← Chapters

အခန်း ၅၁၀

Vol. 34 Ch. 510

အခန်း ၅၁၀

Vol. 34 Ch. 510

အခန်း (၅၁၀) - ဗီဇပြောင်းလဲထားသော ကျောက်ဆစ်ရုပ်တုအုပ်စုကြီးနှင့် ပြင်းထန်လှသော တိုက်ပွဲကြီး

ဒုတိယမြောက် အဝိုင်း၌ ရှိနေကြသော အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီး အားလုံးမှာ မတ်တပ်ရပ်လျက် ကိုယ်ကို ပြန်လည်လှည့်လိုက်ကြပြီး မျက်လုံးများအတွင်း၌ သွေးနီရောင် အလင်းတန်းများ တဖျတ်ဖျတ် လက်နေခဲ့ကြချေပြီ။

၎င်းတို့သည် မိမိတို့ ကိုးကွယ်ရာ နတ်ဘုရားကြီးအား စော်ကားမော်ကား ပြုလုပ်ခြင်း ခံလိုက်ရသဖြင့် ရူးသွပ်မတတ် ဒေါသထွက်နေကြသော မိစ္ဆာဂိုဏ်းဝင် ကြီးများ၏ ပုံသဏ္ဌာန်မျိုးနှင့် အလားသဏ္ဌာန် တူလှပေသည်။

သာမန်သားရဲဆိုးကြီးများနှင့် လုံးဝ မတူညီဘဲ တကယ့်ကို ထူးဆန်းလှသော ဧရာမဟောက်သံဆိုးကြီးများကို ပြိုင်တူ ထုတ်လွှတ်လိုက်ကြပြီးနောက် ရွှီရှင်းနှင့် အခြားသောသူများ ရှိနေကြသော နေရာဆီသို့ တစ်ရှိန်ထိုး စုပြုံပြေးလွှား လာကြပါတော့သည်။

၎င်းတို့၏ ကျောက်သားခန္ဓာကိုယ်ကြီးများမှာ အလွန် ထူထဲလေးလံလွန်းလှသဖြင့် ၎င်းတို့ လှုပ်ရှားပြေးလွှားလိုက်သည့် ခဏ၌ ခြေဖဝါးအောက်ခြေက မြေပြင်ကြီးတစ်ခုလုံးသည် ငလျင်ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည့်အလား တုန်ခါလာခဲ့၏။

လူတိုင်းမှာ ခြေဖဝါးအောက်ခြေ၌ ကမ္ဘာမြေကြီး လှုပ်ခတ်နေသကဲ့သို့ ပြင်းထန်စွာ ခံစားလိုက်ရစေပေသည်။

သို့သော်လည်း ၎င်းတို့၏ လှုပ်ရှားမှု အရှိန်မှာမူ မယုံကြည်နိုင်လောက်အောင်ပင် အလွန် ဖျတ်လတ်လွန်းလှပေသည်။

အကယ်၍ မိမိတို့၏ မျက်စိဖြင့်သာ အသေအချာ မြင်တွေ့လိုက်ရခြင်း မရှိခဲ့ဘူးဆိုလျှင်မူ သာမန်ကျောက်ဆစ်ရုပ်တု အစုအဝေးကြီးတစ်ခုသည် သာမန်သားရဲဆိုးကြီးများကဲ့သို့ သွက်လက်စွာ လှုပ်ရှားနိုင်လိမ့်မည် ဟူသော အချက်ကို မည်သူမဆို ဘယ်လိုနည်းနဲ့မှ ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပါချေ။

၎င်းတို့နှင့် အနီးကပ်ဆုံးတွင် ရှိနေခဲ့ကြသော အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ ရုပ်တုအုပ်စုကြီးသည် မူလက မီတာနှစ်ဆယ်ပင် မပြည့်တော့သော အကွာအဝေး၌ ရှိနေခဲ့ခြင်းဖြစ်ရာ ၎င်းက အလွန်ပင် တိုတောင်းလှသော အကွာအဝေး ဖြစ်ပေသည်။

ထို့ကြောင့် ၎င်းတို့ငါးဦးစလုံး ထိတ်လန့်အံ့သြမှုမှ လုံးဝ ပြန်လည်မနိုးထနိုင်ကြသေးခင်မှာပင် ထိုကျောက်ဆစ်ရုပ်တုကြီးများသည် မိမိတို့၏ ဧရာမကျောက်သားခန္ဓာကိုယ်ကြီးများကို ရူးသွပ်မတတ် လှုပ်ရှားလိုက်ကြပြီး ဧရာမမြေကျင်းကြီး၏ အစွန်းနေရာဆီသို့ တစ်ရှိန်ထိုး ရောက်ရှိလာခဲ့ကြချေပြီ။

တစ်ချိန်တည်းမှာပင် ပိုမိုဝေးကွာလှသော နေရာ၌ ရှိနေကြသော အခြားသော အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများသည်လည်း ၎င်းတို့ရှိရာ နေရာဆီသို့ ဧရာမပင်လယ်ရေလှိုင်းကြီးတစ်ခုအလား တစ်ရှိန်ထိုး စုပြုံတိုးဝှေ့လာနေခဲ့ကြပြီ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ဤဧရာမမြေကျင်းကြီးသည် ငါးမီတာခန့် နက်ရှိုင်းလှခြင်းဖြစ်ရာ မြေကျင်းကြီး၏ အစွန်းနေရာသို့ ဦးစွာ ရောက်ရှိလာခဲ့ကြသော ထိုဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများသည် ၎င်းတို့ငါးဦး ရှိနေသော အပေါ်ဆီသို့ လှမ်း၍ မမှီနိုင်ကြသေးပါပေ။

"ငါတို့ ဘာဆက်လုပ်ကြမလဲဟင်၊ သူတို့ကို လှမ်းပြီး တိုက်ခိုက်ရတော့မလား။ ပေါက်ကွဲအားပြင်း မြှားတံတွေကို သုံးရမလား။"

လီဝမ်ရှီးသည် မိမိ၏ လက်ထဲက ဒူးလေးကို တင်းကြပ်စွာ ကိုင်ထားရင်း အောက်ခြေက ပြေးဝင်လာနေကြသော ထိုဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများရှိရာဆီသို့ ချက်ချင်းပင် ချိန်ရွယ်လိုက်ပြီးနောက် "သူတို့တွေ အပေါ်ကို တက်လာတော့မယ်" ဟု အလန့်တကြား လှမ်း၍ ဆိုပေသည်။

ရွှီရှင်းနှင့် ကျိချောင်းယန်တို့နှစ်ဦးစလုံးမှာမူ ချက်ချင်း တိုက်ခိုက်ခြင်းမျိုး မလုပ်ကြသေးပါပေ။

မည်သို့ပင်ဆိုစေ ဤအဆင့်နိမ့် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများသည် ငါးမီတာခန့် နက်သော ဧရာမမြေကျင်းကြီးအတွင်းမှနေ၍ အပြင်ဘက်သို့ ကိုယ်တိုင် တက်လာနိုင်စွမ်း ရှိမရှိဆိုသည်ကို အရင်ဆုံး အသေအချာ စောင့်ကြည့်ချင်နေကြသောကြောင့် ဖြစ်၏။

သို့သော်လည်း လက်တွေ့မြေပြင် အခြေအနေအရဆိုလျှင်မူ ၎င်းတို့သည် အမှန်တကယ်ပင် အပေါ်သို့ တက်နိုင်စွမ်း ရှိကြပေသည်။

တွားတက်နိုင်စွမ်းရှိသော ရုပ်တုအချို့မှာမူ လက်ရှိအချိန်၌ မြေကျင်းကြီး၏ ကျောက်နံရံများပေါ်သို့ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ စတင်၍ တွားတက်နေခဲ့ကြပြီ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ လာရောက်တိုက်ခိုက်မည့် တစ်ခုတည်းသော ပစ်မှတ်မှာ သူတို့ငါးဦးတည်းသာ ဖြစ်နေခြင်းကြောင့် ဖြစ်ပေရမည်။

ထို့ကြောင့် မြေကျင်းကြီးအတွင်းက ရုပ်တုကြီးများသည် နေရာအနှံ့မှနေ၍ အပေါ်သို့ တက်လာခြင်းမျိုး လုံးဝ မရှိဘဲ၊ ၎င်းတို့ငါးဦး၏ ရှေ့တည့်တည့်က ကျောက်နံရံနေရာတစ်ခုတည်းဆီသို့သာ စုပြုံလျက် ၎င်းနေရာမှတစ်ဆင့်သာ အပေါ်သို့ ဇွတ်အတင်း တက်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဤအခြေအနေက ကိစ္စအားလုံးကို အများကြီး ပို၍ ရိုးရှင်းလွယ်ကူသွားစေခဲ့ချေပြီ။

"မင်းတို့တွေ အနောက်ကနေပြီးတော့ပဲ ပေါက်ကွဲအားပြင်း မြှားတံတွေကို သုံးပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပေးထားဦး။ အပေါ်ကို တွားတက်လာတဲ့ ကောင်တွေကိုတော့ ငါကိုယ်တိုင်ပဲ ရှေ့ကနေ ဖြေရှင်းလိုက်ပါ့မယ်"

ရွှီရှင်းသည် ချက်ချင်းပင် မိမိ၏ လှံရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး မြေကျင်းကြီး၏ ချောက်ကမ်းပါးနေရာဆီသို့ အရှိန်ဖြင့် ပြေးဝင်သွားခဲ့တော့သည်။

လှံရှည်ကြီး၏ သံမဏိဓားသွားထက်တွင်မူ ကောင်းကင်သို့ ထိုးတက်နေသော ထိုဧရာမအလင်းတိုင်ကြီး၏ ခရမ်းနက်ရောင် အလင်းတန်းများ ဖြာကျနေခဲ့သဖြင့် တကယ့်ကို ထူးဆန်းလှသော မိစ္ဆာအရိပ်အယောင် အရှိန်အဝါအချို့ကိုပင် မသိမသာ ထုတ်လွှတ်နေခဲ့ပေသည်။

မီမီ၊ ငွေရောင်ဘုရင်နှင့် အာဖုတို့သည်လည်း ရွှီရှင်း၏ နောက်မှနေ၍ မြေကျင်းကြီး၏ အစွန်းနေရာဆီသို့ လိုက်ပါလာခဲ့ကြပေသည်။

ခဲခဲလေးကတော့ မိမိ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်ပင် နုနယ်လှကြောင်း အသေအချာ သိထားသဖြင့် ရွှီရှင်း၏ ပုခုံးပေါ်မှနေ၍ လီဝမ်ရှီး၏ ပုခုံးပေါ်သို့ ချက်ချင်းပင် လျင်မြန်စွာ ခုန်ကူးလိုက်တော့၏။

"အီး..."

၎င်းသည် ရှေ့ဆုံး၌ မတ်တပ်ရပ်နေသော ရွှီရှင်း၏ ကျောပြင်ကြီးကို ကြည့်ရင်း မျက်နှာတွင် စိုးရိမ်ပူပန်လှသော အမူအရာလေးများ ပေါ်ထွက်နေရှာပေသည်။

"စိတ်မပူပါနဲ့ ခဲခဲလေးရာ၊ သူကသန်မာပါတယ်။"

လီဝမ်ရှီးကမူ ရွှီရှင်း၏ ခွန်အားအပေါ် တကယ့်ကို ရာနှုန်းပြည့် ယုံကြည်စိတ်ချမှု ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

သူမသည် စကားပြောရင်း မိမိ၏ လက်ထဲက ဒူးလေးမောင်းတံကို ချက်ချင်းပင် ဆွဲညှစ်လိုက်တော့၏။

သူမ၏ နောက်က လူသုံးဦးစလုံးမှာလည်း ချက်ချင်းပင် ရူးသွပ်မတတ် ဆက်တိုက် ပစ်ခတ်မှု အတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီး မြေကျင်းကြီး၏ အောက်ခြေတွင် စုပြုံနေခဲ့ကြသော ထိုကျောက်ဆစ်ရုပ်တုအုပ်စုကြီးရှိရာဆီသို့ ပေါက်ကွဲအားပြင်း မြှားတံများကို အရှိန်အဟုန်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ကြပါတော့သည်။

"ဒုန်း ဒုန်း ဒုန်း"

ပြင်းထန်လှသော ပေါက်ကွဲမှုကြီးများသည် ထိုကျောက်ဆစ်ရုပ်တုကြီးများကြားထဲ၌ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး တောက်လောင်နေသော မီးတောက်မီးလျှံများနှင့် မီးခိုးငွေ့ကြီးများကြားထဲမှနေ၍ မရေမတွက်နိုင်သော ကျောက်သား အစိတ်အပိုင်းများမှာ နေရာအနှံ့သို့ လျင်မြန်စွာ ပြန့်ကျဲကျဆင်းကုန်ကြချေပြီ။

၎င်းနှင့်အတူ ထိုရုပ်တုကြီးများထံမှ ထွက်ပေါ်လာသော တိုးညှင်းလှသောအက်ကွဲသံများနှင့် စူးရှပြင်းထန်လှသော အော်ဟစ်သံဆိုးကြီးများမှာလည်း လေထုထဲ၌ အချင်းချင်း ရောပြွမ်းသွားခဲ့ကြပြီး လူတိုင်း၏ နားစည်အတွင်းဆီသို့ ဆူညံသံဆိုးကြီးတစ်ခုအဖြစ် ခဏအတွင်းပင် ရိုက်ခတ်သွားခဲ့ပါတော့သည်။

ရွှီရှင်းသည် ယနေ့ မိမိအနေဖြင့် အကြားအာရုံ မြှင့်တင်မှုကို ကျပန်းမရွေးချယ်မိခဲ့သည်မှာ တကယ့်ကို ကံကောင်းလှသည်ဟု စိတ်ထဲကနေကျေနပ်မိပေသည်။

သို့မဟုတ်ပါက ပြင်းထန်လှသော အသံဆိုးကြီးများကြောင့် သူ၏ ဦးနှောက်တစ်ခုလုံး သေချာပေါက် ပေါက်ကွဲထွက်မတတ် ကိုက်ခဲသွားရမည် ဖြစ်သောကြောင့် ဖြစ်၏။

"အဝေးကြီး ခွဲမသွားကြနဲ့ဦးနော်"

အမျိုးသမီးများမှာ တိုက်ခိုက်ရင်းနှင့် အလိုအလျောက် ပတ်ပတ်လည်သို့ လူစုခွဲရန် ပြင်နေကြသည်ကို မြင်တွေ့လိုက်ရသောအခါ ကျိချောင်းယန်သည် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့် ဟောက်သံကြီးများကြားထဲမှနေ၍ "ရွှီရှင်းရဲ့ ဘေးပတ်ဝန်းကျင် ငါးမီတာအတွင်းမှာပဲ အမြဲတမ်း အတူတူ စုပြီး နေကြပါ။ မဟုတ်ရင်တော့ အောက်ခြေက ရုပ်တုကြီးတွေက ပတ်ပတ်လည်ကို လူစုခွဲသွားကြလိမ့်မယ်။ သူတို့ အပေါ်ကို တွားတက်မယ့် တည်နေရာတွေပါ လိုက်ပြီး ပြောင်းလဲသွားနိုင်လို့ပါ" ဟု အသေအချာ အော်ဟစ်သတိပေးလိုက်ရပေသည်။

တစ်ချိန်တည်းမှာပင် အပေါ်သို့ ဦးစွာ တွားတက်လာကြသော ပထမဆုံး ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများမှာမူ ကျောက်နံရံပေါ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့ချေပြီ။

ရွှီရှင်းအနေဖြင့် မိမိ၏ လှံရှည်ကြီးကို လွှဲယမ်းရန် အချိန်မရသေးခင်မှာပင် မီမီသည် ရှေ့ဆုံးမှနေ၍ လှုပ်ရှားလိုက်ပြီး အပေါ်သို့ ပြူးထွက်လာခဲ့သော ကျောက်သားခေါင်းကြီးတစ်ခုအား သူမ၏ ထက်မြက်လှသော ခြေသည်းကြီးဖြင့် ပြင်းထန်စွာ ဆွဲကုတ်ပစ်လိုက်တော့၏။

"ဖုန်း"

ထိုကျောက်ဆစ်ရုပ်တုကြီး၏ ဧရာမခေါင်းကြီးတစ်ခုလုံးသည် ခဏအတွင်းမှာတင် ထက်ဝက်နီးပါးခန့် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရရှာပေသည်။

သို့သော်လည်း ထိုကျောက်ဆစ်ရုပ်တုကြီးသည် ၎င်း၏ လှုပ်ရှားမှုများကို ရပ်တန့်သွားခြင်း လုံးဝ မရှိပဲ ၎င်းအစား တကယ့်ကို လျင်မြန်လှသော အရှိန်ဖြင့် အပေါ်သို့ ဆက်၍ ဇွတ်အတင်း တွားတက်လာခဲ့ချေပြီ။

၎င်းနှင့်အတူ အခြားသော ကျောက်ဆစ်ရုပ်တု သုံးခုသည်လည်း တစ်ပြိုင်တည်း အပေါ်သို့ အောင်မြင်စွာ တက်လာခဲ့ကြပြန်၏။

ပထမ တက်လာကြသော အကောင်များမှာမူ အမြင့်တက် နယ်ပယ်၌ အလွန်ပင် ကျွမ်းကျင်လှသော ကြောင်မျိုးနွယ်ဝင် ဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများသာ ဖြစ်ကြပေသည်။

၎င်းတို့၏ နောက်မှနေ၍ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ပေါက်ကွဲအားပြင်း မြှားတံများ၏ ပေါက်ကွဲမှုဒဏ်သည် ၎င်းတို့အပေါ်၌ မည်သည့်သက်ရောက်မှုမျိုးမျှ ရှိမနေခဲ့ကြချေ။

၎င်းတို့၏ စိတ်ထဲက တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရွှီရှင်းနှင့် သူ၏ အဖွဲ့သားများကို သတ်ဖြတ်ချေမှုန်းပစ်ရန်သာ ဖြစ်ပုံရပေသည်။

ရွှီရှင်းသည် မိမိ၏ လှံရှည်ကြီးကို မြှင့်လိုက်ပြီး ၎င်းတို့ရှိရာ နေရာဆီသို့ ပြင်းထန်စွာ လွှဲယမ်းပစ်လိုက်တော့သည်။

"ဖုန်း"

လှံရှည်ကြီး၏ ထက်လှသော ဓားသွားသည် ဧရာမဗီဇပြောင်းတောကြောင်ကြီးတစ်ကောင်၏ ခေါင်းကြီးကို တစ်ခါတည်း ဖြတ်တောက်သွားစေခဲ့၏။

သို့သော်လည်း သူ၏ စိတ်ထဲ၌ ထိတ်လန့်အံ့သြသွားခဲ့ရသည်မှာ မူလက မီမီ၏ တိုက်ခိုက်မှုကြောင့် ခေါင်းထက်ဝက်ပြတ်နေခဲ့သော ရုပ်တုကော ယခု သူကိုယ်တိုင် ခေါင်းဖြတ်တောက်လိုက်သော ရုပ်တုပါ မိမိတို့၏ ခေါင်းမရှိတော့သော ကျောက်သားခန္ဓာကိုယ်ကြီးများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြဆဲဖြစ်ပြီး အပေါ်သို့ ဆက်လက်တက်လျက် သူ့အား လာရောက်တိုက်ခိုက်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပေသည်။

ဤကျောက်ဆစ်ရုပ်တုကြီးများသည် သူတို့၏ ခေါင်းကြီးများ လုံးဝ မရှိတော့သည့်တိုင်အောင် ဆက်လက်၍ လှုပ်ရှားနိုင်စွမ်း ရှိကြသေး၏။

သေချာတာက ခေါင်းကြီးများ လုံးဝ မရှိတော့သည့်အတွက် ထိုကျောက်ဆစ်ရုပ်တုကြီးများသည် ခန္ဓာကိုယ် ဟန်ချက်ကိုတော့ ကောင်းမွန်စွာ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ကာ ၎င်းတို့၏ လှုပ်ရှားမှုများမှာလည်း အနည်းငယ် ဖရိုဖရဲဖြစ်လျက် ပုံပျက်ပန်းပျက် ဖြစ်လာခဲ့ရပေသည်။

သို့သော်လည်း ၎င်းတို့သည် ရွှီရှင်း ရှိနေသော တည်နေရာကိုတော့ တိကျစွာ ဆက်လက်၍ ရှာဖွေနိုင်ကြဆဲဖြစ်ပြီး ၎င်းပုံစံမှာ မျက်စိမြင်ကွင်းစနစ် လုံးဝ ပျက်စီးသွားခြင်းမရှိသည့်အလား ဖြစ်ပေသည်။

ရွှီရှင်းသည် တွေဝေမနေတော့ဘဲ လှံရှည်ကြီးကို နောက်တစ်ကြိမ် ထပ်မံ၍ ပြင်းထန်စွာ လွှဲယမ်းပစ်လိုက်ပြန်ရာ သူ့ထံသို့ တိုးဝင်လာနေခဲ့သော ထိုကျောက်ဆစ်ရုပ်တုကြီးအား ခန္ဓာကိုယ်အလယ်တည့်တည့်မှနေ၍ နှစ်ပိုင်းပြတ်တောက်သွားစေခဲ့၏။

သက်စောင့်ခွန်အား အချို့သည်လည်း လှံရှည်ကြီး၏ ကိုယ်ထည်မှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းဆီသို့ ဖြည်းည်းချင်း စိမ့်ဝင်လာခဲ့ပြန်၏။

ဤကျောက်ဆစ်ရုပ်တုကြီးများထံမှ ရရှိသော သက်စောင့်ခွန်အားမှာမူ အလွန် အားနည်းလွန်းလှပေသည်။

ဤအချက်အရဆိုလျှင်မူ ၎င်းတို့အား ဤကဲ့သို့ လှုပ်ရှားသွားလာနိုင်အောင် ကူညီပေးနေသည့်အရာသည် ဤထူးဆန်းလှသော သက်စောင့်ခွန်အားကြောင့် မဟုတ်သည်မှာ လုံးဝ ထင်ရှားလှပေသည်။

ဖြစ်နိုင်သည်မှာ တစ်စုံတစ်ဦးက နောက်ကွယ်မှနေ၍ ၎င်းတို့ကိုအမှန်အကန် ကြိုးကိုင်ထိန်းချုပ်နေခြင်းကြောင့်ပင်။

ခန္ဓာကိုယ်နှစ်ပိုင်း ပြတ်တောက်သွားခဲ့ရရှာသော ထိုကျောက်ဆစ်ရုပ်တုကြီးမှာမူ မြေပြင်ပေါ်၌ ဆက်၍ အသည်းအသန် လူးလွန့်လှုပ်ရှားနေဆဲ ဖြစ်၏။

၎င်းတို့သည် သာမန်ရုပ်တုများကဲ့သို့ ချက်ချင်း ကြေမွပျက်စီးလျက် ကျောက်မှုန့်ပုံကြီးများအဖြစ်သို့ ပြောင်းလဲသွားခြင်းမျိုး မရှိပါသော်လည်း ၎င်းတို့အနေဖြင့် သူ့အပေါ်၌ မည်သည့် ခြိမ်းခြောက်မှုမျိုးမှ ထပ်မံ၍ မပြုလုပ်နိုင်ကြတော့ပါပေ။

ရွှီရှင်းသည် မြေပြင်ပေါ်က ကြေမွပျက်စီးနေသော ထိုကျောက်သား အစိတ်အပိုင်းများကို လုံးဝ အာရုံမစိုက်တော့ဘဲ မိမိ၏ လက်ထဲက လှံရှည်ကြီးကိုသာ ရူးသွပ်မတတ် အဆက်မပြတ် လွှဲယမ်းနေ၏။

မြေကျင်းကြီးအတွင်းမှနေ၍ အပေါ်သို့ တွားတက်လာကြသော ထိုဗီဇပြောင်းသတ္တဝါ ရုပ်တုကြီးများကို တစ်ကောင်ပြီးတစ်ကောင် ခန္ဓာကိုယ်အလယ်မှ ဖြတ်တောက်လျက် ၎င်းတို့၏ လှုပ်ရှားနိုင်စွမ်း အားလုံးကို ခဏအတွင်းမှာတင် သုံးမရအောင်လုပ်လိုက်ပေသည်။

အခန်း ၅၁၀ ပြီး။

All Chapters