← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း (၂၅၀) ညီအစ်ကိုများ - ၁၃

ရှင်းကလန်နှင့် ပတ်သက်သော အချက်အလက်များ ပါရှိသည့် စာရွက်တစ်ရွက်မှလွဲ၍ ဖုန်းပုကြွယ်သည် အာသာ၏ အိပ်ခန်းအား နှစ်ကြိမ်တိုင်တိုင် စေ့စေ့စပ်စပ် ရှာဖွေခဲ့သော်လည်း အခြားတန်ဖိုးရှိသည့် ပစ္စည်းတစ်စုံတစ်ရာကိုမှ ရှာမတွေ့ခဲ့ချေ။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲမှ ထွက်ခွာလာပြီး ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်။

ဒုတိယထပ်ရှိ ရေချိုးခန်းမှာ ပထမထပ်ရှိ အိမ်သာထက် နှစ်ဆခန့် ပိုမိုကျယ်ဝန်းလှသည်။ လက်ဆေးကန်၏ အပေါ်ဘက်တွင် ဆင့်ဗီရိုလေးတစ်ခု ရှိနေပြီး ၎င်းမှာ ခြောက်ခြားရုပ်ရှင်များတွင် မကြာခဏ မြင်တွေ့ရတတ်သည့် လူသားတို့၏ မျက်စိအမြင့်ထက် အနည်းငယ်သာကျော်သော နေရာ၌ တပ်ဆင်ထားသည့် အဖြူရောင် သစ်သားဗီရိုမျိုး ဖြစ်သည်။ ထိုဗီရိုတံခါးတွင် မှန်တစ်ချပ် တပ်ထားလေ့ရှိပြီး ၎င်းထဲ၌ ပုံမှန်အားဖြင့် မုတ်ဆိတ်ရိတ်ဓားများ၊ သွားတိုက်ဆေးများ၊ ခွက်များ၊ အသုံးများသော ဆေးဝါးများ စသည်ဖြင့် ပါရှိတတ်ကြသည်။

သည်းထိတ်ရင်ဖိုနှင့် ခြောက်ခြားရုပ်ရှင်အမျိုးမျိုးတွင် ဇာတ်ကောင်များသည် ဤဗီရိုများ၏ ရှေ့၌ သွားတိုက်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း သို့မဟုတ် ဆံပင်ဖြီးခြင်းတို့ကို ပြုလုပ်နေကြသည်ကို ကျွန်ုပ်တို့ မကြာခဏ မြင်တွေ့ရတတ်ပေသည်… ။ထို့နောက် ဗီရိုတံခါးကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်သည့် အကြိမ်တိုင်းတွင် မှန်ထဲ၌ ခြောက်ခြားဖွယ်ရာတစ်စုံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတတ်ပြီး ၎င်းနှင့်အတူ လူကို လန့်ဖျပ်သွားစေမည့် အသံသက်ရောက်မှုများလည်း ပါရှိတတ်သည်။ ၎င်းမှာ အမြဲသုံးနေကျ ရိုးအီနေသော ပြကွက်တစ်ခုသာ ဖြစ်သည်။

နှမြောစရာကောင်းလှသည်မှာ ယခုဇာတ်လမ်းထဲတွင်မူ မှန်တစ်ချပ်မှ ရှိမနေခြင်းပင် ဖြစ်သည်…။

ဖုန်းပုကြွယ်သည် လက်ဆေးကန်ဆီသို့ ရောက်ရှိလာပြီး တစ်စင်တီမီတာခန့် ချိုင့်ဝင်နေသော ဗီရိုတံခါးနေရာကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။

“သူတို့က မှန်ကို တကယ်ကြီး အပိုင်းပိုင်းခွာထုတ်သွားကြတာပဲ… အစအနတစ်ခုတောင် မချန်ထားခဲ့ဘူး”

သူသည် ဗီရိုကို ဖွင့်လိုက်ရာ အတွင်းရှိ စင်အားလုံးမှာ ဗလာဖြစ်နေသော်လည်း အောက်ဆုံးစင်တွင်မူ သော့တစ်ချောင်းတည်းသာ အထီးကျန်စွာ လဲလျောင်းလျက် ရှိနေလေသည်။

အမည် - အဖြူရောင်သော့

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အဖြူရောင် သံတံခါးကို အမြဲတမ်း ဖွင့်လှစ်နိုင်သည်၊ အသုံးပြုပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားပါမည်။

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - ဖြူဖွေးသော နေရာတစ်ခုတွင် ဝှက်ထားသည်။

“အခုဆို ငါ့မှာ သော့လေးချောင်း ရှိသွားပြီ ၊ အနီ၊ အပြာ၊ အမည်း၊ အဖြူ”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

“အဝါရောင်နဲ့ မီးခိုးရောင်သော့တွေကော ချန်ထားခဲ့သေးလား…”

သူ့အကြည့်များက အလိုအလျောက်ပင် အိမ်သာအိုးဆီသို့ ရောက်ရှိသွားလေသည်။

“အင်း… ရေတိုင်ကီကိုလည်း စစ်ဆေးကြည့်ရမှာပဲ”

သူသည် အိမ်သာအိုးဆီသို့ အပြေးအလွှား သွား၍ အတွင်း၌ ရေမှလွဲ၍ ဘာမျှမရှိကြောင်း သေချာအောင် လှမ်းကြည့်လိုက်ကာ ထို့နောက်တွင်မူ ရေတိုင်ကီအဖုံးကို မ၍ စစ်ဆေးလိုက်သေးသည်။ မျှော်လင့်ထားသည့်အတိုင်းပင် အတွင်း၌ တစ်စုံတစ်ခု ရှိနေလေသည်။

အမည် - စိုနေသောစောင်

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - ရ

မှတ်ချက် - အကြောင်းပြချက်တချို့ကြောင့် ထူးဆန်းနေရာတစ်ခုတွင် ထိုးထည့်ခံထားရခြင်း ဖြစ်သည်။

ဤအရာမှာ မျက်နှာသုတ်ပုဝါ လေးငါးထည်ခန့် ဖြန့်ခင်းထားသော အရွယ်အစားရှိသည့် စောင်အသေးလေးတစ်ထည် ဖြစ်သည်။ အရောင်များမှာ ပြောက်ကျားဖြစ်နေပြီး အသားကမူ အနည်းငယ် ကြမ်းတမ်းကာ ရေထဲတွင် စိုစွတ်နေခဲ့ပြီးနောက်၌ မျက်နှာပြင်မှာ စေးကပ်ကပ် ဖြစ်နေသဖြင့် ထိတွေ့ရသည်မှာ ဆန်းပြားလှသည်။

“ဒါက ဇာတ်လမ်းထဲကနေ ယူသွားလို့ရတဲ့ အဓိပ္ပာယ်သဲသဲကွဲကွဲမရှိတဲ့ ငါးခုမြောက် ဇာတ်လမ်းပစ္စည်းပဲ”

ဖုန်းပုကြွယ်က တွေးလိုက်မိသည်။ သူသည် စောင်ကို ရေတိုင်ကီထဲမှ ထုတ်ယူလိုက်ပြီး တတ်နိုင်သမျှ ညှစ်ထုတ်ကာ သူ့အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။

“ဇာတ်လမ်းနဲ့ ပတ်သက်ပြီး သဲလွန်စတွေပါလာတဲ့ သွားတုကလွဲရင်… ဆပ်ပြာ၊ ရေမွှေး၊ သားရေဦးထုပ်နဲ့ အခု ဒီစောင်အထိ…ဘယ်ဟာမှ ဘာအတွက်မှ အသုံးမဝင်သေးဘူး…”

သူသည် သူ့ကိုယ်သူ ပြန်လည်မေးခွန်းထုတ်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။

“ဒီဇာတ်လမ်းရဲ့ လက္ခဏာရပ်က ပဟေဠိအစိတ်အပိုင်းတွေ အများကြီး ရှိနေတာမျိုးလား…”

ထိုအိုင်တမ်ကို သိမ်းဆည်းပြီးနောက် ဖုန်းပုကြွယ်သည် နောက်လှည့်၍ အခြားနံရံဘေးရှိ ရေချိုးကန်ဆီသို့ လျှောက်သွားလိုက်သည်။ ရေချိုးကန်အပေါ်တွင် ရေချိုးခန်းလိုက်ကာတစ်ခု ချိတ်ဆွဲထား၏။ လိုက်ကာများသည် ၎င်းကို ပတ်ပတ်လည် ဝန်းရံထားရန် အကွက်ချထားသည့်အလား ဖြစ်သည်။ ဖုန်းပုကြွယ်၏ အမြင်မှကြည့်လျှင် ရေချိုးကန်၏ လေးပုံတစ်ပုံခန့်ကိုသာ မြင်တွေ့ရပြီး ကျန်အရာများကိုမူ ပြာလဲ့လဲ့အရောင်ရှိသော ရေချိုးခန်းလိုက်ကာက ကွယ်ထားလေသည်။

“ကဲ… ရေချိုးကန်ထဲမှာ ဘာရှိမလဲဆိုတာ ခန့်မှန်းကြည့်ရအောင် (၁) ကိုယ်လုံးတီးဖြစ်နေတဲ့ အလှလေးတစ်ယောက် (၂) ကိုယ်လုံးတီးဖြစ်နေတဲ့ သော့တစ်ချောင်း (၃) ကိုယ်လုံးတီးဖြစ်နေတဲ့ အလောင်းတစ်လောင်း”

ဖုန်းပုကြွယ်က ဟာသတစ်ခု လုပ်လိုက်သည်။

“ရေချိုးကန်ကြီးက ဗလာဖြစ်နေတာ ဒါမှမဟုတ် အမှိုက်တွေနဲ့ ပြည့်နေတာမျိုးဆိုရင်တော့ အရမ်းပျင်းစရာကောင်းနေလိမ့်မယ်”

သူသည် လက်ဆန့်ထုတ်၍ လိုက်ကာကို ဆွဲဖွင့်လိုက်ရာ အလွန်စိတ်ဓာတ်ကျစရာကောင်းပြီး ထိတ်လန့်ဖွယ်ကောင်းလှသော အရာတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။

“ဒါက လူဝက်ပဲ…”

ဖုန်းပုကြွယ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။

ရေချိုးကန်အတွင်း၌ ဓာတုပေါင်းစပ်သတ္တဝါတစ်ကောင် ဖြစ်ပုံရသောအရာတစ်ခု ရှိနေခြင်းဖြစ်သည်။ ၎င်းတွင် ခန္ဓာကိုယ်ကိုယ်ထည်သာ ရှိပြီး ခြေလက်များမှာ ဖြတ်တောက်ခံထားရသည်။ ၎င်း၏ နားရွက်များမှာ ဒဏ်ရာများဖြစ်လျက် ပြည်နှင့် သွေးများ ယိုစီးနေခဲ့သည်။ ၎င်း၏ မျက်စိများကို ချုပ်ထားသဖြင့် ပိတ်နေပြီး ပါးစပ်မှာမူ တစ်ဝက်ခန့် ပွင့်ဟလျက် ရှိသည်။ လျှာကိုတော့ မမြင်ရချေ။ ၎င်း၏ အခြေအနေကို သုံးသပ်ရသလောက် တစ်စုံတစ်ယောက်က ၎င်းကို စိုက်ကြည့်နေသည်ကို ၎င်း သိနိုင်စွမ်း ရှိပုံမရချေ။ ထို့ကြောင့် ယခုအခါတွင်မူ ၎င်းသည် ရေချိုးကန်အတွင်း၌ မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ ငြိမ်သက်စွာ လဲလျောင်းနေလျက်ရှိသည်။ ၎င်း၏ ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေခြင်းကသာ ၎င်းသည် အသက်ရှင်နေဆဲဖြစ်ပြီး အသက်ရှူနေသေးကြောင်း ဖော်ပြနေခဲ့သည်။

မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ဖုန်းပုကြွယ်သည် ပါစီဖုန်း၏ ဖုန်စုပ်စက်ကို ထုတ်ယူလိုက်ပြီး ထိုမကောင်းဆိုးဝါး၏ သွေးများကို စတင်စုပ်ယူလိုက်တော့သည်…။

ဤပစ္စည်းကိရိယာ၏ အထူးသက်ရောက်မှုမှာ မကောင်းဆိုးဝါး၏ အသက်အမှတ်ကို စုပ်ယူပြီး ကစားသမား၏ အသက်အမှတ်ကို အလားတူ ရာခိုင်နှုန်းအတိုင်း ပြန်လည်ဖြည့်တင်းပေးခြင်း ဖြစ်သည်။ (စုပ်ယူမှုနှုန်းမှာ တစ်စက္ကန့်လျှင် ၀.၅ ရာခိုင်နှုန်း ဖြစ်ပြီး သေဆုံးနေသော အရာများ၊ ဝိညာဉ်ကဲ့သို့ ဒြပ်မဲ့အရာများ၊ စက်မှုပစ္စည်းများနှင့် ဘော့စ်အဆင့် မကောင်းဆိုးဝါးများအပေါ် သက်ရောက်မှု မရှိချေ။ ဖုန်စုပ်စက်သည် အသက်အမှတ်ကို သိုလှောင်ထားနိုင်စွမ်းမရှိဘဲ စုပ်ယူမှု သက်ရောက်မှုက မျက်တောင်တစ်ခတ်အတွင်း သက်ရောက်ခြင်းဖြစ်သည်၊ အကယ်၍ ၎င်းကို အသုံးပြုချိန်တွင် ကစားသမား၏ အသက်အမှတ် ပြည့်နေပြီးဖြစ်ပါက မည်သည့်ပြန်လည်ဖြည့်တင်းမှုကိုမျှ ရရှိလိမ့်မည် မဟုတ်ချေ)။

ဤအရာက နာကျင်မှု ကြီးကြီးမားမား မဖြစ်ပေါ်စေချေ။ ၎င်းသည် မကောင်းဆိုးဝါး၏ အသက်အမှတ်ကို အချိုးကျကျ လျှော့ချပြီး ကစားသမားထံသို့ ပေါင်းထည့်ပေးခြင်းသာ ဖြစ်သည်။ မကောင်းဆိုးဝါး၏ အသက်အမှတ် လုံးဝကုန်ဆုံးသွားသည်နှင့် ၎င်းသည် ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။

မည်သည့်အမြင်ဖြင့်ကြည့်ကြည့် ဖုန်းပုကြွယ်သည် ဤအရာကို နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် အခြေအနေတစ်ခုအဖြစ် ရှုမြင်ပေသည်။ အခြားတစ်ဖက်ကလည်း မသိလိုက်မသိသာသာဖြင့် ဝေဒနာမှ လွတ်မြောက်သွားနိုင်ပြီး သူကိုယ်တိုင်လည်း ဖြစ်စဉ်အတွင်း သွေးအချို့ကို ပြန်လည်ရရှိနိုင်သောကြောင့် ဖြစ်သည်။

သုံးမိနစ်ကျော်ခန့် ကြာပြီးနောက်တွင်မူ ထိုဓာတုပေါင်းစပ်သတ္တဝါသည် သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာခံလိုက်ရပြီး ဖုန်းပုကြွယ်၏ အသက်အမှတ်မှာလည်း ပြည့်သွားခဲ့သည်။

သူသည် လက်နှစ်ဖက်ကို ပူးကပ်၍ တတွက်တွက် ရွက်ဆိုလိုက်လေသည်။

“အော်မီတော်ဖော်၊ ကောင်းလေစွ၊ ကောင်းလေစွ…”

ထို့နောက် သူသည် ဂွကို ဆုပ်ကိုင်ကာ ထိုသတ္တဝါ၏ လည်ချောင်းကို လှီးဖြတ်လိုက်ပြီး အလောင်းကို စတင်၍ ရှာဖွေစစ်ဆေးတော့သည်…။

ဘုရားသခင်နှင့် ဗုဒ္ဓမြတ်စွာကို တလှည့်စီ ရွတ်ဆိုတတ်သော ဘာသာမဲ့တစ်ဦးသည် လူသားဟု မခေါ်ဆိုနိုင်တော့သော အလောင်းကောင်တစ်ခုကို မည်သည့်မျက်နှာအမူအရာမျှမရှိဘဲ ခွဲစိတ်စစ်ဆေးမှု ပြုလုပ်နေခဲ့သည်။ ၎င်းမှာ အတွင်း၌ မိမိလိုအပ်သော တစ်စုံတစ်ခု ရှိမရှိ အတည်ပြုရန်အတွက်သာ ဖြစ်သည်…။အကယ်၍ အခြားကစားသမားများသာ စောင့်ကြည့်နေခဲ့မည်ဆိုပါက သူတို့သည် အစ်ကိုကြွယ်ကြောင့် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။

“ဒါက တကယ်ကြီး ဒီလိုနေရာမျိုးမှာ ရှိနေတာပဲ…”

နောက်ဆုံးတွင် ဖုန်းပုကြွယ်သည် ထိုအလောင်း၏ အူလမ်းကြောင်းအတွင်းမှ အဝါရောင်သော့ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားတော့သည်။

သူသည် ဂွဖြင့် သော့ကို ကိုင်မြှောက်၍ လက်ဆေးကန်ဆီသို့ သွားရောက်ကာ စင်ကြယ်အောင် ဆေးကြောလိုက်ပြီး သူ့အိတ်ထဲသို့ ထည့်သွင်းလိုက်လေသည်။ စက္ကန့်ပိုင်းအကြာတွင် သူသည် သော့ကို ပြန်လည်ထုတ်ယူ၍ သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သီအိုရီအရ ထိုသို့ ပြုလုပ်ပြီးနောက်တွင်မူ သော့ပေါ်၌ မည်သည့်အညစ်အကြေးမျှ ကျန်ရှိနေတော့မည် မဟုတ်သော်လည်း ဖုန်းပုကြွယ်သည် လက်အိတ်စွပ်ထားစဉ်မှာပင် ၎င်းကို ကိုင်တွယ်ရန် ပိုမိုနှစ်သက်နေဆဲ ဖြစ်သည်။

အမည် - အဝါရောင်သော့

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - အဝါရောင် သံတံခါးကို အမြဲတမ်း ဖွင့်လှစ်နိုင်သည်၊ အသုံးပြုပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားပါမည်

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒါကို ညစ်ပတ်တဲ့ နေရာတစ်ခုမှာ ဝှက်ထားတာလေ။

ဖုန်းပုကြွယ်သည် ဤမှတ်ချက်အပေါ် ဝေဖန်ပြောဆိုရန် ပျင်းရိနေတော့သည်။ ၎င်းမှာ လက်တွေ့တွင် လှောင်ပြောင်နေခြင်းသာ ဖြစ်သည်။

ယခုတွင်မူ သူသည် သော့ခြောက်ချောင်းစုံလင်သွားစေရန်နှင့် မြေအောက်ပထမထပ်သို့ ပြန်လည်သွားရောက်နိုင်ရန်အတွက် မီးခိုးရောင်သော့ တစ်ချောင်းတည်းသာ လိုအပ်တော့သည်။ ထို့ကြောင့် သူသည် ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်ပြီး သူ့အဝတ်အစားများပေါ်တွင် စွန်းထင်းနေသော အညစ်အကြေးများကို လျင်မြန်စွာ ဆေးကြောသန့်စင်ကာ ဒုတိယထပ်ရှိ နောက်ဆုံး စူးစမ်းရှာဖွေရမည့် အခန်းဆီသို့ ဦးတည်လျှောက်လှမ်းလိုက်တော့သည်။

ဤအခန်းသည် ပထမထပ်ရှိ ဗလာဖြစ်နေသော အခန်း၏ အပေါ်တည့်တည့်တွင် တည်ရှိခြင်းဖြစ်သည်။ ဖုန်းပုကြွယ် တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် တောက်ပပြီး နီရဲနေသော ကြီးမားသည့် အသွင်ပြောင်းမှော်စက်ဝိုင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့် သူသည် သူ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားရသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဘေးအန္တရာယ် ရှိမရှိ စစ်ဆေးရန်အတွက် သံတုတ်ကို အသုံးပြုရန်ပင် အချိန်မရလိုက်ချေ။သို့မဟုတ် အတွင်းသို့ ခြေချရန်ပင် အချိန်မရခဲ့ပါချေ…။ တံခါးဖွင့်လိုက်သည့် လုပ်ရပ်သက်သက်ဖြင့်တင် ကွန်ပျူတာဂရပ်ဖစ်ပြကွက်ကို ရုတ်ချည်း လှုံ့ဆော်ပေးလိုက်ပြီ ဖြစ်သည်။

All Chapters