အခန်း ၂၆၁၉
Vol. 188 Ch. 2619
အပိုင်း(၂၆၁၉)
ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်...
ထိုအရာက သူတို့ အနည်းငယ်လေးတောင် တွေးမထင်ထားခဲ့မိသော ဝန်ခံချက်တစ်ခုပင် ဖြစ်၏။ သူတို့ထဲမှ အများစုသည် အဆင့်နိမ့် ကြယ်တာရာ နယ်မြေများမှ လာကြသူများ ဖြစ်သည်။
အချို့ကမူ သူတို့၏ အဆင့်အတန်း သို့မဟုတ် မိုးကုပ်စက်ဝိုင်းကို ကျယ်ပြန့်စေသော ကံကြမ္မာ အတွေ့အကြုံများကြောင့် ဂလက်ဆီ များ ရှိနေကြောင်းနှင့် သူတို့၏ ဂလက်ဆီ အမည်ကို သိရှိထားကြပေသည်။ သို့သော်လည်း... အများစုမှာမူ လုံးဝ သေချာမှု မရှိကြပေ။ ဤသည်မှာ သူတို့ မသိနားမလည်သောကြောင့် မဟုတ်ဘဲ အတွင်းပိုင်း စစ်မြေပြင် ၏ သဘာဝကြောင့်သာ ဖြစ်ပေသည်။
စစ်မြေပြင်၏ အတွင်းပိုင်း အမျိုးအစားများသည် ဒေသများအပေါ်တွင် ကန့်သတ်ထားပြီး အများအားဖြင့် ဂလက်ဆီ တစ်ခု (သို့မဟုတ်) ကြယ်ကွင်းပြင် တစ်ခုတည်းအပေါ်တွင်သာ ကန့်သတ်ထားလေ့ ရှိသည်။ အံ့ဩစရာကောင်းသည်က စစ်မြေပြင် အမျိုးအစားနှင့် သက်ဆိုင်ရာ ကောင်းကင်နယ်မြေအပေါ် မူတည်၍ သူတို့ထံတွင် ပါဝင်သူ လူဦးရေ အနည်းဆုံးနှင့် အများဆုံး ရှိနေခြင်းပင် ဖြစ်၏။ ဂလက်ဆီ ပို၍ အားကောင်းလေ၊ လူဦးရေ ပိုနည်းလေ ဖြစ်သည်။ ဂလက်ဆီ ပို၍ အားနည်းလေ၊ လူဦးရေ ပိုများလေ ဖြစ်ပေသည်။
စစ်ပွဲနှင့် စည်းမျဉ်း ဟူသော စစ်မြေပြင် နှစ်ခုစလုံး၏ ကြားနေမှုကြောင့် ကျင့်ကြံခြင်း အခြေခံများကို ကန့်သတ်ထားပြီး သစ္စာခံမှုများသည် အကြောင်းရင်း အမျိုးမျိုးအပေါ်တွင် အခြေခံထားသည်။ တစ်ချိန်တည်း၌... ဖန်တီးခြင်း ပညာရှင်များ အကြား ယှဉ်ပြိုင်မှုသည် ကိုယ်ပိုင် နည်းလမ်းများ၊ ဝင်္ကပါများ၊ အစီအရင်များ၊ နှင့် ချိတ်ဆက်မှု လုံးဝ မရှိဘဲ စစ်ပွဲ တာအို နှင့် သက်ဆိုင်သည့် အရာများသာ ပါဝင်လေသည်။ ထို့ကြောင့် မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ဤကြီးကျယ်ခမ်းနားသော စင်မြင့်ကြီး၏ ပိုမိုကြီးမားသည့် အဓိပ္ပာယ်သက်ရောက်မှုကို မသိရှိဘဲ စစ်ပွဲ စစ်မြေပြင် ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။
ဥပမာအားဖြင့် အတွင်းပိုင်း ကျောက်လွှာဇုံ သည် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းခံလိုက်ရသော ယခင် ကြယ်ကွင်းပြင် တစ်ခုနှင့် ချိတ်ဆက်ထားပြီး ဘိုင်ယာ တိုင်းပြည် နှင့် ဆင်တူသော ချိတ်ဆက်မှုမရှိသည့် လေလွင့် ကြယ်ကွင်းပြင် ထောင်ပေါင်းများစွာအဖြစ် ပိုင်းခြားထား၏။ နောက်တစ်လှမ်းဆုတ်၍ ကြည့်မည်ဆိုပါက အခြားသော အတွင်းပိုင်း ဇုံများသည်လည်း အတူတူပင် ဖြစ်သည်။ သို့သော်လည်း... သူတို့အားလုံးသည် အပြင်ပိုင်း ဇုံ တစ်ခုတည်း၏ အောက်တွင် ရှိနေကြပေသည်။
ထိုအပြင်ပိုင်းဇုံမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ပင် ဖြစ်သည်။ အပြင်ပိုင်း စစ်မြေပြင် သို့ ချက်ချင်း ဝင်ရောက်နိုင်ရန် ဒုတိယမြောက် ပုံစံမှာ သင့်လျော်သော ဝင်ရောက်ခွင့် အစီအရင်တစ်ခုကို ရှာဖွေရန် ဖြစ်သောကြောင့် လူအများစုသည် ပိုမိုသေးငယ်ပြီး အရေအတွက် ပိုများသော အတွင်းပိုင်းအဆင့် ဝင်ရောက်ခွင့် အစီအရင်များမှတစ်ဆင့် ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ပေသည်။
အတွင်းပိုင်း ဇုံ ၃,၀၀၀ သည် တစ်ချိန်က ကြယ်ကွင်းပြင် ထောင်ပေါင်းများစွာကို လွှမ်းခြုံထားခဲ့ဖူး၏။ သို့သော် ပြဿနာ အမျိုးမျိုးကြောင့် ထို ကြယ်ကွင်းပြင် အချို့သည် ကြယ်တာရာများအကြားရှိ လေလွင့် ကြယ်ကွင်းပြင် များအဖြစ်သို့ ပြန့်ကျဲသွားခဲ့ရသည်။ ထို့ပြင် နတ်ဘုရားဆန်ဆန် ကျင့်ကြံသူများ၏ တိုက်ပွဲများကြောင့် နယ်မြေဒေသ အမြောက်အမြားကို ဆုံးရှုံးခဲ့ရခြင်း၊ သို့မဟုတ် ပေါင်းစည်းညီညွတ်ခြင်းမှတစ်ဆင့် ကြယ်တာရာ နယ်မြေများကို ဝါးမြိုကာ ကျင့်ကြံခြင်းတို့ကြောင့် ၎င်းတို့သည် ကျုံ့ဝင်သွားခဲ့ရပေသည်။
ရင့်ကျက်သော အမျိုးသမီးသည် ဝေ့ဝူယင်ကို ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူမ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်နေသော်လည်း ရင်တွင်း၌ ကြီးထွားလာနေသော ခံစားချက်များကို လျစ်လျူရှုကာ တည်ငြိမ်နေစေရန် မိမိကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးထားခဲ့၏။
"အရှင် ကောင်းကင်ရှန့်ထို..."
သူမသည် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသား၏ စကားကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ကို တိုက်ရိုက် ခေါ်ဝေါ်ကာ စတင်ပြောဆိုလိုက်သည်။
"အရှင် ဘာကို အလိုရှိတာလဲ..."
ဝေ့ဝူယင်က သူမကို ပြုံးပြလိုက်သည်။ ထိုအပြုံးက သူမ၏ နှလုံးသားကို ရူးသွပ်မတတ် ခုန်ပေါက်သွားစေခဲ့၏။ သူမ၏ ပါးပြင်ပေါ်တွင် ရဲတက်လာသော ရှက်သွေးဖြာမှုကို သူမ အနိုင်နိုင် ထိန်းချုပ်ထားရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ ဤခံစားချက်သည် သူမ တစ်ဦးတည်းအတွက်သာ သီးသန့်မဟုတ်ပေ။ သူ၏ နှုတ်ခမ်းတစ်ချက် တွန့်ကွေးလိုက်ရုံဖြင့် ထိုနေရာရှိ အမျိုးသမီး အားလုံးနီးပါးနှင့် အမျိုးသား အနည်းငယ်တို့သည်လည်း အလားတူ ပူနွေးလာသော ခံစားချက်များကို ခံစားခဲ့ကြရသည်။
"တကယ်တော့ ရှင်းရှင်းလေးပါပဲ... မင်းတို့ရဲ့ အသက်တွေနဲ့ လဲလှယ်တဲ့အနေနဲ့..."
ဝေ့ဝူယင်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်အလင်းတန်းများ ထုတ်လွှတ်နေသော အရောင်ခုနစ်မျိုး သလင်းကျောက် ထောင်ပေါင်းများစွာကို ဖန်တီးလိုက်သည်။
"မင်းတို့ရဲ့ တာအို တွေနဲ့ ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုတွေကို ပေးအပ်ရမယ်... မင်းတို့ရဲ့ သွေးမျိုးဆက်တွေ၊ မင်းတို့ရဲ့ အမွေအနှစ်တွေ၊ မင်းတို့ရဲ့ သိမြင်နားလည်မှုတွေ... အရာအားလုံးကိုပဲ... အားလုံးကို ပေးရမယ်..."
ဝေ့ဝူယင်က အလျင်စလိုမရှိဘဲ ဆက်ပြောလိုက်သည်။
"ဒါဆိုရင် အဲဒီအတွက် အလဲအလှယ်အနေနဲ့ မင်းတို့ရဲ့ လက်နက်ချမှုကို ငါ လက်ခံပြီး မင်းတို့ရဲ့ မျှော်စင်တွေ ဖျက်ဆီးခံရခြင်းကနေ ရှောင်လွှဲနိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်းမှုကို စတင်ပေးမယ်... ပြီးတော့ နောင်အနာဂတ်မှာ မင်းတို့က ငါ့ကို ဦးညွှတ်ရမယ့် ကောင်းကင်ယံ၊ ငါ့ရဲ့ ကောင်းချီးပေးထားတဲ့ မြေကြီးနဲ့ ငါ သန့်စင်ထားတဲ့ ရေကို သောက်သုံးရမယ့် ငါရဲ့ အင်ပါယာ ထဲကို ဝင်ရောက်ခွင့် ရရှိလာနိုင်တယ်..."
"...”
...
အချိန်ကာလ...
အချိန်ကာလသည် ရေစီးကြောင်းတစ်ခု၏ ကျက်သရေရှိမှုမျိုးဖြင့် စီးဆင်းသွားခဲ့သည်။ သုံးရက်တာ ကာလသည် မနက်ဖြန်၏ မြစ်ရေပြင်ကို ခံစားသိရှိနိုင်ရန် အခွင့်အရေး ပေးစွမ်းသွားခဲ့၏။ ဖန်တီးခြင်း စစ်ပွဲတစ်ခုတွင် ရှုံးနိမ့်သွားသူများအတွက် ဤနူးညံ့သိမ်မွေ့သော အချိန်ကာလအတွင်း သက်ပြင်းချမှုများ၊ စိတ်ပျက်အားငယ်မှုများ၊ ဒေါသတရားများ၊ မျှော်လင့်ချက်ကင်းမဲ့မှုများနှင့် လက်ခံလိုက်ရမှုများသည် မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပေသည်။
ထိုအရာအားလုံး၏ အဓိက တရားခံဖြစ်သူမှာမူ သူ၏ ခမ်းနားထည်ဝါသော နန်းတော်ပုံစံ နေအိမ်အတွင်း၌ မိန်းကလေး တစ်ဦး၊ နှစ်ဦးတည်းသာမက သုံးဦးတိတိ၏ အဖော်ပြုမှုဖြင့် သက်တောင့်သက်သာ အနားယူနေခဲ့သည်။ ထိုမိန်းကလေးများသည် ကျေနပ်ဖွယ်ရာ ပင်ပန်းနွမ်းနယ်မှုများကြောင့် အိပ်မောကျနေခဲ့ကြ၏။
သို့သော်... ထိုအတွက် တာဝန်ရှိသူမှာမူ မည်သည့်နေရာတွင်မျှ ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ လန်းဆန်းတက်ကြွစွာ နိုးကြားနေခဲ့ပေသည်။ ကြယ်တာရာ ပါရဂွန် တစ်ဦး၏ သန့်စင်သော ခန္ဓာကိုယ်သည် ပိုမိုမြင့်မားလာသော အဆင့်အတန်းများ၊ ပမာဏများနှင့် မတည်ငြိမ်သော စွမ်းအင်များကို ခံနိုင်ရည်ရှိစေရန် ပြန်လည်နာလန်ထူနိုင်စွမ်းနှင့် အကန့်အသတ်မရှိသော ဆင့်ကဲပြောင်းလဲမှုတို့အပေါ် အခြေခံ၍ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
မားဂတ် မွေးဖွားလာပြီးနောက် ဧဒင် ၏ အမှတ်အသားသည် သူ့ အခြေခံအုတ်မြစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုမှတစ်ဆင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များအား ယခင်က မကြုံစဖူးသော သန့်စင်သည့် သက်စောင့်အင်အားကို ပေးစွမ်းနိုင်ခဲ့၏။ သူ၏ သွေးတစ်စက်သည်ပင် ကောင်းကင်ဘုံ၏ အားဖြည့်ဆေးတစ်ခွက် ဖြစ်ပေလိမ့်မည်။ သာလွန်ခြင်းအဆင့် အရည်အသွေးရှိသော လျှို့ဝှက်မြေကြီး အဆင့်၏ အသန့်စင်ဆုံး ကောင်းကင်ရေစင်များနှင့် ကွာခြားမှု မရှိပေ။
ခံနိုင်ရည်စွမ်းအားနှင့် ပတ်သက်လာလျှင် သူ၏ ကျင့်ကြံခြင်း နယ်ပယ်တွင် သူသည် ပြိုင်ဘက်ကင်း ဖြစ်ပေသည်။ ထိုသို့သော အရာများကို သူ မည်သည့်အခါမျှ ဝန်ခံမည် မဟုတ်သလို ကမ္ဘာကြီးကို အဆုံးမရှိသော ဖြစ်နိုင်ခြေများနှင့် ပိုမိုကြီးမားသော အလားအလာရှိသည့် လမ်းကြောင်းများဟူသော ရှုထောင့်မှသာ အမြဲတမ်း ရှုမြင်တတ်ပေသည်။ အကယ်၍ သူသာ ၎င်းကို ပွင့်ပွင့်လင်းလင်း ကြေညာလိုက်မည်ဆိုပါက ကြီးမြတ်လှသော လျှို့ဝှက် တာအို ပင်လျှင် သဘောမတူဘဲ နေနိုင်မည် မဟုတ်ချေ။
'ငါရဲ့... ရမ္မက်...'
ဝေ့ဝူယင်သည် သူ၏ လက်တစ်ဖက်ကို မြှောက်ကာ လက်ဖဝါးကို မျက်နှာကြက်ဘက်သို့ လှည့်ထားရင်း ဘယ်ဘက်လက်မောင်းကို ညာဘက်လက်ဖြင့် ပွတ်သပ်ကာ တွေးတောနေခဲ့သည်။ အပြစ်သား စွမ်းအင်၏ မှေးမှိန်သော အငွေ့အသက်များသည် နာနိုစက္ကန့်မျှသာ ကြာမြင့်သော အလင်းတန်းလေးတစ်ခုအလား ဖြတ်ခနဲ လက်သွားခဲ့၏။
တီလီနှင့် ဤစစ်မြေပြင်၏ တစ်နေရာရာမှ ဆရာ တပည့် နှစ်ဦးတို့၏ ညင်သာသော အသက်ရှူသံများကို သူ ကြားလိုက်ရသည်။ သူတို့ နှစ်ဦးစလုံးမှာ အလယ်အလတ်အဆင့်ခန့်ရှိသော ကောင်းချီးခံ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူသည် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ညင်သာစွာ ပြန်လည် ထုတ်လွှတ်လိုက်သည်။
သူတို့၏ ပူးတွဲ ကောင်းချီးခံ အဆင့်အတန်းက သူ့ကို စိတ်ဝင်စားသွားစေခဲ့ပြီး သူ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ ထို့နောက် ကျန်သောအရာအားလုံးမှာ သဘာဝအလျောက်ပင် ဖြစ်ပျက်သွားခဲ့၏။ ယခင်က သူတို့ နှစ်ဦးစလုံးမှာ အပျိုစင်များ ဖြစ်ခဲ့ကြသည်။ သို့သော် တစ်ကြိမ်တည်းသော တွေ့ဆုံမှုအတွင်းမှာပင် သူတို့၏ စည်းမျဉ်းစည်းကမ်းများအားလုံး လွင့်ပါးသွားခဲ့ရပေသည်။
သို့သော်... သူသည် သူတို့ကို အထင်မသေးခဲ့ပေ။ စိတ်များကို ဖတ်နိုင်သူ တစ်ဦးအနေဖြင့် ထိုမိန်းကလေးများသည် ရည်မှန်းချက်ကြီးမားသော အမျိုးအစားများ ဖြစ်ကြပြီး ဤဖြစ်နိုင်ခြေနှင့် ပတ်သက်၍ သူတို့အချင်းချင်း လျှို့ဝှက်စွာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်ကိုပင် သူ သိရှိထား၏။
မည်သို့ပင်ဆိုစေကာမူ သူသည် မိမိကိုယ်ကိုယ် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် အဖြစ် ကြေညာထားသူ တစ်ဦး ဖြစ်သည်။
သူတို့မှာမူ လျှို့ဝှက်အရှင် တစ်ပါးနှင့် ကြယ်တာရာ သခင် တစ်ဦးမျှသာ ဖြစ်ကြပေသည်။ သူ့ထံမှ ရရှိသော မျက်နှာသာပေးမှု တစ်ခုတည်းကပင် သူတို့၏ ကမ္မ တန်ဖိုး များကို အကြိမ်တစ်ထောင်တိုင်တိုင် အကုန်အစင် ထုတ်သုံးခြင်းထက် များစွာ ပိုမို ကြီးမားလှပေသည်။
'လက်တွဲဖော် တစ်ယောက်အနေနဲ့ ကိုယ်ဘာတွေ ပေးဆပ်နိုင်သလဲ ဆိုတာပေါ် မူတည်ပြီး ကိုယ့်ကို အဓိပ္ပာယ် ဖွင့်ဆိုကြတယ် ဆိုတာကို နားလည်ထားပါ... အဲဒါက ဖြူစင်တဲ့ အချစ်၊ သစ္စာရှိမှု၊ စည်းစိမ်ဥစ္စာ၊ အကာအကွယ် ဒါမှမဟုတ် တခြား ဘာပဲဖြစ်ဖြစ်ပေါ့... ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာအတွက် ဂုဏ်ယူပါ... တခြားသူတွေက ကိုယ့်ရဲ့ တောက်ပမှုအောက်မှာ ခိုလှုံချင်ကြတဲ့အတွက် ပိုပြီးတော့တောင် ဂုဏ်ယူလိုက်ပါ့...'
ဝေ့ဝူယင်သည် မေ့မေ့၏ စကားများကို ပြန်လည် သတိရလိုက်သည်။ ခေါင်းဆောင်မှုနှင့် ဆက်ဆံရေးဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်၍ သူမသည် အစောပိုင်း ကတည်းက သူ့ကို လမ်းညွှန်ပေးခဲ့ဖူး၏။ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးများသည် မှားယွင်းနေခြင်း မဟုတ်ကြောင်း သူ့ကို နားလည်စေခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် စစ်မှန်သော စိတ်ခံစားချက်များသည်လည်း ထိုနည်းတူ အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့ပြီး ၎င်းကို မျိုးစေ့ချကာ အံ့သြဖွယ်ကောင်းသော အရာတစ်ခုအဖြစ် ကြီးထွားခွင့်ပေးလိုက်ရန် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ မလိုကြောင်း သင်ပြပေးခဲ့ပေသည်။
သူမသည် လက်တွေ့ကျသူ၊ အကျိုးသင့်အကြောင်းသင့် တွေးခေါ်တတ်သူနှင့် ပွင့်လင်းဖြောင့်မတ်သူ တစ်ဦး ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် သူမသည် စိတ်ကူးယဉ်ဆန်သည့် စံနမူနာများကိုလည်း ပြသတတ်ပေသည်။
ငယ်ရွယ်စဉ်ကတည်းက ကလဲ့စားချေလိုစိတ်ဖြင့် တွန်းအားပေးခံခဲ့ရပြီး သူ၏ တာဝန်ကို ပြီးမြောက်ပြီးနောက် မကြာမီမှာပင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုသော အတွေးများဖြင့် ဖိစီးခံခဲ့ရသူ တစ်ဦးအနေဖြင့် သူ၏ စရိုက်လက္ခဏာနှင့် ရည်မှန်းချက် အသိအမြင်ကို တည်ဆောက်ရန် ဤခိုင်မာသော အခြေခံအုတ်မြစ်များ လိုအပ်ခဲ့ပေသည်။ ၎င်းက သူ့ကို အင်အားစုတစ်ခု ကြီးထွားလာစေရန်သာမက အချစ်ကိုပါ ရှင်သန်လာစေရန် အခွင့်အရေး ပေးခဲ့ပေသည်။
ဝေ့ဝူယင် စိတ်ထဲမှ စုမေ့ကို နောက်တစ်ကြိမ် ကျေးဇူးတင်လိုက်မိပြန်သည်။
"ဘယ်လို ခံစားနေရလဲ..."
ထိုအခိုက်အတန့်တွင်ပင် ဘုရင် ၏ အသံသည် အခြားသူများ၏ အာရုံခံစားမှုများကို ရှောင်ကွင်းကာ သူ၏ စိတ်ထဲတွင် လျှို့ဝှက်စွာ ပဲ့တင်ထပ်လာခဲ့လေသည်။
***