အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း။ ၁၉၂
စီမာယန်ကို နှုတ်ဆက်ပြီးနောက် ဖန်ရှောင်ကျဲသည် ကုယွမ်ကို ခေါ်ဆောင်ကာ ဆေးဖော်စပ်ခန်းထဲမှ ထွက်လာခဲ့သည်။
“ဂျူနီယာညီလေး... ငါ့နောက်က လိုက်ခဲ့ပါ။ မင်းတည်းခိုဖို့ နေရာကို ပြင်ဆင်ထားပြီးပြီ ဒီနားတင်ပဲ”
ဖန်ရှောင်ကျဲသည် လမ်းပြရင်း သူဆရာက ကုယွမ်ကို အလွန်အမင်း အလေးအနက်ထားသည်ကို သိရှိသွားသဖြင့် ယခင်က ကုယွမ်အပေါ် အထင်သေးခဲ့သည့် စိတ်အမူအရာများကို ပြန်လည်သိမ်းဆည်းထားလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုဖန်”
ဖန်ရှောင်ကျဲ၏ မျက်ဝန်းထဲရှိ ရှုပ်ထွေးနေသော အရိပ်အယောင်များကို သတိပြုမိသော်လည်း ကုယွမ်ကတော့ သိပ်ပြီး ဂရုမစိုက်မိပေ။
“နေဦး”
သူတို့နှစ်ဦး လှေကားအတိုင်း ဆင်းလာပြီး စင်္ကြံတစ်ခုကို ဖြတ်သန်းစဉ် တစ်စုံတစ်ယောက်က လှမ်း၍ ခေါ်လိုက်သည်။
သူတို့ ခြေလှမ်းများကို ရပ်တန့်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ပြာလွင်သော မီးခိုးရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် ပိန်ပိန်ပါးပါးနှင့် သတ်လတ်ပိုင်း အရွယ်ရှိ တာအိုပညာရှင်တစ်ဦးကို တွေ့လိုက်ရသည်။
သူသည် ခြောက်သွေ့သော သစ်သားစစ်မှန်သော အရှင်သခင်နှင့် မတူဘဲ ခန္ဓာကိုယ် ပိန်
သော်လည်း ကိုယ်လုံးကိုယ်ထည် ထည်ဝါကာ ဝတ်ရုံင်္အကျီလက်များမှာ တဖျတ်ဖျတ် လွှင့်ပျံနေပြီး နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး အရှည်ကြီးနှင့်အတူ နတ်ဘုရားတစ်ပါးကဲ့သို့သော အရှိန်အဝါမျိုး ရှိနေသည်။
“ဦးလေးဆရာ စိမ်းလဲ့သစ်သားကို ဂါရဝပြုပါတယ်”
ဖန်ရှောင်ကျဲက ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
စိမ်းလဲ့သစ်သားစစ်မှန်သော အရှင်သခင်သည် ခေါင်းကို အသာအယာ ညိတ်ပြပြီး ကုယွမ်ကို ဇဝေဇဝါမျက်နှာထားဖြင့် လှမ်းကြည့်ကာ မေးခွန်းထုတ်သည်။
“တူတော်ဖုန်း... မင်း ဘယ်သွားမလို့လဲ ပြီးတော့ ဒါက ဘယ်သူလဲ”
ဖန်ရှောင်ကျဲက ရိုသေစွာဖြင့် ပြန်ဖြေလိုက်သည်။
“ဦးလေးဆရာကို သတင်းပို့ပါတယ်... သူက ဦးလေးဆရာ ဟယ်လင်းရဲ့ တပည့် ဂျူနီယာညီလေး ကုယွမ်ပါ။ ဆရာက ဂျူနီယာညီလေးကုနဲ့ တွေ့ဆုံပြီးပြီမို့ စီစဉ်ထားတဲ့ တည်းခိုဆောင်ဆီ လိုက်ပို့ပေးဖို့ ကျွန်တော့်ကို ညွှန်ကြားလိုက်လို့ပါ”
“ဩော်...”
စိမ်းလဲ့သစ်သားစစ်မှန်သော အရှင်သခင်သည် အနည်းငယ် အံ့ဩသွားသည့်ဟန်ဖြင့် ကုယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ဂျူနီယာညီလေး ဟယ်လင်းရဲ့ တပည့်ကိုး”
“တပည့်က ဦးလေးဆရာကို ဂါရဝပြုပါတယ်”
ကုယွမ်က ဦးညွှတ်နှုတ်ဆက်လိုက်သော်လည်း စိတ်ထဲတွင်မူ အေးစက်စွာ ရယ်မောနေမိသည်။
သူသည် ဤလူနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း သူ၏ဆရာဖြစ်သူ ဆရာကြီးဟယ်လင်း ပြောပြဖူးသဖြင့် ကြားဖူးနားဝ ရှိနေသည်။
စိမ်းလဲ့သစ်သားစစ်မှန်သော အရှင်သခင်သည် ဤနေရာ၏ ဒုတိယမျှော်စင်သခင် ဖြစ်ပြီး မိသားစုအဖွဲ့အစည်းဘက်က ဖြစ်သည်။
ဆေးဖော်စပ်ခြင်းတာအို၌သာ နစ်မွန်းနေပြီး လောကီရေးရာများကို လျစ်လျူရှုထားသည့် စီမာယန်နှင့် မတူဘဲ စိမ်းလဲ့သစ်သားစစ်မှန်သော အရှင်သခင်သည် အာဏာမက်မောသူဖြစ်ကာ ချူံမင်ဈေးရှိ ကျောက်စိမ်းမီးဖိုမျှော်စင်၏ အာဏာထက်ဝက်နီးပါးကို ချုပ်ကိုင်ထားသူ ဖြစ်သည်။
စီမာယန် မရှိသည့်အချိန်များတွင် သူကသာ ဤနေရာ၌ အရာရာကို အဆုံးအဖြတ်ပေးသူ ဖြစ်သည်။
အဓိကအချက်မှာ ဤလူသည် ဂိုဏ်းမျိုးဆက်အဖွဲ့အစည်းအပေါ် အလွန်အမင်း ရန်လိုမုန်းတီးစိတ် ရှိပြီး ဆရာကြီးဟယ်လင်းနှင့်လည်း အဖုအထစ်အချို့ ရှိခဲ့ဖူးသည်။ သို့သော် ခရမ်းရောင်တိမ်တိုက်စစ်မှန်သော အရှင်သခင်ကဲ့သို့ ဗြောင်ကျကျ ရန်မမူခြင်းသာ ဖြစ်သည်။
ထို့အပြင် စောစောက စတင်တွေ့ဆုံချိန်၌ပင် သူ၏မျက်ဝန်းထဲတွင် ဖုံးကွယ်မရသော အံ့ဩတုန်လှုပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို ကုယွမ်က အကဲခတ်မိလိုက်သည်။ ၎င်းမှာ စိမ်းသက်နေသည့် အသွင်မျိုး လုံးဝမရှိဘဲ သူကို အစကတည်းက သိရှိနေသည့် သဘောပင်။
“တကယ်ပဲ ထူးကဲတဲ့ ပါရမီရှင်ပဲ။ ဂျူနီယာညီလေး ဟယ်လင်းတော့ မျက်စိစူးရှတာပဲ”
စိမ်းလဲ့သစ်သားစစ်မှန်သော အရှင်သခင်သည် သူမုတ်ဆိတ်မွေးကို သပ်ရင်း ခေါင်းကို အသာညိတ်ကာ ပြုံးလျက် ပြောလိုက်သည်။
ကိစ္စအဝဝကို မသိနားမလည်သူတစ်ဦးဆိုလျှင် သူသည် စေတနာကောင်းဖြင့် ကြိုဆိုနေသည်ဟု ထင်မှတ်မှားစရာ ရှိသည်။
သို့သော် ကုယွမ်၏ ဓားစိတ်ဝိညာဉ်မှာ အလွန်အမင်း ထက်မြက်လှသဖြင့် ထိုဖော်ရွေသော အပြုံးမျက်နှာပြင်အောက်တွင် ပုန်းကွယ်နေသည့် အေးစက်သော မနာလိုမုန်းတီးမှုကို သတိပြုမိလိုက်သည်။
“ဒီမြေခွေးအိုကြီးကတော့ မကောင်းတဲ့အကြံ ရှိနေတာ သေချာတယ်။ ငါ သူ့ကို သတိထားမှ ဖြစ်မယ်”
ကုယွမ်သည် စိတ်ထဲကနေ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
အပြင်ပန်းတွင်မူ ကုယွမ်သည် သူနှင့် ယဉ်ကျေးပျူငှာစွာ စကားအနည်းငယ် လဲလှယ်လိုက်ပြီးနောက် ဖန်ရှောင်ကျဲနှင့်အတူ ထွက်ခွာလာခဲ့တော့သည်။
ကုယွမ်နှင့် ဖန်ရှောင်ကျဲတို့ ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း စိမ်းလဲ့သစ်သားစစ်မှန်သော အရှင်သခင်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တည်တင်းအေးစက်သွားပြီး သူ၏ အကြည့်များတွင်လည်း အေးစက်သော အငွေ့အသက်များ လွှမ်းမိုးသွားသည်။
“ကုယွမ်... ဟူး”
...
နောက်ရက်များတွင် ကုယွမ်သည် ရွှေရောင်ဆေးလုံး၏ အဓိကအနှစ်သာရများကို စတင်လေ့လာတော့သည်။
မျှမျှတတ ပြောရလျှင် ဤဆေးဖော်စပ်ခြင်းနည်းလမ်းမှာ အမှန်ပင် နက်နဲဆန်းကြယ်သည်။
ကံကောင်းထောက်မစွာဖြင့် ကုယွမ်သည် ဝိညာဉ်အိမ်မွေးတိရစ္ဆာန် ရှောင်ချင်းကို ယဉ်ပါးအောင် မွေးမြူထားနိုင်ခဲ့ပြီး ၎င်း၏ အသွင်တစ်ထောင်ပြောင်းလဲခြင်းပါရမီကို ရရှိထားသဖြင့် ဝိညာဉ်ဆေးဘက်ဝင်အပင်များ၏ အာနိသင်အပြောင်းအလဲအပေါ် အထူးတလည် အာရုံခံနိုင်စွမ်း ရှိနေသည်။
ဤအချက်က ကုယွမ်အား ဆေးဖော်စပ်ခြင်းတွင် မြင့်မားသောပါရမီကို ပေးစွမ်းနိုင်ခဲ့ရာ ဆေးဖော်စပ်ခြင်းဆိုင်ရာ အသုံးအနှုန်းများနှင့် ၎င်း၏ အမျိုးမျိုးသော အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များအကြား လမ်းမပျောက်စေဘဲ ရွှေရောင်ဆေးလုံး၏ အဓိကအနှစ်သာရများကို လွယ်လွယ်ကူကူ လေ့လာဆည်းပူးနိုင်စေခဲ့သည်။
ဤအတောအတွင်း နွီယိုတ၊ ရှရှို့ရွှယ်နှင့် အခြားသူများသည် ကုယွမ်၏ တည်းခိုရာသို့ လာရောက်လည်ပတ်ကြသည်။
သူတို့သုံးဦးစလုံးသည် ဆေးဘုရင်တောင်တန်းသို့ တူတူဝင်ရောက်လာခဲ့ကြပြီး ဂိုဏ်းမျိုးဆက်အဖွဲ့အစည်းဝင်များ ဖြစ်ကြသဖြင့် သဘာဝကျကျပင် မဟာမိတ်များဖြစ်ကြောင်း ထိုနှစ်ဦးစလုံးက ကောင်းစွာသိရှိထားကြသည်။
အထူးသဖြင့် ကုယွမ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြ၏။
အခြားအကြောင်းကြောင့်မဟုတ်ဘဲ ကုယွမ်၏ ပါရမီ၊ ကျင့်ကြံခြင်းအဆင့်၊ စွမ်းအားနှင့် အဆင့်အတန်း အားလုံးမှာ ဤတာဝန်ကို ထမ်းဆောင်ရန် လုံလောက်လှသောကြောင့်ပင်။
ဂိုဏ်းမျိုးဆက်အဖွဲ့အစည်းမှာ မှေးမှိန်ကျဆင်းနေပြီဖြစ်ရာ သူတို့သုံးဦး စုစည်းမိမှသာ အချင်းချင်း အနိုင်ကျင့်မခံရအောင် ကာကွယ်နိုင်ကြမည်ပင်။
ထိုနှစ်ဦးသည် ကုယွမ်ကို အချိန်အကြာကြီး မနှောင့်ယှက်ဘဲ စကားအနည်းငယ် ပြောဆိုပြီးနောက် ခပ်သွက်သွက်ပင် ပြန်လည်ထွက်ခွာသွားကြသည်။
သူတို့ကို လိုက်ပို့ပြီးနောက် ကုယွမ်သည် ကျောက်စိမ်းမီးဖိုမျှော်စင်ဆီသို့ တန်းတန်းမတ်မတ် လာခဲ့သည်။
ရက်ပေါင်းများစွာ ဆေးဖော်စပ်ခြင်းပညာကို နားလည်သဘောပေါက်အောင် ကြိုးစားပြီးနောက် သူကိုယ်တိုင် လက်တွေ့စမ်းသပ်ရန် စီစဉ်ခြင်းပင်။
ဆေးဖော်စပ်ခြင်းဆိုင်ရာ သဘောတရားများကို မည်မျှပင် နက်နက်နဲနဲ လေ့လာထားပါစေ လက်တွေ့မလုပ်ဆောင်ဘဲနှင့်မူ အလဟဿသာ ဖြစ်ပေလိမ့်မည်။
“စီနီယာအစ်ကိုကု”
“ဂါရဝပြုပါတယ် စီနီယာအစ်ကို”
“ဂျူနီယာညီလေး...”
“...”
ကုယွမ် ကျောက်စိမ်းမီးဖိုမျှော်စင်သို့ ရောက်ရှိလာသောအခါ ယခုတစ်ကြိမ်တွင်မူ လူအများအပြားက သူ့ကိုမှတ်မိကြပြီး လှမ်း၍ နှုတ်ဆက်ကြသည်။
သို့သော် သူတို့၏ အပြင်ပန်း ယဉ်ကျေးပျူငှာမှု နောက်ကွယ်တွင် စိမ်းကားမှုနှင့် အကဲခတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်ကို ကုယွမ် မြင်နိုင်သည်။
သူတို့ထဲမှ အများစုမှာ ဖုံးကွယ်ထားသော သတိဝီရိယနှင့် ရန်လိုမုန်းတီးမှုကိုပင် ဆောင်ထားကြ၏။
ကုယွမ်ကတော့ ဂရုမစိုက်ဘဲ ကောင်တာဆီသို့ လျှောက်လှမ်းရင်း ပေါ့ပေါ့ပါးပါးပင် ပြန်လည်တုံ့ပြန်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူအချို့၏ စူးစမ်းလိုသော အကြည့်များကို လျစ်လျူရှုကာ ကုယွမ်သည် ကျောက်စိမ်းလိပ်ပြားတစ်ခုကို တိုက်ရိုက်ထုတ်ယူလျက် ကောင်တာရှိ လူအား ပြောလိုက်သည်။
“ဒီထဲက ဆေးဝါးပစ္စည်းတွေကို အမျိုးအစားတစ်ခုစီအတွက် ဆယ်စုံစီ ပေးပါ”
“ဟုတ်ကဲ့ပါ”
ကောင်တာရှိ သတ်လတ်ပိုင်း အရွယ် မန်နေဂျာသည် မဝံ့မရဲဖြင့် မနှောင့်နှေးစေဘဲ ကျောက်စိမ်းလိပ်ပြားထဲက အချက်အလက်များကို အမြန်စစ်ဆေးလိုက်သည်။
“ကျောက်စိမ်းအဆီအနှစ်ဆေးလုံး... ချီအားဖြည့်ဆေးလုံး... ဝိညာဉ်သိုလှောင်ဆေးလုံး...”
ပထမ ဆေးလုံးအမျိုးအစား နှစ်ခုကို မြင်စဉ်က သူသည် တည်ငြိမ်နေသေးသော်လည်း ဝိညာဉ်သိုလှောင်ဆေးလုံးနှင့် ၎င်းအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများကို မြင်လိုက်ရသောအခါ သူ၏မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ကုယွမ်အပေါ် ထားရှိသော အကြည့်များလည်း ပြောင်းလဲသွားသည်။ သို့သော် သူ ဘာမှပို၍ မပြောခဲ့ပေ။
သူက “ခဏလောက် စောင့်ပေးပါ ဂျူနီယာညီလေး” ဟုသာ ပြောကာ လူတစ်ယောက်ကို လှမ်းခေါ်ပြီး ညွှန်ကြားချက်အချို့ ပေးလိုက်ရာ အစေခံမှာ ခပ်သွက်သွက်ပင် ထွက်ခွာသွားတော့သည်။
မကြာမီမှာပင် ထိုအစေခံသည် သိုလှောင်အိတ်တစ်အိတ်ကို ကိုင်ဆောင်လျက် အပြေးအလွှား ပြန်လည်ရောက်ရှိလာသည်။
“ဂျူနီယာညီလေးကု... ဒါက မင်းတောင်းဆိုထားတဲ့ ဆေးဝါးပစ္စည်းတွေပါ။ မင်းက ဂိုဏ်းတွင်းတပည့်တစ်ယောက် ဖြစ်သလို မျှော်စင်သခင်စီမာယန်ကလည်း ညွှန်ကြားထားတာရှိလို့ ငါ မင်းကို လျှော့စျေးပေးပါမယ်။ မင်းအနေနဲ့ ဝိညာဉ်ကျောက်တုံး ၄၀ ရာခိုင်နှုန်းပဲ ပေးချေဖို့ လိုအပ်ပြီး စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၆၀၀ ကျသင့်ပါတယ်”
သတ်လတ်ပိုင်း အရွယ် မန်နေဂျာသည် ဝိညာဉ်ဆေးဘက်ဝင်အပင်များ အပြည့်ထည့်ထားသည့် သိုလှောင်အိတ်ကို ကုယွမ်ထံ ကမ်းပေးလိုက်သည်။
“စစ်ဆေးကြည့်နိုင်ပါတယ် ဂျူနီယာညီလေး”
“ကျေးဇူးတင်ပါတယ်”
ကုယွမ်သည် တွန့်ဆုတ်မနေဘဲ လက်ခံလိုက်ပြီး သူ၏စိတ်အာရုံကို အတွင်းသို့ ပို့လွှတ်ကာ အတည်ပြုပြီးနောက် ဝိညာဉ်ကျောက်တုံးများကို ပေးချေကာ လှည့်ထွက်ခဲ့သည်။
ကုယွမ် ထွက်ခွာသွားပြီးနောက် အခြေအနေကို လာရောက်စုံစမ်းသူအချို့ ရှိလာပြီး အကြောင်းစုံကို သိရှိသွားသောအခါ လှောင်ပြောင် သရော်လိုက်ကြသည်။
“ဝိညာဉ်သိုလှောင်ဆေးလုံး ဟုတ်လား...”
“ဒီကောင်လေးက ဆေးဖော်စပ်တာကို သင်ယူချင်တယ်ဆိုတာ ငါမအံ့ဩပါဘူး။ ဒါပေမဲ့ သူ လေ့လာနေတာ ဘယ်နှစ်ရက်ပဲ ရှိသေးလို့လဲ”
“ဝိညာဉ်သိုလှောင်ဆေးလုံးဆိုတာ စိတ်အာရုံနဲ့ စိတ်ဝိညာဉ်ကိုပါ အားဖြည့်ပေးနိုင်တာ။ ကျောက်စိမ်းအဆီအနှစ်ဆေးလုံး ဒါမှမဟုတ် ချီအားဖြည့်ဆေးလုံးတွေနဲ့ နှိုင်းယှဉ်လို့ရတာ မဟုတ်ဘူး။ သူက ဝိညာဉ်သိုလှောင်ဆေးလုံးကို ဖော်စပ်ဖို့ တကယ်ပဲ အိပ်မက်မက်နေတာပဲ။ တကယ့်ကို ရယ်စရာကောင်းတာပဲ”
“ငါ့အမြင်တော့ အဲဒီကောင်လေးက ရည်မှန်းချက်ကြီးပေမဲ့ မာနထောင်လွှားနေတာပဲ... ငါ ဆေးဖော်စပ်ခြင်းပညာကို လေ့လာခဲ့တာ အနှစ်သုံးဆယ်ကျော်ပြီ။ ဆေးဖော်စပ်သူတွေထဲမှာ ငါက ဝါရင့်တစ်ယောက်ဆိုပေမဲ့ ဝိညာဉ်သိုလှောင်ဆေးလုံးကို ဖော်စပ်နိုင်ပါတယ်လို့ မပြောရဲဘူး။ သူက သူ့ကိုယ်သူ ဘာကောင်ထင်နေလို့လဲ...”
“အတိအကျပဲ... အဲဒီကုဆိုတဲ့လူက လုံးဝ စိတ်ကူးယဉ်နေတာ”
“အဲလိုကြီးလည်း မပြောပါနဲ့ဦး။ ငါကြားတာတော့ မျှော်စင်သခင်စီမာယန်က ဒီကောင်လေးကို အတော်လေး အလေးအနက်ထားတယ်ဆိုပဲ”
“ဒါက ကိုးယောက်မြောက် အကြီးအကဲရဲ့ မျက်နှာကြောင့်လို့ပဲ ငါထင်တယ်”
“အဓိပ္ပာယ်ရှိတယ်...”
“ငါတော့ ကြည့်ချင်သေးတယ်။ လအနည်းငယ်လောက် လုံးပန်းပြီးတဲ့နောက် ဘာအရာမှ ဖြစ်မလာဘဲ ဆေးလုံးတစ်လုံးတောင် မထုတ်နိုင်တဲ့အခါ ဘယ်လိုမြင်ကွင်းမျိုး ဖြစ်လာမလဲဆိုတာ...”
“ဟားဟား... မင်းပြောမှပဲ ငါတောင် အတော်လေး မျှော်လင့်မိသွားပြီ”
အခြားလူအများအပြားကလည်း ထပ်ဆင့်ကာ ကုယွမ်၏ ဆေးဖော်စပ်ခြင်း ကြိုးပမ်းမှုအပေါ် အကောင်းမမြင်ကြပေ။
ထိုနေရာတွင် ရှိနေသူများအနက် ၇၀ ရာခိုင်နှုန်းကျော်မှာ မိသားစုအဖွဲ့အစည်းဘက်က တပည့်များ ဖြစ်ကြသည်။
သူတို့သည် မကြာသေးမီကမှ နာမည်ကြီးလာသည့် ဂိုဏ်းမျိုးဆက်အဖွဲ့အစည်းဝင် ကုယွမ်အပေါ် အလွန်အမင်း အရေးမစိုက်ကြဘဲ မည်သို့ပင် ကြည့်ကြည့် သူတို့မျက်စိထဲတွင် ကန့်လန့်ကြီး ဖြစ်နေကြသည်။