← Chapters

အခန်း ၁၂၁၂

Vol. 105 Ch. 1212

အခန်း ၁၂၁၂

Vol. 105 Ch. 1212

အခန်း ၁၂၁၂

“ဂျစ်...ဂျစ်...ဂျစ်...”

ရွှမ်းယွမ်ဓားနှင့် အရိုးနဂါး၏ အရိုးစုတို့အကြား ပြင်းထန်သော ပွတ်တိုက်သံတစ်ခု စူးရှစွာ ထွက်ပေါ်လာခဲ့သည်။

“အောင်မြင်ပြီ။”

ရှောင်းယီက စိတ်ထဲမှ တွေးလိုက်သည်။

ရှောင်းယီသည် အရိုးနဂါး ဦးခေါင်းခွံ၏ အလယ်ဗဟိုရှိ အက်ကြောင်းကို သေချာဦးတည်၍ ထိုးစိုက်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာသို့ ဓားသွားဝင်သွားရုံဖြင့် ၎င်း၏ ဝိညာဉ်မီးလျှံကို သေချာပေါက် ထိုးဖောက်ဖျက်ဆီးနိုင်မည် ဖြစ်သည်။

အရိုးနဂါးသည် ရွှမ်းယွမ်ဓားက မိမိ၏ ဦးခေါင်းခွံထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ဝိညာဉ်မီးလျှံကို ခြိမ်းခြောက်လာနေသည်ကို ခံစားမိသည်နှင့် ချက်ချင်းပင် ရူးသွပ်စွာ စတင်ရုန်းကန်တော့လေသည်။

အဆင့်မြင့် မသေမျိုးမျိုးနွယ် သတ္တဝါတစ်ကောင်အနေဖြင့် အရိုးနဂါးသည် ယခုကဲ့သို့ ကမ္ဘာမြေပေါ်တွင် အလွယ်တကူ မသေဆုံးချင်ပေ။

“ဖျစ်...”

အရိုးနဂါးသည် ၎င်း၏နဂါးလက်သည်းများသည် ၎င်းကို ရစ်ပတ်ထားသော ချင်းလုံ၏ အရေပြားကို ဆုတ်ဖြဲပစ်လိုက်၏။ ချင်းလုံမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ ဒဏ်ရာဗရပွ ဖြစ်သွားရတော့သည်။

ချင်လုံသည် နာကျင်စွာ အော်ဟစ်လိုက်ရသော်လည်း အရိုးနဂါးကို ပို၍ပင် တင်းကျပ်စွာ ပြန်လည်ဖက်တွယ်ထားလိုက်၏။

ရွှမ်းယွမ်ဓားသည် အရိုးနဂါး၏ ဦးခေါင်းခွံထဲသို့ တစ်ဝက်တစ်ပျက် မြုပ်ဝင်နေပြီဖြစ်ရာ ရှောင်းယီသည် ဓားရိုးကို လက်တစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ပြီး အခြားလက်တစ်ဖက်ကို လက်သီးဆုပ်ကာ အတွင်းသို့ ရှိသမျှခွန်အားအကုန်သုံး၍ ရိုက်ချလိုက်တော့သည်။

“ဘုန်း၊ ဘုန်း၊ ဘုန်း...”

ရွှမ်းယွမ်ဓားသည် အရိုးနဂါး၏ ဝိညာဉ်မီးလျှံဆီသို့ တစ်လက်မချင်းစီ ပိုမိုနီးကပ်စွာ တိုးဝင်သွားနေ၏။

ယခုအခါတွင်မူ အရိုးနဂါးမှာ စတင်ထိတ်လန့်တုန်လှုပ်လာတော့သည်။ ၎င်းသည် ရှောင်းယီနှင့် ချင်းလုံတို့ကို ဆက်လက်ရုန်းကန်ခြင်းမပြုတော့ဘဲ ထိုလူနှင့် နဂါးနှစ်ကောင်စလုံးကို ဆွဲခေါ်ကာ ဟင်းလင်းပြင်အက်ကြောင်းရှိရာဆီသို့ အတင်းအဓမ္မ တိုးဝင်ပြေးလွှားတော့သည်။

“ကျွန်းပိုင်ရှင်... သတိထား။ သူ နောက်ပြန်လှည့်ပြေးဖို့ လုပ်နေပြီ။”

ကျားကျန့်က အလောတကြီး အော်ဟစ်လိုက်၏။

ချင်းလုံသည် အရိုးနဂါး၏ ခန္ဓာကိုယ်နှင့် ရစ်ပတ်ချုပ်နှောင်ထားသဖြင့် ကျားကျန့်နှင့် ဟူကျဲတို့မှာ ချင်းလုံကို ထိခိုက်မိမည်စိုး၍ ဘာမှမလုပ်ရဲကြဘဲ ဘေးမှနေ၍သာ အခွင့်အရေးကို ရင်တမမဖြင့် စောင့်ကြည့်နေရသည်။

ဧရာမဘီလူးကြီးများ၏ အသံမှာ ပင်ကိုယ်ကပင် ကျယ်လောင်လှပြီး အခုကဲ့သို့ အရေးကြီးသောအခြေအနေတွင်မူ သူ၏အသံမှာ ပို၍ပင် ဟိန်းထွက်သွားခဲ့သည်။

ရွှမ်းယွမ်ဓားကို အောက်သို့စိုက်ဝင်အောင် အာရုံစိုက်ထုရိုက်နေသော ရှောင်းယီသည် ကျားကျန့်၏ သတိပေးသံကို ကြားလိုက်ရပြီးနောက် သူတို့သည် ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်မိနေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားတော့သည်။

“ကျားကျန့်၊ ဟူကျဲ... ခဏနေရင် ခင်ဗျားတို့နှစ်ယောက်လုံး ကျုပ် သူ့ဦးခေါင်းခွံထဲမှာ စိုက်ထားတဲ့ ရွှမ်းယွမ်ဓားကို အားကုန်သုံးပြီး ရိုက်ချလိုက် ကြားလား။”

ရှောင်းယီက တည်ကြည်လေးနက်သော အသံဖြင့် အော်ပြောလိုက်၏။

“ချင်းလုံအတွက် စိုးရိမ်မနေနဲ့။”

“ဟုတ်ကဲ့။”

ထိုနှစ်ဦးစလုံးက ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်ပြီးနောက် သူတို့လက်ထဲမှ သတ္တုတုတ်ကြီးများကို တင်းကျပ်စွာဆုပ်ကိုင်ကာ အရိုးနဂါး၏ ရှေ့မှ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

“မင်း ခဏနေရင် အရိုးနဂါးကို လွှတ်လိုက်တော့။ တကယ်လို့ လုံးဝလွှတ်ရခက်နေရင်တောင် သူ့ရဲ့ ဦးခေါင်းခွံနဲ့ ဝေးရာမှာနေ။”

ရှောင်းယီက ချင်းလုံကို စိတ်အာရုံဖြင့် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

အရိုးနဂါးက ပို၍ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ရှောင်းယီသည် အခွင့်အရေးကို အရယူကာ ရွှမ်းယွမ်ဓား၏ ဓားရိုးပေါ်သို့ ခြေစုံပစ်နင်းလိုက်ပြီး ငှက်ကြီးတစ်ကောင်ကဲ့သို့ ဘေးဘက်သို့ လွှားခနဲ ခုန်ထွက်လိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် လှမ်းအော်လိုက်သည်။

“ရိုက်ချလိုက်တော့။”

ဟူကျဲ၏ လက်ထဲမှ သတ္တုတုတ်ကြီးသည် အရိုးနဂါး၏ ဦးခေါင်းဆီသို့ ချက်ချင်း ဝှေ့ယမ်းသွားခဲ့၏။

အရိုးနဂါးလည်း မိမိအနေဖြင့် ထိုရိုက်ချက်ကို အထိမခံနိုင်မှန်း သေချာပေါက် သိရှိထားပြီး ၎င်း၏ဦးခေါင်းကို ဘယ်ဘက်သို့ တိမ်းစောင်းလိုက်သည်။

ဟူကျဲ၏ သတ္တုတုတ်သည် အရိုးနဂါး၏ ဦးခေါင်း ညာဘက်အခြမ်းကို ထိမှန်သွားခဲ့သည်။

“ဘမ်း...”

အလွန်ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ သို့သော် ရွှမ်းယွမ်ဓားကိုမူ မထိမှန်ခဲ့ချေ။

အရိုးနဂါးသည် ဝမ်းသာရုံပင် ရှိသေးသော်လည်း လေပြင်းတစ်ချက်က ထပ်မံ၍ တိုးဝှေ့တိုက်ခတ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ လုံးဝ ရှောင်တိမ်းရန် နည်းလမ်းမရှိတော့ပေ။

အရိုးနဂါးသည် မိမိ၏ဦးခေါင်းကို ကာကွယ်ရန် ခန္ဓာကိုယ်ကို ချက်ချင်း လိပ်ကွေးလိုက်ရန် ပြင်ဆင်လိုက်သော်လည်း နောက်တစ်ခဏ၌မူ ချင်းလုံက ၎င်းကို တင်းကျပ်စွာ ရစ်ပတ်ထားဆဲဖြစ်ကြောင်း စိတ်ပျက်လက်ပျက်ဖြင့် သိရှိသွားခဲ့ရတော့သည်။

အရိုးနဂါး၏ အင်အားမှာ ချင်းလုံထက် ပိုမိုကြီးမားသော်လည်း ချင်းလုံ၏ ရုန်းကန်ခုခံမှုကိုပါ ရင်ဆိုင်နေရဆဲဖြစ်သဖြင့် ၎င်း၏ခန္ဓာကိုယ်ကို လိပ်ကွေးလိုက်သည့် အရှိန်မှာ အလွန်အမင်း နှေးကွေးလွန်းနေခဲ့သည်။

“ဒေါင်...”

ကျားကျန့်၏ သတ္တုတုတ်မှာ ရွှမ်းယွမ်ဓား၏ ဓားရိုးပေါ်သို့ တိကျစွာ ကျရောက်သွားခဲ့တော့သည်။

ရှေ့သို့ ဆက်တိုးရန် ခက်ခဲနေခဲ့သော ရွှမ်းယွမ်ဓားသည် ချက်ချင်းပင် ဓားရိုးမြုပ်သည်အထိ အောက်သို့ စိုက်ဝင်သွားတော့သည်။

ထို့ပြင် ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားနေခဲ့သော အရိုးနဂါးကြီးမှာလည်း လေဖြတ်ခြင်းမန္တန် အထိမှန်ခံလိုက်ရသကဲ့သို့ ၎င်း၏ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားခဲ့တော့သည်။

နောက်တစ်ခဏတွင် အရိုးနဂါးကြီးသည် ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲပြိုကျသွားတော့လေသည်။

“ကောင်းလိုက်တာ...။ ကျွန်းပိုင်ရှင်နဲ့ ဘီလူးကြီးတွေ ပူးပေါင်းပြီး အရိုးနဂါးကြီးကို အောင်အောင်မြင်မြင် နှိမ်နင်းလိုက်နိုင်ပြီကွ။”

လူတိုင်းက ဝမ်းသာအားရ ကြွေးကြော်လိုက်ကြ၏။

စောစောက အခိုက်အတန့်တွင် ရှောင်းယီနှင့် ချင်းလုံတို့ နှစ်ကောင်စလုံး ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဆွဲသွင်းခံရတော့မည်ဟု သူတို့ အမှန်တကယ် ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုကဲ့သို့ အလှည့်အပြောင်းတစ်ခု ဖြစ်သွားပြီး သူတို့၏ ပူးပေါင်းအင်အားကြောင့် အရိုးနဂါးကြီး အမှန်တကယ် အသတ်ခံလိုက်ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

ဟူကျဲ၏ ရိုက်ချက် လွဲချော်သွားခဲ့စဉ်က လူတိုင်းနီးပါး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသော်လည်း ကျားကျန့်က တိုက်ရိုက်ထိမှန်အောင် နောက်ဆက်တွဲ ရိုက်ချနိုင်ခဲ့သဖြင့် နောက်ဆုံးတွင်တော့ အရိုးနဂါးကို အပြတ်ရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။

“လက်ရာမြောက််တယ်ကွ...”

ကျားကျန့်က ဟူကျဲကို ကြည့်ပြီး ပြောလိုက်သည်။

“ကျုပ် လက်ရာမြောက်မှန်း ကျုပ်လည်း သိတာပေါ့။ ကျုပ်တို့ ပြန်ရောက်တဲ့အခါ ကျုပ်ကို အဆင့်မြင့်အစားအစာတွေ ပိုကျွေးဖို့ပဲ လိုတယ် ဒါပဲ...။”

ဟူကျဲက အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်၏။

စောစောက ရိုက်ချက်သည် အဓိကအားဖြင့် အရိုးနဂါး၏ ဦးခေါင်းကို ဘယ်ဘက်သို့ ယိမ်းစောင်းသွားစေရန် အတင်းအဓမ္မ ဖိအားပေးခဲ့ခြင်းဖြစ်ပြီး ကျားကျန့်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

ရှောင်းယီသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အရှိန်မသတ်နိုင်ခင် မြေပြင်ပေါ်၌ အကြိမ်အနည်းငယ် လိမ့်သွားခဲ့ရသည်။ သူ မတ်တပ်ရပ်လိုက်ပြီးနောက် ဟူကျဲ၏ စကားကို ကြားလိုက်ရပြီး ပြုံးကာ ပြောလိုက်သည်။

“စိတ်ချထားလိုက်စမ်းပါ...။ ဘယ်လိုအဆင့်ရှိတဲ့ အစားအစာပဲဖြစ်ဖြစ် မင်းတို့ ဗိုက်ပြည့်အောင် စားနိုင်စေရမယ်။”

“ကျွန်းပိုင်ရှင်... ဒါ ခင်ဗျားကိုယ်တိုင် ပြောတာနော်။ စကားဖျက်လို့ မရဘူး။”

ဟူကျဲက ချက်ချင်းပင် အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်သည်။

“ငါက ဘယ်တုန်းက စကားဖျက်ဖူးလို့လဲ။”

ရှောင်းယီက ပြန်မေးလိုက်၏။

“ဒါလည်း ဟုတ်တာပဲ။ နောက်ဆုံးတော့ ကျုပ် ဗိုက်ဝအောင် စားရတော့မယ်။”

ဟူကျဲက နှုတ်ခမ်းသပ်ရင်း ပြောလိုက်သည်။

ရှောင်းယီသည် အရိုးနဂါးရှိရာသို့ လျှောက်သွားပြီး ရွှမ်းယွမ်ဓားကို ဆုပ်ကိုင်ကာ အပြင်သို့ ဆွဲထုတ်ရန် ဟန်ပြင်လိုက်၏။

“အင့်...။”

ရှောင်းယီသည် နဂါးခေါင်းတစ်ခုလုံးကိုပင် အပေါ်သို့ ကြွတက်လာအောင် မလိုက်နိုင်သော်လည်း ရွှမ်းယွမ်ဓားကိုမူ အပြင်သို့ ဆွဲမထုတ်နိုင်ခဲ့ချေ။

“ခေါင်းဆောင်ကျား...ဒီ့အတွက် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။”

ရှောင်းယီက မတတ်နိုင်သည့်အဆုံး အကူအညီ လှမ်းတောင်းလိုက်ရတော့သည်။

“ငါ့အတွက်ထားလိုက်...။”

ကျားကျန့်သည် ရှေ့တက်ပြီး အရိုးနဂါး၏ ဦးခေါင်းကို ခြေထောက်တစ်ဖက်ဖြင့် နင်းကာ ရွှမ်းယွမ်ဓားကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်သည်။

“ထွက်လာစမ်း....။”

ကျားကျန့်က လေးနက်သောအသံဖြင့် အော်ဟစ်ရင်း အားကုန်ဆွဲထုတ်လိုက်၏။

“ရွှပ်....”

ရွှမ်းယွမ်ဓားနှင့် အရိုးနဂါး၏ ဦးခေါင်းခွံတို့အကြား ပွတ်တိုက်မှုကြောင့် စူးစူးရှရှ အသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ကျုပ် လာကူမယ်။”

ဟူကျဲက လျှောက်လာပြီး ကျားကျန့်၏ လက်မောင်းကို လှမ်းဆွဲကာ တစ်ပြိုင်နက်တည်း အားစိုက်ထုတ်လိုက်သည်။

“ဖျစ်...”

နောက်ဆုံးတွင်တော့ ရွှမ်းယွမ်ဓားသည် အရိုးနဂါး၏ ဦးခေါင်းခွံထဲမှ ကျွတ်ထွက်လာခဲ့ပြီး ကျားကျန့်နှင့် ဟူကျဲတို့ နှစ်ဦးစလုံးမှာ နောက်သို့ ခြေနှစ်လှမ်းခန့် ယိမ်းထိုးဆုတ်ခွာသွားပြီးမှ ကိုယ်ဟန်ကို ပြန်ထိန်းလိုက်နိုင်ကြသည်။

“အထဲမှာ တော်တော်လေး တင်းကျပ်နေတာပဲ။”

ကျားကျန့်က အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်ပြီး ရွှမ်းယွမ်ဓားကို ရှောင်းယီထံသို့ ပြန်လည်ပေးအပ်လိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြီး ဓားကို လှမ်းယူလိုက်သည်။

အရိုးနဂါးကြီး ပြန်လည်ရှင်သန်မလာစေရန်အတွက် ရှောင်းယီသည် ဦးခေါင်းအနီးသို့ လျှောက်သွားပြီး အရိုးနဂါး၏ ဦးခေါင်းခွံထဲမှ ဝိညာဉ်မီးလျှံကို ရွှမ်းယွမ်ဓားဖြင့် ကော်ထုတ်လိုက်သည်။

အက်ကြောင်းအကြီးကြီးတစ်ခု အခွဲခံထားရသော ဝိညာဉ်မီးလျှံကို ကြည့်ရင်း ရှောင်ယီက တိုးတိုးရေရွတ်လိုက်သည်။

“ဒါက အရင်တုန်းက ရှာဖွေတွေ့ရှိခဲ့တဲ့ ဝိညာဉ်သလင်းကျောက်နဲ့ အမျိုးအစားတူသလိုပဲ။ ဒါပေမဲ့ ဒီတစ်ခုက ပိုကြီးတယ်။”

ထိုသို့ တွေးတောရင်း သူသည် ဝိညာဉ်သလင်းကျောက်ကို သိမ်းဆည်းလိုက်သည်။

တစ်ဖက်တွင်မူ ချင်းလုံသည်လည်း မြေပြင်ပေါ်တွင် လုံးဝ လဲလျောင်းနေခဲ့ပြီ ဖြစ်သည်။ တကယ်၍ ၎င်း၏ ဝမ်းဗိုက်ပိုင်း နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်ကိုသာ မမြင်ရပါက ၎င်း သေဆုံးသွားပြီဟုပင် လူတိုင်း ထင်မှတ်မိကြပေလိမ့်မည်။

“နာ့နာကို ဒီဘက်အမြန်လွှတ်ပြီး ချင်းလုံကို အခုချက်ချင်း ကုသခိုင်းလိုက်စမ်း။”

ရှောင်းယီက ရှေ့တက်သွားပြီး နေရာအနှံ့အပြားတွင် သွေးချင်းချင်းနီကာ ဒဏ်ရာဗရပွ ဖြစ်နေသော ချင်းလုံကို ကြည့်ရင်း အလောတကြီး ပြောလိုက်သည်။

“ဟုတ်ကဲ့။”

အနီးနားရှိ စစ်သားတစ်ဦးက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ချက်ချင်း အပြေးပြန်သွားပြီး နာနိုဆေးဘက်ဆိုင်ရာ ဉာဏ်ရည်မြင့်စက်ရုပ်ကို ခေါ်ယူလိုက်သည်။

နာ့နာ ရောက်ရှိလာပြီးနောက် ချင်းလုံ၏ ဒဏ်ရာများကို ချက်ချင်းပင် စတင်ကုသပေးလိုက်သည်။ ကုသမှုပြီးဆုံးသွားသောအခါ နာ့နာက ပြောလိုက်၏။

“ဒီတစ်ကြိမ်ရတဲ့ ဒဏ်ရာတွေက အးနည်းနည်း ပြင်းထန်တယ်။ အဲ့ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိတော့ အနားယူဖို့ လိုလိမ့်မယ်။”

“အင်း... ပင်ပန်းသွားပြီ။ တခြားဒဏ်ရာရထားတဲ့သူတွေ ရှိ၊ မရှိကိုလည်း သွားပြီး စစ်ဆေးပေးလိုက်ဦး။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ဤအခိုက်အတန့်တွင် အပြင်ဘက်ရှိ မသေမျိုးမျိုးနွယ်များသည် ဟင်းလင်းပြင်အက်ကွဲကြောင်း ရှိရာနေရာဆီသို့ အတင်းအဓမ္မ စတင်တိုးဝင်လာနေကြပြီ ဖြစ်သည်။

မဟာအကြီးအကဲ ကိုးဦးစလုံး အသတ်ခံလိုက်ရသော်လည်း အဆင့်နိမ့် ဝတ်ရုံနက် ဗိုလ်မှူးအချို့ ကျန်ရှိနေသေးသည်။ သူတို့သည်လည်စ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ထိန်းချုပ်ထားနိုင်မှသာ အဓိပ္ပာယ်ရှိမည်ဖြစ်ကြောင်း သိထားကြ၏။ သို့မဟုတ်ပါက ရှေ့တန်းစစ်မျက်နှာတွင် သူတို့ မည်မျှပင် အသာစီးရနေပါစေ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ကျန်းရွှဲ့သည် ဟင်းလင်းပြင်အက်ကွဲကြောင်း ပတ်ပတ်လည်တွင် ကာကွယ်ရေးစစ်ကြောင်းတစ်ခုကို ပြင်ဆင်ပြီးဖြစ်ကာ ရှေ့တန်းတွင်လည်း အပြင်းစား လက်နက်ကြီးအမြောက်အမြားကို နေရာချထားပြီးဖြစ်သည်။

မျိုးနွယ်ခြား။အများအပြား၏ ဝိုင်းဝန်းကူညီမှု၊ ထို့အပြင် လေထုသန့်စင်မှု မျှခြေထိန်းညှိစက်၏ အာနိသင်တို့ကြောင့် ဤနေရာသည် ဖောက်ထွက်ရန် မဖြစ်နိုင်လောက်အောင် ခိုင်မာတောင့်တင်းနေခဲ့ပြီ ဖြစ်သည်။

All Chapters