← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အပိုင်း ၈၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်းက သူမ၏ အကြံအစည်ကို မှန်ကန်စွာ ခန့်မှန်းမိ၏။ အရိပ်ပင့်ကူဘုရင်မက သူ မဖြေနိုင်တော့သည်အထိ ပဟေဠိများကို ဆက်တိုက်မေးချင်နေခြင်း ဖြစ်သည်။ သူ အဖြေမပေးနိုင်သည်နှင့် တစ်ပြိုင်နက် သူမက သူ၏ ဦးနှောက်ကို စုပ်ယူပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲကာ တစ်စစီ စားသောက်ပစ်လေမည်။

သို့သော် လန်လင်း၏ လျင်မြန်သည့် တွေးခေါ်နိုင်စွမ်းက သူမကို အကျပ်ရိုက်သွားစေသည်။

“ကောင်းပြီ... နင်ကစားနည်းအတိုင်း ကစားကြတာပေါ့။ ဒီတစ်နပ်အတွက် မေးခွန်းနှစ်ခု ဖြေမယ်။ နောက်တစ်နပ်အတွက် သုံးခုဖြေမယ်။ နင် ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။”

ဘုရင်မက သူမ စားသုံးခဲ့ဖူးသည့် လူများ၏ မှတ်ဉာဏ်များထဲ၌ ရှာဖွေလိုက်ပြီး ပို၍ ခက်ခဲသော ပဟေဠိတစ်ခုကို စဉ်းစားလိုက်၏။

“အပြာရောင်နဲ့ ခရမ်းရောင်ကို ပေါင်းလိုက်ရင် ဘယ်စာလုံး ဖြစ်သွားမလဲ။”

လန်လင်းက သူမ အချိန်ရေတွက်သည်ကိုပင် မစောင့်တော့ဘဲ ပဟေဠိကို ချက်ချင်း ဖြေလိုက်သည်။ သူ၏အမြင်၌ ဤပဟေဠိများက ကလေးကစားစရာသာ ဖြစ်၏။

“အားးး” ဘုရင်မ ဒေါသထွက်သွားသည်။ လန်လင်းကို အရှင်လတ်လတ် ဝါးစားရန် အသင့်ပြင်လိုက်ပြီး သူမ၏ အစွယ်များကို ထုတ်ပြလိုက်၏။

လန်လင်းက အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။ “လုပ်လေ... အခုချက်ချင်း ကျုပ်ဦးနှောက်ကို စုပ်ယူလိုက်လို့ရတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရင် မင်းကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်လိုက်တာပဲ။ ဒါက မင်းစိတ်ထဲမှာ အမည်းစက်တစ်ခု ဖြစ်ကျန်ရစ်လိမ့်မယ်။ ကျုပ်ကို တရားမျှတစွာ အနိုင်ယူနိုင်လောက်တဲ့အထိ မင်း ဉာဏ်မကောင်းဘူးဆိုတာ အမြဲ သတိရနေလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်းက ထာဝရ ရပ်တန့်သွားပြီး ဘယ်တော့မှ ပိုသန်မာလာမှာ မဟုတိတော့ဘူး။”

ဘုရင်မ ရပ်သွားသည်။ လန်လင်း၏ စကားများက အလွန် အဓိပ္ပာယ်ရှိနေကြောင်း သူမ သဘောပေါက်သွား၏။

“ငါ့ရဲ့ ရှည်လျားတဲ့ သက်တမ်းတစ်လျှောက်မှာ ဘာလို့ ဒီလောက်တောင် ပျော်ရွှင်နေခဲ့တာလဲ။ ဘာလို့ အချိန်တွေက ငါ့အတွက် အလွယ်တကူ ကုန်ဆုံးသွားရတာလဲ။ ငါ့ဉာဏ်ပညာကြောင့်ပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိလို့ပဲ။”

“ဒီနေ့ ငါသာ စည်းကမ်းကို ဖောက်ဖျက်ပြီး ဒီလူချောလေးကို စားလိုက်ရင် ငါက အရူးတစ်ယောက်ဆိုတာ သက်သေပြနေသလိုပဲ။ ငါ့ဂုဏ်ယူဝင့်ကြွားမှုနဲ့ ယုံကြည်မှုတွေအကုန်လုံးက အတုအယောင်တွေ ဖြစ်သွားလိမ့်မယ်။ ဒီကျရှုံးမှုက ငါ့စိတ်ထဲမှာ ထာဝရ ခြောက်လှန့်နေပြီး ဘယ်တော့မှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။”

“မဖြစ်ဘူး။ ငါ စည်းကမ်းကို မဖောက်ဖျက်နိုင်ဘူး။ လူသားတွေကို သူတို့ အတော်ဆုံးဖြစ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးကို သုံးပြီး ငါ အနိုင်ယူရမယ်။ ဒါမှသာ သူတို့ထက် ပိုဉာဏ်ကောင်းပြီး ပိုသာတယ်ဆိုတာ သက်သေပြနိုင်လိမ့်မယ်။”

ဆာလောင်မှုကို ဖိနှိပ်ရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် ဘုရင်မက ဆွဲဆောင်မှုရှိစွာ ပြောလိုက်၏။ “ကောင်းပြီ... ဒီညတော့ ငါ ဗိုက်ဆာခံရမယ့်ပုံပဲ။ ဒါပေမဲ့ မပူနဲ့။ နောက်ရှစ်နာရီကြာရင် ငါ့မနက်စာစားချိန် ရောက်ပြီ။ ပိုခက်တဲ့ ပဟေဠိသုံးခုက နင့်ကို စောင့်ကြိုနေလိမ့်မယ်။ လူချောလေး... နင် နောက်ထပ် ရှစ်နာရီလောက် အသက်ရှင်ခွင့် ရသွားပြီ။”

ထိုသို့ပြောပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာမက ပျောက်ကွယ်သွား၏။

ဂူထဲ၌ တွဲလောင်းချကာ ဖမ်းဆီးခံထားရသည့် လူများအားလုံး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကြသည်။ မိစ္ဆာမ၏ အစာစားချိန်အတွင်း မည်သူမှ အသတ်မခံရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

လူတိုင်းက လန်လင်းအား နက်ရှိုင်းသည့် လေးစားမှု ၊ ကျေးဇူးတင်မှုတို့ဖြင့် ကြည့်လိုက်ကြသည်။ လန်လင်းက သူ့ကိုယ်သူ ကယ်တင်နေရုံသာမက သူတို့အားလုံးကိုပါ ကယ်တင်နေခြင်း ဖြစ်၏။

လန်လင်း မျက်လုံးမှိတ်ကာ အိပ်စက်လိုက်သည်။ လက်ရှိအချိန်၌ ကြောက်လန့်နေ၍ အကျိုးမရှိပေ။ သူ၏ စွမ်းအင်များကို ချွေတာပြီး ရှစ်နာရီအကြာ၌ ရင်ဆိုင်ရမည့် စမ်းသပ်မှုအတွက် စိတ်ကို ပြင်ဆင်လိုက်သည်။

**--**--**--**--**--**--**--**

ရှစ်နာရီ ကုန်လွန်သွား၏။ ရုတ်တရက် ဘုရင်မက လန်လင်းထံသို့ ပြေးဝင်လာသည်။ သူမ၏ မျက်လုံးများက သွေးရောင်အလား နီရဲတောက်ပနေ၏။ သူမ၏ ဗိုက်က ကျယ်လောင်စွာ မြည်ဟည်းနေပြီး ပြုံးဟန်ဆောင်နေခြင်းတို့သည်လည်း ရပ်သွားလေပြီ။

ဘုရင်မက စိတ်မရှည်စွာ ပြောလိုက်သည်။ “ဒီနေ့ နင်ဖြေရမယ့် ပဟေဠိသုံးခု ရှိတယ်။ ပြောစမ်း... နေနဲ့လက ဘယ်နေ့ အတူတူ ထွက်ပေါ်လာမလဲ။”

အခြားသူများ ထိုမေးခွန်းကို ကြားချိန်၌ အပြင်းအထန် စဉ်းစားလိုက်ကြ၏။ သို့သော် သူတို့ မည်မျှပင် စဉ်းစားစေကာမူ ထိုနေ့မျိုး ရောက်လာမည်မဟုတ်ဟု ခံစားမိကြသည်။

ကမ္ဘာမြေပေါ်၌ လက မှေးမှိန်နေလျှင်တောင်မှ နေနှင့်လကို ကောင်းကင်ယံ၌ တစ်ချိန်တည်း မြင်တွေ့နိုင်သည့် အခိုက်အတန့်များ ရှိတတ်၏။ သို့သော် ဤထူးဆန်းသော ကမ္ဘာ၌မူ နေနှင့်လက ကောင်းကင်ယံအား မည်သည့်အခါမျှ မျှဝေသုံးစွဲခြင်း မရှိချေ။

လူတိုင်းက လန်လင်းအား သနားကြင်နာစွာဖြင့် ကြည့်လိုက်ကြသည်။ သေချာပေါက် သေလူတစ်ယောက် ဖြစ်သွားပြီဟု ထင်မှတ်လိုက်ကြ၏။

ဘုရင်မက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ဤလူချောလေး ထောင်ချောက်မိသွားလေပြီ။ သူမ နောက်ဆုံး၌ အရသာရှိသည့် ဦးနှောက်ကို ခံစားနိုင်တော့မည် ဖြစ်၏။

လန်လင်း တည်ငြိမ်စွာ ဖြေလိုက်သည်။ “မနက်ဖြန်။”

ဤကမ္ဘာ၌ နေနှင့်လက ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်အခါမျှ အတူတကွ မထွက်ပေါ်ချေ။ သို့သော် နေ (日) စာလုံးနှင့် လ (月) စာလုံးကို ပေါင်းလိုက်သောအခါ မနက်ဖြန်ဟု အဓိပ္ပာယ်ရသည့် (明) စာလုံး ဖြစ်ပေါ်လာ၏။

ဘုရင်မ၏ မျက်နှာ ပျက်သွားသည်။ ဂူထဲရှိ လူတိုင်းတို့သည်လည်း အဖြေကို ရုတ်တရက် နားလည်သွားပြီး လန်လင်းကို ပို၍ပင် အံ့အားသင့်စွာ စိုက်ကြည့်လိုက်မိကြ၏။

ဘုရင်မမှာတော့ ဒေါသကြောင့် စိတ်လွတ်မတတ် ဖြစ်နေသည်။ သူမက အံကြိတ်လျက် ပြော၏။ “အမလေး...။ နင် တော်တော်ဉာဏ်ကောင်းတာပဲ။ ကဲ... ဒုတိယမေးခွန်း အလှည့်ရောက်ပြီ။ မနက်ခင်းမှာ ခြေလေးချောင်းနဲ့ လမ်းလျှောက်တယ်။ နေ့လယ်မှာ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တယ်။ ညနေကျတော့ ခြေသုံးချောင်းနဲ့ လမ်းလျှောက်တယ်။ အဲဒါ ဘာလဲ။”

လန်လင်း စကားပင် မဆိုနိုင်တော့ချေ။ ဤသည်က ကမ္ဘာပေါ်၌ ရှေးအကျဆုံး ပဟေဠိပင် ဖြစ်သည်။

သူ လွယ်ကူစွာပင် ဖြေလိုက်၏။ “လူပဲ။ ကလေးဘဝမှာ ခြေလက်လေးဖက်နဲ့ တွားသွားတယ်။ ကြီးလာတော့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တယ်။ အိုလာတော့ တုတ်ကောက်သုံးတယ်... ဒါကြောင့် သုံးချောင်းဖြစ်သွားတာပေါ့။”

“အားးး အားးး” ဘုရင်မက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ လှပသည့် မျက်နှာပင်လျှင် ကြမ်းကြုတ်စွာ တွန့်လိမ်သွား၏။

သူမကိုယ်သူမ အတင်းအကျပ် စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ဆိုလိုက်၏။ “ကဲ... အခု မေးခွန်းအသစ်တစ်ခု လာပြီ။ နင် ဖြေနိုင်ရင် နင့်ကို ငါ လွှတ်ပေးမယ်။ မဖြေနိုင်ရင်တော့ နင် သေရမယ်။ နင့်ဦးနှောက်ကို ခန်းခြောက်သွားတဲ့အထိ ငါ စုပ်ယူပစ်မယ်။”

ထို့နောက် သူမက လုံးဝ ဖြစ်နိုင်ခြေမရှိသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။

လန်လင်း မျက်မှောင်ကျုံ့လိုက်၏။ သူ သံသယဝင်ထားသည့်အတိုင်းပင် ဘုရင်မက ကတိကို ချိုးဖောက်လေပြီ။ သူမက အဖြေမှန်မရှိသော ပဟေဠိတစ်ခုကို တမင်သက်သက် ပေးလာခြင်းပင်။

ဘုရင်မက အောင်ပွဲခံသည့်အလား ရယ်မောလိုက်သည်။ “ဟားဟားဟား... နင် မဖြေနိုင်ဘူးမလား။ ဒါဆို နင် သေပြီသာမှတ်။”

သတိပေးခြင်းမရှိဘဲ သူမ၏ ကြောက်မက်ဖွယ် လက်သည်းများကို ဆန့်ထုတ်လိုက်ကာ လန်လင်း၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသည့် ပင့်ကူမျှင်များအားလုံးကို ဆွဲဖြဲလိုက်၏။ ထို့နောက် လန်လင်းကို လေထဲသို့ မြင့်တက်လာစေရန် မတင်လိုက်သည်။

“ဉာဏ်ကောင်းတဲ့ ကောင်လေး... နင့်ဦးနှောက်က တကယ်ကို ဘယ်လောက်တောင် အရသာရှိမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။” ဘုရင်မ၏ သေစေနိုင်သည့် အစွယ်များက လန်လင်း၏ ဦးခေါင်းခွံထဲသို့ ထိုးဖောက်ဝင်ရောက်ရန် အသင့်အနေအထားဖြင့် ပိုမို နီးကပ်လာ၏။

လန်လင်းမှာ အလွန် ဆိုးရွားသည့် သေဆုံးမှုနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။

အပိုင်း ၈၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဒီစာက အရေးကြီးပါတယ်ဗျ။ ကျေးဇူးပြု၍ ဖတ်ပေးပါ။

ကျွန်တော် မနက်နိုးကတည်းကနေ ညအိပ်တဲ့အထိ စာရေးပါတယ်ဗျ။ ကြားထဲတော့ လုပ်စရာရှိတာ လုပ်တယ်ပေါ့။ ကျွန်တော် တစ်နေ့လုံး အစွမ်းကုန် အားထုတ်ရေးရင်တောင် တစ်နေ့လုံးမှ ၆ ပိုင်း မိုင်ကုန်ရပါတယ်။ တစ်ခါတစ်လေတော့ ၇ ပိုင်းရပါတယ်။ တစ်ပိုင်းဖတ်ရင်သာ ၃ မိနစ်ဆိုပေမဲ့ ရေးရင်တော့ ၂ နာရီဝန်းကျင်လောက် ကြာပါတယ်ဗျ။ 😅

အဲ ၆ ပိုင်းရဖို့ ကျွန်တော် ၁၂ နာရီလောက် ရေးရပါတယ်။ အခြားသူတွေ တစ်အုပ်ရတယ် ဘာညာကတော့ သူတို့ ဘယ်လိုရေးလဲ ဘာနဲ့ရေးလဲ ကျွန်တော်လည်း မသိပါဘူးဗျ။

ဆိုတော့ကာ ကျွန်တော် တစ်ရက် Paid တစ်အုပ်။ Free တစ်အုပ် လှည့်ပြီးတော့ တင်မယ်ဗျ။

Paid မှာ အပိုင်း ၁၀ အပြည့်ပါပါမယ်။ ဒါပေမဲ့ Free ကိုတော့ Paid ရဲ့ ၅ ပိုင်းကိုပဲ ၁၀ ပိုင်း ခွဲပြီးတော့ တင်ပါမယ်ဗျ။ စေတနာမပါလို့ မဟုတ်ရပါဘူး။ ဘာလို့ ဒီလိုတင်လဲ ရှင်းပြမယ်ဗျ။

ကျွန်တော်ကြိုရေးထားတာက အပိုင်းအပြည့် ၂၀၀ ကျော်ပြီဗျ။ Paid နေ့ကြ ကျွန်တော် ၇ ပိုင်းရေးတယ်ထား ၊ ၁၀ ပိုင်းတင်ဖို့ ၂၀၀ ထဲက ၃ ပိုင်းနုတ်လိုက်ပါ။ Free နေ့ကြရင် ကျွန်တော် ၇ ပိုင်းထပ်ရေးမယ်။ ဒါပေမဲ့ Free မှာ Paid ရဲ့ ၅ ပိုင်းပဲ ပါတော့ ၂ ပိုင်းပိုရေးတယ်ဗျ။ အဲပိုတဲ့ ၂ ပိုင်းကို ကြိုရေးတဲ့အထဲ ပြန်ပေါင်းပေါ့။ ဒါဆိုရင် စာစဥ်အစကနေ အဆုံးထိ ကျွန်တော် Free တစ်လှည့် Paid တစ်လှည့် အဆုံးထိ တစ်ရက် တစ်အုပ် တစ်ရက်မှ မပျက်ပဲ တင်နိုင်မယ်ဗျ။

ဒါဆိုရင် နားလည်မယ်လို့ ထင်ပါတယ်။ နောက်ပိုင်းကြရင် Free ၃ ရက် ဆက်တိုက် ဘာညာ ထည့်ပေးမယ်ဗျ။ လောဆယ်တော့ ရေနဲ့ထမင်းဖြစ်နေလို့ Paid တစ်လှည့် Free တစ်လှည့် သွားပါရစေ 😌

ရှုပ်နေရင် ၁၅ ပိုင်းကို ၅၀၀ နဲ့ ဖတ်ရတယ်လို့လည်း မှတ်ယူလို့ ရပါတယ်ဗျ။

၉ ၊ ၁၀ Paid သွားမယ်နော်။

11 free

12 paid

13 free

14 paid… အဲကနေ အဆုံးအထိ တစ်လှည့်ဆီ 🤍

All Chapters