အခန်း ၅၀၅
Vol. 34 Ch. 505
အခန်း (၅၀၅) - အံ့မခန်း ဆုလာဘ်များနှင့် ပြန်လည်နိုးထလာသော ကျောက်ဆစ်ရုပ်တုများ
[တောအုပ်နယ်မြေ ၁၈၈ အား ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီးကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည့်အတွက် တကယ်ကို ဂုဏ်ယူပါသည်]
[တယ်လီပို့စနစ် အသက်သွင်းသူ: နယ်မြေ ၁၈၈ မှ ရွှီရှင်း ဖြစ်ပါသည်။]
[ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီးအား ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည့်အတွက် ရရှိမည့် ဆုလာဘ်အနေဖြင့်မူ ဆောင်းရာသီ မကုန်ဆုံးခင်အချိန်အတွင်း၌ နယ်မြေ ၁၈၈ က ရှင်ကျန်သူများသည် ဘေးကင်းလုံခြုံရေးနယ်ပယ် ၏ အပြင်ဘက်သို့ စိတ်ကြိုက် ခြေဆန့်လှုပ်ရှားနိုင်ကြမည်ဖြစ်ပြီး ပတ်ဝန်းကျင် အပူချိန်မှာလည်း ၁၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာမည့်အပြင် အပြင်ဘက်၌ ဆီးနှင်းများ ထပ်မံကျရောက်ခြင်းမျိုး လုံးဝ ရှိတော့မည် မဟုတ်ပါ]
[ဘေးကင်းလုံခြုံရေးနယ်ပယ်ရဲ့ အပြင်ဘက်သို့ ပထမဆုံးအကြိမ်အဖြစ် စတင်ခြေဆန့်နိုင်ခွင့်ရှိသော ပထမဆုံးသော ရှင်ကျန်သူအုပ်စုကြီး ဖြစ်လာကြသည့် နယ်မြေ ၁၈၈ က ရှင်ကျန်သူများအားလုံးကို ဂုဏ်ယူပါသည်]
[ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ အသက်သွင်းနိုင်မည့် ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီး ထိပ်ဆုံးဆယ်ခုအတွက်မူ မတူညီသော အဆင့်အတန်းအလိုက် ကြီးမားလှသော ဆုလာဘ်များကို သီးသန့် ချီးမြှင့်ပေးသွားဦးမည် ဖြစ်ပါသည်။]
[ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီး အခုသုံးဆယ်မြောက် အသက်ဝင်သွားသည့် အချိန်သို့ ရောက်ရှိသည့်အခါတွင်မူ ဆီးနှင်းတောင်တက်ခြင်း လှုပ်ရှားမှုကြီးသည် လုံးဝ ပြီးဆုံးသွားမည်ဖြစ်ပြီး ပြင်းထန်လှသော ဆောင်းရာသီရာသီဥတုကြီးသည်လည်း ၎င်းနှင့်အတူ လုံးဝ အပြီးတိုင် ချုပ်ငြိမ်းသွားမည် ဖြစ်ပါသည်]
[ဆောင်းရာသီရာသီဥတုကြီးကို အချိန်အကြာကြီး လုံးဝ အဆွဲမဆန့်ကြပါနဲ့ဦး သို့မဟုတ်ပါက အလွန်ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကိစ္စရပ်ကြီးတစ်ခု သေချာပေါက် ပေါ်ထွက်လာနိုင်လို့ပါ]
[ရှင်ကျန်သူများအားလုံး... မိမိတို့၏ အဖိုးတန်လှသော အသက်အတွက် ဆီးနှင်းတောင်ပေါ်သို့ အမြန် တက်လျက် တယ်လီပို့စနစ်ကြီးကို အောင်မြင်အောင် ဖွင့်လှစ်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းကြပါဦး]
ဆန်းကြယ်လှသော ထိုအသံကြီးသည် ဤကမ္ဘာပေါ်၌ ရှိနေကြသော ရှင်ကျန်သူအားလုံး၏ နားစည်အတွင်းဆီသို့ ပြင်းထန်စွာ မြည်ဟီးလျက် ဤသတင်းစကားများကို လူတိုင်းသိအောင် အသေအချာ ထုတ်ပြန်ကြေညာပေးလိုက်ခြင်း ဖြစ်ပေသည်။
ရွှီရှင်းသည် ခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ အတွင်းထဲ၌ ငြိမ်သက်စွာ မတ်တပ်ရပ်နေဆဲ ဖြစ်၏။
သူ၏ မျက်စိသူငယ်အိမ်များမှာမူ တဖြည်းဖြည်းနှင့် ပြူးကျယ်သွားခဲ့ရချေပြီ။
သူသည် ဆီးနှင်းတောင် တယ်လီပို့စနစ်ကြီးကို အသက်သွင်းလိုက်ခြင်းကြောင့် ဤမျှအထိ ကြီးမားလှသော ဆုလာဘ်ကြီးများကို ရရှိလိမ့်မည်ဟု လုံးဝ ကြိုတင်မထင်မှတ်ထားမိပါပေ။
ဤသတင်းစကားအတွင်း၌ ပါဝင်သော အချက်အလက် ပမာဏမှာ တကယ့်ကို အလွန်အမင်း များပြားလွန်းလှပေသည်။
မိမိတို့ နယ်မြေအတွင်းက ရှင်ကျန်သူများသည် ယခုအခါ ဘေးကင်းလုံခြုံရေးနယ်ပယ်၏ ကန့်သတ်ချက်မျိုး လုံးဝ မရှိတော့ဘဲ စိတ်ကြိုက် လှုပ်ရှားသွားလာနိုင်ကြပြီဖြစ်သည်။
၎င်းတို့သည် ဘေးကင်းလုံခြုံရေးနယ်ပယ်၏ အပြင်ဘက်သို့ ခြေဆန့်နိုင်ကြပြီ ဖြစ်၏။
ဆိုလိုသည်မှာ ဘေးကင်းလုံခြုံရေးနယ်ပယ်၏ အပြင်ဘက်က မြေပြင်အောက်ခြေမှနေ၍ ဗီဇပြောင်းလဲထားသော စွမ်းရည်ရှိသည့် ကပ်ပါးနွယ်ပင်ကြီးများ ပေါ်ထွက်လာပြီး တိုက်ခိုက်ခြင်းမျိုး လုံးဝ ရှိတော့မည် မဟုတ်ပါချေ။
တစ်ချိန်တည်းမှာပင် တောအုပ်အတွင်း အအေးဆုံးအချိန်ဖြစ်သော အနှုတ် ၂၀ ဒီဂရီဝန်းကျင် ရှိနေခဲ့သည့်တိုင်အောင် ယခုအခါ အပူချိန်မှာ ၁၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ပြီ ဖြစ်၏။
နယ်မြေ ၁၈၈ အတွင်း၌မူ လက်ရှိ အပူချိန်သည် အနှုတ် ၁၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင် အနေအထားတွင်သာ အမြဲတမ်း တည်ငြိမ်စွာ ရှိနေတော့မည် ဖြစ်ပေသည်။
ဤကဲ့သို့သော အပူချိန်မျိုး၌မူ မည်သူမဆို မိမိတို့ထံ၌ ရမှတ် ၁၀၀ မျှ ရှိရုံဖြင့်တင် ရမှတ်ဆိုင်အတွင်းမှနေ၍ ဆီးနှင်းဝတ်စုံတစ်ခုကို အလွယ်တကူ ဝယ်ယူနိုင်ကြမည်ဖြစ်ပြီး အပြင်ဘက်က အအေးဒဏ်၏ သက်ရောက်မှုကို လုံးဝ ခံရခြင်းမရှိတော့ဘဲ သစ်ပင်အိမ်အတွင်းမှနေ၍ အပြင်သို့ စိတ်ကြိုက် လွတ်လပ်စွာ ထွက်ခွာလှုပ်ရှားနိုင်ကြတော့မည် ဖြစ်ပေသည်။
ဒါတင်မကသေးဘဲ တယ်လီပို့စနစ်ကြီး အခုသုံးဆယ် အသက်ဝင်ပြီးနောက်ပိုင်းတွင်မူ ဆီးနှင်းတောင် လှုပ်ရှားမှုကြီး ပြီးဆုံးသွားမည်ဖြစ်ပြီး ပြင်းထန်လှသော ဆောင်းရာသီကြီးသည်လည်း ၎င်းနှင့်အတူ ကွယ်ပျောက်သွားမည်ဖြစ်ရာ ဆိုလိုသည်မှာ နယ်မြေအားလုံး စုစုပေါင်းအနေဖြင့် ဆီးနှင်းတောင် တယ်လီပို့စနစ် အခုသုံးဆယ်ကိုသာ အသက်သွင်းခွင့် ရရှိကြမည် ဖြစ်ပေသည်။
သတိပြုရမည်မှာ နယ်မြေတစ်ခုစီအတွင်း၌ တယ်လီပို့စနစ် တစ်ခုတည်း ရှိနေရုံမျှဖြင့် မလုံလောက်ဘဲ တယ်လီပို့လုပ်ငန်းစဉ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် သေချာပေါက် တယ်လီပို့စနစ် နှစ်ခု ရှိနေရမည် ဖြစ်ပေသည်။
ဤအချက်အရဆိုလျှင်မူ အများဆုံးအနေဖြင့် နယ်မြေတစ်ဆယ့်ငါးခုစာခန့်သာ ဤဆီးနှင်းတောင် တယ်လီပို့စနစ်ကြီးကို အမှန်တကယ် အသုံးပြုခွင့် ရရှိကြမည် ဖြစ်၏။
လက်တွေ့မြေပြင်တွင် နယ်မြေတစ်ဆယ့်ငါးခုထက်ပင် များစွာ လျော့နည်းနိုင်ပေသည်။
သူသည် ဤသတင်းအချက်အလက်များကို စိတ်ထဲ၌ အသေအချာ တွက်ချက်မပြီးသေးခင်မှာပင် ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ အတွင်း၌ မြေပုံတစ်ခုသည် သူ၏ ရှေ့မှောက်သို့ ရုတ်တရက် အလိုအလျောက် ဖြန့်ကျက်ကာပေါ်ထွက်လာခဲ့ချေပြီ။
ထိုမြေပုံ၏ ဘယ်ဘက်အပေါ်ထောင့် နယ်မြေနေရာတွင် တောက်ပလှသော ခရမ်းနက်ရောင် အစက်အပြောက်လေးတစ်ခု ရှိနေပြီး အခြားသော နေရာများတွင်မူ မှေးမှိန်လှသော ခရမ်းနက်ရောင် အစက်အပြောက်လေးများစွာ စနစ်တကျဖြင့် ထူထပ်စွာ တည်ရှိနေကြပေသည်။
ရွှီရှင်းသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့၏။
ဤတောက်ပလှသော ခရမ်းနက်ရောင် အစက်အပြောက်လေးသည် ယခု သူအောင်မြင်စွာ အသက်သွင်းလိုက်သော တယ်လီပို့စနစ်ကြီး ဖြစ်ရမည်ဖြစ်ပြီး မှေးမှိန်နေသော အစက်အပြောက်လေးများမှာမူ အသက်မသွင်းရသေးသည့် အခြားသော ဆီးနှင်းတောင် တယ်လီပို့စနစ်များ ဖြစ်ကြပေသည်။
အစက်အပြောက်လေးများ၏ အရေအတွက်မှာ တကယ့်ကို မရေမတွက်နိုင်အောင် များပြားလှပေသည်။
ထိုအရေအတွက်နှင့် တောင်များကြားက လက်တွေ့အကွာအဝေးကို အခြေခံလျက် ခန့်မှန်းတွက်ချက်ကြည့်မည်ဆိုပါက သူ၏ ဦးနှောက်အတွင်း၌ ပေါ်ထွက်လာသော ဤမြေပုံကြီးသည် သေချာပေါက် နယ်မြေ ၁၈၈ တစ်ခုလုံး၏ မြေပုံကြီး ဖြစ်ရမည် ဖြစ်၏။
သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး မိမိ၏ လက်ချောင်းလေးဖြင့် လင်းထိန်ခြင်းမရှိသေးသော ထိုအခရမ်းနက်ရောင် အစက်အပြောက်လေးတစ်ခုကို လှမ်း၍ တို့ထိကြည့်လိုက်မိပေသည်။
[ဤတယ်လီပို့စနစ်မှာ အသက်သွင်းခြင်း မပြုရသေးပါသဖြင့် ချိတ်ဆက်၍ မရနိုင်ပါ]
ဒီလိုပါလား။
ကြည့်ရသည်မှာ နောက်ပိုင်းတွင် နောက်ထပ် တယ်လီပို့စနစ်တစ်ခု ထပ်မံ၍ အသက်ဝင်သွားခဲ့မည်ဆိုပါက ထိုတယ်လီပို့စနစ်ကို ကိုယ်စားပြုသော ခရမ်းနက်ရောင် အစက်အပြောက်လေးသည်လည်း သဘာဝအတိုင်း လင်းထိန်တောက်ပလာမည်ဖြစ်ပြီး ထိုအချိန်ကျမှသာ တယ်လီပို့စနစ်နှစ်ခုကြား၌ အပြန်အလှန် ချိတ်ဆက်မှုများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြတော့မည် ဖြစ်ပေသည်။
ထိုခဏ၌ သူ၏ လက်ပတ်နာရီမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး သူက လက်ကိုမြှင့်၍ ကြည့်ရှုလိုက်ရာ ၎င်းမှာ ကျိချောင်းယန်ထံမှ ဖုန်းခေါ်ဆိုလာခြင်း ဖြစ်ပေသည်။
"မြန်မြန် အပြင်ကို ထွက်ခဲ့ဦး။ ပတ်ဝန်းကျင်က ကျောက်ဆစ်ရုပ်တုကြီးတွေ အားလုံး လှုပ်ရှားနေကြပြီ။ မြန်မြန်လုပ်... သူတို့တွေ ကြီးကြီးမားမား လှုပ်ရှားမှုမျိုး မလုပ်သေးခင် အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အပြင်ကို အမြန်ဆုံး ပြေးထွက်ခဲ့တော့"
ဤစကားတစ်ခွန်းကြောင့် ရွှီရှင်း၏ မျက်စိသူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားခဲ့ရချေပြီ။
ကျောက်ဆစ်ရုပ်တုကြီးတွေက တကယ်ကြီး အသက်ဝင်ပြီး လှုပ်ရှားလာခဲ့ကြပြီ ဟုတ်လား။
ဒါဆိုရင် သူ လက်ရှိ ရောက်ရှိနေသော နေရာသည် ထိုရှူးပျံဧရာမရုပ်တုကြီးနှင့် အလွန်နီးကပ်လွန်းလှသော နေရာ မဟုတ်ပါလား။
အတွင်းပိုင်းတွင်မူ သူသည် အပြင်ဘက်က အခြေအနေအားလုံးကို လုံးဝ မြင်တွေ့နိုင်ခြင်း မရှိပါပေ။
ရွှီရှင်းသည် သွားကို ကြိတ်လိုက်ပြီး ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီး၏ အတွင်းမှနေ၍ အပြင်ဘက်ဆီသို့ ကိုယ်ကို လျင်မြန်စွာ အရှိန်အဟုန်ဖြင့် ပြေးထွက်လိုက်တော့သည်။
သူ အပြင်သို့ ရောက်ရှိသွားသည့် ခဏ၌ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် တစ်ကိုယ်လုံးပင် ကြက်သီးမွေးညင်းများ ထစပြုလာခဲ့ရ၏။
မြေပြင်ပေါ်၌ ခွေဝပ်နေခဲ့ကြသော ကျောက်ဆစ်ရုပ်တုကြီး အားလုံးသည် မိမိတို့၏ ခေါင်းကြီးများကို ဖြည်းဖြည်းချင်း မော့လိုက်ကြပြီး ရွှီရှင်းရှိရာ အရပ်ဆီသို့ စုပြုံလျက် လှမ်းကြည့်နေကြခြင်း ဖြစ်ပေသည်။
၎င်းတို့၏ ကျောက်သားမျက်လုံး အစုံအလင်ထံမှနေ၍ မမျှော်လင့်ဘဲ တကယ့်ကို သွေးနီရောင် တောက်ပလှသော အလင်းတန်းများ တဖျတ်ဖျတ် လက်နေခဲ့ကြချေပြီ။
သူ၏ ရှေ့မှောက်တွင်မူ တကယ့်ကို သွေးနီရောင် အလင်းစက် အနီရောင်ပင်လယ်ကြီးတစ်ခုအလား ဖြစ်နေခဲ့ချေပြီ။
သူ၏ ဦးနှောက်အတွင်းက မြေပုံစနစ်ထဲတွင်မူ မူလက မည်သည့်အနီရောင် အစက်အပြောက်မျှ မရှိခဲ့သော ဤမြေကျင်းကြီး၏ အတွင်းပိုင်း၌ ယခုအခါတွင်တော့ မရေမတွက်နိုင်အောင် ထူထပ်လှသော အနီရောင်အစက်အပြောက်လေးများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ရချေပြီ။
ဒါတင်မကသေးဘဲ သူ၏ နှလုံးခုန်သံကို ရပ်တန့်သွားစေလောက်သည့် အချက်မှာမူ သူ၏ ရှေ့တည့်တည့်၌ ရှိနေသော ထိုဧရာမရှူးပျံရုပ်တုကြီး၏ မျက်လုံးအစုံမှာလည်း လင်းထိန်တောက်ပလာခဲ့ခြင်း ဖြစ်ပေသည်။
၎င်း၏ ဧရာမခေါင်းကြီးမှာ မူလကတည်းကပင် အပေါ်သို့ မော့ထားခြင်းဖြစ်ပြီး ယခုအခါ ကြေးခေါင်းလောင်းကြီးတစ်ခုကဲ့သို့ ကြီးမားလှသော သွေးနီရောင် တောက်ပနေသည့် မျက်လုံးအစုံဖြင့် ခရမ်းနက်ရောင် အလင်းတိုင်ကြီးအတွင်းမှနေ၍ အပြင်သို့ ထွက်လာခဲ့သော ရွှီရှင်းအား တည့်တည့်မတ်မတ် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။
နှစ်ဖက်စလုံး၏ အကြည့်များမှာ လေထုထဲ၌ တိုက်ရိုက်ပင် ဆုံစည်းသွားခဲ့ကြရပေသည်။
ဤမြင်ကွင်းကတော့ တကယ့်ကို မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
"မြန်မြန်လုပ် သူတို့တွေ မတ်တပ်မရပ်နိုင်ခင် အချိန်အတွင်း အပြင်ဘက်ကို အမြန်ဆုံး ပြေးထွက်ခဲ့"
ကျိချောင်းယန်၏ အသံမှာ တကယ့်ကို တိုးညှင်းလှပြီး အလွန်ပင် လျင်မြန်လှပေသည်။
ရွှီရှင်းသည် ထိုရှူးပျံကြီး၏ ခန္ဓာကိုယ်အတွင်းသို့ မိမိ၏ လှံတိုဖြင့် တိုက်ရိုက်ထိုးစိုက်ပစ်မည်ဟူသော အတွေးကို ချက်ချင်းပင် ရုပ်သိမ်းလိုက်ပြီး ထပ်၍ အချိန်မဆွဲနေတော့ဘဲ ခြေဖဝါးဖြင့် မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း လေထုထဲသို့ ထိုးတက်သွားခဲ့ပြီး မြေကျင်းကြီး၏ အစွန်းဖက်ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ခုန်ကူးလိုက်တော့သည်။
ဤကောင်ကြီးများသည် သေချာပေါက် အဆင့်မြင့် ဗီဇပြောင်းသတ္တဝါများ၏ ကျောက်ဆစ်ရုပ်တုကြီးများ ဖြစ်ကြရမည်ဖြစ်ရာ သူ၏ လက်ရှိအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်မည့် အနေအထားမျိုး လုံးဝ မဟုတ်ပါပေ။
သူသည် မိမိ၏ အရှိန် အားလုံးကို အစွမ်းကုန် စိုက်ထုတ်လိုက်ပြီး ရှေ့မျက်နှာစာဆီသို့ ပြင်းထန်စွာ ခုန်ကူးလိုက်ပေသည်။
အရှိန်ယူမှုမျိုး မပြုလုပ်ခဲ့သည်မှာ မှန်သော်လည်း ဤခုန်ကူးမှုတစ်ခုတည်းဖြင့်တင် သူသည် ရှေ့မျက်နှာစာဆီသို့ မီတာလေးဆယ်ကျော်ခန့်အထိ တိုက်ရိုက်ရောက်ရှိသွားခဲ့ပြီး မိမိ၏ အနောက်ကွယ်က ရှူးပျံကြီး၏ ဘေးမှနေ၍ လျင်မြန်စွာပင် ဝေးကွာသွားခဲ့ချေပြီ။
အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လျက် ရွှီရှင်းသည် ကိုယ်ကိုလှည့်၍ အနောက်သို့ လှမ်းကြည့်လိုက်ရာ ထိုရှူးပျံကြီး၏ ခေါင်းကြီးမှာ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး မိမိအား လာရောက်တိုက်ခိုက်ရန်အတွက် ကိုယ်ကို လှည့်ရန် ပြင်ဆင်နေကြောင်း သတိပြုမိလိုက်ပေသည်။
အမြန်ဆုံး ပြေးမှဟ....။
ယခုအခါ သူ၏ ဘေးနားတွင် ရှိနေသော ရုပ်တုကြီးများမှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများ၏ ကျောက်ဆစ်ရုပ်တုကြီးများ ဖြစ်ကြပေသည်။
သူသည် ခြေလှမ်းအနည်းငယ် ထပ်မံ၍ အားစိုက်လိုက်ပြီးနောက်ထပ်တစ်ကြိမ် ထပ်မံ၍ ခုန်ကူးလိုက်ပြန်ရာ ရှေ့မျက်နှာစာဆီသို့ မီတာငါးဆယ်ခန့်အထိ တိုက်ရိုက်ရောက်ရှိသွားခဲ့ပြီး မြေကျင်းကြီး၏ အစွန်းဘက် ဘေးနားဆီသို့ ရောက်သွားခဲ့ချေပြီ။
သူ၏ ရှေ့မှောက်တွင်မူ သာမန်သားရဲရုပ်တုကြီးများသာ ရှိကြတော့ပေသည်။
ဒါတင်မကသေးဘဲ ကျိချောင်းယန်သည်လည်း လက်ရှိအချိန်၌ ဤမြေကျင်းကြီး၏ အစွန်းနေရာတွင် မတ်တပ်ရပ်နေခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကြား ကွာဝေးမှုမှာ မီတာဆယ်ဂဏန်းပင် မပြည့်တော့ပါချေ။
ဤနေရာသည် ပို၍ ဘေးကင်းလုံခြုံလှပေ၏။
သူသည် နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းရန် ပြင်လိုက်စဉ်မှာပင် ကျိချောင်းယန်ထံမှနေ၍ ရုတ်တရက် "သတိထားဦး" ဟူသော အော်ဟစ်သံ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ချေပြီ။
တကယ့်ကို ပြင်းထန်လှသော အန္တရာယ် အာရုံခံစားမှုကြီးတစ်ခုမှာ ရွှီရှင်း၏ နှလုံးသားအတွင်းဆီသို့ တစ်ခဏချင်းအတွင်း ရိုက်ခတ်သွားခဲ့သဖြင့် သူသည် ကိုယ်ကို လှည့်ကြည့်ခြင်းမျိုး လုံးဝ မပြုလုပ်ဘဲ မိမိ၏ လှံရှည်ကြီးကို ချက်ချင်း ဆွဲထုတ်လိုက်ကာ နောက်ကွယ်က အန္တရာယ် ရှိရာအရပ်ဆီသို့ အရှိန်ဖြင့် ပြင်းထန်စွာ လွှဲယမ်းပစ်လိုက်တော့သည်။
"ဖုန်း"
သူသည် တစ်ခုခုကို ပြင်းထန်စွာ ရိုက်မိသွားသည့် ခံစားချက်မျိုးကို ချက်ချင်း အာရုံခံမိလိုက်ပေသည်။
ခရမ်းရောင်အဆင့်ရှိသော သံမဏိလှံရှည်ကြီး၏ ဓားသွားမှာ အလွန်ပင် ထက်လွန်းလှသဖြင့် သူ၏ အနောက်မှနေ၍ လာရောက်တိုက်ခိုက်ရန် ပြင်နေသော ထိုဗီဇပြောင်းဝက်ဝံကြီး၏ ကျောက်သားခေါင်းကြီးကို တစ်ခါတည်း အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့ချေပြီ။
လှံရှည်ကြီး၏ ကိုယ်ထည်မှတစ်ဆင့် တိုးညှင်းလှသော သက်စောင့်ခွန်အား အချို့သည်လည်း သူ၏ ခန္ဓာကိုယ်အတွင်းဆီသို့ စိမ့်ဝင်လာခဲ့ပေသည်။
သို့သော်လည်း ဤသက်စောင့်ခွန်အားမှာ အလွန်ပင် အားနည်းလှပေသည်။
သူ၏ ဘေးနားတွင်မူ သွေးနီရောင် မျက်လုံးအစုံရှိသော ကျောက်သားတောကြောင်တစ်ကောင်သည် ၎င်း၏ ကျောက်သားခြေသည်းကြီးများကို ဖြန့်လျက် သူ့ထံသို့ အရှိန်ဖြင့် တိုးဝင်လာခဲ့ပြန်၏။
ရွှီရှင်းသည် လှံရှည်ကြီးကို နောက်တစ်ကြိမ် ထပ်မံ၍ လွှဲယမ်းလိုက်ရာ စူးရှလှသောအသံနှင့်အတူ ထိုတောကြောင်ရုပ်တုကြီးအား တစ်ခါတည်းပင် နှစ်ပိုင်းပြတ်တောက်သွားစေခဲ့ချေပြီ။
ပိုမိုများပြားလှသော သာမန်သားရဲရုပ်တုကြီးများသည်လည်း ၎င်းတို့ရှိရာဆီသို့ အဆက်မပြတ် ပိတ်ဆို့လာနေခဲ့ကြပြီ ဖြစ်၏။
"ရှူး"
သာမန် မြှားတစ်စင်းသည် သူ့အား လာရောက်တိုက်ခိုက်ရန် ပြင်နေသော ကျောက်သားဝံပုလွေတစ်ကောင်၏ ညာဘက်မျက်လုံးအတွင်းသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားခဲ့ပြီး ၎င်းနောက်တွင်မူ ပိုမိုတိကျလှသော မြှားနှစ်စင်းသည်လည်း အခြားသော ကျောက်သားသတ္တဝါနှစ်ကောင်၏ မျက်လုံးများအတွင်းသို့ ဆက်တိုက် ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားခဲ့ပြန်၏။
"မြန်မြန် အပေါ်ကို တက်ခဲ့ဦး အပြင်ဘက် အဝိုင်းက သာမန်သားရဲရုပ်တုကြီးတွေ အားလုံးက အသက်ဝင်ပြီး လှုပ်ရှားလာကြပြီ"
ကျိချောင်းယန်သည် ကိုင်ဆောင်ထားသော ဒူးလေးနှစ်ခုကို အမြန်ဆုံး သိမ်းလိုက်ပြီး အခြားသော ဒူးလေးတစ်ခုကို ထပ်မံဆွဲထုတ်ကာ မောင်းတံကို ချက်ချင်းပင် ဆက်တိုက် ဆွဲညှစ်လိုက်တော့သည်။
သူသည် အတွင်းပိုင်းက ပိုမိုကြီးမားလှသော ရုပ်တုကြီးများကို သွားရောက်နှိုးဆော်မိမည်ကို စိုးရိမ်သဖြင့် ပေါက်ကွဲအားပြင်းမြှားများကို အသုံးပြုရန် လုံးဝ မဝံ့ရဲပေ။
ရွှီရှင်းသည် မိမိ၏ ဘေးပတ်ဝန်းကျင်ဆီသို့ လှံရှည်ကြီးကို အသုံးပြုလျက် နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ ဝှေ့ယမ်းပစ်လိုက်တော့သည်။
ကျောက်သားသတ္တဝါ သုံးကောင်ကို အပိုင်းပိုင်း ပြတ်တောက်သွားစေခဲ့ပြီးနောက် သူသည် အပေါ်သို့ ပြင်းထန်စွာ ခုန်လိုက်ရာ မီတာသုံးဆယ်ခန့်အမြင့်အထိ တိုက်ရိုက်ခုန်တက်သွားခဲ့ချေပြီ။
သူသည် လေထုထဲမှနေ၍ အောက်ခြေက မြင်ကွင်းကို ငုံ့ကြည့်လိုက်သည့်အခါ မျှော်လင့်ထားသည့်အတိုင်းပင် အပြင်ဘက်ဆုံး အဝိုင်းက သာမန်သားရဲရုပ်တုကြီး အားလုံးမှာ အသက်ဝင်လျက် လှုပ်ရှားနေခဲ့ကြပြီး သူ မူလက ရှိနေခဲ့သော တည်နေရာဆီသို့ စုပြုံလျက် ဦးတည်ပြေးလွှားနေကြသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရပေသည်။
ဒါတင်မကသေးဘဲ အတွင်းပိုင်းက ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများသည် လှုပ်ရှားခြင်းမရှိကြသေးသည်မှာ မှန်သော်လည်း ၎င်းတို့အားလုံးမှာမူ တစ်ပြိုင်နက်တည်း အမူအရာ ပြောင်းလဲလျက် ရွှီရှင်းရှိရာ အရပ်ဆီသို့ အတူတူ လှည့်ကာကြည့်ရှုနေကြခြင်း ဖြစ်ပေသည်။
ဤဧရာမမြေကျင်းကြီးတစ်ခုလုံးအတွင်းက ရုပ်တုကြီး အားလုံးသည် သွေးနီရောင် တောက်ပနေသော မျက်လုံးအစုံဖြင့် ရွှီရှင်းနှင့် ကျိချောင်းယန်တို့ ရှိနေကြသော အရပ်ဆီသို့ စုပြုံလျက် စိုက်ကြည့်နေကြခြင်း ဖြစ်၏။
အလွန်ပင် ကြောက်လှန့်ဖွယ်ကောင်းလှပေသည်။
"ဖုန်း။"
ရွှီရှင်းသည် မြေကျင်းကြီး၏ အပြင်ဘက် မြေပြင်ပေါ်သို့ ပေါ့ပါးစွာဖြင့် ပြန်လည်ရောက်သွားခဲ့ချေပြီ။
သူ မြေပြင်ပေါ်သို့ ခြေချလိုက်သည့် ခဏ၌ပင် သူ့ထံသို့ ရူးသွပ်မတတ် စုပြုံပြေးလွှားလာနေခဲ့ကြသော ထိုသာမန်သားရဲရုပ်တုကြီး အားလုံးမှာ ဖြည်းဖြည်းချင်း လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ကြရပေသည်။
၎င်းနောက်တွင်မူ ၎င်းတို့၏ ဇဝေဇဝါဖြစ်နေသော အကြည့်များအောက်၌ ဤသာမန်သားရဲရုပ်တုကြီးများသည် မိမိတို့၏ ကိုယ်ကို တိတ်ဆိတ်စွာ ပြန်လည်လှည့်လိုက်ကြပြီး မူလရှိနေခဲ့သော တည်နေရာများဆီသို့ ဖြည်းဖြည်းချင်း ပြန်လည်လျှောက်လှမ်းသွားခဲ့ကြတော့၏။
ကျိချောင်းယန်၏ မြှားချက်များ ထိမှန်ခြင်းကို ခံထားရသော ကျောက်ဆစ်ရုပ်တုကြီးများသည်လည်း ကြီးကြီးမားမား သက်ရောက်မှု ရှိပုံမပေါ်ဘဲ မိမိတို့၏ မျက်လုံးများအတွင်း၌ ထိုမြှားတံကြီးများ စိုက်နေခဲ့သည့်တိုင်အောင် အခြားသော ရုပ်တုကြီးများ၏ နောက်ကွယ်မှနေ၍ မူလနေရာများဆီသို့ တိတ်ဆိတ်စွာဖြင့် ပြန်လည်ဝင်ရောက်နေရာယူကြပေသည်။
သို့သော်လည်း ရွှီရှင်း၏ လှံချက်ကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရရှာသော ရုပ်တုကြီးများမှာမူ မူလနေရာများဆီသို့ ပြန်သွားနိုင်ခြင်းမျိုး လုံးဝ မရှိတော့ပါပေ။
၎င်းတို့၏ ပျက်စီးသွားခဲ့ရသော ခန္ဓာကိုယ် အစိတ်အပိုင်းများထံမှနေ၍ တဖျတ်ဖျတ်နှင့် အက်ကွဲသံအချို့ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပြန့်နှံ့သွားခဲ့၏။
နောက်ဆုံး၌ လုံးဝ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ပြီး မြေပြင်ပေါ်၌ ကျောက်မှုန့်ပုံကြီးများအဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့ကြရတော့သည်။
၎င်းတို့အား လှည့်ပတ်စိုက်ကြည့်နေခဲ့ကြသော အခြားသော ကျောက်ဆစ်ရုပ်တုကြီးများသည်လည်း မိမိတို့၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြပြီး ရှေ့မျက်နှာစာဆီသို့ ပြန်လည်လှည့်သွားခဲ့ကြချေပြီ။
နောက်ဆုံး၌ ၎င်းတို့၏ စောင့်ကြည့်မှုအောက်တွင် ရုပ်တုကြီး အားလုံးမှာ မူလနေရာများဆီသို့ အသီးသီး ပြန်လည်ရောက်ရှိသွားခဲ့ကြပြီး အောက်ခြေ၌ ဖြည်းဖြည်းချင်း ပြန်လည်၍ ခွေဝပ်အိပ်စက်လိုက်ကြတော့သည်။
ထိုဧရာမရှူးပျံရုပ်တုကြီးနှစ်ခုပင်လျှင် မိမိတို့၏ ဧရာမခေါင်းကြီးများကို အောက်သို့ ပြန်လည်ငုံ့ချလိုက်ကြပေသည်။
မြင်ကွင်းတစ်ခုလုံးသည် မူလပုံစံအတိုင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ။
မြေပြင်ပေါ်၌ ကျန်ရှိနေခဲ့သော ကျောက်မှုန့်ပုံအချို့နှင့် မျက်လုံးများအတွင်း မြှားတံများ စိုက်နေခဲ့ကြသော ရုပ်တုအချို့မှလွဲ၍ ကျန်ရှိသောအရာအားလုံးမှာ မည်သည့်ပြောင်းလဲမှုမျှ ရှိမသွားခဲ့သည့်အလား ဖြစ်ပေသည်။
"...ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ"
ရွှီရှင်းက တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"မင်း တယ်လီပို့စနစ်ကြီးကို အသက်သွင်းပြီး စနစ်ရဲ့ ဆန်းကြယ်တဲ့ အသံကြီး ဆုံးသွားတဲ့ ခဏမှာပဲ သူတို့တွေက ချက်ချင်း အသက်ဝင်ပြီး လှုပ်ရှားလာခဲ့ကြတာ။"
ကျိချောင်းယန်က မျက်နှာတွင် လေးနက်တည်ကြည်လှသော အမူအရာဖြင့် "ကံကောင်းထောက်မစွာနဲ့ အပြင်ဘက်က သာမန်ရုပ်တုတွေပဲ လာပြီး တိုက်ခိုက်ခဲ့လို့ မဟုတ်ရင်တော့ မင်း အပြင်ကို ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ဖို့ဆိုတာ လုံးဝ မလွယ်ကူပါဘူး" ဟု ဆိုလိုက်ပေသည်။
"ဒါပေမဲ့ ငါ အပြင်ကို ရောက်သွားတာနဲ့ သူတို့တွေရဲ့ လှုပ်ရှားမှုတွေ ချက်ချင်း ရပ်တန့်သွားခဲ့ပြန်တာပဲ။"
ရွှီရှင်းက ခေတ္တမျှ အတွေးနက်သွားခဲ့ပြီးမှ "သူတို့တွေက ငါ့ကို တယ်လီပို့စနစ်ကြီး အသုံးမပြုနိုင်အောင် လာပြီး တားဆီးပိတ်ဆို့နေခဲ့ကြတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား" ဟု ဆိုလိုက်၏။
"အဲ့တာကလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ အကယ်လို့ ဒီအတိုင်းသာဆိုရင်တော့..."
ကျိချောင်းယန်သည် အလယ်ဗဟိုက ဧရာမရှူးပျံရုပ်တုကြီးနှစ်ခုကို လှမ်းကြည့်လိုက်ရင်း "အဲ့တာက အမှန်တကယ်ဆိုရင်တော့၊ ငါတို့ ကျောက်ဆစ်ရုပ်တုကြီးတွေ အားလုံးကို ဖျက်ဆီးပစ်ဖို့ လိုအပ်လိမ့်မယ်၊ မင်း သူတို့ကို ဖြတ်တောက်လိုက်သလိုမျိုးပေါ့။ ငါတို့ သေချာပေါက် တယ်လီပို့စနစ်ကြီးကို ငါတို့ရဲ့ လက်ထဲမှာပဲ အပြည့်အဝ ထိန်းချုပ်ထားနိုင်မှ ဖြစ်လိမ့်မယ်" ဟု ဆို၏။
ကျောက်ဆစ်ရုပ်တုကြီးတွေ အားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ရမယ် ဟုတ်လား။
သို့သော်လည်း လွန်ခဲ့သည့် ခဏတုန်းက အတွင်းပိုင်းက ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများသည် သေချာပေါက် လှုပ်ရှားမှုအချို့ ပြသခဲ့ကြသည်မှာ မှန်သော်လည်း သူ့အား လာရောက်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ကြဘဲ အပြင်ဘက်ဆုံး အဝိုင်းက ကောင်များသာ လာရောက်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပေသည်။
အဝေးကြီးမှာ ရှိနေခဲ့ကြသော ကျောက်ဆစ်ရုပ်တုကြီးများပင်လျှင် မြေကျင်းကြီးကို ဖြတ်သန်းလျက် သူ့အား လာရောက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်၏။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့်မူ အနီးဆုံးတွင် ရှိနေခဲ့ကြသော အတွင်းပိုင်းက ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများမှာမူ မည်သည့်လှုပ်ရှားမှုမျှ ရှိမနေခဲ့ကြပါပေ။
ဖြစ်နိုင်တာကတော့ ဤကျောက်ဆစ်ရုပ်တုကြီးတွေကို တစ်ဆင့်ချင်းစီအလိုက် ရင်ဆိုင်ဖြေရှင်းရမှာလား မသိပါချေ။
အပြင်ဘက်ဆုံး အဝိုင်းက ရုပ်တုတွေကို ဖြေရှင်းပြီးမှသာ အတွင်းပိုင်းက ရုပ်တုတွေက ထပ်မံ၍ အသက်ဝင်လာမည့် သဘောမျိုးလား။
သို့မဟုတ် တစ်စုံတစ်ဦးက ဤကျောက်ဆစ်ရုပ်တုကြီးများကို နောက်ကွယ်ကနေ ထိန်းချုပ်နေခြင်းဖြစ်ပြီး အပြင်ဘက်ဆုံးက ကောင်တွေကိုပဲ လာရောက်တိုက်ခိုက်ခွင့် ပြုလိုက်တာများလား။
ဤကျောက်ဆစ်ရုပ်တုကြီးများ၏ သဘာဝ အခြေခံအချက်အလက်များနှင့် ရတနာသေတ္တာ သားရဲကြီး၏ ဝမ်းဗိုက်အတွင်းမှ ရရှိခဲ့သော ပစ္စည်းများ တင်မကသေးဘဲ ရှောင်ဟုန်၏ ကျောက်ဆစ်ရုပ်တု ကိစ္စရပ်များကိုပါ ပြန်လည်တွက်ချက်ကြည့်လိုက်သည့်အခါ ရွှီရှင်း၏ စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွားခဲ့ရပေသည်။
သူသည် လုံရင် က ကျောက်နံရံကြီးကို ထိန်းချုပ်ရန် အသုံးပြုခဲ့ဖူးသော နည်းလမ်းများကို ချက်ချင်းပင် ပြန်လည်အမှတ်ရသွားခဲ့မိပေသည်။
လုံရင်...
ဒီကိစ္စက မင်း ကြိုးကိုင်လိုက်တာ ဟုတ်ရဲ့လား။
မင်းက ဤကျောက်ဆစ်ရုပ်တုကြီးတွေကို နောက်ကွယ်ကနေ ထိန်းချုပ်နေတာလား။
အဲ့တာကြောင့်သာ ရှူးပျံကြီးနဲ့ ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးတွေကို တိုက်ခိုက်ခွင့် မပြုခဲ့ဘဲ သူ့ကို အလယ်ဗဟိုနယ်ပယ်မှနေ၍ ဘေးကင်းကင်းဖြင့် ထွက်ခွာခွင့် ပြုလိုက်ခြင်းလား မသိပါချေ။
သေချာတာက ဤသည်မှာ သူ၏ ကိုယ်ပိုင်မှန်းဆချက်မျှသာ ဖြစ်ပေသည်။
၎င်းတို့နှစ်ဦးစလုံးသည် မြေကျင်းကြီးအတွင်းက ကျောက်ဆစ်ရုပ်တုကြီးများကို သေချာစွာ စိုက်ကြည့်နေမိကြပြီး စိတ်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ကြပေသည်။
သို့သော်လည်း လရောင်အောက်က ဤမြေကျင်းကြီးသည် လက်ရှိအချိန်၌ တကယ့်ကို အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီဖြစ်ရာ မည်သည့်ဘေးအန္တရာယ်မျိုးမျှ ရှိမနေတော့ပါပေ။
ထိုခဏ၌ သူ၏ လက်ပတ်နာရီမှာ အနည်းငယ် တုန်ခါလာခဲ့ပြီး ၎င်းမှာ လီဝမ်ရှီးထံမှ ပေးပို့လာသော သတင်းစကား ဖြစ်ပေသည်။
"နင် ခုနက အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်လွန်းတယ်။နင့်ရဲ့ နာမည်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နောက်တစ်ကြိမ် ထပ်ပြီး ထုတ်ပြန်ကြေညာခြင်း ခံလိုက်ရပြန်ပြီ။ အခု ဝမ်လေ့လည်း တောင်ပေါ်ကို အောင်မြင်အောင် တက်နိုင်ခဲ့ပြီဖြစ်လို့ အဲ့ဖက်က လူသုံးယောက်က နင် ဒီဖက်မှာ တယ်လီပို့စနစ်ကြီးကို ဘယ်လိုနည်းနဲ့ အသက်သွင်းခဲ့လဲဆိုတာကို သေသေချာချာ လေ့လာချင်နေကြတယ်။ နင် အခု အားရဲ့လားဟင်။ ဘယ်အချိန်လောက်မှ သစ်ပင်အိမ်ကို ပြန်လာဖြစ်မလဲ..."
သူမသည် ဤဖက်က လက်တွေ့မြေပြင် အခြေအနေများကို အသေအချာ မသိလှသဖြင့် ရွှီရှင်းအား ဖုန်းခေါ်ဆိုမှု သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများဖြင့် လာရောက်နှောင့်ယှက်မိမည်ကို စိုးရိမ်သောကြောင့် ဤကဲ့သို့သော စာသားတိုလေးတစ်ခုကိုသာ သီးသန့်ပေးပို့လာခဲ့ခြင်း ဖြစ်ပေသည်။
ကျိချောင်းယန်သည်လည်း ဝမ်လေ့ တောင်ပေါ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ အကူအညီများကို လိုအပ်နေကြောင်း သိရှိသွားခဲ့ရချေပြီ။
သူသည် ရွှီရှင်းထံသို့ ကိုယ်ကိုလှည့်လိုက်ရင်း "ဒီနယ်မြေကတော့ လောလောဆယ် တည်ငြိမ်သွားပြီဖြစ်လို့၊ ငါတို့ အရင်ဆုံး အောက်ကို ပြန်ဆင်းကြရအောင်။ အဲ့ဖက်က တယ်လီပို့စနစ်ကြီးကို အသက်သွင်းဖို့ သွားပြီး ကူညီပေးရင်းနဲ့ ငါတို့ဖက်က အခြေအနေတွေနဲ့ ဘာတွေကွာခြားချက် ရှိနေမလဲဆိုတာကို သေသေချာချာ နှိုင်းယှဉ်စစ်ဆေးပြီး အစီအစဉ်သစ်တွေ ထပ်မံချကြတာပေါ့" ဟု ဆိုလိုက်ပေသည်။
ဤကျောက်ဆစ်ရုပ်တုကြီးများ၏ ဖြစ်စဉ်သည် မိမိတို့ဖက်တွင်သာ သီးသန့်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ရမည်ဖြစ်ရာ ဆိုလိုသည်မှာ ထိုဖက်က တယ်လီပို့စနစ်ကြီးကို အသက်သွင်းရခြင်းမှာ များစွာ ပိုမို၍ ရိုးရှင်းလွယ်ကူနိုင်ပေသည်။
"ကောင်းပါပြီ။"
ရွှီရှင်းသည် မြေပြင်အောက်ခြေက တူးဆွထားသော ထိုသံတံခါးကြီးရှိရာ အရပ်ဆီသို့ မျက်စိမှိတ်လျက် လှမ်း၍ တစ်ချက်ကြည့်လိုက်မိပြီးနောက် ခေါင်းညိတ်ပြကာ "ငါတို့ အရင်ဆုံး ငါ့ရဲ့ သစ်ပင်အိမ်ဆီကိုပဲ အမြန်ဆုံး ပြန်ကြရအောင်၊ ဝမ်ရှီးနဲ့ အခြားသူတွေလည်း စိုးရိမ်တကြီးနဲ့ စောင့်ဆိုင်းနေကြတာ တော်တော်လေး ကြာနေပြီ" ဟု ဆိုလိုက်ပေသည်။
၎င်းတို့နှစ်ဦးစလုံးသည် မိမိတို့၏ ဆီးနှင်းလျှောစီးဘုတ်များကို အသုံးပြုလျက် သစ်ပင်အိမ်ရှိရာ အရပ်ဆီသို့ အရှိန်ဖြင့် လျှောစီးထွက်ခွာခဲ့ကြတော့သည်။
သူသည် ဆီးနှင်းလျှောစီးဘုတ်ပေါ်၌ ရှိနေစဉ်အတွင်းမှာပင် မိမိ၏ အာကာသလက်စွပ်ကို လက်ဖြင့် အသာအယာ လှည့်ပတ်ကြည့်ရှုနေမိပေသည်။
သူသည် လက်ရှိအချိန်၌ လုဖေးအာ၏ အခြေအနေမှာ ဘယ်လိုရှိနေပြီလဲဆိုသည် နှင့် ရှောင်ဟုန်တစ်ယောက် ပြန်လည်နိုးထလာခဲ့ပြီလားဆိုသည်ကိုတော့ စိတ်ထဲကနေ အလွန်ပင် သိချင်နေမိပါတော့၏။
အခန်း ၅၀၅ ပြီး။