများ ပြီးဆုံးပြီးနောက် သူတို့နှစ်ဦးလည်း ထွက်ခွာလာခဲ့ကြတော့သည်။

အခန်း (၂၆၄)

မွေးနေ့ကိတ် (၁)

လုမင်လီ ဟွာကျွင်းကို မုန့်ဆိုင်သို့ ပြန်လည်ပို့ဆောင်ပေးသည့် အချိန်တွင် ဆိုင်ပိတ်ရန် နီးကပ်နေပြီဖြစ်၍ ဖောက်သည်များ သိပ်မရှိတော့ပေ။

မော့ချွမ်း အလွန်ပင် စပ်စုလိုစိတ် ဖြစ်နေ၏။

“မြေအောက်စျေးကွက်က ပျော်ဖို့ကောင်းလား၊၊ ဘာတွေ ရောင်းကြလဲ”

ဟွာကျွင်း

“ရှေးဟောင်းပစ္စည်းတွေရယ် အိုင်ဗျူပရိုဖန်တွေရယ်ပဲ”

မော့ချွမ်း

“ဒါက မဆန်းဘူး။ ဆေးဝါးဆိုတာ ရှားပါးကုန်စည်တွေပဲလေ၊ ဒီလောက် အစွမ်းထက်တဲ့ ဆေးဆိုရင် ပိုတောင် ဆိုးသေး”

ဟွာကျွင်း

“ထူးဆန်းတာက အိုင်ဗျူပရိုဖန်ကို ဝယ်သွားတဲ့သူက ဒီ လူမျိုး ဖြစ်နေတာပဲ”

မော့ချွမ်း

“ဒီလောက် ရက်ရက်ရောရော ပေးဝယ်တယ်ဆိုမှတော့မင်းသားကြီး အဖေ အဲဒီ အဖိုးကြီးအတွက် ဖြစ်မှာပေါ့။ သူ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရတာလေ”

သူ ပြောရင်းဆိုရင်း ဆိုင်တံခါးပိတ်ရန် အပေါက်ဝသို့ လျှောက်သွားလိုက်သည်။

“နေဦး”

ထိုစဉ် လူတစ်ယောက် ဆိုင်တံခါးကို လက်ဖြင့် တားလိုက်၏။ သူ ဆိုင်အတွင်းသို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် အတွင်း၌ရှိသော ဟွာကျွင်နှင့် အကြည့်ချင်း ဆုံသွား၏။

“ခွင့်လွှတ်ပါ မိန်းကလေး။ ကျွန်တော် သူဌေးမ ဟွာ ကို ရှာနေတာပါ”

မော့ချွမ်း နှစ်ဦးကြားတွင် ဝင်ခံလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်တို့ ဆိုင်ပိတ်ပါပြီ။ တကယ်လို့ စားသောက်ချင်တယ် ဆိုရင်တော့”

“ကျွန်တော် စားဖို့ လာတာ မဟုတ်ပါဘူး”

ထိုသို့ ပြောကာ ဟွာကျွင်း ကို ကြည့်လိုက်သည်။

“ကျွန်တော်က အခွန်ဝန်ကြီးဌာနက အတွင်းရေးမှူး လင်ဝမ်ယီ ပါ။ ဒီနေ့ သူဌေးမဟွာဆီကို အရေးကြီးကိစ္စတစ်ခုနဲ့ လာခဲ့တာပါ။ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါဦး”

ဟွာကျွင်း သူအား ထိုင်ရန် ဖိတ်ခေါ်လိုက်၏။

“အတွင်းဝန်လင် ဖြစ်နေတာပဲ။ ကျွန်မ ဘာကူညီပေးရမလဲရှင်”

“သူဌေးမဟွာ အရင်တုန်းက အဘွားလုမွေးနေ့ပွဲမှာ ချင်းရွှေလျိုရှန်းပွဲတော်ကို စီစဉ်ပေးခဲ့ဖူးတယ်လို့ ကြားသိရတယ်။ အခု ကျွန်တော့် ဇနီးရဲ့ အသက် (၄၀) ပြည့် မွေးနေ့ ရောက်တော့မှာမို့လို့၊ အခကြေးငွေကို နှစ်ဆပေးပါ့မယ်၊ သူဌေးမဟွာက မွေးနေ့ပွဲကို တာဝန်ယူ စီစဉ်ပေးစေချင်ပါတယ်”

ဟွာကျွင်း ခေါင်းခါပြလိုက်၏။

“ရှင်က မြို့တော်မှာ နေတာလား။ အရမ်းဝေးလွန်းတယ်၊ ကျွန်မ သွားနိုင်မယ် မထင်ဘူးရှင်”

လင်ဝမ်ယီ နားလည်စွာ ခေါင်းညိတ်သည်။

“သူဌေးမဟွာ ကိုယ်တိုင် သွားစရာ မလိုပါဘူး။ ဆန်းသစ်တဲ့ နည်းလမ်းလေးတွေပဲ ပေးရင် ရပါပြီ။ ကျွန်တော်နဲ့ ဇနီးက လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ သူမကို အံ့အားသင့်စရာ လေး တစ်ခုခု ပေးချင်တာပါ”

ဟွာကျွင်း နားလည်သွားပြီး ပြောလိုက်သည်။

“ဒါက မခက်ပါဘူး။ ဇနီးသည်ရဲ့ အကြိုက်လေးတွေကို ပြောပြနိုင်မလား၊ ဥပမာ ဘယ်လို အရသာမျိုး ကြိုက်လဲ၊ ဘယ်လို အပင် ဒါမှမဟုတ် တိရစ္ဆာန်လေးတွေ မြတ်နိုးလဲ ဆိုတာမျိုးပေါ့”

လင်ဝမ်ယီသည် ချစ်တတ်သော ခင်ပွန်းတစ်ဦး ဖြစ်ပုံရ၏။ သူ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ “သူ အချိုကြိုက်တယ်။ အစပ်မစားဘူး။ ပြီးတော့ ကြာပန်းတွေကို မြတ်နိုးတယ်”

ဟွာကျွင်း အသေးစိတ်အချက်များကို ချရေးလိုက်ပြီး ထပ်မေး၏။

“ဇနီးသည် မွေးနေ့က ဘယ်တော့လဲ”

“မနက်ဖြန်ပါ”

ဟွာကျွင်း စာရေးတာ ရပ်လိုက်သည်။

“အချိန်က အရမ်းကပ်နေပြီ၊၊ ဘာမှပြင်ဆင်ဖို့ အချိန်မလောက်မှာ စိုးရတယ်”

လင်ဝမ်ယီ သူကိုယ်တိုင် စီမံမှုနောက်ကျသွားသည်ကို သိသဖြင့် ပြောလိုက်သည်။

“ကျွန်တော့် ဇနီး ပျော်ရင် ရပါပြီ။ တခြား စားသောက်ပွဲ ကိစ္စတွေကိုတော့ တခြားမှာ စီစဉ်ထားပြီးသားပါ”

ဟွာကျွင်း အချိန်ကို ပြန်ကြည့်လိုက်ပြီး ခေတ်သစ် မွေးနေ့ပွဲ အံ့အားသင့်စရာ အစီအစဉ်များကို ခေါင်းထဲ၌ လျှင်မြန်စွာ စဉ်းစားလိုက်သည်။

နောက်ဆုံးတွင် အစီအစဉ်အချို့ကို ရွေးချယ်လိုက်ပြီး ပြောလိုက်သည်။

“အတွင်းဝန်လင် ကျွန်မမှာ အကြံအစည် အချို့ရှိပါတယ်။ ရှင့်ရဲ့ သဘောထားကို သိချင်ပါတယ်”

“ပြောပါဦး”

“ပထမဆုံးအနေနဲ့ မွေးနေ့ဆိုတော့ ကြာပန်းပုံဖော်ထားပြီး အပေါ်မှာ ချစ်စရာ ကြောင်လေးတွေ ပါတဲ့ ကိတ်မုန့်အကြီးကြီး တစ်လုံး ပြင်ဆင်ပေးပါ့မယ်”

“ဒုတိယအချက်က ကိတ်မုန့်မှာ စိုက်တဲ့ ဖယောင်းတိုင်တွေအစား ပိုပြီး ဆွဲဆောင်မှုရှိတဲ့ မီးပန်းဖယောင်းတိုင်တွေ သုံးပါ့မယ်”

“နောက်ဆုံးအနေနဲ့ ဧည့်သည်တွေအတွက် ကြာရွက်ထမင်း ပြင်ဆင်ပေးချင်ပါတယ်။ ရှင်က ဧည့်သည်တွေအတွက် ဘာအဓိက ဟင်းလျာတွေ စီစဉ်ထားလဲရှင်”

လင်ဝမ်ယီ ကြာရွက်ထမင်းအကြောင်းကို တစ်ခါမှ မကြားဖူးသဖြင့် ဆန်းသစ်သော အရာဟု ယူဆလိုက်သည်။

“သူဌေးမ ဟွာ အနေနဲ့ စိတ်ပူစရာ မလိုပါဘူး။ အိမ်တော်မှာ စီစဉ်ထားတဲ့ ဟင်းလျာစာရင်းတွေကို လိုအပ်သလို ပယ်ဖျက်လို့ ရပါတယ်။ ခင်ဗျားရဲ့ အစီအစဉ်ကိုပဲ ဦးစားပေးပါ့မယ်”

အချိန်နှောင်းနေပြီဖြစ်သဖြင့် မုန့်ဆိုင်မှာ ခေတ်သစ်ကာလသို့ ပြန်လည်ကူးပြောင်းရန် အချိန်တန်ပြီ ဖြစ်သည်။ မော့ချွမ်း စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။

“အတွင်းဝန်လင် ခင်ဗျားက ကျွန်တော်တို့ ဆိုင်ကို ရွေးချယ်ခဲ့ပြီဆိုမှတော့ သူဌေးမကို ယုံကြည်မှု ရှိရပါလိမ့်မယ်။ အခုတော့ အိမ်ပြန်ပြီး စောင့်နေပေးပါ”

လင်ဝမ်ယီ ညအချိန်ကြီး ခရီးသွားရန် အဆင်မပြေသဖြင့် ဘေးရှိ တည်းခိုခန်းကို မြင်သောအခါ ပြောလိုက်သည်။

“ဒီလိုလုပ်မယ်။ ကျွန်တော် ဒီဘေးက တည်းခိုခန်းမှာပဲ တစ်ညအိပ်လိုက်မယ်။ မနက်ကျမှ ခင်ဗျားတို့ရဲ့ အဲဒီ... ဘာလဲ... ကိတ်မုန့်ကို ယူပြီး မြို့တော်ကို ပြန်တော့မယ်”

မော့ချွမ်း သူအား ဆိုင်အပြင်သို့ အမြန်တွန်းထုတ်လိုက်ပြီး အပြင်ဘက်သို့ လှမ်းအော်လိုက်၏။

“အဘွားကျန်း၊ ဧည့်သည် ရောက်နေတယ်”

ထို့နောက် သူသည် ဆိုင်အတွင်းသို့ အမြန်ပြေးဝင်ကာ ဆိုင်တံခါးကို ပိတ်လိုက်တော့သည်။

လင်ဝမ်ယီ ဘာဖြစ်သွားမှန်းပင် မသိလိုက် ဆိုင်အပြင်ဘက်သို့ ရောက်ရှိနေ၏။ အဘွားအိုတစ်ဦး လမ်းလျှောက်လာပြီး မေးမြန်းလိုက်သည်။

“တည်းခိုခန်းအတွက် ဧည့်သည်လား”

သူမ ထိုသူ ပြောသွားသော အဘွားကျန်း ဖြစ်ပေလိမ့်မည်။ လင်ဝမ်ယီ ခေါင်းညိတ်ပြကာ ဖြေ၏။

“ဟုတ်ပါတယ်၊၊ ကျေးဇူးတင်ပါတယ်”

သူသည် အဘွားကျန်းနှင့်အတူ တစ်လှမ်းနှစ်လှမ်း လမ်းလျှောက်သွားပြီးနောက် ဆိုင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ဆိုင်အတွင်း၌ မီးများ အားလုံး ပိတ်ထားသဖြင့် မှောင်အတိ ကျနေသည်ကို မြင်တွေ့ရသည်။

သူက စူးစမ်းစွာ မေးလိုက်၏။

“ဒီ မုန့်ဆိုင်က ဒီလောက်အထိ မြန်မြန် ပိတ်တာလား”

အဘွားကျန်း ပြုံးလျက် ဖြေလိုက်သည်။

“သူဌေးမဟွာ အိပ်တာကို အရမ်းမြတ်နိုးပြီး လင်းထိန်တဲ့ မီးတွေကို မကြိုက်ဘူးလေ။ ဒါကြောင့် အချိန်တန်ရင် မီးတွေ အကုန်ပိတ်လိုက်တာပဲ”

သို့သော်လည်း နောက်တစ်နေ့ မနက်အထိ လင်ဝမ်ယီ ဆိုင်တံခါး ပွင့်သည်ကို မတွေ့ရသေးပေ။ သူသည် ဆိုင်ရှေ့တွင် ဟိုမှသည် လျှောက်ကာ ပူပန်နေမိ၏။

“သူ အိပ်တာ ကြိုက်တယ်ဆိုပေမဲ့ ဒီလောက်အထိ အိပ်တတ်တဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး”

“ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ အခုဆိုရင် အချိန်မီ ပြန်ရောက်နိုင်မှာ မဟုတ်တော့ဘူး”

အဘွားကျန်း အခြေအနေကို ခန့်မှန်းမိသဖြင့် လင်ဝမ်ယီ အား ဖျောင်းဖျလိုက်သည်။

“အရှင် မြို့တော်ကို အရင်ပြန်နှင့်ပါလား၊ သူဌေးမ ဟွာ က ကိစ္စရှိလို့ နေ့ဘက်မှာ ဆိုင်မဖွင့်ပါဘူး”

လင်ဝမ်ယီ စိတ်ပျက်လက်ပျက်ဖြင့် ပြောတော့သည်။

“သူက မနေ့ညက သေချာ ကတိပေးထားတာပဲ၊ ဘယ်လိုလုပ် ဒီလို လုပ်နိုင်ရတာလဲ”

“စိတ်မပူပါနဲ့။ သူဌေးမ ဟွာ က ကတိပေးပြီးရင် ဘယ်တော့မှ မဖောက်ဖျက်တတ်ပါဘူး။ အခု မြို့တော်ကို ပြန်သွားပါ၊ မြို့တံခါးဝမှာ သူ့ကို စောင့်နေလိုက်ပါ”

လင်ဝမ်ယီ ကောင်းကင်ကို ကြည့်ကာ တွက်ချက်လိုက်သည်။ ယခုထွက်မှသာ ညဘက်တွင် မြို့တော်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။ အခြားနည်းလမ်း မရှိတော့သဖြင့် သူ မြင်းကိုစီး၍ စိတ်တိုတိုဖြင့် ထွက်ခွာသွားတော့သည်။

ဟွာကျွင်းလည်း ပျင်းနေသည် မဟုတ်ပေ။ သူမသည် နာရီအနည်းငယ်သာ အိပ်စက်ပြီးနောက် မွေးနေ့ပွဲအတွက် စတင်ပြင်ဆင်တော့သည်။

ပထမဆုံးအနေဖြင့် သူမ နာမည်ကြီး ကိတ်မုန့်ဆိုင်တစ်ခုနှင့် ကိတ်မုန့်ဒီဇိုင်းကို အတည်ပြုလိုက်ပြီး ညနေပိုင်းတွင် အရောက်ပို့ပေးရန် စီစဉ်လိုက်သည်။

ထို့နောက် လတ်ဆတ်သော ကြာရွက် ဒါဇင်ပေါင်းများစွာကို ဝယ်ယူကာ ကြာရွက်ထမင်း စတင်လုပ်ဆောင်၏။

ဟွာကျွင်း ကောက်ညှင်းဆန်ကို မနေ့ညကတည်းက စိမ်ထားပြီး ဖြစ်သည်။ ယနေ့တွင် ၎င်းတို့ကို ထုတ်၍ ရေစစ်ကာ ဆန်ကြမ်းနှင့် လေးပုံတစ်ပုံ အချိုးအစားဖြင့် ရောနှောလိုက်ပြီးနောက် ပဲငံပြာရည်အနောက်များ ထည့်၍ သမအောင် နယ်လိုက်သည်။

သူမ နယ်ထားသော ဆန်များကို ထမင်းပေါင်းအိုးထဲသို့ ထည့်ကာ ရေကို အနည်းငယ် လျှော့ထည့်၍ ချက်လိုက်သည်။ နောက်ပိုင်းတွင် ပြန်လည် ပေါင်းရမည် ဖြစ်သောကြောင့် ထမင်းသား အလွန်အမင်း နူးညံ့နေရန် မလိုအပ်ပေ။

“နောက်တစ်ဆင့်ကတော့ မွှေးကြိုင်တဲ့ ဆော့စ်တစ်မျိုးကို ကြော်ရမယ်”

ဟွာရှန့် သူမ၏ ညွှန်ကြားချက်အတိုင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီများကို ဓားဖြင့် စင်းပေးထားရာ ဟွာကျွင်း က အသင့်သုံးရုံသာ ဖြစ်သည်။

ဒယ်အိုးထဲတွင် ဆီပူအောင်လုပ်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို မွှေးလာအောင် ဆီသတ်လိုက်၏၊ ထို့နောက် ပဲငပိများ ထည့်ကာ ကြက်သွန်ဖြူများ ရွှေဝါရောင် ပြောင်းလာသည်အထိ မွှေးအောင် ကြော်လိုက်ပြီးနောက် ဘေးတွင် ခဏဖယ်ထားလိုက်သည်။

ထို့နောက် နံရိုးများကို ပြင်ဆင်ရန် လိုအပ်၏။ မော့ချွမ်း နံရိုးများကို လက်မအရွယ် အပိုင်းလေးများ ဖြစ်အောင် တုံးပေးထားသည်။ ဟွာကျွင်း နံရိုးများထဲသို့ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ပြောင်းဖူးမှုန့်တို့ ထည့်လိုက်သည်။ နောက်ဆုံးတွင် အအေးခံထားသော ကြက်သွန်ဖြူဆီသတ်များကို ထည့်ကာ သမအောင် နယ်၍ ၁၅ မိနစ်ခန့် နှပ်ထားလိုက်၏။

နောက်ဆုံးတွင် သူမ ကြာရွက်များကို ပေါင်းအိုးပေါ်တွင် ဖြန့်ခင်းလိုက်ပြီး ကောက်ညှင်းထမင်း၊ နံရိုး၊ ပြောင်းဖူးစေ့၊ မုန်လာဥနီ အတုံးလေးများနှင့် ဝက်အူချောင်း အတုံးလေးများကို အစီအစဉ်အတိုင်း ထည့်လိုက်သည်။ ထို့နောက် နောက်ထပ် ကြာရွက်တစ်ရွက်ဖြင့် အပေါ်မှ အုပ်၍ လုံအောင် ထုပ်လိုက်၏။

ထမင်း ချက်ပြီးသား ဖြစ်သဖြင့် ညနေပိုင်းတွင် အတွင်းဝန်လင်၏ အိမ်တော်သို့ ရောက်ရှိသောအခါ နာရီဝက်ခန့် ထပ်မံ ပေါင်းလိုက်ရုံဖြင့် အသင့်စားသုံးနိုင်ပြီ ဖြစ်သည်။

သူတို့သည် ကြာရွက်ထမင်း အထုပ်ပေါင်း (၄၀) ကို ပြင်ဆင်ခဲ့ကြရာ ထမင်းပေါင်းအိုးမှာ အလုပ်လုပ်လွန်းသဖြင့် ပျက်လုနီးပါးပင် ဖြစ်သွား၏။

ဤသည်မှာ မပြီးသေးပေ။ ကိတ်မုန့်ကို မြို့တော်အထိ ပို့ဆောင်ရန်အတွက် ရေခဲမှာ မရှိမဖြစ် လိုအပ်လှသည်။

ကံကောင်းသည်မှာ ယခုခေတ် ရေခဲပြုလုပ်သည့် နည်းပညာကြောင့် နှစ်နာရီခန့် အေးနေအောင် ထားရန်မှာ ပြဿနာ မဟုတ်ပေ။

ရေခဲတုံးကြီးများကို ရှေးဟောင်း ရေခဲသေတ္တာသေတ္တာများထဲတွင် ထည့်၍ လုံခြုံစွာ စီစဉ်လိုက်သည်။

မော့ချွမ်း ညည်းတွားနေတော့သည်။

“ခင်ဗျား ရူးနေတာလား၊ ဒီဟာက အရမ်းလေးတယ်။ ကျွန်တော် သေချာပေါက် မှောက်မှာပဲ”

အခြားနည်းလမ်း မရှိသဖြင့် ဟွာကျွင်း ရေခဲများအတွက် အအေးခံ ဖော့ဘူး များသို့ ပြောင်းလဲအသုံးပြုလိုက်ရ၏။

“ဘူးတွေကိုတော့ ပြန်ယူလာဖို့ မမေ့နဲ့ဦးနော်”

All Chapters