မျက်ရည်သွန်းဖြိုးစေ
Vol. 27 Ch. 377
အန်လင်းက မြူခိုးများ တဖြည်းဖြည်း လွင့်ပါးသွားရာကို ကြည့်လိုက်ပြီး သူအနိုင်ရရှိသော ကျင့်ကြံခြင်းနည်းလမ်း၏ အမည်မှာ တဖြည်းဖြည်း ပေါ်ထွက်လာ၏။
အမည်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် အန်လင်းမှ မယုံနိုင်စွာနှင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဝှစ်...
စနစ်မှ မန္တန်နည်းလမ်းမှာ အန်လင်း၏ ကိုယ်ထဲသို့ အလင်းတန်းတစ်ခုနှင့် ပေါင်းစည်းလာ၏။
"မျက်ရည်သွန်းဖြိုးစေ မန္တန်နည်းလမ်း : တစ်ကြိမ်တွင် ပစ်မှတ်တစ်ဦးစီတိုင်းကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နိုင်၏။ ခံရသူမှာ ပြန်လည်မကောင်းမွန်နိုင်သော ပူဆွေးခြင်းအာရုံထဲသို့ နက်ရှိုင်းစွာ ကျရောက်သွားပေလိမ့်မည်။ သို့သော် ကျင့်ကြံခြင်း အခြေခံ မြင့်သော ကျင့်ကြံသူများမှာတော့ မန္တန်နည်းလမ်းအား အစွမ်းထက်သော ခံနိုင်ရည်ရှိပေလိမ့်မည်။
မှတ်ချက် : ဤမန္တန် နည်းလမ်းမှာ တစ်နေ့တွင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး တာအိုစုစည်းခြင်း အဆင့်ကျင့်ကြံသူများပေါ်သို့ လုံးဝ မကျရောက်နိုင်ပါပေ။"
"ဒါက..." အန်လင်းက နေရာ၌ပင် ကြောင်ရပ်နေတော့သည်။ သူက ပြောစရာစကားလုံးများ ပျောက်ရှနေတော့၏။
ဤကဲ့သို့ ထူးဆန်းလှသည့် အမည်နှင့် မန္တန်နည်းလမ်းတစ်ခုက ကမ္ဘာပေါ်တွင် မည်သို့ရှိနေရသနည်း။
လူတွေကို ငိုအောင်လုပ်ရသည်မှာ မလွယ်ကူပေဘူးလား။ သူက ဒီအတိုင်း မျက်ရည်ကျသည်အထိ ရိုက်လို့ရနိုင်ပေ၏။
"အဆင်ပြေရဲ့လား အစ်ကိုကြီး အန်။ ဝုတ်..." တပိုင်က အန်လင်း၏ မျက်နှာပေါ်မှ ထူးဆန်းသည့် အမူအရာကို တွေ့ကာ မေးလာ၏။
အန်လင်းက တပိုင်ကိုကြည့်လိုက်ပြီး နိမိတ်မကောင်းသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာလေ၏။
တပိုင်က မသိလိုက်မသိဘာသာ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွား၏။ "ငါ့ကို ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ အစ်ကိုကြီး အန်။"
"တပိုင် မင်းနောက်ဆုံးတစ်ခေါက် ငိုခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ။" အန်လင်းက မေးလိုက်၏။
"ငါက အစွမ်းထက် အံ့ချီးခွေးလေ။ အဲ့တော့ သေချာပေါက် ဘယ်တုန်းကမှ မငိုခဲ့ဖူးဘူးပေါ့။ ငါက မွေးကတည်းက တစ်ခါတောင် မငိုဖူးဘူး။" တပိုင်က ဂုဏ်ယူသောအပြုံးတစ်ခုနှင့် သူ့ခေါင်းကို မော့လာတော့၏။
ထို့နောက် ချက်ချင်းပင် သူ့စိတ်မှာ အကြောင်းတစ်ခုခုကြောင့် ပုံရိပ်တစ်သီတစ်တန်းကြီးနှင့် ရုတ်တရက် ညှင်းဆဲခံလိုက်ရ၏။ သူက သူ့အမေသည် သူတို့ပြည့်တန်ဆာအိမ်သွားသည်ကို မိသွားပြီးနောက် သူ့အဖေနှင့် သူ့အား မည်သို့ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်ကို ပြန်သတိရလာ၏။ သူက မခွဲခွာမီ ချင်ဟွား၏ စကားလုံးများကို သတိရလာ၏။ သူက ခွေးစာထုတ်လုပ်ခြင်းအမွေရရှိခဲ့၍ စိတ်အားငယ်ခြင်းကို သတိရလာ၏။ ထို့ပြင် သူက အေးစက်လွန်းလှသော မြေပြင်တွင် မြှုပ်နှံခံရရန်အတွက် သစပင်မှ ကြွေကျလာသော ဆောင်းဦးသစ်ရွက်များ၏ ပူဆွေးခြင်းဆီသို့ စာနာမှုများ ဖြစ်ပေါ်လာတော့၏...။
သူ့၏ ခံစားချက်များ အားလုံးက ထိုအချိန်၌ ဆည်ကျိုးတစ်ခုကို ဖြတ်ကာ အရှိန်ပြင်းပြင်း စီးလာသည့် ရေကြီးသောရေများကဲ့သို့ ထိုးထွက်လာတော့သည်။
တပိုင်းက ရုတ်တရက်ကြီး အစွမ်းကုန် ငိုကြွေးလာတော့၏။
အန်လင်း၏ မျက်လုံးများက နယ်မြေသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ တောက်ပလာတော့၏။
မျက်ရည်သွန်းဖြိုးစေ မန္တန်နည်းလမ်းမှာ လုံးဝပင် မရိပ်မိနိုင်ပါချေ။ မန္တန်နည်းလမ်းက တပိုင်အပေါ်တွင် အကျိုးမသက်ရောက်မီတွင် မည်သည့် သက်ရှိစွမ်းအင် အတက်အကျဖြစ်ခြင်းများမှ မရှိပါပေ။
ထို့အပြင် မန္တန်နည်းလမ်း အသက်သွင်းခြင်းနှင့် ထိုသည်က အကျိုးသက်ရောက်ခြင်းကြားတွင် အချိန်ကွာခြားချက်မရှိပါပေ။
တကယ့်ကို အံ့ချီးနည်းလမ်းတစ်ခုပဲ...။
"အစ်ကိုကြီး အန်၊ ဝါး... မင်းငါ့ကို ဘာလုပ်လိုက်တာလဲ ဝါး..."
တပိုင်က သူ့မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ကာ အန်လင်းကို ကြီးမားပြီး အရည်လဲ့နေသော မျက်လုံးကြီးများဖြင့် ကြည့်လာ၏။
"ငါက မင်းရဲ့ ပထမဆုံးကို ယူလိုက်တာနဲ့ပဲ ဒီလောက်ကြီး ငိုဖို့ ထိုက်တန်ရဲ့လား။" အန်လင်းက တပိုင်၏ ခေါင်းကို နူးညံ့သော အမူအရာနှင့် ပွတ်ပေးလိုက်၏။
"အစ်ကိုကြီး အန်၊ နင်... နင်အရမ်းလွန်သွားပြီနော်။ ငါက ဘာများလုပ်မိလို့လဲ။ ဝါး... မကောင်းဆိုးဝါးကောင်... ဝုတ်..." တပိုင်မှာ ဝမ်းနည်းခြင်း၏ အာရုံထဲတွင် လွှမ်းမိုးခံလိုက်ရပြီး အစွမ်းကုန် ငိုကြွေးချင်သည်မှလွဲ၍ မည်သည်ကိုမှ မလိုချင်တော့ပါပေ။ အန်လင်း၏ စကားများကို နားထောင်ပြီးသည့်နောက် သူက အန်လင်းက သူ့အား အညှာအတာမဲ့ အနိုင်ကျင့်သည့်အချိန်များကို သတိရလာပြီး ထိုမှတ်ဉာဏ်များက သူ့၏ ပူဆွေးမှုကို ဆတိုးစေကာ သူက ပိုမို ကြမ်းတမ်းစွာ အော်ဟစ်ငိုကြွေးလာတော့သည်...။
အန်လင်း၏ အိတ်ကပ်က အနည်းငယ် အသံမြည်လာကာ ပြန်ငြိမ်သွားတော့၏။
ရှောင်ဟုန်က နိုးလာခဲ့ပြီး တပိုင်နှင့် အန်လင်းကြားမှ ကြောက်မက်ဖွယ် စကားဝိုင်းမှာ ချက်ချင်းပင် သူမ၏ မျက်လုံးများကို အညှာအတာမဲ့ ပြန်ပိတ်သွားစေ၏။ သူမက နိုးလာချိန်တွင် ဆိုနေကျ သီချင်းကို ဆိုရန်ပင်မေ့သွားပြီး အန်လင်း၏ စိတ်ဝင်စားမှုကို ရရှိမည်ကို ကြောက်လန့်နေပေတော့သည်။
အန်လင်းက တပိုင်ရဲ့ ပထမဆုံးကို ယူလိုက်တယ်လား။
အဲ့တာက... အဲ့တာက တော်တော်ကို ကြောက်စရာကောင်းတာပဲ။ သူက အခုခွေးတွေနောက်ကိုလည်း လိုက်နေပြီလား။
အန်လင်းက နောက်ဆုံးတော့ သူ့ရဲ့ကိုယ်ပိုင် စိတ်ဝိညာဉ် သားရဲတွေအပေါ်ကို အကွက်ရွေ့တော့မည်လား။
သူက လူသားတွေကနေ တိရစ္ဆာန်တွေကို အဆင့်တက်လာနေပြီ။ နောက်ဆိုရင် တိရစ္ဆာန်တွေကနေ အပင်တွေဆီရောက်လာမှာလား။
ရှောင်ဟုန်က သူမ၏ အတွေးရထားကြီးနောက် လိုက်ရင်း ပိုပို၍ပင် ကြောက်လန့်လာတော့၏။ သူမက အန်လင်း၏ အိတ်ကပ်ထဲတွင် ထိုင်နေရင်း ကြောက်လန့်မှုနှင့် ခိုက်ခိုက်တုန်နေပြီး သူမ၏ အနာဂတ်အတွက် အလွန်စိုးရိမ်ပူပန်စပြုလာတော့၏...။
တပိုင်က ၁၅မိနစ်ခန့်ငိုနေပြီး မျက်ရည်များ ခြောက်ခန်းသွားတော့၏။
အန်လင်းက တပိုင်၏ ပတမဆုံးအကြိမ်ကို ယူလိုက်ပြီး အနည်းငယ်တော့ အပြစ်ရှိသလို ခံစားရပါ၏။ သူက မျက်ရည်သွန်းဖြိုးစေ မန္တန်နည်းလမ်းက အလွန်အစွမ်းထက်မည်ဟု မမျှော်လင့်ထားပါပေ။ တပိုင်မှာ သူနဲ့တူသော ကျင့်ကြံခြင်းအခြေခံရှိလေ၏။ သို့ဖြစ်၍ သူက မန္တန်နည်းလမ်းက တပိုင်အပေါ်တွင် အလွန်ထိရောက်ပေလိမ့်မည်ဟု မမျှော်လင့်ထားပါပေ။
"ငါတောင်းပန်ပါတယ် တပိုင်။ ငါက မင်းအခု ကျခဲ့ရတဲ့မျက်ရည်တွေရဲ့ ဆယ်ဆ အပြုံးတွေ ပြန်ပေးပါ့မယ်။ ငါမင်းကို ပျော်အောင်ထားပါမယ်။" အန်လင်းက တောင်းပန်လိုက်၏။
ရှောင်ဟုန်က သူတို့နှစ်ယောက်ကို ခိုးနားထောင်နေရင်း သက်ပြင်း ချလိုက်လေ၏။ အနည်းဆုံးတော့ သူ့သခင်က စားပြီးနားမလည် လုပ်တတ်သော ဆန်ကုန်မြေလေး အမျိုးသားတစ်ချို့လို မဟုတ်ပါပေ။
တပိုင်က သူ့၏ လက်များကို လက်ခုတ်တီးလိုက်ကာ ဆန္ဒပြလိုက်၏။ "မလိုဘူး။ မင်းက ငါ့ရဲ့ ပထမဆုံးအကြိမ်ကို ယူသွားတာ။ မင်းက ငါ့ကို အင်မော်တယ်ဆေးတောင့် တစ်တောင့်နဲ့ ပြန်ပေးဆပ်ရမည်။ ဝုတ်..."
ရှောင်ဟုန်က တပိုင်၏ စကားလုံးများကြောင့် ထိတ်လန့်သွား၏။ သူမက သူမကိုယ်သူမတွေးလိုက်၏။
တပိုင်ရဲ့ ပထမဆုံးအကြိမ်က အင်မော်တယ် ဆေးတောင့် တစ်တောင့်ပဲ တန်တာလား။ ဟင်... ငါသာဆို အနည်းဆုံးသုံးခုတောင်းမှာ။
ဟမ်... မဟုတ်ပါဘူး။ ငါက ဘာတွေ လျှောက်တွေးနေတာလဲ...။ တကယ်လို့ သခင်က ကြောက်မက်ဖွယ်အရာတွေ ငါ့ကိုသာ လာလုပ်ခဲ့ရင် ငါသူ့ကို သေအောင်မီးရှို့ပစ်မယ်။ ငါက သူ့ရဲ့ အပြစ်တွေကို ဆေးကြောဖို့အတွက် နေရဲ့ သန့်စင်ပေးတဲ့ စွမ်းအင်ကို သုံးပစ်မယ်။
အန်လင်းက တပိုင်၏ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုချက်ကြောင့် အနည်းငယ်စိတ်တိုလာပြီး တပိုင်ကို နောက်ထပ် သင်ခန်းစာပေးရန် သူ့လက်သီးကို မြှောက်ဖို့ပြင်လိုက်၏။
သို့သော်လည်း သူက သူ့အိတ်ကပ်ထဲမှ အပူလှိုင်းတစ်ခု ဖြတ်သွားသည်ကို ရုတ်တရက်ခံစားလိုက်ရ၏။
"ဟင်... ရှောင်ဟုန် မင်းအဆင်ပြေရဲ့လား။" သူကရှောင်ဟုန်ကို အိပ်ကပ်ထဲမှ ထုတ်လိုက်ပြီး စိုးရိမ်စွာ မေးလိုက်၏။
သို့သော် ရှောင်ဟုန်က မပြောင်းလဲပဲ ကျန်နေကာ မည်သည့် တုန်ပြန်ချက်မှမရှိပဲ တိတ်ဆိတ်နေ၏။
အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး သူမ၏ နူးညံ့သော အနီရောင် ပွင့်ချပ်များကို ပုတ်လိုက်၏။ ရှောင်ဟုန်ထဲမှ မည်သည့် တုန့်ပြန်ချက်မှ မရသေးပါပေ။ ထို့ကြောင့် သူက သူမကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။
သူမက အိပ်နေတုန်းလား။ အဲ့တာဆို သူ့အိတ်ကပ်ထဲက အပူလှိုင်းတစ်ခုဖြတ်သွားတာက သူစိတ်ထင်တာလား။
ရှောင်ဟုန်က အန်လင်း၏ အိတ်ကပ်ထဲသို့ ပြန်ထည့်ခံလိုက်ရပြီးနောက် သူမ၏ ဖြတ်ထိုးဉာဏ်ရွှင်မှုကို အောင်ပွဲခံသည့် အနေဖြငိ့ သက်ပြင်းချလိုက်၏။
အန်လင်းက တပိုင်၏ တောင်းဆိုချက်ကို လက်ခံလိုက်ပြီး ကောင်းကင်ဘုံခုံရုံးသို့ ပြန်ရောက်သည့်အခါ ပုလဲကဲ့သို့ အဖိုးတန်သော သူ့မျက်ရည်များအတွက် လျော်ကြေးအဖြစ် သူ့အား အဆင့်၈ အင်မော်တယ် ဆေးတောင့် တစ်တောင့်ပေးရန် သဘောတူလိုက်၏။
အန်လင်းက အစပိုင်းတွင် တပိုင်အား သူ့လက်သီးများဖြင့် သင်ခန်းစာပေးရန် စီစဉ်ထားခြင်းပင်.
သို့သော်လည်း သူက မကြာမီတွင်ပင် စိတ်ဓာတ်ကျဖွယ် အကြောင်းအရာတစ်ခုကို ရှာတွေ့သွား၏။ သူက သရဲလောက၏ မူရင်းစွမ်းအားကို အသုံးပြုခြင်း၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကြောင့် လုံးဝ မောပန်းနေဆဲဖြစ်ကာ တပိုင်ဆီသို့ လက်သီးမာမာတစ်ချက်ပင် မထိုးနိုင်ပါပေ။ တပိုင်အား ကောင်းကင်ဘုံခုံရုံးသို့ပြန်ရန် မြင်းအဖြစ် အသုံးပြုရသည်ဟူသော အချက်ကို စဉ်းစားကာ သူ့၏ တောင်းဆိုမှုကို ချက်ချင်းပင် သဘောတူလိုက်၏။
အချိန်အများကြီး မကျန်တော့သောကြောင့် အန်လင်းက လင်းကျွင်းကျွင်းနှင့် တွေ့ဆုံရန်ကို ရွှေ့ဆိုင်းလိုက်၏။
သို့ဖြစ်၍ တပိုင်က အန်လင်းကို ကောင်းကင်ဘုံခုံရုံးသို့ ပြန်ခေါ်လာတော့သည်။
စုပေါင်းညီညွတ်ကျောင်းတော်ကြီးဆီသို့ ပြန်ရောက်ပြီးနောက်တွင် လွန်ခဲ့သော ၁၀ရက်က ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို မေးရန် သူ့သူငယ်ချင်းအများအပြား ရောက်လာကြ၏။
အန်လင်းက ခရမ်းကြယ်စင် အပျက်အစီးထဲမှ သူ့အတွေ့အကြုံကို အကြမ်းဖျင်းပြန်ပြောပြလိုက်၏။ သို့သော်လည်း ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းမှာ မူလတည်နေရာမှ ရွေ့သွားပြီဖြစ်သည်ကို ထိုအကြောင်းကို လူအနည်းငယ်သာသိသည်က အကောင်းဆုံးဟု တွေးမိသောကြောင့် မည်သူ့ကိုမှ မပြောပြပါပေ။
ထို့နောက်သည်တော့ အနားယူပြီး ပြန်လည်ကောင်းမွန်သည့် အချိန်ကာလတစ်ခုဖြစ်သည့်အပြင် သူ့၏ အသစ်စက်စက်ရရှိထားသော အမွေများကို စူးစမ်းရန် အချိန်လည်းဖြစ်၏။
မြူခိုး အင်မော်တယ်နည်းလမ်း၊ ရှောင်ယန် စစ်မှန်နဂါး မန္တန်၊ အထူမြူနှင်း၊ စက်ပိုင်းဆိုင်ကာ အင်ဂျင်နီယာလုပ်ငန်း၊ အရိပ်နတ်ဆိုး အမွေများနှင့် မြူခိုးအင်မောတယ်နည်းလမ်း မန္တန်နည်းလမ်း။ သူက ကျင့်ကြံခြင်းနည်းလမ်းအသစ်များအများအပြားကို ရရှိထားပြီး ထိုအကြောင်းကို ပြောပြပါက မည်သူမှ ယုံကြမည် မဟုတ်ပါချေ။
နောက်တစ်နေ့မနက်ခင်းတွင် အန်လင်း၏ ခန္ဓာကိုယ်မှာ တိမ်ဖြူအသွင် ပြောင်းနေပြီး သူ မနက်ခင်းနေရောင်အောက်တွင် တရားထိုင်သော လပြည့်ဝန်းတောင်သို့ မြောလာခဲ့၏။
ညနေပိုင်း၌ အန်လင်းက ရှောင်ယန် စစ်မှန်နဂါး မန္တန်ကို အသက်သွင်းကာ သူ့၏ နည်းလမ်းကိုလေ့ကျင့်စဉ်တွင် တောင်တန်းများကို ဖြတ်သန်းကာမြည်ဟီးနေသည့် အသံအကျယ်ကြီးများကို ဖန်တီးနေပေ၏။
အာရုဏ်ဦး၌ အန်လင်းက အထူမြူနှင်း မန္တန်နည်းလမ်းကို အသုံးပြုကာ ကျောင်းပတ်လည်ရှိ ရုပ်ဒြပ်မရှိသော ရွှေရောင်တိမ်တိုက်များကို နူးညံ့သော ဒြပ်ရှိသည့် အိပ်ယာအဖြစ်သို့ စုခဲစေ၏။ ထို့နောက် သူက စုရှောင်လန်နှင့်အတူ တိမိတိုက်များပေါ်တွင် လှဲနေကာ ကျောင်းနှင့် ကျင့်ကြံခြင်းတွင် သူတို့ကြုံရသော အခက်အခဲများအကြောင်းနှင့် စိတ်ဝင်စားဖွယ် အတွေ့အကြုံများကို ဆွေးနွေးနေတော့၏။
ညဖက်တွင်တော့ အန်လင်းက အမှောင်ထုထဲ တိုးဝင်ကာ လေဟာနယ် အက်ကွဲကြောင်း အတွင်းနှင့်အပြင်ကို ခုန်ဝင်ကာ သရဲကဲ့သို့ ပုံရိပ်ဖြစ်ပေါ်စေ၏။
သူ့၌ အချိန်ပိုရှိပါက စက်ရုပ်များထဲမှ အင်ဂျင်ဝိုင်များကို လဲကာ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ဗဟုသုတများကို အလေအလွင့်မရှိစေရန် သေချာစေလိုက်၏။
သူ့၏ မျက်ရည်သွန်းဖြိုးစေ မန္တန်နည်းလမ်းပင်လျှင် အသုံးပြုမှု အများကြီးကို ရနေပေ၏။ သူက ပိုးကောင်လေးများကို ငိုအောင်လုပ်၏။ သူက မြေခွေးများကို ငိုအောင်လုပ်၏။ သူက ငှက်ကလေးများကို ငိုအောင်လုပ်၏။ သူက ရှောင်ဟုန်ကိုပင် သူ့၏ မကောင်းဆိုးဝါး စမ်းသပ်ချက်များ အောက်တွင် အညံ့ခံစေ၏။
ထိုနေ့က ရှောင်ဟုန်၏ မျက်ရည်များက ပြတင်းပေါက်အောက်ခြေဘောင်တစ်ခုလုံးကို စိုရွှဲနေစေ၏။
နောက်တစ်နေ့တွင် အန်လင်းက သူ့၏ ဆံပင်များ မီးလောင်နေသည်ကို တွေ့လိုက်ရ၏။ သို့ဖြစ်၍ သူက တိုရှုအိုင်း နန်းတော်ဆီသို့ပြေးသွားကာ ယီရှီဆီမှ ဆံပင်ပေါက်ဆေးတစ်ခု တောင်းလိုက်၏။
အချိန်များက အကုန်မြန်လေ၏။ အန်လင်းသည်လည်း လဝက်ကြာပြီးနောက် သူ့၏ နည်းလမ်းအသစ်များအားလုံးတွင် ကျွမ်းကျင်နေလေပြီ။
ထိုနေ့ နံနက်ခင်းတွင် အန်လင်းက စောစောနိုးနေပြီး သူ့၏ မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပနေလေ၏။
သူက ချက်ချင်းပင် စိုးရိမ်ပူပန်လာပြီး တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားလာ၏။ သို့သော် အားလုံးထဲတွင် သူက သွားရန် စိတ်အားထက်သန်နေလေတော့သည်။
တပိုင်၊ ရှောင်ဟုန်နှင့် ရှောင်ချိုးတို့က စုပေါင်းကာ အန်လင်းကို စောင့်နေကြ၏။
စုရှောင်လန်၊ ရွှမ်ယွမ်ချန်နှင့် စုချန်းရန်တို့က သူတို့မျက်လုံးများထဲတွင် မျှော်လင့်စောင့်စားမှုနှင့် လပြည့်ဝန်းတောင်ထိပ်သို့ လာခဲ့ကြ၏။
အန်လင်းက တံခါးဆီမှ အပြုံးလေးတစ်ခုနှင့် လျှောက်လာလေ၏။ "စလိုက်ကြစို့။ ဒီနေ့က ငါလေး ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်မဲ့နေ့ပဲ။"
***