အခန်း (၈၃၅-၈၃၆)
Vol. 79 Ch. 835-836
အခန်း (၈၃၅) - ကောင်းကင်မြေကြီး၏ ထူးဆန်းသော ရွှေပုစဉ်းရင်ကွဲကူ၊ ဆဋ္ဌမအဆင့် နဂါးပျံဆေးလုံးနှင့် အင်မော်တယ်သလင်းကျောက် ငါးထောင် ရရှိခြင်း (၃) ။
"ဟုတ်တယ်၊ အမှန်တကယ်ပဲ အဲဒီလို ဖြစ်နေတာ။ ငါတို့ဆီမှာ ကိုက်ညီတဲ့ အရင်းအမြစ်တွေ မရှိဘူး...”
"ကျွန်မတို့ ဖုန်းရှီးမြို့တော်က နှစ်ပေါင်းထောင်ချီ စုဆောင်းထားတဲ့ အရင်းအမြစ်တွေရှိပြီး မိုးကြိုးတောင်တန်းကို အမှီပြု၊ ကန္တာရသားရဲအမြောက်အမြားကို အမဲလိုက်ခဲ့ကြလို့ ချမ်းသာကြွယ်ဝပြီး စည်းစိမ်တွေ စုဆောင်းထားနိုင်ခဲ့တယ်ဆိုပေမဲ့..."
"သတ္တမအဆင့်အစီအရင် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ အများကြီး လိုအပ်နေသေးတယ်လေ...”
"ပြီးခဲ့တဲ့ နှစ်တွေမှာ ကျွန်မတို့အနေနဲ့လည်း ကျင့်ကြံခြင်းအရင်းအမြစ် တော်တော်များများကို သုံးစွဲခဲ့ရတယ်လေ...”
"ဥပမာပြောရရင် ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင် တည်ဆောက်ဖို့အတွက် အဓိကအကျဆုံးဖြစ်တဲ့ ဓာတ်ငါးပါးကျောက်နဲ့ ရွှီမီကျောက်တုံးတွေ ကျွန်မတို့ဆီမှာ အများကြီး မရှိဘူး...”
"အရင်က ကျွန်မတို့အနေနဲ့ ဒီလို တန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းတွေကို စုဆောင်းမထားခဲ့ဘူးလေ...”
ထောင်ချီလီက မတတ်သာစွာ ပြောလိုက်၏။
သူမသည်လည်း ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ကို အမြန်ဆုံး ပြီးစီးအောင် တည်ဆောက်လို၏။
ထိုသို့ဆိုလျှင် ဖုန်းရှီးကျွန်းမှာ လုံးဝ ဘေးကင်းလုံခြုံသွားမည် ဖြစ်သည်။
ကျန်းတစ်ခုလုံးမှာ မြူခိုးများအတွင်း ဖုံးကွယ်သွားမည် ဖြစ်ပြီး ပြင်ပလူများ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
အကျိုးကျေးဇူးမှာ ဤမျှတင် မကပေ။
အကယ်၍ ဖုန်းရှီးကျွန်းကို လုံးဝ ထိန်းချုပ်နိုင်ပါက အချင်းကီလိုမီတာ နှစ်သန်းရှိသော ဤကျွန်းကြီးပေါ်တွင် လူသားများမှာ ကန့်သတ်ချက်မရှိ တိုးချဲ့၍ နေရာအနှံ့တွင် မြို့ပြများ တည်ဆောက်နိုင်ပေမည်။
ထိုသို့ဆိုလျှင် ဖုန်းရှီးမြို့၏ လူဦးရေကျပ်တည်းမှု ပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
အနည်းဆုံး နောင်နှစ်ပေါင်း ထောင်ချီသည့်တိုင်အောင် ဖုန်းရှီးကျွန်းသည် လူသားများ၏ တိုးပွားလာသော လူဦးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပေမည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဧရာမကျွန်းကြီးသည် လူဦးရေအမြောက်အမြားကို လက်ခံထားနိုင်သောကြောင့်ပင်။
ပြဿနာမှာ သတ္တမအဆင့် အစီအရင်အတွက် လိုအပ်သော ပစ္စည်းများမှာ လွန်စွာ လိုအပ်နေသေးခြင်းပင်။
အကယ်၍ ထိုအစီအရင်ပစ္စည်းများ မရှိပါက အစီအရင်ကို အောင်မြင်စွာ တည်ဆောက်နိုင်မည် မဟုတ်ပေ။
"ဒီလိုကိုး... ဓာတ်ငါးပါးကျောက်နဲ့ ရွှီမီကျောက်တုံးပဲ လိုအပ်နေတာပေါ့...”
"ဒါက ကိစ္စအသေးအမွှားလေးပဲ။ ကျုပ်တာဝန်သာ ထားလိုက်၊ ကျုပ် ဖြေရှင်းပေးမယ်...”
ကျိုးစွေ့က ပြုံးလျက် ပြောလိုက်၏။
သူသည် ဤသည်ကို ကြီးမားသော ပြဿနာတစ်ခုအဖြစ် မယူဆပေ။
ပစ္စည်းနှစ်မျိုးသာ လိုအပ်နေခြင်း ဖြစ်သဖြင့် အလွယ်တကူ ရရှိနိုင်ကာ ခက်ခဲသော ကိစ္စမဟုတ်ပေ။
"ရှင်က ဖြေရှင်းပေးမယ် ဟုတ်လား။ ရှင့်ဆီမှာ ဓာတ်ငါးပါးကျောက်နဲ့ ရွှီမီကျောက်တုံးတွေ ရှိနေလို့လား...”
ထောင်ချီလီက ကျိုးစွေ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်၏။
အခြားသူများလည်း အံ့အားသင့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးတို့မှာ အလွယ်တကူ ရှာဖွေနိုင်သော ကျောက်မျက်အရင်းအမြစ်များ မဟုတ်သောကြောင့်ပင် ဖြစ်၏။
လူသားမျိုးနွယ်စု၏ ဧကရာဇ်မြို့တော်တွင်ပင် ဤသည်တို့မှာ အလွန်တရာ အဖိုးတန်သော မဟာဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်ကြသည်။
"ငါ့ဆီမှာလည်း မရှိဘူး...”
"ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး...”
"ဒီနေရာက ကြယ်ကွဲပင်လယ်ဆိုတာ သိထားရမယ်၊ အရင်းအမြစ်တွေ အလွန်ပေါများတဲ့ ပင်လယ်ဒေသပဲ...”
"လိုချင်တဲ့ ရတနာမရှိဘူးဆိုတာ မရှိဘူး။ တိုက်ရိုက်သွားပြီး ဝယ်လိုက်ရင် ပြီးတာပဲ...”
ကျိုးစွေ့က တိုက်ရိုက်ပင် ပြောလိုက်၏။
"ဒီလိုကိုး... ရှင်က ခွန်ဖန်ပင်လယ်ဒေသရဲ့ တခြားကျွန်းတွေကို သွားဖို့ စိတ်ကူးနေတာလား...”
ဤစကားကို ကြားသောအခါ ထောင်ချီလီနှင့် အခြားသူများမှာ ကျိုးစွေ့၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားကြပြီး မေးလိုက်ကြ၏။
သာမန်ကျင့်ကြံသူများအတွက်မူ ခွန်ဖန်ပင်လယ်ပြင်၏ ဦးတည်ရာမဲ့လေပြင်းများနှင့် မုန်တိုင်းများမှာ လွန်စွာ အန္တရာယ်များလှသည်။
ကျင့်ကြံသူများစွာ၏ အသက်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
သို့သော် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ထိုသဘာဝဘေးအန္တရာယ်များကို အလွယ်တကူပင် ခုခံနိုင်စွမ်း ရှိသွားပေလိမ့်မည်။
ဤပင်လယ်ပြင်တွင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ဦးနှင့် မတွေ့ဆုံသရွေ့ ကြီးမားသောအန္တရာယ် မရှိနိုင်ပေ။
မည်သို့ပင်ဆိုစေ ကြယ်ကွဲပင်လယ်တွင်း၌ပင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှင့် တွေ့ဆုံရန်မှာ မလွယ်ကူလှချေ။
ထိုအဆင့်ရှိသော ကျွမ်းကျင်သူ အရေအတွက်မှာ လွန်စွာ နည်းပါးလှသောကြောင့် ဖြစ်၏။
"ကြယ်ကွဲပင်လယ်က အရမ်းအန္တရာယ်များတာ၊ ကျုပ်က ကိုယ်တိုင်သွားမှာ မဟုတ်ဘူး...”
"ကျုပ်လည်း ကိုယ်ပွားပညာရပ်ကို ကျင့်ကြံထားတာပဲ၊ ကိုယ်ပွားကို သွားခိုင်းလိုက်ရင် ရပြီပေါ့...”
ကျိုးစွေ့က ပြုံးလျက် ပြောလိုက်၏။
ထို့အပြင် သူသည် ‘ပစ္စည်းရှာဖွေကူ’ ၏ စွမ်းအားကို အသုံးပြု၍ ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံး အမြောက်အမြားကို ရှာဖွေနိုင်သေးသည်။
အထူးသဖြင့် ပိုင်ရှင်မဲ့နေသော ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးများကိုပင်။
ထိုသို့ဆိုလျှင် ငွေကြေးအမြောက်အမြားကိုလည်း သက်သာစေနိုင်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် နေ့စဉ်ကျင့်ကြံမှုအတွက် အရင်းအမြစ်များစွာ သုံးစွဲနေရသောကြောင့် ဖြစ်၏။
အကယ်၍ အလကားရရှိနိုင်မည့် အခွင့်အရေးရှိပါက အလကားသာ ရယူရမည် မဟုတ်ပါလော။
…
နောက်ထပ်တစ်ရက် ကုန်ဆုံးသွားခဲ့၏။
ကျိုးစွေ့သည် ယခုတစ်ကြိမ် သွေးလမင်းမျိုးနွယ်စု ကျင့်ကြံသူများ၏ ကိုယ်ပေါ်မှ ရရှိခဲ့သော ရတနာများကို နောက်ဆုံးတွင် စာရင်းပြုစုပြီးစီးသွားခဲ့ပြီ ဖြစ်၏။
ဤတစ်ကြိမ်တွင် တကယ့်ကို အမြတ်အစွန်းများစွာ ရရှိခဲ့သည်ဟု ဆိုရပေမည်။
အထူးသဖြင့် သွေးလမင်းမျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ သွေးဝမ်ယန်၏ ကိုယ်ပေါ်မှ ရတနာများမှာ သူ့ကို အလွန်ပင် ဝမ်းသာအားရ ဖြစ်စေခဲ့သည်။
'အင်မော်တယ်သလင်းကျောက် ငါးထောင်တောင်လား... ဒီသွေးဝမ်ယန်က တကယ့်ကို ချမ်းသာတာပဲ။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ထိုက်ပါတယ်...’
ကျိုးစွေ့က အံ့ဩတသစွာ ရေရွတ်လိုက်၏။
အမှန်အတိုင်း ပြောရလျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ်ပေါ်တွင်ပင် အင်မော်တယ်သလင်းကျောက် မည်မျှ ရှိနိုင်ပါမည်နည်း။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူတစ်ဦးအနေဖြင့် ငွေကြေးများကို စုဆောင်းထားလေ့မရှိဘဲ ရရှိသမျှကို ကျင့်ကြံခြင်းအတွက် အသုံးပြုလေ့ရှိသောကြောင့်ပင် ဖြစ်၏။
ကိုယ်ပေါ်တွင် ငွေကြေးအချို့ ရှိလာပါက အမျိုးမျိုးသော ဆေးဝါးများနှင့် ပစ္စည်းများကို ဝယ်ယူကာ မိမိ၏ကျင့်ကြံမှုကို မြှင့်တင်ရန်သာ အသုံးပြုကြသည်။
ထို့ကြောင့် သွေးဝမ်ယန်၏ ကိုယ်ပေါ်မှ အင်မော်တယ်သလင်းကျောက် ငါးထောင်မှာ ကြီးမားသော စည်းစိမ်ဥစ္စာကြီးတစ်ခု ဖြစ်ပေသည်။
သူသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံမျှမက သွေးလမင်းမျိုးနွယ်စုအတွင်း ၎င်း၏ အဆင့်အတန်းမှာလည်း အလွန်မြင့်မားသောကြောင့် ဤမျှများပြားသော စည်းစိမ်ကို ဆောင်ထားနိုင်ခြင်း ဖြစ်သည်။
ယခင်က ရရှိခဲ့သော အင်မော်တယ်သလင်းကျောက် သုံးထောင်နှင့် ပေါင်းလိုက်လျှင် ယခုအခါ သူသည် အင်မော်တယ်သလင်းကျောက် စုစုပေါင်း ရှစ်ထောင်အထိ ပိုင်ဆိုင်ထားပြီ ဖြစ်၏။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှသော ကြွယ်ဝမှု ဖြစ်ပေသည်။
ကျိုးစွေ့သည် သွေးဝမ်ယန်၏ အသက်ဆက်ရတနာကို လုံးဝ သန့်စင်ပြီးနောက် မိမိကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်ကာ တွေးလိုက်၏။
'အဆင့်မြင့်ကောင်းကင်အဆင့်ဝိညာဉ်ရတနာ သွေးမီးလျှံလှံရှည်... ဒါက တကယ့်ကို ကောင်းမွန်တဲ့ တိုက်ခိုက်ရေး အမျိုးအစား ရတနာတစ်ခုပဲ...’
အကယ်၍ ဤအဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာကို ရောင်းချလိုက်ပါက တန်ဖိုးမဖြတ်နိုင်သော ဈေးနှုန်းကို ရရှိမည် မဟုတ်ပါလော။
မရောင်းချဘဲ မိမိကိုယ်တိုင် အသုံးပြုလျှင်ပင် ဤသည်မှာ အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး ရတနာတစ်ခု ဖြစ်ပေသည်။
ထုတ်ဖော်လိုက်ပါက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေနိုင်သော စွမ်းအားများ ပါဝင်နေသည်။
ယခင်က သူသည် သတ္တမအဆင့် အစီအရင်၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ခဲ့ပါက သွေးမီးလျှံလှံရှည်၏ စွမ်းအားကို တားဆီးနိုင်ရန် မလွယ်ကူခဲ့ပေ။
'အိုး... ဆဋ္ဌမအဆင့် အဆင့်မြင့်ဆေးလုံး ဖြစ်တဲ့ နဂါးပျံဆေးလုံးလည်း ပါတာပဲ...’
'ဒီလိုဆေးလုံးတစ်လုံးကို သုံးစွဲလိုက်ရင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အနည်းဆုံး နှစ်ပေါင်းသုံးရာ ကျင့်ကြံမှုကို တိုးတက်စေနိုင်တယ်...’
'အခု သုံးလုံးတောင် ရှိနေတာပဲ...’
ကျိုးစွေ့တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားကာ အလွန်ပင် စိတ်လှုပ်ရှားသွားတော့သည်။
သူသည် ဆေးပုလင်းများထဲမှ တစ်လုံးကို ဖွင့်ကြည့်လိုက်ရာ ရွှေရောင်ဆေးလုံးများကို တွေ့ရှိလိုက်ရပြီး ၎င်းတို့အပေါ်တွင် နဂါးပုံသဏ္ဌာန်များ ပေါ်ထွက်နေကာ ရွှေရောင်အလင်းတန်းများ ဖြာထွက်လျက် ဆေးအကြောင်းများ ထင်ကျန်နေလေသည်။
တစ်ချိန်တည်းမှာပင် သင်းပျံ့လှသော ဆေးရနံ့များ ထွက်ပေါ်လာ၏။
ဤဆဋ္ဌမအဆင့် ဆေးလုံးမှာ ဆဋ္ဌမအဆင့် ဝိညာဉ်သစ်သီးဖြစ်သော နဂါးမြက်သီးနှင့် တိမ်ပျံအစေးတို့ကို အဓိကအသုံးပြု၍ ဖော်စပ်ထားခြင်း ဖြစ်သည်။
တန်ဖိုးမှာ လွန်စွာ မြင့်မားလှပေသည်။
ရှေးယခင် လူသားမျိုးနွယ်စုအတွင်း၌ပင် နဂါးပျံဆေးလုံးကို ရရှိရန်မှာ မလွယ်ကူလှချေ။
တစ်ကြိမ်ပေါ်ထွက်လာတိုင်း လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာက ရူးသွပ်စွာ အလုအယက် လေလံဆွဲကြလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် တစ်လုံးသုံးစွဲရုံမျှဖြင့် နှစ်ပေါင်းသုံးရာ ကျင့်ကြံမှုအချိန်ကို သက်သာစေပြီး သက်တမ်းကို မြှင့်တင်ပေးနိုင်သောကြောင့်ပင်။
ကျင့်ကြံသူအနေဖြင့် အချိန်အမြောက်အမြားကို အခြားနေရာများတွင် အသုံးပြုနိုင်ပြီး ဂူအတွင်း၌ နေ့ညမပြတ် ပင်ပန်းဆင်းရဲစွာ ကျင့်ကြံနေရန် မလိုအပ်တော့ပေ။
သံသယဖြစ်ဖွယ်မရှိ ဤဆဋ္ဌမအဆင့် ဆေးလုံးသုံးလုံးသည် သူ၏ ကျင့်ကြံခြင်းအချိန်ကို များစွာ သက်သာစေပေမည်။
'ဒါပေမဲ့ နှမြောစရာပဲ... သတ္တမအဆင့် ဆေးလုံးတစ်လုံးမှ ရှာမတွေ့ဘူး...’
'သွေးဝမ်ယန်ရဲ့ အဆင့်အတန်းနဲ့တောင် သတ္တမအဆင့် ဆေးလုံးကို ရရှိဖို့ဆိုတာ မလွယ်ကူပုံပဲ...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လျက် အနည်းငယ် နှမြောတသစွာ တွေးလိုက်၏။
သို့သော် မကြာမီ ထိုနှမြောတသမှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် သင့်တော်သော ဆေးလုံးများမှာ လွန်စွာ ရှားပါးလှပြီး လက်ချိုးရေတွက်နိုင်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများမှာ မိမိတို့၏ ကျင့်ကြံမှုကို တိုးတက်စေရန်အတွက် ကိုယ်တိုင်ကျင့်ကြံခြင်းကိုသာ အားကိုးကြရပေသည်။
အဆင့်နိမ့်ကျင့်ကြံသူများကဲ့သို့ ဆေးလုံးများ သုံးစွဲ၍ အဆင့်များကို လျင်မြန်စွာ မြှင့်တင်ရန်ဆိုသည်မှာ စိတ်ကူးယဉ်အိမ်မက်တစ်ခုမျှသာ။
အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့်ဆေးလုံးများ ဖော်စပ်ရန် သင့်တော်သော ဆေးဖက်ဝင်အပင်များမှာ လွန်စွာ ရှားပါးလှသောကြောင့်ပင် ဖြစ်၏။
ထိပ်တန်းမျိုးနွယ်စုကြီးများပင်လျှင် သတ္တမအဆင့် ဆေးဖက်ဝင်အပင်များကို ရှာဖွေရန်မှာ ခက်ခဲလှချေသည်။
ဆဋ္ဌမအဆင့် ဆေးလုံးများမှာ အနည်းငယ် ပိုမိုများပြားသော်လည်း ပြောပြလောက်အောင် များပြားခြင်း မရှိချေ။
ထို့ကြောင့် ယခုအချိန်အထိ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာမှာ မိမိတို့ကိုယ်တိုင် အပတ်တကုတ် ကျင့်ကြံခြင်းဖြင့်သာ အဆင့်များကို မြှင့်တင်နေကြရပေသည်။
အကယ်၍ ဆဋ္ဌမအဆင့် ဆေးလုံးများကို အကန့်အသတ်မရှိ သုံးစွဲနိုင်ပါက ဝိညာဉ်လောကရှိ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအရေအတွက်မှာ ယခုထက်မက များပြားနေမည် ဖြစ်၏။ သို့သော် ဤသည်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်ပေသည်။
ဝိညာဉ်လောကရှိ ကျင့်ကြံခြင်းအရင်းအမြစ် ရှားပါးမှုသည် အဆင့်မြင့်ကျင့်ကြံသူများ ပေါ်ထွက်လာနိုင်စွမ်းကို ကန့်သတ်ထားခြင်းပင်။
အခန်း (၈၃၆) - ကောင်းကင်မြေကြီး၏ ထူးဆန်းသော ရွှေပုစဉ်းရင်ကွဲကူ၊ ဆဋ္ဌမအဆင့် နဂါးပျံဆေးလုံးနှင့် အင်မော်တယ်သလင်းကျောက် ငါးထောင် ရရှိခြင်း (၄)။
'မဖြစ်နိုင်တာ... ဒါတကယ်ကြီးလား။ တကယ်ပဲ ယန်ပြန်လည်ဆန်းသစ်ရေစင်လား...’
ကျိုးစွေ့ခမျာ မျက်လုံးအပြူးသားဖြင့် စိတ်ထဲတွင် ရေရွတ်လိုက်မိတော့သည်။
သူသည် ဘူးသီးခြောက်ဘူးတစ်ခုအတွင်း ရှိနေသော အရည်အချို့ကို တွေ့ရှိလိုက်ရပြီး၊ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ၎င်းမှာ အလွန်ကျော်ကြားလှသော ယန်ပြန်လည်ဆန်းသစ်ရေစင် ဖြစ်နေကြောင်း သိရှိသွားခဲ့ရသည်။
ဒဏ္ဌာရီများအရ ဤကဲ့သို့သော ယန်ပြန်လည်ဆန်းသစ်ရေစင်မှာ တန်ဖိုးမဖြတ်နိုင်ဘဲ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး သေလုမြောပါး ဒဏ်ရာရရှိနေလျှင်ပင် တစ်ငုံမျှ သောက်သုံးလိုက်ရုံဖြင့် ချက်ချင်း ပြန်လည်ကောင်းမွန်လာနိုင်စွမ်း ရှိချေသည်။
ဒဏ်ရာအပြင်းအထန်ရနေသော မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ကယ်တင်နိုင်စွမ်း ရှိ၏။
ထို့ကြောင့် ဤသည်မှာ တကယ့်ကို တန်ဖိုးမဖြတ်နိုင်သော ရတနာကြီး ဖြစ်ပေသည်။
မဟာယာနအဆင့် ကျင့်ကြံသူများကသာ သိမ်းပိုက်ထားလေ့ရှိပြီး အဆင့်နိမ့်ကျင့်ကြံသူများမှာ ဤကဲ့သို့သော ရေစင်ကို ရရှိရန် အခွင့်အရေး မရှိသလောက်ပင်။
အကယ်၍ လေလံပွဲသို့ တင်သွင်းလိုက်ပါက ကောင်းကင်အထိ မြင့်မားသော ဈေးနှုန်းကို ရရှိမည်သာ ဖြစ်ပေသည်။
သွေးဝမ်ယန်၏ ကိုယ်ပေါ်တွင် ဤကဲ့သို့သော ရေစင် ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ။
တန်ဖိုးအရ နှိုင်းယှဉ်ရလျှင် အဆင့်မြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်သော သွေးမီးလျှံလှံရှည်ထက် အနည်းငယ်မျှသာ လျော့နည်းပြီး ကွာခြားမှု မရှိလှ။
မည်သို့ပင်ဆိုစေ ဤသည်မှာ အရေးကြီးသော အချိန်တွင် အသက်ကို ကယ်တင်နိုင်သော အရာ မဟုတ်ပါလော။
အကယ်၍ ၎င်းကို အမှန်တကယ် လိုအပ်သောသူများက မျက်စိကျသွားပါက လေလံပွဲများတွင် အဆင့်မြင့်နတ်ဘုရားရတနာများထက် ပိုမိုစျေးကြီးသွားခြင်းမှာလည်း အလွန်ပင် ပုံမှန်ဖြစ်ပေသည်။
"သူ့မှာ ဒီလိုမျိုး ယန်ပြန်လည်ဆန်းသစ်ရေစင် ရှိနေပါလျက်နဲ့ ဘာလို့ မသုံးစွဲခဲ့တာလဲ...”
"အော်... သူ နှမြောလို့ကိုး...”
ကျိုးစွေ့၏ အတွေးတစ်ချက်ဖြင့် သွေးဝမ်ယန်၏ မှတ်ဉာဏ်များထဲမှ သက်ဆိုင်ရာ အချက်အလက်များကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်၏။
သွေးဝမ်ယန်သည် ရန်သူများ၏ ချုံခိုတိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်ရှိသော ဒဏ်ရာမျိုး မဟုတ်ခဲ့ပေ။
အချိန်အနည်းငယ် ပေးလိုက်လျှင် သို့မဟုတ် သက်ရှိများစွာ၏ သွေးများကို စုပ်ယူလိုက်ပါက သူသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်၏။
ပြဿနာမှာ ဤကဲ့သို့သော ယန်ပြန်လည်ဆန်းသစ်ရေစင်မှာ သူ့တွင် တစ်ခုတည်းသာ ရှိပြီး အသက်ကယ်ရတနာ ဖြစ်နေခြင်း ဖြစ်၏။
သုံးစွဲလိုက်ပါက နောက်ထပ်တစ်ကြိမ် ရရှိရန် မဖြစ်နိုင်တော့ချေ။
ထို့ထက်မက ထိုအချိန်တွင် သူ၏အခြေအနေမှာ သေလုမြောပါးအခြေအနေမျိုးနှင့် မကြုံတွေ့ရသေးသဖြင့် တတ်နိုင်သမျှ ချွေတာရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အဖိုးတန်ရတနာကို အဘယ်ကြောင့် လွယ်လွယ်နှင့် သုံးစွဲရဲပါမည်နည်း။
အကောင်းဆုံးသော ပစ္စည်းကို အရေးကြီးဆုံးနေရာတွင်သာ သုံးစွဲသင့်သည် မဟုတ်ပါလော။
နှမြောစရာကောင်းသည်မှာ သူ၏ ကပ်စေးနည်းသော စိတ်ဓာတ်ကြောင့်ပင် မိမိကိုယ်ကိုယ် သေတွင်းထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရခြင်းပင်။
ထို့သို့နှင့် ကျိုးစွေ့ ထိန်းချုပ်ထားသော သတ္တမအဆင့် အဆင့်မြင့်အစီအရင်၏ သတ်ဖြတ်ခြင်းကို ခံရကာ အလောင်းပင် မကျန်ခဲ့တော့ပေ။
အဆုံးသတ်၌ ယန်ပြန်လည်ဆန်းသစ်ရေစင်ကို အသုံးပြုခွင့်ပင် မရလိုက်ချေ။
သို့သော် ကျိုးစွေ့ ဤမျှ စိတ်လှုပ်ရှားရသည့် အကြောင်းရင်းမှာ ယန်ပြန်လည်ဆန်းသစ်ရေစင်သည်ကား ကောင်းမွန်သော ရတနာတစ်ခု ဖြစ်ရုံမျှမကချေ။ ၎င်းသည် ‘ရွှေပုစဉ်းရင်ကွဲကူ’ ကို ဖော်စပ်ရန်အတွက် အဓိက လိုအပ်သော ပစ္စည်းတစ်ခု ဖြစ်သောကြောင့်ပင်။
‘ရွှေပုစဉ်းရင်ကွဲကူ’ သည်လည်း ကောင်းကင်မြေကြီး၏ ထူးဆန်းသော ကူပိုးကောင်တစ်ကောင် ဖြစ်ပြီး မယုံနိုင်စရာကောင်းသော စွမ်းအားများ ပါဝင်ကာ သေလူကိုပင် ပြန်လည်ရှင်သန်စေနိုင်စွမ်း ရှိသည်။
ဆိုလိုသည်မှာ နောက်ဆုံးထွက်သက် မချုပ်ငြိမ်းသေးသရွေ့ ‘ရွှေပုစဉ်းရင်ကွဲကူ’ ၏ စွမ်းအားဖြင့် ပြန်လည်ကယ်တင်နိုင်သည်။
ဤသည်မှာ ကူနတ်ဘုရားပန်းကန်ထဲရှိ အစွမ်းထက်ဆုံးသော ကုသရေးကူပိုးကောင် ဖြစ်ပေသည်။
ထို့အပြင် ဤကူပိုးကောင်မှာ အခြားသူများအတွက်သာမက မိမိကိုယ်တိုင်အတွက်လည်း အသုံးပြုနိုင်သည်။
အကယ်၍ ‘ရွှေပုစဉ်းရင်ကွဲကူ’ ကို အောင်မြင်စွာ ဖော်စပ်နိုင်ပါက သူသည် မသေမျိုးခန္ဓာကိုယ်ကို ရရှိလိုက်ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လျှင်ပင် ချက်ချင်း သေဆုံးခြင်းမရှိပါက ဒဏ်ရာများမှာ လျင်မြန်စွာ ပျောက်ကင်းသွားမည် ဖြစ်၏။
ကျင့်ကြံမှုအဆင့် မြင့်မားလေလေ ပြန်လည်ကောင်းမွန်လာမည့် အရှိန်မှာ ပိုမိုမြန်ဆန်လေလေ ဖြစ်၏။
ဤသည်မှာ အမှန်တကယ်ပင် မသေနိုင်သောခန္ဓာကိုယ် ဖြစ်ပေသည်။
ဤသည်မှာ ‘ရွှေပုစဉ်းရင်ကွဲကူ’ ၏ ထူးခြားဆန်းကြယ်သော စွမ်းအားဖြစ်ပြီး စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲလှသည်။
'‘ရွှေပုစဉ်းရင်ကွဲကူ’ ကို ဖော်စပ်ဖို့အတွက် အဓိကပစ္စည်း သုံးမျိုး လိုအပ်တယ်...’
'အဲဒီထဲက တစ်ခုကတော့ ယန်ပြန်လည်ဆန်းသစ်ရေစင်ပဲ...’
ကျိုးစွေ့တစ်ယောက် မျက်လုံးများကို မှေးစက်လိုက်ပြီး ‘ရွှေပုစဉ်းရင်ကွဲကူ’ အား ဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းများကို ပြန်လည်စဉ်းစားလိုက်၏။
မှန်ပေ၏၊ ‘ရွှေပုစဉ်းရင်ကွဲကူ’ ကို ဖော်စပ်ရန်မှာ တွေးထားသလောက် မလွယ်ကူလှပေ။
သာမန်ကူပိုးကောင်များမှာမူ အဓိကပစ္စည်းတစ်မျိုးနှင့် အရန်ပစ္စည်းများစွာသာ လိုအပ်ပေသည်။
သို့သော် ‘ရွှေပုစဉ်းရင်ကွဲကူ’ အတွက်မူ အဓိကပစ္စည်း သုံးမျိုးအထိ လိုအပ်ပြီး ၎င်းတို့ထဲမှ တစ်ခုချင်းစီမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။
၎င်းတို့အနက် တစ်ခုမှာ ယန်ပြန်လည်ဆန်းသစ်ရေစင် ဖြစ်ချေသည်။
'ဒုတိယအဓိကပစ္စည်းကတော့ ကောင်းကင်ဖြည့်စွက်မှိုစိမ်းပဲ။ ဒါက ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်တဲ့ ထိပ်တန်းဆေးဖက်ဝင်အပင် ဖြစ်ပြီး အဆင့်ကတော့ အဋ္ဌမအဆင့်အထိ ရှိနိုင်တယ်။ အလွန်တရာ အဖိုးတန်ပြီး ဝိညာဉ်လောကထဲမှာတောင် ဒဏ္ဍာရီလာဆေးပင်ဖြစ်လို့ ရှာဖွေဖို့ မလွယ်ကူဘူး...’
'တတိယအဓိကပစ္စည်းကတော့ မသေဆေးမြက်ပင်ပဲ။ ဒါကလည်း အလွန်ထူးခြားတဲ့ ဆေးပင်ဖြစ်ပြီး မသေနိုင်တဲ့ စွမ်းအားတွေ ပါဝင်နေပုံရတယ်။ အကြိမ်ကြိမ် သတ်ဖြတ်ခံရရင်တောင် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိပြီး အသက်စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတယ်…”
“ဒါပေမဲ့ ဒါကလည်း ရှာဖွေဖို့ ခက်ခဲလွန်းတယ်။ လောကထဲမှာ ဝိညာဉ်မြက်ပင်တွေ အများကြီးရှိပေမဲ့ မသေဆေးမြက်ပင်ကတော့ လက်ချိုးရေတွက်လို့ ရပြီး မဟာယာနအဆင့် ကျင့်ကြံသူတွေတောင် လိုချင်တက်မက်ကြတယ်...’
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်၏။
သူသည် ‘ရွှေပုစဉ်းရင်ကွဲကူ’ ကို ဖော်စပ်ရန် မည်မျှခက်ခဲကြောင်း ကောင်းစွာ သိရှိထားသည်။ ယခင်က သူဖော်စပ်ခဲ့ဖူးသော ကူပိုးကောင်များနှင့် ယှဉ်လျှင် အဆပေါင်းများစွာ ပိုမိုခက်ခဲလှပြီး ဤအဓိကပစ္စည်းများမှာ လောကတွင် ရှာဖွေရန် အလွန်ခက်ခဲသော ရတနာများ ဖြစ်ကြသောကြောင့်ပင်။
သူ၏လက်ရှိ ပိုင်ဆိုင်မှုများအားလုံးကို ပုံအောသုံးစွဲလိုက်လျှင်ပင် ထိုပစ္စည်းများကို ရှာဖွေတွေ့ရှိရန်မှာ မသေချာလှ။
သို့သော် အမှန်တကယ်တမ်း အောင်မြင်စွာ ဖော်စပ်နိုင်ပါက ရရှိမည့် အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိ ကြီးမားလှပေသည်။
သူသည် မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့် ရရှိသွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ရန်သူများ၏ တိုက်ခိုက်မှုကြောင့် စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင်ပင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။
ဤသည်မှာ သူ၏ အသက်ရှင်သန်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးပေလိမ့်မည်။
'ဒီလို ကံကောင်းမှုမျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ မမျှော်လင့်ဘဲ ယန်ပြန်လည်ဆန်းသစ်ရေစင်ကို ရလိုက်တာပဲ...’
'ကျန်တဲ့ ပစ္စည်းနှစ်မျိုးကလည်း အလွန်အဖိုးတန်ပြီး ရှာဖွေဖို့ ခက်ခဲပေမဲ့... တကယ်လို့ ကံကောင်းရင် ကျန်တဲ့ ပစ္စည်းနှစ်မျိုးကိုလည်း ရနိုင်ကောင်း ရနိုင်လိမ့်မယ်...’
'အောင်မြင်သွားတာနဲ့ ‘ရွှေပုစဉ်းရင်ကွဲကူ’ ကို ဖော်စပ်ဖို့က တကယ့်ကို လွယ်ကူတဲ့ ကိစ္စပဲ...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး အလွန်ပင် စိတ်လှုပ်ရှားနေမိ၏။
ဤသည်မှာ အမှန်တကယ်ပင် ကမ္ဘာပတ်ရှာဖွေသည့်တိုင် ရှာမတွေ့နိုင်သော အရာကို နေရင်းထိုင်ရင်း အလိုအလျောက် ရရှိလိုက်ခြင်းပင်။
မူလက သူသည် ‘ရွှေပုစဉ်းရင်ကွဲကူ’ ကို ဖော်စပ်ရန် အထူးတလည်စိတ်ဝင်စားမှု မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဓိကပစ္စည်းများကို ရှာဖွေရန်မှာ ခက်ခဲလွန်းလှသောကြောင့်ပင်။
သို့သော် ယခုမူ မတူညီတော့။
ဤနေရာတွင် အဓိကပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သဖြင့် အတိုင်းအတာတစ်ခုအရ သုံးပုံတစ်ပုံခန့် ပြီးစီးသွားခဲ့ပြီဖြစ်ရာ ကျန်ရှိသော သုံးပုံနှစ်ပုံကို ဖြည့်ဆည်းနိုင်ပါက လုံးဝ အောင်မြင်ပေတော့မည်။
ဤကဲ့သို့သော တိုးတက်မှုနှုန်းမှာ အလွန်ပင် အားရစရာ ကောင်းလှသည်။
'ထားလိုက်ပါတော့... ကျန်တဲ့ ပစ္စည်းနှစ်မျိုးကို ရှာဖွေဖို့ဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပြီးနိုင်တဲ့ ကိစ္စမဟုတ်ဘူး...’
'အခုလောလောဆယ် အရေးကြီးဆုံးကတော့ ဓာတ်ငါးပါးကျောက်နဲ့ ရွှီမီကျောက်တုံးတွေကို ရှာဖွေဖို့ပဲ...’
'ဒီကျောက်တုံးတွေက လောဆယ်မျာ အဓိကသော့ချက်ပဲ...’
'ဒီကျောက်တုံးတွေကို ရှာတွေ့မှသာ ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ကို တည်ဆောက်နိုင်မယ်...’
'ဒါမှပဲ ဖုန်းရှီးကျွန်းက လုံးဝ ဘေးကင်းသွားပြီး လုံခြုံတဲ့ အခြေစိုက်စခန်းတစ်ခု ဖြစ်လာမှာ...’
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်ပြန်၏။
သွေးဝမ်ယန်နှင့် အခြားသွေးလမင်းမျိုးနွယ်စု ကျင့်ကြံသူများ၏ မှတ်ဉာဏ်များအရ အနီးနားရှိ ပင်လယ်ပြင်တွင် ဟယ်ဖုန်းကျွန်းဟု အမည်ရသော ကျွန်းတစ်ကျွန်း ရှိနေသည်။ ၎င်းမှာ ဤပင်လယ်ဒေသတွင် အလွန်ကျော်ကြားသော ကုန်သွယ်ရေးကျွန်းကြီး ဖြစ်ပြီး ကျွန်းတစ်ခုလုံးတွင် မြို့ပြတစ်ခုကိုပင် တည်ဆောက်ထားလေသည်။
အခြေခံအားဖြင့် ပတ်ဝန်းကျင် ကီလိုမီတာ ဘီလီယံဆယ်ဂဏန်းအတွင်းရှိ သက်ရှိများအားလုံးမှာ ကုန်သွယ်မှုပြုလုပ်ရန် ဤကျွန်းသို့ လာရောက်ကြသည်။
အမှန်တကယ်တွင်မူ ဟယ်ဖုန်းကျွန်းကို ထျန်းဖန်မျိုးနွယ်စုက ထိန်းချုပ်ထားပြီး နှစ်စဉ်ရရှိသော အကျိုးအမြတ်မှာ လွန်စွာ ကြီးမားလှသည်။
ဟယ်ဖုန်းကျွန်းဟု ခေါ်ဆိုရခြင်းမှာ ရှေးယခင်က ဤကျွန်းကို ဖေးဟော်မျိုးနွယ်စုက ထိန်းချုပ်ခဲ့ဖူးသောကြောင့်ပင်။
ဖေးဟော်မျိုးနွယ်စုသည်လည်း ယခင်က အလွန်အင်အားကြီးမားသော မဟာမျိုးနွယ်စုတစ်ခု ဖြစ်ခဲ့ပြီး မဟာယာနအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းအထိ ပေါ်ထွက်ခဲ့ဖူးသည်။
သို့သော် အစစ်အမှန်ဝိညာဉ်ကို စော်ကားမိခဲ့သဖြင့် မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးသုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရသည်။
၎င်းတို့သည် ဤကျွန်းပေါ်တွင် လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုဖြစ်သော ဖေးဟော်လျှို့ဝှက်နယ်မြေကို ချန်ထားခဲ့ကြသည်။ ၎င်းမှာ ယခင်က ဖေးဟော်မျိုးနွယ်စု၏ ဌာနချုပ်ဖြစ်ကာ အဋ္ဌမအဆင့် အစီအရင်ဖြင့် ကာကွယ်ထားပြီး အတွင်း၌ ရတနာများစွာ ရှိနေပေသည်။
ထိုအထဲတွင် ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးများလည်း ပါဝင်နေ၏။
အကယ်၍ ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ပါက ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးများကို အလကား ရရှိနိုင်မည့် အခွင့်အရေး ရှိပေသည်။