← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အပိုင်း ၆၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အသူရာမိစ္ဆာကြယ်က နဂါးစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအားက လန်လင်း၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်သွားကာ သူ၏မျက်လုံးများမှတစ်ဆင့် တိုက်ရိုက် စီးဆင်းထွက်ပေါ်လာ၏။

ထိုခဏ သူ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ လန်လင်း တကယ်ကို ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် သူ့ကိုယ်သူ မျက်နှာချင်းဆိုင် ပြန်လည် မြင်တွေ့လိုက်ရပြန်၏။

ပုံမှန်အားဖြင့် မှန်တစ်ချပ် မရှိဘဲ ဤသည်က မဖြစ်နိုင်ပေ။ သို့သော် လက်ရှိအချိန်၌ သူက ရုပ်ပိုင်းဆိုင်ရာ မျက်လုံးများဖြင့် ကြည့်နေခြင်း မဟုတ်ချေ။ သူ၏ စိတ်က ပတ်ဝန်းကျင်ကို အာရုံခံနေပြီး သူ၏ ဦးနှောက်ထဲ၌ ရှင်းလင်းသည့် ပုံရိပ်တစ်ခုကို ဖန်တီးပေးနေခြင်း ဖြစ်သည်။

သို့သော် သူ၏ နဂါးစွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို လန်လင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်က ခန္ဓာကိုယ်ထဲ ရှိနေချိန်၌ စွမ်းအားများစွာ မကုန်ဆုံးပေ။ သို့သော် သူ၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် စွမ်းအင်ကုန်ဆုံးမှုက အလွန်တရာ ကြီးမားလွန်းလှ၏။

အတိုချုပ်ဆိုရလျှင် လှုပ်ရှားနေသည့် ပစ်မှတ်တစ်ခုကို သော့ခတ်နိုင်ရန် နဂါးစွမ်းအား အမြောက်အမြား လိုအပ်နေသည်။

အစွမ်းထက်သော လေးသမားတစ်ယောက်အတွက် အဝေးမှ စိတ်ဖြင့် သော့ခတ်ခြင်းတိုင်းက သေစေနိုင်သည့် တိုက်ခိုက်မှုတစ်ခုနှင့် တူ၏။ ပြီးပြည့်စုံသည့် ပစ်ခတ်မှုတစ်ခု ပြုလုပ်ရန် သူတို့၌ တစ်ရက်လျှင် သုံးကြိမ်မှ ငါးကြိမ်အထိသာ အခွင့်အရေး ရှိသည်။

သို့သော် ဤသည်က အဓိပ္ပာယ်ရှိ၏။ အကယ်၍ လေးသမားတစ်ယောက်က အချိန်မရွေး နေရာမရွေး ပေသုံးထောင့်နှစ်ရာကျော် အကွာရှိ ပစ်မှတ်ကို အလွယ်တကူ ထိမှန်နိုင်မည်ဆိုပါက တိုက်ပွဲများက အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။

ရဲ့ကျင်းယွီက သူ၏နားနားသို့ ကပ်လိုက်သည်။ “ကောင်းပြီ… သခင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ လုံးဝ ကုန်ခမ်းသွားလောက်ပြီ။ ဒီနေ့အတွက် ဒီလောက်ဆို လုံလောက်ပြီ။ မနက်ဖြန်ကျမှ ဆက်လုပ်ကြတာပေါ့။”

ထို့နောက် သူမ ရေထဲမှ မတ်တတ်ရပ်လိုက်၏။

လန်လင်းကလည်း ရေထဲမှ ထွက်လာသည်။ ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ကြီးကို သူ မြင်လိုက်ရ၏။ ညအချိန်သို့ ရောက်ရှိနေလေပြီ။

လန်လင်း အလွန်တရာ ပင်ပန်းနေသည်ကို မြင်သောအခါ ရဲ့ကျင်းယွီက နှစ်သိမ့်လိုက်သည်။ “စိတ်မကောင်း မဖြစ်နဲ့။ စိတ်ဝိညာဉ်ခွဲထွက်တာကို သင်ယူဖို့ အနည်းဆုံး လဝက်လောက် အချိန်ယူရတယ်။ နှစ်လကနေ သုံးလ ၊ ဒါမှမဟုတ် နှစ်ဝက်လောက် ကြာတာက ပုံမှန်ပဲ။ ဒါက ပါရမီအပေါ် မူတည်ပေမဲ့ ကံတရားအပေါ်မှာလည်း မူတည်သေးတယ်။”

လန်လင်း ပြုံးလိုက်၏။ “အစ်မ… ကျွန်တော် အောင်မြင်သွားပြီ။”

ရဲ့ကျင်းယွီ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားသည်။ သူမက အံ့အားသင့်စွာ ပြောလိုက်၏။ “အဲ… မဖြစ်နိုင်တာ။ အကောင်းဆုံး ပါရမီရှင်တောင် လဝက်လောက် အချိန်ယူရပြီး အရမ်း ကံကောင်းဖို့ လိုတာကို။”

လန်လင်းက ရှင်းပြလိုက်သည်။ “ကျွန်တော် တကယ် လုပ်နိုင်သွားတာ။ စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်သွားပြီးနောက်မှာ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ရွှေရောင်ဖျော့ဖျော့ တောက်ပနေပြီး ခရမ်းရောင် နည်းနည်း ရောနေတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရတာ။”

ထိုသည်ကို ကြားသော် စိတ်ဝိညာဉ်ခွဲထွက်ခြင်းကို လန်လင်း တကယ် ကျွမ်းကျင်သွားပြီမှန်း ရဲ့ကျင်းယွီ သိလိုက်၏။ အကယ်၍ သူသာ မလုပ်နိုင်ပါက သူ့ကိုယ်သူ ပထမဆုံးအကြိမ် မြင်တွေ့ရပုံကို မည်သို့ ဖော်ပြရမည်ကို သိမည်မဟုတ်ချေ။

ရဲ့ကျင်းယွီက ခေါင်းရမ်းလိုက်သည်။ “သခင်လေး… သခင်လေးက တကယ့်ကို မိစ္ဆာပဲ။ ကျွန်မတို့ အခက်ခဲဆုံး အပိုင်းကို ကျော်ဖြတ်နိုင်ပြီ။ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို သော့ခတ်ရတာက အခုကစပြီး လွယ်ကူသွားလိမ့်မယ်။ သွားအိပ်တော့။ မနက်ဖြန် စောစော လေ့ကျင့်ရဦးမယ်။”

လန်လင်း ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ အစ်မ။”

ရဲ့ကျင်းယွီက လန်လင်းအတွက် တဲထိုးပေးလိုက်သည်။ ထို့နောက် လန်လင်းက အိပ်ရာဝင်သွားပြီး ရဲ့ကျင်းယွီက ရေတံခွန်အောက်ရှိ မြစ်ထဲသို့ ပြန်ဆင်းသွား၏။

သူမက သတိပေးလိုက်သည်။ “ကျွန်မ ရေချိုးမလို့။ ခိုးမကြည့်နဲ့။ မဟုတ်ရင် သခင်လေးရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်။”

**--**--**--**--**--**--**--**

ထိုအချိန် တော်ဝင်မြို့တော်၌ “အားးး” မင်းသမီးကျိနင်က အိပ်မက်ထဲမှ လန့်နိုးလာ၏။ သူမ၏ ခန္ဓာကိုယ်က ပူလောင်နေပြီး ချွေးများဖြင့် ဖုံးလွှမ်းနေသည်။

သူမ ထိုကြောက်မက်ဖွယ် အိပ်မက်ဆိုးကို ထပ်မက်ပြန်လေပြီ။

ထိုခွေးသူတောင်းစား ဆိုလွန်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည့် အချိန်မှစ၍ ညတိုင်း ဤအိပ်မက်များကို ဆက်တိုက် မက်နေခြင်း ဖြစ်သည်။ အိပ်မက်တိုင်း၌ ဆိုလွန် ပါဝင်နေ၏။

အိပ်မက်ထဲ၌ ဆိုလွန်က သူမကို နည်းလမ်းပေါင်းစုံဖြင့် ညှဉ်းပန်းနှိပ်စက်နေသည်။ ထူးဆန်းသည်မှာ သူမက ထိုနာကျင်မှုကို တကယ်ပင် သဘောကျနေခြင်း ဖြစ်၏။ တစ်ကြိမ်၌ ညစ်ညမ်းသော အိပ်မက်များထဲ၌ သူမ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားသေးသည်။

လက်တွေ့ဘဝ၌ သူမက အလွန်တရာ စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမက အမြဲတမ်း တည်ငြိမ်နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သူ ဖြစ်သည်။

သို့သော် သူမ၏ အိပ်မက်များကိုမူ သူမ မထိန်းချုပ်နိုင်သလို တားဆီး၍လည်း မရနိုင်ချေ။ အခြေအနေက အလွန် ဆိုးရွားလာသည့်အတွက် သူမ အိပ်စက်ရန်ပင် ကြောက်ရွံ့လာ၏။

မင်းသမီးက ရက်စက်စွာ ပြောလိုက်သည်။ “ဘွဲ့ယူစာမေးပွဲ ပြီးတာနဲ့ ဒီခွေးသူတောင်းစား သေကိုသေရမယ်။ သေကိုသေရမယ်။”

ထိုစဉ် အပြင်ဘက်မှ ခြေသံသဲ့သဲ့ ထွက်ပေါ်လာ၏။

ကျိနင်က အေးစက်စွာ မေးလိုက်သည်။ “ဘယ်သူလဲ။”

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသူ တစ်ယောက်က မြေကြီးနှင့် မထိဘဲ အခန်းထဲသို့ လွင့်မျောဝင်ရောက်လာ၏။ သူက ရိုသေစွာ ဦးညွှတ်လိုက်သည်။ “မင်းသမီး… လင်းယုန်စာ ရောက်လာပါတယ်။ တောင်ပိုင်းနယ်စပ်ကနေ ပို့တဲ့ အမွေးလေးချောင်းပါ စာပါ။”

အမွေးလေးချောင်းဆိုသည်မှာ အလွန်တရာ အရေးကြီးကြောင်း အဓိပ္ပာယ်ရ၏။ ထိုစာကို မင်းသမီးထံသို့ ချက်ချင်း ပေးရမည် ဖြစ်သည်။ အကယ်၍ အမွေးငါးချောင်းဆိုပါက ကျိလီထံသို့ တိုက်ရိုက် ပေးပို့ရမည် ဖြစ်၏။

ကျိနင်က လက်ဟန်ပြလိုက်သည်။ “ငါ့ကို ပေး။”

ထို့နောက် ရွှေကြိုးချည် လက်အိတ်များကို စွပ်ကာ လျှို့ဝှက်စာကို ယူလိုက်၏။

သူမ စာကို ဖွင့်လိုက်သည်။ စာလုံးများက အဓိပ္ပာယ်မရှိသကဲ့သို့ ဖြစ်နေ၏။ သူမနှင့် ကျိလီတို့သာ ဤလျှို့ဝှက်သင်္ကေတများကို ဖတ်နိုင်စွမ်း ရှိသည်။

ဖတ်ပြီးနောက် သူမ မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ ထို့နောက် တီးတိုး ရေရွတ်လိုက်သည်။ “ဆိုတော့ နင်က တောင်ပိုင်းနယ်စပ်ကို ထွက်ပြေးသွားတာပေါ့။ အဲဒီမှာ သေရတာက နင့်အတွက် အရမ်းကို လွယ်ကူလွန်းတယ်။ အခု နင့်အသက်ကို ငါယူမယ်ဆိုရင်လည်း အပြစ်မတင်နဲ့တော့။”

ထို့နောက် သူမက ကိုယ်လုံးတီးဖြင့် ကုတင်ပေါ်မှ ဆင်းလာ၏။ သူမ၏ လှပသော ခန္ဓာကိုယ်က အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းလှသည်။

အနက်ရောင်ဝတ် မိန်းမစိုးက ချက်ချင်းပင် အောက်သို့ ငုံ့ကြည့်လိုက်၏။ သူမကို ကြည့်ရန် သူ မဝံ့ရဲချေ။ သူက မိန်းမစိုး တစ်ယောက်ဖြစ်နေသော်ငြား သူမ၏ ပြီးပြည့်စုံသော တော်ဝင်ခန္ဓာကိုယ်က မည်သူ့ကိုမဆို သွေးဆောင်နိုင်စွမ်း ရှိနေဆဲပင်။

ကျိနင်ကမူ ကုလားထိုင်အိအိလေး တစ်လုံးပေါ်၌ ထိုင်လိုက်ပြီး စားပွဲပေါ်၌ ပုံတူတစ်ခုကို စတင် ရေးဆွဲလိုက်သည်။

သူမက လန်လင်း၏ ပုံကြမ်းဆွဲသည့် အရေးအသားကို အသုံးပြုနေခြင်း ဖြစ်၏။ သူမက ထိုအရာကို ရာခိုင်နှုန်း ရှစ်ဆယ်ခန့် ကျွမ်းကျင်နေပြီ ဖြစ်သည်။ တကယ်ကို ပါရမီရှင်တစ်ယောက်ပင်။

ကျိနင်က စာကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်၏။ “ဒီပုံတူကို သိမ်းငှက်ကို သုံးပြီး မြွေပွေးမျိုးနွယ်က သေမင်းတမန်ဟွာဆီ ပို့လိုက်။ ဒီပုံထဲက လူက သူ့ရဲ့ ပစ်မှတ်အသစ်ပဲလို့ သွားပြောလိုက်။”

အနက်ရောင်ဝတ် မိန်းမစိုးက အရိုအသေပေးလိုက်သည်။ “အမိန့်အတိုင်းပါ မင်းသမီး။”

ထို့နောက် လျှို့ဝှက်စာကို ယူကာ လေပြေတစ်ခုအလား အခန်းထဲမှ ပျောက်ကွယ်သွားတော့၏။

အပိုင်း ၆၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သေမင်းတမန်ဟွာကို English မှာ Black widow ဆိုပြီး သုံးထားတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် အနက်ရောင်မုဆိုးမပေါ့။ နာမည်မလှလို့ သေမင်းတမန်ဟွာလို့ သုံးထားပါတယ်။

All Chapters