အခန်း (၆၅၁-၆၅၂)
Vol. 63 Ch. 651-652
အခန်း (၆၅၁)။
ဟုန်ယွိသည် ဝူဝမ်မြို့စား အိမ်တော်အတွင်းသို့ နောက်တစ်ကြိမ် ထပ်မံခြေချလိုက်သည့် အခိုက်အတန့်တွင် ‘ဖန်ဆင်းရှင်’ တစ်ဦးအဖြစ် သန်မာလှသော သူ၏ စိတ်ဝိညာဉ်သည်ပင် လျှင် ခံစားချက်ပေါင်းစုံဖြင့် လှုပ်ခတ်သွားခဲ့ရသည်။ အတွေးစပေါင်းများစွာသည် ဒီရေလှိုင်း များကဲ့သို့ တစ်လုံးပြီးတစ်လုံး လှိမ့်တက်လာသည်။ ထိုခံစားချက်များသည် သူ၏ စိတ်နှလုံး ကို မလှုပ်ခတ်နိုင်သော်လည်း ‘မျက်ခုံးပင့်ကာ သက်ပြင်းချနိုင်ခြင်း’ ဆိုသည့် အောင်မြင်မှု ၏ အရသာကိုမူ သူ အမှန်တကယ် ခံစားလိုက်ရသည်။
ဤစိတ်လှုပ်ရှားမှုများသည် သူ၏စိတ်ဝိညာဉ်ကို မထိခိုက်နိုင်သော်လည်း လူ့ဘဝ၏ အနိမ့်အကျ အတက်အမြင့် ရှုထောင့်ပေါင်းစုံကို နားလည်သဘောပေါက်ရန်အတွက်မူ များစွာ အထောက်အကူပြုလေသည်။
အထူးသဖြင့် အိမ်တော်၏ ပင်မဥယျာဉ်အတွင်းသို့ သူ ဝင်ရောက်လာချိန်တွင် အကြည့် ပေါင်းများစွာသည် သူ၏ထံသို့ ကျရောက်လာကြသည်။ အချို့သော အကြည့်များမှာ ဧကရာဇ်တစ်ပါး သို့မဟုတ် သူတော်စင်တစ်ပါးကို ကြည့်နေသကဲ့သို့ ရိုသေလေးစားမှုများ ဖြင့် ပြည့်နှက်နေသည်။ ၎င်းက သူ့ကို ဖော်ပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်စေခဲ့ သည်။
လွန်ခဲ့သော ငါးနှစ်ခန့်က သူသည် ဤအိမ်တော်မှ ထွက်ခွာသွားစဉ်က ဘာမှမဟုတ်သော လူငယ်လေးတစ်ဦးသာ ဖြစ်ခဲ့သည်။
သို့သော် ငါးနှစ်အကြာ ယနေ့တွင်မူ သူသည် တစ်ကမ္ဘာလုံးကို တုန်ဟိန်းစေနိုင်သော ပညာရှင် သူတော်စင်ကြီးတစ်ဦး ဖြစ်နေခဲ့ပြီ။ သူသည် ကိုယ်ပိုင်အကယ်ဒမီ တစ်ခုကို တည်ထောင်ခဲ့ပြီး ထိုက်ကျိအဋ္ဌဂံ ပုံရိပ်ကားချပ်၏ သီအိုရီကိုလည်း အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။
ထို့အပြင် သူ၏သိုင်းပညာနှင့် တာအိုကျင့်စဉ်များမှာလည်း ခန့်မှန်း၍မရနိုင်အောင် နက်နဲ လှသည်။ သူသည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်ဖြစ်သော ‘ဖန်ဆင်းရှင်’ အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျင့်စဉ်ခြင်းလောကတွင် မည်သူမျှ ဖန်ဆင်းရှင်တစ်ဦးကို အထင်မသေးရဲကြပေ။ ရှေးဟောင်း သူတော်စင် ဧကရာဇ်များသည် ယန်နတ်ဘုရား အဆင့် ဖြစ်သော်လည်း ဖန်ဆင်းရှင်တစ်ဦးကို အထင်အမြင်သေးဝံ့ခြင်း မရှိခဲ့ချေ။
အတွေးစများမှာ ဒီရေကဲ့သို့ တက်လာပြီး သူ၏စိတ်ဝိညာဉ်ကို ပြည့်နှက်သွားစေကာ သူ၏ စဉ်းစားဉာဏ်ကို ပိုမိုကြည်လင်လာစေသည်။ သို့သော် ထိုအတွေးများကို သူက ချက်ချင်း ပင် ထိန်းချုပ်လိုက်သည်။ ဟုန်ယွိ၏ တစ်ကိုယ်လုံးမှာ အလွန်အမင်း တည်ငြိမ်သွားခဲ့သည်။ သူ လမ်းလျှောက်နေစဉ်အတွင်း သူ၏ ဝတ်ရုံစများမှာ လေထဲတွင် လွင့်ပျံနေပြီး လူတိုင်း၏ အကြည့်ကို အပြည့်အဝ ဆွဲဆောင်ထားလေသည်။
ဇီယန်အကယ်ဒမီ၏ ကျောင်းအုပ် ယွမ်ဇီယန်က စိတ်ထဲမှ ရေရွတ်လိုက်သည် “ဒါဟာ တကယ့်ကို ပညာရှင် သူတော်စင်တစ်ပါးရဲ့ အရှိန်အဝါပဲ။ သူနဲ့အတူ တာအိုအကြောင်း ဆွေးနွေးရရင် တကယ့်ကို ပျော်စရာကောင်းမှာပဲ။”
“မင်းသားယု ရောက်လာပြီကိုး” ဟုန်ရွှန်ကျိသည် ဟုန်ယွိ လမ်းလျှောက်ဝင်လာသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသော်လည်း မကြာမီမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူသည် ဟုန်ယွိကို နှုတ်မဆက်ဘဲ မင်းသားယုကိုသာ အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း ဟုန်ယွိကိုမူ လုံးဝ လျစ်လျူရှုထားလေသည်။
“ကျွန်တော်က ကျိုးယွိအကယ်ဒမီရဲ့ ‘သူတော်စင်ယွိ’ နဲ့အတူ လာခဲ့တာပါ” မင်းသားယုက ပြောလိုက်သည် “ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး ဧကရာဇ်အကြံပေး။”
“ယဇ်ပုရောဟိတ်အရှင်မ... ခင်ဗျားကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး။ အနောက်ဘက်ဒေသက လူတွေအတွက် ခင်ဗျားက ကိုယ်လုပ်တော်အဖြစ်တောင် အောက်ကျခံဖို့ ဆုံးဖြတ်ထားတာပဲ။ ကျွန်တော် တကယ်ကို လေးစားမိပါတယ်။”
ဟုန်ရွှန်ကျိက ဟုန်ယွိကို နှုတ်မဆက်သလို ဟုန်ယွိကလည်း သူ့ကို နှုတ်မဆက်ပေ။ သူသည် ယဇ်ပုရောဟိတ်အရှင်မကိုသာ သိန်းငှက်တစ်ကောင်က ကြက်ကလေးကို စိုက်ကြည့်သကဲ့သို့ စိုက်ကြည့်နေသည်။ ၎င်းနောက်တွင် ဟုန်ယွိက လက်နှစ်ဖက် ယှက်လိုက်ပြီး ကိုယ်လုပ်တော်သည် အနှစ်သာရနတ်ဘုရာကျောင်း၏ ယဇ်ပုရောဟိတ် အရှင်မဖြစ်ကြောင်းကို ပထမဆုံးအကြိမ် ဖွင့်ချလိုက်လေသည်။
“ဘာ... ဘာပြောလိုက်တာလဲ”
ဟုန်ယွိက ယဇ်ပုရောဟိတ်အရှင်မ၏ အဆင့်အတန်းကို ဖော်ထုတ်လိုက်သောအခါ ပွဲတက် လာသူ အားလုံးမှာ ထိတ်လန့်သွားကြသည်။ ဤသတင်းမှာ တကယ့်ကို တုန်လှုပ်စရာ ကောင်းလှသည်။
လူအများမှာ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိ၏ ကိုယ်လုပ်တော်မှာ ဟွာလျှိုနိုင်ငံမှ မင်းသမီး တစ်ပါးသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း သူမသည် မြင့်မြတ် နယ်မြေတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ‘အနှစ်သာရ နတ်ဘုရားကျောင်း’ ၏ ယဇ်ပုရောဟိတ်အရှင်မ ဖြစ်နေ သည် မဟုတ်ပါလား။
ဤသတင်းသာ အပြင်သို့ ပျံ့နှံ့သွားပါက အနောက်ဘက်ဒေသ တစ်ခုလုံးမှာလည်း လုံးဝ ရှုပ်ထွေးသွားပေလိမ့်မည်။
ဟုန်ယွိ၏ ပါးစပ်မှ ထွက်လာသော စကားဖြစ်သဖြင့် အတည်ဖြစ်သွားခဲ့ပြီ။ သူပြောသမျှမှာ အမှန်တရားဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူတော်စင်တစ်ဦး၏ စကားမှာ မည်သို့ လျှင် မှားယွင်းနိုင်ပါမည်နည်း။
“ကျွန်မ သိသားပဲ... ဒီကိစ္စကို မင်းဆီကနေ ဖုံးကွယ်ထားလို့ မရဘူးဆိုတာ။ ဟုန်ယွိ….” ယဇ်ပုရောဟိတ်အရှင်မက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည် “ဒါပေမဲ့ ကျွန်မက အနောက်ဘက်ဒေသနဲ့ တော်ဝင်ချန်တို့ စစ်ပွဲဘေးမသင့်စေချင်လို့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါကို ‘ဧကရာဇ်ယန်’ ကလည်း သဘောတူပြီးသားပဲ။ ဒါက နိုင်ငံတော်ရဲ့ မူဝါဒပဲ။ ဟုန်ယွိ... မင်းက နိုင်ငံတော်ရဲ့ မူဝါဒကို နှောင့်ယှက်ချင်တာလား။”
“ခင်ဗျားတို့ရဲ့ နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုတွေ ရှိနေမှာကို ကျွန်တော် စိုးရိမ်လို့ပါ” ဟုန်ယွိက ပြုံးလိုက်သည် “ဒီကိစ္စက တော်တော်လေး ရှုပ်ထွေးနက်နဲနေတယ်။ ဒါဟာ အလယ်ပိုင်းကောင်းကင်နိုင်ငံရဲ့ ယုံကြည်မှုနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့်လည်း ဒီနေ့ ကျွန်တော် လာခဲ့ရတာပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကျွန်တော်က တရားမှတ် ကျင့်ကြံပြီး ‘စကြာဝဠာပြော င်းလဲခြင်း နိယာမကိန်းဂဏန်း’ တွေ ကို လေ့လာခဲ့တယ်။ အလယ်ခေတ် က ပညာရှင် သူတော်စင်တွေကို အတုယူပြီး ကောင်းကင်အပြင်ပနယ်မြေကို ခရီးထွက်ခဲ့ တယ်။ အဲဒီမှာ ကောင်းကင်အပြင်ပနယ်မြေနဲ့ ခင်ဗျားတို့ အနှစ်သာရ နတ်ဘုရားကျောင်း တော်တို့ ပူးပေါင်းကြံစည်မူအချို့ ရှိနေတာကို ကျွန်တော် တွေ့ရှိခဲ့တယ်။”
ဟုန်ယွိ၏ စကားများသည် အလွန်ပင် ရှင်းလင်းပြတ်သားလှသည်။ ထိုခဏ၌ပင် လူအများ အပြား၏ နားထဲသို့ ထိုစကားများ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုစကားများကို ကြားလိုက်ရသူတိုင်းသည် ချက်ချင်းပင် စိတ်ထဲ၌ နိုးနိုးကြားကြား ရှိသွားကြတော့သည်။
ဟိုင်ကျိရေကန်ဘေးရှိ ဧည့်ခံပွဲသို့ တက်ရောက်လာနိုင်သူများမှာ အားလုံးက အရေးပါသော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ သူတို့သည် နန်းတော်တွင်းအတွင်း လွန်ခဲ့သော နှစ်အနည်း ငယ်က ဖြစ်ပျက်ခဲ့သော အပြောင်းအလဲအချို့နှင့် အရိပ်အယောင်အချို့ကို သဘာဝအတိုင်း သိရှိထားကြသူများ ဖြစ်သည်။
ယခုအခါ ဟုန်ယွိက ဟုန်ရွှန်ကျိ၏ ကိုယ်လုပ်တော် လက်ထပ်ပွဲတွင် ရုတ်တရက် ပေါ်လာ ပြီး လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်သောအခါ လူတိုင်းမှာ တစ်စုံတစ်ရာကို နားလည်သွားကြ သကဲ့သို့ ရှိသည်။ နန်းတော်၏ အမာခံအင်အားစုများအကြား အက်ကြောင်းများ ရှိနေပြီ ဖြစ်ကြောင်း သူတို့ ရုတ်တရက် ခန့်မှန်းမိသွားကြတော့သည်။
၎င်းမှာ ဟုန်ယွိ အမှန်တကယ် လိုချင်သော အကျိုးသက်ရောက်မှုပင်။
နန်းတော်သည် အမြဲတမ်း တရားဝင် ယုံကြည်မှု၏ ဗဟိုချက် ဖြစ်ခဲ့သည်။ သို့သော်လည်း ရှောင်ရှိူက်၊ ကောင်းကင်အပြင်ပနယ်မြေ၏ အင်အားစုများနှင့် ပူးပေါင်းခြင်းမှာ ဂုဏ်သိက္ခာရှိသော လုပ်ရပ်မဟုတ်ချေ။ ဟုန်ယွိက ယနေ့တွင် ရုတ်တရက် ပေါ်လာပြီး လျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်လိုက်ခြင်းမှာ ဤနေရာရှိ မြင့်မြတ်သော မျိုးနွယ်များ၏ စိတ်ထဲတွင် နန်းတော်သည် တရားဝင်ဗဟိုချက် မဟုတ်တော့ကြောင်းနှင့် ဂုဏ်သိက္ခာမဲ့ ကြောင်း မျိုးစေ့ချလိုက်ခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် ထိုမျိုးစေ့မှာ အပွင့်ပွင့်လာပြီး အသီးသီးလာသောအခါ သူ၏ ရည်မှန်းချက်မှာ တစ်ချက်တည်းနှင့် အောင်မြင်သွားပေလိမ့် မည်။
ယနေ့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် မုချ ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအချိန်ကျ လျှင် လူတိုင်းက တွေးတောလာကြပြီး လူအများ၏ စိတ်ထဲတွင် နန်းတော်၏ တည်ရှိမှုမှာ လှုပ်ခတ်သွားပေလိမ့်မည်။
“တော်လောက်ပြီ။” ဟုန်ရွှန်ကျိက ရုတ်တရက် ပြောလိုက်သည် “ဟုန်ယွိ... အတွင်းကို လိုက်ခဲ့။ ငါတို့ သီးသန့် စကားပြောရအောင်။”
ဟုန်ရွှန်ကျိက ဆက်လက်၍ တည်ငြိမ်စွာ ပြောလိုက်သည် “အားလုံးပဲ... ဒီနေ့က ကျွန်တော့်ရဲ့ ကိုယ်လုပ်တော်တစ်ဦးကို လက်ထပ်တဲ့နေ့ပါ။ ဒီကိုယ်လုပ်တော်က ဘယ်သူပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ တကယ်လို့ ခင်ဗျားတို့မှာ နိုင်ငံတော် မူဝါဒနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ ရှိရင် နန်းတော်ထံ အိတ်ဖွင့်ပေးစာ တင်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျိုးယွိအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးနဲ့ ဆွေးနွေးစရာ ရှိပါသေးတယ်။ ခင်ဗျားတို့ စိတ်ကြိုက် အပန်းဖြေနိုင်ကြပါတယ်။”
ပြောပြီးသည်နှင့် ဟုန်ရွှန်ကျိသည် အိမ်တော်အတွင်းဘက်သို့ လမ်းလျှောက်ဝင်သွားလေ သည်။
“အားလုံးပဲ... ဒီကိစ္စက အလယ်ပိုင်းကောင်းကင်နိုင်ငံရဲ့ ယုံကြည်မှုနဲ့ သက်ဆိုင်နေလို့ သတိထားကြစေချင်ပါတယ်။ ကျွန်တော် ဟုန်ယွိက နန်းတွင်းမှာ မရှိတော့တဲ့အတွက် ဧကရာဇ်ကို စကားပြောဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ နန်းတွင်းမှာ ရှိနေ ပြီး နိုင်ငံတော်အရေးကို ကိုင်တွယ်နေကြသူတွေ ဖြစ်တဲ့အတွက် တိုင်းပြည်နဲ့ ပြည်သူ အတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်ကြပါတယ်။ ခင်ဗျားတို့ရဲ့ စကားတစ်ခွန်းက တိုင်းပြည်ကို တိုးတက်စေနိုင်သလို၊ စကားတစ်ခွန်းကလည်း တိုင်းပြည်ကို ပျက်စီးစေနိုင်ပါ တယ်။ အားလုံးပဲ သတိရှိကြပါ။ တကယ်လို့ အချိန်ရရင် ကျိုးယွိအကယ်ဒမီကို လာခဲ့ကြပါ ဦး။ ကျွန်တော်က ‘ပြောင်းလဲခြင်းပညာ’ နဲ့ အနာဂတ်ကို ဟောကိန်းထုတ်ပေးပါ့မယ်။ အဲဒါက ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်ဖြစ်ပေမဲ့ လူတိုင်းအတွက် စဉ်းစားစရာ တစ်ခု တော့ ဖြစ်လာမှာပါ။”
ဟုန်ယွိက ပြောဆိုလိုက်သည်။ သူ၏ စကားများမှာ တိကျရှင်းလင်းမှု မရှိသော်လည်း လူတိုင်း၏ စိတ်ထဲတွင် မကုန်မခမ်းနိုင်သော အတွေးများကို ချန်ရစ်ထားခဲ့သည်။
“သူတော်စင်ယွိရဲ့ ပညာရပ်က တကယ့်ကို နက်နဲပြီး အနာဂတ်ကို ကြိုမြင်နိုင်တာပဲ။ တကယ်လို့ ခင်ဗျားက ‘ပြောင်းလဲခြင်းလမ်းစဉ်’ အကြောင်း ဆွေးနွေးမယ်ဆိုရင် ကျွန်မ မုချ လာနားထောင်မှာပါ။ တကယ်လို့ ပညာရှင် သူတော်စင်ယွိရဲ့ လက်ရေးမူကိုသာ ရနိုင် မယ်ဆိုရင် ပိုတောင် ကောင်းဦးမှာပဲ” ယွမ်ဇီယန်က ရုတ်တရက် ပြောလိုက်သည်။
“ရတာပေါ့”
ဟုန်ယွိက ခေါင်းညိတ်ပြလိုက်ပြီး ဝူဝမ်မြို့စား၏ အိမ်တော်အတွင်းသို့ တိတ်ဆိတ်စွာ ဝင်သွားလေသည်။ ဥယျာဉ်အတွင်း၌ မြင့်မြတ်မျိုးနွယ်စုများစွာ ကျန်ရစ်ခဲ့သည်။ နန်းတွင်း ကို ထိန်းချုပ်ထားသူနှင့် လူမှုအသိုင်းအဝိုင်းကို ဦးဆောင်နေသူ ဖြစ်ကြသော ဤသားအဖ နှစ်ဦး ဘာတွေ ဆွေးနွေးကြမည်ကို မည်သူမျှ မသိနိုင်ကြပေ။
ဆွေးနွေးငြင်းခုံသံများ ထွက်ပေါ်လာသည် “ဧကရာဇ်အကြံပေးရဲ့ ကိုယ်လုပ်တော်က ဒီလောက် ကြီးမားတဲ့ နောက်ခံရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။”
“ဒါက တကယ်ပဲလား။”
“ဟုန်ယွိ ကိုယ်တိုင် ပြောတာပဲ... ဘယ်လိုလုပ် အမှားဖြစ်နိုင်မှာလဲ”
“ကံကောင်းလို့ ဟုန်ယွိက အမှန်တရားကို ပြောပြခဲ့တာ။ မဟုတ်ရင် ငါတို့ ဘယ်လို သိနိုင်မှာလဲ။ ငါတို့က ဟွာလျှိုနိုင်ငံက မင်းသမီးတစ်ပါးလို့ ထင်နေတာ။ ဒါက တကယ့်ကို ထူးဆန်းလွန်းတယ်။ ဧကရာဇ်က ဘာလို့ ဒီလို ထူးဆန်းတဲ့ ကိစ္စကို သဘောတူခဲ့တာပါ လိမ့်။”
“ဧကရာဇ်နဲ့ စီနီယာ ဧကရာဇ်အကြံပေးတို့က တကယ့်ကို ကြီးမားတဲ့ စစ်တုရင်ပွဲကြီး တစ်ခုကို ကစားနေကြတာပဲ။ တော်ဝင်မိသားစုဝင်တွေတောင် ဘာမှမသိကြဘူး။”
ဤဆွေးနွေးမှုများကို ကြားရသောအခါ မဒမ်ကျောက်၏ မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်သွားသည်။ သူမသည် သူတို့နောက်သို့ လိုက်သွားခဲ့သည်။ ဟုန်ယွိသည် ဤအိမ်တော်အတွင်း၌ တစ်စုံတစ်ရာ လုပ်ရဲလိမ့်မည်ဟု သူမ မယုံကြည်ပေ။
အိမ်တော်၏ အနက်ရှိုင်းဆုံး အပိုင်းရှိ ခန်းမတစ်ခုအတွင်း...
နေရာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ခန်းမ၏ အလယ်ဗဟိုတွင် ‘လီ’ (စည်းကမ်း) ဟူသော စာလုံးကြီးကို ချိတ်ဆွဲထားသည်။
ဟုန်ရွှန်ကျိသည် ရှေ့ဆုံးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး လိုက်ပါလာသော ဟုန်ယွိကို စိုက်ကြည့်လိုက်သည်။
“အဖေ... ဒီရက်ပိုင်း နေကောင်းရဲ့လား။” ဟုန်ယွိက ဝင်လာပြီး လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ သူသည် ဘေးဘက်ရှိ ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး ညင်သာစွာ မေးလိုက်သည် “ကျွန်တော်က အဖေ့ရဲ့ မင်္ဂလာဦးညကို နှောင့်ယှက်မိသလို ဖြစ်သွားလား မသိဘူး။”
သူနှင့် ဟုန်ရွှန်ကျိအကြားရှိ အမုန်းတရားများမှာ မည်သို့မျှ ဆေးကြော၍ မရနိုင်သော် လည်း ဟုန်ယွိသည် ဟုန်ရွှန်ကျိကို သတ်ချင်နေသော အရိပ်အယောင်မျိုး မပြသဘဲ သာမန် သားအဖနှစ်ဦးကဲ့သို့ပင် ရှိနေကြသည်။
“မင်း တော်တော်လေး အခြေအနေ ကောင်းနေတာပဲ” ဟုန်ရွှန်ကျိက ထိုစကား ခြောက်လုံး ကိုသာ ပြောလိုက်သည်။ သူ ဘာတွေ တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။
“ဒါပေါ့... လွန်ခဲ့တဲ့ ငါးနှစ်က အဖေက ကျွန်တော့်ကို ဒီနေရာမှာပဲ ဆူပူကြိမ်းမောင်းခဲ့ဖူး တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်စဉ်က တိုးတက်လာပြီးနောက်မှာတော့ အဖေက ကျွန်တော့်ကို အကြိမ်ကြိမ် သတ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ကျွန်တော်က ကျောက်ဖေးရုံ၊ ဝူအိမ်တော်ထိန်း၊ ဟုန်ခန်နဲ့ ကျောက်ဖေးအာတို့ကို သတ်ခဲ့ပြီး နောက်ဆုံး မှာ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အဖေ၊ ခုန်း၊ ရှောင်ရှိူက်၊ ဧကရာဇ်၊ ‘အမှောင်ဧကရာဇ်တာအိုသခင်’၊ မူလဝိညာဉ်နတ်ဘုရားနဲ့ ‘ကောင်းကင်ဖြို ဧကရာဇ်’ တို့အားလုံး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ကျရှုံးခဲ့ကြတာပဲ။ ကျွန်တော့်ရဲ့ ကျင့်စဉ်အဆင့်အရဆိုရင် ဒါဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေဖို့ လုံလောက် မနေဘူးလား။” ဟုန်ယွိက ပြုံးလျက် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ဖေးရုန်နဲ့ ခန်အာတို့ရဲ့ ဝိညာဉ်တွေကို ငါ ပြန်မခေါ်နိုင်ဘူးလို့ မင်း ထင်နေတာလား။” ဟုန်ရွှန်ကျိက အေးစက်စွာ တုံ့ပြန်သည်။
“အဖေက တကယ်ကို သန်မာပြီး အဖေ့ရဲ့ ကျင့်စဉ်ကလည်း သိုင်းတာအိုရဲ့ အထွတ် အထိပ်ဖြစ်တဲ့ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်နဲ့ နီးစပ်နေပြီဆိုတာ ကျွန်တော် သိပါ တယ်။ ဒါပေမဲ့ အဲဒါက အလကားပါပဲ။ အဖေက အဲဒီအဆင့်ကို တက်လှမ်းနိုင်ရင်တောင် ကျွန်တော့်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အဖေ ယုံလား။ အခုအချိန်မှာ အဖေ့ကို အနိုင်ယူ ဖို့ဆိုတာ ကျွန်တော့်အတွက် လက်ဝါးကို လှန်လိုက်သလို လွယ်ကူပါတယ်။”
ဟုန်ယွိက ပြောဆိုလိုက်သည်။ သူ၏ လေသံမှာ ညင်သာသော်လည်း သူ၏ စကားလုံးများ မှာ သွေးစက်များ စက်စက်ယိုနေသကဲ့သို့ ရှိပြီး ပြင်းထန်သော ရန်စမှုများ ပါဝင်နေသည်။
“မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။”
“ကျွန်တော် အဖေ့ကို အနိုင်ယူပြမယ်၊ အဖေ့ကို အနိုင်ယူဖို့ဆိုတာ ကျွန်တော့်အတွက် ‘ပြောင်းလဲခြင်းကျမ်း’ နဲ့ လက်ဖဝါးကို လှန်လိုက်သလို လွယ်ကူပါတယ်။”
ဤကမ္ဘာပေါ်တွင် ဟုန်ရွှန်ကျိကဲ့သို့သော ပုဂ္ဂိုလ်၏ ရှေ့မှောက်၌ ဤမျှ တိုက်ရိုက်ကျပြီး ရှင်းလင်းလှသော စကားမျိုးကို ပြောဝံ့သူမှာ တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
သို့သော်လည်း ဟုန်ယွိသည် ဤစကားများကို ပြောရန် အမှန်တကယ်ပင် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။ ထိပ်သီးပညာရှင် ခုနစ်ဦး ပူးပေါင်းပြီး ဖန်ဆင်းခြင်းသင်္ဘော၏ စွမ်းအားကို အသုံးပြု၍ပင် သူ့ကို သတ်ရန် ကြိုးစားခဲ့ကြသော်လည်း ကျရှုံးခဲ့ရသည်။ ယခုအခါ ဟုန်ရွှန်ကျိသည် တစ်ဦးတည်းသာ ရှိနေသဖြင့် ဟုန်ယွိအတွက် သူ့ကို အနိုင်ယူ ရန်မှာ မခက်ခဲလှတော့ပေ။
“ဒါဟာ ‘ပညာရှင်ယွိ’ ရဲ့ စကားလား။” ထိုစကားကို ကြားသောအခါ ဟုန်ရွှန်ကျိသည် ဒေါသထွက်မည့်အစား ရယ်မောလိုက်ပြီး “မင်းက ‘ဖန်ဆင်းရှင်’ အဆင့်ကို ရောက်နေပြီ ဆိုပေမဲ့ မင်းရဲ့ စိတ်ထဲမှာ နာကျည်းချက်တွေကတော့ ရှိနေတုန်းပဲ။ ဒါပေမဲ့ ငါကရော ဖန်ဆင်းခြင်းသင်္ဘောရဲ့ စွမ်းအားကို အသုံးမပြုနိုင်ဘူးလို့ မင်း ထင်နေတာလား။ ငါ့ကို အနိုင်ယူဖို့ လက်ဝါးလှန်သလို လွယ်တယ်ဆိုတဲ့ စကားကိုတော့ မင်း ယန်နတ်ဘုရား ဖြစ်လာတဲ့ အခါမှ ပြောတာက ပိုပြီး သင့်တော်လိမ့်မယ်။”
“ဒါပေါ့... အဲဒါ ကျွန်တော် ပြောချင်တာပဲ” ဟုန်ယွိက အလျှော့မပေးဘဲ ပြန်ပြောလိုက် သည် “ကောင်းကင်လမ်းစဉ်ဆိုတာ မကောင်းမှုကို အပြစ်ပေးပြီး ကောင်းမှုကို မြှင့်တင်ပေး တယ်။ တကယ်လို့ အဖေက မကောင်းတဲ့သူဆိုရင် ကျွန်တော်က အဖေ့ကို အပြစ်ပေးရမှာ ပဲ။ ဒါဟာ ‘ပြောင်းလဲခြင်းလမ်းစဉ်’ ရဲ့ သဘောတရားပဲ။ ဒါပေမဲ့ အဖေက ဖန်ဆင်းခြင်း သင်္ဘောကို သုံးရင်ကော ဘာဖြစ်လာမှာလဲ။ အင်မော်တယ်ကျောက်စာတိုင် တစ်ခုကို ကျွန်တော် သိမ်းပိုက်ထားပြီးသားပဲလေ။”
“အင်မော်တယ်ကျောက်စာတိုင်။”
ဟုန်ရွှန်ကျိ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည် “နတ်ဘုရားလေနိုင်ငံရဲ့ အင်မော်တယ်ကျောက်စာတိုင်ကို မင်း သိမ်းပိုက်လိုက်တာလား။ အံ့ဩစရာ မရှိတော့ပါဘူး... အရှင်မင်းကြီးက မြေအောက်အနက်ကြီးအထိ ဆင်းရှာတာ တောင် ဘာသဲလွန်းစမှ မတွေ့ခဲ့တာ မင်းလက်ချက်ကိုး။”
“ကျွန်တော်က ‘စကြာဝဠာပြောင်းလဲခြင်း နိယာမကိန်းဂဏန်း’ ပညာရပ်မှာ ကျွမ်းကျင် တယ်လေ။ အဲဒါက အသက်မဲ့ အနာဂတ်ကျမ်းထက်တောင် ပိုပြီး သာလွန်တယ်။ ဒါကြောင့် ကျွန်တော်က အရင်ဦးဆုံး သိရှိနိုင်တာဟာ ယုတ္တိရှိပါတယ်။ ‘ပြောင်းလဲခြင်းကျမ်း’ ဆိုတာ အလကား စကားသက်သက်ပဲလို့ အဖေ ထင်နေတာလား။” ဟုန်ရွှန်ကျိ၏ မျက်နှာ ပျက်သွားသည်ကို မြင်သောအခါ ဟုန်ယွိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းက ‘ပြောင်းလဲခြင်းကျမ်း’ ကို မင်းကိုယ်တိုင် ရေးတာလို့ ထင်နေတာလား။ မင်းက ‘ပြောင်းလဲခြင်းကျမ်း’ ရဲ့ စည်းမျဉ်းအရ မွေးဖွားလာသူ တစ်ယောက်သက်သက်ပါပဲ” ဟုန်ရွှန်ကျိ၏ လေသံမှာ ပိုမိုအေးစက်လာသည် “မန်ပိုင်ယွန်က မင်းကို ‘ဟုန်ယွိ’ လို့ နာမည်ပေးခဲ့တုန်းက ငါကတော့ သာမန်နာမည်တစ်ခုပဲ ထင်ခဲ့တာ။ ဒီနာမည်က ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာကို အရယူဖို့ မင်းကို ကူညီပေးလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။”
“အို... ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာကို ကျွန်တော်က အရယူမယ် ဟုတ်လား။ ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာကို ဘယ်သူမှ အရယူလို့ မရပါဘူး။ မြင့်မြတ်တဲ့သူက သာ အဲဒါကို ပိုင်ဆိုင်နိုင်တာပါ။” ဟုန်ယွိက ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ တုံ့ပြန်လိုက်သည် “အဖေကလည်း စာပေပညာရှင် တစ်ယောက်ပဲ လေ။ ဒါကို နားမလည်နိုင်ဘူးလား။ အဖေဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ဆိုပေမဲ့ အဲဒီ ‘ခြေတစ်လှမ်း’ က မိုင်ပေါင်းထောင် ချီတဲ့ အတားအဆီးတစ်ခုလိုပါပဲ။ အဲဒါကို ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”
ဟုန်ရွှန်ကျိနှင့် ဟုန်ယွိတို့၏ စကားများမှာ တည်ငြိမ်နေသကဲ့သို့ ရှိသော်လည်း သူတို့သည် တစ်ဦးနှင့်တစ်ဦး၏ တာအိုနှလုံးသားကို တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး၏ စိတ်ထဲတွင် ကျရှုံးခြင်း မျိုးစေ့များကို စိုက်ပျိုးရန် ကြိုးစားနေကြခြင်း ပင်။
ထိုအန္တရာယ်များမှာ ဘေးလူများ မသိနိုင်အောင် နက်နဲလှသည်။
“ငါ မကြာခင် ကျော်ဖြတ်နိုင်တော့မယ်။ အဲဒါက မနက်ဖြန် ဖြစ်နိုင်သလို၊ ဒီနေ့ ဒါမှမဟုတ် နောက်တစ်စက္ကန့်မှာလည်း ဖြစ်နိုင်တယ်။ အပြင်ဘက်က ဟင်းလင်းပြင်ကို ဖျက်ဆီးပြီး အတွင်းဘက်က အစစ်မှန် နတ်ဘုရားတွေရဲ့ အပ်စိုက်မှတ်တွေကို ဖွင့်လှစ်တာပဲ။ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ရဲ့ လျှို့ဝှက်ချက်ကို ငါ မသိဘူးလို့ မင်းထင်နေလား။ ‘အတွင်းအပြင် နှစ်ထပ်ကွမ်း ဖျက်ဆီးခြင်း’ ဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ပဲ။ အဲဒါက အတွင်းဘက်မှာ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေ ရှိနေပြီး အပြင်ဘက်မှာ အရေပြား ရဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာ။ ဒီအဆင့်ရဲ့နက်နဲမှုကို မင်း ဘယ်တော့မှ စိတ်ကူးကြည့်နိုင် မှာ မဟုတ်ဘူး” ဟုန်ရွှန်ကျိ၏ လေသံမှာ အေးစက်ရာမှ တည်ငြိမ်မှုသို့ ပြောင်းလဲသွား သည်။
“ဟင်”
ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်၏ လျှို့ဝှက်ချက်ကို ဟုန်ယွိသည် ‘ပြောင်းလဲခြင်းကျမ်း’ ကို အသုံးပြုကာ ကောင်းကင်အပြင်ပနယ်မြေ၏ ခေါင်းဆောင်နှင့် တိုက်ခိုက်ပြီးမှသာ တွက်ချက် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကောင်းကင်အပြင်ပနယ်မြေ၏ အမြင့် မြတ်ဆုံးသော လျှို့ဝှက်ချက် ဖြစ်သည်။ ဟုန်ရွှန်ကျိကလည်း ထိုအရာကို ထိုးထွင်းသိမြင် နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ဆိုတာ လူသားအင်မော်တယ် အထွတ်အထိပ် အဆင့် ထက် အဆပေါင်းရာချီ ပိုပြီး နက်နဲသလို ပိုပြီးတော့လည်း အစွမ်းထက်တယ်။ ငါက အဲဒီ အဆင့်ကို ခြေတစ်လှမ်း လှမ်းထားပြီးသားပဲ။ ငါက ခုန်းထက်တောင် ပိုပြီး ရှေ့ရောက်နေ ပြီ” ဟုန်ရွှန်ကျိက ထပ်မံ ပြောကြားလိုက်သည်။ သူ၏ လေသံတွင် အခြားတစ်ဖက်ကမ်းသို့ ကူးမြောက်ရန် ပြင်းထန်သော စိတ်ပိုင်းဖြတ်မှုများ ပါဝင်နေသည်။ ထို့အပြင် ရက်စက်မှု၊ အေးစက်မှုနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများလည်း အထင်အသား ပါဝင်နေလေသည်။
“အဲဒီလိုလား... အဲဒါက ‘ပြောင်းလဲခြင်းလမ်းစဉ်’ ရဲ့ ရှေ့မှာ ဘာတတ်မှာလဲ။” ဟုန်ယွိသည် ဟုန်ရွှန်ကျိကို ဟာသတစ်ခု ကြားရသည့်အလား ကြည့်လိုက်လေသည်။
“ဟွန့်၊ တခြားလူတွေက ‘ပြောင်းလဲခြင်းကျမ်း’ ကို ရတနာတစ်ခုလို သဘောထားကြပေမဲ့ ငါကတော့ အဲဒါကို မီးမွှေးတဲ့ ပစ္စည်းအဖြစ်ပဲ သုံးတယ်။”
ထိုအချိန်တွင် အေးစက်စက် မျက်နှာထားနှင့် မြင့်မြတ်သော အမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာသည်။ ၎င်းမှာ မဒမ်ကျောက်ပင် ဖြစ်သည်။ သူမ၏ လက်ထဲတွင် လိပ်ထား သော စာမူတစ်ခု ပါလာသည်။ ၎င်းမှာ ဟုန်ယွိ ကိုယ်တိုင် ရေးသားပြီး ‘လီနယ်စားကြီး’ မှ တစ်ဆင့် ပေးပို့ခဲ့သော ‘ပြောင်းလဲခြင်းကျမ်း’ လက်ရေးမူ ဖြစ်သည်။ မဒမ်ကျောက်သည် ထိုလက်ရေးမူကို ကိုင်ဆောင်ကာ တောက်လောင်နေသော မီးဖိုကြီးအတွင်းသို့ ပစ်ထည့် လိုက်လေသည်။
“သူတော်စင်တွေရဲ့ စကားဆိုတာ ဒီကမ္ဘာကြီးရဲ့ မဟာတာအိုပဲ။ အဲဒါက မီးနဲ့ ရှို့လို့ရနိုင်ပါ့ မလား။”
ဟုန်ယွိက မလှုပ်မယှက် ရှိနေသလို သူမကိုလည်း မတားဆီးခဲ့ပေ။ သို့သော် ‘ပြောင်းလဲခြင်းကျမ်း’ လက်ရေးမူမှာ မီးထဲသို့ ကျသွားသော်လည်း လောင်ကျွမ်းမသွားဘဲ မီးတောက်များပေါ်တွင် လွင့်ပျံနေကာ ကျမ်းစာလုံးများသည် မီးတောက်များအတွင်း စီးဆင်းနေပြီး ပိုမိုတောက်ပစွာပင် တောက်လောင်နေလေသည်။
“ယခုတစ်ကြိမ်မှာ ကျွန်တော် ကိုယ်တိုင် ‘ပြောင်းလဲခြင်းကျမ်း’ ကို ရေးသားပြီး လက်ဆောင်အဖြစ် ပေးပို့ခိုင်းခဲ့တာပါ။ အဲဒါက ဟုန်မျိုးနွယ်စုရဲ့ မိသားစုအမွေအနှစ်အဖြစ် ထားရှိဖို့နဲ့ မြို့စားအိမ်တော်ရဲ့ ကံကြမ္မာကို စောင့်ရှောက်ဖို့အတွက်ပဲ” ဟုန်ယွိက တည်ငြိမ် စွာ ပြောလိုက်သည် “ဒီ ‘ပြောင်းလဲခြင်းကျမ်း’ ဟာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ‘စကြဝဠာ ကျမ်းစာနှစ်စောင်’ ထက်တောင် မိသားစုအမွေအနှစ် ဖြစ်ဖို့ ပိုပြီး အရည်အချင်း ပြည့်မီပါ တယ်။ အဲဒီတုန်းက ခင်ဗျားတို့ရဲ့ ကျမ်းစာနှစ်စောင်က ပူးပေါင်းကြံစည်မှုတွေ အများကြီးနဲ့ ရယူခဲ့တာပဲ။ ဒီနေ့မှာတော့ ကျွန်တော်က ပိုပြီး နက်နဲတဲ့ ရတနာတစ်ခုကို ပေးပို့ခဲ့ပေမဲ့ ခင်ဗျားတို့က ငြင်းပယ်ခဲ့တယ်။ အဲဒါကို မီးရှို့ချင်ခဲ့တယ်။ ခင်ဗျားတို့ဟာ ကိုယ့်ရဲ့ ကံကြမ္မာ ကို ကိုယ်တိုင် ဖျက်ဆီးနေကြတာပဲ။”
အခန်း (၆၅၂)။
“ခင်ဗျားတို့ဟာ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် ဖျက်ဆီးနေကြတာပဲ...”
ဟုန်ယွိ၏ စကားများမှာ သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ခန်းမဆောင် တစ်ခုလုံးမှာ ချက်ချင်းပင် အလွန်အမင်း အေးစက်လှသော အငွေ့အသက်များ လွှမ်းခြုံ သွားခဲ့ပါသည်။ ဓားချင်း ရိုက်ခတ်သံများ၊ စစ်သည်တော် ထောင်သောင်းတို့၏ တိုက်ခိုက် သံများနှင့် သွေးချောင်းစီးနေသော စစ်မြေပြင်ကြီး တစ်ခု၏ ကြောက်မက်ဖွယ် အရှိန်အဝါ များသည် လှိုင်းလုံးကြီးများကဲ့သို့ တစ်ဟုန်ထိုး လှိမ့်တက်လာလေသည်။
မဒမ်ကျောက်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် ကိုယ့်ကိုယ် ကိုယ် ကာကွယ်ရန် ပြင်ဆင်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ် သော စွမ်းအားတစ်ခုမှာ ဟုန်ယွိ၏ ရုတ်တရက် တိုက်ခိုက်လာနိုင်မှုကို တားဆီးရန် အလို အလျောက် ပေါက်ကွဲထွက်လာခဲ့သည်။
“ဟွန်း”
သူမ၏ နောက်ကွယ်ရှိ အနီရောင်နှင့် အဖြူရောင် အရိပ်နှစ်ခုမှာ ရှေ့သို့ တိုးထွက်လာပြီး ဟုန်ယွိ၏ အတွေးစများကို ပိတ်ဆို့ရန် မှော်စွမ်းအား အကာအကွယ်တစ်ခုကို ထုတ်ဖော် လိုက်ကြသည်။
“မှော်နတ်ဘုရားနဲ့ သွေးနတ်ဘုရား၊ ခင်ဗျားတို့က ‘အနှစ်သာရ နတ်ဘုရားကျောင်း’ ရဲ့ နတ်ဘုရားတွေ ဖြစ်ပြီးတော့ မကုန်ဆုံးနိုင်တဲ့ ပူဇော်သက္ကာတွေကို ခံယူနေကြသူတွေ မဟုတ်လား။ အခုတော့ ခင်ဗျားတို့ကိုယ် ကိုယ့်ကိုယ်ကို ကျွန်အဖြစ် ရောင်းချပြီး အောက်ကျနောက်ကျခံကာ အသုံးတော်ခံနေကြတာလား။ ကိုယ့်ဂုဏ်သိက္ခာကို ဒီလောက် ထိ နှိမ့်ချနေတာ တကယ့်ကို သနားစရာကောင်းလိုက်တာ။”
မဒမ်ကျောက်၏ နောက်ကွယ်ရှိ အရိပ်များမှာ သွေးနတ်ဘုရားနှင့် မှော်နတ်ဘုရားတို့ ဖြစ်ကြောင်း မြင်သောအခါ ဟုန်ယွိက ခေါင်းယမ်းလိုက်သည်။ သူသည် လက်ကို လှမ်းလိုက်သော်လည်း သူဖမ်းဆွဲလိုက်သည်မှာ မဒမ်ကျောက် မဟုတ်ဘဲ မီးဖိုကြီးအတွင်း ၌ တောက်ပစွာ လောင်ကျွမ်းနေသော ‘ပြောင်းလဲခြင်းကျမ်း’ စာမူပင် ဖြစ်သည်။
“ဝူး”
အရှိန်အဝါ ပြင်းထန်လှသော အစစ်မှန် စွမ်းအင်များသည် မီးတောက်များအတွင်းသို့ တိုးဝင် သွားပြီး ပြိုင်ဘက်ကင်းသော ကျမ်းစာမူကို ရစ်ပတ်လိုက်လေသည်။
ဤကျမ်းစာမူကို မူလက စက္ကူပေါ်တွင် ရေးသားထားခြင်း ဖြစ်သဖြင့် မီးရှို့လိုက်သောအခါ မီးစွဲလောင်ပြီး ပြာဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းပေါ်တွင် ရေးထွင်းထားသော စာလုံးများမှာမူ ဟုန်ယွိ၏ ဉာဏ်ပညာနှင့် အနှစ်သာရများပင် ဖြစ်သည်။ ထိုစာလုံးများတွင် ဉာဏ်ပညာမီးလျှံများ ကိန်းအောင်းနေသည်။ စာလုံးတစ်လုံးချင်းစီမှာ အသက်ဝင် လှုပ်ရှား နေသဖြင့် မီးလောင်ကျွမ်းရန်မှာ မလွယ်ကူလှပေ။
ပညာရှင် သူတော်စင်ကြီးများ၏ လက်ရေးမူများမှာ ဤကဲ့သို့ပင် ဖြစ်ကြပါသည်။ အကယ် ၍ တစ်စုံတစ်ဦးက မိမိ၏ စိတ်စွမ်းအားကို အသုံးပြု၍ မီးရှို့ဖျက်ဆီးခြင်း မဟုတ်ပါက ၎င်းတို့ကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်ပေ။
“ဒီလက်ဆောင်ကို ကျွန်တော် အကြာကြီး ပြင်ဆင်ခဲ့ရတာ။ ကျွန်တော် ဒီလက်ဆောင်ကို နယ်စားကြီး လီယွမ်ဆီကနေတစ်ဆင့် ပေးပို့ခဲ့တာပါ။ ခင်ဗျားတို့က ဒါကို မလိုချင်ဘူးဆို ရင်တော့ ပြန်ယူသွားတာက ပိုကောင်းပါလိမ့်မယ်” ဟုန်ယွိ၏ အစစ်မှန် စွမ်းအင်များသည် စာမူကို ရစ်ပတ်ကာ ပြန်လည် ဆွဲယူရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ပြောလိုက်သည် “မယ်တော်ကြီး ကိုယ်တိုင်က ကျွန်တော့်ရဲ့ လက်ရေးမူကို တောင်းဆိုခဲ့ဖူး တယ်။ တော်ဝင်မိသားစုရဲ့ ကျင့်ဝတ်သီလ နိမ့်ကျလွန်းတာကြောင့် ကျွန်တော် မပေးခဲ့ဘူး။ အခုတော့ ဝူဝမ်မြို့စား အိမ်တော်ဟာလည်း ဒီစာအုပ်နဲ့ ထိုက်တန်မှု မရှိဘူးလို့ ကျွန်တော် ထင်မိတယ်”
“ဒါဆိုရင်ကော ဘာဖြစ်လဲ။” ဟုန်ရွှန်ကျိက ရုတ်တရက် စကားပြောလိုက်သည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်ချောင်းများကို တောက်လိုက်သည်။ “မင်းက ဒီကို ပေးပို့ပြီးပြီပဲ၊ ပြန်ယူသွားစရာ မလိုပါဘူး။ ဒီအခန်းထဲမှာ အပူချိန်က နည်းနည်း အေးနေ တာ၊ မင်းရဲ့ လက်ရေးမူကို သုံးပြီး အပူပေးတာကလည်း ကိစ္စမရှိပါဘူး။ မင်းက ငယ်ငယ် ကတည်းက ဒီအိမ်တော်မှာ နေလာတာ၊ သူတို့က မင်းကို ၁၅ နှစ်တိုင်တိုင် ကျွေးမွေး စောင့်ရှောက်ခဲ့ကြတာပဲ။ အခု မင်းဘက်က အနည်းငယ်လောက် ပြန်ပြီး အကျိုးပြုတာက ဘာမှားလို့လဲ။”
“ဒါ့အပြင် မင်းရဲ့ အဒေါ် လုပ်ချင်တဲ့ အရာကို ကျင့်ဝတ်အရ မင်းက နာခံရုံပဲ ရှိတယ်။ မင်းက အခု သူတော်စင်တစ်ဦး ဖြစ်နေပြီ ဆိုပေမဲ့ သူတော်စင်တွေဆိုတာလည်း သူတို့ မိဘတွေ ကျွေးမွေးလို့ ကြီးပြင်းလာရတာပဲ မဟုတ်ဘူးလား။”
ဘုန်း…၊ ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…
သာမန်မျက်စိတ်ဖြင့် မြင်တွေ့နိုင်သော စွမ်းအင်စီးကြောင်း ငါးခုမှာ ဟင်းလင်းပြင်အတွင်း ပေါ်ထွက်လာသည်။ ၎င်းတို့၏ အရောင်မှာ အစိမ်းရောင်လည်း မဟုတ်၊ အနက်ရောင် လည်း မဟုတ်၊ လျှို့ဝှက်ဆန်းကြယ်သလို ရှိသော်လည်း လျှို့ဝှက်ဆန်းကြယ်ခြင်းမျိုးလည်း ရှိမနေပြန်ပေ။ အဝါရောင်ဟု ထင်ရသော်လည်း အဝါရောင် မဟုတ်ပေ။ ထိုစွမ်းအင်များ သည် ‘ကောင်းကင်နတ်ဘုရားဒူးလေး မြှား’ ထက် ဆယ်ဆ ပိုမြန်ပြီး အဆပေါင်းရာချီ ပိုမို ထက်ရှသည်။ ၎င်းတို့သည် မီးဖိုပေါ်ရှိ ဟုန်ယွိ၏ အစစ်မှန် စွမ်းအင်ဆီသို့ ဦးတည်ကာ ‘ပြောင်းလဲခြင်းကျမ်း’ ကို မီးရှို့ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
“သူတော်စင်တွေဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေပဲ။ ဘုရင်က ပြည်သူကို မြက်ပင်လို မြင်ရင်၊ ပြည်သူကလည်း ဘုရင်ကို ရန်သူလိုပဲ မြင်မှာပဲ။ မကောင်းမှုကို အကောင်းနဲ့ တုံ့ပြန်ရမယ် ဟုတ်လား။ ဒါဆိုရင် အကောင်းကိုရော ဘာနဲ့ တုံ့ပြန်မှာလဲ။ မတရားမှုကို တရားမျှတမှုနဲ့ တုံ့ပြန်ရမယ်၊ ကောင်းမှုကိုတော့ ကောင်းမှုနဲ့ပဲ တုံ့ပြန်ရမယ်။ လူကြီးလူကောင်းတစ်ဦးရဲ့ ရန်ငြိုးဟာ မျိုးဆက်ပေါင်း ထောင်ချီအောင် တည်တံ့နေမှာပဲ။ ကျွန်တော်ဟာ ပညာရှင် သူတော်စင်တစ်ရာရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရသူပါ။ ဟုန်ရွှန်ကျိ... ခင်ဗျားမှာ ဘယ်လို ကျင့်ဝတ်သီလနဲ့ အရည်အချင်းရှိလို့လဲ။ ခင်ဗျားက စည်းမျဉ်းဉပဒေသကို ရှင်းပြချင်တာလား။ စည်းမျဉ်းဉပဒေသကို ရှင်းပြနိုင်တဲ့လူက ကျွန်တော် တစ်ယောက်တည်းပဲ ရှိတယ်။”
ပေါက်ကွဲထွက်လာသော စွမ်းအင်များကို ရင်ဆိုင်ရင်း ဟုန်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ချောင်းငါးချောင်းဖြင့် ဆွဲယူလိုက်သည်။ အနက်ရောင် စွမ်းအင်စီးကြောင်း ငါးခု မှာ ကမ္ဘရီယန်ချောက်နက်နှင့် ‘ကမ္ဘာဦးငရဲ’ တို့၏ အရှိန်အဝါများကို သယ်ဆောင်လာပြီး ဟုန်ရွှန်ကျိ၏ စွမ်းအင်စီးကြောင်း ငါးခုကို ခြေဖျက်လိုက်လေသည်။
ဖျစ်… ဖျစ်…၊ စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဗြောက်အိုးဖောက်သံကဲ့သို့ အသံ အသေးစားလေးများ ထွက်ပေါ်လာသည်။
ဟုန်ယွိ၏ သိုင်းပညာမှာ မဆိုးလှပေ၊ သူသည် ဟုန်ရွှန်ကျိ၏ ‘လက်ငါးချောင်း စစ်မှန်သော အငွေ့အသက်’ ကို ပိတ်ဆို့နိုင်ခဲ့သည်။ သူ၏ စကားလုံးများမှာ ပိုမို ထက်ရှလာပြီး ဟုန်ရွှန်ကျိတွင် စည်းမျဉ်းဉပဒေသကို ရှင်းပြရန် အခွင့်အရေး မရှိကြောင်း၊ သူကဲ့သို့သော သူတော်စင်ကသာ ကောင်းကင်နှင့် မြေကြီး၏ ဉပဒေသ၊ လူသားတို့၏ ဉပဒေသကို ရှင်းပြနိုင်ကြောင်း ထောက်ပြလိုက်သည်။
ဤစကားမျိုးမှာ အခြားသူတစ်ဦး၏ ပါးစပ်မှ ထွက်လာပါက မောက်မာသည်ဟု ထင်ရ သော်လည်း ဟုန်ယွိ၏ လက်ရှိ အဆင့်အတန်းနှင့် ဆိုပါက အလွန်ပင် သဘာဝကျလှသည်။ အမှန်စင်စစ် ဟုန်ယွိသည် ‘ပြောင်းလဲခြင်းကျမ်း’ အတွင်း၌ သဘာဝတရား၏ ဉပဒေသများ ကို ရှင်းပြပြီးသား ဖြစ်သည်။
“မောက်မာလိုက်တာ”
ဟုန်ယွိ၏ စကားကို ကြားသောအခါ ဟုန်ရွှန်ကျိ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲ သွားသည်။ သူသည် ငြိမ်သက်စွာ ထိုင်နေသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် များစွာမှာ ပြင်းထန်စွာ လှုပ်ရှားလာသည်။ ထိုအပ်စိုက်မှတ်များအတွင်းရှိ ဟင်းလင်းပြင်များတွင် သူလေ့ကျင့်ထားသော အစစ်မှန်စွမ်းအင်၊ မူလစွမ်းအင်နှင့် စွမ်းအင် အမြောက်အမြားမှာ ဆည်ကျိုးသကဲ့သို့ ပေါက်ကွဲထွက်လာပြီး အလွန်အမင်း သိပ်သည်း သော စွမ်းအင်များအဖြစ် သူ၏ လက်ချောင်းငါးချောင်းကြားတွင် စုစည်းသွားသည်။
သူက ဟုန်ယွိကို လှမ်း၍ ဖမ်းဆွဲလိုက်လေသည်။
“ဟင်၊ အပ်စိုက်မှတ် တစ်ထောင်ကျော်က တကယ့်ကို အစွမ်းထက်တာပဲ။ ဒါပေမဲ့ ဝမ်းနည်း စရာကောင်းတာက လျှို့ဝှက်အပ်စိုက်မှတ် ၁၀၀ ကျော်လောက် လေ့ကျင့်ဖို့ ကျန်နေသေး တာပဲ။ အဲဒါကိုတောင် ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ကို ရောက်ပြီလို့ ပြောတာ ရယ်စရာပဲ။”
ဟုန်ရွှန်ကျိ၏ စိတ်ဝိညာဉ်ရေးရာ စွမ်းအင်များ ထပ်မံ ပေါက်ကွဲလာပြီး ဟင်းလင်းပြင်ကို ဖြတ်တောက်ကာ ချွန်ထက်လှသော မျဉ်းကြောင်းများအဖြစ် ထွက်ပေါ်လာသည်ကို ရင်ဆိုင်နေရသော်လည်း ဟုန်ယွိမှာ တုန်လှုပ်ခြင်း မရှိပေ။ ထိုအစား သူက ဝမ်းသာသွားခဲ့ သည်။
အကြောင်းမှာ ယနေ့တွင် ဟုန်ရွှန်ကျိနှင့် ထပ်မံ တိုက်ခိုက်ရသည့်အတွက် သူသည် အပ်စိုက်မှတ်များ၏ လျှို့ဝှက်ချက်များစွာကို မြင်တွေ့ခွင့် ရလိုက်သောကြောင့် ဖြစ်သည်။
သူ၏ ‘ပြောင်းလဲခြင်းကျမ်း’ ကျင့်စဉ်မှာ ‘ရှန်းထျန်ရီ’ စကြာဝဠာပြောင်းလဲခြင်း နိယာမ ကိန်းဂဏန်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် မည်သူမျှ သူ့ထက် ပို၍ အစွမ်းမထက်နိုင်ပေ။ ‘အသက်မဲ့အနာဂတ်ကျမ်း’ ပင်လျှင် ‘ပြောင်းလဲခြင်းကျမ်း’ ၏ ဆယ်ပုံတစ်ပုံကိုပင် မမှီနိုင်ချေ။
တစ်ကမ္ဘာလုံးတွင် ဟုန်ယွိ တစ်ဦးတည်းသာ ဤကဲ့သို့ ကြောက်မက်ဖွယ် အရည်အချင်းကို ပိုင်ဆိုင်ထားသည်။ တစ်စုံတစ်ဦးနှင့် တစ်ကြိမ်မျှ တိုက်ခိုက်ရုံဖြင့် ထိုသူ၏ နောက်ဆုံးပိတ် အကွက်ကို တွက်ချက်ဖော်ထုတ်နိုင်ခြင်းပင်။
“ကမ္ဘာဦး၊ ဆိတ်သုဉ်းခြင်း၊ ပျက်သုဉ်းခြင်း၊”
ဟုန်ရွှန်ကျိ၏ ဖမ်းဆွဲမှုကို ရင်ဆိုင်ရင်း ဟုန်ယွိမှာ လုံးဝ မလှုပ်မယှက် ရှိနေသည်။ သူသည် ‘ကောင်းကင်အပြင်ပနယ်မြေ’ ‘ဖန်ကြယ်ကမ္ဘာ၏ နတ်ဘုရားလက်သီး’ သုံးမျိုးကို အသုံးပြု အသုံးပြု၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ဘုန်း..
နောက်ထပ် ပေါက်ကွဲသံ အသေးစားလေးတစ်ခု ထွက်ပေါ်လာပြန်သည်။ နှစ်ဦးသား၏ အစစ်မှန် စွမ်းအင်နှင့် သိုင်းဆန္ဒများမှာ ထိပ်တိုက်တွေ့ဆုံပြီး ဟင်းလင်းပြင်အတွင်း ရစ်ပတ်နေကာ ပေါက်ကွဲသွားသည်။ ထိုအသံမှာ ကြိမ်လုံးနှင့် ရိုက်လိုက်သကဲ့သို့ ရှိသော် လည်း ဟင်းလင်းပြင်၏ အလွှာပေါင်း မည်မျှ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်ကို မည်သူ မျှ မသိနိုင်ပေ။
သူတို့ တိုက်ခိုက်နေကြသော်လည်း ဟုန်ယွိနှင့် ဟုန်ရွှန်ကျိတို့သည် အသေအလဲ တိုက်ခိုက် နေကြခြင်း မဟုတ်ပေ။ ယခုအချိန်မှာ အသေအလဲ တိုက်ခိုက်ရမည့် အချိန်မဟုတ်သေးဘဲ သူတို့၏ စိတ်ထဲရှိ နာကျည်းချက်များကို ထုတ်ဖော်ရန်နှင့် တစ်ဦးကိုတစ်ဦး စမ်းသပ်ရန် သာ ဖြစ်သည်။
“ဒါက ဘာလက်သီးသိုင်းလဲ”
ဟုန်ရွှန်ကျိ၏ ကျောမှာ ချက်ချင်းပင် မတ်သွားသည်။ သူသည် ဟုန်ယွိ၏ ‘ဆိတ်သုဉ်းခြင်း သုံးမျိုး နတ်ဘုရားလက်သီး’ ကို တစ်ခါမျှ မမြင်ဖူးသလို မကြားလည်း မကြားဖူးပေ။ သိုင်းပညာပေါင်း သောင်းခြောက်ထောင်ကို သိရှိထားသော သူ၏ ဗဟုသုတနှင့်ပင် ဤသိုင်းပညာ၏ အနှစ်သာရကို သူ မမြင်နိုင်ချေ။
“ဒါက ဆိတ်သုဉ်းခြင်းသုံးမျိုး နတ်ဘုရားလက်သီးပဲ၊ ကောင်းကင်အပြင်ပနယ်မြေရဲ့ ဗဟို ကမ္ဘာက ပြိုင်ဘက်ကင်း သိုင်းပညာပေါ့။” ဟုန်ယွိက ဘာမှ ဖုံးကွယ်မထားဘဲ တုန်လှုပ်စ ရာ စကားများကို ပြောလိုက်သည် “ဘာလို့လဲ…၊ အဖေ သင်ချင်တယ်ဆိုရင် ကျွန်တော် သင်ပေးလို့ ရပါတယ်။”
“ဟွန်း..၊ မင်းရဲ့ သိုင်းလမ်းစဉ်ဆိုတာ တခြားသူတွေဆီကနေ ကူးချထားတာထက် မပိုပါ ဘူး။ ဒီနေ့မှာတော့ ငါ့ရဲ့စစ်မှန်တဲ့ သိုင်းလမ်းစဉ် ဖြစ်တဲ့ ‘ကောင်းကင်ဘုံသံစဉ်’၊ ‘ကောင်းကင်ဘုံ နတ်ဘုရားစာလုံး’ ကို မင်းကို ပြရမှာပဲ။ မင်းရဲ့ သိုင်းတာအိုအပေါ် နားလည်မှုက ဘယ်လောက်တောင် အပေါ်ယံဆန်လဲဆိုတာ ငါ မင်းကို ပြမယ်။”
ဟုန်ရွှန်ကျိသည် သူ၏ကျောကို ပို၍ ပို၍ မတ်လိုက်ရာ ကောင်းကင်ကြီး တစ်ခုလုံးကို ထမ်းထားသကဲ့သို့ ရှိနေသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ကို ပြင်းပြင်းထန်ထန် နောက်သို့ ဆွဲယူပြီး ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ချောင်းငါးချောင်းမှာလည်း အဆက်မပြတ် လှုပ်ရှားနေလေသည်။
ဟုန်ရွှန်ကျိ၏ လက်ချောင်းငါးချောင်းမှာ ပုလွေမှုတ်နေသကဲ့သို့ သို့မဟုတ် စောင်းတီးနေ သကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေသည်။ သူ၏ လက်ချောင်းများ တုန်ခါနေခြင်းမှာ အလွန်ပင် ခန့်ညားပြီး ကောင်းကင်ဘုံ၏ စည်းမျဉ်းများ၏ ထူးခြားသော အကျိုး သက်ရောက်မှုများနှင့် ပြည့်နှက်နေသည်။ ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်အတွင်း၌ မမြင်နိုင်သော တူရိယာတစ်ခု ပေါ်လာသကဲ့သို့ ရှိနေသည်။ ဟုန်ရွှန်ကျိသည် ထိုတူရိယာကို ခန့်ညားစွာ တီးခတ်နေပြီး ဂီတသံစဉ်သင်္ကေတများနှင့် စကားလုံးများကို ထုတ်ဖော်နေလေ သည်။
၎င်းမှာ ဂီတသင်္ကေတများနှင့် စာလုံးများ၏ ပေါင်းစပ်မှုပင် ဖြစ်ပြီး တစ်ခုချင်းစီမှာ လုံးဝန်း ပြည့်စုံနေသည်။ အချို့သော စာလုံးများမှာ လွှာသွားသဖွယ် ဆူးထောင့်များပါရှိပြီး မှော်ဘီးချပ် အသေးစားလေးများနှင့် တူညီနေသည်။ အရွယ်အစားမျိုးစုံရှိသော မှော်ဘီးချပ် များသည် ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းစေသော ကျမ်းစာများ၊ နတ်ဘုရားတို့၏ ထွင်းထုချက်များအဖြစ် စီးဆင်းနေကြသည်။ ထိုထူးဆန်းလှသော မှော်သင်္ကေတ စာသား များသည် ဂီတသံစဉ်သင်္ကေတကဲ့သို့ ရှိသော်လည်း ဂီတသံစဉ်သင်္ကေတ မဟုတ်သလို၊ စာလုံးများကဲ့သို့ ရှိသော်လည်း စာလုံးများမဟုတ်ဘဲ ဟုန်ယွိကို ဝိုင်းရံပိတ်ဆို့လိုက်လေ သည်။
“ဒါက ငါကိုယ်တိုင် ဖန်တီးထားတဲ့ စာသားပဲ။ ‘ကောင်းကင်ဘုံ သေမင်းဘီး’ ကို အခြေခံ ထားတာ။ ဒီစာလုံးကို ‘ကောင်းကင်ဘုံ နတ်ဘုရားစာလုံး’ လို့ ခေါ်တယ်။ ကောင်းကင်ဘုံက နတ်ဘုရားတွေမှာ ကိုယ်ပိုင်စာလုံး မရှိကြဘူး၊ ဒါကြောင့် ငါက သူတို့အတွက် ဖန်တီးပေး လိုက်တာ။ သူတို့မှာ ကိုယ်ပိုင်ဂီတ မရှိဘူး၊ ဒါကြောင့် ငါက သူတို့အတွက် ဖန်တီးပေးလိုက် တာ။”
ဟုန်ရွှန်ကျိက ပြောလိုက်သည်နှင့်အမျှ သူ၏ အရှိန်အဝါမှာလည်း ပိုမိုမြင့်မားလာခဲ့သည်။
“ဟင်”
မှေးစပ်ထားသော ဟုန်ယွိ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာပြီး ထိုစာသားများကို စိုက်ကြည့်လိုက်သည်။ ၎င်းမှာ ဟုန်ရွှန်ကျိ ကိုယ်တိုင် ဖန်တီးထားသော စာသားများ ဖြစ်ကြောင်းနှင့် ယဉ်ကျေးမှုတစ်ခုကို တည်ထောင်ခြင်း၏ နက်နဲလှသော အဓိပ္ပာယ်များ ပါဝင်နေကြောင်း သူ ခံစားလိုက်ရသည်။ ၎င်းမှာ ရှေးဟောင်း ပညာရှင် သူတော်စင်ကြီး များက စာသားများကို ဖန်တီးခဲ့စဉ်က ကောင်းကင်မှ သွေးမိုးများ ရွာချပြီး သရဲတစ္ဆေများ ညစဉ် ငိုကြွေးခဲ့ရခြင်းနှင့် တူညီနေသည်။ သရဲတစ္ဆေများနှင့် နတ်ဘုရားများသည် လူသား တို့ စကားလုံးများ၏ ဉာဏ်ပညာကို ပိုင်ဆိုင်ပြီး ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးသွား မည်ကို မလိုလားကြပေ။
ဤ ‘ကောင်းကင်ဘုံ နတ်ဘုရားစာလုံး’ မှာ ခေတ်တစ်ခုကိုပင် ပိုင်းခြားနိုင်လောက်အောင် စွမ်းအားကြီးလှသည်။ ထိုတိုက်ခိုက်မှုမှာ ဒီရေလှိုင်းကြီးများကဲ့သို့ တစ်ဟုန်ထိုး လှိမ့်တက် လာလေသည်။
“ကောင်နှင့်ဟွမ် အပ်စိုက်မှတ် ဆိုတာ လူသားခန္ဓာကိုယ်ရဲ့ နောက်ဆုံး အပ်စိုက်မှတ်ပဲ။ ကောင်းကင်မှာ သူ့သက်တမ်းသူ ရှိသလို၊ မြေကြီးမှာလည်း သူ့သက်တမ်းသူ ရှိတယ်၊ လူသားတွေမှာလည်း သူ့သက်တမ်းသူ ရှိတယ်၊ ကောင်းကင်နဲ့ မြေကြီးကတော့ သူ့သက်တမ်းကို မျှဝေခံစားကြတယ်။”
ဟုန်ရွှန်ကျိ၏ ရုတ်တရက် ထုတ်ဖော်လိုက်သော လျှို့ဝှက်ချက် လက်နက်ကို ရင်ဆိုင်ရ သော်လည်း ဟုန်ယွိမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ ထိုအစား သူသည် မကြာသေးမီကမှ နားလည်သဘောပေါက်ခဲ့သော ‘ကောင်းကင်နှင့် မြေကြီး အတူရှင်သန် ခြင်း’ ဟူသော ပြိုင်ဘက်ကင်း ပညာရပ်ကို အသုံးပြုလိုက်လေသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်များစွာ၊ အထူးသဖြင့် သိပ်သည်းလှသော ကောင်နှင့် ဟွမ် အပ်စိုက်မှတ်များသည် အဆက်မပြတ် တုန်ခါနေပြီး ပြင်းထန်ကာ လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ အစစ်မှန်စွမ်းအင် အမျိုစား ရာပေါင်းများစွာမှာ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ဟုန်ယွိ၏လက်မှ ရုတ်တရက် ပေါက်ကွဲထွက်လာလေသည်။
ချီ... ချီ... ချီ...
မရေမတွက်နိုင်သော အစစ်မှန် စွမ်းအင်များသည် ရွှေချည်မျှင်များကဲ့သို့ သိပ်သည်းနေပြီး နွေဦးညမှ မိုးစက်များကဲ့သို့ ဟုန်ရွှန်ကျိ၏ စာသားများဆီသို့ ဦးတည်ကာ ပစ်လွှတ်လိုက် သည်။ တစ်ခဏအတွင်းမှာပင် ‘ကောင်းကင်နှင့်မြေကြီး၏ အတူရှင်သန်ခြင်း’ မှ ပြင်းထန် သော အစစ်မှန်စွမ်းအင်များသည် ဟုန်ရွှန်ကျိ ဖန်တီးထားသော ‘ကောင်းကင်ဘုံ၏ နတ်ဘုရားစာလုံး’ များကို လုံးဝ ခြေဖျက်လိုက်လေသည်။ ထိုပြင်းထန်လှသော စွမ်းအားမှာ အားနည်းမသွားဘဲ ဟုန်ရွှန်ကျိဆီသို့ပင် ပြင်းထန်စွာ ပြန်လည် တိုက်ခိုက်လိုက်ပြီး သူ၏ သိုင်းဆန္ဒ အားလုံးကို ဖြတ်တောက်လိုက်ကာ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်လေသည်။ ထိုအခါ ဟုန်ရွှန်ကျိ၏ တစ်ကိုယ်လုံးမှာ ကောင်းကင်နှင့် မြေကြီး တို့နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး လုံးဝ အထီးကျန်သွားခဲ့ရသည်။
ထို့အပြင် ဟုန်ယွိ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအား အတွေးစများအောက်တွင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် အားလုံးမှာ နိုးကြားလာပြီး အတွင်းရှိ စွမ်းအားများမှာ ရူးသွပ်စွာ သောင်းကျန်းလာကြသည်။ ၎င်းမှာ တရားမျှတခြင်း အလံကို စိုက်ထောင်လိုက်သကဲ့သို့ ဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကို ဆန့်ကျင်နေသကဲ့သို့ ရှိနေတော့ သည်။
ဤအချိန်၌ ဟုန်ယွိအတွက် မည်သည့် အတားအဆီးမျှ မရှိတော့ပေ။ သူသည် လှုပ်ရှား လိုက်ပြီး တောက်လောင်နေသော ‘ပြောင်းလဲခြင်းကျမ်း’ စာမူကို သူ၏ လက်ထဲသို့ အပြည့် အဝ ဖမ်းဆွဲယူလိုက်လေသည်။
“ဟွန်း”
ထိုခဏ၌ မဒမ်ကျောက်က ရုတ်တရက် တိုက်ခိုက်လာသည်။ သူမသည် လက်ကို ဝှေ့ယမ်း လိုက်ရာ သန်းပေါင်းများစွာသော ရွှေရောင်နှင့် ငွေရောင် အလင်းတန်းများ၊ အပ်ချည်များ နှင့် အလင်းတန်းများသည် ဟုန်ယွိဆီသို့ ဦးတည်ကာ ပစ်လွှတ်လိုက်လေသည်။
“ကမ္ဘာဦးခေတ် ပျက်သုဉ်းခြင်း နတ်ဘုရားအပ်လား။”
ဟုန်ယွိက ထိုမှော်ရတနာကို ကြည့်လိုက်သည်။ ၎င်းမှာ အလွန်ပင် ရက်စက်လှသော မှော်ရတနာ တစ်ခုဖြစ်ပြီး ရှေးဦးခေတ်တွင်သာ သန့်စင်နိုင်သော အရာဖြစ်သည်။
သို့သော်လည်း သူသည် ဤမှော်ရတနာကို အဘယ်ကြောင့် ကြောက်ရွံ့နေပါမည်နည်း။
သူသည် လက်ကို မြှောက်လိုက်ပြီး ထပ်မံ၍ ဖမ်းဆွဲလိုက်ပြန်သည်။
“ချီဝိညာဉ်ဝဲဂယက်”
ဝဲဂယက်တစ်ခုမှာ ဘာမှမရှိသောနေရာမှ ပေါ်ထွက်လာပြီး အပ်များအားလုံးကို အတွင်းသို့ စုပ်ယူလိုက်လေသည်။ စိ... စိ... စိ... နောက်ဆုံးတွင် ထိုအပ်များ အားလုံးမှာ ငါးရောင်ခြယ် အပ်ကလေးများအဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ လက်ဖဝါးအလယ်တွင် ရပ်တန့်သွား သည်။ ၎င်းတို့မှာ အသက်ဝင်နေသကဲ့သို့ ခုန်ပေါက်နေကြသော်လည်း မည်သို့ပင် ကြိုးစား စေကာမူ ဟုန်ယွိ၏ လက်ဖဝါးအတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။
မဒမ်ကျောက်၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားသည်။ သူမက လက်ကို လှုပ်ရှားလိုက်ပြီး အခြားသော မှော်ရတနာတစ်ခုကို ထုတ်ယူရန် ပြင်လိုက်ကာ “ကောင်စုတ်လေး” ဟု ဆဲရေးလိုက်သည်။
“ဟင်”
မဒမ်ကျောက်က ‘ကောင်စုတ်လေး’ ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ယွိ၏ အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားသည်ကို သူမ ခံစားလိုက်ရသည်။ အေးစက်လှသော မျက်လုံးတစ်စုံမှာ သူမကို စိုက်ကြည့်လာပြီး တစ်ချိန်တည်းမှာပင် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
ဘုန်း… ဘုန်း… ဘုန်း…
မဒမ်ကျောက်သည် ဟုန်ယွိ၏ လက်ဖဝါးမှာ သူမ၏ မျက်စိရှေ့တွင် ကြီးထွားလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ပြည့်နှက်သွား သည်ဟု ခံစားလိုက်ရသည်။ သူမ၏ စိတ်အာရုံများမှာ ပိတ်ဆို့ခံလိုက်ရပြီး လုံးဝ မလှုပ်ရှား နိုင်တော့ပေ။ သူမ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးမှ ပြင်းထန်လှသော ကြောက်ရွံ့မှုများမှာ မြင့်တက်လာသည်။ ကောင်းကင်ကြီးမှာ ပြိုကျနေပြီး မြေကြီးမှာလည်း အက်ကွဲနေသကဲ့ သို့ ရှိသည်။ နေရာတိုင်းမှာ ပြိုလဲပျက်စီးနေပြီး ၎င်းမှာ ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေသ ကဲ့သို့ပင်။
သူမ၏နောက်ကွယ်မှ မှော်နတ်ဘုရားနှင့် သွေးနတ်ဘုရားတို့မှာလည်း ထိတ်လန့်တုန်လှုပ် သွားကြပြီး မလှုပ်မယှက် ရှိနေကြတော့သည်။
“ဖျက်ဆီးစမ်း”
ဤမျှော်လင့်ချက် ကင်းမဲ့နေသော အချိန်တွင် ဟုန်ရွှန်ကျိ၏ အသံမှာ ထပ်မံ ထွက်ပေါ်လာ သည်။ မဒမ်ကျောက်သည် ဟုန်ယွိ၏ လက်ဖဝါးရှေ့တွင် ကြီးမားလှသော ‘မှော်ဘီးချပ်’ တစ်ခု ပေါ်လာပြီး ၎င်းကို ပြင်းထန်စွာ ထိုးဖောက်သွားသည်ကို မြင်လိုက်ရသည်။ ထိုအခါမှ သာ ကောင်းကင်နှင့် မြေကြီးမှာ မူလအတိုင်း ပြန်လည် ဖြစ်သွားခဲ့သည်။
ဟုန်ယွိမှာ မလှုပ်မယှက် ရှိနေပြီး အရာအားလုံးမှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုကဲ့သို့ပင်။
ဟုန်ရွှန်ကျိ ထိုင်နေသော ကုလားထိုင်မှာမူ ‘ဂျောက်’ ကနဲ အသံတစ်ခု ထွက်ပေါ် လာပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။
“ဟုန်ယွိ... မင်းက ဒီလောက်တောင် ရက်စက်ဝံ့တာလား” ဟုန်ရွှန်ကျိက အေးစက်စွာ မေးလိုက်သည်။
“ဒါက စိတ်ဝိညာဉ် မုန်တိုင်းတစ်ခု သက်သက်ပါပဲ။ မဒမ်ကျောက်... ခင်ဗျား တစ်ခု သိထားဖို့က ကျွန်တော် ဟုန်ယွိဆိုတာ လွန်ခဲ့တဲ့ ငါးနှစ်က ဟုန်ယွိ မဟုတ်တော့ဘူး။ အခု အချိန်မှာ ကျွန်တော် ခင်ဗျားကို သတ်ချင်တယ်ဆိုရင် လက်ဖဝါးကို လှန်လိုက်သလို လွယ်လွယ်လေးပဲ။ ဟုန်ရွှန်ကျိကိုယ်တိုင်တောင် ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း လုပ်ကြည့်လေ။” မဒမ်ကျောက်၏ လေသံမှာ ပိုမို အေးစက်လာသည် “အပြင်မှာ လူတွေ အများကြီး ရှိနေတာ၊ မင်းရဲ့ ဂုဏ်သတင်းက ဘာဖြစ်သွားမလဲ။ အဲဒါက မင်းကို ချည်နှောင်ထားလိမ့်မယ်။ ဟားဟား။ ဒီဂုဏ်သတင်းကြောင့်ပဲ မင်း ငါ့ကို ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး။”
“တရားမျှတမှုရဲ့ နာမည်နဲ့ ခင်ဗျားတို့ တစ်မိသားစုလုံးကို ကျွန်တော် အမြစ်ပြတ် သုတ်သင် ပစ်မှာပါ” ဟုန်ယွိက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ကျောက်မျိုးနွယ်စုလည်း ဒီလိုပဲ ဖြစ်လာလိမ့်မယ်၊ ဟုန်မျိုးနွယ်စုလည်း ဒီလိုပဲ ဖြစ်လာမှာပါ။”
ပြောဆိုလိုက်ပြီးနောက် ဟုန်ယွိက ထရပ်လိုက်ပြီး ဟုန်ရွှန်ကျိကို ပြောလိုက်သည် “အဖေ... ဒီနေ့ စမ်းသပ်ပွဲလေးမှာတော့ ကျွန်တော်က အနည်းငယ် အသာစီးရပြီး အနိုင်ရ သွားခဲ့ပြီ ထင်တယ်။ အနည်းဆုံးတော့ အဖေ ထိုင်နေတဲ့ ကုလားထိုင်ကတော့ အမှုန့်ဖြစ် သွားခဲ့ပြီလေ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ တကယ် ယှဉ်ပြိုင်ကြတဲ့အခါကျရင်တော့ ဒီနေ့ထက် ပိုပြီးတော့ ပြင်းထန်လိမ့်မယ်။”
ဟုန်ယွိက ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ရွှန်ကျိ ထိုင်နေသော ကုလားထိုင်မှာ မည်သည့်အသံမျှ မထွက်ဘဲ အလိုအလျောက် အမှုန့်ဖြစ်သွားခဲ့လေသည်။
ဟုန်ယွိကမူ ခန်းမဆောင်အတွင်းမှ အေးဆေးစွာ လမ်းလျှောက် ထွက်ခွာသွားလေတော့ သည်။