အခန်း ၅၀၄
Vol. 34 Ch. 504
အခန်း (၅၀၄) - ဧရာမမြေကျင်းကြီးအတွင်း စူးစမ်းရှာဖွေခြင်းနှင့် ဆန်းကြယ်လှသောအသံ ပြန်လည်ထွက်ပေါ်လာခြင်း
ခရမ်းနက်ရောင် အလင်းတိုင်ကြီးသည် ကောင်းကင်ထက်သို့ တည့်တည့်မတ်မတ် ထိုးတက်သွားခဲ့ပြီး ၎င်းပုံစံမှာ ကောင်းကင်ကြီးကို ဧရာမအပေါက်ကြီးတစ်ခု ဖြစ်သွားစေရန် ခြိမ်းခြောက်နေသည့်အလား ထင်မှတ်ရပေသည်။
ရွှီရှင်း မော့ကြည့်လိုက်မိ၏။
သူသည် ထိုအလင်းတိုင်ကြီးနှင့် မီတာရာဂဏန်းခန့် ကွာဝေးသော နေရာ၌ ရှိနေခြင်းဖြစ်သဖြင့် ၎င်း၏ အမြင့်ပမာဏကို အပြည့်အဝ မမြင်တွေ့နိုင်ပါပေ။
သူ ခံစားလိုက်ရသည်မှာ ဤလေဆာတန်းကဲ့သို့သော အလင်းတိုင်ကြီးသည် အလွန် မြင့်မားရမည်ဖြစ်ပြီး လေထုအလွှာကြီး၏ ခုခံမှုကို ဖြတ်သန်းလျက် အာကာသဟင်းလင်းပြင်အတွင်းသို့ပင် ပြဿနာမရှိဘဲ တိုက်ရိုက်ထိုးဖောက် ဝင်ရောက်သွားနိုင်စွမ်း ရှိပေသည်။
ဤသည်က တယ်လီပို့စနစ်ကြီး၏ စွမ်းအင်များလား မသိပါချေ။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည် ချက်ချင်းပင် လှုပ်ရှားခြင်းမျိုး မပြုလုပ်ကြသေးပေ။
၎င်းတို့နှစ်ဦးစလုံးသည် ငါးမီတာခန့် နက်ရှိုင်းလှသော ဧရာမမြေကျင်းကြီး၏ အစွန်း၌ မတ်တပ်ရပ်လျက် အတွင်းပိုင်း၌ ရှိနေသော အခြေအနေအားလုံးကို သေချာစွာ စူးစမ်းကြည့်ရှုနေခဲ့ကြမိပေသည်။
အလင်းတိုင်ကြီးမှာမူ တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ ယခုအခါ၌ ယိုင်နဲ့မှုမျိုးမရှိဘဲ ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ထားသည့် တကယ့် ခိုင်မာလှသော ကျောက်တိုင်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်စွာ ရှိနေခဲ့ချေပြီ။
အလင်းတိုင်ကြီးမှာ အလွန်ပင် တည်ငြိမ်လှပြီး ဆယ်စက္ကန့်ခန့် စောင့်ကြည့်နေသည့်တိုင်အောင် မည်သည့်ပြောင်းလဲမှုမျိုးမျှ ပေါ်ထွက်မလာခဲ့ပါပေ။
အလင်းတိုင်ကြီး၏ ပတ်ဝန်းကျင်တွင်မူ ကျောက်ဆစ်ရုပ်တုကြီးများသည် လှုပ်ရှားခြင်းမရှိဘဲ ထိုအလင်းရောင်ရှိရာဆီသို့ ဦးညွှတ်လျက် ငြိမ်သက်စွာ ဝတ်ပြုကိုးကွယ်နေကြဆဲ ဖြစ်၏။
ခရမ်းနက်ရောင် အလင်းတန်းများသည် ၎င်းတို့၏ ကျောက်သားခန္ဓာကိုယ်များပေါ်သို့ ညီတူညီမျှ ဖြာကျနေခဲ့သဖြင့် ၎င်းတို့ကို ခရမ်းရောင်အဆင်းအချို့ သန်းသွားစေခဲ့ရာ တကယ့်ကို ထူးဆန်းဆန်းပြားလှသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေပေသည်။
"ကြည့်ရတာတော့ အခု အခြေအနေက တည်ငြိမ်သွားပြီ ထင်တယ်၊ ဟုတ်တယ်မလား"
ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြမိပြီး စိတ်ထဲ၌ အနည်းငယ် ပြန်လည်ပြေလျော့သွားခဲ့ကြပေသည်။
သို့သော်လည်း ရုပ်တုကြီးများဖြင့် ပြည့်နှက်နေသော ထိုမြေကျင်းကြီးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေဆဲ ဖြစ်၏။
အကယ်လို့ အတွင်းထဲကို ခုန်ချလိုက်တဲ့အချိန်ကျမှ ဤကျောက်ဆစ်ရုပ်တုကြီးတွေက အသက်ဝင်ပြီး လှုပ်ရှားလာခဲ့ကြမယ်ဆိုရင်တော့ သူတို့တွေ သေချာပေါက် ပိတ်ဆို့ပြီး တိုက်ခိုက်ခြင်းကို ခံရမှာ ဖြစ်သောကြောင့် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် တစ်ကမ္ဘာလုံး၌ ရှိနေကြသော လူသားအားလုံးသည်လည်း ဤအလင်းတိုင်ကြီးကို ပြိုင်တူ မြင်တွေ့နေကြရခြင်း ဖြစ်ပေသည်။
နယ်မြေ ၁၈၈ ၏ နယ်မြေချန်နယ်အတွင်း၌မူ ဆီးနှင်းတောင်ကြီးသည် မြေပြင်အောက်ခြေဆီသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့ပြီဖြစ်ရာ လူအများအပြားမှာ ၎င်းကို သတိပြုမိသွားခဲ့ကြပြီး ညနက်သန်းခေါင်အချိန်၌ ရုတ်တရက် ပေါ်ထွက်လာသော ဤထူးဆန်းလှသော ဖြစ်စဉ်ကြီးနှင့် ပတ်သက်၍ အားရပါးရ ဆွေးနွေးပြောဆိုနေကြတော့၏။
"ဘာဖြစ်လို့ ငါ့ရဲ့ သစ်ပင်အိမ် အရှေ့ဘက်မှာရှိတဲ့ ဆီးနှင်းတောင်ကြီးက တဖြည်းဖြည်းနဲ့ နိမ့်ဆင်းသွားရတာလဲ"
"ဆီးနှင်းတောင်ကြီးက နိမ့်ဆင်းသွားတယ် ဟုတ်လား။ မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
"ပေါက်ကရတွေ၊ တောင်ကြီးတစ်လုံးက ဘယ်လိုနည်းနဲ့ နိမ့်ဆင်းသွားမှာလဲဟ"
"ငါလည်း မြင်လိုက်တယ်။ မြောက်ဘက်အဝေးကြီးမှာ ရှိနေတဲ့ ဆီးနှင်းတောင်ကြီးက တကယ်ကြီး အောက်ကို နစ်မြုပ်နေတာ။ အစပိုင်းမှာတော့ ငါ မျက်စိမှားတယ်လို့ ထင်မှတ်မိပေမဲ့၊ အခုကြည့်လိုက်တော့ မူလအမြင့်ရဲ့ ထက်ဝက်လောက်ပဲ ကျန်တော့တယ်။ ဒါတင်မကသေးဘူး... ထိပ်ဆုံးမှာ ခရမ်းရောင် အလင်းတန်းတွေ ရှိနေသလိုပဲ"
"ဟင် ဆီးနှင်းတောင်ကြီးက မြုပ်နေတာ ဟုတ်လား။ ဘယ်နေရာမှာလဲ၊ ဘယ်နေရာမှာလဲ"
"နောက်ဆုံးတော့ ကိစ္စတစ်ခုခု ဖြစ်တော့မှာလား မသိဘူး"
"နင်တို့အားလုံးက ညဉ့်နက်သန်းခေါင်အချိန်မှာ ဘယ်လိုနည်းနဲ့ လှမ်းမြင်နေကြတာလဲဟင်"
"ငါ အပြာရောင်အဆင့်ရှိတဲ့ အနီရောင်အသီးကို စားထားလို့ပါ၊ ဒီနေ့ည ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းဖို့ ပြင်နေတာဆိုပေမဲ့ ဆီးနှင်းတောင်ကြီး နစ်မြုပ်သွားလိမ့်မယ်လို့တော့ လုံးဝ ထင်မထားမိဘူး"
"ငါလည်း မြင်လိုက်တယ်။ ဆီးနှင်းတောင်ကြီးက ငါ့ရဲ့ သစ်ပင်အိမ်နဲ့ ကီလိုမီတာ ရာဂဏန်းတောင် မဝေးတဲ့နေရာမှာ ရှိနေတာ။ဘုရားရေ... အခုဆိုရင် လုံးဝ နစ်မြုပ်သွားပြီ"
"တောင်ကြီးတစ်လုံးက တကယ်ပဲ အောက်ကို နစ်မြုပ်သွားတာ ဟုတ်လား။ ဘုရားသခင်... အဲ့တာက ပြိုကျသွားတာမျိုးကော မဖြစ်နိုင်ဘူးလား"
"မဖြစ်နိုင်တာ ငါ့ရဲ့ သစ်ပင်အိမ်က ဆီးနှင်းတောင်ကြီးရဲ့ ဘေးနားတင်ပဲ ရှိနေတာ အကယ်လို့ တကယ်ကြီး ပြိုကျသွားမယ်ဆိုရင်တော့ ငါလည်း သေချာပေါက် သေသွားမှာပေါ့"
"ဒီဆီးနှင်းတောင်ကြီးရဲ့ ပြဿနာက ငါတို့ နယ်မြေက ဆရာကြီးတွေကြောင့် ဖြစ်လာတာကော မဖြစ်နိုင်ဘူးလား။ သူတို့တွေပဲ တောင်ပေါ်ကို တက်ခဲ့ကြတာဖြစ်လို့ ငါတို့တွေ အများကြီး စိုးရိမ်မနေသင့်ပါဘူး"
"ဟင် ဒါက ဘာအခြေအနေကြီးလဲ"
"ဝါး"
"အလင်းတန်းကြီးပါလား"
ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်း၌မူ လူတိုင်းမှာ လုံးဝ ဆူညံပွက်လောရိုက်လျက် ဖရိုဖရဲ ဖြစ်နေခဲ့ကြချေပြီ။
"ဒါက ဘာလဲ၊ ဒါက ဘာကြီးလဲ"
"ဘုရားရေ... ဘာဖြစ်လို့ ရုတ်တရက်ကြီး ခရမ်းနက်ရောင် အလင်းတန်းကြီး ပေါ်ထွက်လာရတာလဲ။ ဒီလို အလင်းရောင်မျိုး ဘယ်လိုနည်းနဲ့ ပေါ်လာနိုင်ရတာလဲ"
"ဝါး... ဒီအလင်းတိုင်ကြီးက... မြင့်လွန်းလှတယ် မဟုတ်လား"
"အဲ့တာက တိမ်တိုက်လွှာကြီးတွေကို ဖြတ်ပြီး အပြင်ဘက် အာကာသဟင်းလင်းပြင်ထဲအထိ ထိုးဖောက်သွားတာလား"
"ဒါပေမဲ့ ဘာလို့ စိတ်ထဲမှာ တစ်မျိုးကြီး သာယာသလိုလို ခံစားရတာလဲ မသိဘူး"
"ငါတို့ နယ်မြေ ၁၈၈ ထဲမှာပဲဗျို့။တည်နေရာက သေချာပေါက် ငါတို့ နယ်မြေ ၁၈၈ ရဲ့ အတွင်းပိုင်းမှာ ရှိနေတာ။ ငါနဲ့ တကယ့်ကို အလွန် နီးကပ်လွန်းတယ်"
"ဒီကိစ္စက နယ်မြေ ၁၈၈ က ဆရာကြီးတွေ လုပ်လိုက်တာကော မဖြစ်နိုင်ဘူးလား။ ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး၊ ငါတို့ နယ်မြေ ၁၈၈ က ဆရာကြီးတွေကိုပဲ ဆက်တိုက် ချီးမွမ်းရုံပဲ ရှိတော့တာပေါ့"
"ညဉ့်နက်သန်းခေါင်ကြီးအချိန် ဖြစ်နေပြီဆိုပေမဲ့ ငါတော့ လုံးဝ အိပ်ဖို့ မဝံ့ရဲတော့ဘူး။တကယ် ဘာတွေ ဖြစ်နေတာလဲ"
"ဟမ် ဒီလောက်အထိ စောစောစီးစီး အိပ်တာ ဟုတ်လား။ မင်းရဲ့ အသက်အရွယ်နဲ့ ဒီအချိန်မှာ အိပ်လို့ ပျော်နိုင်ပါဦးမလား"
"ဘယ်ဆရာကြီးတစ်ယောက်ယောက်ကများ ဒီကိစ္စကို သေသေချာချာ ရှင်းပြပေးနိုင်မလဲ။ နောက်ထပ်တစ်ကြိမ် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာတာများလား မသိဘူး"
"ဒီအလင်းတိုင်ကြီးက ငါတို့နဲ့ တော်တော်လေး ဝေးတာဖြစ်လို့... ငါတို့နယ်မြေနဲ့တော့ ဆက်စပ်မှု ရှိပုံမပေါ်ပါဘူး"
တစ်ကမ္ဘာလုံးသည် ဤကြီးကျယ်ခမ်းနားလှသော ဆန်းပြားသည့် ဖြစ်စဉ်ကြီးကြောင့် လုံးဝ ဖရိုဖရဲ ဖြစ်နေခဲ့ကြရပြီး လူတိုင်းသည် ကောင်းကင်ယံထက်က ထိုခရမ်းနက်ရောင် အလင်းတန်းကြီးကိုသာ အသေအချာ စိုက်ကြည့်နေမိကြလျက် မည်သူမဆို ဤကိစ္စကို ရှင်းလင်းစွာ ပြောကြားပေးမည့် အချိန်ကိုသာ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေကြပေသည်။
၎င်းတို့သည် ရွှီရှင်းနှင့် ကျိချောင်းယန်တို့အား လာရောက်နှောင့်ယှက်မိမည်ကို စိုးရိမ်ကြသဖြင့် မည်သည့်စူးစမ်းရှာဖွေသူမှ တစ်ကိုယ်ရေ သတင်းစကား ပေးပို့ခြင်းမျိုး မပြုလုပ်ကြသော်လည်း စူးစမ်းရှာဖွေသူများ အဖွဲ့၏ အဖွဲ့လိုက် ချန်နယ်အတွင်း၌မူ တကယ့်ကို အလွန်ပင် စည်ကားဆူညံနေခဲ့ချေပြီ။
ဝမ်ကွေ့ရှင်း - "ဘာတွေ ဖြစ်နေတာလဲ။ ဒီကိစ္စက ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ကြောင့် ဖြစ်လာတာ ဟုတ်ရဲ့လား"
ချင်ယွန်လုံ - "ဒီအလင်းတိုင်ကြီးက တယ်လီပို့စနစ်ကြီး အသက်ဝင်သွားပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ ရလဒ်လား။ ငါ နယ်မြေချန်နယ်ထဲမှာ ဖတ်လိုက်ရတာတော့ ဆီးနှင်းတောင်ကြီး အောက်ကို နစ်မြုပ်သွားတယ်တဲ့ အဲ့တာက မင်းတို့ရဲ့ အနားမှာ ရှိနေတဲ့ တောင်ကြီး ဟုတ်ရဲ့လား"
ချီရွှယ်ဖေး - "မှန်ပါတယ်ရှင်။ ရွှီရှင်းနဲ့ အခြားသူနှစ်ယောက် ဆီးနှင်းတောင်ပေါ် တက်ခဲ့ကြတာဖြစ်ပြီး အခု ဆီးနှင်းတောင်ကြီးတစ်ခုလုံးက မြေအောက်ထဲကို အပြည့်အဝ နစ်သွားခဲ့ပြီဖြစ်လို့ အလင်းတိုင်ကြီးက အဲ့နေရာကနေပြီးတော့ ကောင်းကင်ပေါ်ကို ထိုးတက်သွားတာ ဖြစ်ရမယ်"
ကျောက်ရှောင်ချွမ်း - "ဝါး... ဆီးနှင်းတောင်ကြီးက အောက်ကို နစ်သွားတာ ဟုတ်လား။ဒီလောက်အထိ ပြင်းထန်လှတာပါလား။ နောက်ပိုင်း ဝမ်လေ့သာ အောင်မြင်သွားမယ်ဆိုရင်တော့ ငါတို့တွေလည်း ဒီလိုခံစားချက်မျိုးကို ကြုံတွေ့ရတော့မှာပေါ့။တွေးကြည့်ရုံနဲ့တင် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတယ်"
လီဝမ်ရှီး - "ဟူး... ခဲခဲလေးကတော့ ကျွန်မရဲ့ ရင်ခွင်ထဲမှာ စိုးရိမ်ထိတ်လန့်ပြီး အဆက်မပြတ် ငိုနေရှာတယ်။ကျွန်မသာ အတင်းပွေ့ချီမထားဘူးဆိုရင်တော့ သူက ရွှီရှင်းရဲ့ အနောက်ကို ချက်ချင်း လိုက်သွားတော့မှာ သေချာတယ်။ ကျွန်မ တော်တော်လေး စိုးရိမ်မိနေတယ်။အဲ့နေရာမှာ သေချာပေါက် အန္တရာယ်တစ်ခုခု ရှိနေရမယ်၊ ဒါပေမဲ့ ကျွန်မ သူတို့ကို ဖုန်းခေါ်ပြီး နှောင့်ယှက်ဖို့ကျတော့လည်း မဝံ့ရဲဘူး ဖြစ်နေလို့ပါ။ ရွှီရှင်း တကယ်လို့ နင်ဒီစာကို မြင်ရင် သေချာ သတိထားဦးနော်"
၎င်းမတိုင်ခင်ကပင် သူမသည် ရွှီရှင်းထံသို့ ခဲခဲလေး၏ အခြေအနေနှင့် ပတ်သက်၍ သတင်းစကားတစ်ခုကို ကြိုတင်ပေးပို့ခဲ့ဖူးပေသည်။
ခဲခဲလေးက ငိုယိုနေတယ် ဟုတ်လား။
ရွှီရှင်းသည် မျက်မှောင်ကို အနည်းငယ် တွန့်လိုက်မိပေသည်။
ခဲခဲလေး၏ စိုးရိမ်ပူပန်စွာဖြင့် ငိုယိုအော်ဟစ်မှုသည် ကိစ္စတစ်ခုတည်းကိုသာ ညွှန်ပြနေခြင်း ဖြစ်ပေသည်။
၎င်းမှာ ထိုနေရာ၌ အန္တရာယ် ရှိနေခြင်း ဖြစ်ပြီး ကီလိုမီတာ ရာဂဏန်းခန့် ဝေးကွာလှသော နေရာမှနေ၍ပင် ဤမျှအထိ ပြင်းထန်စွာ အာရုံခံမိနေသည်ဆိုပါက ၎င်းဘေးအန္တရာယ်မှာ လုံးဝ သေးငယ်လှသည် မဟုတ်ပါချေ။
လီဝမ်ရှီးသည်လည်း ခဲခဲလေး၏ အာရုံခံစွမ်းရည်ကို အသေအချာ သိရှိထားခြင်းဖြစ်သဖြင့် သူမသည် ဖုန်းခေါ်ဆိုမှုများဖြင့် လာရောက်နှောင့်ယှက်ခြင်းမျိုး မပြုလုပ်ဝံ့ဘဲ အဖွဲ့လိုက် ချန်နယ်အတွင်း၌သာ သတင်းစကားများ ရေးသားဖော်ပြလျက် ရွှီရှင်းတစ်ယောက် မြင်တွေ့နိုင်ပါစေဟုသာ မျှော်လင့်နေရှာခြင်း ဖြစ်၏။
သို့သော်လည်း ၎င်းတို့ရှိနေသော နေရာမှနေ၍ ကြည့်မည်ဆိုပါက ၎င်းတို့အား ခြိမ်းခြောက်နိုင်မည့် မည်သည့်အရာမျှ ရှိပုံမပေါ်ပါပေ။
မြေကျင်းကြီးအတွင်းက ကျောက်ဆစ်ရုပ်တုကြီးများသည် ယခုအချိန်အထိ ငြိမ်သက်စွာဖြင့် ခွေဝပ်နေကြဆဲဖြစ်ပြီး ကောင်းကင်ယံထက်မှ ဆီးနှင်းပွင့်လေးများသည်လည်း ၎င်းတို့၏ အပေါ်သို့ တဖွဲဖွဲ ကျရောက်လျက် ဖြည်းဖြည်းချင်း ဖုံးလွှမ်းနေခဲ့ချေပြီ။
အံ့သြစရာကောင်းလှသည်မှာ ဆီးနှင်းပွင့်လေးများသည် ကျောက်ဆစ်ရုပ်တုကြီးများ၏ အပေါ်သို့ ကျရောက်ကာ စုပုံနေခဲ့ကြသည်မှာ မှန်သော်လည်း မြေပြင်ပေါ်သို့ ကျရောက်သွားသော ဆီးနှင်းပွင့်လေးများမှာမူ ချက်ချင်းပင် အရည်ပျော်လျက် တစ်ခဏအတွင်း ရေနွေးငွေ့များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့ကြကာ မည်သည့်ခြေရာလက်ရာမှ ကျန်ရှိခြင်း မရှိပါပေ။
ကြည့်ရသည်မှာ ဤမြေကျင်းကြီး၏ အောက်ခြေမြေပြင်သည် အလွန်ပင် နွေးထွေးနေပုံရသဖြင့် ဆီးနှင်းထုကြီးများ စုပုံလာနိုင်ခြင်းမျိုး လုံးဝ မရှိပါပေ။
တည်နေရာကူးပြောင်းစက်ကြီး၏ မှော်စာလုံးပုံစံသည် လက်ကို အပူလောင်စေနိုင်လောက်အောင် ပြင်းထန်လှသော အပူချိန်ကို ထုတ်လွှတ်ခဲ့သည်ကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုပါက ဤအခြေခံသဘောတရားကို အလွယ်တကူပင် နားလည်နိုင်ပေသည်။
၎င်းက အလွန်ပင် အဆင်ပြေလှပေသည်။
မဟုတ်ပါက ဤမျှအထိ များပြားလှသော ဆီးနှင်းထုကြီးများအောက်၌ ဤမြေကျင်းကြီးတစ်ခုလုံးသည် မကြာမီမှာပင် ဖုံးလွှမ်းသွားရမည်ဖြစ်ပြီး ထိုဆီးနှင်းထုအောက်၌ နစ်မြုပ်နေမည့် ကျောက်ဆစ်ရုပ်တုကြီးများသည် အချိန်မရွေး လာရောက်တိုက်ခိုက်နိုင်မည့် လုပ်ကြံသတ်ဖြတ်သူကြီးများကဲ့သို့ ဖြစ်လာနိုင်သောကြောင့် ဖြစ်၏။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည် မြေကျင်းကြီးအတွင်းက အခြေအနေအားလုံးကို အသေအချာ စူးစမ်းကြည့်ရှုနေခဲ့ကြရင်း တစ်ပြိုင်နက်တည်းမှာပင် မိမိတို့ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်းကို စူးစမ်းရှာဖွေသူများအဖွဲ့အတွင်းသို့ လှမ်း၍ အကြောင်းကြားလိုက်ကြပေသည်။
သူတို့နှစ်ဦးစလုံး စကားပြောလာသည်ကို မြင်တွေ့လိုက်ရသည့် အခါကျမှသာ အခြားသောသူများမှာလည်း စိတ်ထဲ၌ ခေတ္တမျှ စိတ်အေးလက်အေး ဖြစ်သွားခဲ့ကြရတော့၏။
"ငါတို့ အတွင်းထဲကို ဝင်ပြီး အခြေအနေ သွားကြည့်ကြမလား"
ကျိချောင်းယန်က မြေကျင်းကြီး၏ အလယ်ဗဟိုတွင် ရှိနေသော ခရမ်းနက်ရောင် အလင်းတိုင်ကြီးကို စိုက်ကြည့်ရင်း လှမ်း၍ မေးမြန်းလိုက်ပေသည်။
"...အတွင်းထဲကို ဝင်ကြတာပေါ့။"
ရွှီရှင်းက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်မိရင်း "ငါတို့ ဒီအလင်းတိုင်ကြီးက အတိအကျ ဘာလဲဆိုတာကိုရော ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကိုကော မသိကြသေးတာဖြစ်လို့ သေချာပေါက် အတွင်းထဲကို ဝင်ပြီးတော့ စူးစမ်းစစ်ဆေးဖို့ လိုအပ်လိမ့်မယ်" ဟု ဆိုလိုက်ပေသည်။
"ငါးမီတာလောက် နက်တဲ့ မြေကျင်းကြီးတစ်ခုဖြစ်ပြီး အတွင်းမှာ ကျောက်ဆစ်ရုပ်တုအုပ်စုကြီး ရှိနေတာကတော့ တော်တော်လေး အန္တရာယ်များတယ်။ ဒါတင်မကသေးဘူး... မင်းရဲ့ ခဲခဲလေးကလည်း ကီလိုမီတာ အဝေးကြီးကနေပြီးတော့ ကြီးမားလှတဲ့ ဘေးအန္တရာယ်ကို လှမ်းပြီး အာရုံရနေသေးတာဥစ္စာ" ဟု ကျိချောင်းယန်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။
သူသည် ရွှီရှင်းအား သတိပေးစကား ဆိုလိုက်ရင်း တစ်ပြိုင်နက်တည်းမှာပင် မိမိတို့အနေဖြင့် မည်သို့သော နည်းလမ်းကို အသုံးပြုလျက် အတွင်းထဲသို့ ဘေးကင်းစွာ ဝင်ရောက်စူးစမ်းနိုင်မလဲဆိုသည်ကို ကြံဆတွက်ချက်နေမိပေသည်။
သေချာတာက ခဲခဲလေး၏ တုံ့ပြန်မှုကြောင့် ရွှီရှင်းကိုယ်တိုင်လည်း စိတ်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
သို့သော်လည်း...
အကယ်လို့ အခုမှ အတွင်းထဲကို မဝင်ဘူးဆိုရင်တော့ မနက်ဖြန် နေ့ဖက်အထိ စောင့်ဆိုင်းကြရပေမည်။
နေ့ဖက်အချိန်တွင် ဤကျောက်ဆစ်ရုပ်တုကြီးများ ပြသလေ့ရှိသော အပြင်ဘက်သို့ လှမ်း၍ ပြင်းထန်စွာ တိုက်ခိုက်တော့မည့် ကြောက်မက်ဖွယ် အမူအရာများကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုပါက ထိုအချိန်ကျမှ ဝင်ရောက်ခြင်းက လက်ရှိအချိန်ထက်စာလျှင် ဘေးအန္တရာယ်အဆင့် ပို၍ ကြီးမားလွန်းလှပေလိမ့်မည်။
ငါးမီတာခန့် နက်တဲ့ မြေကျင်းကြီးတစ်တွင်းပင်။
၎င်းတို့အားလုံးထံ၌ တွန်းကန်ချိတ်များ ရှိကြသဖြင့် အပေါ်သို့ ပြန်လည်တက်ရန်အတွက်မူ မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း အကယ်လို့ မြေကျင်းကြီး၏ လမ်းခုလတ်မှာတင် ဘေးအန္တရာယ်တစ်ခုခုနှင့် ရုတ်တရက် ကြုံတွေ့ရမည်ဆိုပါက...။
"...ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။"
ရွှီရှင်းသည် တကယ့်ကို ကောင်းလှသော နည်းလမ်းတစ်ခုကို စဉ်းစားမိသွားခဲ့ချေပြီ။
သူသည် မိမိ၏ လက်ပတ်နာရီကို ပွတ်သပ်ဖွင့်လိုက်ပြီး ကျပန်းစွမ်းရည်မြှင့်တင်မှု စာမျက်နှာကို ချက်ချင်း ဝင်ရောက်လိုက်ပေသည်။
"ငါ ဒီနေ့အတွက် စွမ်းရည်မြှင့်တင်မှုကို မရွေးချယ်ရသေးဘူး။ ငါ အခု ခုန်ကူးနိုင်စွမ်း ခွန်အားမြှင့်တင်မှုကို ရွေးချယ်လိုက်မယ်။ ဒီစွမ်းရည်သာ ရှိမယ်ဆိုရင်တော့ ငါက မီတာနှစ်ဆယ် သုံးဆယ်လောက်အမြင့်အထိ အလွယ်တကူ ခုန်တက်နိုင်မှာဖြစ်သလို၊ ရှေ့မျက်နှာစာဆီကိုလည်း မီတာဆယ်ဂဏန်းခန့်အထိ တိုက်ရိုက်ခုန်ကူးနိုင်မှာဖြစ်လို့ အများကြီး ပိုပြီးတော့ ဘေးကင်းနိုင်လိမ့်မယ်။ ငါ အောက်ကိုဆင်းပြီး အခြေအနေ သွားရောက်စူးစမ်းတဲ့အချိန်ကျရင်၊ မင်းက အပေါ်မှာပဲ နေခဲ့ပြီးတော့ ပတ်ဝန်းကျင်က ကျောက်ဆစ်ရုပ်တုကြီးတွေရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ စောင့်ကြည့်ပေးထားဦး၊ အကယ်လို့ တစ်ခုခုဖြစ်လာရင် ငါ့ကို ချက်ချင်း လှမ်းပြီး သတိပေးပါ"
"ခုန်ကူးနိုင်စွမ်း ခွန်အားမြှင့်တင်မှု ဟုတ်လား"
ကျိချောင်းယန်သည် ခဏမျှ အတွေးနက်သွားခဲ့ပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြကာ "ကောင်းပါပြီ၊ ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ငါ မင်းအတွက် အပေါ်ကနေပြီးတော့ အခြေအနေအားလုံးကို သေသေချာချာ စောင့်ကြည့်ပေးထားပါ့မယ်" ဟု ဆိုလိုက်၏။
ရွှီရှင်းက ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍ အချိန်ဆွဲမနေတော့ပါဘဲ ခုန်ကူးနိုင်စွမ်း ခွန်အားမြှင့်တင်မှု ကို ချက်ချင်းပင် ရွေးချယ်လိုက်တော့သည်။
သူသည် မိမိ၏ ခြေထောက်နှစ်ဖက်အတွင်း၌ ပြည့်နှက်လာသော ပြင်းထန်လှသည့် ခွန်အားများကို အာရုံခံမိလိုက်ပြီးနောက် မြေကျင်းကြီး၏ အစွန်းနေရာသို့ လျှောက်သွားခဲ့ပြီး အသာအယာ ခုန်ချလိုက်ရာ ငါးမီတာခန့် နက်ရှိုင်းလှသော မြေကျင်းကြီး၏ အောက်ခြေမြေပြင်ပေါ်သို့ တည်ငြိမ်စွာဖြင့်ရောက်သွားခဲ့ချေပြီ။
ကောင်းကင်ယံထက်တွင်မူ ဆီးနှင်းပွင့်လေးများသည် ဆက်လက်၍ တဖွဲဖွဲ ကျရောက်နေဆဲဖြစ်ပြီး မြေပြင်ပေါ်၌ ခွေဝပ်နေကြသော ကျောက်ဆစ်ရုပ်တုကြီးများအားလုံး၏ အပေါ်တွင် ဖြူလွလွ ဆီးနှင်းလွှာလေးများ ဖုံးလွှမ်းနေခဲ့ပေသည်။
ရွှီရှင်းသည် သတိကြီးစွာဖြင့် ထိုကျောက်ဆစ်ရုပ်တုအုပ်စုကြီးကြားထဲမှနေ၍ အလယ်တွင် တည်ငြိမ်စွာဖြင့် လင်းထိန်နေသော ထိုအခရမ်းနက်ရောင် အလင်းတိုင်ကြီး ရှိရာဆီသို့ ဖြည်းဖြည်းချင်း တိုးဝင်လျှောက်လှမ်းခဲ့တော့သည်။
သူသည် ယခင်က ၎င်းတို့ ပင်ပန်းခံ တူးဆွထားခဲ့ကြသော ထိုအေးစက်လှသော သံတံခါးကြီး၏ ဘေးနားမှ ဖြတ်သန်းသွားစဉ်၌ ၎င်းကို လှမ်း၍ တစ်ချက်ကြည့်လိုက်မိသော်လည်း သွားရောက်တို့ထိခြင်းမျိုး မပြုလုပ်ဘဲ ရှေ့သို့သာ ဆက်လက်လျှောက်ခဲ့ပေသည်။
အလယ်ဗဟိုနှင့် ပို၍ နီးကပ်လာလေလေ ပတ်ဝန်းကျင်က အပူချိန်မှာလည်း ပို၍ မြင့်တက်လာလေလေ ဖြစ်၏။
သူသည် ရှူးပျံရုပ်တုကြီး၏ ဘေးနား၌ မတ်တပ်ရပ်လိုက်သည့်အခါ မူလက ညဖက်တွင် အနှုတ် ၂၀ ဒီဂရီဝန်းကျင် ရှိနေခဲ့သော အပူချိန်မှာ ယခုအခါတွင်မူ အလွန်ပင် ပုံမှန်ရှိလှသော အပေါင်း ၂၀ ဒီဂရီဝန်းကျင် အနေအထားသို့ ရောက်ရှိနေခဲ့ချေပြီ။
မြေအောက်ကမ္ဘာက ထိုဧရာမရှူးပျံကြီးနှစ်ကောင်၏ ခေါင်းကြီးများမှာမူ အလင်းတိုင်ကြီးရှိရာဆီသို့ ဦးညွှတ်ထားကြခြင်းဖြစ်ပြီး ခရမ်းနက်ရောင် အလင်းတန်းများသည်လည်း ၎င်းတို့၏ မျက်နှာပြင်ပေါ်သို့ ဖြာကျနေခဲ့ပေသည်။
"ဟင်း... ဒီရှူးပျံရုပ်တုကြီးက..."
ရွှီရှင်း၏ မျက်မှောင်မှာ အနည်းငယ် တွန့်သွားခဲ့ရပြီး နှလုံးသားတစ်ခုလုံး တင်းကြပ်သွားခဲ့ရ၏။
ထိုရှူးပျံရုပ်တုကြီး၏ တည်နေရာ အနေအထားသည် ဆီးနှင်းတောင်ကြီး အောက်သို့ နစ်မြုပ်သွားခဲ့သည့် ဖြစ်စဉ်အတွင်း၌ သေချာပေါက် အသေးစား ပြောင်းလဲမှုမျိုး ရှိခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါ ထိုရုပ်တုကြီး၏ အတောင်ပံများသည် အနည်းငယ် ပို၍ ပွင့်ကားနေခဲ့ပြီ ဖြစ်သလို ၎င်း၏ ခြေသည်းကြီးများ ပွင့်နေသည့် အနေအထားမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ကာ ၎င်း၏ ဧရာမခေါင်းကြီးမှာမူ မြေပြင်နှင့် တကယ့်ကို မထိတထိ အနေအထားအထိ ပို၍ ငုံ့ဆင်းသွားခဲ့ခြင်း ဖြစ်ပေသည်။
ဤအချိန်အပိုင်းအခြားအတွင်း၌ ဤရှူးပျံရုက်တုကြီးသည် သေချာပေါက် အမှန်တကယ် လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ရမည်။
ရွှီရှင်းသည် တံတွေးတစ်ချက်ကို အားယူ၍ မျိုချလိုက်မိပေသည်။
ခဲခဲလေး အာရုံခံမိနေခဲ့သည့် ဘေးအန္တရာယ်ဆိုသည်မှာ သေချာပေါက် ဤကျောက်ဆစ်ရုပ်တုကြီးများကို ရည်ညွှန်းနေခြင်း ဖြစ်ရမည်။
သူသည် ရှူးပျံရုပ်တုကြီး၏ ဘေးနားမှ ဖြတ်သွားခဲ့ပြီးနောက် အလယ်ဗဟိုက ခရမ်းနက်ရောင် အလင်းတိုင်ကြီး ရှိရာဆီသို့ ခြေလှမ်းတစ်လှမ်းချင်းစီ သတိကြီးစွာဖြင့် ဆက်လက်၍ တိုးဝင်လျှောက်လှမ်းခဲ့တော့သည်။
ထိုအလင်းတိုင်ကြီးမှာမူ အောက်ခြေက တြိဂံပုံစံ မှော်စာလုံးသင်္ကေတ အတွင်းမှနေ၍ အပေါ်သို့ ဖြာထွက်နေခြင်း ဖြစ်၏။
အဝေးမှ ကြည့်မည်ဆိုပါက သိသာလှခြင်းမရှိသော်လည်း အနားသို့ တိုးကပ်သွားလိုက်သည့် အခါကျမှသာ ဤအလင်းတိုင်ကြီး၏ ကွက်လပ် ဧရိယာ ဖြတ်ပိုင်း အရွယ်အစားသည် အနည်းဆုံး စတုရန်းမီတာ အနည်းငယ်ခန့်အထိ ထူထဲတောင့်တင်းလှကြောင်း ရွှီရှင်း သတိပြုမိလိုက်ရပေသည်။
အနားသို့ ရောက်ရှိသွားသည့် ခဏ၌ ရွှီရှင်းသည် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးလှသော ခံစားချက်တစ်ခုက လာရောက်လွှမ်းခြုံလိုက်သကဲ့သို့ ခံစားလိုက်ရ၏။
ဤအလင်းတိုင်ကြီးသည် အလွန်ပင် လင်းထိန်တောက်ပနေခဲ့သည်မှာ မှန်သော်လည်း တိုက်ရိုက်ကြည့်ရှု၍ မရနိုင်လောက်အောင် စူးရှလွန်းခြင်းမျိုး မရှိဘဲ ၎င်းအစား အလွန်ပင် နွေးထွေးလှသဖြင့် သူ့အား အတွင်းထဲသို့ ဝင်ရောက်ချင်စိတ်များပင် ဖြစ်ပေါ်လာစေပေသည်။
သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး မိမိ၏ လက်ချောင်းထိပ်ဖျားလေးကို အသုံးပြုလျက် ထိုအလင်းတိုင်ကြီးကို အသာအယာ စမ်းသပ်တို့ထိကြည့်လိုက်ပေသည်။
အပူချိန်မှာမူ အလွန်ပင် သက်တောင့်သက်သာ ရှိလှပြီး အခြေခံအားဖြင့် အသင့်ပြင်ဆင်ထားသော ရေနွေးချိုးကန်အတွင်းက ရေနွေးများကဲ့သို့ ဖြစ်၏။
အစပိုင်းတွင်မူ သူသည် ကောင်းကင်ယံထက်သို့ ထိုးဖောက်သွားနိုင်စွမ်းရှိသော ဤကဲ့သို့သော အလင်းတိုင်ကြီး၏ အပူချိန်သည် လေဆာတန်းများကဲ့သို့ အလွန် ပြင်းထန်လှရမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိ ကိုယ်တိုင်ခံစားလိုက်ရသော ခံစားချက်အရဆိုလျှင်မူ သူ၏ ထင်မြင်ချက်မှာ လုံးဝ မှားယွင်းနေခဲ့ချေပြီ။
ဖြစ်နိုင်တာက အတွင်းထဲကို ကိုယ်တိုင် ဝင်ဖို့ လိုအပ်နေတာလား။
ခရမ်းနက်ရောင် ဝဲဂယက်ကြီးကဲ့သို့ပင် ဤခရမ်းနက်ရောင် အလင်းတိုင်ကြီးသည်လည်း အတွင်းထဲသို့ လူကိုယ်တိုင် ဝင်ရောက်ရန် လိုအပ်နေခြင်းများလား မသိပါချေ။
သူသည် အနည်းငယ် တွေဝေသွားခဲ့သော်လည်း မိမိ၏ လက်တစ်ဖက်လုံးကို ၎င်းအတွင်းသို့ အပြည့်အဝ နစ်မြုပ်ကြည့်လိုက်ရာ မည်သည့်ပြဿနာမျှ ရှိမလာသည့်အပြင် အလွန်ပင် သက်တောင့်သက်သာရှိလှသော ခံစားချက်မျိုးကိုသာ ပေးစွမ်းနေခဲ့ပေသည်။
သူသည် ထပ်မံ၍ တွေဝေမနေတော့ဘဲ မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိုအလင်းတိုင်ကြီး၏ အတွင်းထဲသို့ အပြည့်အဝ ခြေလှမ်းလှမ်းလျက် ဝင်ရောက်လိုက်ပါတော့သည်။
တစ်ခဏချင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းနက်ရောင် အလင်းတန်းများ၏ အောက်၌ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ရချေပြီ။
သို့သော်လည်း လူကို တစ်ခဏအတွင်း ဝါးမြိုပစ်လျက် အရာအားလုံးကို လည်ပတ်ကာမူးဝေသွားစေတတ်သော ထိုခရမ်းနက်ရောင် ဝဲဂယက်ကြီး၏ အခြေအနေမျိုးနှင့် မတူညီဘဲ သူ၏ ခြေထောက်နှစ်ဖက်မှာမူ မြေပြင်ပေါ်၌ တည်ငြိမ်စွာ ရှိနေဆဲဖြစ်ပြီး တြိဂံပုံစံ တယ်လီပို့မှော်စာလုံးသင်္ကေတ ပေါ်တွင် မတ်တပ်ရပ်နေဆဲ ဖြစ်ပေသည်။
ဤခရမ်းနက်ရောင် အလင်းတန်းသည် သူ၏ စိတ်အာရုံအပေါ်တွင်လည်း ယခင်ကကဲ့သို့ တိုက်ခိုက်ခြင်းမျိုး မရှိဘဲ ၎င်းအစား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မယုံကြည်နိုင်လောက်အောင် သက်တောင့်သက်သာ ရှိသွားစေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဤအခရမ်းနက်ရောင် အလင်းတန်းသည် သူ၏ မျက်စိမြင်ကွင်းကိုမူ ပိတ်ဆို့ထားသဖြင့် အပြင်ဘက်က အခြေအနေများကို လုံးဝ လှမ်း၍ မြင်တွေ့နိုင်ခြင်း မရှိပါပေ။
ထိုခဏ၌ သူ၏ နားစည်အတွင်းဆီသို့ စနစ်၏ အသိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတော့သည်။
[သင်သည် တယ်လီပို့စနစ်၏ အူတိုင် အတွင်းသို့ ဝင်ရောက်ခဲ့ပါပြီ။ သင်သည် တယ်လီပို့စနစ်ကြီးအား အပြည့်အဝ အသက်သွင်းရန် ဆန္ဒရှိပါသလား။]
ဒါဆိုရင် ဒီနေရာက တကယ်ပဲ တယ်လီပို့စနစ်ကြီးရဲ့ အူတိုင်ဖြစ်နေတာပါလား။
ကြည့်ရတာတော့ တယ်လီပို့စနစ်ကြီးသည် လက်ရှိအချိန်အထိ အပြည့်အဝ အသက်ဝင်ခြင်းမျိုး မရှိသေးပါပေ။
"အသက်သွင်းမယ်။"
ရွှီရှင်းက ချက်ချင်းပင် လျင်မြန်စွာ ပြန်လည်တုံ့ပြန်လိုက်ပေသည်။
သူ့အနေဖြင့် ငြင်းပယ်ရမည့် အကြောင်းပြချက် လုံးဝ မရှိပါချေ။
တစ်ခဏအတွင်းမှာပင် သူ၏ ခြေဖဝါးအောက်ခြေမှနေ၍ သေးငယ်သော လှုပ်ရှားမှုတစ်ခုကို ချက်ချင်း အာရုံခံမိလိုက်ရပေသည်။
သူသည် ငုံ့ကြည့်လိုက်သည့်အခါ ခရမ်းရောင် မှော်စာလုံးမျဉ်းကြောင်းများသည် နောက်တစ်ကြိမ် ထပ်မံ၍ ပြန့်နှံ့သွားခဲ့ကြပြန်ပြီး ၎င်းနောက်တွင်မူ ဆီးနှင်းတောင်ထိပ်တုန်းကထက်စာလျှင် ပိုမိုလျင်မြန်လှသော အရှိန်အဟုန်ဖြင့် ပြန့်ကားသွားခဲ့ကြချေပြီ။
စက္ကန့်အနည်းငယ်မျှသော အချိန်အတွင်းမှာတင် ထိုခရမ်းနက်ရောင် မှော်စာလုံးမျဉ်းကြောင်းများသည် ဤမြေကျင်းကြီး၏ အောက်ခြေမြေပြင် တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်သွားခဲ့ပါတော့သည်။
ရုတ်တရက် တကယ့်ကို ရင်းနှီးကျွမ်းဝင်လှသော အသံကြီးတစ်ခုသည် သူ၏ နားစည်အတွင်းဆီသို့ ပြင်းထန်စွာ ရောက်ရှိလာခဲ့ချေပြီ။
[တောအုပ်နယ်မြေ ၁၈၈ အား ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီးကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည့်အတွက် တကယ့်ကို ဂုဏ်ယူပါသည်]
ဆန်းကြယ်လှသော ထိုအသံကြီးသည် ယခုအခါတွင်တော့ နောက်တစ်ကြိမ် ထပ်မံ၍ ပေါ်ထွက်လာခဲ့ချေပြီ။
အခန်း ၅၀၄ ပြီး။