← Chapters

အခန်း ၁၇၃

Vol. 17 Ch. 173

အခန်း ၁၇၃

Vol. 17 Ch. 173

အခန်း ၁၇၃ - လက်သီးတစ်ချက်

​တောအုပ်နီ။ ဆေးပင်တစ်ရာ။

​ချန်အန်သည် မိမိမိသားစုရှိရာ မြေအောက်လှိုဏ်ခေါင်းပေါ်သို့ ပျံသန်းရောက်ရှိလာချိန်မှာပင် လှိုဏ်ခေါင်းထဲမှ ထပ်ဆင့်ထွက်ပေါ်နေသော အသံဗလံများကို ကြားလိုက်ရလေသည်။

​ထိုအသံများမှာ သူ၏ သမီးအကြီးဆုံးဖြစ်သူ ချန်ယုကျန်း၏ စောင်းတီးသံနှင့် သမီးအငယ်ဆုံးဖြစ်သူ ချန်ယီခဲ့၏ လက်သီးကျင့်စဉ် လေ့ကျင့်ခန်းလုပ်နေသည့် အသံများပင် ဖြစ်သည်။

​"သမီးတွေက တကယ့်ကို ကြိုးစားကြတာပဲ..."

​သမီးနှစ်ယောက်၏ ကြိုးစားအားထုတ်သံများကို ကြားရသောအခါ ချန်အန်သည် မချိပြုံးပြုံးရင်း ကြည်နူးပီတိဖြစ်ရသည့် အပြုံးတစ်ခုကို မဖုံးကွယ်နိုင်ခဲ့ပေ။

​မြေခွေးမိစ္ဆာ အမြီးဖြတ်ထွက်ပြေးသွားသဖြင့် ခုနတင်က ဖြစ်ပေါ်နေခဲ့သော စိတ်ပျက်လက်ပျက် ခံစားချက်များမှာလည်း ချက်ချင်းပင် လွင့်ပျယ်ပျောက်ကွယ်သွားခဲ့သည်။

​သူသည် ဓားပျံပေါ်မှ ဆင်းသက်ကာ လှိုဏ်ခေါင်းထဲသို့ လျှောက်လှမ်းပြီး ဧည့်ခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။

​ချန်အန်သည် ဧည့်ခန်းမဆောင်ရှိ ထမင်းစားပွဲတွင် ဝိုင်းဖွဲ့ထိုင်နေကြသော သူ၏ ဇနီးသည်လေးဦးကို တွေ့လိုက်ရသည်။ လူတိုင်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေကြ၏။

​သူတို့၏ ခင်ပွန်းသည် ပုံမှန်ထက် အလွန်နောက်ကျမှ ပြန်ရောက်လာသဖြင့် အားလုံးက စိုးရိမ်နေကြသည်မှာ သိသာလှပေသည်။

​"ယောက်ျား... ဘာလို့ ဒီလောက်တောင် နောက်ကျမှ ပြန်ရောက်လာရတာလဲ"

​"ပြီးတော့ ကျမတို့ ပို့လိုက်တဲ့ အသံလွှင့်စာတွေကိုလည်း ဘာလို့ တစ်ချက်မှ ပြန်မဖြေရတာလဲ"

​ချန်အန် နောက်ဆုံးတော့ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်ကျိယန်သည် ချက်ချင်း မတ်တတ်ထရပ်ကာ အေးစက်စက်လေသံဖြင့် အပြစ်တင်စစ်ဆေးမေးမြန်းတော့သည်။

​ချန်အန်သည် ထိုစကားကို ကြားသောအခါ အားနာနာဖြင့် - "အသံလွှင့်စာတွေကို ပြန်မဖြေမိတာ မောင်ကြီး အပြစ်ပါပဲ။ ဒါက ငါမှားတာပါ။ အလုပ်ရှုပ်နေတဲ့အချိန်ဆို ဒါတွေကို ခဏခဏ မေ့မေ့သွားတတ်လို့ပါ" ဟု တောင်းပန်လိုက်သည်။

​"ဒါပေမဲ့ ဒါတွေက အကြောင်းရှိလို့ပါ။ ဈေးကနေအပြန် လမ်းမှာ အဲဒီပြဿနာရှာတတ်တဲ့ မြေခွေးမိစ္ဆာနဲ့ ထပ်ပြီး တိုးမိလို့"

​ဘာလဲ။

​အဲဒီမြေခွေးမိစ္ဆာနဲ့ ထပ်တိုးမိတယ် ဟုတ်လား။

​ဇနီးသည်များ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ သူတို့အားလုံး အလွန်အမင်း အံ့ဩသွားကြသလို စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်များလည်း ယှက်သန်းသွားခဲ့သည်။

​"ယောက်ျညး... ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ အပြင်ထွက်တိုင်း အဲဒီမြေခွေးမိစ္ဆာနဲ့ပဲ အမြဲတမ်း တိုးနေရတာလဲ"

​ဆောင်ဟွာယင်း၏ မျက်နှာထက်တွင် အံ့ဩမင်သက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့နောက် သူမက ဆက်ပြီး - "တောအုပ်နီက ဒီလောက်တောင် ကျယ်ပြောလှတာကို ယောက်ျား အပြင်ထွက်တိုင်း အဲဒီမြေခွေးမိစ္ဆာနဲ့ ဆုံနေရတာကတော့ တကယ့်ကို သဘာဝမကျဘူး" ဟု ဆိုသည်။

​ရှန်းချင်းယီက ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ အတွေးကို အကြံပြုပြောဆိုလာသည်။ "ယောက်ျား... အဲဒီမြေခွေးမိစ္ဆာက မောင်ကြီးရဲ့ ကိုယ်ပေါ်မှာ ဝိညာဉ်အသိစိတ် အမှတ်အသားတစ်ခုခု ချန်ထားခဲ့တာများလား"

​အမှတ်အသား အလုပ်ခံထားရတာလား။

​ထိုစကားကို ကြားလိုက်ရသောအခါ ဂူရှင်းယွဲ့သည် ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားပြီး ခင်ပွန်းသည်အတွက် အလွန် စိုးရိမ်ပူပန်သွားခဲ့သည်။

​သို့သော်လည်း နောက်တစ်စက္ကန့်တွင် ချန်အန် ပြောလိုက်သော စကားကြောင့် သူမ သက်ပြင်းချနိုင်ခဲ့တော့သည်။

​ချန်အန်က - "အဲဒီလို ဖြစ်နိုင်ခြေကတော့ သိပ်မရှိပါဘူး။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်အဆင့် ၁ ပဲ ရှိသေးတယ်ဆိုပေမဲ့ ဝိညာဉ်အသိစိတ် အင်အားကတော့ ရွှေအမြုတေအဆင့် ၉ ကျင့်ကြံသူတစ်ယောက်ထက် မနိမ့်ပါဘူး"

​"အဲဒီမြေခွေးမိစ္ဆာရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ ရင်ဆိုင်ခဲ့ရသလောက်ဆိုရင် ရွှေအမြုတေအဆင့် အလယ်အလတ်ပိုင်းလောက်ပဲ ရှိဦးမှာပါ။ သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားက ငါ့ထက် သန်မာတယ်ဆိုတာကလွဲရင် ခန္ဓာကိုယ်ပိုင်းနဲ့ ဝိညာဉ်အသိစိတ်ပိုင်းက အားနည်းပါတယ် ငါမရိပ်မိအောင် ဝိညာဉ်အသိစိတ် အမှတ်အသား လာလုပ်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး"

​"ဒါ့အပြင် သူမက တကယ်ပဲငါ့ကိုယ်ပေါ်မှာ အမှတ်အသား လုပ်ထားခဲ့ရင် အဲဒီအမှတ်အသားအတိုင်း တို့အိမ်အထိ လိုက်လာခဲ့တာ ကြာလှပြီပေါ့။ ဘာလို့ ငါ့ကို နေရာတကာ လိုက်ရှာနေဦးမလဲ"

​ချန်အန်၏ စကားက အကျိုးအကြောင်း အလွန်ဆီလျော်လှပေသည်။

​ရှန်းချင်းယီက ခေါင်းညိတ်လိုက်ပြီး - "ဒါလည်း ဟုတ်တာပဲ ယောက်ျားပြောတာ မှန်ပါတယ်။ ကျမ သေချာ မစဉ်းစားမိလိုက်ဘူး"

​"ယောက်ျား... အခု အဲဒီမြေခွေးမိစ္ဆာက မောင်ကြီးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတုန်းပဲလား" ဂူရှင်းယွဲ့က စိုးရိမ်တကြီး မေးမြန်းသည်။

​"နောက်ဆို ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပါဘူး" ဇနီးသည်များ စိတ်အေးစေရန်အတွက် ချန်အန်က တမင်တကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "အဲဒီမြေခွေးမိစ္ဆာက သတ်ရခက်တဲ့ ပိုးဟပ်တစ်ကောင်လိုပါပဲ။ သူမ ငါ့လက်ထဲကနေ ထွက်ပြေးနိုင်ရင် ထွက်ပြေးနိုင်လိမ့်မယ်၊ ဒါပေမဲ့ ငါ့ကို ဘယ်လိုမှ နာကျင်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး"

​သူ ဤသို့ ပြောသည်ကို ကြားရမှသာ ဇနီးသည် လေးဦးစလုံး စိတ်သက်သာရာရသွားကြတော့သည်။

​ဆောင်ဟွာယင်းသည် သူ့ဘေးနားသို့ တိုးထိုင်လိုက်ပြီး လက်မောင်းကို ရင်းနှီးပွင့်လင်းစွာ ဖက်တွယ်လိုက်ရင်း ပျားရည်လို ချိုမြိန်လှသော နှုတ်ခမ်းနီနီလေးများဖြင့် ဆိုလိုက်သည်။

"ယောက်ျားက တကယ့်ကို အားကိုးရတာပဲ။ ကျမ ထင်တယ်... နောက်ထပ် နှစ်နှစ်မပြည့်ခင်မှာတင် အခြေတည်ဝိဉာဥ်အဆင့်ကို သေချာပေါက် ရောက်သွားမှာပါ"

​"မင်းကတော့ စကားအပြောအဆို တတ်လွန်းတယ်၊ နှုတ်ချိုလွန်းတယ်" ချန်အန်သည် ဇနီးသည်၏ ချယ်ရီသီးလို နှုတ်ခမ်းလေးကို ညင်သာစွာ ဆွဲလိုက်ရင်း ပြုံးလိုက်သည်။

​ဆောင်ဟွာယင်း၏ လှပသော မျက်ဝန်းလေးများက ချိုမြိန်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ပြောလိုက်သည်။

"ကျမရဲ့ လျှာက မချိုပါဘူး ယောက်ျားရဲ့ လျှာကမှ ချိုတာ။ တီကောင်တစ်ကောင်လို ဖြတ်လတ်ပြီး နေရာတကာ လျှောက်တွားတတ်တာလေ"

​ကျန်ရှိသော ဇနီးသည် သုံးဦးမှာမူ ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာများ ရဲတက်သွားကြတော့သည်။

​ထိုအထဲတွင် ဝမ်ကျိယန်သည် ဆောင်ဟွာယင်းကို မျက်စောင်းထိုးလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် - "မင်းကတော့ အကောင်းကိုမသင်ဘူး ယောက်ျားနောက်လိုက်ပြီး လမ်းမှား ရောက်ကုန်ပြီ။ ဟုတ်ဟုတ်ငြားငြား ဘာမှမပြောဘူး" ဟု ဆိုလေသည်။

​ထိုစဉ် အရှေ့ဘက်စင်္ကြံလမ်းဆီမှ ပြေးလာသော ခြေသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​အတားအဆီးမရှိ မဆင်မခြင် မောင်းနှင်လာသော ရွှံ့တင်ကားအစုတ်ကြီးတစ်စီးကဲ့သို့ပင် သူမသည် ဖခင်ဖြစ်သူ၏ ပေါင်ကို ဗုန်းခနဲ ဝင်တိုက်လိုက်တော့သည်။

​ထို့နောက် ကျွမ်းကျင်လှသော အမူအရာဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဖခင်ဖြစ်သူ၏ ပေါင်ကို ဖက်တွယ်လိုက်ရင်း မျက်နှာလေး မော့ကာ အော်ဟစ်လိုက်လေသည်။

​"ဖေဖေ... သမီး ဒန်းစီးချင်တယ်"

​သူမ၏ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် လူတိုင်း၏ နားထဲတွင် အူသွားရတော့သည်။

​ဝမ်ကျိယန်သည် ချန်ယီခဲ့ကို ဆွဲခေါ်လိုက်ပြီး စူးစူးဝါးဝါး စိုက်ကြည့်ကာ - "မင်းကတော့လေ အစားမရှိတဲ့ ကောင်မလေးပဲ... စကားပြောရင် ကောင်းကောင်းပြောပါလား၊ ဘာလို့ ဒီလောက်တောင် အော်ဟစ်နေရတာလဲ" ဟု ငေါက်လိုက်သည်။

​"မေမေ... သမီး ဒန်းစီးချင်တယ်"

​လူစကားကို နားမလည်သည့်အလား ချန်ယီခဲ့သည် ပါးစပ်ကို ဟကာ သူမ၏ အဆုတ်ကွဲမတတ် အသံကုန် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

​ဝမ်ကျိယန်တစ်ယောက် စိတ်လျှော့လိုက်ရတော့သည်။ ဒီလို အမှတ်မရှိတဲ့ သမီးကောင်မလေးမျိုး စကားမပြောတတ်တာကမှ ပိုကောင်းဦးမည်ဟု ရုတ်တရက် တွေးမိလိုက်သည်။ သို့မဟုတ်လျှင်မူ အခုလို တစ်နေ့လုံး အဆုတ်ကွဲမတတ် လျှောက်အော်နေပေလိမ့်မည်။

​မကြာမီမှာပင် ချန်ယီခဲ့သည် သူမ၏ ဆန္ဒအတိုင်း ဖခင်ဖြစ်သူနှင့်အတူ ဒန်းစီးကစားခွင့် ရရှိသွားခဲ့သည်။

​[သင်သည် သမီးဖြစ်သူ ချန်ယီခဲ့နှင့်အတူ ဒန်းစီးကစားခဲ့သည်။ ဖခင်နှင့် သမီးကြား ရင်းနှီးမှု +၁။]

​တစ်ဖက်တွင်လည်း ရှန်းချင်းယီသည် သူမ၏ ခင်ပွန်းသည်က မြေခွေးမိစ္ဆာ၏ ညို့ငင်အတတ်ကို မည်သို့ မည်ပုံ ဖြေရှင်းခဲ့သည်ကို အလွန် သိချင်နေခဲ့သည်။ သူမသည် စဉ်းစားရင်းနှင့်ပင် -

​"ယောက်ျား အဲဒီမြေခွေးမိစ္ဆာရဲ့ ညို့ငင်အတတ်ကို ဘယ်လို တိုက်ဖျက်ခဲ့လဲဆိုတာ ကျမ သိချင်မိတယ်" ဟု မေးလိုက်သည်။

​သူမ ထိုသို့ မေးလိုက်သည်နှင့် ကျန်ရှိသော ဇနီးသည် သုံးဦးစလုံးလည်း ချန်အန်ထံသို့ အကြည့်များ ပို့လိုက်ကြသည်။

​တကယ်တော့ သူတို့အားလုံးလည်း ဤကိစ္စကို အတော်အတန် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။

​ချန်အန်သည် သူ၏ ဇနီးသည်များကို ဘယ်သောအခါမှ ပြင်ပလူကဲ့သို့ သဘောမထားခဲ့ပေ။ ဇနီးသည်များက မေးမြန်းလာသဖြင့် သူက ဖြစ်ကြောင်းကုန်စင်ကို အကုန်ပြောပြလိုက်သည်။

​သို့သော်လည်း အချို့သော အသေးစိတ်အချက်အလက်များကို ချန်လှပ်ထားခဲ့ပြီး အကြမ်းဖျင်းမျှသာ ပြောပြခဲ့ခြင်း ဖြစ်သည်။

​သူသည် စနစ်မှ ဆုလာဘ်အဖြစ် ရရှိထားသော ကျင့်စဉ်များနှင့် အစွမ်းထက် ကွက်ကျော်ရိုက်ကွက်များဖြစ်သည့် 'ပညာရှိကျင့်စဉ် မူလလက်သီး'နှင့် 'နဂါးဆိုးဟိန်းသံစသည်တို့ကို အသေးစိတ် ထည့်သွင်း မဖော်ပြခဲ့ပေ။

​ဒါက ဇနီးသည်များကို မယုံကြည်၍ ကာကွယ်နေခြင်းမျိုး မဟုတ်ဘဲ ဇနီးသည်များ အလွန်အကျွံ သိရှိထားပါက မိမိ၏ လျှို့ဝှက်ဖဲချပ်များ ပေါက်ကြားသွားနိုင်သည့် အန္တရာယ်ရှိသည်ဟု ရိုးရိုးရှင်းရှင်း တွေးမိခြင်းကြောင့်သာ ဖြစ်သည်။

​နောက်ဆုံးတော့ ဒါက ကျင့်ကြံခြင်းကမ္ဘာ ဖြစ်သည်။ ဆန်းပြားလှသော လျှို့ဝှက်မှော်အတတ်များစွာ ရှိနေသည် မဟုတ်ပါလား။

​ဥပမာအားဖြင့် - 'မှတ်ဉာဏ်ရှာဖွေခြင်းအတတ်'ညို့ငင်စစ်ဆေးခြင်းအတတ် စသည်ဖြင့် ရှိနေနိုင်သည်။

​သူ၏ လျှို့ဝှက်ဖဲချပ်များကို ဇနီးသည်များ သိရှိသွားပြီးနောက် နောင်တစ်ချိန်တွင် ထိုအရာကပင် သူတို့၏ အားနည်းချက် သို့မဟုတ် ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို သူ စိုးရိမ်မိခြင်း ဖြစ်သည်။

​ညအချိန် ရောက်ရှိလာခဲ့သည်။

​ညစာ စားသောက်ပြီးနောက် ခုနစ်ယောက်စလုံးသော မိသားစုဝင်များသည် ခေတ္တမျှ ထိုင်၍ စကားစမြည် ပြောဆိုခဲ့ကြပြီး မကြာမီမှာပင် မိမိတို့ လုပ်စရာရှိသည်များကို လုပ်ရန် လူစုခွဲလိုက်ကြသည်။

​ထိုညတွင် ချန်အန်သည် ဇနီးသည်များဆီသို့ သွားရန် အလျင်စလို မလုပ်ခဲ့ပေ။

​ထိုအစား သူသည် ဆေးဖော်စပ်ခန်းထဲတွင် တစ်ယောက်တည်း ပုန်းအောင်းကာ အဆင့် ၃ ရတနာဆေးလုံးများ ဖော်စပ်နည်းကို လေ့ကျင့်နေခဲ့သည်။

​သူသည် နောက်ထပ် ခြောက်လအကြာတွင် ကျင်းပမည့် 'မြေကမ္ဘာဂိုဏ်း၏ ဆေးဖော်စပ်မှုခန်းမ စစ်ဆေးမှုကို ဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

​သူ၏ ဇနီးသည်များအားလုံးက ဤအရာကို သိရှိထားကြသဖြင့် အလွန် အလိုက်သိကြပြီး သူ့ကို လာရောက် မနှောင့်ယှက်ကြပေ။ အကယ်၍ သူတို့တွင် လိုအပ်ချက်များရှိပါကလည်း မိမိတို့ဘာသာ အတတ်နိုင်ဆုံး ဖြေရှင်းကြပြီး သူ့ကို ဒုက္ခမပေးကြချေ။

​"ဗုန်း"

"ဗုန်း... ဗုန်း... ဗုန်း"

"ဗုန်း... ဗုန်း"

​ချန်အန် ဆေးလုံးများ ဖော်စပ်နေစဉ်မှာပင် ဘေးခန်းဆီမှ လေးလံထုံကျင်လှသော လက်သီးကျင့်စဉ် လေ့ကျင့်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

​ဒါက သူ၏ သမီးအငယ်ဆုံး ချန်ယီခဲ့ လက်သီးကျင့်စဉ် လေ့ကျင့်နေသည့် အသံပင် ဖြစ်သည်။

​အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်ခန်း၏ ဘေးကပ်လျက်အခန်းမှာ ဝမ်ကျိယန်၏ အခန်း ဖြစ်နေသောကြောင့် ဖြစ်သည်။

​ဝမ်ကျိယန်က မီးဓာတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်က အပူဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသဖြင့် သူက ဆေးဖော်စပ်ခန်းကို သူမ၏ အခန်းဘေးတွင် ကပ်၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

​"ဗုန်း"

"ဗုန်း... ဗုန်း... ဗုန်း"

​ချန်အန်သည် အဆက်မပြတ် ထွက်ပေါ်နေသော လက်သီးချက်သံများကို ကြားရသောအခါ စိတ်ထဲကနေ သမီးအငယ်ဆုံးကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

​ထိုအခိုက်အတန့်မှာပင်...

​ရုတ်တရက်ဆိုသလို အရှေ့ဘက်ဆီမှ ပြင်းထန်လှသော ဗုန်းခနဲ မြည်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

​ထို့နောက် ဝမ်ကျိယန်၏ အခန်းနှင့် ဆေးဖော်စပ်ခန်းကြားက နံရံကြီးက ဝုန်းခနဲ ပြိုကျပျက်စီးသွားတော့သည်တကား။

​သမီးဖြစ်သူ : "..."

ဖခင်ဖြစ်သူ : "..."

​အမှတ်မရှိသည့် သမီးအငယ်ဆုံးလေးသည် သူမ၏ မိခင်အခန်းထဲတွင် မတ်တတ်ရပ်နေရင်း သူမ၏ လက်သီးဖြင့် ထိုးခွဲလိုက်သည့် နံရံအက်ကြောင်းကြီးကြားမှတစ်ဆင့် ဆေးဖော်စပ်ခန်းထဲတွင် ထိုင်နေသော သူမ၏ ဖခင်ဖြစ်သူကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့လေတော့သည်။

................................................

All Chapters