အခန်း ၅၀၇
Vol. 34 Ch. 507
အခန်း (၅၀၇) - ရှင်ကျန်သူများ စုရုံးရောက်ရှိလာခြင်း ၂
ယခုအခါ မိမိတို့ထံ၌ ရှေ့ဆက်လှုပ်ရှားရန်အတွက် လမ်းပြအဖြစ် အသုံးပြုနိုင်မည့် ခရမ်းနက်ရောင် အလင်းတိုင်ကြီး ရှိနေခဲ့ပြီဖြစ်ရာ နယ်မြေ ၁၈၇ က လူတွေကိုသာ အမှန်တရားကို အသေအချာ လှမ်း၍ ပြောပြရန် လိုအပ်တော့ပေသည်။
၎င်းတို့အား တယ်လီပို့စနစ်ကြီးကို အသက်သွင်းနိုင်ရန်အတွက် လူအများအပြား လိုအပ်ကြောင်းကော အခြားသောသူများလည်း တောင်ပေါ်သို့ တက်လှမ်းရန် လိုအပ်နေကြောင်းကော ဒါတင်မကသေးဘဲ လုဖေးအာသည်လည်း ဤအလင်းတိုင်ကြီး၏ ဘေးနားတင်ပဲ ရှိနေကြောင်းကိုပါ အသေအချာ ပြောပြလိုက်ရုံပဲ ရှိတော့ပေသည်။
ဤသို့ဆိုလျှင်မူ ၎င်းတို့သည် လုဖေးအာ ရှိနေသည့် အရပ်မျက်နှာဆီသို့ သေချာပေါက် စုပြုံလျက် ဦးတည်လာကြလိမ့်မည် ဖြစ်၏။
ထို့ပြင် ကျောက်ဆောင်ချောက်ကမ်းပါးများပေါ်သို့ ရဲရဲ ဝံ့ဝံ့တက်လှမ်းရဲကြသောသူများမှာလည်း သေချာပေါက် နယ်မြေ ၁၈၇ အတွင်းက အစွမ်းထက်ဆုံး ဆရာကြီးများသာ ဖြစ်ကြပေလိမ့်မည်။
၎င်းတို့ ဒီဖက်ကို ရောက်ရှိလာခဲ့ကြမည်ဆိုပါက တစ်ခဏချင်းအတွင်းမှာတင် အကုန်လုံးကို တစ်ပြိုင်နက်တည်း အလွယ်တကူ သိမ်းပိုက်စည်းရုံးနိုင်လိမ့်မည် ဖြစ်ပေသည်။
သေချာတာက ၎င်းမတိုင်ခင် အရင်ဆုံး ထိုကျောက်ဆစ်ရုပ်တုအုပ်စုကြီး၏ ကိစ္စကို ဖြေရှင်းရဦးမည် ဖြစ်၏။
သို့သော်လည်း လောလောဆယ်တွင်မူ နယ်မြေ ၁၈၈ က ရှင်ကျန်သူများကို မိမိတို့၏ သစ်ပင်အိမ်များကို လုံးဝ အဆင်အခြင်မဲ့စွာဖြင့် တိုက်ရိုက်ခုတ်လှဲလျက် ဒီဖက်ကို ဇွတ်တရွတ် လာခိုင်းလို့တော့ မရနိုင်သေးပါပေ။
လုဖေးအာ၏ လက်တွေ့မြေပြင် အတွေ့အကြုံအရဆိုလျှင်မူ အန္တရာယ်နယ်မြေအတွင်းက မြေအောက်သတ္တဝါများ၏ တိုက်ခိုက်မှုမျိုး မရှိတော့ပါသည်ဆိုစေဦးတော့ မြေပြင်ပေါ်တွင်မူ ဆီးနှင်းဝံပုလွေများကဲ့သို့သော ဗီဇပြောင်းသတ္တဝါအုပ်စုကြီးများ ရှိနေဆဲ ဖြစ်ပေသည်။
၎င်းတို့သည် ရှင်ကျန်သူများကို သေချာပေါက် လာရောက်တိုက်ခိုက်ကြလိမ့်မည် ဖြစ်၏။
ကျိချောင်းယန်သည်လည်း ဤအချက်ကို စဉ်းစားမိသွားခဲ့သဖြင့် နယ်မြေချန်နယ်အတွင်း၌ ချက်ချင်းပင် ဝင်ရောက်၍ "ငါတို့ရဲ့ တည်နေရာက အလင်းတိုင်ကြီးရဲ့ ဘေးနားမှာ ရှိနေတာ ဟုတ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဇွတ်တရွတ်ကြီး လောပြီး မလာကြပါနဲ့ဦး။ လာချင်တဲ့ ရှင်ကျန်သူတွေအနေနဲ့ ငါတို့ဖက်ကနေ သင့်တော်တဲ့ အကူအညီတွေ အပြည့်အဝ ပံ့ပိုးပေးပြီးတဲ့ အချိန်ကျမှပဲ စတင်ပြီး လှုပ်ရှားကြပါ" ဟု အသေအချာ လှမ်း၍ သတိပေးလိုက်ပေသည်။
ရွှီရှင်းကလည်း ခေါင်းညိတ်လိုက်မိပြီး ကျိချောင်းယန်၏ စကားကို အပြည့်အဝ ထောက်ခံကြောင်း ပြသလိုက်၏။
၎င်းတို့အနေဖြင့် ဒီဖက်ကို လူကိုယ်တိုင် လာရောက်နိုင်ကြသည်မှာ မှန်သော်လည်း စူးစမ်းရှာဖွေသူများ အနေဖြင့် ၎င်းတို့အား လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို ကြိုတင်၍ ထောက်ပံ့ပေးရမည် ဖြစ်ပေသည်။
"ကောင်းပါပြီ ဆရာကြီး"
"မြန်မြန်လုပ်ပေးပါဦး ဆရာကြီးရာ၊ ကျွန်တော်တော့ တကယ်ကို ထပ်ပြီး မစောင့်နိုင်တော့ဘူး"
ထိုအချိန်တွင်မူ ၎င်းတို့နှစ်ဦးစလုံးသည် သစ်ပင်အိမ်၏ ဘေးနားဆီသို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်၏။
ပြတင်းပေါက်နားတွင်မူ လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့နှစ်ဦးစလုံးမှာ ဒီဖက်သို့ လှမ်း၍ ကြည့်ရှုနေကြခြင်းဖြစ်ပြီး လီဝမ်ရှီး၏ ရင်ခွင်အတွင်း၌မူ ခဲခဲလေးကိုပါ အတင်းအဓမ္မ ပွေ့ချီထားဆဲ ဖြစ်ပေသည်။
"ရွှီရှင်း... ကျိချောင်းယန်..."
၎င်းတို့နှစ်ဦးကို မြင်တွေ့လိုက်ရသည့် ခဏ၌ လီဝမ်ရှီးသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း လက်လှမ်းပြလိုက်ပြီး ချီရွှယ်ဖေး၏ မျက်နှာတွင်လည်း စိတ်အေးသက်သာသွားသည့် အမူအရာများ ပေါ်ထွက်လာခဲ့ချေပြီ။
ရွှီရှင်းသည် ကျိချောင်းယန်ကို ဦးဆောင်လျက် သစ်ပင်အိမ်၏ တတိယထပ်ဆီသို့ တိုက်ရိုက် တက်ခဲ့တော့သည်။
"အီး..."
ခဲခဲလေးသည် လီဝမ်ရှီး၏ ရင်ခွင်အတွင်းမှနေ၍ ရွှီရှင်း၏ ရင်ခွင်အတွင်းဆီသို့ ချက်ချင်းပင် လျင်မြန်စွာ ခုန်ကူးလိုက်တော့၏။
ခဲခဲလေး၏ ခန္ဓာကိုယ်အသေးလေးမှာ လက်ရှိအချိန်အထိ အနည်းငယ် တုန်ရီနေဆဲဖြစ်ပြီး ကြည့်ရတာ ကြောက်လန့်နေဆဲ ဖြစ်ပုံရသဖြင့် ရွှီရှင်းသည် ၎င်း၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်မိပေသည်။
"ဟင်... ဖေးအာကော။ ဖေးအာက ဘာလို့ ဒီနေရာမှာ ရှိမနေရတာလဲဟင်"
လီဝမ်ရှီး၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာမှာ အနည်းငယ် ကြောင်အမ်းသွားခဲ့ရပြီး ၎င်းတို့နှစ်ဦးတည်းသာ ပြန်လည်ရောက်ရှိလာသည်ကို ယခုမှ သတိပြုမိသွားရှာခြင်း ဖြစ်၏။
"ဩော်... သူမက အာကာသလက်စွပ်ထဲမှာ ရှိနေလို့ပါ"
ရွှီရှင်းသည် မိမိ၏ အာကာသလက်စွပ်ကို အသာအယာ လှည့်လိုက်ပေသည်။
တစ်ခဏအတွင်းမှာပင် ငွေရောင်ဘုရင်၊ မီမီ၊ အာဖုနှင့် လုဖေးအာတို့သည် အပြင်ဘက်သို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ကြတော့၏။
လုဖေးအာသည် မြေပြင်ပေါ်၌ သူမ၏ လက်နှစ်ဖက်ဖြင့် ခေါင်းကို ခုလျက် လဲလျောင်းနေခဲ့ခြင်းဖြစ်ပြီး အပြင်သို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင်မူ ခဏမျှ ကြောင်အမ်းသွားခဲ့ရပြီးမှ အခြေအနေကို အသေသေချာချာ သဘောပေါက်သွားရှာပေသည်။
"...နင် နောက်ဆုံးတော့ ငါ့ကို အပြင်ထုတ်ပေးဖို့ တွေးမိပြီပေါ့"
သူမသည် မြေပြင်ပေါ်မှ ချက်ချင်း ထရပ်လိုက်ပြီး မျက်နှာတွင် အလွန်ပင် စိတ်လှုပ်ရှားလှသော အမူအရာများဖြင့် "နင့် ရဲ့ အာကာသလက်စွပ်က အဆင့်တက်သွားတာလားဟင်။ အတွင်းထဲက ပတ်ဝန်းကျင်က အရင်လိုမျိုး စုတ်ပြတ်သတ်မနေတော့ဘူး" ဟု ဆိုလိုက်ပေသည်။
သူမ လက်စွပ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည့် ခဏ၌ ဦးနှောက်အတွင်းက ကွဲအက်မတတ် ပြင်းထန်လှသော ကိုက်ခဲမှု ဝေဒနာများနှင့် အသက်သေဆုံးတော့မည့် ခံစားချက်ဆိုးကြီးမှာ တစ်ခဏအတွင်း လုံးဝ အပြီးတိုင် ကွယ်ပျောက်သွားခဲ့ရခြင်းဖြစ်ပြီး သူမ ထုတ်လွှတ်လုနီးပါးဖြစ်နေခဲ့သော ပေါက်ကွဲစွမ်းရည် ကိုပင် တိုက်ရိုက် ငြိမ်သက်သွားစေခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်၏။
ဒါတင်မကသေးဘဲ ဤအာကာသလက်စွပ်အသစ်အတွင်းက ပတ်ဝန်းကျင် အခြေအနေမှာ ယခင်ဟာထက်စာလျှင် အဆပေါင်းများစွာ ပိုမိုကောင်းမွန်လှကြောင်း သူမ သတိပြုမိလိုက်ပေသည်။
၎င်းအတွင်း၌ ကျယ်ဝန်းလှရုံတင်မကဘဲ သူမသည် ငွေရောင်ဘုရင်၊ မီမီတို့နှင့်ပါ အေးအေးဆေးဆေး အတူတူ ဆော့ကစားနိုင်ခြင်းဖြစ်ရာ တကယ့်ကို အခန်းအသေးလေးတစ်ခုအတွင်း ရောက်ရှိနေသည့်အလား ခံစားခဲ့ရခြင်း ဖြစ်၏။
ရွှီရှင်းသည် မိမိ၏ ဘယ်ဘက်လက်ကို မြှင့်ပြလိုက်ရင်း "ဒါက အသစ်စက်စက် အာကာသလက်စွပ်အသစ်၊ အရင်အဟောင်းကတော့ ငါ့ရဲ့ လက်ပေါ်မှာ ရှိနေတုန်းပဲ" ဟု ရှင်းပြလိုက်ပေသည်။
"ဟို... ကောင်းပါပြီ..."
လုဖေးအာသည်လည်း စိတ်ပျက်လက်ပျက်ဟန်ဖြင့် ချက်ချင်း လေလျော့သွားခဲ့ရပြီး ထိုကြောက်မက်ဖွယ်ကောင်းလှသော လက်ပတ်အဟောင်းကြီး လုံးဝ ကွယ်ပျောက်သွားပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
"ဒါနဲ့ ဖေးအာကို ဘာဖြစ်လို့ လက်စွပ်ထဲ ထည့်ထားရတာလဲဟင်"
လီဝမ်ရှီးက အနည်းငယ် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
ရွှီရှင်း စကားပြောရန် ပြင်လိုက်စဉ်မှာပင် လုဖေးအာသည် ရုတ်တရက် သတိရသွားဟန်ဖြင့် "ဩော်... ဟုတ်သားပဲ နင့်ရဲ့ အာကာသလက်စွပ်ထဲမှာ ရှိနေတဲ့ ကောင်လေးရဲ့ ကျောက်ဆစ်ရုပ်တုက အခုတင်ပဲ အသက်ဝင်ပြီး လှုပ်ရှားလာတယ်။ ငါ စကားတွေတောင် တော်တော်များများ ပြောဖြစ်ခဲ့သေးတယ်ဥစ္စာ" ဟု ရုတ်တရက် ဝင်၍ ပြောလိုက်ပါတော့သည်။
အသက်ဝင်ပြီး လှုပ်ရှားလာခဲ့တယ် ဟုတ်လား..။
ရွှီရှင်းသည် စိတ်ထဲ၌ ပြင်းထန်စွာ ထိတ်လန့်အံ့သြသွားခဲ့ရပြီး ဘေးနားတွင် ချီရွှယ်ဖေးနှင့် တိုးတိုးလေး စကားဆိုနေခဲ့သော ကျိချောင်းယန်သည်လည်း ကိုယ်ကိုလှည့်လျက် သူမရှိရာဆီသို့ ချက်ချင်းပင် လှည့်ကြည့်လာခဲ့ချေပြီ။
"ထိုကောင်လေးက အသက်ဝင်လာခဲ့တယ် ဟုတ်လား"
လီဝမ်ရှီးသည်လည်း အလန့်တကြား အော်ဟစ်လိုက်မိပေသည်။
မည်သို့ပင်ဆိုစေ သူမသည် ဤကောင်လေးနှင့် ပတ်သက်သော အကြောင်းအရင်း အလုံးစုံကို အသေအချာ သိရှိထားသောကြောင့် ဖြစ်၏။
ရွှီရှင်းသည် မိမိ၏ အာကာသလက်စွပ်ကို လှည့်လိုက်ပြီး ရှောင်ဟုန် ၏ ကျောက်ဆစ်ရုပ်တုကို အပြင်သို့ ချက်ချင်းပင် ပြန်လည်ထုတ်ပေးလိုက်တော့သည်။
ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တုမှာမူ မူလအတိုင်း မြေပြင်ပေါ်၌ ထိုင်လျက် မိမိ၏ ဒူးနှစ်ဖက်ကို ပွေ့ဖက်ထားဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိပါပေ။
သို့သော်လည်း သူ၏ တည်နေရာ အနေအထား အမူအရာမှာမူ သိသိသာသာ ပြောင်းလဲသွားခဲ့ချေပြီ။
သူ၏ ဧရာမခေါင်းလေးမှာ အပေါ်သို့ မော့ထားခြင်းဖြစ်ပြီး တည့်တည့်စိုက်ကြည့်နေလျက် မျက်နှာပေါ်တွင်မူ တကယ့်ကို အေးချမ်းလှသော အမူအရာများနှင့်အတူ ပြုံးနေသည့်အလား ထင်မှတ်ရပြီး နှုတ်ခမ်းလွှာများမှာလည်း ပွင့်ဟနေခဲ့သဖြင့် တစ်စုံတစ်ရာသော စကားလုံးများကို ပြောနေသည့်အလား ဖြစ်နေသည်။
"အီး..."
ခဲခဲလေးသည် ရွှီရှင်း၏ ရင်ခွင်အတွင်းမှနေ၍ ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တု ဘေးနားဆီသို့ ချက်ချင်း ခုန်ဆင်းသွားခဲ့ပြီး မိမိ၏ ခြေဖဝါးလေးကို ဆန့်ထုတ်ကာ ၎င်းအား တို့ထိစစ်ဆေးကြည့်ရှုပြန်သော်လည်း ၎င်းက မည်သည့်လှုပ်ရှားမှုမျှ ရှိမလာပါပေ။
"...နောက်တစ်ကြိမ် ထပ်ပြီး လှုပ်ရှားလို့ မရတော့ပြန်ဘူးလား"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိပေသည်။
"စနစ်ရဲ့ ဆန်းကြယ်တဲ့ အသံကြီး ထွက်လာပြီးတဲ့ ခဏပဲ သူက ရုတ်တရက်ကြီး လှုပ်ရှားလာခဲ့တာမို့ ငါ့မှာ တကယ်ကို သေအောင် ထိတ်လန့်သွားခဲ့ရတာ"
လုဖေးအာသည် ကိုယ်ကို ငုံ့လိုက်ပြီး ထိုကောင်လေး၏ ခေါင်းလေးကို အသာအယာ တို့ထိကြည့်လိုက်ရင်း ရွှီရှင်းထံသို့ လှည့်ကြည့်ကာ
"သူက တကယ်ကို လိမ္မာတယ်။ငါ့ကို အစ်မလို့တောင် လှမ်းပြီး ခေါ်သေးတယ်။ ဒါပေမဲ့ ဆယ်မိနစ်လောက်ပဲ လှုပ်ရှားနိုင်ခဲ့တာမို့ ငါနဲ့ စကားပြောနေရင်းနဲ့တင် ရုတ်တရက်ကြီး သာမန်ကျောက်ဆစ်ရုပ်တုတစ်ခုအဖြစ် ပြန်ပြီး ငြိမ်သွားခဲ့တာ" ဟု ဆိုရှာ၏။
ကျိချောင်းယန်သည်လည်း ဒီဖက်သို့ လျှောက်လာခဲ့ချေပြီ။
ရွှီရှင်းသည် ယခင်က ထိုကောင်လေး၏ အကြောင်းများကို သူ့အား ကြိုတင်ပြောပြခဲ့ဖူးပေသည်။
သူသည် ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တုကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ခေတ္တမျှ အတွေးနက်သွားခဲ့ကာ "စနစ်ရဲ့ ဆန်းကြယ်တဲ့ အသံကြီး ထွက်ပေါ်လာတဲ့ အချိန်ဆိုတာ မြေကျင်းကြီးထဲက ကျောက်ဆစ်ရုပ်တုကြီးတွေ အသက်ဝင်ပြီး လှုပ်ရှားလာကြတဲ့ အချိန် မဟုတ်လား။ ဆယ်မိနစ်ဝန်းကျင်ဆိုတာကလည်း ငါတို့ မြေကျင်းကြီးအတွင်းမှာ စူးစမ်းရှာဖွေခဲ့ကြတဲ့ အချိန်အပိုင်းအခြားအတိုင်း ကွက်တိပဲ" ဟု ဆိုလိုက်ပေသည်။
"ဩော်"
ရွှီရှင်းသည် မျက်မှောင်ကို အနည်းငယ် ပင့်လိုက်မိ၏။
ဤကဲ့သို့ တွက်ချက်ကြည့်မည်ဆိုပါက ဤကောင်လေး၏ ကျောက်ဆစ်ရုပ်တု အသက်ဝင်လာပြီး ပြန်လည်အိပ်စက်သွားသည့် အချိန်ကာလသည် မြေကျင်းကြီးအတွင်းက ထိုသားရဲဆိုးကြီးများနှင့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများ အသက်ဝင်လှုပ်ရှားသည့် အချိန်ကာလနှင့် လုံးဝ တစ်ထေရာတည်း တူညီနေခြင်း ဖြစ်ပေသည်။
ဘေးနားတွင် ရှိနေကြသော အမျိုးသမီး သုံးဦးမှာမူ ၎င်းတို့နှစ်ဦး ဘာတွေ ဆွေးနွေးပြောဆိုနေကြမှန်း သေသေချာချာ နားမလည်ကြသဖြင့် တစ်ဦးကိုတစ်ဦးသာ ဇဝေဇဝါဖြင့် လှမ်း၍ ကြည့်နေခဲ့ကြမိပေသည်။
"နင် သူနဲ့ ဘာအကြောင်းတွေကို ပြောဖြစ်ခဲ့လဲ"
ရွှီရှင်းသည် မျက်မှောင်ကို အနည်းငယ် ကျုံ့လိုက်ရင်း လုဖေးအာအား လှမ်း၍ မေးမြန်းလိုက်၏။
"အများကြီးတော့ မပြောဖြစ်ပါဘူး၊ ငါကိုယ်တိုင်လည်း သူက ဘယ်သူလဲဆိုတာကို သေသေချာချာ မသိလို့ပါ..."
လုဖေးအာသည် ခေါင်းကို စောင်းလိုက်ရင်း မိမိ၏ ဦးနှောက်အတွင်းက အခြေအနေများကို ပြန်လည်တွက်ချက်လိုက်မိပြီးမှ
"အစပိုင်းတုန်းကတော့ သူ့ရဲ့ စိတ်ခံစားချက်တွေက တကယ် မတည်မငြိမ် ဖြစ်နေခဲ့တာ၊ နောက်ပိုင်းကျမှပဲ ဖြည်းဖြည်းချင်း စကားပြောလို့ အဆင်ပြေသွားတာ။ ငါက သူ့ရဲ့ နာမည်ရယ် ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲဆိုတာကို လှမ်းပြီး မေးမြန်းကြည့်တဲ့အခါ သူက သူ့ရဲ့ နာမည်က ရှောင်ဟုန် ဖြစ်တယ်လို့ ပြောပြသလို၊ သူ့ရဲ့ မိဘနှစ်ပါးစလုံးလည်း ပျောက်သွားခဲ့ပြီး လူဆိုးတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာလို့ ပြောပြရှာတယ်။ ကျန်တဲ့ အကြောင်းအရာတွေကိုတော့ အများကြီး ထပ်ပြီး မပြောနိုင်တော့တာနဲ့ ငါလည်း သူ့ကို အဆင်ပြေအောင် နှစ်သိမ့်ပေးရင်း ဟာသအချို့ ပြောပြနေခဲ့တာပေါ့။ ပြီးတော့ ဆယ်မိနစ်လောက် ကြာသွားတဲ့ အခါကျတော့မှပဲ သူက သာမန်ကျောက်ဆစ်ရုပ်တုတစ်ခုအဖြစ် ပြန်ပြီး လုံးဝ ပြောင်းလဲသွားခဲ့တာ" ဟု အသေအချာ ရှင်းပြလိုက်ပေသည်။
မိဘနှစ်ပါးစလုံး လူဆိုးတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ် ဟုတ်လား...။
ဒါတင်မကသေးဘဲ သူက မြေကျင်းကြီးအတွင်းက ကျောက်ဆစ်ရုပ်တုကြီးတွေနှင့်အတူ တစ်ပြိုင်နက်တည်း သက်ဝင်လှုပ်ရှားပြီး တစ်ပြိုင်တည်း ပြန်လည်အိပ်စက်သွားခဲ့သေးတယ် ဟုတ်လား...။
ကြည့်ရသည်မှာ ထိုကျောက်ဆစ်ရုပ်တုအုပ်စုကြီးသည် သေချာပေါက် ချန်ယင်း တို့ ရွှယ်လန် တို့နှင့် တိုက်ရိုက် ဆက်စပ်မှု ရှိနေရမည် ဖြစ်ပေသည်။
နောက်ပိုင်းတွင် နောက်တစ်ကြိမ် ထိုမြေကျင်းကြီးဆီသို့ ထပ်မံသွားရောက်သည့် အခါကျမှပဲ ရှောင်ဟုန်ကို အပြင်သို့ ထုတ်လျက် စမ်းသပ်ကြည့်ရပေမည်။
ဖြစ်နိုင်လျှင် မမျှော်လင့်ထားသော အံ့ဩစရာ ရှာဖွေတွေ့ရှိမှုမျိုး သေချာပေါက် ရှိလာနိုင်ပေသည်။
"ဟို... နင် တို့နှစ်ယောက် ဘာတွေ အလေးအနက် ဆွေးနွေးနေကြလဲဆိုတာကို ကျွန်မတို့ သေသေချာချာ မသိပါဘူး၊ ဒါပေမဲ့ ဝမ်လေ့နဲ့ အခြားသူတွေကတော့ လက်ရှိအချိန်မှာ နင်တို့ရဲ့ အကူအညီတွေကို အရေးတကြီး လိုအပ်နေကြပြီ"
ချီရွှယ်ဖေးသည် ရွှီရှင်းနှင့် ကျိချောင်းယန်တို့၏ အတွေးစုံကို ချက်ချင်း ဖြတ်တောက်လိုက်ရင်း မိမိ၏ လက်ပတ်နာရီကို လက်ညှိုးညွှန်ပြလျက် လှမ်း၍ ဆိုလိုက်ပေသည်။
"သူတို့တွေက နင် တယ်လီပို့စနစ်ကြီးကို ဘယ်လိုနည်းနဲ့ အသက်သွင်းခဲ့လဲဆိုတာကို သင်ပြပေးဖို့ လိုအပ်နေသလို၊ လမ်းခရီးမှာ ဘာအန္တရာယ်မျိုး ရှိနေမလားဆိုတာကိုပါ လှမ်းပြီး မေးမြန်းချင်နေကြတာ။"
လီဝမ်ရှီးကလည်း ဘေးမှနေ၍ ဝင်ရောက်ထောက်ခံလိုက်ပြီးနောက် ဆက်လက်၍ "အမှန်အတိုင်း ပြောရရင်တော့၊ အစ်မကွေ့ရှင်းက အဲ့နေရာကို ကိုယ်တိုင် ချက်ချင်း သွားချင်နေတာ ဒါပေမဲ့ ဝမ်လေ့နဲ့ ကျောက်ရှောင်ချွမ်းတို့နှစ်ယောက်ကတော့ အားလုံးကို သတိထားရမယ်လို့ တွက်ချက်ထားကြတာဖြစ်လို့ အရင်ဆုံး နင်တို့ဆီက လက်တွေ့မြေပြင် အခြေအနေတွေကို အသေအချာ မေးမြန်းချင်နေကြတာပေါ့" ဟု ရှင်းပြလိုက်ရှာ၏။
ရွှီရှင်းက ခေါင်းညိတ်လိုက်ပြီး ထိုကောင်လေး၏ ကျောက်ဆစ်ရုပ်တုကို သူ၏ အာကာသလက်စွပ်အတွင်းသို့ ချက်ချင်း ပြန်လည်သိမ်းဆည်းလိုက်ပေသည်။
လူတိုင်းသည်လည်း ပတ်ပတ်လည်တွင် ဝင်ရောက်နေရာယူလိုက်ကြပြီး ရွှီရှင်းသည် မိမိ၏ ရင်ခွင်အတွင်း၌ ငိုက်မြည်းနေရှာသော ခဲခဲလေး၏ အမွှေးလေးများကို အသာအယာ သပ်ပေးကာ ဝမ်ကွေ့ရှင်းထံသို့ အသံခေါ်ဆိုမှုတစ်ခုကို ချက်ချင်း ပေးပို့လိုက်တော့၏။
အခြားတစ်ဖက်က လူမှာလည်း အလွန်ပင် မြန်လှသော အရှိန်ဖြင့် ချက်ချင်း လက်ခံလိုက်ပေသည်။
"ရွှီရှင်း... နင် နောက်ဆုံးတော့ ငါ့ကို ဖုန်းပြန်ခေါ်ဖို့ တွေးမိပြီပေါ့။ အားလုံး အခြေအနေ ဘယ်လိုရှိလဲ၊ ဘာပြဿနာမှ မရှိဘူး မဟုတ်လား"
ဝမ်ကွေ့ရှင်း၏ လေယူလေသိမ်းမှာ အလွန်ပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ချေပြီ။
မည်သို့ပင်ဆိုစေ ကောင်းကင်ယံထက်သို့ ထိုးတက်သွားခဲ့သော ထိုခရမ်းနက်ရောင် အလင်းတိုင်ကြီးကို ကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းကြောင့်သာ သူမသည် လက်ရှိအချိန်၌ မိမိတို့ဖက်က တယ်လီပို့စနစ်ကြီး အသက်ဝင်လာမည့် အခြေအနေကို ပြင်းထန်စွာ မျှော်လင့်တောင့်တနေမိသောကြောင့် ဖြစ်၏။
"အားလုံး အဆင်ပြေပါတယ်၊ ကျောက်ရှောင်ချွမ်းနဲ့ ဝမ်လေ့တို့ကော နင့်ရဲ့ ဘေးနားမှာ ရှိနေကြလား"
"ရှိကြပါတယ်၊ သူတို့အားလုံး ငါ့ရဲ့ ဘေးနားတင်ပဲ ရှိနေကြတာဖြစ်လို့ နင်ပြောသမျှ စကားတွေကို အကုန်လုံး ရှင်းရှင်းလင်းလင်း ကြားနေရပါတယ်"
"အစ်ကိုကြီးရှင်း... ငါတို့အားလုံး ဒီနေရာမှာ ရှိနေကြပါတယ်"
၎င်းမှာ ကျောက်ရှောင်ချွမ်း၏ အော်ဟစ်နှုတ်ဆက်သံ ဖြစ်ပေသည်။
"ဟားဟား... အစ်ကိုကြီးရှင်း၊ ငါလည်း မင်းကို လုံးဝ စိတ်ပျက်အောင် မလုပ်ခဲ့ဘူး မဟုတ်လား"
ဝမ်လေ့၏ လေယူလေသိမ်းအတွင်း၌မူ မသိမသာ ဂုဏ်ယူဝင့်ကြွားမှုအချို့ ပြည့်နှက်နေခဲ့ချေပြီ။
၎င်းတို့နှစ်ဦးစလုံး၏ စကားပြောသံများမှာမူ အနည်းငယ် ဝေးကွာလှသော အရပ်မျက်နှာမှ ထွက်ပေါ်လာခြင်းဖြစ်ပုံရပြီး ကြည့်ရတာ ဝမ်ကွေ့ရှင်း၏ အနားသို့ တိုးကပ်ရန် လုံးဝ မဝံ့ရဲကြရှာပေ။
၎င်းကလည်း အံ့ဩစရာ မရှိတော့ပါပေ၊ ဝမ်ကွေ့ရှင်းသည် လက်ရှိအချိန်၌ ခန္ဓာကိုယ်တစ်ခုလုံးတွင် တကယ့်ကို ပြင်းထန်လှသော အဆိပ်အတောက်များ ဖြင့် ပြည့်နှက်နေခြင်းဖြစ်ရာ ဘေးကင်းစေရန်အတွက် သူမ၏ အနားသို့ တိုက်ရိုက်မတိုးကပ်ကြဘဲ သတိထားနေကြခြင်းမှာ တကယ့်ကို ယုတ္တိရှိလှပေသည်။
"ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲဟာ။"
ရွှီရှင်းက ပြုံးလျက် "မင်းတို့ အားလုံး အဲ့ဒီနေရာမှာ စနစ်တကျ ရှိနေကြပြီဆိုမှတော့ နောက်ပိုင်း ကိစ္စတွေကို ဖြေရှင်းရတာ ပိုပြီးတော့ လွယ်ကူသွားပြီပေါ့" ဟု ဆိုလိုက်တော့၏။
အခန်း ၅၀၇ ပြီး။