အခန်း ၃၂၁+၃၂၂
Vol. 23 Ch. 321-322
အပိုင်း(၃၂၁)
အရည်အချင်းစစ်ဆေးမှု ပြီးဆုံးပြီး သုံးရက်အကြာတွင် မျိုးဆက်သစ် စကိုင်းဆွန်း သင်တန်းသားများကို ကြိုဆိုသည့် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်။ တစ်နေ့ထက်တစ်နေ့ မိုးကုတ်စက်ဝိုင်းကို ပိုမို ဝါးမျိုလာနေသော အနီရောင် အလင်းတန်းကြီးကို ထောက်ထား၍ ပုံမှန်အားဖြင့် ကျင်းပလေ့ရှိသော စားပွဲသောက်ပွဲနှင့် အောင်ပွဲခံ အခမ်းအနားတို့ကို အကျဉ်းချုံးလိုက်ရ၏။
ဝင်ခွင့်ရသူတိုင်းကို တိမ်တိုက်ပုံစံ ရေးဆွဲထားသော အစိမ်းရောင် ရင်ထိုးတစ်ခုစီ ပေးအပ်ခဲ့သည်။ ထိုရင်ထိုးသည် သင်တန်းဆင်းပြီး စကိုင်းဆွန်း သံချပ်ကာဝတ်စုံ မရရှိမီအချိန်အထိ သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ပြသပေးမည့် အမှတ်အသားဖြစ်၏။
ထို့နောက် သူတို့ကို စကိုင်းဆွန်း အဆင့်နိမ့် အရှင်သခင် က ကိုယ်တိုင်ကိုယ်ကျ အတိုချုံး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ သူသည် ဤအခမ်းအနားအတွက် သင့်တင့်လျောက်ပတ်စွာ ပြင်ဆင်လာခဲ့သဖြင့် ဆံပင်များကို သေချာစွာ လျှော်ဖွပ်ကာ နောက်သို့ သိမ်းဆည်းချည်နှောင်ထားသည်။ ထို့ကြောင့် သူ၏ ဘယ်ဘက်ပါးပြင်ထက်ရှိ အမာရွတ်ကြီးကို ထင်ရှားစွာ မြင်တွေ့နေရ၏။ သူသည် သံချပ်ကာဝတ်စုံကိုပင် ချွတ်ထားခဲ့ပြီး ယူနီဖောင်းနှင့်တူသော သေသပ်လှပသည့် အထပ်ထပ် ဝတ်စုံကိုသာ ဝတ်ဆင်ထားလေသည်။
လင်းတုန်း နှင့် ယီရင် တို့ အလှည့်တွင်မူ သူက ရင်ထိုးကို အကြမ်းပတမ်း ပစ်ပေးခဲ့ပြီး မည်သည့် နှုတ်ခွန်းဆက်စကားမှ မပြောခဲ့ပေ။ သို့သော် လင်းတုန်း ကမူ ဂရုမစိုက်ခဲ့ချေ။ အဆင့်နိမ့် အရှင်သခင် နှင့် နောက်နောင် ထိတွေ့ဆက်ဆံရမှုများကို တတ်နိုင်သမျှ လျှော့ချရန်သာ သူ ဆန္ဒရှိနေသည်။ ထိုအရာက ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပုံရ၏။
နောက်ဆုံးတွင် သင်တန်းသား ခြောက်ဆယ်စလုံး ရင်ထိုးများ ရရှိပြီးသွားသောအခါ လမ်းညွှန်ချက်များ နားယူရန် ထိုင်ချလိုက်ကြသည်။ အစစ်အမှန် ရွှေအဆင့် အဆင့်ရှိသော တင်းပြည့်ကျပ်ပြည့် စကိုင်းဆွန်း အယောက်နှစ်ဆယ်သည် အခန်း၏ နံရံများတစ်လျှောက် တန်းစီရပ်နေကြပြီး သင်တန်းသားများ၏ စားပွဲများကို လှမ်းကြည့်နေကြ၏။
သူတို့သည် နှစ်ယောက်တစ်တွဲစီ ရပ်နေကြသည်။ သူတို့အထဲတွင် ရန်ဖေး နှင့် ပိုင်ရို တို့ကို မြင်လိုက်ရသောအခါ သူတို့မှာ တွဲဖက်များ ဖြစ်ရမည်ဟု လင်းတုန်း က ယူဆလိုက်၏။
အဆင့်မြင့် ရွှေအဆင့် စားပွဲနှင့် အဆင့်နိမ့် ရွှေအဆင့် စားပွဲများကို သီးခြားစီ ခွဲထားသည်။ အဆင့်မြင့် ရွှေအဆင့် တစ်ယောက်အတွက် အဆင့်နိမ့် ရွှေအဆင့် ငါးယောက်နှုန်း ရှိနေ၏။ လင်းတုန်း ၏ စားပွဲမှ ကျောင်းသား တစ်ယောက်မကသော သူများက အဆင့်မြင့်သော စားပွဲဆီသို့ မနာလိုသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။ ပို၍ အဆင့်မြင့်သော သင်တန်းသား အချို့ကလည်း မောက်မာသော အကြည့်များဖြင့် ပြန်လည် ကြည့်ရှုနေကြ၏။
ယီရင် ကမူ အိပ်ပျော်တော့မည့်အလား ဖြစ်နေသည်။ သူမ၏ ဓားလက်တံများမှာ ပြန့်ကျဲနေပြီး သူမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေသော သူများကို ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေ၏။
နာရူကွေ့သည် စားပွဲများကြားသို့ လျှောက်လာရာ သူ၏ မျက်နှာအမူအရာမှာ ဤနေရာမှလွဲ၍ အခြား မည်သည့်နေရာကိုမဆို သွားချင်နေပုံရသည်။ လင်းတုန်း ၏ အဖြူရောင် လက်တုက စားပွဲပေါ်မှ ရုန်းထွက်ရန် ကြိုးစားနေသော်လည်း သူက အတင်းဖိချကာ ထိန်းချုပ်ထားရ၏။ လင်းတုန်း ၏ ဘေးတွင် ထိုင်နေသော အော်သို မှာလည်း ငြိမ်သက်တိတ်ဆိတ်စွာ နေနိုင်ရန် အားယူနေရသည်။ လိပ်ကြီး၏ ဝိညာဉ်အတွင်းမှ ကြိုးပမ်းအားထုတ်မှုများနှင့် သူ၏ အခွံမှ ထွက်ပေါ်လာသော ထူထပ်သည့် အခိုးအငွေ့တိုင်ကြီးကို လင်းတုန်း ခံစားသိရှိနိုင်ပေသည်။
"မင်းတို့ကို အဖွဲ့တွေ ခွဲပေးလိမ့်မယ်..."
ခေါင်းဆောင် က နံရံပတ်လည်ရှိ တင်းပြည့် စကိုင်းဆွန်း များကို ခေါင်းဆတ်ပြရင်း နောက်ဆုံးတွင် ပြောလိုက်သည်။
"စကိုင်းဆွန်း နှစ်ယောက်တစ်တွဲတိုင်းက အဆင့်နိမ့် ရွှေအဆင့် ငါးယောက်နဲ့ အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို ရလိမ့်မယ်... ပုံမှန်အားဖြင့်တော့ ပျောက်ဆုံးနေတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရှာဖွေတာဖြစ်ဖြစ် သတင်းစကား ပါးတာဖြစ်ဖြစ် မင်းတို့ရဲ့ အဆင့်နဲ့ ကိုက်ညီတဲ့ အလုပ်တွေကနေ စတင်ခိုင်းရမှာပဲ... ဒါပေမဲ့ အခုတစ်ခေါက်တော့ အဲဒီလို အေးအေးဆေးဆေး လုပ်နေဖို့ အချိန်မရှိဘူး..."
အခန်းတစ်ခုလုံးမှာ အလွန် တိတ်ဆိတ်နေသဖြင့် အော်သို ၏ အသက်ရှူသံက ဖားဖိုကြီးတစ်ခု လေမှုတ်နေသကဲ့သို့ ကျယ်လောင်နေ၏။ သင်တန်းသား မည်သူကမျှ အသံထွက်ရဲပုံ မပေါ်ပေ။
"ငါတို့က လူငယ်တွေထဲကနေ ပိုကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေကို အမြဲ ရွေးချယ်လေ့ရှိတယ်... ဒါက မလုပ်မဖြစ် လုပ်ရတဲ့ ကိစ္စပဲ... ဘာလို့လဲဆိုတော့ မင်းရဲ့ လက်နက်က ပိုကြီးလေလေ အဲဒါကို ဆွဲထုတ်ရတဲ့ အကြိမ်ရေ ပိုနည်းလေလေ ဖြစ်လို့ပဲ... ငါတို့ဆီမှာ အင်ပါယာ တစ်ခုလုံးအတွက် အကြီးမားဆုံးသော တူကြီး ရှိနေတယ်ဆိုတာ လူတိုင်း သိကြတယ်..."
အဆင့်မြင့် ရွှေအဆင့် စားပွဲထံမှ အားမပါသော အောင်ပွဲခံသံတစ်ခု ထွက်ပေါ်လာသော်လည်း နာရူကွေ့ က လျစ်လျူရှုထားလိုက်သဖြင့် ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားတော့၏။
"ငါတို့သာ ငြိမ်းချမ်းနေတဲ့ အချိန်ဆိုရင်တော့ မင်းတို့ရဲ့ လေ့ကျင့်ရေးအတွက် ဒီထက်ပိုမြင့်တဲ့ စံနှုန်းတွေ ထားရှိမှာပဲ... မင်းတို့ကို အင်ပါယာ ရဲ့ မူဝါဒတွေနဲ့ နိုင်ငံရေး ကစားသမားတွေ အားလုံးရဲ့ နာမည်တွေကို ရင်းနှီးကျွမ်းဝင်စေချင်တာပေါ့..."
သူက ထိုကိစ္စကို လက်ကာပြလိုက်သည်။
"အဲဒါတွေက အပိုတွေပါ... ငါတို့က အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရတာမို့ အရာအားလုံးကို အခြေခံအကျဆုံးအထိ လျှော့ချပစ်လိုက်ပြီ... မင်းတို့ဆီကနေ တစ်ခုတည်းသော အရာကိုပဲ ငါတို့ လိုအပ်တယ်... အဲဒါက တိုက်ခိုက်ဖို့ပဲ... ငါတို့ ပြောတဲ့အချိန် ငါတို့ ပြောတဲ့နေရာမှာ တိုက်ခိုက်ရမယ်... အင်ပါယာ ကြီးက ကန်ကျောက်ခံလိုက်ရတဲ့ ပုရွက်ဆိတ်တောင်ပို့ကြီးလို ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်... ပြီးတော့ ငါတို့ အာရုံလွှဲနေတဲ့ အချိန်မှာ အခွင့်ကောင်းယူချင်တဲ့ မြွေတွေ၊ ကြွက်တွေ ဆိုတာ အမြဲတမ်း ရှိနေတတ်တယ်... အဲဒီ သစ္စာဖောက်တွေရဲ့ လက်ကနေ... ပြီးတော့ တောင်ဘက်က အစစ်အမှန် ရန်သူ ရဲ့ လက်ကနေ အင်ပါယာ ကို ကာကွယ်ပေးဖို့ လိုအပ်လိမ့်မယ်..."
သူက ရင်ဘတ်အိတ်ကပ်ထဲမှ ကောက်ရိုးတံ ရှည်ရှည်တစ်ခုကို ဆွဲထုတ်လိုက်ပြီး စတင် ဝါးနေလိုက်သည်။
"ငါတို့က မင်းတို့ကို မီးတောက်တွေထဲမှာ နှစ်ပြီး ဆေးကြောပေးတော့မှာ... တိုက်ခိုက်စရာတွေက အများကြီး ရှိနေတယ်... ငါတို့က မင်းတို့ကို တိုက်ပွဲတစ်ခုပြီးတစ်ခုဆီ ခေါ်သွားမယ်... အဲဒီကြားထဲမှာ မင်းတို့အနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် စက္ကန့်တိုင်းကို အသုံးချပြီး ကြိုးစားရလိမ့်မယ်... အင်ပါယာ မှာ မင်းတို့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး..."
"အဆုံးသတ်မှာ ငါတို့အားလုံး အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင် မင်းတို့ရဲ့ လမ်းညွှန်ဆရာတွေဆီက အစီရင်ခံစာတွေ အားလုံးကို ငါ ကြည့်ရှုစစ်ဆေးမယ်... အမိန့်ကို နာခံပြီး ကိုယ့်ကိုယ်ကိုယ် ထူးချွန်အောင် စွမ်းဆောင်နိုင်တဲ့ သူတွေကိုတော့... အေးလေ... စကိုင်းဆွန်း လို့ ခေါ်ဝေါ်ဖို့ ငါ စောင့်မျှော်နေပါ့မယ်..."
သူက အနောက်ဘက်ရှိ အစိမ်းရောင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အစစ်အမှန် ရွှေအဆင့် တစ်ယောက်ကို ခေါင်းတစ်ချက် ဆတ်ပြလိုက်ပြီးနောက် လက်များကို အပေါ်ဝတ်ရုံထဲ ထည့်ကာ လျှောက်ထွက်သွားလေသည်။
ထိုမိန့်ခွန်းက တကယ်တော့ လင်းတုန်း ကို ခွန်အားဖြစ်စေခဲ့သည်။ တိုက်ပွဲတစ်ခုမှ တစ်ခုသို့ ကူးပြောင်းပြီး ကြားထဲတွင် လေ့ကျင့်ရန်သာ ရပ်နားရမည်ဆိုသော အချက်မှာ အီသန် က သူ့အတွက် နေ့စဉ် နေရာချပေးထားသည့် အခြေအနေမျိုးပင် ဖြစ်၏။ အကယ်၍ စကိုင်းဆွန်း ကသာ သူ့ကို ပိုမို မြန်ဆန်စွာ အဆင့်တက်လာစေရန် တွန်းအားပေးမည်ဆိုပါက ထိုအရာက သူ ဆန္ဒရှိနိုင်သမျှ အရာအားလုံးပင် ဖြစ်တော့သည်။
သို့သော် သူက သွေးနီလဂိုဏ်း နှင့် အလျင်စလို သွားရောက် တိုက်ခိုက်ချင်နေသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ ယီရင် ဝမ်းသာနေမည်မှာ သေချာ၏။
ပထမဆုံး စကိုင်းဆွန်း စုံတွဲက နာမည်များကို အစဉ်လိုက် ဖတ်ပြလိုက်ပြီး အဆင့်နိမ့် ရွှေအဆင့် ငါးယောက်နှင့် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို ခေါ်ယူလိုက်သည်။ ရှစ်ယောက်ပါဝင်သော အဖွဲ့က တန်းစီ၍ ထွက်သွားကြရာ အခန်းထဲရှိ လူငယ် ကျင့်ကြံသူ များအားလုံးက သူတို့အလှည့်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြ၏။
ထိုအထဲတွင် လင်းတုန်း လည်း ပါဝင်သည်။ အတူတကွ အလုပ်လုပ်ခဲ့ဖူးသည့် သမိုင်းကြောင်းအရ ယီရင် နှင့် သူ့ကို တစ်ဖွဲ့တည်း ထားပေးမလား သို့မဟုတ် ဂိုဏ်းတစ်ခု သို့မဟုတ် မိသားစုတစ်ခုတည်းမှ လာသူများကို သီးခြားစီ ခွဲထားမည်လား ဆိုသည်ကို သူ တွေးတောနေမိ၏။
ရွေးချယ်မှု လုပ်ငန်းစဉ် ဆက်လက် လုပ်ဆောင်နေစဉ်အတွင်း အချက်နှစ်ချက်ကို သူ သတိပြုမိသွားသည်။ ပထမအချက်မှာ အခန်းထဲရှိ ကျင့်ကြံသူ အများစုသည် အဓိက ကလန် ကြီး သုံးခုမှ လာသူများ ဖြစ်ကြခြင်းပင်။ ကိုထိုင်း နှင့် နာရူ ဟူသော နာမည်များမှာ အများဆုံးဖြစ်ပြီး တတိယ နေရာတွင်တော့ ကျင်း တို့က အနည်းငယ် ကွာဟလျက် ရှိနေ၏။
ဒုတိယအချက်မှာမူ သင်္ချာ တွက်ကိန်းများ မကိုက်ညီခြင်း ဖြစ်သည်။
အခန်းထဲတွင် တင်းပြည့်ကျပ်ပြည့် စကိုင်းဆွန်း အယောက်နှစ်ဆယ် ရှိသည်။ စုံတွဲ ဆယ်တွဲ ဖြစ်၏။ သူတို့သည် အဆင့်မြင့် ရွှေအဆင့် ဆယ်ယောက်နှင့် အဆင့်နိမ့် ရွှေအဆင့် ငါးဆယ်တို့ထဲမှ ရွေးချယ်နေကြခြင်း ဖြစ်ရာ အဖွဲ့တစ်ဖွဲ့စီတိုင်းတွင် အဆင့်နိမ့် ရွှေအဆင့် ငါးယောက်၊ အဆင့်မြင့် ရွှေအဆင့် တစ်ယောက်နှင့် အစစ်အမှန် ရွှေအဆင့် နှစ်ယောက်စီ ရှိရမည် ဖြစ်သည်။
သို့သော် အဖွဲ့တစ်ဖွဲ့က အဆင့်နိမ့် ရွှေအဆင့် လေးယောက်ကိုသာ ခေါ်ယူသွားသည်။ အကြိမ်အနည်းငယ် ရွေးချယ်ပြီးနောက် အခြား အဖွဲ့တစ်ဖွဲ့ကလည်း အဆင့်နိမ့် ရွှေအဆင့် တစ်ယောက်ကို ချန်လှပ်ထားခဲ့ပြန်၏။ အဆုံးသတ်ပိုင်းသို့ ရောက်သောအခါ စိတ်တိုနေပုံရသော စုံတွဲတစ်တွဲက အဆင့်မြင့် ရွှေအဆင့် တစ်ယောက်ကို ငြင်းပယ်သွားခဲ့သည်။
ရွေးချယ်ရန် အဖွဲ့သုံးဖွဲ့ ကျန်ရှိနေချိန်တွင် သင်တန်းသား ဆယ့်ငါးယောက် ကျန်နေသေး၏။ လင်းတုန်း နှင့် ယီရင် တို့ အပါအဝင်ပင်။
ယီရင် ၏ စူးရဲသော အကြည့်များအရ သူမလည်း ထိုအချက်ကို သတိထားမိနေပြီ ဖြစ်သည်။
ရန်ဖေး နှင့် ပိုင်ရို တို့က နောက်ဆုံးကျန်နေသော စုံတွဲဖြစ်၏။ ထို့ကြောင့် သူတို့သိကျွမ်းသော စကိုင်းဆွန်း အဖွဲ့နှင့် ပူးပေါင်းနိုင်ရန် သူတို့ကို ချန်လှပ်ထားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် ရွေးချယ်မှု လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် သူတို့နှစ်ဦးစလုံးက လင်းတုန်း ကို မျက်လုံးချင်း တစ်ချက်မျှ ဆုံကြည့်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လင်းတုန်း ၏ စိုးရိမ်ပူပန်မှုများကို သက်သာသွားစေရန် သူတို့ မည်သည့်အရာမျှ လုပ်ဆောင်မပေးခဲ့ချေ။
သူတို့ ရွေးချယ်ရမည့် အလှည့်သို့ ရောက်လာသောအခါ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း လင်းတုန်း သိလိုက်သည်။ သင်တန်းသား သုံးယောက်သာ ကျန်ရှိတော့၏။ အဆင့်မြင့် ရွှေအဆင့် စားပွဲတွင် ယီရင် တစ်ယောက်တည်း ကျန်နေပြီး အဆင့်နိမ့် ရွှေအဆင့် စားပွဲတွင် သူနှင့် အာကူရာ မာစီ တို့သာ ရှိတော့သည်။
မာစီက ဤအခြေအနေကို မျှော်လင့်ထားပြီးသား ဖြစ်သည့်အလား လက်လျှော့လိုက်သော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ရန်ဖေး စကားတစ်ခွန်းမျှ မဟရသေးမီမှာပင် သူမ၏ တောင်ဝှေးကို အားပြုကာ မတ်တတ်ရပ်လိုက်၏။ မည်သို့ပင်ဖြစ်စေ သူတို့၏ ရွေးချယ်မှုကို မည်သူမျှ ကြားနေရန် မလိုတော့ပေ။ သူတို့သည် အခြားအဖွဲ့များ၏ အရွယ်အစား တစ်ဝက်ခန့်သာရှိသော အဖွဲ့တစ်ဖွဲ့အဖြစ် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
"ဒီမှာ တစ်ခုခုတော့ မှားယွင်းနေပြီ..."
ယီရင် က ပြောလိုက်သည်။ သူမက အသံကို တိုးတိုးထားရန်ပင် ဂရုမစိုက်ခဲ့ပေ။
"မင်း အဲဒီလို ထင်လို့လား..."
နာရူကွေ့ က မေးလိုက်ပြီး ပခုံးတွန့်ပြသည်။
"ထွက်သွားလို့ရတယ်..."
ထိုသို့ပြောပြီးနောက် သူက လှည့်ကာ အခန်းထဲမှ ထွက်သွားလေသည်။
ယနေ့ ရန်ဖေး၏ ခေါင်းပေါ်ရှိ တိမ်တိုက်မှာ အထူးသဖြင့် မည်းမှောင်နေပုံရပြီး သူမက သူတို့သုံးဦးစလုံးကို အကဲခတ်ကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ ပုံမှန်ထက် ပို၍ ဖြူရော်နေပြီး မျက်လုံးအောက်တွင်လည်း အရိပ်မည်းများ ထင်နေ၏။
"မင်းတို့က တုံးအတဲ့သူတွေ မဟုတ်ပါဘူး..."
အဆင့်နိမ့် အရှင်သခင် ထွက်သွားသောအခါ သူမက ပြောလိုက်သည်။ အခြားအဖွဲ့များသည် ရွေးချယ်ခံရပြီးသည်နှင့် အပြင်သို့ ထွက်သွားကြရာ အခန်းထဲတွင် သူတို့ ငါးယောက်တည်းသာ ကျန်ရစ်တော့၏။
"သူတို့က မင်းတို့ကို သီးသန့် ဖယ်ထုတ်လိုက်တာ..."
"ဘာအတွက်လဲ..."
ယီရင် က စူးရဲစွာ ကြည့်ရင်း မေးလိုက်သည်။ ရန်ဖေးက လင်းတုန်း ထံမှ မာစီ ဆီသို့၊ ထိုမှတစ်ဆင့် ယီရင် ထံသို့ အလှည့်ကျ ကြည့်လိုက်သည်။
"အဲဒီမေးခွန်းကို ငါ ဖြေစရာ လိုမယ်မထင်ဘူး..."
မာစီက သူမ၏ တောင်ဝှေးကို ပခုံးပေါ်သို့ တင်ကာ ယီရင် ဆီသို့ လျှောက်သွားသည်။ သို့သော် လမ်းတွင် ဘာမှမရှိဘဲ သူမဘာသာ ခလုတ်တိုက်ကာ မှောက်ရက်လဲလုနီးပါး ဖြစ်သွား၏။ သူမကိုယ်သူမ ပြန်လည် ထိန်းမတ်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။
"အာကူရာမာစီ ပါ..."
သူမက ပြောလိုက်သည်။
"ဒါပေမဲ့ ငါ ဒီမှာ ရှိနေတာကို ငါ့ရဲ့ ကလန် က အပြည့်အဝ သဘောတူထားတာတော့ မဟုတ်ဘူး..."
သူမက အမည်းရောင် လက်အိတ်စွပ်ထားသော လက်ချောင်းဖြင့် မေးစေ့ကို ပုတ်လိုက်သည်။
"ငါ တစ်ခုခု ဖြစ်သွားရင်တောင် လက်တုံ့ပြန်မှာ မဟုတ်ဘူးလို့ သူတို့ အသိပေးထားတာ ဒါမှမဟုတ် ငါ့ကို အသက်အန္တရာယ် ရှိတဲ့ နေရာမျိုးမှာ ထားပေးရင် ဆုချမယ်လို့ ကမ်းလှမ်းထားတာ ဖြစ်နိုင်တယ်..."
ရန်ဖေးမှာ ကျောက်ဆင်းတုကဲ့သို့ မျက်နှာထား တင်းမာနေပြီး မည်သည့် အရိပ်အယောင်မျှ မပြခဲ့ပေ။ သို့သော် ပိုင်ရို ကမူ တံခါးဘက်သို့ တစ်ချက် လှမ်းကြည့်ပြီးနောက် ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
"ပြန်မခုခံနိုင်တဲ့ အာကူရာ တစ်ယောက်နဲ့ စာရင်းရှင်းဖို့ အခွင့်အရေး ရရင် လက်လွတ်ခံမယ့်သူ မရှိသလောက် ရှားတယ်လေ..."
မာစီ က သက်ပြင်းချရင်း ပြောလိုက်သည်။ ထို့နောက် သူမက လင်းတုန်း ကို လက်ညှိုးထိုးပြလိုက်၏။
"ပြီးတော့ စကိုင်းဆွန်းတွေ သိပ်သဘောမကျတဲ့ မဟူရာ မီးတောက် တစ်ယောက် ရှိမယ်... ပြီးရင်..."
ယီရင် အလှည့်သို့ ရောက်သောအခါ သူမ တွန့်ဆုတ်သွားသည်။
"နေပါဦး... မင်းတို့ နာမည်တွေကို ငါ မသိသေးဘူးပဲ..."
"အာရီလီယပ် မိသားစုက ဝေ့ရှီလင်းတုန်း ပဲ..."
လင်းတုန်း စကားမပြောနိုင်မီမှာပင် ပိုင်ရို က ဝင်ပြောလိုက်သည်။
"ပြီးတော့ ယီရင်... သွေးနီလဂိုဏ်း ရဲ့ တမန်တော်..."
***
အပိုင်း(၃၂၂)
ပိုင်ရိုက ယီရင် ကို အဝါရောင် မျက်လုံးများဖြင့် စူးရဲစွာ ကြည့်လိုက်၏။ လေထုထဲတွင် ရုတ်တရက် တင်းမာလာသော အခြေအနေကြောင့် လင်းတုန်း ၏ ဝိညာဉ်မှာ အော်ဟစ်သတိပေးလာတော့၏။ အော်သို သည် မဟူရာ မီးတောက် ကို စွမ်းအင်လှည့်ပတ်နေပြီး ယီရင် ကလည်း သူမ၏ ဓားကို ဆွဲထုတ်ရန် အသင့်ဖြစ်နေသည်။ မိတ်ဆက်ပေးခံရစဉ်အတွင်း သူမ၏ မျက်နှာမှာ ဖြူရော်သွားခဲ့ပြီး သူမ၏ ရွှေအဆင့် အမှတ်အသား များမှာလည်း ငွေရောင် အလင်းများဖြင့် တောက်ပနေ၏။
လင်းတုန်း က ရှေ့သို့ တစ်လှမ်းတိုးကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ အခြား လက်တစ်ဖက်ကမူ လှုပ်ရှား၍ မရပေ။
"နေပါဦး... ခဏလေး စောင့်ပါဦး... ကျွန်တော်တို့ ဖြေရှင်းလို့ရမယ့် နားလည်မှုလွဲတာ တစ်ခုခု ရှိနေတယ်လို့ ထင်ပါတယ်..."
“နင့်ရဲ့ အစစ်အမှန် ရွှေအဆင့် သောက်လျှာကြီးကို ငါ ဖြတ်ပစ်မယ်..."
သို့သော်လည်း... ယီရင်က ကြားဖြတ် ပြောလိုက်ရာ လင်းတုန်း ၏ ကြိုးစားမှုများကို အထောက်အကူ မဖြစ်စေခဲ့ပေ။
မာစီက လင်းတုန်း ကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။
"ဝေ့ ကလန် လား..."
သူမက မေးလိုက်သည်။
"မဟူရာ မီးတောက် မိသားစု က မဟုတ်ဘူးပေါ့... မင်းမှာ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတော့ ရှိရမယ်..."
သူမ၏ တောင်ဝှေးပေါ်ရှိ နဂါးခေါင်းက သတိပေးသံ ပြုလုပ်နေသော်လည်း သူမ၏ အနောက်ဘက်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲ အငွေ့အသက်များကို သူမ သတိထားမိပုံ မပေါ်ပေ။
"ဒါ သေဒဏ်ပေးမယ့် အဖွဲ့ မဟုတ်ပါဘူး..."
ရန်ဖေး က ပြောလိုက်သည်။ သူမ၏ အသံမှာ တည်ငြိမ်နေသော်လည်း လက်တစ်ဖက်ကမူ သူမ၏ တူပေါ်တွင် ရှိနေဆဲ ဖြစ်၏။
"မင်းတို့ကိုယ်တိုင် မလိုလားအပ်တာတွေ မလုပ်သရွေ့ပေါ့... မင်းတို့ကို ထိန်းချုပ်ထားဖို့နဲ့ မင်းတို့ဆီကနေ ရနိုင်သမျှ အကျိုးအမြတ်တွေ အများဆုံး ရယူဖို့ ငါတို့ ဒီမှာ ရှိနေတာပဲ..."
‘ဘာလို့ ငါတို့ကို ပြောပြနေတာလဲ’
လင်းတုန်း တွေးတောနေမိသည်။
‘ငါတို့အဖွဲ့ထဲကို သင်တန်းသား နောက်ထပ် နှစ်ယောက် ထည့်ပေးပြီး အရာအားလုံး ပုံမှန်ပဲလို့ ဟန်ဆောင်ထားလို့ ရသားနဲ့... ပြီးမှ တာဝန်တစ်ခုခုမှာ ငါတို့ကို ပစ်ထားခဲ့လိုက်လို့ ရတာပဲ မဟုတ်ဘူးလား’
ချက်ချင်းဆိုသလိုပင် အဖြေကို သူ သဘောပေါက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လိမ်ညာရန် မလိုအပ်သောကြောင့် ဖြစ်၏။ ၎င်းမှာ စကိုင်းဆွန်း များ၏ ဂုဏ်သိက္ခာကို စောင့်ထိန်းမှုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်သော်လည်း အဓိက အကြောင်းရင်းမှာ ကျောင်းသား သုံးယောက်စလုံးက သူတို့အတွက် အန္တရာယ် မဖြစ်နိုင်သောကြောင့်ပင်။
အကယ်၍ သူတို့သာ ထွက်ပြေးသွားပါက တာဝန်ကို စွန့်ခွာမှုဖြစ်သွားမည်ဖြစ်ပြီး လိုက်လံ ဖမ်းဆီးခံရမည် ဖြစ်သည်။ အကယ်၍ တိုက်ခိုက်ပါက သူတို့ ရှုံးနိမ့်မည် ဖြစ်၏။ သူတို့သည် စကိုင်းဆွန်း အင်အားစု၏ အသည်းနှလုံး နေရာအတွင်း၌ အစစ်အမှန် ရွှေအဆင့် စကိုင်းဆွန်း နှစ်ယောက်ကို တိုက်ခိုက်ရမည်ဖြစ်ရာ အကူအညီများ ချက်ချင်း ရောက်ရှိလာမည် ဖြစ်သည်။ သူတို့ အောင်မြင်ခဲ့လျှင်တောင်မှ ကွပ်မျက်ခံရမည်သာ ဖြစ်၏။
ထို့နောက်... မာစီ ၏ ကိစ္စလည်း ရှိနေသေးသည်။ သူမ၏ မိသားစုက သူမကို စွန့်ပယ်ခဲ့သည်ဖြစ်စေ၊ ပြည်နှင်ဒဏ် ပေးခဲ့သည်ဖြစ်စေ သို့မဟုတ် မည်သို့ပင် ခေါ်ဆိုကြသည်ဖြစ်စေ စကိုင်းဆွန်း တို့အနေဖြင့် သူမကို တိုက်ရိုက် သတ်ပစ်၍ မရနိုင်ကြောင်း ထင်ရှားလှပေသည်။ ယီရင် နှင့် လင်းတုန်း တို့ကိုလည်း အာရီလီယပ် မိသားစု က ကျောထောက်နောက်ခံ ပြုပေးထား၏။ ထို့ကြောင့် စကိုင်းဆွန်း တို့က သူတို့ကို မည်သည့်အရာပင် လုပ်ဆောင်သည်ဖြစ်စေ အနည်းဆုံးတော့ တရားဝင်ဖြစ်ဟန် ပုံဖော်ရမည် ဖြစ်သည်။
လင်းတုန်းက သူ၏ လက်ကို တည်ငြိမ်စွာ ဆန့်ထုတ်ထားလိုက်သည်။
"ကျွန်တော် မှားနေရင် ပြင်ပေးပါ..."
သူက ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အလုပ်တွေကို လုပ်ဖို့ အခွင့်အရေး တစ်ခုတော့ ပေးမယ်မလား..."
ယီရင် အပေါ်သို့သာ စူးစိုက်ကြည့်နေဆဲဖြစ်သော ပိုင်ရို ၏ အဝါရောင် မျက်လုံးများ တောက်လောင်လာသည်။
"မင်းတို့ကို အင်ပါယာကို ထိခိုက်စေနိုင်တဲ့ ဘယ်နေရာမှာမှ ငါတို့ ထားမှာမဟုတ်ဘူး..."
သူက ပြောသည်။
ယီရင်၏ သွေးအရိပ် ကိစ္စကို သူက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအဖြစ် ခံယူထားပုံရသည်။ ထိုအရာကို သူကိုယ်တိုင် သတိမထားမိခဲ့ခြင်းကြောင့် ပို၍ ခံပြင်းနေခြင်းလည်း ဖြစ်နိုင်၏။ အဆင့်နိမ့် အရှင်သခင် က သူ့ကို ပြောပြခဲ့ခြင်း ဖြစ်ရမည်။ ထို့သို့မဟုတ်ပါက ယီရင် နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက ဤကဲ့သို့ တုံ့ပြန်ခဲ့မည်သာ ဖြစ်သည်။
ရန်ဖေး က သူ့ကို တိုက်ရိုက် ဖြေကြားလိုက်သည်။
"ဟုတ်တယ်... ငါတို့က မင်းတို့ကို ကြီးကြပ်ဖို့ သက်သက်ပါပဲ... မင်းတို့က ငါတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး ငါတို့ရဲ့ ရည်ရွယ်ချက်အတွက် အထောက်အကူ ပြုနေသရွေ့တော့ တခြား သင်တန်းသားတွေလိုပဲ ဆက်ဆံဖို့ ငါတို့ ညွှန်ကြားထားခံရတယ်..."
"နင်တို့က ငါတို့ကို ကျောကနေ လှည့်ခုတ်လို့ရတဲ့ အခွင့်အရေး တစ်ခု ပေးလိုက်တဲ့ အချိန်အထိပေါ့..."
ယီရင်က ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း တုံ့ပြန်လိုက်သည်။
"မင်းတို့ ငါတို့ကို သစ္စာမဖောက်မချင်းပေါ့..."
ရန်ဖေး က ပြင်ပြောလိုက်သည်။
"တခြား ကျောင်းသားတွေကို ပေးထားတဲ့ လုံခြုံရေး အကာအကွယ်မျိုးကို မင်းတို့ကို ပေးမှာမဟုတ်ဘူး... အမိန့်ကို ဖီဆန်တာ တစ်ကြိမ်၊ တိုက်ခိုက်ဖို့ ငြင်းဆန်တာ တစ်ကြိမ် ရှိတာနဲ့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုဆိုတာ ရှိမှာမဟုတ်ဘူး... မင်းတို့ကို အဲဒီနေရာမှာတင် ချက်ချင်း သေဒဏ်ပေးဖို့ ငါတို့ကို အခွင့်အာဏာ ပေးထားတယ်..."
သူတို့ တစ်ခုခုကိုတော့ ဖုံးကွယ်ထားရမည်။ လင်းတုန်း ထိုအချက်ကို သေချာ ယုံကြည်သည်။ အစစ်အမှန် ရွှေအဆင့် နှစ်ယောက်၏ ခွန်အားဖြင့်သာဆိုလျှင် လင်းတုန်းတို့အဖွဲ့ကို တိတ်တဆိတ် ဖယ်ရှားပစ်နိုင်မည်ဟု သူတို့ အသေအချာ မယုံကြည်နိုင်ပေ။
အော်သို တစ်ကောင်တည်းဖြင့်ပင် သူတို့ထဲမှ တစ်ယောက်ကို ယှဉ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကျန်ရှိနေသော ကျောင်းသား သုံးယောက်က ပြိုင်ဘက် တစ်ယောက်တည်းကို ရင်ဆိုင်ရမည် ဖြစ်၏။ လွယ်ကူမည်တော့ မဟုတ်သော်လည်း စကိုင်းဆွန်း တို့အတွက် အသေအချာ အနိုင်ရနိုင်သော အနေအထားတော့ မဟုတ်ချေ။
ဆိုလိုသည်က သူတို့၏ ယုံကြည်မှုအတွက် အကြောင်းပြချက် တစ်ခုခု ရှိနေခြင်းပင်။ ထိုသံချပ်ကာဝတ်စုံက လင်းတုန်း မျှော်လင့်ထားသည်ထက် ပိုမို အသုံးဝင်ခြင်း ဖြစ်နိုင်သလို သို့မဟုတ် သူတို့တွင် အပို လက်နက် တစ်ခုခု ရှိနေခြင်းလည်း ဖြစ်နိုင်၏။
ထို့ကြောင့် တိုက်ခိုက်ခြင်းက ရွေးချယ်စရာ တစ်ခု မဟုတ်ပေ။ သို့သော် သူတို့တွင် အချိန်ရသေး၏။ ထို့ပြင် စကိုင်းဆွန်းတို့က သူတို့ထံမှ တစ်စုံတစ်ခုကို လိုအပ်နေသည်။
ဆိုလိုသည်က အနိုင်ရရန် နည်းလမ်းတစ်ခု ရှိနေသည်ဟူ၍ ပင်။
သူ အလွန် ပင်ပန်းနွမ်းနယ်နေ၏။ နောက်ထပ် အသက်အန္တရာယ် ရှိသည့် တိုက်ပွဲတစ်ခု ထပ်မံ ပေါ်ပေါက်လာမည်ကို ပူပန်နေစရာမလိုဘဲ အလိုရှိသလောက် အိပ်စက်ချင်နေမိသည်။
သို့သော်... သူ၏ စိတ်တစ်စိတ်တစ်ပိုင်းကမူ အာရုံစူးစိုက်ကာ စိတ်လှုပ်ရှားနေ၏။ သူတို့က သူ့ကို နောက်ကျောမှနေ၍ မသတ်ဖြတ်ခဲ့ပေ။ ထို့ကြောင့် ၎င်းမှာ အဖြေရှိသော ပဟေဠိ တစ်ခုသာ ဖြစ်သည်။
သူက ယီရင် ကို နှစ်သိမ့်ပေးရန် အသင့်ပြင်ကာ သူမအနီးသို့ တိုးသွားလိုက်သည်။
ထိုအခိုက်တွင် အလင်းရောင်များက အနီရောင်အဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေကြီးမှာ ကမောက်ကမ အခြေအနေသို့ ကျရောက်သွားတော့သည်။
…
ကပ်ဆီးယပ်စ်...
ကပ်ဆီးယပ်စ်သည် အလုပ်သမားများကို လက်ပြနှုတ်ဆက်ရင်း စပါးကျီအတွင်းသို့ လျှောက်သွားလိုက်၏။ သူ၏ သန့်ရှင်းရေးအဖွဲ့သည် ထိုနေရာအား ပြင်ဆင်နေကြခြင်း ဖြစ်သည်။ သူတို့သည် တိရစ္ဆာန်ချေးများနှင့် ညစ်ပတ်နေသော မြက်ခြောက်များကို ဖယ်ရှားနေကြ၏။ ထို့အပြင် ပင့်ကူမျှင်များကို လှည်းကျင်းကာ တိရစ္ဆာန်များအတွက် ယာယီခြံများကို တည်ဆောက်နေကြသည်။
အာရီလီယပ် မိသားစု၏ အလုပ်သမားများသည် နယ်မြေဟောင်းကို ပြန်လည်မသိမ်းပိုက်နိုင်မချင်း ဤနေရာ၌သာ ယာယီ နေထိုင်ကြရမည် ဖြစ်သည်။
သူတို့၏ အိမ်များသည် သွေးမိစ္ဆာများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
ကပ်ဆီးယပ်စ်သည် မိသားစုအချို့ကို ဖြတ်လျှောက်သွားခဲ့သည်။ ထိုမိသားစုများတွင် မိဘတစ်ဦးတည်းကသာ အာရီလီယပ် တို့၏ အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ကျန်သူများကလည်း တန်းတူ ကြိုးကြိုးစားစား အလုပ်လုပ်နေကြ၏။ သူသည် ဤစပါးကျီအတွင်းသို့ လူလေးဆယ့်နှစ်ယောက်ကို ပြွတ်သိပ်ထည့်ထားရသည်။ ဤအလုပ် မပြီးဆုံးမီ နောက်ထပ် လူများစွာအတွက် နေရာထပ်ရှာရနိုင်သေး၏။ တောင်ပိုင်းရှိ သူတို့၏ ဌာနခွဲအားလုံးနီးပါးသည် ကြက်သွေးရောင်လ ဂိုဏ်း၏ ကျူးကျော်လာမှုနှင့် သွေးဖီးနစ်၏ နိုးထလာမှုတို့ကြောင့် ပိတ်လိုက်ရပြီ ဖြစ်သည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားပါက သူသည် နေရာရွှေ့ပြောင်းလာရသူ (သို့မဟုတ်) အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူ လူငါးသောင်းခန့်နှင့် ရင်ဆိုင်ဖြေရှင်းနေရခြင်း ဖြစ်၏။
ထိုသူများသည် အာရီလီယပ် မိသားစုနှင့် ပတ်သက်နေသူများသာ ဖြစ်ကြသည်။ သွေးဖီးနစ် နိုးထမလာခဲ့လျှင်တောင်မှ အင်ပါယာတစ်ခုလုံးသည် အကျပ်အတည်းတစ်ခုအတွင်း ကျရောက်နေပြီ ဖြစ်၏။
သူသည် စပါးကျီအနောက်ဘက်သို့ ထွက်လာခဲ့ပြီး တောင်ဘက်အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ထာဝရနေဝင်ဆည်းဆာတစ်ခုကဲ့သို့ သွေးရောင်အလင်းတန်းကြီး လွှမ်းခြုံနေ၏။
ထိုအလင်းတန်းကြီးက ပို၍ ကြီးမားလာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ် သူ စတုန်းရော့ခ် မြို့မှ ထွက်ခွာလာချိန်တွင် ထိုအလင်းတန်းကို ဤမျှဝေးကွာသော နေရာမှ မမြင်နိုင်ခဲ့ပေ။ အဆိုးရွားဆုံး အခြေအနေတွင် သူသည် လူအားလုံးကို ထပ်မံရွှေ့ပြောင်းရမည် ဖြစ်၏။ ထို့နောက် မြောက်ဘက်သို့ ပိုမိုဝေးကွာသော နေရာများ၌ သူတို့အတွက် နေရာရှာပေးရလိမ့်မည်။ စတုန်းရော့ခ် မြို့မှ ကူညီရန် သဘောမတူပါက ဤမျှများပြားသော လူများကို အဝေးကြီးသို့ ပို့ဆောင်ပေးရန် သူ့တွင် နည်းလမ်းမရှိပေ။ ထိုမြို့တွင်လည်း လူတွေ ပြည့်ကျပ်နေလိမ့်မည်ဟု သူ ယုံကြည်ထား၏။
မည်သို့ပင်ဆိုစေကာမူ... ထိုအရာက အဆိုးရွားဆုံး အခြေအနေတော့ မဟုတ်သေးပေ။ အင်ပါယာ တစ်ပါးပါးက ထို မိစ္ဆာ နတ်ဘုရား ကို အရှေ့ဘက် တောရိုင်းမြေ သို့မဟုတ် လူသူကင်းမဲ့သော အနောက်ဘက် ပင်လယ်ပြင်ဆီသို့ လမ်းကြောင်းမလွှဲပေးနိုင်ပါက ၎င်းသည် သောင်းကျန်းလာနိုင်သည်။ ထို့နောက် သူတို့အားလုံးကို သတ်ဖြတ်သွားလိမ့်မည် ဖြစ်၏။
အကယ်၍ ၎င်းသည် ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို သတ်ဖြတ်ပြီး သွေးမိစ္ဆာများကို ဖြန့်ကျက်ကာ မြောက်ဘက်သို့ တည့်တည့်ချီတက်လာပါက မည်သည့် ရွှေ့ပြောင်းမှုကမျှ အရာထင်တော့မည် မဟုတ်ပေ။
သူသည် စပါးကျီ၏ အနောက်ဘက်သို့ ရောက်သွားပြီး သီးခြား သစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်၏။
"ကျွန်တော်တို့ လျှို့ဝှက်တွေ့ဆုံစရာ မလိုပါဘူး အီသန်..."
သူက မော့မကြည့်ဘဲ ပြောလိုက်သည်။
"ဒီလူတွေက ခင်ဗျားရဲ့ အလုပ်သမားတွေလေ..."
***