← Chapters

အခန်း (၈၃၇-၈၃၈)

Vol. 79 Ch. 837-838

အခန်း (၈၃၇-၈၃၈)

Vol. 79 Ch. 837-838

အခန်း (၈၃၇) - ကောင်းကင်မြေကြီး၏ ထူးဆန်းသော ရွှေပုစဉ်းရင်ကွဲကူ၊ ဆဋ္ဌမအဆင့် နဂါးပျံဆေးလုံးနှင့် အင်မော်တယ်သလင်းကျောက် ငါးထောင် ရရှိခြင်း (၅)။

'မှတ်ဉာဏ်တွေအရဆိုရင် ဒီဖေးဟော်လျှို့ဝှက်နယ်မြေက နှစ်ပေါင်းတစ်ရာမှာ တစ်ကြိမ် ပွင့်တတ်တယ်...’

'အခုအချိန်က ဖေးဟော်လျှို့ဝှက်နယ်မြေ ပွင့်မယ့်အချိန်နဲ့ တိုက်ဆိုင်နေပုံပဲ...’

'ပြီးတော့ လူတိုင်း ဖေးဟော်လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်လက်မှတ်ကို ဝယ်ယူနိုင်ကြတယ်...’

'အခြေခံအားဖြင့် အင်မော်တယ်သလင်းကျောက် သုံးတုံးပေးရင် တစ်ကြိမ် ဝင်ခွင့်ရတယ်...’

'ဆိုလိုတာက ဝင်ခွင့်လက်မှတ် ဝယ်လိုက်ရုံနဲ့ ငါ ဖေးဟော်လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး ရတနာတွေကို ရှာဖွေနိုင်မယ်...’

ကျိုးစွေ့က မျက်လုံးများကို မှေးစင်လိုက်၏။

ထျန်းဖန်မျိုးနွယ်စုက ဤကဲ့သို့ လုပ်ဆောင်ခွင့်ပြုရခြင်းမှာ ပြင်ပလူများအနေဖြင့် ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သည့်တိုင် အဖိုးတန်ရတနာများကို ရှာဖွေရန် မလွယ်ကူဘဲ လျှို့ဝှက်နယ်မြေအတွင်း သေဆုံးရန် ပိုမိုလွယ်ကူသောကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် အတွင်း၌ အဋ္ဌမအဆင့် အစီအရင်နှင့် အလွန်အန္တရာယ်များသော ကာကွယ်ရေးတားမြစ်ချက် အစီအရင်များစွာ ရှိနေသောကြောင့် ဖြစ်ပေသည်။

အနည်းငယ်မျှ သတိမထားမိလျှင် အတွင်းရှိ တားမြစ်ချက်များကို ထိမိကာ တားမြစ်ချက်စွမ်းအားကြောင့် သေဆုံးသွားနိုင်သည်။

ထို့ကြောင့် ထျန်းဖန်မျိုးနွယ်စုမှာ ဖေးဟော်လျှို့ဝှက်နယ်မြေကို ရည်ရွယ်ချက်ရှိရှိ ဖွင့်လှစ်ပေးကာ အခွင့်ကောင်းယူ၍ ဝင်ခွင့်လက်မှတ်ခများကို ကောက်ခံနေခြင်း ဖြစ်၏။

ကာလကြာရှည်လာသည်နှင့်အမျှ ဝင်ခွင့်လက်မှတ်ခများမှ ရရှိသော အကျိုးအမြတ်မှာ လျှို့ဝှက်နယ်မြေကိုယ်တိုင်၏ တန်ဖိုးထက်ပင် ကျော်လွန်လုနီးပါး ဖြစ်နေချေပြီ။

မှန်ပေသည်၊ ထျန်းဖန်မျိုးနွယ်စုသည်လည်း လူမိုက်များ မဟုတ်ကြသဖြင့် အကျိုးအမြတ်အားလုံးကို တစ်ပြိုင်နက်တည်း အကုန်အစင် ရယူရန် မကြိုးပမ်းကြပေ။

ကျင့်ကြံသူအချို့မှာ ရတနာအချို့ ရရှိကာ ပြန်လည်ထွက်ခွာနိုင်ကြသေး၏။

ဤသည်မှာ ကျင့်ကြံသူများကို ပိုမိုလှုံ့ဆော်ပေးလျက်ရှိပြီး အတွင်းသို့ ဝင်ရောက်ရန် ပိုမိုတက်မက်စေသည်။

ဤသည်မှာ အကန့်အသတ်မရှိ (ဘူဖေး ကိုပြောတာနော်။ ဘယ်လိုရေးရမှန်းမသိလို့ ဟီး။ ဘူဖေးကို ဘူဖေးလို့ပဲ နားယဉ်နေလို့) စားသုံးနိုင်သော စားသောက်ဆိုင်တစ်ခုကဲ့သို့ပင် ဖြစ်၏။ စားသုံးသူများက များစွာ စားသုံးနိုင်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ဆိုင်ရှင်မှာ အမြဲတစေ အမြတ်အစွန်း ရရှိနေသည်သာ ဖြစ်ပြီး လူတိုင်းမှာ အစားကြီးသူများ မဟုတ်ကြပေ။

စားသုံးသူအရေအတွက် များပြားနေသရွေ့ ထိုဆိုင်အနေဖြင့် အရှုံးပေါ်ရန် မဖြစ်နိုင်ပေ။

ဖေးဟော်လျှို့ဝှက်နယ်မြေသည်လည်း ထို့အတူပင် ဖြစ်ပေသည်။

'ကြည့်ရတာ ဖေးဟော်လျှို့ဝှက်နယ်မြေကို မဖြစ်မနေ သွားရမှာပဲ...’

'တကယ်လို့ ဖေးဟော်လျှို့ဝှက်နယ်မြေထဲကို ဝင်နိုင်ရင် ဓာတ်ငါးပါးကျောက်နဲ့ ရွှီမီကျောက်တုံးတွေကို ရရှိနိုင်ရုံတင်မကဘူး...’

'အရေးအကြီးဆုံးကတော့ အဋ္ဌမအဆင့် အစီအရင်ရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာနိုင်လိမ့်မယ်...’

'ဒါက ငါ့‘အစီအရင်နှလုံးသားကူ’ အတွက် အစာပဲ...’

ကျိုးစွေ့က လက်သီးကို တင်းတင်းဆုပ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ‘အစီအရင်နှလုံးသားကူ’ သည် ဖုန်းရှီးမြို့ရှိ သတ္တမအဆင့် အဆင့်မြင့်အစီအရင်၏ လျှို့ဝှက်ချက်များကို လုံးဝ လေ့လာဆန်းစစ်ပြီးနောက် ၎င်း၏ တိုးတက်မှုမှာ ရပ်တန့်သွားခဲ့ပြီး အချိန်တိုအတွင်း ဆက်လက်တိုးတက်ရန် မဖြစ်နိုင်တော့သောကြောင့်ပင်။

အဋ္ဌမအဆင့် အစီအရင်ကို ရရှိမှသာ ‘အစီအရင်နှလုံးသားကူ’ သည် ဆက်လက်တိုးတက်နိုင်ပေမည်။

ပြဿနာမှာ ဝိညာဉ်လောကအတွင်း၌ပင် အဋ္ဌမအဆင့် အစီအရင်များမှာ လွန်စွာ ရှားပါးလှပြီး အခြေခံအားဖြင့် မျိုးနွယ်စုကြီးများ၏ ဌာနချုပ်များတွင်သာ ရှိနေခြင်း ဖြစ်‌၏။

ပြင်ပလူတစ်ဦးအနေဖြင့် အခြားမျိုးနွယ်စုများ၏ ဌာနချုပ်အတွင်းသို့ မည်သို့ ဝင်ရောက်နိုင်ပါမည်နည်း။

အနီးကပ်ရန်ပင် မဖြစ်နိုင်ချေ။

ဖေးဟော်လျှို့ဝှက်နယ်မြေကဲ့သို့သော ယခင်အင်အားကြီး မျိုးနွယ်စုတစ်ခု၏ ဌာနချုပ်တွင် အဋ္ဌမအဆင့်အစီအရင် ရှိနေခြင်းမှာ တကယ့်ကို ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် ဤသည်မှာ သူ့အတွက် အမှန်တကယ်ပင် ကြီးမားလှသော အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။

ဖေးဟော်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ပါက ‘အစီအရင်နှလုံးသားကူ’ ၏ စွမ်းအားကို အသုံးပြု၍ အဋ္ဌမအဆင့် အစီအရင်၏ လျှို့ဝှက်ချက်များကို လေ့လာစုပ်ယူနိုင်မည် ဖြစ်၏။

ထိုသို့ဆိုလျှင် သူ့အနေဖြင့် အဋ္ဌမအဆင့် အစီအရင်ပညာရှင်တစ်ဦး ဖြစ်လာရန်မှာ အချိန်ပိုင်းမျှသာ လိုအပ်တော့ပေမည် မဟုတ်ပါလော။

ထို့ကြောင့် ဟယ်ဖုန်းကျွန်းသို့ သွားရောက်ရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စတစ်ခု ဖြစ်လာခဲ့ချေပြီ။

'ဟယ်ဖုန်းကျွန်းကို သွားဖို့ဆိုရင် အနည်းဆုံး တစ်လ ဒါမှမဟုတ် နှစ်လလောက် အချိန်ယူရမယ်...’

'အကွာအဝေးက အရမ်းဝေးလွန်းတော့ ချက်ချင်းရောက်နိုင်ဖို့ မလွယ်ဘူး...’

'ဒါပေမဲ့ ဒါကလည်း အရေးမကြီးပါဘူး... ကိုယ်ပွားကို ကူပိုးကောင်တွေ သယ်ပြီး သွားခိုင်းလိုက်ရင် ရတာပဲ...’

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။

ထိုသို့ တွေးတောပြီးနောက် ကျိုးစွေ့က ချက်ချင်းပင် မိမိ၏ ကိုယ်ပွားများကို ဆင့်ခေါ်ကာ ‘အစီအရင်နှလုံးသားကူ’၊ ‘တည်နေရာပြောင်းကူ’ စသည့် ကူပိုးကောင်များကို သယ်ဆောင်လျက် ဟယ်ဖုန်းကျွန်းသို့ ထွက်ခွာရန် ညွှန်ကြားလိုက်၏။

ဝှစ်...

၎င်းတို့သည်ကား ချက်ချင်းပင် ဤနေရာမှ ပျောက်ကွယ်သွားပြီး ဖုန်းရှီးမြို့ပြင်ပသို့ ပျံသန်းသွားကာ ကီလိုမီတာ သန်းပေါင်းများစွာ အကွာသို့ တည်နေရာ ပြောင်းရွှေ့သွားခဲ့တော့သည်။

ရက်အနည်းငယ်ကြာပြီးနောက်...

ကိုယ်ပွားကျိုးစွေ့သည် ဖုန်းရှီးကျွန်းမှ ထွက်ခွာလာပြီး ကျယ်ပြောလှသော ပင်လယ်ကြီးပေါ်သို့ ရောက်ရှိလာကာ ဟယ်ဖုန်းကျွန်းရှိရာ အရပ်ဆီသို့ ပျံသန်းသွားလေ၏။

သွေးဝမ်ယန်နှင့် အခြားသော သွေးလမင်းမျိုးနွယ် ကျင့်ကြံသူများထံမှ မှတ်ဉာဏ်များကို ရရှိထားသောကြောင့် ဤခွန်ဖန်ပင်လယ်ဒေသနှင့် ပတ်သက်၍ သူသည် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသည်။

ဆိုရလျှင် ဤနေရာတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သည့် ဒေသခံတစ်ဦးကဲ့သို့ပင် ဖြစ်ချေသည်။

ခရီးသွားရာတွင် သူသည် အလွန်တရာ ကျွမ်းကျင်နေပြီဖြစ်၏။

'နေဦး... ဒါက ဦးတည်ချက်မဲ့လေပြင်းပဲ...'

ထိုအချိန်တွင် ကိုယ်ပွားကျိုးစွေ့၏ စိတ်ထဲ၌ လှုပ်ရှားသွားပြီး အဝေးရှိ ပင်လယ်ပြင်ဆီမှ မယုံနိုင်လောက်အောင် ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေသည့် ဟစ်အော်မြည်ဟည်းနေသော လေဆင်နှာမောင်းတစ်ခု တိုက်ခတ်လာသည်ကို အာရုံခံမိလိုက်၏။

ထိုလေဆင်နှာမောင်းသည် ဒြပ်ထုတစ်ခုသဖွယ် အသွင်သဏ္ဌာန်ပေါ်လာခြင်းပင်။

လေပြင်းတိုင်းသည် လေဓားသွားများကဲ့သို့ ဖိနှိပ်တိုက်ခတ်လာပြီး အဝေးရှိ ကျွန်းငယ်လေးတစ်ကျွန်းသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားရသည်။ ထို့နောက် ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီးနောက် ပင်လယ်ပြင်ထဲသို့ ပျော်ဝင်သွားကာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ရှေးဟောင်းလိပ်နက်ပညာရပ်...။

ချက်ချင်းပင် ကိုယ်ပွားကျိုးစွေ့က ရှေးဟောင်းလိပ်နက်ပညာရပ်ကို လည်ပတ်လိုက်ရာ ချက်ချင်းပင် ကိုယ်ပေါ်၌ အလွှာလေးထပ်ပါရှိသော လိပ်နက်အကာအကွယ် ပေါ်ထွက်လာပြီး တစ်ကိုယ်လုံးကို လိပ်ခွံတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်သွားကာ သိပ်သည်းလှသော လိပ်ခွံပုံစံများနှင့် အင်းကွက်များ ပေါ်လာလေသည်။

ဘန်း… ဘန်း… ဘန်း…

နောက်တစ်စက္ကန့်တွင် မရေတွက်နိုင်သော လေဓားသွားများ ဝင်ရောက်လာပြီး လိပ်နက်ချီအကာအကွယ်ပေါ်သို့ ရူးသွပ်စွာ ဝင်တိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာလေ၏။ တိုက်ခိုက်မှုတိုင်းမှာ တောင်များကို ဆုတ်ဖြဲပြီး မြေကြီးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

သာမန်သင်္ဘောများသာ ဤလေဆင်နှာမောင်းနှင့် ကြုံတွေ့ရပါက ချက်ချင်းပင် သင်္ဘောပျက်၍ လူတိုင်းသေဆုံးပြီး အရိုးပင် ကျန်မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် အပြင်းထန်ဆုံး ကာကွယ်ရေးကျင့်စဉ်ဖြစ်သော ရှေးဟောင်းလိပ်နက်ပညာရပ်သည်ကား အမှန်တကယ်ပင် သာမန်မဟုတ်ချေ။

ဦးတည်ချက်မဲ့လေပြင်းကို ရင်ဆိုင်ရလျှင်ပင် ၎င်းကို ခုခံတားဆီးနိုင်လေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဤရုတ်တရက် ပေါ်လာသော လေဆင်နှာမောင်းသည် တစ်ခါမှ မပေါ်လာဖူးသကဲ့သို့ ပျောက်ကွယ်သွားတော့၏။

'ခွန်ဖန်ပင်လယ်ဒေသရဲ့ ဦးတည်ချက်မဲ့လေပြင်းက ဒီလောက်တောင် ကြောက်စရာကောင်းတာပဲ...'

'ဒါကြောင့်လည်း သတ္တမအဆင့် ပျံသန်းရေးသင်္ဘောတွေသာ ဒီပင်လယ်ပြင်မှာ စိတ်ကြိုက် သွားလာနိုင်တာကိုး...'

'နည်းနည်း အားနည်းတဲ့ ပျံသန်းရေးသင်္ဘောတွေသာ ဒီလိုလေဆင်နှာမောင်းမျိုးနဲ့ ကြုံရရင် သေချာပေါက် သေရမှာပဲ...'

ကျိုးစွေ့မှာ လွန်စွာ အံ့အားသင့်သွားရလေသည်။

သွေးဝမ်ယန်နှင့် အခြားသော သွေးလမင်းမျိုးနွယ် ကျင့်ကြံသူများ၏ မှတ်ဉာဏ်များမှတစ်ဆင့် ဦးတည်ချက်မဲ့လေပြင်း၏ အစွမ်းထက်ပုံကို သူသိရှိထားသော်လည်း ကိုယ်တိုင်ကြုံတွေ့ရမှသာ တွေးထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရသည်။

ထိုကဲ့သို့သော လေဆင်နှာမောင်းသည် ခွန်ဖန်ပင်လယ်ဒေသတွင် ကြားရုံဖြင့် အသည်းတုန်စေသော သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်လာသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

'နေပါဦး... ဒီဦးတည်ချက်မဲ့လေပြင်းဆိုတာက ဘာလို့ ဒီလောက် ရင်းနှီးနေသလို ခံစားရတာလဲ...'

'ဘယ်နေရာမှာများ မြင်ဖူးခဲ့တာလဲ...'

'ဒါက ခွန်ဖန် လုပ်လိုက်တာများလား...'

ထိုသို့တွေးမိသောအခါ ကျိုးစွေ့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာလေသည်။

သူ ပထမဆုံးအကြိမ် ခွန်ဖန်နှင့် ကြုံတွေ့ခဲ့ရသည်မှာ အဆုံးအစမရှိသော လေဟာနယ်ထဲတွင် ဖြစ်ကြောင်းကိုလည်း ပြန်တွေးမိသွား၏။

ထိုစဉ်က လေဟာနယ်မုန်တိုင်းသည် ခွန်ဖန်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကြီးမားသော ဘေးအန္တရာယ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ယခု ခွန်ဖန်ပင်လယ်ဒေသတွင်လည်း ဦးတည်ချက်မဲ့လေသည် မကြာခဏဆိုသလို ပေါ်လာတတ်သည်။

အမှန်တကယ်တမ်း ၎င်းသည် အစစ်အမှန်ဝိညာဉ် ခွန်ဖန်အိပ်ပျော်နေစဉ် သမ်းဝေလိုက်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် မည်သည့် ပုံသေဥပဒေသမျှ မရှိခြင်း ဖြစ်လေ၏။

သူ၏ခန့်မှန်းချက် မှန်မမှန်ကိုမူ သူကိုယ်တိုင်လည်း မသိပေ။

အကယ်၍ မှန်ကန်ပါက အစစ်အမှန်ဝိညာဉ် ခွန်ဖန်သည် တကယ့်ကို မကောင်းဆိုးဝါးများထဲမှ အာဂမကောင်းဆိုးဝါးပင် ဖြစ်ပြီး၊ ၎င်း၏ လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေကာ သဘာဝဘေးအန္တရာယ်ကြီးအဖြစ် ပြောင်းလဲသွားရန် လုံလောက်ပေသည်။

'အစစ်အမှန်ဝိညာဉ်ဆိုတာ မဟာယာနအဆင့် ကျင့်ကြံသူတွေနဲ့ တူညီတဲ့အဆင့်အတန်းမှာ ရှိနေတဲ့ တည်ရှိမှုမျိုးပဲ...'

'ဘာဖြစ်လို့များ အစစ်အမှန်ဝိညာဉ်တွေက မဟာယာနအဆင့် ကျင့်ကြံသူတွေထက် အများကြီး ပိုကြောက်စရာ ကောင်းနေရတာလဲ...'

ကျိုးစွေ့သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဤအချက်နှင့် ပတ်သက်၍ အလွန်သံသယဖြစ်မိကာ မည်သည့်အကြောင်းကြောင့်ဖြစ်ကြောင်း နားမလည်နိုင်အောင် ဖြစ်နေ‌တော့သည်။

မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ကမ္ဘာ၏ အစွမ်းအထက်ဆုံးသူများမှာ မဟာယာနအဆင့် ကျင့်ကြံသူများသာ ဖြစ်ပြီး အစစ်အမှန်ဝိညာဉ်များသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

သို့သော် အစစ်အမှန်ဝိညာဉ်များ၏ စွမ်းအားသည် သာမန် မဟာယာနအဆင့် ကျင့်ကြံသူများထက် သာလွန်နေပြီး နှစ်ဖက်စလုံး၏ တိုက်ခိုက်ရေးစွမ်းအားမှာ တစ်ဆင့်တည်း မဟုတ်ပေ။

အစစ်အမှန်ဝိညာဉ်များတွင် အထူးခြားဆုံး အရာတစ်ခုခု ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့်သာ ဖိနှိပ်နိုင်စွမ်းရှိသော အားသာချက်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်ရပေမည်။

ဤအချက်ကြောင့် အခြားသော မဟာယာနအဆင့် ကျင့်ကြံသူများအနေဖြင့် ဦးညွှတ်ကာ အညံ့ခံရုံသာ ရှိတော့သည်။

သို့သော် သူသည် ဤပြဿနာများကို ဆက်၍ တွေးတောနေရန် ပျင်းရိသွား၏။

မည်သို့ပင်ဆိုစေ သူသည် ယခုအခါ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်ပြီး မဟာယာနအဆင့်သို့ ရောက်ရန် ခရီးရှည်ကြီး ကျန်နေသေးသည် မဟုတ်ပါလော။

သူ မဟာယာနအဆင့်သို့ တက်လှမ်းနိုင်သည့်အချိန် ရောက်မှသာ မည်သည့်အကြောင်းကြောင့်ဆိုသည်ကို သိနိုင်ပေမည်။

ရွှစ်…။

ထိုသို့တွေးမိပြီးနောက် ကျိုးစွေ့၏ပုံရိပ်က လျှပ်ခနဲဖြစ်သွားကာ ဟယ်ဖုန်းကျွန်းဆီသို့ ဆက်လက်ထွက်ခွာသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

သူသည် ရှေးဟောင်းလိပ်နက်ပညာရပ်ကို အားကိုး၍ ပင်လယ်ပြင်တွင် မကြာခဏ ပေါ်လာတတ်သော ကြောက်မက်ဖွယ်ကောင်းသည့် လေဆင်နှာမောင်းများကို လျစ်လျူရှုကာ အမြန်ဆုံးအရှိန်ဖြင့် ရှေ့သို့ ဆက်သွားလေတော့သည်။

...

အခန်း (၈၃၈) - ‘အစီအရင်နှလုံးသားကူ’ အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး၊ ဖေးဟော်လျှို့ဝှက်နယ်မြေနှင့် အစစ်အမှန်ဝိညာဉ်မျိုးနွယ်စု ထျန်းဖန်မျိုးနွယ် (၁)။

ထိုအချိန် အမှတ် (၈၈) တာအိုကျောင်းတော်ရှိ စံအိမ်ဝင်းအတွင်း၌...

ကျိုးစွေ့သည် ပင်လယ်ပြင်တွင် ကိုယ်ပွားကြုံတွေ့ခဲ့ရသော ဘေးအန္တရာယ်ကို သဘာဝကျကျ အာရုံခံမိလေသည်။

သို့သော် သူ့အနေဖြင့် ဤအရာသည် ကြီးမားသော ပြဿနာတစ်ခုမဟုတ်ဟု ခံစားရ၏။

ကိုယ်ပွားဖြစ်နေလျှင်ပင် အနည်းဆုံးအနေဖြင့် သူ၏ကိုယ်ပိုင် စွမ်းအားအချို့ကို ပိုင်ဆိုင်ထားပေသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူနှင့် မကြုံတွေ့ရသရွေ့ လုံခြုံအေးချမ်းနေမည်မှာ သေချာလေသည်။

အကယ်၍ ထိုအဆင့်ရှိ အစွမ်းထက်သူများနှင့် အမှန်တကယ် ကြုံတွေ့ရလျှင်ပင် 'တည်နေရာပြောင်းကူ' ၏ စွမ်းအားကို အားကိုး၍ အလွယ်တကူ လွတ်မြောက်နိုင်သေးသည်။

အခြေခံအားဖြင့် အသက်အန္တရာယ်အတွက် သိပ်စိုးရိမ်စရာ မရှိချေ။

"ယောက်ျား... ဘာတွေများ တွေးနေတာလဲ"

ထိုအချိန်တွင် ဟွားစစ်ချင်သည် အနက်ရောင်ပိုးသား ဂါဝန်ပါးပါးလေးကို ဝတ်ဆင်ထားပြီး လှပကျော့ရှင်းသော ကိုယ်ဟန်အမူအရာဖြင့် ကျိုးစွေ့၏ အရှေ့သို့ ရောက်လာကာ ဂုဏ်ယူဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်ကို ထုတ်ဖော်ပြသလိုက်သည်။

သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ အလွန်တရာ ဆွဲဆောင်မှုရှိလှပြီး လူတိုင်း၏ ရမ္မက်မီးကို တောက်လောင်စေနိုင်လောက်အောင်ပင် ဖြစ်လေ၏။

အထူးသဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူမ၏ဆွဲဆောင်မှုမှာ လုံးဝကို ပွင့်ထွက်လာခဲ့လေသည်။

မည်သည့်ညို့ငင်ခြင်းပညာရပ်ကိုမျှ မသင်ယူထားလျှင်ပင် သူမ၏ဆွဲဆောင်မှုမှာ အဆုံးအစမရှိပေ။

"အော်... ကိုယ့်ရဲ့ ကိုယ်ပွားက ထွက်ခွာသွားပြီလေ…"

"သိပ်မကြာခင်မှာပဲ ဓာတ်ငါးပါးကျောက်နဲ့ ရွှီမီကျောက်တုံးကို ယူပြီး ပြန်လာနိုင်လောက်ပြီ"

ကျိုးစွေ့က လက်လှမ်းကာ ဤအလှပိုင်ရှင် ဟွားစစ်ချင်ကို ဖက်လိုက်လေသည်။

ချက်ချင်းပင် စိတ်နှလုံးကို လှုပ်ခတ်သွားစေနိုင်သော မွှေးကြိုင်လှသည့် ရနံ့တစ်ခု ပျံ့လွင့်လာသည်ကို ခံစားလိုက်ရ၏။

"ခုလေးတင် ကျွန်မ ရှင့်အတွက် ဗေဒင်တွက်ပေးလိုက်တယ်။ ဒီခရီးက အနည်းငယ် အခက်အခဲလေးတွေ ရှိပေမဲ့… အန္တရာယ်တော့ မရှိပါဘူး"

"အရမ်းကို ချောမွေ့မှာပါ"

ဟွားစစ်ချင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ရွှမ်ထျန်းရတနာဖြစ်သော ကောင်းကင်နက္ခတ်တာရာမြေပုံကို ရရှိပြီးချိန်မှစ၍ သူမ မြင်နိုင်သောအရာများ ပိုမိုများပြားလာပြီး အနာဂတ်မြင်ကွင်းအချို့ကိုပင် မြင်တွေ့နိုင်ကာ ကောင်းကင်၏ လျှို့ဝှက်ချက်များကို စတင် သိမြင်လာခဲ့လေသည်။

မည်သို့ပင်ဆိုစေ သူမ၏ ခန္ဓာကိုယ်သည် ကျော်ကြားလှသော ကောင်းကင်လျှို့ဝှက်ချက်ခန္ဓာ ဖြစ်ပြီး မွေးရာပါ ဗေဒင်ဟောခြင်းနှင့် နိမိတ်ဖတ်ခြင်းပညာရပ်များကို ကျွမ်းကျင်သည်။

သူမ ကျင့်ကြံခြင်း မစတင်ခင် အချိန်ကတည်းကပင် အနာဂတ်၏ မြင်ကွင်းအချို့ကို မကြာခဏ အိပ်မက်မက်လေ့ရှိသည်။

ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချပြီးနောက်တွင် ဤပါရမီမှာ ပိုမို၍ အပြည့်အဝ ပွင့်လန်းလာခဲ့လေ၏။

သို့သော် ဤပါရမီကို အသုံးပြုရန်အတွက် ကိုယ်ခန္ဓာ၏ စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို အလွန်အမင်း ကုန်ဆုံးစေသည်။

သူမသည် သာမန်အချိန်များတွင် အလွန် ပျင်းရိနေပြီး မကြာခဏ အိပ်ရေးဝဝ အိပ်လေ့ရှိခြင်းမှာ ကောင်းကင်လျှို့ဝှက်ချက်ခန္ဓာကြောင့်ပင် ဖြစ်လေသည်။

တကယ်တမ်းတွင် ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသူများသည် အသက်တိုလေ့ရှိကြ၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်၏ လျှို့ဝှက်ချက်များကို အလွန်အကျွံ စူးစမ်းရှာဖွေပါက ကောင်းကင်တာအို၏ ပြန်လည်ရိုက်ခတ်ခြင်းကို ခံရသောကြောင့် ဖြစ်၏။

သို့ရာတွင် ကျိုးစွေ့နှင့် အတူရှိနေချိန်မှစ၍ နေ့ညမပြတ် တူနှစ်ကိုယ်ကျင့်စဉ်အား ကြိုးစားပမ်းစား ကျင့်ကြံပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ ပိုမို ကောင်းမွန်လာကြောင်းကို တွေ့ရှိလိုက်ရသည်။

ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်များကို မကျင့်ကြံထားသည့်တိုင် သူမ၏ခန္ဓာကိုယ်မှာ ပိုမို သန်မာလာခဲ့ပေသည်။

ဤအတိုင်း ဆက်သွားပါက လေဟာနယ်သန့်စင်ခြင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

ရုပ်ခန္ဓာသာမက ဝိညာဉ်စွမ်းအားသည်လည်း ပိုမိုတိုးတက်လာပြီး ပြန်လည်ရိုက်ခတ်မှုများကို ပို၍ ခံနိုင်ရည်ရှိလာခဲ့သည်။

သူမသည် ပုံမှန်အချိန်များတွင်လည်း ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်လာသလို ခံစားရပြီး မကောင်းသောအိပ်မက်များလည်း လုံးဝမမက်တော့ချေ။ ထို့ကြောင့် သူမအနေဖြင့် အလွန်တရာ ဝမ်းမြောက်မိပြီး ဤယောက်ျားကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အမှန်တကယ်ပင် မှန်ကန်ကြောင်း သိရှိလိုက်ရသည်။

ဤသည်မှာ အလွန်မင်္ဂလာရှိသော နိမိတ်တစ်ခုပင်။ ဤယောက်ျားနှင့် လက်ထပ်ပြီးနောက်ပိုင်း သူမ၏ အသက်တိုမည့် အရိပ်အယောင်များလည်း ကွယ်ပျောက်သွားပုံရ၏။ ဤသည်ကား သူမ၏အသက်ကို ကယ်တင်လိုက်ခြင်းနှင့် အလားတူပင် မဟုတ်ပါလော။

ကျိုးစွေ့က ထိုအလှပိုင်ရှင်မလေး၏ သေးကျင်သောခါးလေးကို ဖက်လိုက်ပြီး ပြောလိုက်၏။

"ကိုယ့်အတွက် တကူးတက ဗေဒင်တွက်ပေးတာပဲ။ ကျေးဇူးအများကြီးတင်ပါတယ်... ဒါနဲ့ ကိုယ်က မင်းကို ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်ရမလဲ..."

ဟွားစစ်ချင်က ကျိုးစွေ့ကို ရမ္မက်ဆွဲဆောင်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ အလွန်တရာ ရဲတင်းစွာ ပြောလိုက်ချေသည်။

"ဒါကတော့... ကျွန်မ ကလေးတစ်ယောက် လိုချင်တယ်..."

မကြာမီအချိန်အတွင်း အိပ်ခန်းထဲမှ သာယာနာပျော်ဖွယ်ကောင်းသော တာအိုသံစဉ်များက စည်းချက်တကျ ထွက်ပေါ်လာတော့၏။

...

လအနည်းငယ်ကြာပြီးနောက်။

ခွန်ဖန်ပင်လယ်ဒေသ၊ ဟယ်ဖုန်းကျွန်း။

ရွှစ်…။

ဤနေရာသို့ အလင်းတန်းတစ်ခု ဆင်းသက်လာလေသည်။ ၎င်းမှာ ကျိုးစွေ့ပင် ဖြစ်ချေ၏။

လပေါင်းများစွာ ခရီးနှင်ခဲ့ပြီးနောက် လမ်းခရီးတစ်လျှောက်တွင် မျိုးနွယ်ခြား ကျင့်ကြံသူအချို့နှင့် ပင်လယ်ကန္တာရသားရဲများ၏ ပိတ်ဆို့တားဆီးမှုများကို ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် သူသည် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဟယ်ဖုန်းကျွန်းသို့ ရောက်ရှိလာခဲ့သည်။

ကြယ်ကွဲပင်လယ်သည် အမှန်တကယ်ပင် အလွန်တရာ အန္တရာယ်များလှသည်ဟု ဆိုရပေမည်။

ပင်လယ်ပြင်တွင် ရန်သူနှင့် ကြုံတွေ့ရပါက ထွက်ပြေးစရာနေရာ လုံးဝမရှိချေ။

အကယ်၍ ကုန်းမြေပေါ်တွင် ဖြစ်ပါက ကုန်းမြေ၏ ခက်ခဲကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ကို အသုံးပြုကာ ထွက်ပြေးနိုင်သော်လည်း ပင်လယ်ပြင်တွင်မူ ထွက်ပြေးစရာ မရှိပေ။ လုံလောက်သော ခွန်အားနှင့် အမြန်နှုန်းမရှိပါက မျက်လုံးမှိတ်ကာ သေမည့်ရက်ကို စောင့်ဆိုင်းရုံသာ ရှိတော့သည်။

အနည်းဆုံးအနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်မှသာ ဤပင်လယ်ဒေသတွင် မသေရုံတမယ် ရုန်းကန်ရှင်သန်နိုင်ပေလိမ့်မည်။

'ဒီနေရာက ဟယ်ဖုန်းကျွန်းလား...'

'တကယ်ကို နာမည်ကျော်ကြားထိုက်တဲ့ နေရာပဲ...'

ကျိုးစွေ့က ခေါင်းမော့ကာ အဝေးရှိ ဧရာမကျွန်းကြီးကို လှမ်းကြည့်လိုက်၏။

ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ပျံသန်းရေးသင်္ဘော အမြောက်အမြားသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ဆိပ်ကမ်းတွင် ပေါ်လာကြသည်။

မျိုးနွယ်ခြား ကျင့်ကြံသူအမြောက်အမြားလည်း ဤနေရာတွင် ပေါ်ထွက်လာကြ၏။

သူ၏ စိတ်အာရုံဖြင့် ခံစားမိသမျှတွင် အနည်းဆုံး မျိုးနွယ်စုတစ်ထောင်ခန့် ပေါ်လာခြင်း ဖြစ်လေသည်။

သို့သော် လူသားမျိုးနွယ်တစ်ဦးတစ်ယောက်မျှ ရှိနေသည်ကိုမူ သူ အာရုံမခံမိချေ။

မှန်ပေ၏၊ သူသည် ဤကျွန်းသို့ ပထမဆုံး ရောက်ရှိလာသည့် လူသားကျင့်ကြံသူ ဖြစ်ပေသည်။

သို့ရာတွင် ဤသည်မှာ ပုံမှန်ပင် ဖြစ်၏။ ကြယ်ကွဲပင်လယ်တွင် မူလကတည်းက လူသားမျိုးနွယ် လုံးဝမရှိဘဲ ဖုန်းရှီးမြို့သည်သာ ဤနေရာသို့ ပထမဆုံး ရောက်ရှိလာသည့် လူသားအင်အားစု ဖြစ်သောကြောင့်ပင်။

ရွှစ်…။

ထိုသို့တွေးမိပြီးနောက် ကျိုးစွေ့၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားကာ ဟယ်ဖုန်းကျွန်း၏ ဝင်ပေါက်ဆီသို့ ချက်ချင်းပင် ရောက်ရှိသွားလေသည်။

ယခုအခါ ကျွန်းတစ်ခုလုံးကို သတ္တမအဆင့် အစီအရင်ကြီးတစ်ခုက ဖုံးအုပ်ထားပြီး အစီအရင်အကာအကွယ်တစ်ခုကို ဖြစ်ပေါ်စေကာ ကြက်ဥခွံကဲ့သို့ ဖောက်ထွင်းမြင်ရသော အကာအကွယ်မှာ ကျွန်း၏အရပ်မျက်နှာအသီးသီးကို လွှမ်းခြုံထားလေသည်။

မည်သူမျှ ဤကျွန်းအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းများ ပြုလုပ်၍ မရနိုင်ချေ။

အဝင်အထွက်ပေါက်လေးပေါက်သာရှိပြီး ထိုနေရာမှသာ မျိုးနွယ်ခြားကျင့်ကြံသူများကို အဝင်အထွက်ပြုလုပ်ခွင့် ပေးထားလေ၏။

ဤသည်မှာ ဟယ်ဖုန်းကျွန်း၌ မည်သူမဆို ပြဿနာရှာခြင်းကို တားဆီးရန်အတွက် ရွေးချယ်စရာမရှိဘဲ ပြုလုပ်ထားသော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ကျော်ကြားလှသော ကုန်သွယ်ရေးကျွန်းတစ်ကျွန်းဖြစ်ပြီး မျိုးနွယ်စုပေါင်းစုံ၏ ကျင့်ကြံခြင်းအရင်းအမြစ်များ စုစည်းရာနေရာ ဖြစ်သောကြောင့်ပင်။

အကယ်၍ တစ်စုံတစ်ဦးက ဤနေရာ၌ လုယက်ကာ ရတနာများကို ယူဆောင်၍ ထွက်ပြေးသွားပါက ထျန်းဖန်မျိုးနွယ်စုပင် လိုက်လံရှာဖွေရန် အလွန်ခက်ခဲပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သမုဒ္ဒရာကြီးမှာ အဆုံးအစမရှိ ကျယ်ပြောလှသဖြင့် ကျပန်းကျွန်းငယ်လေးတစ်ခုတွင် ပုန်းအောင်းနေရုံဖြင့် ရှာမတွေ့နိုင်တော့သောကြောင့် ဖြစ်၏။

အခြားသူများလည်း မည်သို့မျှ တတ်နိုင်ကြမည် မဟုတ်ချေ။

မကြာမီအချိန်အတွင်း သူသည် ဟယ်ဖုန်းကျွန်း၏အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။

အဝင်ဝကို စောင့်ကြပ်နေသူများမှာ ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူများ ဖြစ်ကြ၏။

၎င်းတို့မှာ ငှက်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိကြပြီး အစွမ်းထက်သော ခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်ကြကာ ၎င်းတို့ထံမှ ထူထပ်လှသော သွေးလေအငွေ့အသက်များ ပျံ့လွင့်နေ၏။

၎င်းတို့၏မျက်ဝန်းများမှာ မြင့်မြတ်လှသည်ဟု ခံစားရစေပြီး သက်ရှိအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ရှိကာ သူငယ်အိမ်အနက်ပိုင်းတွင် မြင့်မြတ်မှု၊ ယုတ်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေလေသည်။

ထိုစဉ် ထျန်းဖန်ကျင့်ကြံသူတစ်ဦးက ကျိုးစွေ့ကို မြင်သွားပြီး မေးမြန်းလိုက်၏။

"ဟယ်ဖုန်းကျွန်းကို ပထမဆုံးအကြိမ် လာတာလား။ ဘာမျိုးနွယ်စုလဲ...”

ကျိုးစွေ့က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်၏။

"မှန်ပါတယ်… ဟယ်ဖုန်းကျွန်းကို ပထမဆုံးအကြိမ် လာတာပါ။ ကျုပ်က လူသားမျိုးနွယ်ပါ...”

ဤသည်မှာ ပုံမှန်စစ်ဆေးရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။ ဟယ်ဖုန်းကျွန်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူတိုင်းသည် မိမိတို့၏ သတင်းအချက်အလက်များကို ချန်ထားရပြီး မှတ်ပုံတင်ရခြင်း ဖြစ်၏။ သို့သော်လည်း အလွန်အမင်း အသေးစိတ်ကျရန်မလိုဘဲ ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးရုံသာ ဖြစ်သည်။

ထျန်းဖန်ကျင့်ကြံသူက လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် ဤကဲ့သို့သော မျိုးနွယ်စုငယ်လေး၏ အချက်အလက်များကို သိရှိရန် စိတ်ဝင်စားမှု လုံးဝမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူသည် မျိုးနွယ်စုငယ်များစွာကို မြင်တွေ့ဖူးပြီး ၎င်းတို့သည် နောက်တစ်နေ့တွင်ပင် တစ်ပါးသူ၏ ချေမှုန်းခြင်းကို ခံရကာ သမိုင်းရေစီးကြောင်းများအောက်တွင် ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလော။

All Chapters