အခန်း (၅၃၃-၅၃၄)
Vol. 27 Ch. 533-534
အခန်း (၅၃၃) ကြာပန်း
“ကိစ္စလည်း ပြေလည်သွားပြီဆိုတော့ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး၊ စိတ်ကြိုက်သာ ဆက်သုံးဆောင်ကြပါ”
ချင်ယွမ်ဖုန်းက ပြုံးလျက် လက်ကာပြပြီးနောက် ဝမ်တာဟိုင် စားသောက်ဆိုင်အတွင်းမှ လှည့်ထွက်ခဲ့ချေသည်။
“အဖေ၊ သူ့ကို ဒီအတိုင်းပဲ လွှတ်လိုက်တော့မလို့လား၊ ပြီးတော့ ဝိညာဉ်ကျောက်တုံးတွေပါ ပေးလိုက်သေးတယ်”
ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးမှသာ ဝမ်ချုံ သခင်လေးသည် ရဲတင်းစွာ စကားဆိုရဲတော့သည်။ ဝမ်လင်းသည် ဝမ်ချုံ သခင်လေးအား တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်ရာ သူ၏မျက်ဝန်းအစုံ၌ အားကိုးရာမဲ့မှုနှင့် စိတ်ပျက်မှုတို့ အတိုင်းသား ထင်ဟပ်နေချေပြီ။
“ဘာလဲ၊ မင်းက ဘာဆက်လုပ်ချင်သေးလို့လဲ၊ မင်း သူ့ကို နိုင်အောင် တိုက်နိုင်လို့လား၊ လက်သီးအင်အားကသာ အစစ်မှန်ဆုံးသော သစ္စာတရားပဲဆိုတာ မင်း ဘာလို့ နားမလည်ရတာလဲ၊ မင်း စားသုံးခဲ့တဲ့ ရတနာဆေးလုံးတွေအားလုံး အလဟဿ ဖြစ်ကုန်တာပဲ”
ဝမ်လင်းက ဒေါသတကြီး ဆူပူလိုက်ရာ ဝမ်ချုံ သခင်လေးမှာ ကြောက်ရွံ့တုန်လှုပ်လျက် ဘေးသို့ ကပ်သွားပြီး ခေါင်းလေးငုံ့ကာ ငြိမ်သက်သွားတော့သည်။
ထိုစဉ် ကိုယ်ရံတော် ရုန်ဟောက်ရန်က ဝမ်လင်းအနားသို့ တိုးကပ်လာပြီး “သခင်ကြီး၊ ကျွန်တော်တို့ လူလွှတ်ပြီး သူ့ကို အပြတ်ရှင်းလိုက်ရမလား” ဟု တိုးတိုးသာသာ မေးမြန်းလာ၏။
“မင်းလည်း သူ့ကို ရင်ဆိုင်ခဲ့ဖူးတာပဲ မဟုတ်လား၊ သူက ဘယ်လောက်အထိ အစွမ်းထက်လဲ” ဝမ်လင်းက မေးခွန်းထုတ်လိုက်သည်။
ရုန်ဟောက်ရန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း အမှန်အတိုင်းသာ ပြန်လည်ဖြေကြားရှာသည်၊ “အရမ်းအစွမ်းထက်ပါတယ်၊ ကျွန်တော့်ထက် အဆမတန် သာလွန်ပါတယ်”
“အဲဒါပဲပေါ့၊ မင်းတောင် သူ့ကို မယှဉ်နိုင်ရင် ဘယ်လိုလုပ်ပြီး အပြတ်ရှင်းနိုင်မှာလဲ” ဝမ်လင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း “အဲ့လို လူမျိုးနဲ့ ရန်မဖြစ်တာကသာ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်” ဟု ဆိုလေသည်။
ရုန်ဟောက်ရန်သည် စိတ်ထဲမှ မပါသော်လည်း ခေါင်းညိတ်လက်ခံလျက် “နားလည်ပါပြီ သခင်ကြီး” ဟု ပြန်လည်ဖြေကြားသည်။
“ကဲ၊ အားလုံးပဲ ထိုင်ပြီး စားကြသောက်ကြရအောင်၊ ဒါနဲ့ဆို ဟင်းပွဲလဲရတာ သုံးဝိုင်းမြောက် ရှိနေပြီ၊ နှမြောစရာကောင်းလိုက်တာ” ဝမ်လင်းက ဆိုကာ အားလုံးအား ဝိုင်းထိုင်ရန် ဖိတ်ခေါ်လိုက်တော့သည်။
ကိုယ်ရံတော်များနှင့် အစောင့်အရှောက်များသည်လည်း သဘာဝကျကျပင် အတူတကွ ဝင်ရောက်ထိုင်ကြလေသည်၊ ဝမ်လင်းက ယင်းတို့အား အတူတူ စားသောက်ရန် ဖိတ်ခေါ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာလှပေသည်။
ချင်ယွမ်ဖုန်းသည် ဝမ်တာဟိုင် စားသောက်ဆိုင်မှ ထွက်လာခဲ့သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်တုန်လှုပ်နေဆဲပင် ဖြစ်ချေသည်။
သူသည် ဝမ်လင်း၏ ကျင့်စဉ်အဆင့်ကို အကဲမဖြတ်နိုင်ခဲ့ပေရာ ထိုသို့ စိုးရိမ်မိခြင်းမှာ သဘာဝကျလှ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဝမ်လင်းသည် သူနှင့် ရန်သူမဖြစ်လိုသည့် သဘောကို အမှန်တကယ် ပြသခဲ့ပေသည်။
“ကောင်းပြီ၊ ကိစ္စကတော့ ပြေလည်သွားပြီ၊ ငါ့အထင်တော့ ရှာမိသားစုကလွဲရင် ကျန်တဲ့သူတွေ လာပြီး ပြဿနာရှာရဲကြတော့မှာ မဟုတ်ဘူး” ချင်ယွမ်ဖုန်းက အေးဆေးတည်ငြိမ်စွာ တွေးတောလိုက်သည်။
ထိုည၌ပင် ချင်ယွမ်ဖုန်းသည် မြေနက်မြေသို့ ညတွင်းချင်း ပြန်လာခဲ့ပြီးနောက် မသေမျိုးနန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ချေသည်။
အခြားသူများအားလုံးမှာ ကျင့်ကြံခြင်းနယ်ပယ်ထဲသို့ အသီးသီး ဝင်ရောက်နေကြပြီဖြစ်သော်လည်း ချင်ယွမ်ဖုန်းမှာမူ စိတ်တည်ငြိမ်အောင် စုစည်း၍မရနိုင်သဖြင့် မသေမျိုးနန်းတော်သို့ ရောက်ရှိလာခြင်း ဖြစ်ပေရာသည်။
ဤအချိန်တွင် ပျက်စီးသွားခဲ့သော မြေကမ္ဘာအား အနန္တပုံရိပ်က ပြန်လည်ပြုပြင်ပေးထားပြီး ဖြစ်ချေသည်။ အနန္တပုံရိပ်ကိုယ်တိုင်မှာလည်း အနားယူရန် လိုအပ်သဖြင့် မလှုပ်မယှက် ငြိမ်သက်နေ၏။
ဤကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ယခင်က အလွန်ပါးလျခဲ့သော်လည်း ချင်ယွမ်ဖုန်းက မြေနက်မြေအား ရွှေ့ပြောင်းထည့်သွင်းပေးခဲ့ပြီးသည့် နောက်ပိုင်းတွင်မူ ဝိညာဉ်စွမ်းအင်များမှာ တစ်စတစ်စ သိပ်သည်းလာခဲ့ပြီး အဆင့်နိမ့် ဆေးပင်အချို့ပင်လျှင် ဤနေရာ၌ အလိုအလျောက် ပေါက်ရောက်လာခဲ့ချေပြီ။
ဆေးပင်အားလုံးသည် ယခုကဲ့သို့သော အခြေအနေသို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ သွေးသားပြောင်းလဲခြင်း အဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်ပေရာ ယခုအခါ ဤကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစအတွင်းရှိ အပင်ငယ်များသည်လည်း ထိုသို့သော ပြောင်းလဲခြင်းဖြစ်စဉ်ကို စတင်ဖြတ်ကျော်နေကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မသေမျိုးနန်းတော်အတွင်း လျှောက်လှမ်းလာခဲ့ရာ နဂါးပုံရိပ် ရေပန်းအနားသို့ ရောက်ရှိလာခဲ့၏။ ယခုအချိန်တွင် ထိုနဂါးပုံရိပ် ရေပန်း၌ နဂါးခေါင်း မရှိတော့သဖြင့် ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေချေသည်။
၎င်းအပြင် ဤနေရာမှာ ပျက်စီးနေပုံရသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် စစ်မှန်သော နဂါးကြီးအား နိုးထစေရန် စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။
မသေမျိုးနန်းတော်တစ်ခုလုံးတွင် ချင်ယွမ်ဖုန်း ထိန်းချုပ်နိုင်သည့်အရာဟူ၍ ဓားအလုပ်အကျွေးနှင့် ဓားအစောင့်အရှောက်ဟူသော ကျောက်ဆစ်ရုပ်တုကြီးနှစ်ခုသာ ရှိချေသည်။
အဘယ်ကြောင့်ရယ်မသိ၊ ချင်ယွမ်ဖုန်းသည် တောင်ထိပ်ပေါ်ရှိ အဓိကခန်းမဆောင်ကြီးဆီသို့ သွားရောက်ကြည့်ရှုလိုစိတ် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏၊
ထိုနေရာ၌ တစ်စုံတစ်ခုက သူ့အား စောင့်ကြိုနေသကဲ့သို့ ခံစားနေရပေသည်။
ချင်ယွမ်ဖုန်းသည် ကျောက်လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ တက်လှမ်းလာခဲ့သည်။
တိုက်ပွဲပြင်းထန်စဉ်က ဖြစ်ပေါ်ခဲ့သော ကြီးမားလှသည့် မြေကွဲကြောင်းကြီးကိုလည်း အနန္တပုံရိပ်က ပြန်လည်ပြုပြင်ထားပြီး ဖြစ်ကြောင်း တွေ့ရ၏။
တောင်ထိပ်ရှိ ခန်းမဆောင်ကြီးမှာ ယခင်အတိုင်းပင် ရှိနေဆဲဖြစ်ပြီး ခန်းမအတွင်း၌ စွန်းထင်ကျန်ရစ်ခဲ့သော သွေးကွက်အချို့ကိုပင် မြင်တွေ့နိုင်သေးသည်။
ဤခန်းမဆောင်မှာ ချင်ယွမ်ဖုန်း ယခင်က မြင်တွေ့ခဲ့ဖူးသော ခန်းမပင် ဖြစ်သော်လည်း ယခုအကြိမ်တွင်မူ မသေမျိုးနန်းတော်၏ ဝိညာဉ်အစအန ထပ်မံပေါ်ပေါက်လာခြင်း မရှိတော့ပေ။
ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင်မူ အစီအရင်ငယ်လေးတစ်ခု ရှိနေဆဲဖြစ်ပြီး ယင်းအစီအရင်အလယ်တွင် ဖြူဖွေးသော အရှိန်အဝါဓာတ်ငွေ့များ စုစည်းလည်ပတ်နေချေသည်။
ယခင်က ချင်ယွမ်ဖုန်းသည် မိမိမြင်တွေ့ခဲ့ရသော လောကဓာတ်၏ မူလအနှစ်သာရဟူသည် နတ်ဘုရားဝိညာဉ်က ဖန်တီးခဲ့သော ပုံရိပ်ယောင်မျှသာဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ထိုနတ်ဘုရားဝိညာဉ် ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော်လည်း ဤနေရာရှိ အရာအားလုံးမှာ ပြောင်းလဲခြင်းမရှိဘဲ တည်ရှိနေဆဲ ဖြစ်သည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားရ၏။ သူ၏ စိတ်အာရုံ စေခိုင်းမှုဖြင့် ထိုအစီအရင်ငယ်လေးမှာ လျင်မြန်စွာ ပိတ်သိမ်းသွားပြီး ဖြူဖွေးသော မြူခိုးငွေ့များမှာ ချင်ယွမ်ဖုန်း၏ မျက်စိရှေ့မှောက်တွင် ပကတိအတိုင်း ပေါ်ထွက်လာတော့သည်။
“ဒါ... ဒါက တကယ်ပဲ လောကဓာတ်၏ မူလအနှစ်သာရများလား” ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံမှာ အံ့ဩလွန်းသဖြင့် ဝိုင်းစက်သွားရသည်။
သူ၏ စိတ်လှုပ်ရှားမှုများမှာလည်း ပြင်းထန်လာရ၏။ ယခင်က နတ်ဘုရားဝိညာဉ်သည် မိမိအား လှည့်စားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဤဖြူဖွေးသော မူလအနှစ်သာရ မြူခိုးများမှာ အစစ်အမှန် ဖြစ်တန်ရာပေသည်။
ချင်ယွမ်ဖုန်းသည် လောကဓာတ်၏ မူလအနှစ်သာရဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလိုက်သည်။
ဆီးနှင်းမြူခိုးများ ကွာကျသွားသည့်အခါ အတွင်း၌ ရှိနေသော ကြာပန်းတစ်ပွင့် ပေါ်လာချေသည်။
“ဒါက လောကဓာတ်၏ မူလအနှစ်သာရလား” ချင်ယွမ်ဖုန်းသည် လောကဓာတ်၏ မူလအနှစ်သာရဟူသည် မည်သို့သော ပုံသဏ္ဌာန်ရှိသည်ကို မသိရှိခဲ့ပေရာ အလွန်ပင် စုစမ်းလိုစိတ် ပြင်းပြနေမိသည်။ယ
လောကဓာတ်၏ မူလအနှစ်သာရဟူသည် ဤကြာပန်းတစ်ပွင့်မျှသာလော။
ထိုကြာပန်းသည် ဟင်းလင်းပြင် လေဟာနယ်ထဲ၌ ပေါက်ရောက်နေဟန်တူပြီး ယခုအခါ အပြည့်အဝ ဖူးပွင့်ဝေဆာနေကာ ကြည့်ရသည်မှာ အလွန်ပင် လှပကျနလှပေသည်။
ချင်ယွမ်ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ ကြာပန်း၏ ရိုးတံအား ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်မိ၏။
ထိုစဉ် ချင်ယွမ်ဖုန်းသည် သူ၏ လက်ဖဝါးထဲမှ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် အမြန်ပင် ငုံ့ကြည့်လိုက်ရာ ဟင်းလင်းပြင် လေဟာနယ်ထဲ၌ ပေါက်ရောက်နေသော ကြာပန်းသည် ယခုအခါ သူ၏ လက်ဖဝါးထဲ၌ အမြစ်တွယ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားရတော့သည်။
ချင်ယွမ်ဖုန်းသည် ကြာပန်းအား ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း ယင်းကြာပန်းသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားပြီး သူ၏ ဝိညာဉ်စွမ်းအင်ပင်လယ်အတွင်း၌ အခြေချ အမြစ်တွယ်သွားချေသည်။
ထိုဖြူဖွေးသော မြူခိုးအစုအဝေးသည်လည်း ကြာပန်းနှင့်အတူ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ ခန္ဓာကိုယ်တွင်းအခြေအနေအား အမြန်ပင် စိတ်အာရုံဖြင့် ကြည့်ရှုစစ်ဆေးလိုက်ရာ ကြာပန်းသည် ဝိညာဉ်စွမ်းအင်ပင်လယ်အလယ်တွင် အမြစ်တွယ်နေပြီး ယင်း၏ ဘေးပတ်လည်၌ မြူခိုးများ ရစ်သိုင်းနေသည်ကို တွေ့ရ၏၊
သို့သော် ချင်ယွမ်ဖုန်းအနေဖြင့် မည်သည့် မသက်မသာဖြစ်မှုကိုမျှ ခံစားရခြင်း မရှိပေ။
၎င်းအပြင် ထိုကြာပန်းသည် ဝိညာဉ်စွမ်းအင်ပင်လယ်အတွင်း အမြစ်တွယ်နေသော်လည်း ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင်များကို စုပ်ယူခြင်းမရှိဘဲ အပြန်အလှန်အားဖြင့် လောကကြီး၏ ဝိညာဉ်စွမ်းအင်များကိုသာ အဆက်မပြတ် စုပ်ယူပေးနေသဖြင့် ချင်ယွမ်ဖုန်းအတွက်ပါ အကျိုးကျေးဇုံ ဖြစ်ထွန်းစေချေသည်။
ဤအခိုက်အတန့်တွင် သူ၏ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်း အရှိန်အဟုန်မှာ ယခင်ကထက် နှစ်ဆကျော်မျှ ပိုမိုမြန်ဆန်လာခဲ့ပြီ ဖြစ်သည်။
“ဒါက တကယ်ပဲ လောကဓာတ်၏ မူလအနှစ်သာရလား” ချင်ယွမ်ဖုန်းသည် ဤတိုတောင်းလှသော အချိန်ကာလအတွင်း ဤမေးခွန်းကို သုံးကြိမ်တိုင်တိုင် မေးမြန်းမိခဲ့သော်လည်း မည်သူကမျှ ပြန်လည်ဖြေကြားခြင်း မရှိပေ။
“ထားလိုက်ပါတော့၊ ငါ ပြန်ရောက်ရင် ကျောင်းအုပ်ကြီးကိုပဲ မေးကြည့်ရမယ်၊ ကျောင်းအုပ်ကြီးဆိုရင် သိလောက်မှာပဲ” ချင်ယွမ်ဖုန်းက ရေရွတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ယခုလောလောဆယ်တွင် ကြာပန်းသည် ဘေးအန္တရာယ်ရှိမည့် အရိပ်အယောင်မျိုး မပြသေးပေ။
သူသည် မြေနက်မြေသို့ အပြေးအလွှား ပြန်လာခဲ့ရာ နှစ်နာရီကျော်မျှ အချိန်ယူခဲ့ရချေသည်။ ယခုအချိန်တွင် မိုးလင်းရန် နီးကပ်နေပြီဖြစ်သဖြင့် ချင်ယွုန်းဖုန်း အနားမယူတော့ဘဲ ချန်ဒါချောင်နှင့် အခြားသူများ နိုးထလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်၏၊
ယင်းတို့ နိုးလာသောအခါ နှုတ်ဆက်စကားဆိုပြီးမှ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစအတွင်းမှ ထွက်ခွာခဲ့တော့သည်။
ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစသည် ယခုအခါ ရှန်းဝူမျှော်စင်၏ အချိန်နိယာမ လျှို့ဝှက်နယ်မြေအတွင်း၌ တည်ရှိနေခြင်း ဖြစ်ပေရာ ချင်ယွမ်ဖုန်း ထွက်လာသည့်အခါ သီးသန့်အခန်းအတွင်းမှ အပြင်သို့ လျှောက်လှမ်းခဲ့ချေသည်။
ဤအခြေအနေတွင် ဆက်လက်ထိုင်၍ ကျင့်ကြံနေခြင်းမှာ ထူးခြားသော တိုးတက်မှု ရှိတော့မည်မဟုတ်သဖြင့် ချင်ယွမ်ဖုန်းသည် ရှန်းဝူအကယ်ဒမီသို့ တိုက်ရိုက် ပြန်လာခဲ့တော့သည်။
ပြင်ပကမ္ဘာတွင်မူ သုံးလကျော်မျှသာ အချိန်ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။ နှစ်သစ်ကူးကာလမှာလည်း ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့၏ အသက်ပန်ဆင်ခြင်း စိန်ခေါ်ပွဲနေ့သို့ ရောက်ရှိရန် တစ်နှစ်တိတိ အချိန်လိုပါသေးသည်။
ချင်ယွမ်ဖုန်းသည် ရှန်းဝူအကယ်ဒမီအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့၏။ ဤအချိန်တွင် ရှန်းဝူအကယ်ဒမီမှ ကျောင်းသားများမှာ အိပ်ရာမှ နိုးထစပြုနေကြပြီဖြစ်ရာ အချို့သော ကျောင်းသားများသည် ချင်ယွမ်ဖုန်းအား လှမ်းမြင်သွားကြသည်။
ယခင်က မသေမျိုးနန်းတော်သို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် မည်သည့်ကျောင်းတော်နှင့် သန့်ရှင်းသော နယ်မြေကမျှ အောင်နိုင်သူ ဖြစ်မလာခဲ့ဘဲ သွားရောက်ခဲ့ကြသော ထူးချွန်ထက်မြက်သည့် ပါရမီရှင် သိုင်းပညာရှင်ပေါင်း သုံးရာကျော်မှာ နန်းတော်အတွင်း၌ သေဆုံးခဲ့ကြရသဖြင့် အထိခိုက်အကျဆုံး ခရီးစဉ်တစ်ခု ဖြစ်ခဲ့ရသည်။
ယင်းက ရှန်းဝူစကြဝဠာ တိုက်ကြီးတစ်ခုလုံးအတွက် ကြီးမားလှသော ဆုံးရှုံးမှုကြီးဖြစ်ပြီး မသေမျိုးနန်းတော်မှ လူလေးယောက်ကို ဘေးကင်းစွာ ခေါ်ဆောင်၍ ထွက်ခွာလာနိုင်ခဲ့သော ချင်ယွမ်ဖုန်းသည်မူ အသက်ရှင်ကျန်ရစ်သူများအနက် အစွမ်းအထက်ဆုံး သိုင်းပညာရှင်အဖြစ် တိတ်တဆိတ် သတ်မှတ်ခြင်း ခံလိုက်ရတော့သည်။
မည်သို့ပင်ဖြစ်စေ မသေမျိုးနန်းတော်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ချင်ယွမ်ဖုန်း၏ အဓိက စွမ်းဆောင်ချက်ကြောင့် ဖြစ်ပေရာ ကျိရှန့်နှင့် အခြားသူများက ထိုအကြောင်းကို ပြန်လည်ပြောပြကြသည့်အခါ ရှန်းဝူအကယ်ဒမီအတွင်း ချင်ယွမ်ဖုန်း၏ ကျော်စောမှု အရှိန်အဝါမှာ ပိုမိုတောက်ပ ထင်ရှားလာခဲ့ရသည်။
ကျောင်းသားများ၏ ချင်ယွမ်ဖုန်းအပေါ် ကြည့်မြင်သော အကြည့်များမှာလည်း ပြောင်းလဲသွားခဲ့ပြီး လေးစားအားကျမှုများ ပိုမိုပြည့်နှက်လာခဲ့ရသည်၊
အထူးသဖြင့် ကျောင်းသူငယ်လေးများ၏ မျက်ဝန်းများတွင် ပိုမိုအတိုင်းသား မြင်တွေ့ရလေတော့သည်။
အခန်း(၅၃၄)
“ဟောဒီမှာ ကြည့်စမ်းပါဦး၊ သူက ချင်ယွမ်ဖုန်း ပါလား”
“အလိုလေး၊ သူက သာလွန်ခန့်ညားလွန်းတယ်”
“အုန်း၊ သူ ငါ့ကို ကြည့်လိုက်တယ်၊ သူ ငါ့ကို စိုက်ကြည့်လိုက်တာ”
ထိုပျိုဖြန်းမိန်းကလေးငယ်တို့၏ တီးတိုးရိုးတိုး မြည်တမ်းသံတို့ကို ကြားရသော် ချင်ယွမ်ဖုန်းသည် မချိပြုံးတစ်ခုကိုသာ ကျိတ်၍ ပြုံးမိပေတော့သည်။
ဤနေရာဌာနသို့ ရောက်ရှိလာကြသူဟူသမျှသည် ပါရမီရှင်တို့အနက်မှ အထူးချွန်ဆုံးသော ပါရမီရှင်များ ဖြစ်ကြသော်လည်း ထိုသူတို့သည်ကား ကလေးသူငယ်များသာ ရှိသေးသည်ဟူသောအချက်ကို ချင်ယွမ်ဖုန်းအနေဖြင့် သတိမမူမိဘဲ အမှတ်တမဲ့ ဖြစ်နေခဲ့ချေသည်။
အချို့သော ကျောင်းသားငယ်တို့သည် အသက်အရွယ် အလွန်နုနယ်လှပြီး ရှစ်နှစ်၊ ကိုးနှစ်အရွယ်မျှသာ ရှိကြသေးပေရာ ယင်းက ထိုသို့ ဖြစ်တန်ရာပေသည်။
“ယွမ်ဖုန်း” ယီနန်သည် အိပ်ရာမှ နိုးရုံမျှသာ ရှိသေးဟန် တူပေသည်။ သူမသည် အိပ်ဆောင်အဆောက်အအုံပြင်ပသို့ လှမ်းလျှောက်လာစဉ်တွင် ချင်ယွမ်ဖုန်းကို မြင်တွေ့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် ယခင်ကထက် ပိုမိုရင့်ကျက် တည်ကြည်သော အသွင်ရှိနေပြီး ကိုယ်ခန္ဓာမှာလည်း များစွာ ပိန်ပါးသွားခဲ့သော်လည်း ရင့်ကျက် တည်ငြိမ်သော အရှိန်အဝါတို့ ကိန်းဝပ်လျက် ရှိချေသည်။
ထိုသို့သော ပြောင်းလဲမှုတို့ကိုကား ယီနန်တစ်ဦးတည်းသာလျှင် ထွင်းဖောက်သိမြင်နိုင်ပေသည်။
ယခင်ကမူ ချင်ယွမ်ဖုန်းကို မြင်တွေ့ရသူဟူသမျှသည် သူ့အား ကလေးသူငယ်တစ်ဦးကဲ့သို့သာ သတ်မှတ်ဆက်ဆံကြသော်လည်း ယခုအခါတွင်မူ ချင်ယွမ်ဖုန်းသည် ကြီးပြင်းရင့်ကျက်လာခဲ့ပြီဖြစ်ရာ ယောက်ျားကောင်းတစ်ဦး၏ အသွင်သဏ္ဌာန် ပိုမိုပေါ်လွင်နေပေပြီ။
“ယီနန်၊ မင်္ဂလာနံနက်ခင်းပါ” ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။
“ဘာလို့ အပြင်ထွက်လာတာလဲ” ယီနန်က လှမ်း၍ မေးမြန်း၏။
ချင်ယွမ်ဖုန်းက ပခုံးကို အသာအယာ တွန့်လိုက်ပြီး “ငါအချိန်လျှို့ဝှက်နယ်ပယ်ထဲမှာ သုံးနှစ်တိုင်တိုင် ကျင့်ကြံ နေထိုင်ခဲ့တယ်လေ၊ ငါရဲ့ ကျင့်စဉ်အဆင့်က ထပ်ပြီး တိုးတက်ဖို့ မရှိတော့ဘူးလို့ ခံစားရတာနဲ့ အပြင်ကို ထွက်လာခဲ့တာပေါ့”
“ဒါဆိုရင် ငါနဲ့အတူ စာသင်ခန်းကို လိုက်ခဲ့ပါလား” ယီနန်က ပြုံးလျက် ဖိတ်ခေါ်လေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ကောင်းပါပြီ၊ ဒါပေမဲ့ ငါတို့ အကယ်ဒမီမှာက စာသင်ခန်းထဲမှာပဲ ပညာသင်ရတာမျိုး မဟုတ်ဘူးမလား၊ အပြင်ထွက်ပြီး လေ့ကျင့်တာမျိုး ကဲ့သို့သော သင်ရိုးညွှန်းတမ်းတွေလည်း ရှိရမှာပေါ့”
ယီနန်သည် ချင်ယွမ်ဖုန်းကို ကြည့်ရှုလျက် မပြုံးဘဲ မနေနိုင်တော့ပေ။ ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် စာသင်ခန်းတွင်း သင်ခန်းစာများသည် သူ့အတွက် ထူးခြားသော တိုးတက်မှုကို မပေးစွမ်းနိုင်တော့ဟု ခံစားနေရသဖြင့် ပြင်ပသို့ ထွက်ခွာ၍ လက်တွေ့စမ်းသပ် လေ့ကျင့်လိုနေကြောင်းကို သူမ ရိပ်မိလိုက်ပေသည်။
“အဲဒါမျိုးတွေကတော့ ရှိတာပေါ့၊ ဒါပေမဲ့ အဲဒီသင်ရိုးတွေက အရမ်းပဲ အန္တရာယ်များလွန်းလှတယ်၊ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်တဲ့ ကျောင်းသားတွေသာ ပါဝင်ခွင့်ရှိတာလေ” ယီနန်က ရှင်းလင်းပြောကြားသည်။
“စမ်းသပ်မှု ခံယူဖို့ လိုသေးတာလား၊ ဘယ်နေရာမှာ စမ်းသပ်မှု ခံယူရမလဲ၊ မြန်မြန်လေး ပြောပြပါဦး” ချင်ယွမ်ဖုန်းက စိတ်အားထက်သန်စွာဖြင့် မေးမြန်းလေသည်။
ချင်ယွမ်ဖုန်း၏ စိတ်မရှည်နိုင်ဟန် အလောတကြီး ဖြစ်နေပုံကို မြင်သော် ယီနန်က ပြုံးလိုက်ပြီး “တကယ်တော့ ဒါက ကျောင်းသားတွေအနေနဲ့ အန္တရာယ်တွေကို ဖြေရှင်းကျော်လွှားနိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်တာပါပဲ၊ ဆရာရှုဝမ်ချန်း က အဲဒါကို တာဝန်ယူထားတာ၊ ဒါပေမဲ့ နင့်အတွက်တော့ စမ်းသပ်မှု ခံယူဖို့ လိုမယ်မထင်ပါဘူး”
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “ဘယ်လိုပဲဖြစ်ဖြစ်ငါ ဆရာရှိ သွားရောက် တွေ့ဆုံပြီး အချို့သောအကြောင်းအရာတွေကို မေးမြန်းရလိမ့်မယ်”
“ဒါဆိုရင် ငါ လိုက်ပို့ပေးမယ်လေ” ယီနန်က ပြုံး၍ ဆိုသည်။
ထိုသူနှစ်ဦးသည် အကယ်ဒမီအတွင်း လျှောက်လှမ်းလာကြရာ ကျောင်းသား အမြောက်အမြားက မနာလိုဝန်တိုစိတ်၊ အားကျစိတ်တို့ဖြင့် စိုက်ကြည့်ကြပေသည်။
ယင်းတို့အထဲတွင် ယီနန်ကို သဘောကျနှစ်သက်ကြသော ကျောင်းသားများသာမက ချင်ယွမ်ဖုန်းကို စွဲလန်းနေကြသည့် ကျောင်းသူငယ်များလည်း ပါဝင်ကြချေသည်။
မကြာမီ ထိုသူနှစ်ဦးသည် စီမံခန့်ခွဲရေးမှူး၏ ရုံးခန်းသို့ ဆိုက်ရောက်လာကြသည်။ ရှုဝမ်ချန်းသည် နံနက်စာကို စောစီးစွာ သုံးဆောင်ပြီးဖြစ်၍ ရုံးခန်းအတွင်း၌ နေရာယူထားပြီး ဖြစ်ပေသည်။
“ဆရာ၊ ကျွန်တော် ကျင့်ကြံခြင်းကနေ ထွက်လာပါပြီ” ချင်ယွမ်ဖုန်းက ရှေ့သို့ လှမ်းတက်ကာ အစီရင်ခံလိုက်၏။
ရှုဝမ်ချန်းသည် မျက်နှာကို မော့၍ ကြည့်လိုက်ရာ ချင်ယွမ်ဖုန်းကို မြင်သော် အတန်ငယ် အံ့အားသင့်သွားရသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်သည် များစွာ တိုးတက်မြှင့်မားလာကြောင်းကို အကဲခတ်မိသဖြင့် စိတ်တွင်းမှ အလွန်ပင် ဝမ်းမြောက်သွားမိပေရာ ထိုသို့သော ခံစားချက်က သဘာဝပင် ဖြစ်ချေသည်။
“မင်းရဲ့ စွမ်းအားတွေက တော်တော်လေး တိုးတက်လာတာပဲ၊ မဆိုးဘူး” ရှုဝမ်ချန်းသည် ချင်ယွမ်ဖုန်းကို ခဲခဲယဉ်းယဉ်းပင် ချီးမွမ်းစကား ဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒါက ဆရာရဲ့ ကောင်းမွန်လှတဲ့ သွန်သင်ဆုံးမမှုတွေကြောင့်ပါ၊ ဒါနဲ့ ကျွန်တော် ဆရာမ ယီနန်ဆီကနေ ကြားခဲ့ရတာတော့ ပြင်ပမှာ လေ့ကျင့်ရမယ့် သင်ရိုးညွှန်းတမ်းတွေ ရှိတယ်ဆို၊ ကျွန်တော် အဲဒီကို သွားလို့ရမလား”
ရှုဝမ်ချန်းသည် ချင်ယွမ်ဖုန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်ရာ ဤနေရာ၌ စာသင်ခန်းတွင်း သင်ခန်းစာများ တက်ရောက်နေခြင်းသည် ချင်ယွမ်ဖုန်းအတွက် အကျိုးထူး ရှိတော့မည်မဟုတ်ကြောင်း ကောင်းစွာ နားလည်သဖြင့် ခေါင်းညိတ်လိုက်လေသည်။
အမှန်စင်စစ်အားဖြင့် ဘိုးဘေးနယ်ပယ် သို့ အဆင့်တက်လှမ်းနိုင်ပြီ ဖြစ်ပါက အကယ်ဒမီ၏ သာမန်သင်ရိုးညွှန်းတမ်းများကို ယေဘုယျအားဖြင့် ကျော်လွန်နိုင်ပြီဖြစ်ပြီး ထိုသာမန်သင်ရိုးများအလွန်တွင် အခြားသော အဆင့်မြင့် သင်ရိုးညွှန်းတမ်းများစွာ ရှိနေသေးပေသည်။
ဥပမာအားဖြင့် ပြင်ပ လက်တွေ့စမ်းသပ်မှုများသည် ထိုသို့သော သင်ရိုးအမျိုးအစားတွင် ပါဝင်ချေသည်။
“ယခုလောလောဆယ်မှာ ‘သိုင်းပညာရှင် ရှင်သန်ခြင်း လေ့ကျင့်မှု’ တစ်ခု ရှိနေတယ်၊ အဲဒါက မင်းအတွက် အရမ်းပဲ သင့်တော်တယ်” ဟု ရှုဝမ်ချန်းက ဆိုသည်။
“အရမ်းကောင်းတာပဲ၊ အဲဒီနေရာက ဘယ်မှာလဲ ” ချင်ယွမ်ဖုန်းက အလျင်စလို မေးမြန်းလိုက်သည်။
“လောကကြီးရဲ့ အခြေအနေကို အလောမကြီးစမ်းပါနဲ့၊ ‘သိုင်းပညာရှင် ရှင်သန်ခြင်း လေ့ကျင့်မှု’ ဆိုတာ မင်းထင်သလို ရိုးရှင်းလှတာ မဟုတ်ဘူး၊ ပြီးတော့ မင်းတစ်ယောက်တည်း သွားရမှာ မဟုတ်ဘဲ အခြားကျောင်းသားတွေလည်း အတူတူ သွားကြမှာ ဖြစ်တယ်” ဟု ရှုဝမ်ချန်းက တည်ငြိမ်စွာ ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ကျွန်တော် အကယ်ဒမီရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း လိုက်နာပါ့မယ်”
“ကောင်းပြီ၊ ဒါဆိုရင် ငါ အကျဉ်းချုပ်ပြီး ပြောပြမယ်၊ အကယ်ဒမီရဲ့ မြောက်ဘက် ကီလိုမီတာ သုံးသောင်းခန့် အကွာအဝေးမှာ ပင်လယ်ကျွန်း တစ်ကျွန်း ရှိတယ်၊ ရှေးဟောင်းဒဏ္ဍာရီတွေအရ အဲဒီကျွန်းက ရှန်းဝူ စကြဝဠာ တိုက်ကြီး ကနေ ကွဲထွက်သွားတဲ့ မြေထုအစိတ်အပိုင်းကြီးတစ်ခု ဖြစ်တယ်လို့ ဆိုကြတယ်”
ချင်ယွမ်ဖုန်းသည် စကားကို ကြားသော် ခေါင်းညိတ်မိလေသည်။ ဤသည်မှာ သူ ကမ္ဘာမြေပေါ်တွင် ရှိစဉ်က သင်ကြားခဲ့ရဖူးသော တိုက်ကြီးများ ရွေ့လျားမှု နိယာမ ကဲ့သို့ ဖြစ်မနေပေဘူးလား၊ သမုဒ္ဒရာအတွင်းရှိ ထိုပင်လယ်ကျွန်းများသည်လည်း မူလမြေထုတိုက်ကြီးမှ ကွဲထွက်သွားကြခြင်းသာ ဖြစ်ချေသည်။
သို့သော်လည်း မြောက်ဘက်စွန်းဒေသသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ အမြောက်ဘက်ဆုံး အပိုင်းမဟုတ်သေးချေ၊
ယခု ရှုဝမ်ချန်း ပြောပြနေသော နေရာဌာနသည်ပင်လျှင် မြောက်ဘက်အစွန်းဆုံး မဟုတ်သေးပေရာ ရှန်းဝူ စကြဝဠာ တိုက်ကြီးသည် ချင်ယွမ်ဖုန်း စိတ်ကူးယုံကြည်ထားသည်ထက်ပင် များစွာ ပိုမိုကျယ်ပြောလှချေသည်။
“ရှေးယခင်က ထိုပင်လယ်ကျွန်းဆီကို ဘယ်သူမှ မရောက်ဖူးကြသေးဘူး၊ လွန်ခဲ့တဲ့ အချိန်အတော်ကြာက အဲဒီကျွန်းကို စတင်တွေ့ရှိခဲ့စဉ်တုန်းက အဲဒီမှာ မှီတင်းနေထိုင်ကြတဲ့ မိစ္ဆာသားရဲ တွေဟာ ပုံမှန်ထက်ထက်ထက် ပိုပြီး အစွမ်းထက်ကြတာကို တွေ့ရတယ်၊ အားအနည်းဆုံး သားရဲတွေတောင်မှ မြင့်မားသော သားရဲအဆင့် မှာ ရှိကြပြီး နတ်သားရဲ တွေကိုလည်း အလွယ်တကူ မြင်တွေ့နိုင်တယ်၊ အဲဒီအပြင် သန့်ရှင်းသော သားရဲ တွေတောင် ရှိနေနိုင်ချေရှိတယ်” ဟု ရှုဝမ်ချန်းက အလေးအနက် သတိပေးစကား ဆိုလိုက်သည်။
“ထိုသို့သော အကြောင်းရင်းတွေကြောင့်ပဲ ငါတို့အားလုံးက အဲဒီနေရာကို ‘သားရဲခြေဆန့်ကျွန်း’ လို့ ခေါ်ဝေါ်ကြတာပေါ့”
ချင်ယွမ်ဖုန်းသည် လွန်စွာ အံ့အားသင့်သွားရပြီးနောက် စိတ်တွင်းမှ အတိုင်းထက်အလွန် ဝမ်းမြောက်မိပေတော့သည်။ ထိုသို့ဆိုလျှင် ဤနေရာသည် သူ ရှာဖွေနေသော လက်တွေ့လေ့ကျင့်ကွင်း အစစ်အမှန် မဟုတ်လော။
သန့်ရှင်းသော သားရဲဟူသည်ကား လူသားတို့၏ ဘုရင်နယ်ပယ် သိုင်းပညာရှင် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အစွမ်းထက်လှသည့် တည်ရှိမှုများ ဖြစ်ကြချေသည်။
ကြားသိရသမျှအရ နတ်သားရဲများသည် အသိဉာဏ်ပညာကိုပင် ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ ထိုနတ်သားရဲများသည် ၎င်းတို့၏ ရုပ်သွင်ကိုပင် ပြောင်းလဲနိုင်ပြီး လူသားအသွင်သို့ ဖန်တီးကာ လူသားဘာသာစကားဖြင့် စကားပြောဆိုနိုင်ကြပေရာ ယင်းက ဆန်းပြားလှချေသည်။
“အရမ်း ကောင်းတယ်၊ ကျွန်တော် သွားချင်ပါတယ် ” ချင်ယွမ်ဖုန်းက တောင်းဆိုလိုက်သည်။
ရှုဝမ်ချန်းက ခေါင်းညိတ်ပြလျက် “ဒီလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က မင်းတို့ကို အန္တရာယ်တွေ အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အဲဒီကျွန်းပေါ်မှာ ဘေးကင်းစွာ ရှင်သန်နိုင်ဖို့ သင်ကြားပေးတာပဲ၊ မင်းအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို သတိလက်လွတ် မဖြစ်စေနဲ့”
“စိတ်ချပါ ဆရာ” ချင်ယွမ်ဖုန်းက မိမိ၏ ရင်ဘတ်ကို လက်ဖြင့် ပုတ်ကာ ရဲရဲဝံ့ဝံ့ ကတိပြုလိုက်သည်။
“မင်းအပေါ်မှာတော့ ငါ ယုံကြည်မှု ပိုရှိပါတယ်၊ မင်းအနေနဲ့ အလွန်အမင်း အစွမ်းထက်တဲ့ အရာတွေကို သွားပြီး မဆွဆွသရွေ့တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး” ရှုဝမ်ချန်းက ခေါင်းညိတ်လျက် ဆက်လက်၍ “ဒါပေမဲ့ မင်းအနေနဲ့ အခြားကျောင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးရမယ်၊ အဲဒီနေရာမှာ မင်းတို့အားလုံးက တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဓားစာခံ ဖော်ရွေသူတွေ ဖြစ်ကြတဲ့အတွက် အချင်းချင်း ရိုင်းပင်းကူညီကြရမယ်”
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ဤရှင်သန်ခြင်း လေ့ကျင့်မှုသည် ကျောင်းသားများ၏ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ပျိုးထောင်ပေးရန်လည်း ရည်ရွယ်ဟန် တူပေသည်။
“ကောင်းပြီ၊ ဒါဆိုရင် သွားပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ချေတော့၊ နောက်နှစ်ရက်အတွင်းမှာ မင်းတို့ ထွက်ခွာကြရလိမ့်မယ်” ဟု ရှုဝမ်ချန်းက ဆိုသည်။
“နားလည်ပါပြီ ” ချင်ယွမ်ဖုန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
စီမံခန့်ခွဲရေးမှူး၏ ရုံးခန်းမှ ထွက်ခွာလာပြီးနောက် ယီနန်သည် စာသင်ခန်းသို့ သွားရောက်ခဲ့ပြီး ချင်ယွမ်ဖုန်းကမူ ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ ခြေဦးလှည့်ခဲ့ပေသည်။
ကျောင်းအုပ်ကြီး သည် ထိုနေရာ၌ ထိုင်နေသော်လည်း အလွန်ပင် မောပန်းနွမ်းနယ်နေဟန် တူပေသည်။
သူ၏ မျက်ဝန်းအစုံသည် မှိတ်လျက်ရှိပြီး ခေါင်းမှာလည်း တဖြည်းဖြည်းနှင့် ငိုက်စိုက်ကျနေသည်မှာ ချင်ယွမ်ဖုန်း ကမ္ဘာမြေပေါ်တွင် ရှိစဉ်က စာသင်ခန်းထဲ၌ ငိုက်မျဉ်းခဲ့ဖူးပုံနှင့် အလွန်ပင် ဆင်တူလှချေသည်။
“ကျောင်းအုပ်ကြီး” ချင်ယွမ်ဖုန်းက လှမ်း၍ ခေါ်လိုက်၏။
ကျောင်းအုပ်ကြီးသည် ထိတ်လန့်တကြားဖြင့် ချက်ချင်း နိုးလာခဲ့သည်။ ချင်ယွမ်ဖုန်း ဖြစ်နေသည်ကို မြင်သော်မှ သန်းဝေလိုက်ပေတော့သည်။
“အို၊ ယွမ်ဖုန်း ပါလား၊ မင်း ကျင့်ကြံခြင်းကနေ ထွက်လာပြီလား” ကျောင်းအုပ်ကြီးက မထူးခြားသကဲ့သို့ ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ် ကျောင်းအုပ်ကြီး၊ ပြီးတော့ လည်း ကျွန်တော့်ကို သားရဲခြေဆန့်ကျွန်းဆီ သွားပြီး ရှင်သန်ခြင်း လေ့ကျင့်မှု ခံယူဖို့ သဘောတူခွင့်ပြုလိုက်ပါပြီ”
“အော်၊” ကျောင်းအုပ်ကြီးက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး “ဒါနဲ့ ယွမ်ဖုန်း၊ မင်းကို ငါ အကူအညီတစ်ခု တောင်းချင်တာ ရှိတယ်”
“ဘာကိစ္စများလဲ ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
“ဒီလိုပါ၊ မကြာသေးမီက တိုက်ကြီးရဲ့ နေရာအနှံ့အပြားမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်နေတယ်၊ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ တွေ အမြောက်အမြား ပေါက်ကွဲထွက်ပေါ်လာပြီးမှ ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားတယ်လို့ သတင်းတွေ ကြားရတယ်” ကျောင်းအုပ်ကြီးက လေးနက်စွာ ဆို၏။
ချင်ယွမ်ဖုန်းသည် တုန်လှုပ်သွားရပြီး မျက်ဝန်းအစုံ ပြူးကျယ်သွားကာ “အဲဒါ တစ်ပါးကျွန်းသား မိစ္ဆာများ ပဲ ဖြစ်ရမယ်”
ကျောင်းအုပ်ကြီးက ခေါင်းညိတ်လျက် “ငါလည်း အဲဒါက တစ်ပါးကျွန်းသား မိစ္ဆာများ ဖြစ်နေမှာကို စိုးရိမ်မိတယ်၊ မကြာသေးမီက အဲဒီမိစ္ဆာတွေ အများကြီး ပေါ်ထွက်လာတာဟာ သူတို့ရဲ့ ရှေးဟောင်းတံဆိပ်တော် အစီအရင်တွေ ပျက်စီးကုန်လို့ လွတ်မြောက်လာကြတာ ဖြစ်နိုင်တယ်၊ အဲဒါအပြင် အခြားသော အင်အားစုတစ်ခုခုက အဲဒီလို တံဆိပ်ခတ်နှိပ်ထားတဲ့ နေရာတွေကို တမင်လိုက်လံရှာဖွေပြီး ဖျက်ဆီးနေမှာကိုလည်း ငါ အရမ်းပဲ စိုးရိမ်မိတယ်”