← Chapters

အခန်း (၅၂၇-၅၂၈)

Vol. 27 Ch. 527-528

အခန်း (၅၂၇-၅၂၈)

Vol. 27 Ch. 527-528

အခန်း(၅၂၇) ဗိုလ်ကျခြင်း

မြေနက်မြေထဲသို့ လှမ်းဝင်လိုက်သည်နှင့် လင်ဇီအာသည် သိသိသာသာပင် အံ့အားသင့်သွားရချေသည်။

အကြောင်းမူကား မြေနက်မြေတစ်ခုလုံးတွင် မြူခိုးမြူငွေ့များကဲ့သို့ လွင့်မျောရစ်သိုင်းနေသော ထူထပ်ပွားများလှသည့် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသောကြောင့် ဖြစ်၏။

ထိုသို့သော ထူထပ်လှသည့် ဝိညာဉ်စွမ်းအင်များသည် မြေနက်မြေအား ကျင့်ကြံခြင်းအတွက် သန့်ရှင်းသော နယ်မြေတစ်ခုအဖြစ် ဖန်တီးပေးထားလေရာ ဤနေရာ၌ ကျင့်ကြံခြင်းသည် အခြားနေရာများထက် များစွာပိုမိုမြန်ဆန်ပေလိမ့်မည်။

"ဒီနေရာက တကယ်ကို နေရာကောင်းတစ်ခုပဲ၊ ဒါပေမဲ့ အရင်ကတော့ ဒါဟာ အလွန်ခြောက်သွေ့တဲ့ မြေရိုင်းတုန်းပဲလို့ ကျွန်မ ကြားဖူးတယ်" ဟု လင်ဇီအာက ပြုံး၍ ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် "အစ်မက ဒါကို မသိသေးလို့ပါ၊ ကျွန်တော် ဒီမြေကို သန့်စင်သော နတ်ရေစင်တွေနဲ့ ရေသွင်းပေးထားတာ၊ ဒါကြောင့် သဘာဝအတိုင်း ထူးခြားနေရတာပေါ့" ဟု ဆိုလေသည်။

လင်ဇီအာ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး မတတ်နိုင်သည့်အဆုံး ခေါင်းကိုသာ ခါယမ်းမိတော့သည်။

"ပြင်ပလောကမှာ ရှာဖွေဖို့ ခက်ခဲလှတဲ့ သန့်စင်သော နတ်ရေစင်က ဤနေရာမှာတော့ မြေဆီလွှာကို ရေလောင်းဖို့ ရေသက်သက်ပဲ ဖြစ်နေလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး၊ တကယ့်ကို အဖိုးတန်လွန်းလှပါတယ်" ဟု လင်ဇီအာက မနာလိုမှု အနည်းငယ် စွက်လျက် ရေရွတ်လိုက်မိချေသည်။

ချင်ယွမ်ဖုန်းက ပြုံးလျက်ပင် လင်ဇီအာကို ခေါ်ဆောင်ကာ ရေကန်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကလည်း လင်ဇီအာကို ဆီးကြိုနှုတ်ဆက်ရန် ရှေ့သို့ ထွက်လာကြသည်။ ချင်ယွမ်ဖုန်းသည် သူတို့နှင့် လင်ဇီအာကို အစောကတည်းက မိတ်ဆက်ပေးထားပြီးဖြစ်ရာ သူတို့အားလုံးသည် အလွန်ပင် ရင်းနှီးချစ်ခင်စွာ ရှိနှင့်နေကြပြီဖြစ်သည်။

"ဖုန်းအစ်ကို၊ ဒီနေ့ ကျွန်မတို့ ဆိုင်စောစော ပိတ်လိုက်ရအောင်လား၊ အစ်ကိုလည်း နောက်ဆုံးတော့ ပြန်ရောက်လာပြီ၊ အစ်မ ဇီအာလည်း ရောက်နေတာဆိုတော့ အားလုံး ကောင်းကောင်းမွန်မွန် အနားယူကြတာပေါ့" ဟု ချန်ရှောင်ချောင်က ရှေ့သို့ တိုးကာ လာရောက်ပြောဆိုလေသည်။

ချင်ယွမ်ဖုန်းသည် ချန်ရှောင်ချောင်က ပျင်းချင်၍ ဆင်ခြေပေးနေခြင်းကို သိရှိသဖြင့် မတတ်နိုင်ဘဲ ခေါင်းခါလျက် "ကောင်းပြီလေ၊ အားလုံးပဲ အနားယူကြတာပေါ့၊ ဒီနေ့အတွက် ဆိုင်ပိတ်လိုက်ပြီ" ဟု မိန့်ဆိုလိုက်တော့သည်။

ချန်ရှောင်ချောင်သည် အစီအရင်ဆီသို့ သုတ်ခြေတင် ပြေးသွားပြီး လူအုပ်ကြီးအား ဆိုင်ပိတ်ပြီဖြစ်ကြောင်း ကြေညာလိုက်သော်လည်း သူမ ထင်မှတ်မထားဘဲ လူအုပ်ကြီးထဲမှ မကျေနပ်သည့် အသံများစွာ ဆူညံစွာ ထွက်ပေါ်လာချေသည်။

"ဘာလို့ ဒီလောက်စောစော ဆိုင်ပိတ်ရတာလဲ၊ ကျွန်တော်တို့က ဒီကိုရောက်ဖို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာခဲ့ရတာ"

"ဟုတ်ပဗျာ၊ မင်းတို့ စီးပွားရေးကို ဘယ်လိုလုပ်နေတာလဲ"

"မင်းတို့ သူဌေးကို ထွက်လာခိုင်းလိုက်"

ထိုစဉ် အလယ်အလတ်အရွယ် လူကြီးတစ်ယောက်က ရုတ်တရက် ထရပ်ပြီး အစီအရင်ကို ပြင်းထန်စွာ လက်သီးဖြင့် ထိုးနှက်လိုက်လေရာ သူ၏ ကြမ်းတမ်းခက်ထန်သော အမူအရာကြောင့် ချန်ရှောင်ချောင်မှာ အလန့်တကြား ဖြစ်သွားရသည်။

"ကျွန်မတို့ ပိတ်ချင်တဲ့အချိန် ပိတ်မှာပေါ့၊ ရှင်နဲ့ ဘာဆိုင်လို့လဲ" ဟု ချန်ရှောင်ချောင်က ဒေါသတကြီး ပြန်လည်ပြောဆိုလိုက်၏။

"ဟွန်း၊ ငါ့ကို ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေက ဆေးပင်တွေ မြန်မြန်ရောင်းပေး၊ မဟုတ်ရင် မင်းတို့ ဒုက္ခတွေ့လိမ့်မယ်၊ မင်းတို့ ဒီလိပ်ခွံထဲမှာ တစ်သက်လုံး ပုန်းနေနိုင်မလားဆိုတာ ငါ ကြည့်ရသေးတာပေါ့" ဟု ထိုသိုင်းပညာရှင်က ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်ရာ သူ၏ ခြိမ်းခြောက်နေသော ရုပ်သွင်ကြောင့် ချန်ရှောင်ချောင်မှာ အနည်းငယ် ကြောက်ရွံ့သွားရချေသည်။

ချင်ယွမ်ဖုန်းသည် ထိုဆူညံသံကို ကြားလိုက်ရသဖြင့် လင်ဇီအာအား ခဏမျှ စောင့်ဆိုင်းရန် ပြောကြားပြီး ချန်ရှောင်ချောင်ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။

သူတို့၏ အလွန်ကောင်းမွန်လှသော စီးပွားရေးသည် အမြဲတမ်းပင် အချို့သော လူများ၏ လောဘစိတ်ကို ဆွဲဆောင်နေတတ်ပေသည်။

သူတို့သည် ဆေးနတ်ဘုရားဂိုဏ်း၏ နယ်မြေအတွင်း ရှိနေကြသော်လည်း ဆေးနတ်ဘုရားဂိုဏ်းအနေဖြင့် သူတို့ကို နေ့စဉ်နေ့တိုင်း စောင့်ကြည့်ရန် လူလွှတ်ထားနိုင်ခြင်း မရှိပေ။

ထို့ကြောင့် မရိုးသားသော ရည်ရွယ်ချက်ရှိသည့် အချို့လူများသည် ဤနေရာသို့ ရောက်ရှိလာကြပြီး ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် ချင်နန်တို့၏ ကျင့်စဉ်အဆင့်များသည် မမြင့်မားလှသည်ကို မြင်သောအခါ သူတို့၏ နှလုံးသားထဲတွင် လောဘစိတ်များ သဘာဝအတိုင်း ထက်သန်လာကြခြင်း ဖြစ်၏။

ချင်ယွမ်ဖုန်းကလည်း မကြာခဏ ပြန်မလာတတ်သဖြင့် ဤအချက်က ထိုလူများကို ပိုမိုရဲတင်းလာစေသည်။

"ချန်ရှောင်ချောင်၊ ဘာဖြစ်လို့လဲ" ချင်ယွမ်ဖုန်းသည် ချန်ရှောင်ချောင်၏ ဘေးနားသို့ ရောက်ရှိလာပြီး သူမ၏ ပုခုံးကို အသာအယာ ပုတ်ကာ မေးမြန်းလိုက်သည်။

ချန်ရှောင်ချောင်သည် ချင်ယွမ်ဖုန်းကို ဝမ်းနည်းပက်လက် ကြည့်လိုက်ပြီး ထိုသိုင်းပညာရှင်ကို လက်ညှိုးထိုးကာ "သူတို့က လူကို ဗိုလ်ကျနေကြတာ" ဟု တိုင်တန်းလေသည်။

ထိုသိုင်းပညာရှင်သည် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သော်လည်း မိမိရှေ့မှ လူသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိဘဲ မောက်မာစော်ကားသော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ရာ တကယ်ပင် လက်သီးစာ ကျွေးချင်စရာ ကောင်းလှပေသည်။

"မင်းက ဒီက သူဌေးလား၊ ငါတို့က မင်းတို့ရဲ့ ဆေးပင်တွေကို ဝယ်ဖို့ ဒုက္ခခံပြီး ဒီအထိ လာခဲ့ကြတာ၊ ဒါဟာ မင်းတို့ကို မျက်နှာပေးတာပဲ၊ ကျေးဇူးကန်းမနေနဲ့" ဟု ထိုသိုင်းပညာရှင်က မောက်မာဝါကြွားစွာ ပြောဆိုလိုက်၏။

သူသည် ပထမဦးစွာ ချင်ယွမ်ဖုန်းအပေါ် အပြစ်တစ်ခုကို ပုံချလိုက်ပြီး အခြားသော အပြစ်မဲ့သူများကို လှုံ့ဆော်ရန်အတွက် မိမိကိုယ်ကိုယ် တရားဥပဒေ၏ အထက်တွင် ရှိနေသကဲ့သို့ ပြုမူနေခြင်း ဖြစ်သည်။

အခြားလူများသည် ထိုစကားကို ကြားသောအခါ အလွန်ပင် ယုတ္တိတန်သည်ဟု ယူဆကြသဖြင့် တစ်ယောက်ပြီးတစ်ယောက် ရင်ဘတ်ကို မတ်ကာ အော်ဟစ်ဆူညံလာကြတော့သည်။

ချင်ယွမ်ဖုန်းသည် ထိုသိုင်းပညာရှင်ကို တစ်ချက် ကြည့်လိုက်ရာ သူသည် သိုင်းပညာရှင် နယ်ပယ်မျှသာ ရှိသေးကြောင်း တွေ့ရှိရလေသည်။

"တော်စမ်း"

ချင်ယွမ်ဖုန်းသည် နဂါးဟိန်းသံပညာရပ်ကို အသုံးပြု၍ ဟိန်းဟောက်လိုက်ရာ ထိုအသံသည် ထိုလူများအား ချက်ချင်းပင် မှင်တက်သွားစေပြီး ဆူညံနေသော အသံများသည် ရုတ်ချည်း ရပ်တန့်သွားရချေသည်။

"မင်းတို့ မဝယ်ချင်လည်း ရတယ်၊ ငါကလည်း မင်းတို့ကို ဝယ်ပါလို့ အသနားခံမနေဘူး၊ ငါ ရောင်းချင်တဲ့အချိန် ရောင်းမယ်၊ မရောင်းချင်ရင် မရောင်းဘူး၊ မင်းတို့က ဘာတတ်နိုင်မှာလဲ"

ချင်ယွမ်ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ သူ၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ပေါက်နေသည်။

"ဟွန်း၊ မင်း မရောင်းရင် ငါတို့က အတင်းအဓမ္မ လုယူမယ်၊ ငါတို့ကို အပြစ်မတင်နဲ့တော့" မောက်မာလှသော ထိုသိုင်းပညာရှင်သည် ချင်ယွမ်ဖုန်းက လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီကို မြင်သောအခါ ချက်ချင်းပင် ခြိမ်းခြောက်လေတော့သည်။

"လုပ်နိုင်ရင် စမ်းကြည့်လိုက်လေ" ချင်ယွမ်ဖုန်းသည် ထိုက်ချင်း နတ်လေပြည် အစီအရင်၏ နောက်ကွယ်တွင် ပြုံးလျက် ရပ်နေပြီး ဂရုမစိုက်ဟန် ပြုမူနေချေသည်။

ထိုသိုင်းပညာရှင်သည် အလွန်ပင် ဒေါသထွက်သွားဟန်ဖြင့် "အားလုံးပဲ တိုက်ကြ၊ သူ မရောင်းရင် ငါတို့ လုကြမယ်" ဟု အော်ဟစ်လိုက်သည်။

ထိုသို့ဖြင့် သိုင်းပညာရှင် တစ်ရာကျော်တို့သည် အစီအရင်ကို စတင်တိုက်ခိုက်ကြတော့သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချမိလိုက်သည်၊ ဤလောကသည် တကယ်ပင် ပရမ်းပတာ ဖြစ်နေချေပြီ။

သူတို့က ယုတ္တိတန်သည်ဟု ယူဆသောအရာများသည် လုံးဝပင် ဆင်ခြေဆင်လက်များသာ ဖြစ်နေတော့သည်။

လူအုပ်ကြီးက အစီအရင်ကို တိုက်ခိုက်နေကြစဉ် အနောက်ဘက် အကျဆုံးနေရာ၌ လှုပ်ရှားမှုမရှိဘဲ ရပ်ကြည့်နေသော သိုင်းပညာရှင် အနည်းငယ်လည်း ရှိနေသေးသည်။

သူတို့၏ ကျင့်စဉ်အဆင့်များသည် မမြင့်မားလှဘဲ ထိုအထဲတွင် မဟာဆရာနယ်ပယ် သိုင်းပညာရှင် တစ်ယောက်မျှပင် မပါဝင်ချေ။

ထို့ကြောင့် ဆဋ္ဌမအဆင့် အစီအရင်အဖြစ် အဆင့်မြှင့်တင်ထားပြီးဖြစ်သော ထိုက်ချင်း နတ်လေပြည် အစီအရင်ကို သူတို့အနေဖြင့် တုန်လှုပ်စေရန် လုံးဝ မဖြစ်နိုင်ပေ။

ချင်ယွမ်ဖုန်းနှင့် ချန်ရှောင်ချောင်တို့သည် အစီအရင်အတွင်း၌ ရပ်လျက် ထိုလူများ ရူးသွပ်စွာ ပြုမူနေကြသည်ကို ကြည့်ရှုနေကြသည်။

ခဏမျှ ကြာသောအခါ အားလုံးမှာ အနည်းငယ် မောပန်းသွားကြပြီး မိမိတို့ရှေ့မှ အစီအရင်သည် လုံးဝ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေဆဲဖြစ်သည်ကို သတိပြုမိကြတော့သည်။

ထိုအခါမှ သူတို့၏ နှလုံးသားများမှာ တဝက်ခန့် တုန်လှုပ် ခြောက်ခြားသွားရချေသည်။

ချင်ယွမ်ဖုန်းသည် ရှေ့သို့ လှမ်းထွက်လာပြီး ဦးဆောင်နေသော သိုင်းပညာရှင်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

"မင်းတို့က အတင်းအဓမ္မ လုယူချင်မှတော့ ငါကလည်း အားနာနေမှာ မဟုတ်ဘူး၊ အခုအချိန်ကစပြီး ဒီနေရာက ဆေးပင်တွေကို လုံးဝ မရောင်းတော့ဘူး" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာ မိန့်ဆိုလိုက်ချေသည်။

ထိုစကားကို ကြားရသောအခါ လူအများအပြား ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ ဤနေရာသို့ လာရောက်ကြခြင်းမှာ ဆေးပင်အချို့ကို ဝယ်ယူရန်အတွက်သာ ဖြစ်၏။

ဤနေရာမှ ဆေးပင်များသည် ဈေးနှုန်းသင့်တင့်ပြီး အာနိသင် ထက်မြက်လှရာ တကယ့်ကို နတ်ဆေးဝါးများကဲ့သို့ပင် ဖြစ်သည်။

တတိယအဆင့် ဆေးပင်တစ်ပင်သည်ပင် စတုတ္ထအဆင့် ဆေးပင်တစ်ပင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

သူတို့သည် ထိုသိုင်းပညာရှင်၏ နောက်သို့ လိုက်ပါကာ လုယူချင်ခဲ့ကြခြင်းမှာ အကျိုးအမြတ်အချို့ ရရှိလိုရုံမျှသာ ဖြစ်၏။

ယခုမူ သူတို့သည် မလုယူနိုင်ရုံမျှမက ဆေးပင်များကိုပါ ဝယ်ယူခွင့်ရတော့မည် မဟုတ်သဖြင့် ချက်ချင်းပင် ထိတ်လန့် ပူပန်သွားကြတော့သည်။

"သူဌေး၊ အရင်က ကျွန်တော်တို့ မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့ ဆေးပင်တွေကို ဝယ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ ပိုပေးဖို့ အဆင်သင့်ပါပဲ" ဟု ထိုအချိန်တွင် သိုင်းပညာရှင်တစ်ယောက်က ရှေ့သို့ တိုးကာ လျှောက်ထားလိုက်သည်။

အခြားသော သိုင်းပညာရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံကြလေရာ ဦးဆောင်နေသော သိုင်းပညာရှင်၏ မျက်နှာမှာသာ အလွန်ပင် ပျက်ယွင်းလို့နေချေသည်။

"ငါ ဆေးပင်တွေကို ဆက်ရောင်းပေးဖို့ ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး" ချင်ယွမ်ဖုန်းက ပြုံးလျက် ဦးဆောင်နေသော သိုင်းပညာရှင်ကို ကြည့်ကာ "ဒါပေမဲ့ ဒီလူကတော့ မြင်ရတာ တော်တော်လေး မျက်စိနောက်ဖို့ ကောင်းနေတယ်" ဟု ဆိုလိုက်သည်။

ထိုစကားကို ကြားသည်နှင့် သိုင်းပညာရှင်များသည် ချက်ချင်းပင် ရှေ့သို့ တိုးထွက်လာပြီး မိမိတို့ဘာသာ ကူညီရန် စေတနာ့ဝန်ထမ်း ပြုလုပ်ကြတော့သည်။

သူတို့သည် ဦးဆောင်နေသော သိုင်းပညာရှင်ကို မြေပြင်ပေါ်သို့ ဖိနှိပ်ချုပ်ချယ်ကာ လက်သီးတစ်ချက်ပြီးတစ်ချက်ဖြင့် ပြင်းထန်စွာ ဝိုင်းဝန်းရိုက်နှက်ကြလေရာ ထိုမြင်ကွင်းကြောင့် ချင်ယွမ်ဖုန်းပင် မျက်နှာ ရှုံ့မဲ့သွားရချေသည်။

စုရှင်းထံမှ အာဃာတတန်ဖိုး +၁၀၀ ရရှိပါသည်။

ချင်ယွမ်ဖုန်းသည် ရယ်မောမိလိုက်သည်၊ သို့ဖြစ်၍ အရိုက်ခံနေရသော ထိုသိုင်းပညာရှင်၏ အမည်မှာ စုရှင်း ဖြစ်ပေသည်။

ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံရပြီးနောက်တွင် ထိုဦးဆောင်သူ သိုင်းပညာရှင်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူ၏ မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်ကာ မြေပြင်ပေါ်တွင် လဲလျောင်းလျက် ပြန်လည်မထနိုင်တော့ပေ။

"ချန်ရှောင်ချောင်၊ ဘယ်လိုလဲ၊ ငါ မင်းအတွက် ကလဲ့စားချေပေးလိုက်ပြီ" ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောဆိုလိုက်သည်။

ချန်ရှောင်ချောင်သည် ခုန်ပေါက်ကာ ချင်ယွမ်ဖုန်း၏ လက်မောင်းကို ဖက်တွယ်လျက် "ဖုန်းအစ်ကိုက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ၊ သူတို့ကို ချက်ချင်း အချင်းချင်း ပြန်ကိုက်အောင် လုပ်လိုက်နိုင်တယ်၊ သူတို့ ဒါ ခံရမှာ တန်ပါတယ်" ဟု ဆိုလေသည်။

"ဟားဟားဟားဟား" ချင်ယွမ်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ချန်ရှောင်ချောင်၊ သူတို့ရဲ့ မျက်နှာတွေကို မှတ်ထားလိုက်၊ အခုအချိန်ကစပြီး သူတို့ထဲက ဘယ်သူ့ကိုမဆို ဒီနေရာက ဆေးပင်တွေကို လုံးဝ မရောင်းပေးနဲ့တော့" ဟု မှာကြားလိုက်တော့သည်။

အခန်း(၅၂၈)

ချင်ယွမ်ဖုန်းအား ချီးမွမ်းစကား ကြားလိုသည့်အလား ပြုံးရွှင်စွာ ကြည့်နေကြသော သိုင်းပညာရှင်တို့သည် တစ်ခဏအတွင်းမှာပင် မျက်နှာပျက်သွားကြချေပြီ။

ကြည့်ရှုနေကြသော အခြားသူများလည်း ထို့အတူပင် ဖြစ်ကြကုန်၏။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ ချင်ယွမ်ဖုန်း၏ ဆုံးဖြတ်ချက်က ယင်းတို့အား အလွန်အမင်း ဒေါသထွက်စေသည်မှာ အမှန်ပင် ဖြစ်ချေသည်။

"ချောင်ယန်းထံမှ အာဃာတတန်ဖိုး တစ်ရာ ရရှိပါသည်။"

" လူချန်ထံမှ အာဃာတတန်ဖိုး တစ်ရာ ရရှိပါသည်။"

ချက်ခြင်းဆိုသလိုပင် ချင်ယွမ်ဖုန်းသည် ထိုလူများထံမှ ပေးစွမ်းသော ယုံကြည်မှုတန်ဖိုး သောင်းနှင့်ချီ၍ လက်ခံရရှိသဖြင့် များစွာ ကျေနပ် အားရမိလေသည်။

ထိုလူတို့၏ မကျေမနပ် ဖြစ်နေသော မျက်နှာပေးများကို ကြည့်ကာ ချင်ယွမ်ဖုန်း၏ စိတ်အစဉ်၌ ကြည်နူးမှုတစ်ခု လှိုင်းတံပိုးထသကဲ့သို့ ဖြစ်ပေါ်လာချေသည်။

"ဒါနဲ့ မင်း ဟိုးအနောက်မှာ ရှိနေတဲ့ လူအနည်းငယ်ကို မြင်လား။ အထူးသဖြင့် အဲဒီလူတွေပေါ့၊ သူတို့က လူကောင်းတွေ မဟုတ်ဘူး။" ချင်ယွမ်ဖုန်းသည် လူအုပ်ကြီး၏ အနောက်ကွယ်၌ ပုန်းကွယ်နေသော သူအချို့ကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်၏။

ချန်ရှောင်ချောင်သည် မျက်မှောင်ကြုတ်မိသွားသည်။ ချင်ယွမ်ဖုန်း အဘယ်ကြောင့် ထိုသို့ ပြောသည်ကို သူမ မသိသော်လည်း စိတ်ထဲမှ ကန့်ကွက်မှုမရှိ ယုံကြည်ကာ ထိုသူတို့၏ ရုပ်သွင်ကို မှတ်မိစေရန် အသေအချာ ဂရုပြု၍ ကြည့်ရှုလေသည်။

သိုင်းပညာရှင် အနည်းငယ်တို့သည် မျက်နှာများ ပြာနှမ်းလျက် အစီအရင်ဆီသို့ ဖြည်းညှင်းစွာ တိုးကပ်လာကြကုန်၏။

" ကျွန်တော်တို့ အခုနက ခင်ဗျားရဲ့ အစီအရင်ကို ဝင်ပြီး မတိုက်ခိုက်ခဲ့ပါဘူး၊ ဘာလို့ ကျွန်တော်တို့ကိုပါ အကျုံးဝင်စေရတာလဲ။"

သိုင်းပညာရှင်တစ်ဦးက မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "မြေပြင်ပေါ်မှာ လဲနေတဲ့လူက မင်းတို့လူ မဟုတ်လား။ ငါ ပြောရရင်တော့ ဒီလှည့်ကွက်က သိပ်မလိမ္မာသလို တော်တော်လည်း ကောက်ကျစ်တာပဲ။"

ချင်ယွမ်ဖုန်း ရောက်ရှိလာကတည်းက ပဉ္စမအဆင့် မဟာဆရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် မိမိအား ရန်စရဲမည် မဟုတ်ကြောင်း သိရှိပြီးသား ဖြစ်ပေရာ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူ ရှိရမည်ဟု တွေးဆမိသည်။

ထို့အပြင် အနောက်ဘက်၌ ရပ်ကြည့်ကာ ပွဲကြည့်ပရိသတ်အလား ပြုမူနေသော ထိုလူအနည်းငယ်သည် ဧကန်မုချ လူကောင်းများ မဟုတ်ကြချေ။

"ဆရာက တကယ်ပဲ ထက်မြက်တာပဲ။ ဒါဆိုရင်လည်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ကျွန်တော်တို့ရဲ့ သခင်က ခင်ဗျားရဲ့ ဒီမြေကွက်ကို သဘောကျနေလို့ပါ။ ဈေးနှုန်းသာ ခေါ်လိုက်ပါ။" ထိုသိုင်းပညာရှင်က မောက်မာစော်ကားသော အမူအရာဖြင့် ပြောဆိုလိုက်၏။

ထိုစကားကို ကြားရသောအခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် မိမိတို့မှာ သူတစ်ပါး၏ အသုံးချခံ ဓားစာခံများ ဖြစ်ခဲ့ရသည်ကို ရိပ်မိသွားကြသဖြင့် ဒေါသတရားတို့ ပိုမို ပြင်းထန်လာကြချေသည်။

"ဟေ့၊ မင်းတို့က ငါတို့ကို တကယ်ပဲ လှည့်စားရဲတယ်ပေါ့။ အခု ငါတို့ ဝိညာဉ်ဆေးပင်တွေ မဝယ်ရတော့ဘူး၊ မင်းတို့ ငါတို့ကို လျော်ကြေးပေးရမယ်။" အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က ရှေ့သို့ လှမ်းထွက်ကာ အော်ဟစ်လိုက်လေသည်။

"မှန်တယ်၊ လျော်ကြေးပေး။" အခြားသူများကလည်း သဘာဝကျလှသည့်အလား လိုက်လံ အော်ဟစ်ကြကုန်၏။

ယင်းတို့သည် သိုင်းပညာရှင်၏ မောက်မာသော စကားသံကို ကြားရပြီးနောက် ငွေကြေး ညှစ်ယူရန် အခွင့်ကောင်း ရှာကြခြင်းသာ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းကို မတတ်သာဘဲ ချမိလေသည်။ ထိုလူများသည် အခြေအနေမှန်ကို အမှန်တကယ်ပင် သဲသဲကွဲကွဲ မမြင်နိုင်ကြချေ။

မိမိရှေ့မှ သိုင်းပညာရှင် လေးဦးစလုံးသည် မဟာဆရာနယ်ပယ်တွင် ရှိကြပြီး ချင်ယွမ်ဖုန်းကို စကားပြောနေသော သူသည် ပဉ္စမအဆင့် မဟာဆရာနယ်ပယ် သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုလူအုပ်ကြီး အားလုံး ပေါင်းစပ်လျှင်ပင် မဟာဆရာနယ်ပယ် သိုင်းပညာရှင် တစ်ဦးမျှ မရှိချေ။ ထိုသို့ ပြုမူခြင်းသည် ဒုက္ခရှာခြင်း သက်သက်သာ မဟုတ်လော။

ထင်သည့်အတိုင်းပင် ချင်ယွမ်ဖုန်းအား စကားပြောနေသော သိုင်းပညာရှင်သည် လက်ကို မြှောက်ကာ လက်ချောင်းများကို လှုပ်ခါလိုက်ရာ ဘေးနားရှိ မဟာဆရာနယ်ပယ်မှ သိုင်းပညာရှင် သုံးဦးသည် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများကဲ့သို့ လူအုပ်ကြီးထဲသို့ ပြေးဝင်သွားကြချေပြီ။

မကြာမီ အချိန်အတွင်းမှာပင် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ အစပထမ၌ ထိုလူများသည် ပြန်လည် ခုခံရန် ကြံရွယ်သော်လည်း ယင်းတို့၏ လက်သန်းတစ်ချောင်းစာ ဖြတ်ရိုက်ချက်ကိုပင် တောင့်ခံနိုင်စွမ်း မရှိသည်ကို သိရှိသွားကြသဖြင့် ထိတ်လန့် ခြောက်ခြားသွားကြချေသည်။

မကြာမီပင် လူတစ်ရာကျော်တို့သည် မြေပြင်ပေါ်၌ လဲလျောင်းကာ ညည်းတွားနေကြရတော့သည်။ သိုင်းပညာရှင် သုံးဦးသည် ထွက်ပြေးသွားသော သူများကိုမူ လိုက်လံ ဖမ်းဆီးခြင်း မပြုကြချေ။

"ကျွန်တော်တို့ရဲ့ စွမ်းအားကို ခင်ဗျား မြင်ပြီးပြီပဲ။ ဈေးနှုန်းတစ်ခုသာ ခေါ်လိုက်ပါ၊ ကျွန်တော်တို့ သခင်က ဘယ်တော့မှ စစ်ဆေးနေမှာ မဟုတ်ဘူး။" သိုင်းပညာရှင်က ချင်ယွမ်ဖုန်းအား အေးစက်စွာ ပြောဆိုလိုက်၏။

ချင်ယွမ်ဖုန်းသည် မရယ်ဘဲ မနေနိုင်တော့ဘဲ "စွမ်းအား ဟုတ်လား။ မင်းတို့မှာ ဘယ်လို စွမ်းအားမျိုး ရှိလို့လဲ။"

"မင်း။" သိုင်းပညာရှင်သည် မျက်လုံးများ ပြူးကျယ်သွားကာ ချင်ယွမ်ဖုန်းအား အရှိန်အဝါ အချို့ဖြင့် ဒေါသတကြီး စိုက်ကြည့်လေသည်။

သို့သော် ထိုသူသည် ချင်ယွမ်ဖုန်းမှာ ဘိုးဘေးနယ်ပယ် သို့ ရောက်ရှိနေပြီ ဖြစ်ရာ မိမိတို့အား ကြောက်ရွံ့လိမ့်မည် မဟုတ်သည်ကို မသိရှာချေ။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် လျင်မြန်စွာ တိုးတက်လာခဲ့ကြသော်လည်း လက်ရှိတွင် သိုင်းပညာရှင် အဆင့်၌သာ ရှိနေကြသေးသည်။

ယင်းတို့က ချင်ယွမ်ဖုန်းသည်လည်း များစွာ သန်မာလိမ့်မည် မဟုတ်ဘဲ တိုက်ဆိုင်မှုကြောင့်သာ ဤနေရာကို ရရှိထားပြီး အစီအရင်၏ အကာအကွယ်ကို အားကိုးနေခြင်း ဖြစ်သည်ဟု မှတ်ထင်ထားကြချေသည်။

"ထားလိုက်ပါတော့။ သခင်က ဒီနေရာကို အပြတ်ဝယ်ဖို့ ညွှန်ကြားထားတယ်။ ဒီလိုလုပ်ရအောင်၊ ငါက သခင်ကိုယ်စား ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ကမ်းလှမ်းမယ်။" သိုင်းပညာရှင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

ချင်ယွမ်ဖုန်းသည် နှုတ်ခမ်းကို သပ်လိုက်မိသည်။ သန်းတစ်ရာဟူသော ပမာဏသည် ချင်ယွမ်ဖုန်းအတွက် ကြီးမားသော မက်မောစရာ ဖြစ်သည်မှာ အမှန်ပင်။

သူသည် ဤမျှ သက်တမ်းရှည်ကြာလာသည်အထိ ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ မည်သို့ ရှိသည်ကို မမြင်ဖူးချေ။

သို့သော် သူသည် မြေနက်မြေ ကို မည်သည့်အခါမျှ ရောင်းချမည်

မဟုတ်ကြောင်းလည်း သိရှိပေသည်။

ဝိညာဉ်ဆေးပင်များနှင့် သန့်စင်သော နတ်ရေစင် စသည်တို့ကို ရောင်းချခြင်းဖြင့် နောက်ဆုံးတွင် ထိုမျှသော ငွေကြေးကို မိမိဘာသာ ရှာဖွေနိုင်မည် ဖြစ်ချေသည်။

'သန်းတစ်ရာ' ဟူသော စကားစုကို ကြားလိုက်ရသောအခါ မြေပြင်ပေါ်၌ လဲလျောင်းနေကြသော လူများသည် ညည်းတွားရန်ပင် မေ့လျော့သွားကြပြီး သိုင်းပညာရှင်အား မော့ကြည့်ကြကုန်၏။

သန်းတစ်ရာ။ ဤသည်မှာ ကြီးမားလှသော ငွေကြေးပမာဏ ဖြစ်ပြီး မြေကွက်တစ်ကွက် နေနေသာသာ မြို့တစ်မြို့ကိုပင် ဝယ်ယူရန် လုံလောက်လှပေသည်။

သို့သော် ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "မြန်မြန် သွားကြတော့၊ ငါ အခု စိတ်အခြေအနေ သိပ်မကောင်းဘူး။"

သန်းတစ်ရာကို ငြင်းပယ်ပြီးခါစ လူတစ်ယောက်သည် မည်သို့လျှင် စိတ်အခြေအနေ ကောင်းမွန်နိုင်ပါအံ့နည်း။

လူတိုင်းက အသက်ရှူမှားမတတ် ဖြစ်သွားကြချေသည်။

ထိုဆိုင်ရှင်သည် သန်းတစ်ရာကိုပင် ငြင်းပယ်ရဲသည့် သတ္တိ ရှိလိမ့်မည်ဟု ယင်းတို့ မမျှော်လင့်ထားကြချေ။

"အကောင်းပြောတုန်း နားထောင်စမ်း။" သိုင်းပညာရှင်က ချင်ယွမ်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ချွေရုံမြန်ထံမှ ဒေါသတရား တစ်ရာ ရရှိပါသည်။"

ချင်ယွမ်ဖုန်းက ပုခုံးတွန့်လိုက်ကာ "ငါ တကယ်ပဲ အဆိုးနဲ့ ကြုံရင် ဘယ်လို ဖြစ်မလဲဆိုတာ မြည်းစမ်းကြည့်ချင်တယ်။" ဟု ပြုံးလျက် ဆိုလိုက်၏။

ချန်ရှောင်ချောင်သည် ချင်ယွမ်ဖုန်း၏ ဘေးနားတွင် ကြောက်ရွံ့ခြင်း အလျင်းမရှိဘဲ ရပ်နေချေသည်။ ချင်ယွမ်ဖုန်း ရှိနေသရွေ့ သူမ၏ စိတ်ထဲ၌ အလွန်အမင်း အေးချမ်းတည်ငြိမ်မှုကို ခံစားနေရသည်။

"ဟွန်း၊ မင်း အားကိုးနေတာက ဒီအစီအရင် မဟုတ်လား။ အသုံးမကျတဲ့ အစီအရင်တစ်ခုကို ငါတို့ မဖျက်ဆီးနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား။" ချွေရုံမြန်က လေးလံသော လေသံဖြင့် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက လက်ကို ဆန့်ထုတ်ကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်ရင်း "ငါက ထင်နေတာ မဟုတ်ဘူး၊ မင်းတို့ တကယ်ပဲ မဖျက်ဆီးနိုင်တာ။" ဟု ဆိုလေသည်။

ချွေရုံမြန်သည် အလွန်အမင်း ဒေါသထွက်သွားချေပြီ။ သူ၏ အမြင်တွင် ချင်ယွမ်ဖုန်းသည် အလွန်အမင်း ထောင်လွှားစော်ကားလွန်းလှသည်။

ဤအစီအရင်သည် အလွန်ဆုံးရှိလှ စတုတ္ထအဆင့် အစီအရင်မျှသာ ဖြစ်ပေရာ ယင်းတို့ ကြောက်ရွံ့နေမည် မဟုတ်ချေ။

"ဟွန်း၊ သခင်က လာတုန်းက ယဉ်ယဉ်ကျေးကျေး ပြုမူဖို့ မှာလိုက်ပေမယ့် မင်းက မပူးပေါင်းဘူးဆိုရင်တော့ ငါတို့ မယဉ်ကျေးတော့တာကို မနာလို မရှိနဲ့။"

ချွေရုံမြန်က အေးစက်စွာ ပြောဆိုရင်း သူ၏ သိုလှောင်အိတ် ထဲမှ စစ်တူ တစ်လက်နှင့် မိုးကြိုးလျှပ်စီးစွမ်းအား ထွက်ပေါ်နေသော ကိရိယာတစ်ခုကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်၏။

ယင်းတို့သည် ရှေးဟောင်းပုံစံ ရှိပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေချေသည်။

"မှော်လက်နက် လား။" ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ချွေရုံမြန်၌ မှော်လက်နက် တစ်ခု ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားမိချေ။

ချွေရုံမြန်သည် ချင်ယွမ်ဖုန်း၏ အမူအရာကို မြင်သောအခါ ထိုသူ ကြောက်ရွံ့သွားပြီဟု ထင်မှတ်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ဟားဟားဟား၊ အခုတော့ ကြောက်သွားပြီ မဟုတ်လား။ ဒါက ငါ့သခင်က ငါ့ကို ခေတ္တ ငှားရမ်းပေးလိုက်တဲ့ ရတနာလက်နက်ပဲ။ မင်းရဲ့ အစီအရင်ကို ဖျက်ဆီးဖို့က လွယ်လွယ်လေးပဲ။"

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ ထို့ကြောင့် ဤအရာသည် ချွေရုံမြန်၏ သခင်ထံမှ ရတနာလက်နက် ဖြစ်ချေသည်။

သို့သော် ရတနာလက်နက် တစ်ခုတည်းဖြင့် ထိုက်ချင်း နတ်လေပြည် အစီအရင် ကို ဖျက်ဆီးနိုင်ပါမည်လော။

ချွေရုံမြန်သည် လက်တစ်ဖက်တွင် စစ်တူကို ကိုင်ဆောင်ကာ အခြားလက်တစ်ဖက်တွင် ကိရိယာကို ကိုင်လျက် အစီအရင်၏ ကာကွယ်ရေး အကာအကွယ်ပေါ်သို့ တေ့လိုက်ချေသည်။

"ငါ အစီအရင်ကို ဖျက်ဆီးပြီးတာနဲ့ မင်းရဲ့ သေနေ့ပဲ။"

ချွေရုံမြန်သည် ယုံကြည်ချက်အပြည့်ဖြင့် စစ်တူကို မြှောက်ကာ ကိရိယာပေါ်သို့ ပြင်းထန်စွာ ထုရိုက်ချလိုက်တော့သည်။

ပြင်းထန်သော တုန်ခါမှုတစ်ခုသည် ကာကွယ်ရေး အကာအကွယ် တစ်ပြင်လုံးသို့ ပျံ့နှံ့သွားပြီး အကာအကွယ်ကိုယ်တိုင်ပင် ရေလှိုင်းများကဲ့သို့ ပုံသဏ္ဌာန် ပျက်ယွင်းသွားချေသည်။

ချင်ယွမ်ဖုန်းသည်လည်း လေးလံသော စွမ်းအင်လှိုင်း တုန်ခါမှုကို ခံစားလိုက်ရသော်လည်း ဤတုန်ခါမှုသည် ကာကွယ်ရေး အကာအကွယ်ကို ထိခိုက်စေရန် မလုံလောက်သေးချေ။

ဤသည်မှာ ထိုရတနာလက်နက်ကို ချွေရုံမြန်က ခေတ္တမျှသာ ငှားရမ်းထားခြင်း ဖြစ်သဖြင့် ၎င်း၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသောကြောင့် ဖြစ်တန်ရာသည်။

All Chapters