← Chapters

ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းခြင်း

Vol. 27 Ch. 378

ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းခြင်း

Vol. 27 Ch. 378

လပြည့်ဝန်းတောင်တွင် ကျောင်းသားတစ်ဒါဇင်ခန့်က တောင်ထိပ်၌ စုဝေးနေကြ၏။

စုရှောင်လန်၊ ရွှမ်ယွမ်ချန်၊ စုချန်းရန်၊ လျှိုချင်ဟွမ်၊ လောင်ကျိပင်၊ မုန့်ထျန်း၊ ကျုံးရုံရန်၊ စွန်းရှန်လျန်၊ ယောင်မင်ရှီ၊ ယောင်ရှု၊ ဟူကွမ်၊ ထန်ရှီမန်၊ လျှိုတပေါင်၊ ကျောက်ဟွိုင်ရင် စသည်ဖြင့်...

အန်လင်း၏ သူငယ်ချင်းများအားလုံးသည် အန်လင်းက ထိုးဖောက်မှုတစ်ခုကို ပြုလုပ်မည်ဟူသော သတင်းများကြားပြီးနောက် လပြည့်ဝန်းတောင်ထိပ်တွင် စုစည်းနေကြ၏။

အဖြူရောင် ဝတ်ရုံနှင့် ခါးတွင် ဓားချိတ်ဆွဲထားကာ တောင်ထိပ်တွင် ရပ်နေသော နောက်ထပ် အမျိုးသားတစ်ဦးလည်း ရှိပေ၏။ ထိုသူမှာတော့ အန်လင်း၏ အတန်းပိုင်ဆရာ ဓားအင်မော်တယ် ရှောင်လင်းပင်။

အန်လင်းက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအင်​ဖြင့်သာ အတိဒုက္ခကျော်လွှားခြင်းကို ပြုလုပ်ရပေမည်ဖြစ်၏။ ဤလုပ်ငန်းစဉ်၌ သူ့အား ကူညီနိုင်သည့်လူမရှိပါပေ။

ရှောင်လင်းက အတိဒုက္ခကျော်လွှားခြင်း လုပ်ငန်းစဉ်အပြင် တခြားသော ပြင်ပ ကံခေမှုများရှိလာမည်ကို စိုးရိမ်ပြီး အန်လင်းအား စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးရန်သာ ရှိနေခြင်းဖြစ်သည်။

အန်လင်း၏ အန္တရာယ်များသော ထိုးဖောက်မှုက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။ သူက အမှန်တကယ်သာ လူတိုင်းကို ကြေညာလိုက်ပါက ကျောင်းတစ်ခုလုံးက ဤနေရာ၌ အုတ်အုတ်ကျက်ကျက် ဖြစ်နေပါလိမ့်မည်။ ထိုသို့ဖြစ်ပါက လပြည့်ဝန်းတောင်တွင် ကျောင်းသား သောင်းချီစုစည်းနေပေလိမ့်မည်။ သို့ဖြစ်ပါ၍ အန်လင်းက ထိုကဲ့သို့အခြေအနေများ ဖြစ်လာသည်ကို ရှောင်ကြဉ်ရန်အတွက် သူ့၏ အရင်းနှီးဆုံး ငယ်ချင်းတစ်ချို့ကိုသာ အကြောင်းကြားရန်ဆုံးဖြတ်ခဲ့၏။

"အရင်တုန်းကဆိုရင် ငါက အန်လင်းကို တိုက်နိုင်တယ်လေ။ သူက အခု ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းတော့မယ်လို့ ဘယ်သူက ထင်မှာလဲ..." လျှိုတပေါင်၏ မဲမှောင်နေသော မျက်နှာက ဝမ်းနည်းမှုဖြင့် ပုံဖော်ထားလေ၏။

"လူတွေက အမြဲတမ်းပြောင်းလဲနေတာ။ ခွေးတွေတောင် ပြောင်းလဲနိုင်တယ်။" ကျောက်ဟွိုင်ရင်က သူ့ခေါင်းကိုမော့ကာ ကောင်းကင်ကိုကြည့်လိုက်ပြီး အထီးကျန်နေသော သက်ပြင်းတစ်ခုချလိုက်၏။

လျှိုချင်ဟွမ်က စိတ်လှုပ်ရှားစွာ တစ်ခစ်ခစ်ရယ်မောလာပြီး "ငါတို့ကျောင်းက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို ပထမဆုံး တက်သွားတဲ့လူက အန်လင်းလို့ ဘယ်သူကထင်မှာတုံး။ ငါက အထက်တန်းက အမျိုးသမီးတစ်ယောက်အနေနဲ့ အနည်းငယ်တော့ ရှက်မိပါတယ်..."

ထန်ရှီမန်က လျှိုချင်ဟွမ်ကို မျက်လုံးလှန်လိုက်၏။ "နင့်ကြည့်ရတာ ရှက်တဲ့ပုံလဲ လုံးဝကို မပေါ်မပါဘူး။ ဒါပေမဲ့ ငါကတော့ သူ့ရဲ့အထက်တန်း အမျိုးသားအနေနဲ့ အတော်လေးရှက်မိတယ်။"

"ငါပထမဆုံး ကျောင်းရောက်တုန်းက အချိန်ကိုသတိရတယ်။ သူက တာအိုခန္ဓာ ဗလာအဆင့်ပဲရှိတာလေ။ ပြီးတော့ ငါက သူ့ရဲ့ ကျင့်ကြံခြင်းမှာ ပိုကြိုးစားဖို့ တိုက်တွန်းခဲ့တာ။ ဒါပေမဲ့ သုံးနှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာကို သူက ငါတို့အားလုံးကြားထဲမှာ ပထမဆုံး ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာတော့မယ်။" ရွှမ်ယွမ်ချန်က အတိတ်ကို သတိတရ လွမ်းဆွတ်နေလေ၏။

"ဒါပေမဲ့ အန်လင်းက အခုထိ စိတ်ဝိညာဉ် ပျိုးေထာင်ခြင်း တစ်ဝက်အဆင့်ကို မရောက်သေးဘူးလေ။ သူက ဘယ်လိုလုပ်ပြီးတော့ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တန်းတက်မှာလဲ။" စုချန်းရန်၏ ကြွေထည်ကဲ့သို့ သွင်ပြင်များက စိတ်ရှုပ်ထွေးနေပုံပင်။

ကျုံးရုံရန်က သိနေသော အမူအရာဖြင့် သူ့ယပ်တောင်ကို ဝှေ့ယမ်းလိုက်၏။ "ငါတို့အခုပြောနေတာက အစ်ကိုကြီး အန်ပဲလေ။ သူ့ကို ဘယ်လိုလုပ်ပြီးတော့များ သာမန် အဆင့်အတန်းတွေနဲ့ ဆုံးဖြတ်လို့ရနိုင်မှာလဲ။ သူက တာအိုခန္ဓာ အဆင့်၁၀မှာတုန်းကတောင် ဟာလာပြင်သို့အပြန်အစွန်ဆုံးအဆင့်ရှိတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးကို ချေမှုန်းခဲ့နိုင်တာကို။ သူက ဟာလာပြင်သို့အပြန်အဆင့်ကို တန်းတက်သွားရင်တောင် ငါက မအံ့ဩတော့ဘူး။"

"အတိအကျပဲပေါ့။ ငါတို့အခုပြောနေတာ ကြီးမြတ်တဲ့ နတ်ဘုရား အန် ပဲလေ..." မုန့်ထျန်း၏ နူးညံ့သော သွင်ပြင်များက လေးစားမှုနှင့် ပြည့်နှက်နေ၏။

"အစ်ကိုကြီး အန်က အကောင်းဆုံ​းပဲ။" ယောင်မင်ရှီနဲ့ ဟူကွမ်မှာ အထူးပရိသတ်အတွဲဖြစ်သည့်အလျောက် အတူအကွ အော်ဟစ်လိုက်၏။

စုရှောင်လန်က အပြာရောင်ကျောက်တုံးများခင်းထားသော ကျယ်ပြန့်သည့် လမ်းမကြီးကို ကြည့်လိုက်ရာ အနီရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို မြင်လိုက်၏။ သူမ၏ မျက်နှာထက်တွင် ချစ်စဖွယ် အပြုံးလေးက ဖူးပွင့်သွား၏။ "အန်လင်း လာပြီ။"

လူတိုင်းက ဦးတည်ရာတစ်ခုတည်းကို လှည့်လိုက်ပြီး သူတို့က အနီရောင်ဝတ်ရုံနှင့် အန်လင်းအား တွေ့လိုက်ရသည်။ သူ့နောက်တွင်တော့ မျောက်တစ်ကောင်၊ ခွေးတစ်ကောင်နှင့် ကြက်သွေးရောင် ဝတ်စုံဖြင့် ထူးခြားလှသော သွင်ပြင်များ ရှိသည့် အမျိုးသမီးတစ်ဦးက ကပ်ပါလာ၏။

အန်လင်းက စုဝေးရာသို့လျှောက်လာပြီး လူတိုင်းကသူ့ထက်စောရောက်နေသည်မို့ အနည်းငယ် ရှက်ရွ့ံနေ၏။ သူက အနည်းငယ် အားနာဟန်ဖြင့် အရိုအသေပေးလိုက်ကာ "မင်းတို့အားလုံးကို စောင်းခိုင်းစေရတာ အားနာပါတယ်။"

"ဟီးဟီး... တောင်းပန်ဖို့မလိုပါဘူး။ ငါတို့က ငါတို့ဘာသာစောနေတာပါ။" လင်းရှောင်က သူ့မျက်လုံးများထဲတွင် စောင့်စားမှုဖြင့် အန်လင်းကို ကြည့်လိုက်၏။

"စကားမစပ် အတန်းဖော် အန်လင်း၊ နင်က ဘာလို့ အနီရောင်ဝတ်ရုံကြီး ဝတ်ထားတာလဲ။ ငါနင်အရင်က ဝတ်တာ တစ်ခါမှ မမြင်ဖူးပါဘူး။" စုချန်းရန်က သိလိုစိတ်ဖြင့် မျက်တောင်တဖျက်ဖျက် ခတ်လိုက်၏။

"နင်က မင်္ဂလာဆောင်မှာလဲ မဟုတ်ပဲနဲ့ ဘာလို့ ဒီလိုကြီး ဝတ်ထားတာလဲ။ နင့်ရင်ဘတ်မှာ အနီရောင်ခြောက်လပန်းတစ်ပွင့် ချိတ်ပေးဖို့ လိုသေးလား။" စုရှောင်လန်က အမြင်ကပ်စွာ မျက်လုံးလှန်လိုက်၏။

အန်လင်းက ပြုံးပြုံးကြီးနှင့်  ရင်ဘတ်ကိုဖွင့်လိုက်၏။ "နင်က ငါ့ရဲ့ အံ့ဩလောက်စရာ ဖက်ရှင်အမြင်ကို ဘယ်နားလည်ပါ့မလဲ။ အတိဒုက္ခကို ကျော်ဖြတ်ပြီး ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်တာ ကိစ္စအကြီးကြီးလေ။ သေချာပေါက် ငါက ဒီလိုအချိန်မှာ ဝတ်စားသင့်တာပေါ့"

"အို..." သူမက တစ်ခုခု အရေးကြီးသည်ကို သင်ယူလိုက်ရသကဲ့သို့ စုချန်းရန်၏ မျက်လုံးများက အရောင်တောင်လာ၏။

"အစ်ကိုကြီး အန်ပြောတာမှန်တယ်။" မုန့်ထျန်းနှင့် တခြားသူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လာလေ၏။

"ရှောင်ဟုန်..." အန်လင်းက သူ့နောက်မှ အမျိုးသမီးငယ်လေးဆီသို့ လက်ယမ်းပြလိုက်၏။

အမျိုးသမီးငယ်က ခေါင်းငြိမ့်ပြကာ အလင်းတန်းအဖြစ် ကူးပြောင်းသွားပြီး သူ့ခေါင်းပေါ်သို့ လေနှင့် တဖျတ်ဖျတ်ခတ်နေသောအနီရောင် ပန်းပွင့်လေးအဖြစ် နေရာယူလိုက်၏။

ဓားအင်မော်တယ် လင်းရှောင်မှာ စိတ်ဝင်စားသည့် အမူအရာဖြင့် မေးလာ၏။ "ကျောင်းသား အန်လင်း၊ အဲ့တာက ဘာလုပ်တာလဲ။"

အန်လင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး "ဆရာ အဲ့တာက ကံကောင်းဖို့လေ။"

ဓားအင်မော်တယ် လင်းရှောင် : "..."

ဟူကွမ်၊ ယောင်မင်ရှီ နှင့် တခြားသူများက စိတ်လှုပ်ရှားစွာ အော်လိုက်၏။ "အစ်ကိုကြီး အန်က ဉာဏ်ကောင်းလိုက်တာ..."

စုရှောင်လန်က သူမ၏ နဖူးကို ပြန်ရိုက်ပြီး "နင်က အတိဒုက္ခကို ကျော်ဖြတ်ပြီး ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်တော့မှာကို နည်းနည်းလောက်ပိုပြီး တည်တည်ငြိမ်ငြိမ်နေလို့မရဘူးလား။"

လျှိုချင်ဟွမ်မှာတော့ အန်လင်း၏ ထူးထူးခြားခြား ဝတ်စားဆင်ယင်ပုံ၌ ပျော်ရွှင်စွာ ဟက်ဟက်ပက်ပက်ရယ်မောလာပြီး ချက်ချင်းပင် သူမ၏ဖုန်းနှင့် အမှတ်တရ ပုံတစ်ပုံရိုက်လိုက်တော့၏။

အန်လင်း၏ ထူးဆန်းလှသည့် အဝတ်အစားကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဓားအင်မော်တယ် လင်းရှောင်သည်လည်း အသိစိတ် ပြန်ဝင်လာလေပြီဖြစ်သည်။ "ကျောင်းသား အန်လင်း၊ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်တာက လျှပ်စီး အတိဒုက္ခ ၃၉ခုကို ကျော်ဖြတ်ဖို့လိုအပ်တယ်။ အဲ့ဒီ့လုပ်ငန်းစဉ်အတွင်းမှာ မင်းကို ဘယ်သူမှ ကူညီလို့မရဘူး။ မင်းက မင်းရဲ့ ကိုယ်ပိုင် ခွန်အားတစ်ခုတည်းကိုပဲ မီခိုနိုင်လိမ့်မယ်။ မင်းအောင်မြင်ရင် မင်းက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်လိမ့်မယ်။ ဒါပေမဲ့ မင်းကျရှုံးခြင်းဆိုတာ သေဆုံးခြင်းပဲနော်။ မင်း အဆင်သင့် ဖြစ်ပြီလား။"

လူတိုင်း၏ အမူအရာမှာ ထိုသည်ကိုကြားပြီးသည်နှင့် ပိုမိုတည်ငြိမ်လာကြပြီး အန်လင်းဆီသို့ စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။

အတိဒုက္ခ ကျော်လွှားခြင်းဆိုသည်မှာ ဟာသတစ်ခု မဟုတ်ပါပေ။ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် ကျော်လွှားရမည့် လျှပ်စီးအတိဒုက္ခမှာ အနိမ့်ဆုံးအဆင့် ဖြစ်သော်လည်း အသက်ရှင်နိုင်ခြေမှာတော့ တစ်ဝက်ထက်ပင် နည်းနေသေး၏။ ဂိုဏ်းကြီးအားလုံး၏ ထိပ်ပိုင်းထူးချွန်သူများသာလျှင် သိသိသာသာ အသက်ရှင်နှုန်းမြင့်သော်လည်း ကျဆုံးပြီး ရလာဒ်အနေနှင့် အသက်ဆုံးရှုံးသွားသူများလဲ ရှိနေသေး၏။ သို့ဖြစ်ပါ၍ ဤလျှပ်စီး အတိဒုက္ခ ကျော်လွှားခြင်းမှာ အန်လင်းအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေဆဲပင်။

"ကျွန်တော်က ဘယ်အချိန်မဆို စဖို့ အဆင်သင့်ပါပဲ။" အန်လင်းက တည်ငြိမ်သော အပြုံးလေးနှင့် ပြန်ဖြေလာ၏။

အကယ်၍ သူက ဤလမ်းကြောင်းပေါ်တွင် အင်မော်တယ်ဖြစ်တည်မှုကို ရရှိရန် ဆက်လျှောက်ပါက အခုတွင် နောက်ပြန်ဆုပ်၍ မရပါတော့ပြီ။

ဓားအင်မော်တယ် လင်းရှောင်က ခေါင်းငြိမ့်လိုက်ပြီး သူ့ပတ်လည်မှ ​ကျောင်းသားများကို ကြည့်လိုက်၏။ "ပေတစ်ထောင်လောက် အချင်းဝက်ရှိတဲ့ ပတ်ဝန်းကျင်ဧရိယာကို ရှင်းကြရအောင်။ အဲ့တာမှ ကျောင်းသား အန်လင်းရဲ့ အတိဒုက္ခကျော်လွှားခြင်းကို ငါတို့ ဝင်မနှောက်ယှက်နိုင်မှာ။"

လူတိုင်းက စတင်၍ နောက်ဆုတ်လာကြတော့သည်။

"အန်လင်း နင့်ကိုယုံတယ်နော်။" စုရှောင်လန်က အန်လင်း မျက်လုံးထဲသို့ စူးစိုက်ကြည့်လာကာ အားပေးစကားပြောလာလေ၏။

သူမ၏ စကားလုံးများက ချက်ချင်းပင် အားပေးမှုသံစဉ်များကို တိုးလာစေတော့၏။

"အတန်းဖော်ကြီး ငါမင်းကို အကြီးမားဆုံး ယုံကြည်မှု ရှိတယ်နော်။"

"လုပ်ထား အစ်ကိုကြီး အန်ရေ"

"အစ်ကိုကြီး အန်၊ ကျွန်တော်တို့ အစ်ကို လျှပ်စီး အတိဒုက္ခကို ဖျက်စီးပစ်တာကို စောင့်ကြည့်နေမယ်နော်..."

သူတို့၏ စကားလုံးများနှင့် အပြုအမူများတွင်

နွေးထွေးမှုလေးက အန်လင်း၏ နှလုံးသားထဲသို့ တိုးဝင်သွားတော့သည်။

တပိုင်၊ ရှောင်ချိုး နှင့် ရှောင်ဟုန်တို့သည်လည်း တခြားသူများလို သူ့အား ချန်ရစ်ကာ နောက်ဆုတ်သွားတော့၏။ အကယ်၍ တခြားသူများက လျှပ်စီးအတိဒုက္ခလုပ်ငန်းစဉ်တွင် ဝင်ပါပါက လျှပ်စီး အတိဒုက္ခမှာ ပိုပြီးအားကောင်းလာပေလိမ့်မည်။ မန္တန် ဖွဲ့စည်းခြင်းများ သို့မဟုတ် အစီအရင်များလဲ အသုံးပြု၍ မရနိုင်ပါပေ။

"အန်လင်း၊ ငါတို့အားလုံး ဒီမှာ မင်းအတွက် ရှိတယ်နော်။"

စုရှောင်လန်၏ ကြည်လင်တက်ကြွသောအသံက ပေတစ်သောင်းအကွာမှ ထွက်ပေါ်လာ၏။

အန်လင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး သူမ၏ ရှေ့တွင်လက်တင်းတင်းပိုက်ကာ အဝေးတစ်နေရာတွင် ရပ်နေသော လူစိမ်းဆီသို့ ယုံကြည်မှုရှိသော ပုံပြလိုက်၏။

ပေတစ်သောင်းအဝေးသို့ တပ်ဆုတ်သွားကြသော တခြားသူများအားလုံးက အန်လင်းအား စိုးရိမ်သည့်အမူအရာနှင့် စိုက်ကြည့်နေကြ၏။ သူတို့အားလုံးမှာ မျက်တောင်ခတ်ရန်ပင် ကြောက်လန့်နေကြလေသည်။

အန်လင်းက လူတိုင်း၏ မျက်စိရှေ့၌ပင် မြေပြင်ပေါ်သို့ တဖြည်းဖြည်းထိုင်ချလိုက်၏။

သူက စတင်ပြီး တရားထိုင်နေပုံရ၏။ သူက လျှပ်စီးအတိဒုက္ခကို စတင်ရန် ပြင်ဆင်နေပြီလား။

သူတို့က သူသည် သူ့၏ သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်ဂျင်ဆင်းတစ်ခုကို ထုတ်လိုက်သည်ကို သူတို့က ကြည့်နေကြ၏။

သူဘာလုပ်နေတာလဲ။

ငလူး။ အဲ့ဂျင်ဆင်းက ရွေ့လျားနိုင်တယ်ဟ။

ဓားအင်မော်တယ် လင်းရှောင်၏ အမူအရာမှာ အပြင်းအထန်ပြောင်းလဲသွား၏။ "ဒါက... အဲ့ဒီ့ စွမ်းအင်မတည်ငြိမ်မှုတွေက အတော်လေးကို ထူးဆန်းတာပဲ။ အဲ့တာက အံ့ချီး ပြစ်မျိုး မှဲ့မထင် အသီးလား။"

အံ့ချီး ပြစ်မျိုးမှဲ့မထင်သီး...။ အစ်ကိုကြီးအန်မှာ အံ့ချီး ပြစ်မျိုး မှဲ့မထင်သီးရှိတယ်လား။

သူက အံ့ချီးပြစ်မျိုးမှဲ့မထင်သီးနဲ့ ဘာလုပ်နေတာလဲ။

လူတိုင်းက စိတ်ရှုပ်ထွေးစွာ ကြည့်နေကြစဉ်မှာပင်။

"အား... သူက အံ့ချီး ပြစ်မျိုးမှံ့မထင်သီးကို စားလိုက်ပြီ။

အဝေးမှ လူတိုင်းက တပြိုင်နက်တည်း အံ့ဩသွားကြ၏။

အံ့ချီး ပြစ်မျိုးမှံ့မထင်သီးတွင် စွမ်းအင် အမြောက်အများပါဝင်၏။ ဟာလာပြင်သို့ အပြန်အဆင့်ရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များပင်လျှင် တစ်ခုစားမိပါက ကိုယ်တိုင် ဖောက်ခွဲပစ်စေနိုင်၏။ အန်လင်းကဲ့သို့ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။

"အတန်းဖော် အန်လင်းက အဆင်ပြေပါ့မလား။" စုချန်းရန်က မနေနိုင်ပဲ သူ့ပါးစပ်ကို အံ့ဩစွာ ပိတ်လိုက်မိ၏။

"သူအဆင်ပြေမှာပါ။ အစ်ကိုကြီးအန်ကို ဘယ်သူမှ မကျော်လွှားနိုင်ဘူးလေ။" အထူး ပရိတ်သတ်များအားလုံးက ကြင်နာတုံ့ပြန်လိုက်သော်လည်း သူတို့၏ စိတ်ခံစားမှုများမှာတော့ သူတို့မျက်လုံးများထဲမှ စိုးရိမ်မှုဖြင့် သစ္စာဖောက်သွားကြပြီ ဖြစ်သည်။

လူတိုင်းနှင့် ယှဉ်ကြည့်ရပါက စုရှောင်လန်မှာ စိတ်ချသော ပုံစံရှိနေလေ၏။

သူမက အန်လင်းက ထိုးဖောက်မှုတစ်ခုကို မလုပ်ခင်တိုင်းမှာ ထူးဆန်းသည့်တစ်ခုခုကို အမြဲစားရမည်ဟု ခံစားနေရ၏။ သို့မဟုတ်ပါက ခံစားချက်များ မမှန်ကန်တော့ပါ။ အခုသူက တစ်ခုခုကို စားပြီးသွားပြီဆိုတော့ လွယ်ကူတဲ့ ထိုးဖောက်မှုကို လုပ်နိုင်လောက်မည်...

လူတိုင်းက စိတ်ပူစွာ ကြည့်နေကြစဉ်မှာပင် အန်လင်း၏ မျက်လုံးများထဲမှ ရွှေရောင်အလင်းတန်းက ရုတ်တရက်ထိုးထွက်လာတော့၏။

သက်ရှိစွမ်းအင်များက ၅ကီလိုမီတာအချင်းဝက်အတွင်း၌ တိုးဝှေ့စပြုလာလေပြီ။

စက္ကန့်အနည်းငယ်အကြာတွင် အနက်ရောင်တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကိုဝါးမျိုပစ်ကာ နားစည်ကွဲမတတ်ကျယ်လောင်သည့် လျှပ်စီးများက ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ထွက်ပေါ်လာလေတော့သည်။

***

All Chapters