အခန်း ၁၇၇
Vol. 17 Ch. 177
အခန်း ၁၇၇ - ဧရာမငှက်ကြီး
ချန်အန်သည် ထိုကျင့်ကြံသူများကို ရှောင်ကွင်းသွားရမလားဟု တွေးတောနေစဉ်မှာပင် ထိုကျင့်ကြံသူများသည် အရှိန်မြှင့်တင်ကာ မိမိထံသို့ ဦးတည်ပျံသန်းလာနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ ဒါက ဘာသဘောလဲ။ ထိုကျင့်ကြံသူများသည် ဘာကြောင့် ရုတ်တရက် အရှိန်မြှင့်လာကြတာလဲ။
'ငါ့ကို သူတို့ ရိပ်မိသွားတာများလား'
'ဓားပြကျင့်ကြံသူတွေများလား'
'ငါ့ကို လုယက်ချင်လို့လား'
မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်အန်၏ စိတ်ထဲ၌ အတွေးပေါင်း ထောင်သောင်းချီ၍ ဖြတ်ပြေးသွားခဲ့သည်။
သူသည် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် ဓားဦးလှည့်ကာ အခြားတစ်ဖက်သို့ ပြောင်းလဲပျံသန်းလိုက်တော့သည်။
သူ၏ လက်ရှိအင်အားနှင့် နည်းလမ်းများအရ အခြေတည်ဝိဉာဥ်အဆင့် ကျင့်ကြံသူနှင့် မတွေ့သရွေ့ သူ စိုးရိမ်စရာမလိုဘဲ အနည်းဆုံးတော့ မနိုင်လျှင်ပင် ထွက်ပြေးနိုင်စွမ်း ရှိသည်မှာ မှန်ပေသည်။
သို့သော်လည်း သူသည် ကိစ္စအဝဝကို ရှုပ်ထွေးအောင်မလုပ်လိုဘဲ ကျန်ရှိနေသေးသော လအနည်းငယ်ကို အေးအေးချမ်းချမ်းသာ ကုန်လွန်စေချင်သည်။
ထို့နောက် ကောင်းကင်မြေကမ္ဘာဂိုဏ်း၏ ဆေးဖော်စပ်ရေးခန်းမ စမ်းသပ်စစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ဂိုဏ်းဝင်တစ်ဦးအဖြစ် ဝင်ရောက်ကာ သူ၏ ဇနီးသည်များနှင့် သမီးများကို ကောင်းကင်မြေကမ္ဘာဂိုဏ်းအတွင်း၌ တည်ငြိမ်အေးချမ်းသော ဘဝတစ်ခု ပေးစွမ်းလိုခြင်း ဖြစ်သည်။
ကံဆိုးစွာပင် ၎င်းက သူ၏ တစ်ဦးတည်းသော အတွေးမျှသာ ဖြစ်ပြီး ထိုကျင့်ကြံသူများကမူ ထိုသို့ မတွေးကြချေ။
သူ ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်သည်ကို မြင်သောအခါ ထိုကျင့်ကြံသူအုပ်စုသည်လည်း လမ်းကြောင်းပြောင်းကာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လံအမီလိုက်တော့သည်။
ဘာတရားလဲ။
သူတို့က တကယ်ပဲ နောက်က လိုက်လာကြတာလား။ တကယ့်ကို ဓားပြကျင့်ကြံသူတွေပဲလား။
ချန်အန်၏ စိတ်အစုံ လေးလံသွားခဲ့သည်။ သူသည် ချက်ချင်းပင် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားအားလုံးကို ထုတ်သုံးကာ အရှိန်မြှင့်တင်လိုက်တော့သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထိုကျင့်ကြံသူများသည် မိမိထက် ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်နေကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့ရသည်။
ထို့အပြင် လူအုပ်ကြီးတစ်ခုလုံးက မိမိထက် ပိုမိုမြန်ဆန်စွာ ပျံသန်းနေခြင်း ဖြစ်သည်..
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချန်အန်သည် မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။
သူ၏ ဓားပျံစီးနင်းခြင်း အတတ်မှာ 'ဓမ္မတန်ခိုးအဆင့်ကဲ့သို့ မြင့်မားလှသဖြင့် သူ၏ ပျံသန်းနှုန်းမှာ ရွှေအမြုတေအဆင့်နောက်ကျောပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ရုံသာမက ၎င်းထက်ပင် ပိုမိုမြန်ဆန်နိုင်သေးသည်။
သို့သော် ယခုအခါ သူ့နောက်မှ လိုက်လာသော ကျင့်ကြံသူအုပ်စုကြီးကို သူ မကျော်ဖြတ်နိုင်ဘဲ ဖြစ်နေသည်။ တစ်ဖက်လူက ရွှေအမြုတေအဆင့် နောက်ကျောပိုင်း ကျင့်ကြံသူများ ဖြစ်နေ၍လား။
သို့သော်လည်း တောအုပ်နီထဲတွင် ရွှေအမြုတေအဆင့် နောက်ကျောပိုင်း ကျင့်ကြံသူများ ဤမျှလောက် အများကြီး ဘယ်ကနေ ရောက်လာရတာလဲ။
သူမှတ်မိသလောက်ဆိုလျှင် အင်အားအကြီးဆုံးပုဂ္ဂိုလ်မှာ ရှုကွန်ဂိုဏ်း၏ ဂိုဏ်းချုပ်သာ ဖြစ်ပြီး သူသည်ပင် ရွှေအမြုတေအဆင့် ဆဋ္ဌမအဆင့်သို့သာ ရောက်ရှိထားသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
'ကောင်းကင်မြေကမ္ဘာဂိုဏ်းက ကျင့်ကြံသူတွေများလား'
ချန်အန် စဉ်းစားမရ ဖြစ်နေခဲ့သည်။
အတန်ကြာမှသာ သူ့နောက်သို့ လိုက်လံအမီလိုက်လာသော ကျင့်ကြံသူများကို မြင်တွေ့လိုက်ရပြီးမှ တစ်ဖက်လူက ဘာကြောင့် ဤမျှ မြန်ဆန်စွာ ပျံသန်းနိုင်ရခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့တော့သည်။
တစ်ဖက်လူသည် ဝိညာဉ်သင်္ဘောကို စီးနင်းကာ သူ့နောက်သို့ လိုက်လံဖမ်းဆီးနေခြင်း ဖြစ်နေသည်။
ချန်အန် သေသေချာချာ ကြည့်လိုက်သောအခါ တစ်ဖက်လူများအားလုံးမှာ ဝတ်စုံတူများ ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။
၎င်းက အမည်းနှင့် အဖြူစပ် တိုက်ပွဲဝင် ဝတ်စုံတစ်စု ဖြစ်သည်။
ထို ကျပ်ညပ်နေသော ဝတ်စုံ၏ ရင်ဘတ်ထက်တွင် ကြီးမားလှသော "ကွန်"ဆိုသည့် စာလုံးကို ပန်းထိုးထားသည်။
၎င်းက အလွန် သိသာထင်ရှားလှပေသည်။
ဒါက ရှုကွန်ဂိုဏ်းပဲ။
တစ်ဖက်လူက မိမိကို ဘာကြောင့် လာရှာရသလဲဆိုသည်ကိုမူ ချန်အန် မသိရှိချေ။
အခြားသူများကို ကြိုတင်ကာကွယ်ရန်အတွက် သူသည် ချက်ချင်းပင် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားအားလုံးကို အသင့်ပြင်ဆင်လိုက်ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်လိုက်တော့သည်။
မကြာမီမှာပင် ရှုကွန်ဂိုဏ်းသည် ဝိညာဉ်သင်္ဘောကို ချန်အန်၏ ရှေ့တည့်တည့်သို့ မောင်းနှင်လာပြီး ရပ်တန့်လိုက်သည်။
ထိုအထဲတွင် သင်္ဘောဦး၌ ရပ်နေသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ရွှေအမြုတေအဆင့် တတိယအဆင့် ကျင့်ကြံခြင်းရှိသော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏ လက်ထဲတွင် မိုင်တစ်ထောင်မှန်ပြောင်းကို ကိုင်ဆောင်လျက် အထက်စီးမှနေ၍ ချန်အန်ကို ငုံ့ကြည့်ကာ မိမိကိုယ်မိမိ မိတ်ဆက်လိုက်သည်။
"မိတ်ဆွေကျင့်ကြံသူ... ငါက ရှုကွန်ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် အကြီးအကဲ တစ်ယောက်ပါ။ ငါ့နာမည်က ကျောက်ကျိတယ်လို့ ခေါ်တယ်။ မိတ်ဆွေနဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ"
"ဘာကိစ္စလဲ"
ချန်အန်သည် စကားပြောရင်း ဝိညာဉ်သင်္ဘောပေါ်ရှိ ရွှေကွန်ဂိုဏ်း ကျင့်ကြံသူ အားလုံးကို ဝိညာဉ်အသိစိတ်ဖြင့် လျင်မြန်စွာ ဖြတ်သန်းကြည့်ရှုလိုက်ပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို အကဲခတ်လိုက်သည်။
ထို့နောက်တွင် အကြီးအကဲကျောက်မှာ ရွှေအမြုတေအဆင့်တွင် ရှိပြီး ကျန်ရှိနေသူများမှာမူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများသာ ဖြစ်ကြောင်း သူ သိရှိလိုက်ရသည်။
သူတို့အထဲမှ အများစုမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် နောက်ကျောပိုင်းတွင် ရှိကြပြီး။
အနည်းငယ်မျှသာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပိုင်းတွင် ရှိကြသည်။
သူတို့၏ စုပေါင်းအင်အားမှာ အလွန် အားကောင်းလှပေသည်။
သို့သော်လည်း ချန်အန်သည် ဤအချက်ကြောင့် လုံးဝ သက်ရောက်မှု မရှိခဲ့သည့်အပြင် စိတ်သက်သာရာပင် ရပစ်လိုက်သေးသည်။
ဝိညာဉ်သင်္ဘောပေါ်ရှိ လူအုပ်စုမှာ သူ့အတွက် ဘာခြိမ်းခြောက်မှုမှ မပေးနိုင်ချေ။
"မိတ်ဆွေကျင့်ကြံသူ... ငါက မိုင်တစ်ထောင်မှန်ပြောင်းကို သုံးပြီး မိတ်ဆွေရဲ့ ရုပ်ရည်သွင်ပြင်ကို အဝေးကနေ ကြည့်ခဲ့တာပါ။ မိတ်ဆွေက အလွန် ရုပ်ရည်ချောမောလှပတာကို တွေ့ရလို့ မိတ်ဆွေအတွက် အခွင့်အရေးတစ်ခု ပေးချင်လို့ပါ"
အကြီးအကဲကျောက်သည် သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်သည်။
'ငါက ရုပ်ချောလို့ဆိုပြီး အခွင့်အရေး ပေးချင်တယ် ဟုတ်လား'
'ဒါက ဘာယုတ္တိလဲ'
'သူ့သမီးနဲ့ ပေးစားပြီး ငါ့ကို သမက်တော်ကောက်ချင်လို့များလား'
ချန်အန်သည် စိတ်ထဲကနေ တွေးလိုက်မိသည်။
ထို့နောက် သူက အကြီးအကဲကျောက်ကို ကြည့်ကာ - "အကြီးအကဲကျောက်က ငါ့ကို ဘယ်လို အခွင့်အရေးမျိုး ပေးချင်လို့လဲဆိုတာ မသိရဘူး" ဟု မေးလိုက်သည်။
"ငါတို့ ရှုကွန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ယောကျာ်းချင်း စုံမက်တဲ့ အကြိုက်ရှိတယ်။ မိတ်ဆွေက ရုပ်ရည်အလွန် ချောမောလှပလွန်းတော့ ငါတို့ ဂိုဏ်းချုပ်ရဲ့ အကြိုက်နဲ့ ကွက်တိပဲ။ မိတ်ဆွေအနေနဲ့ စိတ်ဝင်စားမှု ရှိရဲ့လား"
အကြီးအကဲကျောက်သည် ကြင်နာတတ်ဟန်ဖြင့် ပြုံး၍ ဆိုလိုက်သည်။
ယောကျာ်းချင်း စုံမက်တာ ဟုတ်လား။
ဓားချင်းခုတ်ရမယ် ဟုတ်လား။
ဒါက အခွင့်အရေးလား။ ဒါက ကပ်ဘေးကြီးဆိုတာ သေချာနေတာ မဟုတ်ဘူးလား။
ချန်အန်သည် အလွန် ရှက်ရွံ့စိတ်ပျက်သွားခဲ့ရသည်။ သူသည် ပြတ်ပြတ်သားသားပင် လက်ဝှေ့ယမ်းကာ ငြင်းပယ်လိုက်တော့သည်။
"ဟင့်အင်း... ငါ အဲဒါကို စိတ်မဝင်စားဘူး။ ဒါ့အပြင် ငါ့မှာ အိမ်မှာ စောင့်ရှောက်ရမယ့် ဇနီးသည်တွေနဲ့ သမီးတွေ ရှိသေးတယ်။ ခွင့်ပြုပါဦး"
ပြောပြီးနောက် သူသည် ဓားပျံစီးကာ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်လည်း အကြီးအကဲကျောက်က ခြိမ်းခြောက်လိုက်သည် - "မိတ်ဆွေကျင့်ကြံသူ... မိတ်ဆွေအနေနဲ့ မိတ်ဆွေရဲ့ ဇနီးသည်တွေနဲ့ သမီးတွေ တောရိုင်းထဲမှာ ရုတ်တရက် သေဆုံးသွားတာမျိုးတော့ မမြင်ချင်လောက်ဘူး မဟုတ်လား"
ထိုစကားကို ကြားလိုက်ရသောအခါ ချန်အန်၏ မျက်နှာအမူအရာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ပြီး သူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်လာခဲ့တော့သည်။
သူက အကြီးအကဲကျောက်ကို စိုက်ကြည့်ကာ - "မင်း အခုပြောလိုက်တဲ့ စကားကို ပြန်ရုပ်သိမ်းလိုက်တာ အကောင်းဆုံးဖြစ်မယ်" ဟု ဆိုလိုက်သည်။
"ပြန်ရုပ်သိမ်းရမယ် ဟုတ်လား"
အကြီးအကဲကျောက်သည်လည်း အထင်သေးဟန်ဖြင့် ပြုံးလိုက်ပြီး - "ငါတို့ ရှုကွန်ဂိုဏ်းက တောအုပ်နီရဲ့ အရှင်သခင်ပဲ။ ငါတို့က ဘယ်တုန်းကမှ ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းရတဲ့ အစဉ်အလာ မရှိဘူး"
"မင်းက ငါတို့ ကောင်းကောင်းမွန်မွန် ပြောတာကို ငြင်းပယ်မှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့"
"ကွန်ဟန်.. ဒီလို အမြင်မရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူကို ဖမ်းဆီးလိုက်စမ်း။ သူခန္ဓာကိုယ်ထဲက ဝိညာဉ်အမြုတေကို ဖျက်ဆီးပစ်ပြီး ဂိုဏ်းချုပ်ရဲ့ အိပ်ရာဖော် ကျွန်အဖြစ် ပြန်ခေါ်ခဲ့လိုက်"
"ဟုတ်ကဲ့"
ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးက ပြန်လည် ထူးလိုက်သည်။
နောက်တစ်စက္ကန့်တွင် ထို ဆံပင်ဖြူအဖိုးအိုသည် ဝိညာဉ်သင်္ဘောပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ချန်အန်၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
၎င်းက အရိပ်ခြေမဲ့ သတ်ဖြတ်ခြင်းအတတ်ပေတည်း။
ဤဆံပင်ဖြူအဖိုးအိုသည်လည်း ရိပ်ခြေမဲ့ သတ်ဖြတ်ခြင်းအတတ်ကို တတ်မြောက်ထားသည်။
ချန်အန်၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှပေသည်။ ဆံပင်ဖြူအဖိုးအို သူ၏ နောက်ကွယ်၌ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုကို သူ၏ နောက်ကျောဘက်ဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ဆံပင်ဖြူအဖိုးအိုသည် ဘာဖြစ်သွားမှန်းပင် သေသေချာချာ မသိလိုက်ရသေးချေ။
ဗုန်း... ဟူသော အသံနှင့်အတူ...
...................................................