← Chapters

အခန်း (၆၆၅-၆၆၆)

Vol. 64 Ch. 665-666

အခန်း (၆၆၅-၆၆၆)

Vol. 64 Ch. 665-666

အခန်း (၆၆၅)။

ဟုန်ယွိသည် နောက်ဆုံးတွင် မုန့်ရှန်းကျီ၏ စစ်မှန်သော စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီ။ ဤ တိုင်ရှန်တာအိုဂိုဏ်းချုပ်ကြီးသည် နှစ်ပေါင်း ၂၀ တိုင်အောင် ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့ကို လာပြီး ပြဿနာမရှာခဲ့သည့် အကြောင်းအရင်းကိုလည်း သူ သိရှိနားလည်သွားခဲ့ပြီ။ ထိုအချိန် အတောအတွင်း သူသည် နည်းစနစ်များကို ဆင်ခြင်သုံးသပ်ပြီး တာအိုကျင့်စဉ် များကို ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

ဟုန်ယွိသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ နတ်ဘုရားစွမ်းရည်နှင့် ညီမျှသော သူ၏ နောက်ဆုံးတိုက်ကွက်ဖြစ်သည့် သူ၏ရုပ်ခန္ဓာစွမ်းအား ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ ကို အသုံးပြုသောအခါ၊ ထိုစွမ်းအားမှာ ထာဝရအလင်းတန်းကို ဆုတ်ဖြဲပြီး မုန့်ရှန်းကျီကို တိုက်ခိုက်ခဲ့သည်။ မုန့်ရှန်းကျီက သူ၏ရုပ်ခန္ဓာကို အသုံးပြု၍ ထိုလက်သည်းချက်ကို အတင်းကျပ် ခုခံလိုက်ရာတွင်၊ တဟုန်ထိုး မြင့်တက်လာသော စွမ်းအားများကြောင့် သူပင် လွင့်စင်သွားခဲ့ရသည်။ သူ၏ သွေးစွမ်းအားများမှာ မတည်မငြိမ် ဖြစ်သွားရပြီး ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်များ အားလုံးမှာလည်း ပေါက်ကွဲထွက်တော့မည့် အလား ခံစားလိုက်ရ၏။ ဤမုန့်ရှန်းကျီသည်လည်း သူ့နည်းတူပင် သူ၏ ရုပ်ခန္ဓာကိုယ်ကို ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ နယ်ပယ်ရောက်သည်အထိ ကျင့်ကြံထားကြောင်း ဟုန်ယွိ သိလိုက်ရသည်။

သူသည် နှစ်ပေါင်း တစ်သောင်းမှ တစ်ကြိမ်သာ ပေါ်ထွန်းတတ်သည့် နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား၏ အကူအညီဖြင့်သာ ဤ ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားတစ်ဦး၏ ခန္ဓာကိုယ်သက်သက်ဖြင့် ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။ ယခုအခါ ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်မှာ အင်မော်တယ် ကျောက်စာတိုင်၏ အစောင့်အရှောက်အောက်တွင် ကျင့်ကြံ နေပြီး နဂါးစွယ်ဆန်၏ အာဟာရကို ရရှိနေသော်လည်း လူသားအင်မော်တယ် ကနဦး အဆင့်သာ ရှိပါသေးသည်။ သူသည် အလယ်အလတ် လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိရန် နီးစပ်နေသော်လည်း အထွတ်အထိပ် လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိရန်မှာပင် မဖြစ်နိုင်သေးပေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် လူသားတစ်ဦး၏ ခန္ဓာကိုယ်သည်၊ အထူးသဖြင့် တာအို ကျင့်စဉ်များကို ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်သည် သဘာဝအရ လိုအပ်ချက်များ ရှိနေ ကြောင်း ကောက်ချက်ချနိုင်ပေသည်။ တစ်ဦးတစ်ယောက်အနေဖြင့် အထွတ်အထိပ် လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိရန်မှာပင် အလွန်တရာခက်ခဲလှရာ၊ သိုင်းဆန္ဒကို အထည်ကိုယ်ဒြပ်အသွင် စုစည်းခြင်းနှင့် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ အဆင့်သို့ ဆက်လက် တက်လှမ်းရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

ခုန်းပင်လျှင် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ အဆင့်သို့ မရောက်ရှိခဲ့ရာ အခြား လူများအတွက် ဆိုဖွယ်ရာ မရှိတော့ပေ။

သို့သော် သူ၏ရှေ့မှ မုန့်ရှန်းကျီမှာမူ “နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား” မဟုတ်သလို၊ ရုပ်ခန္ဓာသက်သက်ကို အာရုံစိုက်ကျင့်ကြံသူလည်း မဟုတ်ပေ။ ယင်းအစား သူသည် စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကို သီးခြားစီ ကျင့်ကြံခဲ့သော်လည်း သူ၏ ရုပ်ခန္ဓာကို ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ နယ်ပယ်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့လေ သည်။

ဟုန်ယွိသည် သူ မည်သို့ကျင့်ကြံခဲ့သည်ကို မသိရှိသလို နားလည်း မလည်နိုင်ပေ။ သို့သော် သူ၏ လက်ရှိအင်အားဖြင့် မုန့်ရှန်းကျီကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်ကြောင်း သူ ဝန်ခံ လိုက်ရသည်။ ရှုံးနိမ့်ခြင်းမရှိဘဲ တောင့်ခံထားနိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။ မှန်ပါသည်၊ မုန့်ရှန်းကျီကလည်း သူ့ကို မသတ်နိုင်ပေ။

ထို့ကြောင့် ဟုန်ယွိသည် အသည်းအသန် အခြေအနေထဲမှ စွန့်စားရန် ဆုံးဖြတ်လိုက်ပြီး၊ တိုက်ပွဲအတွင်းမှာပင် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို တိုက်ရိုက် ဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်ပါသည်။ သူ့စွမ်းအားများ စုဆောင်းပြီးမှသာ မုန့်ရှန်းကျီကို ထပ်မံ ရင်ဆိုင်မည် ဖြစ်သည်။ အနည်းဆုံးတော့ သူသည် လက်ရည်တူ တိုက်ခိုက်နိုင်မည် ဖြစ်သည်။

လက်ရည်မတူ၍ အသာစီးမရခဲ့လျှင်ပင် ပြိုင်ဘက်၏ ဒဏ်ရာပေးပြီး မောင်းထုတ်ခြင်းမျိုး ကိုတော့ သူ ခွင့်မပြုနိုင်ပေ။

မုန့်ရှန်းကျီသည် သူ၏ တာအိုကျင့်စဉ်ဖြင့် မိုးကြိုးကပ်ဘေး ကိုးကြိမ်ကို ဖြတ်ကျော်ထားသူ ဖြစ်သည်။ သူ၏ သွေးသားများမှာ ပြန်လည်မွေးဖွားခြင်း ခံယူထားပြီး ဖြစ်သည်။ သူသည် နတ်ဘုရားလက်နက်တို့၏ဘုရင်၊ ဘုရင်တို့၏ ဘုရင်ဖြစ်သည့် ထာဝရနိုင်ငံတော်ကို ပိုင်ဆိုင်ထားသည်။ သူသည် ဤလောက၏ ဘုရင်ဖြစ်ကာ လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး၊ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသည်။ သို့သော် ယနေ့တွင် ဟုန်ယွိသည် သူ၏ စွမ်းအားကို စိန်ခေါ်လိုပေသည်။

“ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားပြီး၊ သူ့ခန္ဓာကိုယ်က ‘သွေးတစ်စက် မှ ပြန်လည်မွေးဖွားခြင်း’ အဆင့်အထိ သန့်စင်ပြီးသား ဖြစ်နေပြီ။ မုန့်ရှန်းကျီလို စွမ်းအားနဲ့ ဆိုရင် သူကိုယ်သူ ယန်နတ်ဘုရားတစ်ပါး ဧကန်အမှန် ဖြစ်လာနိုင်မယ်လို့ ပြောရဲတာ မဆန်းတော့ဘူး။ သူက တကယ်ကိုယ် အစွမ်းထက်လွန်းတယ်။ အစွမ်းထက်လွန်းတယ်။ ဒါပေမဲ့ သူ ဘာလို့ ယန်နတ်ဘုရား မဖြစ်သေးတာလဲ။ သူ ဘာတွေ လိုအပ်နေတာလဲ။ ယန်နတ်ဘုရားနယ်ပယ်... ငါ အရင်က ထင်ခဲ့တာက ငါ့ရုပ်ခန္ဓာကိုယ်ကို လူသား အင်မော်တယ် နယ်ပယ်အထိ ကျင့်ကြံပြီး၊ ငါ့စိတ်ဝိညာဉ်က ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်နိုင်ရင် ယန်နတ်ဘုရား ဖြစ်လာနိုင်မယ်ပေါ့။ ဒါပေမဲ့ အခုတော့ ယန်နတ်ဘုရားနယ်ပယ်က အရမ်းကို ဆန်းကြယ်ပြီး ထူးခြားလွန်းနေတာကို တွေ့လိုက်ရ ပြီ။”

ဟုန်ယွိသည် ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များထဲသို့ လွင့်စင်သွားစဉ် အတွေးတစ်ခု သူ၏ စိတ်ထဲတွင် ပေါ်လာပါသည်။

အတိတ်တုန်းကမူ သူသည် ယန်နတ်ဘုရားနယ်ပယ်သို့ အလွယ်တကူ ရောက်ရှိနိုင်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ယခုအခါ မုန့်ရှန်းကျီသည် ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ ရုပ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး မိုးကြိုးကပ်ဘေး ၉ ကြိမ် ဖြတ်ကျော်ထားသူပင်လျှင် ယန်နတ်ဘုရား မဖြစ်သေးသည်ကို မြင်ရသောအခါ၊ သူ၏နားလည်မှုမှာ အနည်းငယ် လွဲချော်နေကြောင်း သူ ခံစားလိုက်ရပါသည်။

မုန့်ရှန်းကျီ ဘာတွေ လိုအပ်နေတာလဲ။

အကယ်၍ မုန်းရှန်းကျီတွင် လိုအပ်နေသော အရာကို သိရှိနိုင်မည်ဆိုလျှင် သူကိုယ်တိုင် လည်း ယန်နတ်ဘုရားအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်မည် ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။ အနည်းဆုံးတော့ ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ ရှင်းလင်းသွားမည် ဖြစ်သည်။ မဟုတ်ပါက ရှေ့ဆက်ရမည့် လမ်းမှာ တစ်ဖန် ဝေဝါးသွားပေလိမ့်မည်။

ကျင့်ကြံခြင်းလမ်းစဉ်မှာ မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ပင်။

သူသည် မည်သို့လျှင် ယန်နတ်ဘုရားတစ်ပါး ဖြစ်လာပြီး မသေမျိုးနယ်ပယ်သို့ ရောက်ရှိနိုင် မည်နည်း။

သို့သော် မိုးကြိုးတိမ်တိုက်များထဲသို့ ရောက်ရှိသွားသော ဟုန်ယွိသည် ဤအရာများကို စဉ်းစားနေရန် အချိန်မရှိတော့ပေ။ တခဏအတွင်းမှာပင် သူသည် အာရုံထွေပြားစေသော အတွေးများအားလုံးကို ဖယ်ရှားလိုက်ပြီး ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အရှိန်အဝါ ကို ခံစားလိုက်ပါသည်။

“ဝမ်းယွမ်လမ်းစဉ်၊ စိတ်ဝိညာဉ်နတ်ဘုရား။ စိတ်ဝိညာဉ်ကို နတ်ဘုရားအဖြစ် သန့်စင်ခြင်း။ မူလစိတ်ဝိညာဉ်အတွက်။ မူလစိတ်ဝိညာဉ်၊ အထွတ်အထိပ်နတ်ဘုရား၊ မသေမျိုး။”

သူ၏စိတ်ဝိညာဉ်မှာ ချက်ချင်းပင် လွတ်မြောက်လာခဲ့ပြီး၊ ဟုန်ယွိ၏ အတွေးစပေါင်း ၁၂၉,၆၀၀ တို့သည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးနယ်မြေအတွင်း၏ ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒများနှင့် အစစ်မှန် စွမ်းအားများကို ဝါးမြိုကာ ၎င်း၏ နက်နဲမှုကို ဆင်ခြင် သုံးသပ်ရန် ကြိုးစားနေကြတော့သည်။

ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ စက်ဝိုင်းနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက်၊ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အဓိက စက်ဝိုင်းနယ်မြေအတွင်း အနှစ်သာရက မည်သည့်အရာကို ကိုယ်စားပြုသည်ကို ဟုန်ယွိ ချက်ချင်း နားလည်သွားပါသည်။

ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးဟူသည်မှာ စိတ်ဝိညာဉ်ကို သန့်စင်ပြီး နတ်ဘုရားတစ်ပါး အဖြစ် ပြောင်းလဲပေးရသည့် ဖြစ်စဉ်ပင် ဖြစ်ပါသည်။

စိတ်ဝိညာဉ်ကို သန့်စင်ပြီး နတ်ဘုရားတစ်ပါး ဖြစ်စေခြင်း။ ၎င်းမှာ မူလစိတ်ဝိညာဉ် အတွက် ဖြစ်သည်။

စိတ်ဝိညာဉ်ဆိုတာ ဘာလဲ။ နတ်ဘုရားဆိုတာ ဘာလဲ။

လျှို့ဝှက်ချက်အားလုံးသည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအတွင်း၌ ဖွင့်ပြ၊ ဖော်ပြလိုက် ချေပြီ။

ထိုးထွင်းသိမြင်မှုများက သူ၏စိတ်ထဲတွင် ပြည့်နှက်သွားပြီး အတွေးစများကို ကြည်လင် သန့်စင်စေကာ စိတ်ဝိညာဉ်ကို ပြန်လည် ဖွဲ့စည်းစေပြီး နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲ ပေးကြသည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးကပ်ဘေး၏ နယ်ပယ်အားလုံးမှာ ဟုန်ယွိ၏ စိတ်ထဲတွင် တစ်ဆင့်ပြီး တစ်ဆင့် ပေါ်ထွက်လာသည်။

ပထမအဆင့် မိုးကြိုးကပ်ဘေး - အတွေးစများ သန့်စင်သော ယန်အတွေးစ ဖြစ်လာခြင်း။

ဒုတိယအဆင့် မိုးကြိုးကပ်ဘေး - အတွေးစများ မွေးဖွားလာခြင်း။

တတိယအဆင့် မိုးကြိုးကပ်ဘေး - အတွေးစများမှာ လျှပ်စီးလျှပ်နွယ်များသဖွယ် ဖြစ်ခြင်း။

စတုတ္ထအဆင့် မိုးကြိုးကပ်ဘေး - အတွေးစများအတွင်း ကမ္ဘာတစ်ခု မွေးဖွားခြင်း။

ပဉ္စမအဆင့် မိုးကြိုးကပ်ဘေး - ရုတ်တရက် ထိုးထွင်းသိမြင်မှု။ (အန္တရာယ်အငွေ့သက်ကို ရုတ်တရက် ခံစားနိုင်ခြင်း)

ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး - ဟင်းလင်းပြင်ဆုတ်ဖြဲခြင်း။

သတ္တမအဆင့် မိုးကြိုးကပ်ဘေး - ဟင်းလင်းပြင် ဖန်တီးခြင်း။

အဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး - နတ်ဘုရားအဖြစ် သန့်စင်ခြင်း။

တစ်ဆင့်ပြီးတစ်ဆင့်မှာ အလွန်ပင် ရှင်းလင်းလှပေသည်။ အတိတ်က သူလျှောက်ခဲ့ရသော လမ်း၊ မိုးကြိုးကပ်ဘေးများ၏ အခက်အခဲများ၊ သေခြင်းရှင်ခြင်း အခိုက်အတန့်များ၊ ကောင်းကင်နှင့်မြေပြင်ကို အန်တုကာ စကြဝဠာထံမှ အသက်ကို လုယူခဲ့ရမှုများနှင့် ဖန်ဆင်းရှင်နယ်ပယ်နှင့်အတူ အသက်စွမ်းအင်ကို မျှဝေခဲ့ရမှုများ အားလုံးမှာ ယခုအခါ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

ကျင့်ကြံခြင်းခရီးလမ်း၊ ခိုင်မာသော ခြေလှမ်းများမှာ ပြင်းထန်သော ယုံကြည်ချက်အဖြစ် စုစည်းသွားပြီး သူ၏အတွေးစများထဲတွင် ပြည့်လျှံသွားစေသည်။ ရှစ်ကြိမ်မြောက် မိုးကြိုး ကပ်ဘေး၏ အလင်းတန်းများ မည်မျှပင် တောက်ပပါစေ၊ လျှပ်စီးများ မည်မျှပင် စူးရှနေပါ စေ၊ ဟုန်ယွိကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်တော့ဘဲ၊ ၎င်းတို့မှာ သူ၏ အာဟာရနှင့် သူ့ကိုယ်သူ ပိုမို အားကောင်းစေရန် ဖြည့်စွက်စာများသာ ဖြစ်သွားရတော့သည်။

ဤသည်မှာလည်း မိုးကြိုးကပ်ဘေးများ စုစည်းပြီးနောက် ရရှိလာသော အလယ်ခေတ်၏ သူတော်စင်များ၏ နယ်ပယ်ပင် ဖြစ်သည်။

အသက်တစ်ရှူစာအတွင်းမှာပင် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ပြီး နတ်ဘုရား အဖြစ် ပြောင်းလဲတော့မည် ဖြစ်သည်။ ခိုင်မာသော အတွေးစများမှာ ပျံတက်သွားပြီး ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အစစ်မှန် စွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ ခန္ဓာကိုယ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။ ဟုန်ယွိ၏ နယ်ပယ်မှာ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်သို့ လုံးဝ ရောက်ရှိသွားတော့သည်။

အမှန်တော့ သူသည် တစ်လတိုင်တိုင် သီးသန့်ကျင့်ကြံခဲ့ပြီး၊ ဖန်ဟွမ်ဟင်းလင်းပြင်ဓား၊ ကောင်းကင်အနှစ်သာရရွှေဆေးလုံးနှင့် ကိုယ်ကျင့်တရား အစစ်မှန်စွမ်းအားတို့ကို ဆင်ခြင် သုံးသပ်ခဲ့သူ ဖြစ်သည်။ ဤခိုင်မာသော စုဆောင်းမှုများကြောင့် သူသည် အားနည်းသော ကာလမျိုး မရှိဘဲ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူသည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်သို့ ရောက်ရှိသွားပြီး ခိုင်မာသော စုဆောင်းမှုများ ရှိသော်လည်း၊ သူ၏စိတ်ဝိညာဉ်ကို နတ်ဘုရားအဖြစ် သန့်စင်ရန်အတွက်မူ မိုးကြိုးကပ်ဘေးအတွင်းရှိ ဆန်းကြယ်သော ဆန္ဒတစ်ခုကို စုပ်ယူရန် လိုအပ်နေသေးသည်။

စိတ်ဝိညာဉ်ကို နတ်ဘုရားအဖြစ် သန့်စင်ရန်အတွက် လိုအပ်သော အစစ်မှန် စွမ်းအားကို ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အဓိကနယ်မြေ စက်ဝိုင်းအတွင်း၌သာ တွေ့ရှိနိုင်ပေ သည်။

“ပြောင်းလဲခြင်းတာအို၊ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၊ ကောင်းကင်နှင့်မြေကြီး၊ လေနှင့်မိုးကြိုး၊ ရေနှင့်မီး၊ တောင်နှင့်စိမ့်စမ်းအိုင်၊ ယင်ယန်တာအို၊ ထာဝရတခဏ၊ ထိုက်ကျိ မူလစိတ်ဝိညာဉ်၊ အရာအားလုံး၏ အစ၊ အရာအားလုံးကို အုပ်စိုးသူ၊ မာနကင်းမဲ့ သည့် အောင်မြင်မှု၊ သိမ်းပိုက်လိုစိတ်ကင်းသော ဖန်ဆင်းခြင်း...”

ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်မှာ မိုးကြိုးကပ်ဘေးများအတွင်း ပျံဝဲနေသည်။ သူတော်စင် ပေါင်းစုံခန်းမ၏ ပုံရိပ်မှာ လုံးဝ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံ ကာကွယ်ပေး ထားကာ၊ မိုးကြိုးကပ်ဘေးဗဟိုချက်၏ အနက်ရှိုင်းဆုံးနေရာ၊ ဖရိုဖရဲဖြစ်နေသော ဟင်းလင်းပြင်အတွင်း၌ သူ့ကို ပတ်ပတ်လည် ဝိုင်းရံထားလေသည်။

ဤအချိန်တွင် ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရာတွင် သူ့ကို ကာကွယ်ပေး ရန်အတွက် သူတော်စင်ပေါင်းစုံခန်းမ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါသည်။

သူ၏ အစစ်မှန် ခန္ဓာကိုယ်မှာ အကာအကွယ် ရရှိထားသော်လည်း သူ၏ စိတ်ဝိညာဉ်မှာမူ အကာအကွယ် မဲ့နေသည်။ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ချိန်တွင် မည်သည့် မှော်ရတနာ မျှ အသုံးမဝင်ပေ။

သို့သော် ဤအခိုက်အတန့်တွင် သူ၏ စိတ်ဝိညာဉ်ရှိ အတွေးစပေါင်း ၁၂၉,၆၀၀ တို့သည် အဆက်မပြတ် ပေါင်းစပ်ခြင်း၊ စီစဉ်ခြင်း၊ ပြောင်းလဲခြင်းနှင့် တိုးတက် ဆင့်ကဲပြောင်းလဲ ခြင်းတို့ကို ပြုလုပ်နေကြသည်။ ၎င်းမှာ လည်ပတ်နေသော ကြယ်တာရာများကဲ့သို့၊ သို့မဟုတ် အဆုံးမရှိ စီးဆင်းနေသော လျှပ်တပြက်ဝင်္ကပါတစ်ခုသကဲ့သို့၊ တောင်တန်းများ နှင့် မြစ်ချောင်းများ၏ နက်နဲသော ပုံစံများကို ရေးဆွဲနေသကဲ့သို့လည်း ဖြစ်ပေါ်နေတော့ သည်။

ယခုအခါ သူသည် သူ၏ စိတ်ဝိညာဉ်ကို နတ်ဘုရားတစ်ပါးအဖြစ် သန့်စင်နေခြင်း ဖြစ်ပါ သည်။ ၎င်းမှာ ထာဝရအမှောင်ည ရှေးဦးစိတ်ဝိညာဉ် မဟုတ်သလို၊ ကံတရားမူလဝိညာဉ် လည်း မဟုတ်ဘဲ၊ သူ၏ ကိုယ်ပိုင် ထူးခြားလှသော ထိုက်ကျိမူလစိတ်ဝိညာဉ်ပင် ဖြစ်သည်။

ထာဝရက ‘ထိုက်’ ။

တခဏတာက ‘ကျိ’ ။

ဤအတွေးစနှစ်ခု ပေါင်းစပ်လိုက်သောအခါ ၎င်းမှာ ‘ထိုက်ကျိ’ ဖြစ်လာတော့သည်။

“သူ့ရဲ့စိတ်ဝိညာဉ်ကို နတ်ဘုရားတစ်ပါးအဖြစ် သန့်စင်နေတာလား။ ဘာအားနည်းတဲ့ ကာလမှ မရှိဘူးလား။ သူ့ရဲ့စုဆောင်းမှုက အရမ်းကို အားကောင်းတာပဲ။ ငါ မျှော်လင့်ထား တာထက် အများကြီး ပိုမြန်နေတယ်။” မုန့်ရှန်းကျီသည် မိုးတိမ်တိုက်များထဲသို့ ပျံတက်လာ ရင်း ဟုန်ယွိ၏ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ အဝတ်အစားများပင် လှုပ်ခတ် သွားရသည်။

“ဒီလိုဆိုမှတော့ ငါကပဲ မင်းကို ကူညီပြီး ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကိုပါ တစ်ပါ တည်း ဖြတ်ကျော်ခိုင်းရတော့မှာပေါ့။”

မုန့်ရှန်းကျီ၏ အဝတ်အစားများမှာ ဟင်းလင်းပြင်အတွင်း လွင့်ပျံ့နေ၏။ ဟုန်ယွိက ထိုက်ကျိမူလစိတ်ဝိညာဉ်ကို စုစည်းနေသည်ကို မြင်သော်လည်း သူသည် ချက်ချင်း မလှုပ်ရှားသေးဘဲ၊ အတွေးတစ်ချက်ဖြင့်ပင် အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်လာ သော မိုးကြိုးအလွှာတစ်ခုကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး၊ ကောင်းကင်နှင့် မြေပြင်တစ်ခု လုံးကို ဖုံးလွှမ်းကာ ဟုန်ယွိထံသို့ တိုးဝင်သွားစေသည်။

သူသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ စွမ်းအားကို အသုံးပြု၍ ဟုန်ယွိကို ထိုကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအား အတင်းကျပ် ဖြတ်ကျော်ခိုင်းနေခြင်း ဖြစ်သည်။

ဟုန်ယွိ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ၊ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော် ပြီးနောက် အားနည်းသည့်ကာလ မရှိသော်လည်း၊ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန်မှာမူ မည်သို့မျှ မဖြစ်နိုင်သေးပေ။ အကယ်၍ အတင်းကျပ် ဖြတ်ကျော်ခဲ့လျှင် ပင် ပြင်းထန်သည့် အားနည်းသည့် အချိန်ကာလတစ်ခုကို ရင်ဆိုင်ရလိမ့်မည်။

ကောင်းကင်နှင့် မြေပြင်ကြားရှိ နောက်ဆုံး မိုးကြိုးအလွှာမှာ အဘယ်အရာကို ကိုယ်စားပြု သည်ကို ကိုယ်တိုင် ကြုံတွေ့ရသူမှလွဲ၍ မည်သူမျှ မသိနိုင်ပေ။

မုန့်ရှန်းကျီ ကိုယ်တိုင်ပင် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် သုံးနှစ်တိုင်တိုင် အားနည်းခဲ့ဖူးသည်။

“ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၊ ယင်ယန်ကပ်ဘေး၊ ဖန်ဆင်းခြင်းကပ်ဘေး၊ အနန္တ ကပ်ဘေး၊ ကပ်ဘေးသုံးပါးနှင့် ကပ်ဘေးဒုက္ခကိုးသွယ်... ဒီကပ်ဘေးတွေက အခြား ဘယ်လို မိုးကြိုးအလွှာမျိုးထက်မဆို အဆပေါင်းများစွာ ပိုပြီး ကြောက်စရာကောင်းတယ်။ ငါ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်တုန်းက ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းတွေကြားမှာ နှစ်နှစ်၊ သုံးနှစ်လောက် ပြန်လည် နာလန်ထူအောင် လုပ်ဆောင်ခဲ့ရ တာ။ တကယ်လို့ ‘ပြောင်းလဲခြင်းကျမ်း’ သာ ပေါ်မလာခဲ့ရင် ငါ အခုထိ အားနည်းတဲ့ အခြေအနေမှာပဲ ရှိနေဦးမှာ။”

မုန့်ရှန်းကျီသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအလွှာများကို တွန်းပို့လိုက်စဉ် သူ၏ အတွေးစများမှာ အနည်းငယ် လှုပ်ခတ်သွားပါသည်။

ဂျိန်း...

ကြီးမားသော ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးသည် ဟုန်ယွိကို ရစ်ပတ် လွှမ်းခြုံထား လိုက်လေပြီ။

ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးက ဟုန်ယွိကို ရစ်ပတ်လိုက်သည်နှင့် မုန့်ရှန်းကျီ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားသွားပါသည်။ အလွန်ထူထဲပြီး မိုင်ပေါင်းများစွာ ရှည်လျား သော အလင်းတန်းကြီးတစ်ခုမှာ ဟုန်ယွိထံသို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။ တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ လူသားပုံရိပ်များ ကွဲထွက်လာသည်။ ထိုပုံရိပ်များမှာ သူနှင့် တစ်ပုံစံတည်းပင် ဖြစ်ကာ၊ ၎င်းတို့မှာ သူ၏ မူလစိတ်ဝိညာဉ်များ ဖြစ်နေခြင်းက မထင်မှတ်ထားစရာပင်။

“ထိုက်ချူမူလစိတ်ဝိညာဉ်၊ ထိုက်ရှီးမူလစိတ်ဝိညာဉ်၊ ထိုက်ရှန်းမူလစိတ်ဝိညာဉ်၊ မူလ စိတ်ဝိညာဉ်သုံးပါး၊ မူလစိတ်ဝိညာဉ် သုံးတန်ပိတ်လှောင်မှု။”

ဟုန်ယွိကဲ့သို့ပင်၊ မုန့်ရှန်းကျီသည်လည်း သူ အမှန်တကယ် တိုက်ခိုက်လိုက်သည့် အခါမှ သာ သူ မည်မျှ ကြောက်စရာကောင်းကြောင်း ပေါ်လွင်လာလေသည်။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုဖြင့်ပင် မူလစိတ်ဝိညာဉ်သုံးပါး ဖြစ်သော ထိုက်ချူ၊ ထိုက်ရှီးနှင့် ထိုက်ရှန်းတို့ ပျံထွက်လာကြသည်။

ဟုန်ယွိမှာမူ ကံတရားမူလစိတ်ဝိညာဉ်နှင့် ထာဝရအမှောင်ည မူလစိတ်ဝိညာဉ်တို့ကို တုပရန်အတွက် သူတော်စင်ပေါင်းစုံခန်းမ၏ စွမ်းအားကိုသာ အသုံးပြုနိုင်သေးသည်။

“ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၊ ဒါကိုတောင် မုန့်ရှန်းကျီက ထိန်းချုပ်နိုင်နေတာလား။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးရဲ့ နောက်ဆုံးအလွှာက ဘာလဲဆိုတာ ငါ မသိသေးဘူး၊ သိချင်ပေမဲ့ ငါ့မှာ လိုအပ်ချက်တွေ ရှိနေသေးတယ်။ တကယ်လို့ ငါ ကိုးကြိမ်မြောက် မိုးကြိုး ကပ်ဘေးရဲ့ အစစ်မှန် စွမ်းအားတွေကို မဆင်မခြင် စုပ်ယူလိုက်ရင်၊ ငါ့စိတ်ဝိညာဉ်ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး မုန့်ရှန်းကျီရဲ့ ချိတ်ပိတ်တာကို ခံရကာ၊ အသက်ဆုံးရှုံးသွား နိုင်တယ်။”

မုန့်ရှန်းကျီ လှုပ်ရှားလိုက်သည်နှင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်က တစ်စုံတစ်ခု ထူးခြားနေသည် ကို အာရုံရမိသည်။ သူသည် မုန့်ရှန်းကျီ၏ အကြံအစည်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။

“သူတော်စင်အပေါင်းစုံ အစစ်မှန်စွမ်းအား... မိုးကြိုးကို တားဆီးစမ်း။ ထိုက်ကျိ မိုးကြိုး ရေကန်... စုပ်ယူစမ်း။”

ဟစ်အော်သံနှင့်အတူ၊ အတွေးမဲ့ငြိမ်သက်ခြင်းနယ်ပယ်သို့ ရောက်ရှိနေသော သူ၏ အစစ်မှန် ခန္ဓာကိုယ်မှာ တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပင်။ သူတော်စင်ပေါင်းစုံခန်းမ၏ အနက်ရှိုင်းဆုံးသော ဗဟိုချက်နေရာမှ အတွေးစတစ်ချက် ရုတ်တရက် ထွက်ပေါ်လာ သည်။

ထိုအတွေးစ ပေါ်ထွက်လာသည်နှင့် ရွှေရောင် ဟိုဘက်ကမ်းကူး ပါရမီတံတားအဖြစ် ပြောင်းလဲသွားကာ၊ မုန့်ရှန်းကျီ ပစ်လွှတ်လိုက်သော ထာဝရအလင်းတန်းနှင့် ထိပ်တိုက် တိုက်မိတော့သည်။ ၎င်းတို့နှစ်ခု အပြင်းအထန် တိုက်မိသောအခါ ထာဝရအလင်းတန်းမှာ အမှန်တကယ်ပင် ဖိနှိပ်ခြင်း ခံလိုက်ရပြီး၊ မြွေဖြူတစ်ကောင်ကဲ့သို့ မလှုပ်မယှက် ဖြစ်သွားရ သည်။

တစ်ချိန်တည်းမှာပင် ထိုက်ကျိ မိုးကြိုးရေကန်မှ ပြင်းထန်သော စုပ်အားကို ထုတ်လွှတ် လိုက်ပြီး၊ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးမှ ပတ်ပတ်လည် ဝိုင်းရံထားသော မိုးကြိုး အားလုံးကို အတွင်းသို့ စုပ်ယူလိုက်တော့သည်။

ထိုက်ကျိ မိုးကြိုးရေကန်မှာ ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအဖြစ် အဆက်မပြတ် လည်ပတ်နေပြီး၊ ဧရာမသတ္တဝါကြီးအသွင် ဖြစ်ပေါ်လာသည်။ ၎င်းသတ္တဝါကြီးမှာ အသက် ဝင်နေသယောင် ထင်မှတ်ရပြီး၊ ‘ခွန်ဖန်သန့်စင်ခြင်းပုံရိပ်’ ထဲမှ ‘ခွန်’ ငါးကြီးကဲ့သို့ ပြင်းထန် စွာ စုပ်ယူနေတော့သည်။

ဂျွတ်... ဂျွတ်...

ဧရာမခွန်ငါးကြီးက မိုးကြိုးများကို ဝါးမြိုလိုက်ပါသည်။

ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ မိုးကြိုးများမှာ ထိုက်ကျိ မိုးကြိုးရေကန် အတွင်းသို့ ချက်ချင်းပင် သန့်စင်စွာ စုပ်ယူခြင်း ခံလိုက်ရသည်။ သို့သော် ထိုက်ကျိ မိုးကြိုးရေကန် အတွင်း၌လည်း ဆက်တိုက်ဆိုသလို ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။

သို့သော်လည်း ထိုက်ကျိ မိုးကြိုးရေကန်သည် ဖန်ဟွမ်လေဟာနယ်ဓားနှင့် ပေါင်းစပ်သွား ကတည်းက အလွန်တရာ ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ မိုးကြိုးများပင်လျှင် ထိုက်ကျိ မိုးကြိုးရေကန်၏ ပင်မအမြုတေကို လုံးဝ မထိခိုက်နိုင်တော့ ပေ။

ကိုးကြိမ်မြောက် မိုးကြိုးများ စုပ်ယူခံလိုက်ရသည်နှင့် ဟုန်ယွိ၏ ထိုက်ကျိ မူလစိတ်ဝိညာဉ် မှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ “အဆုံးစွန်သော ယင်က ယန်ကို မွေးဖွား ပေးတယ်၊ သွေးကြောများ ဆုံစည်းရာ၊ ထာဝရ တခဏတာ...”

ပြင်းထန်သော စွမ်းအင်လှိုင်းများမှာ ဟုန်ယွိ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်ထံမှ ဖြာထွက် နေတော့သည်။

သူ၏စိတ်ဝိညာဉ်မှာ ရုပ်ခန္ဓာထဲသို့ ပြလည် ဝင်ရောက်သွားပြီး မုန့်ရှန်းကျီကို ဦးတည် လိုက်သည်။

ထိုအခိုက်အတန့်တွင် ဟုန်ယွိသည် မုန့်ရှန်းကျီက ထိုက်ချူ၊ ထိုက်ရှီးနှင့် ထိုက်ရှန်း မူလ စိတ်ဝိညာဉ်များကို ထုတ်ဖော်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

ဖျောက်... ဖျောက်...

တစ်ချက်တည်း တိုက်ခိုက်လိုက်ရုံဖြင့် ထိုမူလစိတ်ဝိညာဉ် သုံးပါးမှာ ထာဝရအလင်းတန်း ကို ပိတ်ဆို့ထားသော ရွှေရောင် တဘက်ကမ်းကူး ပါရမီတံတားကြီးကို အစိတ်စိတ်အမွှာမွှာ ချေမှုန်းလိုက်ကြသည်။

မူလစိတ်ဝိညာဉ် တစ်ခုချင်းစီ၏ စွမ်းအားမှာ ဟင်းလင်းပြင်နှင့် ဆက်နွှယ်နေပြီး၊ လေစီးကြောင်းများနှင့် အရှိန်အဟုန် အားလုံးကို ခြယ်လှယ် ထိန်းချုပ်ထားသည်။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကို လည်ပတ်စေနိုင်လောက်အောင် အင်အားကြီးမား လှပေသည်။

ထိုမူလစိတ်ဝိညာဉ် သုံးပါးမှာ “သူတော်စင်ပေါင်းစုံခန်းမ” ကို ကြောက်ရွံ့ခြင်း မရှိဘဲ ဝိုင်းရံထားလိုက်ကြသည်။ ရုတ်တရက် ၎င်းတို့၏ စွမ်းအားများကို ပေါင်းစပ်လိုက်ကြပြီး နတ်ဘုရားအလင်းလုံး သုံးလုံးအဖြစ် ပြောင်းလဲကာ ပေါက်ကွဲသွားတော့သည်။

ဝုန်း...!

သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံး၏ အကာအကွယ် အစီအရင်များမှာ အမှန်တကယ်ပင် ထိုးဖောက်ဖျက်ဆီးခြင်း ခံလိုက်ရပါသည်။

မုန့်ရှန်းကျီကိုယ်တိုင် ခန်းမအတွင်းသို့ တည်ငြိမ်စွာ ဆင်းသက်လာတော့သည်။

အခန်း (၆၆၆)။

“သူက တကယ်ပဲ သူတော်စင်ပေါင်းစုံခန်းမရဲ့ အပြင်ဘက်အလွှာမှာရှိတဲ့ "ကမ္ဘာဦးစွမ်းအင် အစီအရင်"ကို ချိုးဖျက်နိုင်ခဲ့တာလား... ထိုက်ချူ၊ ထိုက်ရှီးနဲ့ ထိုက်ရှန်းဆိုတဲ့ မူလ စိတ်ဝိညာဉ် သုံးပါးလုံးကို ငါ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ အမြင့်ဆုံး တာအိုပညာရပ်က ထာဝရအလင်းတန်းလို့ပဲ ငါ ထင်ထားခဲ့တာ၊ ဒီလောက်အထိ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ မြင့်မြတ်နယ်မြေ ခြောက်ခုထဲမှာ အနှစ်သာရနတ်ဘုရားကျောင်း၊ အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၊ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၊ နောက်ဆုံး ဒိုင်ဇင်ဘုရားကျောင်းနဲ့ မက်မွန်နတ်ဘုရားဂိုဏ်းတို့တောင် တိုင်ရှန် တာအိုဂိုဏ်းကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ သူတို့က အဆင့်အတန်းချင်းကို လုံးဝ မတူကြ တာ။”

ဟုန်ယွိသည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သူ၏ အစစ်မှန် ခန္ဓာကိုယ်ထံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် ဤမဟာကမ္ဘာလောက၏ နံပါတ်တစ် ပညာရှင်ဖြစ်သော မုန့်ရှန်းကျီကို အဆုံးစွန်အထိ တိုက်ခိုက်ရန် အသင့်ပြင် လိုက်သည်။

ယခုအခါ ဟုန်ယွိနှင့် မုန့်ရှန်းကျီတို့အကြား ကွာဟချက်မှာ အလွန်နည်းပါးသွားပြီ ဖြစ်သည်။

နှစ်ဦးစလုံးတွင် ‘လက်နက်တို့၏ ဘုရင်’ များကို ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ တစ်ခုမှာ သူတော်စင်ပေါင်းစုံခန်းမ ဖြစ်ပြီး၊ အခြားတစ်ခုမှာ ထာဝရနိုင်ငံတော် ဖြစ်သည်။ သူတို့၏ ရုပ်ခန္ဓာကျင့်ကြံမှုမှာလည်း ‘သွေးတစ်စက်မှ ပြန်လည် မွေးဖွားခြင်း’ နယ်ပယ်တွင် ရှိနေကြ သည်။ ကွာခြားချက်မှာ မုန့်ရှန်းကျီသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော် ထားသည့် ပညာရှင်တစ်ဦး ဖြစ်ပြီး၊ ဟုန်ယွိမှာမူ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကိုသာ ဖြတ်ကျော်ရသေးသည်။ သို့သော်လည်း ဟုန်ယွိထံတွင် အံ့ဖွယ် ပြောင်းလဲခြင်းကျမ်း ရှိနေသည်။ ထို့ပြင် သူသည် ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ စွမ်းအားများကိုလည်း စုဆောင်းထားပြီး ဖြစ်ရာ၊ အကယ်၍ သူသာ အတင်းကျပ် ဖြတ်ကျော်မည်ဆိုပါက နောက်ဆုံးအဆင့်သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သည့် အရာမဟုတ်ပေ။

ထို့အပြင် ဟုန်ယွိထံတွင် အခြားသော အားသာချက်တစ်ခု ရှိနေသေးသည်၊ ၎င်းမှာ အင်မော်တယ် ကျောက်စာတိုင်ပင် ဖြစ်သည်။

အင်မော်တယ်ကျောက်စာတိုင်သည် လက်ရှိတွင် ပြောင်းလဲခြင်းမျှော်စင် အတွင်း၌ ရှိနေ သော်လည်း၊ တိုတောင်းလှသည့် အကွာအဝေးအတွင်း ၎င်း၏ စွမ်းအားကို လှမ်း၍ အသုံးပြု ရန်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။ တောရိုင်းကန္တာရနယ်မြေသည် ကျောက်စိမ်း မြို့တော်နှင့် ကီလိုမီတာ သိန်းနှင့်ချီ၍ ကွာဝေးသဖြင့် သာမန်လူများအဖို့ တစ်သက်လုံး သွားလျှင်ပင် ရောက်နိုင်မည် မဟုတ်သော်လည်း၊ ဟုန်ယွိကဲ့သို့ ပညာရှင်တစ်ဦးအတွက်မူ ထိုအကွာအဝေးမှာ အရေးမပါလှပေ။

အကယ်၍ မူလနဝမချောက်နက် နတ်ဘုရားနယ်မြေ၊ မြေအောက်ကမ္ဘာ စွမ်းအင်အလွှာ၊ သို့မဟုတ် ကီလိုမီတာ သန်းပေါင်းများစွာ ဝေးကွာသော ကြယ်တာရာကမ္ဘာများနှင့် ကောင်းကင်အပြင်ပနယ်မြေ အတွင်းသို့ ဝင်ရောက်သွားခြင်းမျိုး မဟုတ်ပါက၊ ဟုန်ယွိ သည် အင်မော်တယ်ကျောက်စာတိုင်၏ စွမ်းအားကို အချိန်မရွေး အသုံးပြုနိုင်သည်။ သူသည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းများကို ဖြတ်ကျော်၍ မှော်လက်နက်များကို ပင် လှမ်း၍ ခေါ်ယူနိုင်စွမ်း ရှိပေသည်။

အတိတ်တုန်းက တောရိုင်းကန္တာရနယ်မြေတွင် ချီလင်ကို ကယ်တင်ရန် ဟုန်ရွှန်ကျိနှင့် တိုက်ခိုက်ခဲ့စဉ်ကပင် ဟုန်ယွိသည် စကြာဝဠာအိတ်ကို အသုံးပြု၍ အပြေးအလွှား ရောက်ရှိ လာခဲ့ဖူးသည်။ အင်မော်တယ်ကျောက်စာတိုင်သည် စကြာဝဠာအိတ်ထက် အဆပေါင်းများ စွာ ပိုမိုအစွမ်းထက်ရာ၊ အတွေးတစ်ချက်ဖြင့်ပင် ချက်ချင်း ရောက်ရှိလာနိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် မုန့်ရှန်းကျီသည် ထာဝရနိုင်ငံတော်၏ စွမ်းအားဖြင့် သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ဆင်းသက်လာသောအခါ၊ ‘ဟင်းလင်းပြင်နှင့်အချိန် ဖရိုဖရဲနယ်မြေ’ ဗဟိုချက် အတွင်း၌ ရှိနေသော ဟုန်ယွိ၏ လက်ထဲမှ မှော်သင်္ကေတများမှာ လှုပ်ရှားလာတော့သည်။ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ တို့သည် ပုန်းကွယ်နေသော ဟင်းလင်းပြင်မှတဆင့် ထွက်ပေါ်လာပြီး သူ၏လက်ထဲသို့ စီးဝင်လာကြပြီး၊ အဆက်မပြတ် လည်ပတ်ခြင်း၊ စီစဉ်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နေကြကာ၊ ပြင်းထန်သော မှော်စွမ်းအင် လှိုင်းလုံး ကြီးတစ်ခုကို ဖုံးကွယ်ကာ အချိန်မရွေး သေစေနိုင်သော တိုက်ကွက်တစ်ခုကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

ဟုန်ယွိသည် ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး၊ စိတ်ဝိညာဉ် နတ်ဘုရား အဖြစ်သန့်စင်ကာ ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ကျင့်ကြံထားပြီး ဖြစ်သဖြင့်၊ ယခုအခါ အင်မော်တယ် ကျောက်စာတိုင်ကို အသုံးပြုရာတွင် ယခင်ကထက် များစွာ ပိုမို ကျွမ်းကျင် လာခဲ့ပြီ။

သို့သော် သူသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးဘဲ ဆက်လက် ပြင်ဆင်နေသည်။

မုန့်ရှန်းကျီသည် ပင်မခန်းမအတွင်းသို့ ဝင်ရောက်လာသော်လည်း၊ သူသည် ပထမဆုံး အစီအရင်အလွှာ၏ အစွန်းတွင်သာ ရှိသေးပြီး၊ ဗဟိုချက်အစီအရင်နှင့် မိုင်ပေါင်းထောင်ချီ၍ ဝေးကွာနေသေးသည်။

ယခုအခါ သူတော်စင်ပေါင်းစုံခန်းမ သည် ယခင်ကထက် များစွာပိုမို နက်နဲပြီး ပိုမို ခိုင်မာ လာခဲ့ပြီ။ အကယ်၍ မုန့်ရှန်းကျီသည် စကြဝဠာအတွင်း၌ ခန့်ညားထည်ဝါဆုံးဖြစ်သော ဤခန်းမကြီးကို ဖျက်ဆီးလိုပါက၊ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က ‘ဖန်ဆင်းခြင်း သင်္ဘော’ နှင့် တိုက်ခိုက်ခဲ့စဉ်ကကဲ့သို့ပင် ‘ထာဝရနိုင်ငံတော်’ ကိုပါ ဖောက်ခွဲပစ်ရသည့် အထိ အပြန်အလှန် ပျက်စီးစေသော အသေခံတိုက်ပွဲမျိုးကို ဆင်နွှဲရပေလိမ့်မည်။

သို့သော် မုန့်ရှန်းကျီသည် ထိုသို့ ပြုလုပ်မည် မဟုတ်ကြောင်း ဟုန်ယွိ သိသည်။

ယန်နတ်ဘုရားတစ်ပါး မဖြစ်လာသရွေ့၊ မုန့်ရှန်းကျီသည် ထာဝရနိုင်ငံတော်ကို နောက်ထပ် တစ်ကြိမ် အပျက်စီးခံမည် မဟုတ်ပေ။

သူတို့နှစ်ဦးသည် အသေခံတိုက်ပွဲမျိုးအဆင့်ထိ မရောက်ရှိသေးသော်လည်း၊ ကြီးကျယ် သော တိုက်ပွဲကြီးတစ်ခုမှာမူ အချိန်မရွေး ဖြစ်ပွားနိုင်သည်။ မုန့်ရှန်းကျီ သူတော်စင်ပေါင်းစုံ ခန်းမအတွင်းသို့ ရောက်ရှိလာခြင်းနှင့် ဟုန်ယွိက အင်မော်တယ် ကျောက်စာတိုင်ကို လျှို့ဝှက်စွာ စုစည်းလိုက်ခြင်းတို့ကပင် အနှိုင်းမဲ့ ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခု ထပ်မံ ဖြစ်ပွားတော့မည်ကို ကြိုတင် နိမိတ်ဖတ်နေသကဲ့သို့ပင်။

တောရိုင်းကန္တာရနယ်မြေ၊ ဤမဟာကမ္ဘာလောကအတွင်း၌ ဤလောက၏ အထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှု စတင်လေပြီ။

ဤသည်မှာ ဟုန်ယွိနှင့် မုန့်ရှန်းကျီတို့ ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ခြင်းသာ ဖြစ်ပြီး၊ နောက်ဆုံးတိုက်ပွဲ မဟုတ်သည်မှာ သေချာပေသည်။

...

“အင်း၊ ကမ္ဘာဦးစွမ်းအင် အစီအရင်ပဲ။ ဒါက ကမ္ဘာဦးအစီအရင်တစ်ခု ဖြစ်ပြီး တကယ်လည်း နက်နဲပါတယ်။ ဒါပေမဲ့ ငါ့ကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး။”

မုန့်ရှန်းကျီသည် သူ၏ မူလစိတ်ဝိညာဉ် သုံးပါးမှ ပေါက်ကွဲထွက်လာသော စွမ်းအားကို အသုံးပြု၍ ပင်မခန်းမအတွင်းသို့ ဆင်းသက်လာသည်။ မထင်မှတ်ထားသည်မှာ သူသည် ထပ်မံ တိုက်ခိုက်ခြင်း မပြုသေးဘဲ၊ ခန်းမအတွင်းရှိ အရာအားလုံးကို သေချာစွာ လိုက်လံ ကြည့်ရှုနေခြင်း ဖြစ်သည်။

အထူးသဖြင့် ခန်းမအတွင်း၌ မြင့်မားစွာ တည်ရှိနေကြသော ‘နဂါးရေခဲတိုင်’ ၅၀၀ ကို သူ အာရုံစိုက်နေသည်။

“တကယ်ပါပဲ၊ မင်းက ဖန်တီးသူဖြစ်ပေမယ့် ပိုင်ဆိုင်လိုစိတ် မဟုတ်ဘူး။ နဂါးရေခဲတိုင်တွေ ကို မင်း ရရှိထားပေမဲ့ အဲဒါတွေကို အသုံးမချဘူး။ ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့နဲ့ ယှဉ်ရင် မင်းရဲ့ စိတ်ထားက ပိုပြီး ကြီးမြတ်တာပဲ။” မုန့်ရှန်းကျီက ခေါင်းညိတ်လိုက်သည်။

ဤနဂါးရေခဲတိုင် ၅၀၀ မှာ သူ၏ မျက်စိရှေ့တွင်သာ ရှိနေပြီး လက်တစ်ဖက် လှမ်းရုံဖြင့် ရယူနိုင်သကဲ့သို့ ထင်ရသော်လည်း၊ မုန့်ရှန်းကျီ၏ အမြင်တွင်မူ အကာအကွယ် အလွှာ ပေါင်းများစွာဖြင့် ဖုံးကွယ်ထားဆဲ ဖြစ်သည်။ အထူးသဖြင့် သစ်ကိုင်းများကဲ့သို့ ဝေဝါးလှ သည့် ပုံရိပ်ယောင်များက နဂါးရေခဲတိုင်များ၏ ပတ်လည်တွင် ယိမ်းထိုးကခုန်နေကြ၏။

ထိုအရာများမှာ ဆာဟာရတနာသစ်ပင်၏ ကာကွယ်မှုပင် ဖြစ်သည်။

“ခင်ဗျားမှာ အဲဒါတွေကို ယူနိုင်တဲ့ အရည်အချင်းရှိလို့လား။”

ဟုန်ယွိ၏ အသံက ဗဟိုချက် အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသည်။

“ငါ နဂါးရေခဲတိုင်တွေကို မလိုချင်ပါဘူး။ အဲဒါတွေက ငါ့အတွက် အသုံးမဝင်ဘူး။ ငါက ယန်ဖန်လိုမျိုး ချပ်ဝတ်တန်ဆာတွေ သန့်စင်ဖို့ ဒါမှမဟုတ် လက်အောက်ငယ်သားတွေကို အစွမ်းထက်အောင် လုပ်ဆောင်ပေးဖို့ ဒီအရာတွေ မလိုအပ်ဘူး။ ဒါပေမဲ့ ဒီနေ့ ဒီဆာဟာ ရတနာသစ်ပင်ကိုတော့ ငါ ယူသွားမယ်။ အရင်က မူလနဝမချောက်နက် နတ်ဘုရား နယ်မြေမှာ ငါသာ ခုန်းကို နောက်ဆုံးအချိန်မှာ မတားဆီးခဲ့ရင်၊ မင်းလည်း ဒီရတနာကို ဘယ်လိုလုပ် ရနိုင်မှာလဲ။”

မုန့်ရှန်းကျီက ဟုန်ယွိ၏ အသံကို ကြားသောအခါ အေးဆေးစွာ ပြုံးလိုက်ပြီး မဆိုင်းမတွပင် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ပင်မခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပါသည်။

ချက်ချင်းပင် ဗဟိုချက် အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသော ဟုန်ယွိသည် မုန့်ရှန်းကျီ၏ အကြည့် ကျရောက်ရာ နေရာတိုင်းရှိ အစီအရင်များမှာ လုံးဝ ဖောက်ထွင်း မြင်တွေ့ခံနေရ ကြောင်း အာရုံခံလိုက်မိသည်။ အစီအရင် အလွှာအသီးသီး၊ ဖုံးကွယ်ထားသော အချိန်နှင့် ဟင်းလင်းပြင်နယ်မြေ၊ ရတနာတိုက်၊ ထိုက်ကျိ မိုးကြိုးရေကန်၊ သူရဲကောင်းမှတ်တမ်းနှင့် အခြားသော အရာအားလုံးတို့မှာ ဤလောကတွင် နံပါတ်တစ် ထိပ်တန်းပုဂ္ဂိုလ်ကြီး၏ မျက်စိရှေ့တွင် တစ်ခုမကျန် ပေါ်လွင်သွားတော့သည်။

သူသည် တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို မြင်နိုင်စွမ်း ရှိနေပါသည်။

သူတော်စင်ပေါင်းစုံခန်းမ တစ်ခုလုံးသည် ဟုန်ယွိ၏ စိတ်နှင့် ပေါင်းစပ်ထားပြီး ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ကို အစားထိုးထားသကဲ့သို့ပင် ဖြစ်နေပါပြီ။ ပုံကြီးချဲ့ပြောခြင်း မဟုတ်ဘဲ၊ ဟုန်ယွိ၏ နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား ကိုယ်ပွား သို့မဟုတ် သူ၏ အစစ်မှန် ရုပ်ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင်၊ သူသည် အခြားခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စရာမလိုဘဲ ဤသူတော်စင်ပေါင်းစုံခန်းမကိုပင် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်ပါသည်။

“ခင်ဗျားမှာ အရည်အချင်းရှိရင် လာယူကြည့်လေ။ ‘ကျားဂူထဲမဝင်ရင် ကျားသားမစားရ’ ဆိုတဲ့ စကားရှိပေမဲ့၊ သူတော်စင်ပေါင်းစုံခန်းမထဲက အစီရင်အရင် အားလုံးဟာ ကျွန်တော့် ရဲ့ စိတ်ဝိညာဉ်နဲ့ ချည်နှောင်ပြီးသား ဖြစ်နေပြီ။ အဲဒါက ကျွန်တော့်ရဲ့ အစစ်မှန် ကိုယ်ခန္ဓာနဲ့ အတူတူပဲ။ ဒီခန်းမထဲမှာဆိုရင် ကျွန်တော်က အနှိုင်းမဲ့တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ ခင်ဗျားကတော့ ကိုယ့်ဘာကိုယ် မီးပင်လယ်ထဲကို ခုန်ဆင်းလာတာပဲ။”

မုန့်ရှန်းကျီက ဆာဟာရတနာသစ်ပင်ကို ယူသွားမည်ဟု ပြောသောအခါ ဟုန်ယွိက လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမအတွင်းရှိ ပုံရိပ်အားလုံး ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ နေရာတွင် ဖြူစင်သော သန့်စင်သည့် အလင်းတန်းများ အစားထိုးဝင်ရောက်လာ သည်။ ထိုသန့်စင်သည့် အလင်းတန်းများအတွင်း၌ သူတော်စင်တစ်ရာ၏ ပုံရိပ်များ ပေါ်ထွက်လာကြသည်။ သူတော်စင်တစ်ရားသည် တရားဓမ္မများကို ရွတ်ဖတ်ခြင်း၊ သီဆိုခြင်းနှင့် အခြေခံသဘောတရားများကို ရှင်းလင်းပြသခြင်းတို့ ပြုလုပ်နေကြပြီး မုန့်ရှန်းကျီကို လုံးဝ ဝိုင်းရံပိတ်ဆိုးထားလိုက်ကြသည်။

မုန့်ရှန်းကျီသည် သူကိုယ်တိုင် အလယ်ခေတ်သို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစား လိုက်ရသည်။ သူတော်စင်တစ်ရာ၏ ရှေ့မှောက်တွင်၊ ‘သူတော်စင်ဧကရာဇ်’ ဟူသော ဘွဲ့အမည်ကို ဖျက်သိမ်းကာ လူသားလမ်းစဉ်ကို ဦးဆောင်ခဲ့သည့် ထိုခမ်းနားထည်ဝါသော ခေတ်ကြီးတစ်ခုကို ထိပ်တိုက်ရင်ဆိုင်နေရသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် မုန့်ရှန်းကျီသည် ထိုခေတ်ရေစီးကြောင်းကို ဆန့်ကျင်နေသူတစ်ဦး ကဲ့သို့ ဖြစ်နေပြီး၊ တစ်လောကလုံးနှင့် လုံးဝ အံမဝင် ဂွင်မကျ ဖြစ်နေတော့သည်။

သူသည် လောကတစ်ခုလုံး၊ ခေတ်ရေစီးကြောင်းတစ်လုံးနှင့် အံမဝင်ဘဲ ကွဲထွက်နေသည်။

ကောင်းကင်အပြင်ပနယ်မြေ၏ ခေါင်းဆောင်ဖြစ်သော ‘ကောင်းကင်ဘုံဖခင်’ကြီးသည် လက်သီးတစ်ချက်တည်းဖြင့် လူတစ်ယောက်ကို ဤကမ္ဘာလောကနှင့် စကြဝဠာကြီး အတွင်းမှ ဖယ်ထုတ်ကာ အထီးကျန်ဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။ သို့သော် ယခုအခါ ဟုန်ယွိသည် လူတစ်ယောက်ကို ဤကမ္ဘာလောကမှသာမက၊ ခေတ်ရေစီးကြောင်းနှင့် လူသားတို့၏ ကြီးကျယ်သော အရှိန်အဝါများမှပါ ဖယ်ထုတ်လိုက်နိုင်ခြင်း ဖြစ်သည်။

ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုသက်သက်သာ ဖြစ်သော်လည်း၊ ၎င်းမှာ အနှိုင်းမဲ့ ဖျက်ဆီးအားကို ပိုင်ဆိုင်ထားသည်။

“ကောင်းလိုက်တဲ့ တိုက်ကွက်။”

ဤနေရာတွင် ရောက်သောအခါ မုန့်ရှန်းကျီပင်လျှင် အံ့ဩတုန်လှုပ်သွားရသည်။ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး၊ ထာဝရအလင်းတန်းများမှာ ဒီရေလှိုင်းကဲ့သို့ တစ်လွှာပြီး တစ်လွှာ တိုးထွက်လာကာ၊ သူ့ကို ဝိုင်းရံထားသော သူတော်စင်အပေါင်းတို့၏ အလင်းတန်း ကို ဖိနှိပ်လိုက်ပြီး သူ့ကို အန္တရာယ်မပြုနိုင်အောင် တားဆီးလိုက်ပါသည်။

ထိုသို့ တားဆီးနိုင်ခဲ့သော်လည်း သူ၏ အဝတ်အစားများမှာမူ လေထဲတွင် လွင့်ခါနေသော အလံကြီးတစ်ခုကဲ့သို့ အဆက်မပြတ် လှုပ်ခတ်နေလေသည်။ ၎င်းမှာ ဟုန်ယွိ၏ ပြင်းထန် သော နတ်ဘုရားစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိနေပြီ ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။

“မှန်တာပေါ့၊ ကျွန်တော်က သူတော်စင်ပေါင်းစုံခန်းမရဲ့ နာမည်ကို မှန်ကန်အောင် ပြန်ပြင် ထားပြီးပြီ။ အခုအချိန်မှာ တိုင်ရှန်တာအိုဂိုဏ်းက အစစ်အမှန်လမ်းစဉ် မဟုတ်တော့ဘူး၊ မိစ္ဆာလမ်းစဉ်ဖြစ်သွားပြီ။ ကျွန်တော့်ရဲ့ ကျိုးယွိအကယ်ဒမီကပဲ ဒီမဟာကမ္ဘာလောကရဲ့ အစစ်အမှန်လမ်းစဉ် ဖြစ်ပြီး ထာဝရ ထွန်းကားလိမ့်မယ်။”

ဂျိန်း...

သူတော်စင်တစ်ရာ၏ ရွတ်ဖတ်သံများကြားမှ ဟုန်ယွိ၏အသံက ဟိန်းထွက်လာပါသည်။

တစ်ချိန်တည်းမှာပင် သူတော်စင်တစ်ရာ၏ အလင်းတန်းများအတွင်း၌ မြည်ဟည်းသံ တစ်ချက် ထွက်ပေါ်လာပြီး သန့်စင်သော ပုံရိပ်တစ်ခု ပေါ်ထွက်လာပါသည်။ ၎င်းမှာ ဟုန်ယွိ ၏ ပုံရိပ်ပင် ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် ၎င်းမှာ ‘ပြောင်းလဲခြင်းသခင်’ ၏ ပုံရိပ် ပင် ဖြစ်ပါသည်။

သူတော်စင်တစ်ရာ၏ ကြားတွင် နောက်ထပ် သူတော်စင်တစ်ဦး ထပ်မံ ပေါ်ထွက်လာခဲ့ပြီ၊ ၎င်းမှာ ‘ပြောင်းလဲခြင်းသခင်’ ပင် ဖြစ်သည်။ ချက်ချင်းပင် ‘ပြောင်းလဲခြင်းသခင်’ ၏ ပုံရိပ်သည် သူတော်စင်တစ်ရာနှင့် ပဲ့တင်ထပ်သွားသည်။ သူ၏ စွမ်းအားများမှာ အဆုံးမရှိ မြင့်တက်လာပြီး ဖြောင့်မတ်ခြင်း တရားများဖြင့် ပြည့်နှက်နေ၏။ ၎င်းက မုန့်ရှန်းကျီ၏ ထာဝရအလင်းတန်းကို ဖိနှိပ်လိုက်ပြီး ပတ်ပတ်လည်မှပင် ရစ်ပတ်လွှမ်းခြုံထားလိုက် တော့သည်။

“ကျွန်တော်က သူတော်စင်ပေါင်းစုံခန်းမရဲ့ နာမည်ကို မှန်ကန်အောင် ပြုပြင်ခဲ့တယ်။ ကျွန်တော်က လောကမှာရှိတဲ့ သတ္တဝါအားလုံးအတွက် ဖြောင့်မတ်ခြင်း ဓမ္မလမ်းစဉ်ပဲ။ မိစ္ဆာတွေကို နှိမ်နင်းမယ်။ ပျက်စီးစေ။”

ဟုန်ယွိ၏အသံ ထပ်မံ ဟိန်းထွက်လာပြန်သည်။ ချက်ချင်းဆိုသလိုပင် မုန့်ရှန်းကျီသည် ဟင်းလင်းပြင်မှ အဆက်မပြတ် စီးဆင်းလာသော စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။ ဤစွမ်းအားမှာ နတ်ဘုရားစွမ်းအားနှင့် တူသော်လည်း နတ်ဘုရားစွမ်းရည် မဟုတ်ပေ။ ထိုစွမ်းအားမှာ ပြင်းထန်သော ယုံကြည်ကိုးကွယ်စွမ်းအင်နှင့် တူသော်လည်း တစ်ချိန် တည်းမှာပင် ကွဲပြားပြန်နေသည်။

သူကိုယ်တိုင် သိလိုက်သည်မှာ ဤအရာက ဟုန်ယွိ သူတော်စင်ပေါင်းစုံခန်းမကို နာမည်မှန် ပေးပြီးနောက် ဖြစ်ပေါ်လာသော ‘ဓမ္မလမ်းစဉ်’ ၏ ဆန္ဒ ဖြစ်သည်။ ယခုအခါ တော်ဝင်ချန် တစ်ပြည်လုံးတွင် ပြောင်းလဲခြင်းလမ်းစဉ်နှင့် သူတော်စင်ပေါင်းစုံခန်းမသည် လူသား မျိုးနွယ်၏ အစစ်အမှန်တရားနှင့် ညီမျှနေပြီ ဖြစ်သည်။ အခိုက်အတန့်တိုင်းတွင် မဟာ ပညာရှင်ကြီးများ၊ အရာရှိကြီးများ၊ မူးမတ်များ၊ သာမန်လူသားများ၊ စစ်သည်တော်များ၊ တာအိုကျင့်ကြံသူများနှင့် တာအိုပညာရှင် အသီးသီးတို့သည် ပြောင်းလဲခြင်းကျမ်းကို လေ့လာနေကြပြီး၊ သူတို့၏ နှလုံးသားများမှာလည်း သူတော်စင်ပေါင်းစုံခန်းမဆီသို့ ရောက်ရှိနေကြလေသည်။

ဤသည်ကား ‘ဓမ္မလမ်းစဉ်’၏ ဆန္ဒပင် ဖြစ်သည်။ အစွန်းရောက် ယုံကြည်ကိုးကွယ်မှု စွမ်းအင်နှင့် မတူဘဲ၊ ဟင်းလင်းပြင်အလွှာအသီးသီးတွင် အမြဲတမ်း ကိန်းအောင်းနေသည့် အရာမျိုး ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဟုန်ယွိသည် ဟင်းလင်းပြင်မှ ဤ ‘ဓမ္မလမ်းစဉ်’ ဆန္ဒကို စုစည်းအသုံးချနေခြင်း ဖြစ်သည်။ ဓမ္မလမ်းစဉ်ဆန္ဒသည် တည်ငြိမ်အေးစက်ပြီး ထိန်းချုပ်ရလွယ်ကူသော စိတ်ဝိညာဉ်စွမ်းအားတစ်မျိုး ဖြစ်သော်လည်း၊ သိုင်းလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် မည်သည့် လူသားအင်မော်တယ်၏ သိုင်းဆန္ဒထက် မဆို အဆပေါင်း ထောင်ချီ၍ ပိုမို အစွမ်းထက်ပေသည်။

ဤအခိုက်အတန့်တွင် ဟုန်ယွိသည် ဓမ္မလမ်းစဉ်၏ (ဖြောင့်မတ်ခြင်းလမ်းစဉ်) ကိုယ်ပွား တစ်ခု ဖြစ်လာခဲ့ချေပြီ။

မိုင်ပေါင်း ထောင်ချီ ရှည်လျားသော တာတမံကြီးတစ်ခု ရုတ်တရက် ကျိုးကျသွားသကဲ့သို့ ပင်၊ ကြီးမားသော စွမ်းအားများမှာ ဒီရေကဲ့သို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး ‘ထာဝရ နိုင်ငံတော်’ ၏ အကာကွယ်ကို ချိုးဖျက်ကာ မုန့်ရှန်းကျီး၏ စိတ်အာရုံကို တိုက်ရိုက် တိုက်ခိုက်တော့သည်။

ဝုန်း...

ထိုကဲ့သို့ ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအောက်တွင် မုန့်ရှန်းကျီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ခတ်သွားရသည်။ သူ၏ဆံပင်ထုံးမှာ ပြေလျော့သွားပြီး ဆံနွယ်ရှည်ကြီးများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေကာ၊ ဟင်းလင်းပြင်အတွင်းသို့ အမြစ်တွယ်သွားပြီး အဆုံးမရှိသော ‘မူလစွမ်းအင်’ များကို စုပ်ယူနေကြသည်။

မုန့်ရှန်းကျီ၏ ခန္ဓာကိုယ်ထံမှ မူလစွမ်းအင် အငွေ့အသက် အမြောက်အမြား ထွက်ပေါ်လာ သည်။ ဤအခိုက်အတန့်တွင် မုန့်ရှန်းကျီ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ အတိုင်းအဆမရှိ ကြီးမားသော ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ မကုန်ခမ်းနိုင်သော အသံပေါင်း များစွာကို မွေးဖွားပေးကာ သူ့ကို ယုံကြည်မှုစွမ်းအင်များ အဆက်မပြတ် ပံ့ပိုးပေးနေသ ကဲ့သို့ပင်။

“တာအိုမှ တစ်ကို မွေးဖွားပေးသည်၊ တစ်မှ နှစ်၊ နှစ်မှ သုံး၊ သုံးမှ အရာခပ်သိမ်းကို မွေးဖွားပေးသည်။”

ဤအခိုက်အတန့်တွင် မုန့်ရှန်းကျီ၏ မျက်လုံးများတွင် လူသားတို့၏ ခံစားချက်ဟူ၍ မြူတစ်မှုံစာမျှ မရှိတော့ပေ။ ၎င်းတို့မှာ ဗလာကျင်းဖြစ်နေပြီး လုံးဝ ဆိတ်သုဉ်းကာ အေးစက်နေတော့သည်။ မည်သည့် အလင်းတန်း၊ မည်သည့် အရာဝတ္ထု၊ မည်သည့် သက်ရှိမဆို သူ၏ မျက်လုံးထဲတွင် ယဇ်ပူဇော်ရာတွင် အသုံးပြုသည့် ကောက်ရိုးခွေးများ ထက် မပိုပေ။

ဟုန်ယွိ၏ အစွမ်းထက်လှသော ‘ဓမ္မလမ်းစဉ်’ ဆန္ဒ၏ ဖိအားနှင့် တိုက်ခိုက်မှုအောက်တွင်၊ မုန့်ရှန်းကျီသည် နောက်ဆုံး၌ သူ၏ စစ်မှန်သော ပင်ကိုယ်သဘာဝ၊ အစွမ်းထက်သော သဘာဝကို ထုတ်ဖော်လိုက်လေပြီ။ ၎င်းမှာ အဆင့်မြင့်ဆုံးသော ‘အစွန်းရောက် ခံစားချက် ကင်းမဲ့ခြင်း’ နှင့် မသေမျိုး သဘာဝပင် ဖြစ်သည်။

သူ၏ ပါးစပ်မှ စကားလုံးများကို တစ်လုံးချင်းစီ ရွတ်ဆိုလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ လက်ကို ဝေ့ယမ်းလိုက်သည်။

လက်သီးရိပ်များနှင့် လက်ဝါးရိပ်များမှာ အဆက်မပြတ် ကျယ်ပြန့်လာလိုက်၊ ကျုံ့သွား လိုက် ဖြစ်နေပြီး၊ ပညာရှင်သူတော်စင်တို့၏ အလင်းတန်းများမှာလည်း အဆက်မပြတ် တုန်ခါကာ အစိတ်စိတ်အမွှာမွှာ ပျက်စီးကုန်သည်။ သူ၏ စွမ်းအားအောက်တွင် သူတော်စင် ရုပ်ထုတစ်ခုပြီးတစ်ခု ကြေမွသွားပြီး၊ သူတော်စင်တို့၏ ရွတ်ဖတ်သံများမှာလည်း သူ၏ အသံအောက်တွင် မြုပ်ဝင်သွားရတော့သည်။

သူသည် ဓမ္မလမ်းစဉ်ကို တစ်ကိုယ်တော် လက်ဝါးကြီးအုပ်ပြီး ဖယ်ရှားပစ်နေခြင်းပင်။ ခေတ်ရေစီးကြောင်းကို ပြောင်းပြန်လှန်ပစ်နေခြင်းပင်။

“ဟုန်ယွိ... ဒီနေ့ မင်းရဲ့ခန်းမထဲက နဂါးရေခဲတိုင်တွေနဲ့ ဆာဟာရတနာသစ်ပင်ကို ငါ ယူသွားမယ်၊ မင်းရဲ့ ထိုက်ကျိ မိုးကြိုးရေကန်ကိုလည်း ငါဖျက်ဆီးမယ်။ မင်းက ဒီလောကရဲ့ အစစ်မှန် ဓမ္မလမ်းစဉ် (တည်ထောင်သူ) မဟုတ်ဘူးဆိုတာကို ငါသိအောင် လုပ်ပေးမယ်။ ငါ့ရဲ့ တိုက်ကွက်ကို ခံယူစမ်း... ‘ခေတ်ရေစီးကြောင်း အခြေခံမဏ္ဍိုင်။”

သူ၏ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် ခေတ်ရေစီးကြောင်း၏ အခြေခံကျောက်တိုင်ကြီး တစ်ခု ဖြစ်လာသကဲ့သို့ပင်။ သူတော်စင်တို့၏ စစ်မှန်သော စွမ်းအင်များကို ရင်ဆိုင်ရာတွင် သူသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

“အထွတ်အထိပ် တိုက်ကွက်သုံးဖြာ... ‘ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်။”

မုန့်ရှန်းကျီသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး၊ ကြိုးတစ်ချောင်းကို ဆွဲလိုက်သကဲ့သို့ သူ၏ လက်နှစ်ဖက်ကို ဆွဲငင်လှုပ်ခတ်လိုက်ရာ အစစ်မှန် စွမ်းအင်များမှာ ဒလဟော ထွက်ပေါ်လာပြီး၊ ခန်းမတစ်ခုလုံးမှာ သူ၏ လက်သီးစွမ်းအားများ၊ လက်ဝါးရိပ်များနှင့် အသံများဖြင့် ပြည့်နှက်သွားတော့သည်။ ခန်းမအတွင်းရှိ သူတော်စင်အပေါင်းတို့၏ သန့်စင်သော အလင်းတန်းများမှာ ခဏအတွင်းမှာပင် လွင့်စင်သွားတော့သည်။

ဂျိန်း... ဂျိန်း...၊

ပေါက်ကွဲသံများမှာ အဆက်မပြတ် မြည်ဟည်းနေတော့သည်။ မုန့်ရှန်းကျီ၏ တိုက်ကွက် တစ်ကွက်တည်းဖြင့် မရေမတွက်နိုင်သော အစီအရင်များ ပျက်စီးသွားပြီး ခမ်းမ၏ အဓိက ထောက်တိုင်ဖြစ်သော ‘ဆာဟာရတနာသစ်ပင်’ ပင်လျှင် ၎င်း၏ ပုံရိပ်မှန်ကို အမှန်တကယ် ဖော်ပြလာခဲ့ရပြီ။

ဝူး...

မုန့်ရှန်းကျီ၏ လက်ချောင်းများမှာ နဂါးလက်သည်းများကဲ့သို့ ဖြစ်သွားပြီး၊ သူ၏ လက်ဝါး ကို အတွင်းသို့ ဆွဲယူရုတ်သိမ်းလိုက်ရာ စုပ်အားတစ်ခု ထွက်ပေါ်လာသည်။ ဝိန်း... ဝိန်း... ဝိန်း...။ ဆာဟာရတနာသစ်ပင်မှာ ၎င်း၏ အစစ်မှန် အရှင်သခင်နှင့် တွေ့ဆုံလိုက်ရသကဲ့သို့ တစီစီမြည်ကာ တုန်ခါသွားပြီး မုန့်ရှန်းကျီ၏ လက်ထဲသို့ တစ်ခါတည်း ပါသွားတော့မည့်ပုံ ပေါ်နေသည်။

“အင်မော်တယ် ကျောက်စာတိုင်။”

မုန့်ရှန်းကျီက သူ၏ စစ်မှန်သော ပင်ကိုယ်သဘာဝကို ထုတ်ဖော်လိုက်ပြီးနောက် ဤမျှ အထိ ကြောက်မက်ဖွယ်ကောင်းကာ အနှိုင်းမဲ့နေသည်ကို မြင်သောအခါမှာလည်း ဟုန်ယွိ ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိဘဲ လုံးဝ တည်ငြိမ်နေ၏။ သူ၏လက်ထဲမှ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ လုံး ပျံထွက်သွားကြပြီး၊ ဧရာမ ကျောက်စာတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ မုန့်ရှန်းကျီ၏ လမ်းကို ပိတ်ဆို့လိုက်သည်။

အင်မော်တယ် ကျောက်စာတိုင်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သောအခါ၊ ၎င်းသည် အနန္တထိတ်လန့်ခြင်း နတ်ဘုရားဘုရင်ကို ဖိနှိပ်ထားသကဲ့သို့ မုန့်ရှန်းကျီကို ဖိနှိပ်ထားလိုက်လေသည်။

သို့သော် အင်မော်တယ်ကျောက်စာတိုင်က အစွမ်းထက်သော်လည်း၊ မုန့်ရှန်းကျီက ပို၍ အစွမ်းထက်နေသေးသည်။

“အထွတ်အထိပ် တိုက်ကွက်သုံးဖြာ... ‘ဒီရေလှိုင်း ပြောင်းပြန်လှန်။”

ရုတ်တရက် မုန့်ရှန်းကျီသည် ‘ဒီရေလှိုင်း ပြောင်းပြန်လှန်’ တိုက်ကွက်ကို အသုံးပြုလိုက်ပြီး သူ၏ လက်ဝါးနှစ်ဖက်ဖြင့် အင်မော်တယ်ကျောက်စာတိုင်ကို ပြင်းထန်စွာ ရိုက်နှက်လိုက် လေသည်။ ဒုန်း... ဒုန်း... ဒုန်း...၊ ပေါက်ကွဲသံပေါင်း များစွာ ထွက်ပေါ်လာပြီး၊ ကျောက်စာတိုင်ကြီးတစ်ခုလုံးမှာ ရုတ်တရက် အက်ကွဲသွားကာ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားသော မှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားတော့သည်။

“အင်မော်တယ် ကျောက်စာတိုင်ကိုတောင် သူက ဖျက်ဆီးပစ်လိုက်တာလား...”

ဟုန်ယွိ၏ မျက်နှာအမူအရာမှာ လုံးဝ မပြောင်းလဲပေ။ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ရှုပ်ထွေးနေသော ဖရိုဖရဲ ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာကာ မုန့်ရှန်းကျီ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ တချိန်တည်းမှာပင် သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ဆာဟာရတနာ သစ်ပင်မှာ သူ၏ လက်ထဲသို့ ပျံဝင်လာတော့သည်။

သို့သော်လည်း မုန့်ရှန်းကျီက ရုတ်တရက် မျက်ခုံးပင့်လိုက်ပြီး ‘ဒီရေလှိုင်း ပြောင်းပြန်လှန်’ တိုက်ကွက်၏ စွမ်းအားဖြင့် သူ၏ပုံရိပ်မှာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားကာ ခန်းမ၏ အနက်ရှိုင်းဆုံးနေရာသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ဂျိန်း...

မရေတွက်နိုင်သော အစီအရင်များမှာ သူ၏လက်ချက်ဖြင့် နောက်တစ်ကြိမ် အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားပြန်သည်။

ဤတစ်ကြိမ်တွင် သူသည် ထိုက်ကျိ မိုးကြိုးရေကန်ထံသို့ အမှန်တကယ်ပင် အတင်းဝင် ရောက်သွားပြီး၊ လက်ဝါးတစ်ချက်တည်းဖြင့်ပင် မိုးကြိုးရေကန်အတွင်းရှိ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

ဝုန်း...

သူ၏ ထိုလက်ဝါးရိုက်ချက်က ထိုက်ကျိ မိုးကြိုးရေကန်တွင် ဧရာမ အပေါက်ကြီးတစ်ခုကို ဖောက်ထွင်းလိုက်လေသည်။

မူလစွမ်းအင်များမှာ ချက်ချင်းပင် ရူးသွပ်စွာ ထွက်ပေါ်လာတော့သည်။ ထိုက်ကျိ မိုးကြိုး ရေကန်မှာ ပေါက်ကွဲတော့မည့်အလား ဖြစ်နေသည်။ အာရုံလွှဲခြင်း၊ မိုးကြိုးရေကန်ကို ဖျက်ဆီးခြင်း၊ ဤသည်ကား အနှိုင်းမဲ့သော အစွမ်းပင် ဖြစ်သည်။

ဟုန်ယွိသည် နောက်ဆုံးတွင် အစစ်မှန် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ အစွမ်းကို တွေ့မြင် လိုက်ရပြီ ဖြစ်သည်။ ဤသည်မှာလည်း သူ၏ဘဝတွင် ရင်ဆိုင်ရဖူးသမျှ အကြီးမားဆုံး သော အကျပ်အတည်းပင် ဖြစ်တော့သည်။

All Chapters