အခန်း ၁၂၈၉
Vol. 129 Ch. 1289
အခန်း (၁၂၈၉) မြောက်ပိုင်းတိုက်ကြီးမှာ ဘယ်သူက နံပါတ်တစ်လဲ
ကောင်းကင်မျှော်စင်တောင်
လင်းရွှီဂူမှ တပည့်များစွက ဗောဓိဂိုဏ်းမှ သူခိုးများ၏အလောင်းများကို ရှင်းလင်းပြီးဖြစ်၏။ နောက်ဆုံးတွင် သူတို့၌ခိုင်လုံသော သက်သေအထောက်အထားများ ရှိသွားပြီ ဖြစ်သည်။
၎င်းတို့ကို ဖုံးကွယ်မထားခဲ့သည့်အပြင် တောင်ပေါ်တွင်မြင့်မားစွာ ချိတ်ဆွဲထားလိုက်ကြသည်။
"မင်း အဆင်ပြေရဲ့လား။" သတင်းကြား၍ ရောက်ရှိလာသော လင်းရွှီကျစ်က ပထမဦးစွာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးနောက်၊ သူ၏ လက်ထဲရှိ နက်ရွှေရောင် ဇင်တောင်ဝှေးကို ကြည့်ကာ ရှန်းယီထံသို့ ပြန်ပစ်ပေးလိုက်သည်။
ဤပစ္စည်းက ကောင်းမွန်ပြီး အတွင်း၌ပါဝင်သော ပေါများလှသည့် ကပ်ဘေးစွမ်းအားကြောင့် သူပင်လျှင် အနည်းငယ်စိတ်ဝင်စားသွားခဲ့သော်လည်း၊ ၎င်းမှာ နောက်ဆုံးတွင် ဗုဒ္ဓရတနာတစ်ခုဖြစ်ပြီး မသေမျိုးများအနေဖြင့် ၎င်း၏နတ်ဘုရား စွမ်းရည်များကို အသက်သွင်းရန် ခက်ခဲရာ၊ စားရမှာလည်း သဲတရှပ်ရှပ်ပစ်ရမှာလည်း အဆီတဝင်းဝင်းဆိုသကဲ့သို့ အသုံးမဝင်လှပေ။
သို့သော် ၎င်းကို အမှတ်တရအဖြစ် သိမ်းဆည်းထားခြင်းကတော့ မဆိုးလှသော အကြံတစ်ခု ဖြစ်၏။
ဤသည်မှာ မြောက်ပိုင်းတိုက်ကြီးတွင် လင်းရွှီဂူ မျိုးဆက်ခွဲအတွက် အခမ်းနားဆုံးသော အချိန်ဖြစ်လောက်ပေသည်။
"တပည့် အထိအခိုက် မရှိပါဘူး။" ရှန်းယီက ခေါင်းခါပြပြီး ဇင်တောင်ဝှေးကို သိမ်းဆည်းလိုက်၏။
"ကံကောင်းသွားလို့ပါ။ အကယ်၍ ဒီလူတွေ မဟုတ်ဘဲ မင်းနဲ့ ကျင့်ကြံခြင်း တူညီတဲ့ ဗောဓိဂိုဏ်းက ကောင်းကင်ပါရမီရှင်တွေသာ ဒီပစ္စည်းကို ကိုင်ဆောင်လာခဲ့မယ်ဆိုရင်၊ ဆရာတစ်ယောက်အနေနဲ့တောင် မင်းကို အချိန်မီ ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်။"
လင်းရွှီကျစ် က စိတ်လှုပ်ရှားမှုဖြင့် ပြုံးလိုက်၏။ ကျင့်ကြံသူတစ်ဦးအတွက် အရည်အချင်းက အရေးကြီးသော်လည်း၊ သူတို့၏ အဆင့်တွင် မည်သူက ကြီးမားစွာကွာခြားသော အရည်အချင်း ရှိနိုင်မည်နည်း။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ခန့်မှန်းရခက်သော ကံကောင်းမှု အနည်းငယ်ကို ပိုင်ဆိုင်နိုင်ခြင်းက ပို၍ပင် တန်ဖိုးရှိလှသည်။
ရှန်းယီက ဤအချက်ကို မငြင်းဆိုခဲ့ပေ။
ငါးကြိမ် သွေးသန့်စင်ခြင်း ဗုဒ္ဓရတနာများ၏ စွမ်းအားကို သူ ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။
မြောက်ပိုင်းတိုက်ကြီးတွင် သူကိုယ်ထင်ပြလာသည်မှာ သိပ်မကြာသေးသော်လည်း တောင်ပိုင်းဍုမေဏုမှ လူများ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ယနေ့ အသက်ရှင်သန်ခဲ့ရခြင်းမှာ အမှန်တကယ်ပင် ကံကောင်းခြင်းကြောင့် ဖြစ်သော်လည်း၊ အခြားနည်းလမ်းတစ်ခုဖြင့် ဆိုရသော်... ထို မဟာလွတ်လပ်ခြင်း သန့်စင်သောကမ္ဘာ ဗောဓိသတ္တက ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားခဲ့ခြင်းကြောင့် ဖြစ်သည်။
တိကျသော အကြောင်းရင်းကို သူ မသိသော်လည်း၊ မဟာဂိုဏ်းကြီးများကြားရှိ ကိစ္စရပ်များနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် ဖြစ်နိုင်သော်လည်း၊ ခိုင်ယွမ်စီရင်စု၏ ကိစ္စများက သန့်စင်သောကမ္ဘာ ဆရာတော်၏ နားထဲသို့ ရောက်သွားသောအခါ၊ နောက်တစ်ကြိမ်တွင် ဤကဲ့သို့ ကံကောင်းမှုမျိုး ရှိချင်မှ ရှိတော့မည်။
ရှန်းယီ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လင်းရွှီကျစ် က သူ၏ယခင်စကားများကြောင့် ကြောက်ရွံ့သွားသည်ဟု ထင်ကာ ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။ "စိတ်မပူပါနဲ့၊ နောက်တစ်ကြိမ်ရှိလာမှာ မဟုတ်ဘူး။ ဒီမှာ ရှုပ်ထွေးတဲ့ကိစ္စတွေ အများကြီး ပါဝင်နေတယ်။"
"ဆရာ၊ ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ။"
ရှန်းယီက မော့ကြည့်လိုက်၏။ လင်းရွှီကျစ် က သူနှင့် တောင်ပိုင်းဍုမေဏုကြားရှိ ကိစ္စများကို မသိသလို၊ တစ်ဖက်လူ၏ဆုံးဖြတ်ချက်က တန်ဖိုးမရှိသော်လည်း မဟာဂိုဏ်းကြီး၏ သတင်းအချက်အလက်များကို စူးစမ်းရန် မည်သည့် အခွင့်အရေးကိုမျှ သူ လက်လွတ်ခံမည် မဟုတ်ပေ။
"ဇင်တောင်ဝှေးရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်း မှတ်မိလား။"
လင်းရွှီကျစ်က မျက်ခုံးပင့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "အစောပိုင်းက ငါ မှားမကြည့်မိဘူးဆိုရင် အဲဒါက တောင်ပိုင်းဍုမေဏုက အဲဒီ သန့်စင်သောကမ္ဘာ ဆရာတော်ဖြစ်နိုင်တယ်။ တောင်ပိုင်းကလာတဲ့ လက်တစ်ဖက်ဖြစ်နေတော့၊ တတိယအဆင့် ပြီးပြည့်စုံခြင်း ဗောဓိသတ္တ တစ်ပါးက သူ့လက်အောက်မှာရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတစ်ကြိမ်မင်းကို လုပ်ကြံဖို့ လာတဲ့ အုပ်စုက သူ စုဆောင်းနိုင်သမျှအသန်မာဆုံး လူစာရင်း ဖြစ်လောက်တယ်။"
"ဘာဖြစ်လို့လဲ။" ရှန်းယီသည် ထိုအကြောင်းရင်းကို အမှန်တကယ် ရှင်းရှင်းလင်းလင်း မသိပေ။
လင်းရွှီကျစ်က ဤအသေးအဖွဲ ကိစ္စများအကြောင်း ထပ်မံ ပြောဆိုရန် စိတ်မပူဘဲ သူ၏နှုတ်ခမ်းထောင့်များတွင် အနည်းငယ်သော အပြုံးတစ်ခုက တွဲခိုနေ၏။ "မင်းက တောင်ပိုင်းတိုက်ကြီးက လာတာ၊ အဲဒါကို နည်းနည်း ထူးဆန်းတယ်လို့ မထင်ဘူးလား။ နတ်ဘုရားမင်းဆက် ရဲ့ အခြေခံအုတ်မြစ်က တိမ်ကောနေပေမယ့်၊ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တချို့ ရှိနေရင်တောင်၊ အကယ်၍ တောင်ပိုင်းဍုမေဏုကသာ တကယ် အင်တိုက်အားတိုက် လုပ်ခဲ့မယ်ဆိုရင် သူတို့က ဘာလို့ဒီနေ့အထိ တောင်ပိုင်းတိုက်ကြီးကို မဖောက်ထွင်းနိုင်သေးတာလဲ။"
သူက စကားကို လှည့်ပတ်မနေဘဲ တိုက်ရိုက် ပြောလိုက်၏။ "ဒီကပ်ဘေးကို စတင်ဖို့ဆိုတာ အဓိက ဂိုဏ်းကြီးနှစ်ခုရဲ့အကြံဉာဏ်ပဲ၊ ဒါပေမယ့် ဂိုဏ်းထဲမှာ တကယ်တမ်း ဒီမဟာကပ်ဘေးကို စိတ်မဝင်စားတဲ့ အကြီးအကဲ နှစ်ယောက် ရှိတယ်။"
"တစ်ပါးက အရပ်မျက်နှာငါးခုဧကရာဇ်တွေထဲက ဟောက်ထူဧကရီပဲ။"
လင်းရွှီကျစ် က ဤရိုသေလေးစားရသော နာမည်ကို ဖော်ပြသောအခါ ပတ်ဝန်းကျင်တွင် အပြင်လူများမရှိသော်လည်း ကောင်းကင် ကန့်လန့်ကာ ဆီသို့ သူ၏လက်ကို အနည်းငယ် ဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက်၊ ရှန်းယီကို ကြည့်ကာ မေးလိုက်၏။ "ဒီနောက်ကွယ်က အကြောင်းရင်းကို မင်း သိလား။"
"တပည့် မသိပါဘူး။" ရှန်းယီက ထိုဧကရီကို တွေ့ဖူးခြင်းပင်မရှိရာ အခြားကိစ္စများကို ပြောဖွယ်ရာ မရှိပေ။
"တစ်နေ့ မင်းက ငါ့လို တာ့လော်ရွှေမသေမျိုး နယ်ပယ်ကို ရောက်လာခဲ့ရင်၊ ကျင့်ကြံခြင်းအပေါ် သီးသန့်အားကိုးခြင်းအားဖြင့် မင်းက လမ်းကြောင်းရဲ့ အဆုံးသတ်ကို ရောက်သွားပြီဆိုတာ တွေ့ရလိမ့်မယ်။ ရွှေမသေမျိုးတွေရဲ့ ခွန်အားကို နတ်ဘုရားစွမ်းရည်တွေနဲ့ ဝိညာဉ် ရတနာ တွေက ခွဲခြားပေးတာ၊ ကျင့်ကြံခြင်းကွာဟချက် တစ်ခုခုကြောင့် မဟုတ်ဘူး။"
"ဒုတိယအဆင့်မှာ ကန့်သတ်ချက် တစ်ခုတည်းပဲ ရှိတယ်။"
"ဒီကန့်သတ်ချက်ကို ဗောဓိဂိုဏ်းမှာ ဂုဏ်ပြုထိုက်သော ကတိသစ္စာလို့ ခေါ်ပြီး၊ ငါတို့ဂိုဏ်းမှာတော့ မသေမျိုးကတိသစ္စာလို့ ခေါ်တယ်၊ ဒါပေမယ့် တကယ်တမ်းတော့ အဲဒါတွေက တူညီတဲ့ အရာတွေပါပဲ။"
"ကောင်းကင်တာအိုကို ကတိသစ္စာပြုပါ၊ ကတိတစ်ခု ပေးပါ။ အကယ်၍ ဒီကိစ္စကိုမပြီးမြောက်ဘူးဆိုရင်၊ ဧကရာဇ် သို့မဟုတ် အစစ်အမှန် ဗုဒ္ဓဖြစ်လာဖို့ အဲဒီကတိသစ္စာက ဘယ်တော့မှပြည့်စုံလာမှာ မဟုတ်ဘူး။"
"မသေမျိုးကတိသစ္စာ ဒါမှမဟုတ် ဂုဏ်ပြုထိုက်သော ကတိသစ္စာကို ပြုလုပ်ခြင်းအားဖြင့် သာမန် ဒုတိယအဆင့်တွေထက်များစွာ သာလွန်တဲ့ ခွန်အားကို ရရှိနိုင်တယ်၊ ဒါပေမယ့် ကနဦး အနေနဲ့ကတော့ ဒီကိစ္စက ကောင်းကင်တာအို ဆီက တုံ့ပြန်မှုတစ်ခုကိုရရှိဖို့ လုံလောက်အောင် အရေးပါဖို့ လိုအပ်တယ်။"
"အကယ်၍ တစ်စုံတစ်ယောက်က မသေမျိုးကတိသစ္စာကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်၊ သူတို့က အစစ်အမှန် ဗုဒ္ဓ နဲ့ ဧကရာဇ်တွေကြားမှာ အဆင့်အတန်းတစ်ခုအတွက် ယှဉ်ပြိုင်နိုင်တယ်။"
"သေချာတာပေါ့၊ စျေးနှုန်းတစ်ခုအနေနဲ့ ကတိသစ္စာကိုပြောင်းလဲလို့ မရဘူး၊ ပြီးတော့ တိုးတက်မှု မရှိဘဲအချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ ကောင်းကင်တာအို ရဲ့ တန်ပြန်သက်ရောက်မှုတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်... ဒါက ရွှေမသေမျိုးတွေနဲ့ မဟာလွတ်လပ်ခြင်းဗောဓိသတ္တတွေ ဒီဘဝကို အဆုံးသတ်ဖို့တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်တယ်။"
"ဒါကြောင့် ဂိုဏ်းနှစ်ခုစလုံးမှာ ဒုတိယအဆင့် ကျင့်ကြံသူတွေ မနည်းဘူး၊ ဒါပေမယ့် အရမ်း နည်းပါးတဲ့ လူနည်းစုကပဲ ရှေ့ထွက်ပြီး ကြိုးပမ်းဖို့ ရဲဝံ့ကြတယ်၊ လူတိုင်းနီးပါးက အခြေခံအုတ်မြစ်အဖြစ် ကပ်ဘေးစွမ်းအားကို စုဆောင်းနေကြပြီး သူတို့ အပြည့်အဝပြင်ဆင်ပြီးတဲ့ နေ့ကို စောင့်ဆိုင်းနေကြတာ။"
ဤနေရာသို့ ရောက်သောအခါ လင်းရွှီကျစ်က သက်ပြင်းချခြင်းကို မတားဆီးနိုင်ခဲ့ပေ။ သေချာသည်မှာ သူသည်လည်း တိုးတက်မှု မရှိသော အုပ်စုထဲတွင် ပါဝင်နေခြင်း ဖြစ်၏။ "ဒါပေမယ့် ဒီကိစ္စတွေက လောလောဆယ် မင်းနဲ့ သိပ်မဆိုင်သေးပါဘူး။ ငါ ပြောချင်တာက မသေမျိုးကတိသစ္စာ ဧကရီက မင်းရှေ့မှာ မြင်နေရတဲ့ နတ်ဘုရား မင်းဆက်တည်ထောင်တာကို ထောက်ခံဖို့ တစ်ခါက ကတိပြုခဲ့ဖူးတယ်။"
"ဒီ နတ်ဘုရားမင်းဆက်က သူမနဲ့ ရှုပ်ထွေးစွာ ဆက်စပ်နေတယ်။ ဂိုဏ်းချုပ်ရဲ့ဆန္ဒ နဲ့ လောကကြီးရဲ့ကြီးမားတဲ့ အရှိန်အဟုန်ကို သူမ မဆန့်ကျင်နိုင်ပေမယ့်၊ သူမကလည်း ပါဝင်ပတ်သက်ဖို့ ဆန္ဒမရှိဘူး။"
အနည်းငယ်လမ်းလွဲသွားသော်လည်း လင်းရွှီကျစ်၏ စကားများကို ရှန်းယီက အာရုံစိုက်ကာ မှတ်သားထားလိုက်၏။
အဘိုးအိုက အကြောင်းအရာကို လမ်းကြောင်းမှန်ပေါ်သို့ပြန်လည်ပြောင်းလဲလိုက်သည်။ "ဟောက်ထူ ဧကရီ အပြင် ကပ်ဘေးကိုစိတ်မဝင်စားတဲ့ နောက်တစ်ယောက်ကတော့ မင်းတို့တောင်ပိုင်းတိုက်ကြီးရဲ့ ကံကြမ္မာတွေကို ထိန်းချုပ်ထားတဲ့ အနာဂတ် ဗုဒ္ဓ ပဲ။"
"ဘာဖြစ်လို့လဲ။"
ရှန်းယီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ အဘိုးအို ပြောသည်မှာ မှန်သည်။ အကယ်၍ တောင်ပိုင်းဍုမေဏု၏ အခြေခံအုတ်မြစ်က မြောက်ပိုင်းတိုက်ကြီးရှိ မသေမျိုးသုံးပါးဂိုဏ်း ကို မယှဉ်နိုင်လျှင်ပင်၊ ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းလုပ်ဆောင်နိုင်စွမ်းရှိသော ဗောဓိသတ္တ အနည်းငယ်ကို စေလွှတ်ရန်မှာ ကိစ္စမရှိလောက်ပေ။
ကိုယ့်တိုငိနှင့် အခြားသူများကိုသာ အားကိုးပြီး တောင်ပိုင်းတိုက်ကြီး၏စီရင်စု နှစ်ဆယ့်ခုနစ်ခုကို ထိန်းသိမ်းထားရန် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိနေ၍လော။
"သူလား။" ဗောဓိဂိုဏ်း၏ဂိုဏ်းချုပ် အကြောင်းကို ပြောရသောအခါ လင်းရွှီကျစ်၏ မျက်နှာပေါ်တွင် လေးစားမှု လျော့နည်းသွားပြီး၊ သူ စကားပြောစဉ်တွင်လှောင်ပြောင်မှုအချို့ ပါဝင်လာ၏။
"အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ ဒီဗုဒ္ဓ သုံးပါးက တစ်ပါးစီခေတ်တစ်ခုကို အုပ်ချုပ်ကြတယ်။ အကယ်၍ မဟာကပ်ဘေးက အောင်မြင်သွားမယ်ဆိုရင်၊ ပစ္စုပ္ပန်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အချိန်ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူက သိမှာလဲ။"