← Chapters

အခန်း ၅၀၆

Vol. 34 Ch. 506

အခန်း ၅၀၆

Vol. 34 Ch. 506

အခန်း (၅၀၆) - ရှင်ကျန်သူများ စုရုံးရောက်ရှိလာခြင်း

နယ်မြေချန်နယ်အတွင်း၌မူ နယ်မြေ ၁၈၈ က ရှင်ကျန်သူများသည် ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီးနှင့် အလွန်နီးကပ်လွန်းလှသဖြင့် အစပိုင်းတွင် အနည်းငယ် ထိတ်လန့်စိုးရိမ်နေခဲ့ကြသည်မှာ အမှန်ပင် ဖြစ်၏။

သို့သော်လည်း ဆန်းကြယ်လှသော ထိုအသံကြီးက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သတင်းစကားကို ထုတ်ပြန်ကြေညာပေးလိုက်ပြီးနောက်ပိုင်းတွင်မူ ရှင်ကျန်သူအားလုံး ချက်ချင်းပင် စိတ်အေးသက်သာ ဖြစ်သွားခဲ့ကြရတော့သည်။

၎င်းထုတ်ပြန်ကြေညာချက်အတွင်း၌ ဤအလင်းတိုင်ကြီးအကြောင်းကို တိုက်ရိုက်ထည့်သွင်းဖော်ပြခြင်းမျိုး မရှိပါသော်လည်း ၎င်းတို့သည် ဤကိစ္စ၏ အနောက်ကွယ်က အကြောင်းအရင်းအားလုံးကို ချက်ချင်းပင် အလွယ်တကူ မှန်းဆမိသွားခဲ့ကြပြီး ထိုအလင်းတိုင်ကြီးအား ဘေးအန္တရာယ်တစ်ခုဟု မခံစားရတော့ဘဲ တကယ့်ကို ကြီးမားလှသော ဘေးကင်းလုံခြုံမှု ကိုသာ ပြိုင်တူ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

"ဒါက သေချာပေါက် ဆရာကြီးတို့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"

"ဆီးနှင်းတောင် တယ်လီပို့စနစ် ဟုတ်လား။ တကယ်ကြီး တယ်လီပို့လုပ်နိုင်တာလားဗျာ"

"တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထပ်ပြီး ကြေညာပြန်ပြီ။ ဒါက တကယ့်ကို အစွမ်းထက်လွန်းတယ်"

"အစ်ကိုကြီးရွှီကတော့ တကယ့်ကို အံ့မခန်းပါပဲဗျာ။ သူ ဘာပစ္စည်းကို အသက်သွင်းလိုက်တာလဲမသိဘူး၊ ကြည့်ရတာ တကယ့်ကို ခမ်းနားထည်ဝါလွန်းလှတယ်"

"အားလုံးပဲ ငြိမ်ငြိမ်လေး ထိုင်နေကြစို့။ ဒါက ဆရာကြီးတို့အတွက်တော့ ပုံမှန်ပဲနေမှာ"

"ဒါက အခြေခံ လှုပ်ရှားမှုအဆင့်ပဲရှိသေးတာမို့ ဆူညံမနေကြပါနဲ့ဦး"

"ငါတော့ ဒီအခြေအနေတွေကို တဖြည်းဖြည်းနဲ့ ကျင့်သားရနေပြီ ထင်တယ်။ ဘယ်လောက်ပဲ အံ့ဩမှင်သက်စရာကောင်းတဲ့ ကိစ္စကြီးပဲဖြစ်ဖြစ် ရွှီရှင်းဆိုတဲ့ နာမည်သာ ပါလာခဲ့မယ်ဆိုရင်တော့ ချက်ချင်းပဲ အားလုံးအတွက် ပုံမှန်ကိစ္စတစ်ခုလို ဖြစ်သွားရတာပဲ"

"အခြားနယ်မြေက လူတွေလည်း စူးစမ်းရှာဖွေသူ ဆရာကြီးတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို တဖြည်းဖြည်းနဲ့ ကျင့်သားရနေလောက်ကြပြီ ဖြစ်ရမယ်"

"ငါ စောစောကတည်းက ပြောသားပဲ၊ ဆီးနှင်းတောင်ကြီးရဲ့ ကိစ္စက သေချာပေါက် ဆရာကြီးတို့နဲ့ ဆက်စပ်မှု ရှိနေရမယ်လို့လေ၊ စိုးရိမ်မနေပါနဲ့ဆိုတာကို။ နင်တို့တွေ စောစောက ဘယ်လောက်တောင် စိုးရိမ်ပူပန်နေခဲ့ကြလဲ ကြည့်လိုက်ဦး"

"ဘာပဲဖြစ်ဖြစ်... အခု ဆီးနှင်းတွေ ထပ်ပြီး ကျမလာတော့ဘူးဗျို့။ နောက်ဆုံးတော့ ငါတို့ သစ်ပင်အိမ်တွေ ဆီးနှင်းအောက်မှာ နစ်မြုပ်သွားမယ့် ဘေးဒဏ်ကို စိုးရိမ်နေဖို့ မလိုတော့ဘူး။ တကယ်ကို သက်တောင့်သက်သာ ရှိတယ်"

"ငါတို့ ဘေးကင်းလုံခြုံရေးနယ်ပယ်ကို ဖြတ်သန်းပြီးတော့လည်း စိတ်ကြိုက် လွတ်လွတ်လပ်လပ် စူးစမ်းရှာဖွေနိုင်ပြီ၊ တကယ့်ကို မိုက်တယ်"

"ဒီလောက်အထိ အေးစက်လှတဲ့ ကမ္ဘာကြီးထဲမှာ၊ မင်း ဘေးကင်းလုံခြုံရေးနယ်ပယ်ကို ဖြတ်သန်းသွားနိုင်ရင်ကော ဘာထူးခြားမှာမလို့လဲ..."

"အနည်းဆုံးတော့ အခြားသူတွေကို ကြွားလုံးထုတ်လို့ ရတာပေါ့"

"အားလုံးပဲ လူစုခွဲလိုက်ကြရအောင်ဗျာ၊ အခု ဘာဘေးအန္တရာယ်မှ မရှိတော့တာအမှန်ပဲမို့ ဆရာကြီးတို့ဆီက သတင်းကိုပဲ အေးအေးဆေးဆေး စောင့်ဆိုင်းကြတာပေါ့။ ကြွားချင်တယ်ဆိုရင်တော့ ကမ္ဘာ့ချန်နယ်ထဲ သွားပြီး ကြွားကြဦး။ ငါကတော့ သွားပြီ"

"ဒီအလင်းတိုင်ကြီးက လက်ရှိအချိန်အထိ ရှိနေတုန်းပဲဗျ၊ အခု ပြန်ကြည့်လိုက်တော့လည်း တကယ့်ကို ခမ်းနားထည်ဝါလွန်းလှတယ်"

"ရွှီရှင်းက အခုတင်ပဲ အဲ့နေရာမှာ 'ဆီးနှင်းတောင် တယ်လီပို့စနစ်' ကို အသက်သွင်းလိုက်တာ ဟုတ်ရဲ့လားဗျာ"

"စနစ်ရဲ့ ပြောပြချက်အရဆိုရင် ဆီးနှင်းတောင်က ရရှိတဲ့ ဆုလာဘ်တွေကို တစ်နယ်မြေလုံး အတူတူ ခံစားခွင့်ရရှိမှာ မဟုတ်လား။ ဒါဆို ငါတို့တွေကော ဒီဆီးနှင်းတောင် တယ်လီပို့စနစ်ကြီးကို အသုံးပြုလို့ ရနိုင်မလားမသိဘူး"

"နေဦး... ခဏ စောင့်ကြဦး။ဆရာကြီးက ဒီနေရာမှာ အလင်းတိုင်ကြီးကို အသက်သွင်းလိုက်တာဆိုမှတော့... ဆိုလိုတာက အလင်းတိုင်ကြီး ရှိနေတဲ့ နေရာက စူးစမ်းရှာဖွေသူ ဆရာကြီးတွေ ရှိနေတဲ့ နေရာ မဟုတ်လား"

"...."

"ဟူး"

"တောက်...တကယ်ပဲဟ"

"ငါက အတော်နီးလွန်းတယ်။ငါ့ရဲ့ ရှေ့တည့်တည့်တင် ရှိနေသလိုမျိုး ခံစားရတယ်။ ငါ အခုချက်ချင်း ငါ့ရဲ့ သစ်ပင်အိမ်အစေ့အမြုတေကို သယ်ပြီး ဆရာကြီးတို့ဆီ သွားရောက်ခိုလှုံရမယ်"

"ဘေးကင်းလုံခြုံရေးနယ်ပယ်ကို ဖြတ်သန်းသွားတာက ဘာဘေးအန္တရာယ်မှ မရှိဘူးဆိုမှတော့။ ငါတို့တွေ အဲ့ဖက်ကို တည့်တည့်မတ်မတ် ဦးတည်သွားလို့ ရတာပေါ့... နေဦး၊ အဲ့ဖက်ကို တစ်လမ်းလုံး ဆီးနှင်းလျှောစီးပြီး သွားတာက ပိုပြီး ကောင်းမွန်လိမ့်မယ်။ ဆီးနှင်းလျှောစီးတာက လမ်းလျှောက်တာထက်စာရင် အများကြီး မြန်ဆန်ပြီး အားစိုက်ထုတ်ရတာလည်း သက်သာစေတယ်"

"ဘုရားရေ ဒါတင်မကသေးဘူး... အခု အပူချိန်ကလည်း မြင့်လာပြီ၊ဆီးနှင်းအသုံးအဆောင် ဝတ်စုံသာ ရှိမယ်ဆိုရင် အပြင်ဘက်မှာ စိတ်ကြိုက် လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီ။ ကောင်းကင်ကြီးက ပေးသနားလိုက်တဲ့ အခွင့်အရေးကောင်းကြီးပဲဟေ့။ ငါ အခုပဲ သွားပြီး ပြင်ဆင်လိုက်ဦးမယ်"

"အားလုံးပဲ စိတ်အေးအေးထားကြပါဦး ညီအစ်ကိုတို့ရာ၊ လောဘမကြီးကြပါနဲ့ဦး။ ပတ်ပတ်လည်မှာ တောင်ကုန်းတောင်တန်းတွေ ရှိနေတာမို့ ကြည့်ရတာ နီးနီးလေးလို ထင်ရပေမဲ့ လက်တွေ့မှာ အဝေးကြီး ဖြစ်နေနိုင်သလို လမ်းခရီးမှာ ဘာတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"

"ငါ စောစောက တောင်ကြီး အောက်ကို နစ်သွားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို အသေအချာ မြင်တွေ့လိုက်ရတာ အဲ့တောင်ကြီးက မူလကတည်းက ငါ့ရဲ့ သစ်ပင်အိမ်နဲ့ လုံးဝ မဝေးပါဘူး၊ လုံးဝ မမှားနိုင်ဘူး၊ သေချာပေါက် ကီလိုမီတာ ရာဂဏန်းအတွင်းမှာတင် ရှိနေတာ။ ငါကိုယ်တိုင် သွားချင်တယ်။ငါ ဆရာကြီးတို့ဆီကို သွားရောက်ပွေ့ဖက်ချင်လှပြီ အားးး"

"တကယ်ကို အားကျမိပါတယ်၊ ငါ့ရဲ့ တည်နေရာကတော့ အဝေးကြီးမှာ ရှိနေသလို ခံစားရတယ်... ငါက ဆရာကြီးတို့နဲ့ ဒီလောက်အထိ ဝေးကွာနေရတာလား၊ မျက်ရည်တောင် လည်မိတယ်..."

ဤကဲ့သို့သော ဆွေးနွေးပြောဆိုသံများကို မြင်တွေ့လိုက်ရသောအခါ ပြန်လည်ထွက်ခွာလာနေကြသော ရွှီရှင်းနှင့် ကျိချောင်းယန်တို့သည်လည်း မထိန်းနိုင်ဘဲ ပြိုင်တူ ရယ်မောလိုက်ကြမိပေသည်။

"ငါတို့ရဲ့ အဖွဲ့ကြီးက နောက်ဆုံးတော့ လမ်းကြောင်းမှန်ပေါ်စနစ်တကျ ပြန်ရောက်ရှိနိုင်တော့မှာပဲ။"

ကျိချောင်းယန်က ပြုံးလျက် ဆိုလိုက်ပေသည်။

"ငါတို့ အရင်က ကြိုတင်ပြင်ဆင်တွက်ချက်ခဲ့သမျှ ကိစ္စတွေ အားလုံးက လုံးဝ အလဟဿ မဖြစ်ခဲ့ပါဘူး။"

ရွှီရှင်းကလည်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဆန်းကြယ်လှသော ထိုအသံကြီးက အဖွဲ့လိုက် ဆုလာဘ်များကို ထုတ်ပြန်ကြေညာပေးလိုက်ပြီးနောက်ပိုင်း ၎င်းတို့၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသော အတွေးအမြင်များသည် နယ်မြေ ၁၈၈ အတွင်းက ရှင်ကျန်သူများ တွက်ချက်မိကြသည်များနှင့် လုံးဝ တစ်ထေရာတည်း တူညီနေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း ထိုအချိန်တုန်းကမူ ကျောက်ဆစ်ရုပ်တုကြီးများ ရုတ်တရက် အသက်ဝင်ပြီး လှုပ်ရှားလာခဲ့ကြသဖြင့် ၎င်းတို့အနေဖြင့် ဤကိစ္စကို သေသေချာချာ တွက်ချက်ရန်အတွက် အချိန်မရရှိခဲ့ကြခြင်း ဖြစ်၏။

ယခုအခါတွင်မူ ၎င်းတို့ ရှိနေသော တည်နေရာမှာ အခြေခံအားဖြင့် လူတိုင်း၏ ရှေ့မှောက်၌ အပြည့်အဝ ပေါက်ကြားသွားခဲ့ပြီ ဖြစ်ပေသည်။

ဤအလင်းတိုင်ကြီးသည် ကောင်းကင်ယံထက်သို့ ထိုးတက်နေခြင်းဖြစ်ရာ ဘယ်လောက် ဝေးကွာသော အရပ်မျက်နှာမှမဆို ရှင်ကျန်သူများအနေဖြင့် ၎င်းကို ရှင်းလင်းစွာ လှမ်း၍ မြင်တွေ့နိုင်ခြင်း ဖြစ်ပေသည်။

မည်သူမဆို ထိုအလင်းတိုင်ကြီး ရှိရာအရပ်ဆီသို့သာ ဦးတည်လျှောက်လှမ်းလာခဲ့ကြမည်ဆိုပါက ၎င်းတို့ ရှိနေသော တည်နေရာဆီသို့ အလွယ်တကူပင် ရောက်ရှိလာနိုင်ကြတော့မည် ဖြစ်၏။

ဒါတင်မကသေးဘဲ အခြားသော အရေးကြီးလှသည့် အချက်တစ်ခုလည်း ရှိနေသေးပေသည်။

ယခုအခါတွင်မူ နယ်မြေ ၁၈၈ ၏ နယ်ပယ်တစ်ခုလုံးသည် တကယ့် ကြီးမားကျယ်ပြန့်လှသော ဧရာမ ကာကွယ်ရေး အကာရံနယ်ပယ်ကြီးတစ်ခုနှင့် အလားသဏ္ဌာန် တူလှပေသည်။

ထို့ပြင် ဆန်းကြယ်လှသောအသံကြီး၏ ပြောကြားချက်အရဆိုလျှင်မူ နယ်မြေ ၁၈၈ ၏ နယ်မြေအတိုင်းအတာအတွင်း၌ ရှိနေကြသော ရှင်ကျန်သူများအားလုံး သည် ဘေးကင်းလုံခြုံရေးနယ်ပယ်၏ အပြင်ဘက်သို့ ခြေဆန့်လှုပ်ရှားနိုင်ကြမည်ဟူ၍ ဖြစ်ပြီး နယ်မြေ ၁၈၈ က ရှင်ကျန်သူများသာဟူ၍ သီးသန့်ကန့်သတ်ထားခြင်းမျိုး မဟုတ်ပါပေ။

ဤအချက်အရဆိုလျှင်မူ နယ်မြေ ၁၈၈ က ရှင်ကျန်သူများသာမကဘဲ ဤနယ်ပယ်အတိုင်းအတာအတွင်း၌ ရှိနေကြသော မည်သူမဆို ဘေးကင်းလုံခြုံရေးနယ်ပယ်၏ အပြင်ဘက်သို့ စိတ်ကြိုက် ခြေဆန့်လှုပ်ရှားနိုင်ကြမည်ဖြစ်ပြီး ၎င်းနယ်ပယ်အတွင်း၌ မည်သည့်ဘေးအန္တရာယ်မျိုးမျှ ရှိနေလိမ့်မည် မဟုတ်ပါချေ။

ဥပမာအားဖြင့်ဆိုရလျှင်မူ မိမိတို့နှင့် နယ်မြေအချင်းချင်း ထပ်တူကျနေသော နယ်မြေ ၁၈၇ ၏ အစိတ်အပိုင်းအချို့နှင့် နယ်မြေ ၁၈၉ ၏ အရှေ့တောင်ဘက် အစိတ်အပိုင်းအတွင်းက လူများသည်လည်း နယ်မြေ ၁၈၈ ၏ အရှိန်အဝါကြောင့် ဤဆုလာဘ်များကို အတူတူ ခံစားခွင့် ရရှိကြတော့မည် ဖြစ်ပေသည်။

ဤသည်မှာ ရွှီရှင်းတစ်ဦးတည်း၏ ကိုယ်ပိုင်မှန်းဆချက်မျှသာ မဟုတ်ပါချေ။

မကြာမီမှာပင် သူသည် ကမ္ဘာလုံးဆိုင်ရာ ချန်နယ်အတွင်းသို့ ဝင်ရောက်လျက် ဤအခြေအနေများကို ကိုယ်တိုင် အသေအချာ အတည်ပြုနိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။

"တောက်... ဟားဟားဟား... ငါလည်း မမျှော်လင့်ဘဲ ဆရာကြီးတို့ရဲ့ အရှိန်အဝါကြောင့် အကျိုးကျေးဇူးတွေ ခံစားခွင့် ရရှိသွားခဲ့ပြီ။ ငါက နယ်မြေ ၁၈၉ က ဖြစ်ပြီးတော့ ပတ်ပတ်လည်မှာ နယ်မြေ ၁၈၈ က လူတွေနဲ့ပဲ ဝန်းရံခြင်း ခံထားရတာ၊ အခု ငါတို့ဖက်မှာလည်း ဆီးနှင်းတွေ လုံးဝ ကျမလာတော့တဲ့အပြင် အပူချိန်ပါ သိသိသာသာ မြင့်တက်လာခဲ့ပြီ။ နယ်မြေ ၁၈၈ ကတော့ တကယ့်ကို အစွမ်းထက်လွန်းလှတယ်"

"ငါကတော့ နယ်မြေ ၁၈၇ က ဖြစ်ပြီး ငါလည်း အကျိုးကျေးဇူးတွေ ခံစားခွင့် ရရှိသွားခဲ့ပြီ။ အခု ငါ ဆီးနှင်းအသုံးအဆောင် ဝတ်စုံကို ဝတ်ဆင်ပြီးတော့ အပြင်ကို စိတ်ကြိုက် ထွက်ခွာလှုပ်ရှားလို့ ရနေပြီ။ဟီးဟီးဟီး... တကယ့်ကို အမိုက်စားပဲရှင်"

"တကယ်ကြီးလား"

"ဘုရားရေ... နယ်မြေ ၁၈၈ ရဲ့ အိမ်နီးနားချင်း နယ်မြေက လူတွေကတော့ တကယ့်ကို ကံကောင်းလွန်းတယ် မဟုတ်လား"

"ဒီဆုလာဘ်ရဲ့ သက်ရောက်မှု အရှိန်အဝါက ပတ်ဝန်းကျင်က အခြားနယ်မြေတွေအထိပါ ပျံ့နှံ့သွားနိုင်တာလား။ ငါက နယ်မြေ ၂ က ဖြစ်လို့၊ နယ်မြေ ၁ က လူတွေရေ... မြန်မြန်လုပ်ကြပါဦးဗျာ။ အခု ဒီဆီးနှင်းတွေ စုပုံနေတဲ့ အဆင့်က ငါတို့ သစ်ပင်အိမ်တွေထက်တောင် ပိုပြီး မြင့်တော့မှာလို့။ ငါတို့ကို လာပြီး ကယ်တင်ကြပါဦး"

"ဘုရားရေ စောစောကတင်ပဲ နယ်မြေ ၁၈၈ က လူတွေ ဒီနေ့ အရှိန် ကျဆင်းနေသလို ခံစားရတယ်လို့ ပြောမိကာရှိသေးတယ်၊ အခုကျတော့ ဝမ်လေ့လည်း အမှတ်စာရင်းပေါ် ရောက်သွားခဲ့ပြီ။ တယ်လီပို့စနစ်ကြီးပါ အောင်မြင်အောင် အသက်သွင်းနိုင်ခဲ့ပြီ။ ငါ တကယ်ပဲ သူတို့ကို အထင်သေးမိသွားခဲ့တာပဲ..."

"မင်းတို့တွေ နယ်မြေ ၁၈၈ က ဆရာကြီးတွေကိုတော့ ဘယ်အချိန်မဆို အမြဲတမ်း ယုံကြည်စိတ်ချလို့ ရပါတယ်"

အိမ်နီးနားချင်း နယ်မြေများပါ အတူတူ အကျိုးကျေးဇူးများ ခံစားခွင့် ရရှိသွားခဲ့ကြလေပြီ။

ဤသည်က ၎င်းတို့အတွက်မူ ဆိုးကျိုးမဟုတ်ဘဲ တကယ့် အားသာချက် အကျိုးကျေးဇူးတစ်ခုအဖြစ် သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

အထူးသဖြင့် သူကိုယ်တိုင်အတွက် ဖြစ်ပေသည်။

လုဖေးအာသည် လက်ရှိအချိန်၌ အမှတ်စာရင်းပေါ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ လူသိများလှသော နာမည်ကျော် ဆရာကြီးတစ်ဦး ဖြစ်နေခဲ့ချေပြီ။

အခန်း ၅၀၆ ပြီး။

All Chapters