← Chapters

အခန်း ၁၂၁၅

Vol. 105 Ch. 1215

အခန်း ၁၂၁၅

Vol. 105 Ch. 1215

အခန်း ၁၂၁၅

ရှောင်းယီ၏ စိတ်နှလုံးထဲတွင် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအချိန်တွင် သူ့ကို မည်သူမျှ အဖြေပေးနိုင်ခြင်း မရှိပေ။

သူနှင့် အနီးကပ်ဆုံးရှိနေခဲ့သော ကျန်းယွင်ထျန်းပင်လျှင် ထိုပုဂ္ဂိုလ် စောစောက ဘာပြောသွားသည်ဆိုသည်ကို မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

“ကျွန်းပိုင်ရှင်... ဘာတွေဖြစ်နေတာလဲ။”

ကျန်းယွင်ထျန်းက ရှောင်းယီကို ဝေခွဲမရစွာ ကြည့်ရင်း မေးလိုက်သည်။

“စောစောက တစ်ယောက်ယောက် စကားပြောလိုက်တာလား။”

“အင်း... မင်းရဲ့ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို သူက ဖျောက်ပစ်လိုက်တာ ဖြစ်ရမယ်။”

ရှောင်းယီက မျက်မှောင်ကြုတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

ရှောင်းယီသည် သူ၏ စနစ်ကို ရုတ်တရက် သတိရသွားပြီး စိတ်ထဲမှ အလောတကြီး ရေရွတ်လိုက်၏။

“စနစ်... စောစောက ပေါ်လာတဲ့ အမည်းရောင်နဲ့ အဖြူရောင် အလင်းတန်းက ဘာကြီးလဲ။”

သို့သော် စနစ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့ချေ။

ရှောင်းယီသည် ကူကယ်ရာမဲ့စွာဖြင့် ဆက်လက်မေးမြန်းခြင်းကို လက်လျှော့လိုက်ရတော့လေသည်။

“ဒီဟင်းလင်းပြင်အက်ကွဲကြောင်း ပတ်ဝန်းကျင်က ကာကွယ်ရေးတွေကို ပိုပြီး တောင့်တင်းအောင် လုပ်ရမယ်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လှည့်သွားကာ အန်းယွဲ့ထံသို့ စာပို့လိုက်သည်။

“ဦးလေးအန်း... ကျုပ်တို့ ဒီဘက်ကို အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့လောက် ပို့ပေးပါဦး။”

“ကောင်းပြီ။ ငါ အခုချက်ချင်း စီစဉ်ပေးမယ်။”

မကြာမီမှာပင် တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ ထိုအခါ ကျန်းယွင်ထျန်းက အင်ဂျင်နီယာအဖွဲ့ခေါင်းဆောင်ကို ပြောလိုက်သည်။

“ဒီဟင်းလင်းပြင်အက်ကွဲကြောင်းကို လုံးဝ ပိတ်ဆို့ရမယ်။ ပြီးတော့ ဟင်းလင်းပြင်အက်ကွဲကြောင်းဘက်ကို မျက်နှာမူထားတဲ့ အခြမ်းက ငါတို့ရဲ့ အပြင်းထန်ဆုံး အမြောက်ကျည်ဆန်တွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိရမယ်။”

“နားလည်ပါပြီ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ မြေတူးစက်များနှင့် အခြားသော အဆောက်အဦး ကုန်ကြမ်းပစ္စည်းများကို ကုန်သွယ်မှုပြုပြီးနောက် အင်ဂျင်နီယာအဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းခွင်ကို ချက်ချင်း စတင်လိုက်ကြတော့သည်။

မထွက်ခွာသွားသေးဘဲ ကျန်ရှိနေသော တိလင်းထျန်းရှားသည် အင်ဂျင်နီယာအဖွဲ့၏ ဆောက်လုပ်ရေး အရှိန်အဟုန်ကို ကြည့်ရင်း မအံ့သြဘဲမနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

“ယီရန်ပင်းမဟာမိတ်အဖွဲ့က ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်တာပဲ။”

“ဒါပေါ့... ငါကတော့ အရှုံးပေးပြီးသားမို့လို့ ဒီပထမနေရာအတွက် ထပ်ပြီး မပြိုင်တော့ဘူး။”

ဂျေဘီက ပုခုံးတွန့်ရင်း ပြောလိုက်သည်။

“ဒါပေမဲ့ သူ ဘယ်လောက်ပဲ ပထမဖြစ်နေပါစေ သူလည်း နယ်ရုပ်တစ်ရုပ်ထက် မပိုပါဘူး။”

တိလင်းထျန်းရှားတစ်ယောက် ခေါင်းညိတ်လိုက်မိသည်။

“ဒါနဲ့ စောစောက အသံက တကယ်ပဲ ဘာကြီးလဲ။”

“ဒါက အရမ်းရိုးရှင်းပါတယ်။ သူ ဘာပဲပြောပြော ဒါကို ဂိမ်းထဲက ဇာတ်လမ်းနောက်ခံ အကူးအပြောင်းလို့ပဲ နားလည်လို့ရတယ်။ မြေပုံအသစ် တစ်ခုကို ဖွင့်ဖို့ ပြင်ဆင်နေတာလေ။”

ဂျေဘီက ဂိမ်းကစားသူတစ်ဦး၏ အတွေးအခေါ်ကို အသုံးပြု၍ ဤအရာအားလုံးကို ရှင်းပြလိုက်ခြင်း ဖြစ်သည်။

“မြေပုံအသစ် ဖွင့်မယ် ဟုတ်လား။”

တိလင်းထျန်းရှား မျက်မှောင်ကြတ်သွား၏။ ဂျေဘီက ခေါင်းညိတ်ပြီး ဆက်လက်ရှင်းပြလိုက်သည်။

“ငါတို့ထဲက လူဘယ်နှယောက်တောင် အခု SSS အဆင့် ဖြစ်ကုန်ပြီလဲဆိုတာ ကြည့်လိုက်လေ။ ပြီးတော့ တခြား အသက်ရှင်ကျန်ရစ်သူတွေလည်း အဆင့်တွေ အမြန်တက်နေကြတယ်။ မကြာခင်မှာ လူတိုင်း အမြင့်ဆုံးအဆင့်ကို ရောက်သွားကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”

“လူတိုင်း အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီဆိုမှတော့ အခန်းသစ်တစ်ခုကို သေချာပေါက် ဖွင့်ရတော့မှာပေါ့။ မဟုတ်ရင် ဒီဂိမ်းက ပြီးသွားတော့မှာလေ။”

ဂျေဘီ၏ ရှင်းပြချက်ကို ကြားပြီးနောက် တိလင်းထျန်းရှားအနေဖြင့် ငြင်းခုံရန် နည်းလမ်း လုံးဝ မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။

“တကယ်လို့ လက်ရှိအခြေအနေအတိုင်း သွားမယ်ဆိုရင်... ငါတို့ နောက်ထပ် အခန်းသစ်တစ်ခုထဲကို ဝင်တဲ့အခါ လူတိုင်းက အစပြုစ လိုင်းတစ်ခုတည်းမှာ ပြန်ဖြစ်သွားမှာလား။ လူတိုင်းက SSS အဆင့် ဖြစ်နေကြမှာဆိုတော့လေ။”

တိလင်းထျန်းရှား၏ မျက်လုံးများ အနည်းငယ် တောက်ပလာခဲ့သည်။

ဤကမ္ဘာပေါ်တွင် သူသည် ရှောင်းယီ၏ လွှမ်းမိုးမှုကို လုံးဝ ခံနေရသဖြင့် စိတ်ထဲတွင် လုံးဝ မကျေနပ်နိုင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ဂျေဘီကရော...သူလည်း ဘယ်လိုလုပ် ကျေနပ်နိုင်ပါ့မလဲ။

သူက ပြုံးလိုက်သည်။

“ငါ အခု အသာတကြည် နေနေတာက နောက်ထပ် အဆင့်တစ်ခုအတွက် ခွန်အားတွေကို စုဆောင်းနေတာပဲ။ နောက်ကျရင် ငါ ရှောင်းယီကို သေချာပေါက် ကျော်တက်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။”

တိလင်းထျန်းရှားက ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ သူ ဒီကမ္ဘာမှာ စုဆောင်းခဲ့တဲ့ အားသာချက်တွေကတော့ နောက်ထပ်အခန်းသစ်ဆီကို သေချာပေါက် ပါသွားလိမ့်မယ်။ ဂိမ်းဖန်တီးသူတွေက ငါတို့ကို အဲ့ဒီအားသာချက်တွေ ဘယ်လောက်အထိ ယူဆောင်ခွင့်ပေးမလဲဆိုတာပဲ မသိရသေးတာ။”

ဂျေဘီက ဟင်းလင်းပြင်အက်ကွဲကြောင်းကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ တိလင်းထျန်းရှားတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါတို့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ရမှာပဲ။”

“ဟုတ်တယ်။ စည်းမျဉ်းတွေ ရှိနေသရွေ့ အဆင်ပြေပါတယ်။ စည်းမျဉ်းတွေ မရှိမှာကိုပဲ ငါ ကြောက်တာ။”

ဂျေဘီက ပြုံးကာ ဆိုသည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများ အားလုံးသည် ၎င်းတို့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ရှေ့တွင် ထိုင်ကာ ဤတစ်ကြိမ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မည်သို့သော အသိပေးချက်မျိုး ထုတ်ပြန်လာမလဲဆိုသည်ကို စောင့်ဆိုင်းနေကြသည်။

သန်းခေါင်ယံအချိန်ကို ကျော်လွန်သွားသည်နှင့် ရှောင်းယီ၏ စနစ်ဆီမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထက် ခြေတစ်လှမ်း စောပြီး အသိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

[ဆုလာဘ်နှစ်ဆရရှိမည့် အခြေအနေကို စတင်လိုက်ပါပြီ။ ဤအခြေအနေသည် တစ်ရက်တိတိ ကြာမြင့်မည် ဖြစ်သည်။]

“မင်းက ငါ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့တာပဲ။”

“မင်း ဟင်းလင်းပြင်အက်ကွဲကြောင်းကိုပါ အမိအရ ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။”

“အစတုန်းကတော့... ငါ့ရဲ့ အကြံအစည်က မင်းတို့ကို သုံးပြီး မသေမျိုးမျိုးနွယ်စုတွေကို ဟင်းလင်းပြင်အက်ကွဲကြောင်းရှိတဲ့ ကျွန်းဆီကို ပြန်ပြီးမောင်းထုတ်ခိုင်းရုံလောက်ပဲ။ မင်းတို့ ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါ တကယ်ပဲ မမျှော်လင့်ထားမိဘူး။”

“ဒါကြောင့်... ငါ မသေမျိုးမျိုးနွယ်စုတွေရဲ့ ပုံမှန်တိုးတက်မှုကို နောက်ထပ် ဝင်ရောက်စွက်ဖက်တော့မှာ မဟုတ်ဘူး။ ကျန်တာတွေကိုတော့ မင်းတို့ဘာသာမင်းတို့ပဲ ကိုင်တွယ်ဖြေရှင်းလိုက်ကြတော့။”

“ဒီတစ်ကြိမ်မှာတော့ မင်းတို့အားလုံး သတ္တိကော နည်းဗျူဟာပါ ပူးပေါင်းပြီး အရမ်းပဲ စည်းလုံးညီညွတ်စွာ စွမ်းဆောင်နိုင်ခဲ့ကြတယ်။ အရမ်းကောင်းတယ်....။”

“အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး မင်းတို့ကို အုတ်မြစ်ကျောက် အရေအတွက် တစ်သောင်းကနေ တစ်သန်းအထိ ဆုချီးမြှင့်သွားမယ်။ ဆုလာဘ်တွေကိုတော့ မနက်ဖြန်ရဲ့ ရိက္ခာသေတ္တာတွေထဲမှာ ထည့်သွင်းပေးဝေသွားမယ်။”

ဤနေရာသို့ ရောက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အသိပေးချက်က ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။

လက်ကိုင်ဖုန်းများထဲရှိ ယီထျန်းဂရုချက်မှာမူ အုန်းအုန်းကျွက်ကျွက် ဆူညံသွားခဲ့ပြီ ဖြစ်သည်။

“မိုက်တယ်ဟေ့... အစောကြီးကတည်းက အုတ်မြစ်ကျောက် တစ်သောင်း တန်းရတာဆိုတော့ တကယ့်ကို လန်းဆန်းနေတာပဲ။”

“အမှန်ပဲ... နေ့တိုင်း ရိက္ခာသေတ္တာတွေ ဖွင့်လို့ရတာထက် အများကြီး ပိုများတယ်။”

“ဒါနဲ့... အဲ့ဒီ အုတ်မြစ်ကျောက် တစ်သန်းကို ဘယ်သူရမလဲ မသိဘူးနော်။”

“ဒါက ပြောနေစရာတောင် လိုသေးလို့လား။ သေချာပေါက် ယီရန်ပင်းသူဌေးအတွက်ပဲပေါ့။”

“ဒါနဲ့... နေပါဦး...အရင်တစ်ခေါက်တုန်းက စွမ်းဆောင်ရည်အကောင်းဆုံးလူအတွက် သီးသန့်ဆုလာဘ်ရှိမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ အဲ့ဒါကြီးက မရှိတော့ဘူးလား။”

“အခု အုတ်မြစ်ကျောက် အများဆုံးရတာကပဲ ဆုလာဘ်မဟုတ်ဘူးလား။ မင်းက ဘာတွေ ထပ်လိုချင်နေသေးတာလဲ။”

“အားလုံးပဲ စကားဖြတ်ထားကြဦး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက် ထပ်တက်လာပြီ။”

“ငါ ဒီတစ်ပတ်အတွင်း လူတိုင်းရဲ့ စွမ်းဆောင်ရည်ကို လေ့လာကြည့်ပြီးပြီ။ စွမ်းဆောင်ရည် အကောင်းဆုံးလူက ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ယီရန်ပင်းပဲ။”

“ဆုလာဘ်ရဲ့ အကြောင်းအရာကတော့... သတ်မှတ်ထားတဲ့ ကုန်ကြမ်းပစ္စည်းတွေကို နှစ်ဆ တိုးပေးမှာမယ်။”

“ကဲ... အခု ငါ့ကို ပြောစမ်း။ မင်း ဘယ်ကုန်ကြမ်းပစ္စည်းတွေကို နှစ်ဆ ဖြစ်စေချင်လဲ။”

၎င်းကို မြင်လိုက်ရသောအခါ လက်ကိုင်ဖုန်းစကားဝိုင်းကြီးမှာ ချက်ချင်းပင် ပိုမိုပွက်လောရိုက်သွားခဲ့တော့လေသည်။

“သေစမ်း... ဒီဆုလာဘ်ကတော့ တကယ့်ကို အစွမ်းထက်လွန်းတယ်။ သတ်မှတ်ထားတဲ့ ကုန်ကြမ်းပစ္စည်းတွေကို နှစ်ဆတိုးပေးတာတဲ့ဟ။”

“ဒါကို မေးနေစရာ လိုသေးလို့လား။ စောစောကရတဲ့ အုတ်မြစ်ကျောက် ဆုလာဘ်ကိုပဲ နှစ်ဆတိုးခိုင်းမှာ သေချာတယ်။ ဒါဆိုရင် တန်းပြီး အုတ်မြစ်ကျောက် နှစ်သန်း ဖြစ်သွားမှာလေ။”

“အဲ့ဒါတော့ အသေအချာ ပြောလို့မရဘူး။ သူဌေးရဲ့ လက်ထဲမှာ တခြား ပိုပြီးကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှိနေနိုင်သေးတယ်။ အခု သူဌေးရဲ့ ကျွန်းကလည်း အတော်လေး ကြီးမားနေပြီဆိုတော့ အဲ့ဒီ အုတ်မြစ်ကျောက် တစ်သန်းကို နှစ်ဆတိုးဖို့ သူ လိုချင်မှ လိုချင်မှာလေ။”

“ဒါလည်း ဟုတ်တာပါပဲ။ ငါတို့ရဲ့ အတွေးအခေါ်က သိပ်အမြင်ကျဉ်းလွန်းနေသေးတယ်။”

ရှောင်းယီသည် ထိုမေးခွန်းကို မြင်သောအခါ အနည်းငယ် တွေးတောလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တိုက်ရိုက် ပြန်ဖြေလိုက်သည်။

“ကျုပ်ရဲ့ ကျွန်းဧရိယာကို နှစ်ဆ တိုးပေးပါ။”

“ငလူးမ... သူဌေးရဲ့ ဒီတောင်းဆိုချက်က နည်းနည်းတော့ အတင့်ရဲလွန်းနေတာ မဟုတ်ဘူးလား။”

“ဟုတ်တယ်။ ကျွန်းဧရိယာကို ကုန်ကြမ်းပစ္စည်းလို့ သတ်မှတ်လို့ ရပါ့မလား။”

“အာ... အဲ့လိုပြောရင်လည်း ဟုတ်သလိုလိုပဲ။ ကျွန်းဆိုတာကလည်း အုတ်မြစ်ကျောက်တွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ကုန်ကြမ်းပစ္စည်း အမျိုးအစားထဲမှာ ပါဝင်နေတာပဲ မဟုတ်ဘူးလား။”

“တကယ်လို့ သူဌေးရဲ့ ကျွန်းသာ နှစ်ဆကြီးသွားရင် ဘယ်လောက်တောင် ကျယ်သွားမလဲ မသိဘူး။”

“ဟေ့လူတွေ... အလကားနေရင်း လျှောက်ပြီး စိုးရိမ်မနေကြစမ်းပါနဲ့။ အခု သူဌေးရဲ့ ကျွန်းဧရိယာက ငါတို့ စိတ်ကူးလို့တောင် မရနိုင်တဲ့ အခြေအနေမျိုး ရောက်နေပြီ။”

“အတိအကျပဲ။ ငါ အခု သိချင်တာက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက်က ဒီတောင်းဆိုချက်ကို သဘောတူပါ့မလား ဆိုတာပဲ။”

“ဟုတ်တယ်။ ငါ ရှေ့ဆုံးတန်းမှာ နေရာယူပြီး ပွဲကြည့်ဖို့ စောင့်နေပြီ။”

ရှောင်းယီက သူ နှစ်ဆတိုးချင်သော “ကုန်ကြမ်းပစ္စည်း” ကို ပြောပြီးနောက်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံမှ အတော်ကြာအောင် မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။

ထိုအခိုက်အတန့်တွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခုအတွင်း၌ အဖြူရောင် ဝတ်ရုံရှည်ကို ဆင်ယင်ထားသော လူငယ်တစ်ဦးသည် မြင့်မားသော စင်မြင့်ပေါ်ရှိ ပုံရိပ်ဆီသို့ ရိုသေလေးစားစွာဖြင့် စကားဆိုလိုက်သည်။

“အဲဒီ ရှောင်းယီ တောင်းဆိုလိုက်တဲ့ ဆုလာဘ်က စည်းမျဉ်းရဲ့ ဟာကွက်တစ်ခုကို အသုံးချသွားသလို ဖြစ်နေပါတယ်။ ကျွန်တော် သူ့ကို တိုက်ရိုက် ငြင်းပယ်လိုက်ရမလား။”

“ဒီကလေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ သူ့ကို ဖြည့်ဆည်းပေးလိုက်ပါ။ သူက ငါတို့ရဲ့ မျှော်လင့်ချက်ပဲ။ သူ့အတွက် နောက်ဖေးတံခါးတစ်ခု ဖွင့်ပေးလိုက်ကြတာပေါ့။”

မြင့်မားသော စင်မြင့်ထက်ဆီမှ ခန့်ညားထည်ဝါသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟုတ်ကဲ့။”

အဖြူရောင် ဝတ်ရုံရှည် ဆင်ယင်ထားသော လူငယ်က ပြန်လည်ဖြေကြားပြီးနောက် နန်းတော်ကြီးအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်ရာ ဆယ်မိနစ်ကျော် ကြာသွားသည်အထိ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ချေ။

“မဖြစ်နိုင်ဘူး ထင်တယ်။”

ရှောင်းယီတစ်ယောက် တစ်ကိုယ်တည်း တိုးတိုးရေရွတ်လိုက်မိ၏။

လက်ကိုင်ဖုန်းထဲရှိ ဂရုချက်အတွင်း၌လည်း ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံဆွေးနွေးငြင်းခုံလာကြတော့လေသည်။

All Chapters