← Chapters

ဆရာကို အာခံခြင်း

Vol. 008 Ch. 365

ဆရာကို အာခံခြင်း

Vol. 008 Ch. 365

ကျောက်ရီကလွဲ၍ သည်မြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။ သူ့ခန္ဓာကိုယ်က တစ်ဝက်တိတိ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။ သူက သူမကို တည်ငြိမ်စွာ ကြည့်နေ၏။

“ထန်အာ …။ နောက်ဆံမတင်းပါနဲ့ … သွားပါတော့ …”

ရုတ်တရက် အမျိုးသမီးအလောင်းထံမှ အံ့အားသင့်ဖွယ်အသံတစ်ခု ထွက်ပေါ်လာ၏။ “နင်မသေရဘူး …”

ထိုအခိုက်တွင် ကောင်းကင်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ အမျိုးသမီး အလောင်းကောင်၏ စကားကြောင့် သူတို့အထက်ရှိ အစိတ်အပိုင်းသည် ရုတ်တရက် ပြိုကျသွားသည်။

အဆုံးမဲ့ ပြင်းထန်သည့်လေများက ကောင်းကင်ထက်မှ ဆင်းသာလာ၏။ မြေပြင်သည်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

အမျိုးသမီးအလောင်းက တဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။

ဘန်း …။ဘန်း …။

သူမ မျက်လုံးဖွင့်လိုက်သည့် အခိုက်တွင် မြေပြင်က အစိတ်စိတ် ကွဲကြေကုန်သည်။ ဝမ်လင်းတို့ အောက်ခြေရှိ မြေပြင်သည်သာမက သူ့တို့အစိတ်အပိုင်း အောက်ရှိ အစိတ်အပိုင်းနှစ်ခုပါ ပြိုကျကုန်၏။

ဝမ်လင်းမျက်လုံးထဲ၌ တုန်လှုပ်မှုများဖြင့် ပြည့်နေ၏။ သူက နောက်သို့ ချက်ချင်း ဆုတ်လိုက်သည်။ သူက တုန်လှုပ်ရန်သာ တက်နိုင်၏။ ချီဟူမျက်လုံးထဲ၌လည်း မယုံကြည်ဟန်များ ပြည့်နှက်နေသည်။

အဘိုးအို၏မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက တစ်စုံတစ်ခုကို မှတ်မိလိုက်သည်။ ထို့နောက် သူ့အသွင်က နက်ရှိုင်းစွာ ကြောက်ရွံ့မှုတစ်ခုသို့ ပြောင်းသွားသည်။

“ပထမမိုးဓား … ထွက်ပေါ်လာတာလား …”

သူ့တို့အောက်ခြေမှ ရွှေရောင် အလင်းတန်းတစ်ခုက ထိုးတက်လာသည်။ ရွှေရောင်အလင်းတန်းက နီးကပ်လာသည်နှင့် ဝမ်လင်းက အားကောင်းလှသော ဓားဆန္ဒက သူတို့ထံ တိုးဝင်လာနေသည်ဟု ခံစားရသည်။

သည်အမျိုးသမီး အလောင်းက ရှေ့သို့တိုး၍ သည်အလင်းကို ဖမ်းဆုပ်သည်။ ရုတ်တရက် ဓားတေးသံတစ်ခုက ကောင်းကင်ဘုံ နယ်မြေတစ်ခုလုံးအား ထွင်းဖောက် မြည်ဟည်းသွားသည်။

အမျိုးသမီး အလောင်းကောင်က ရွှေရောင်အလင်းတန်းကို ဆုပ်ကိုင်ထားပြီး ကျောက်ရီ၏ လောင်ကျွမ်းနေသာ မူလစိတ်ဝိညာဉ်ထံသို့ ညွှန်လိုက်သည်။ ကျောက်ရီ၏ မူလစိတ်ဝိညာဉ်က ရွှေရောင်အလင်းထဲ၌ နစ်မြုပ်သွားသည်။

“နင်က ငါ့ကို နှစ်နှစ်ထောင်ကျောက် ကာကွယ် စောင့်ရှောက်ပေးခဲ့တယ်။ နင် အရမ်းခက်ခဲခဲ့မှာပဲ။ ငါက နင့်ကို ကောင်းကင်ဘုံ ဓားစိတ်ဝိညာဉ်ကို ပေးလိုက်မယ်။ နှစ်တစ်သောင်းအတွင်း နင်က ကောင်းကင်ဘုံ အင်ပါယာတစ်ယောက် ဖြစ်လာရမယ် …”

သူမက လှည့်၍ ချီဟူနှင့် အဘိုးအိုတို့အား အေးစက်စွာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမအကြည့်က ဝမ်လင်းထံသို့ ကျရောက်သွား၏။ သူမက သူ့ကို ဂရုတစိုက်ကြည့်နေသည်။ ထို့နောက် သူမလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ စေတီက ဝမ်လင်းထံသို့ ပျံသန်းသွား၏။

ထို့နောက် သူမလက်ထဲရှိ ရွှေရောင်အလင်းတန်းက ဧရမနဂါးကြီးအသွင်သို့ ပြောင်း၍ သူမကို ခေါ်ဆောင်သွားပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။

ထိုအခိုက်တွင် ကောင်းကင်ဘုံနယ်မြေထဲရှိ မည်သည့် အစိတ်အပိုင်းမဆိုတွင် ရှိနေသာ ကျင့်ကြံသူ တစ်ယောက်စီက သည်ဓားတေးသံကို ကြားလိုက်ရပြီး ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။ သေခြင်းနှင့်ရှင်ခြင်းကြား တိုက်ခိုက်မှုက ရပ်တန့်၍ မရနိုင်ပေ။

ကောင်းကင်ဘုံနယ်မြေ၏ အလယ်ဗဟို ကျဆုံးအစိတ်အပိုင်းတွင် အစိမ်းရောင်အင်္ကျီဖြင့် ပညာရှိပုံစံကျင့်ကြံသူက ခေါင်မော့လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေ၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “မိုးကောင်းကင်ဘုံဓား၊ မှန်တယ်။ မိုးကောင်းကင်ဘုံဓားကသာ ဒီလိုဓားတေးသံကို ထုတ်လွှတ်နိုင်လိမ့်မယ် …” ထူးဆန်းသောအလင်းက သူ့မျက်လုံးထဲ၌ ပေါ်ထွက်လာခဲ့ပြီး သူက လေထဲသို့ ခုန်တက်လိုက်သည်။ ထို့နောက်သူက ဓားတေးသံ၏ ရင်းမြစ်ရှိရာဆီသို့ အလင်းတန်းတစ်ခုလို တစ်ဟုန်ထိုး ပျံသန်းလာခဲ့သည်။

အနောက်မြောက်ဘက် အစိတ်အပိုင်းပေါ်ရှိ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုကလည်း ကောင်ကင်ထက်ကို အလေးအနက် ကြည့်လိုက်သည်။ ထို့နောက် သူက အနည်းငယ်စဉ်းစား၍ ဓားတေးသံ ထွက်ပေါ်လာရာသို့ ဦးတည်လာခဲ့သည်။

“ဒါက မိုးကောင်းကင်ဘုံဓားလား …။ ငါ့တာလော့ကလန်က ဒီဟာကိုရရင် ငါတို့စွမ်းအားက အဆမတန် မြင့်တက်လာလိမ့်မယ် …”

သူက ပျံသန်းလိုက်ရာ လေထဲ၌ ဦးချိုနှစ်ခုရှိသည့် ချီလင်သားရဲတစ်ကောင် ထွက်ပေါ်လာမည် ဖြစ်သည်။ သူက ချီလင်ခေါင်းပေါ်သို့ ရပ်လိုက်သည်။ သည်ချီလင်သားရဲက နှာမှုတ်ထုတ်လိုက်ရာ လေပူစီးကြောင်းနှစ်ခုက ရှေ့သို့ တိုးထွက်သွားသည်။ သည်စီးကြောင်းနှစ်ခုက ထွက်ပေါ်လာသည့် အခိုက်တွင် သူရှိနေခဲ့သော အစိတ်အပိုင်းသည် ပြိုကျသွား၏။

မြေပြင်ထက်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်ကြီးက သည်အစိတ်အပိုင်းကို ဝါးမျိုလာသည်။ သို့သော် ထိုအရာများက အဘိုးအိုပေါ်သို့ သက်ရောက်ခြင်း မရှိပေ။ သူက အက်ကွဲကြောင်း တစ်ခုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ဝမ်လင်းတို့ အထက်နှင့်အောက်ရှိ အစိတ်အပိုင်းနှစ်ခုလုံးက ပြိုကျလာခဲ့သည်။ ချီဟူက လုံးဝကြက်သေသေနေပြီး အလွန်အမင်း ကြောက်ရွံ့နေသည်။

ဝမ်လင်းက လှမ်းအော်လိုက်၏။ “ချီဟူ … ကြယ်သံလိုက်အိမ်မြှောင် …”

အက်ကွဲကြောင်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိကုန်ကြပြီး မြေပြင်ပင် ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားသည်။ သည်ဟင်းလင်းပြင်က သူတို့နှင့် နီးကပ်လာခဲ့သည်။

ချီဟူက လန့်၍ သတိပြန်ဝင်လာခဲ့ပြီး သူက ကြယ်သံလိုက် အိမ်မြှောင်ကို ထုတ်လိုက်၏။

သည်ကြယ်သံလိုက် အိမ်မြှောင်က ဆိုးရွာစွာ ပျက်စီးနေပြီဖြစ်သည်။ နောက်ထပ် အက်ကွဲရာတစ်ခုကပင် ၎င်းပေါ်၌ ထပ်ပေါ်လာခဲ့သည်။ သို့သော် သူတို့က ထိုအရာကို အာရုံစိုက်ခြင်းနိုင်ခြင်း မရှိပေ။ ချီဟူက သံလိုက်အိမ်မြှောင်၏ အလယ်သို့ ခုန်ဝင်လိုက်၏။ ဝမ်လင်းက ရှေ့ခြမ်းသို့ ခုန်ဝင်လိုက်သည်။

စွန်ထိုင်က အမျိုးသမီးအလောင်း ပျောက်ကွယ်နေသောနေရာသို့ ကြည့်နေခဲ့သည်။ ထို့နောက် သူက ဝမ်လင်းဘေးသို့ လျှပ်တစ်ပြတ်ရောက်လာ၍ ထိုင်ချ၏။

စွန်ထိုင်က တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီကြယ်သံလိုက်အိမ်မြှောင်က ဘီလူးနတ်ဆိုးကလန်ရဲ့ ဂုဏ်ယူရတဲ့ ရတနာပဲ။ စိတ်မကောင်းစရာက ဒါဟာ တုပထားရုံသာ ရှိနေတာပဲ …”

ချီဟူက မချင့်ပြုံး ပြုံးလိုက်သည်။ သူက အံကြိတ်၍ သံလိုက်အိမ်မြှောင်ကို ဟင်းလင်းပြင်ထဲသို့ ဖြတ်၍ ပျံသန်းရန် ထိန်းချုပ်လိုက်သည်။

စွန်ထိုင်မျက်လုံးက လက်ခနဲဖြစ်သွားပြီး ဝမ်လင်းကို ကြည့်သည်။ “စန်နူး ... ဟင်းလင်းပြင်က အလွန်အန္တရာယ်များတယ်။ ဒီသံလိုက်အိမ်မြှောင်က အဝေးကြီးသွားဖို့ ပျက်စီးလွန်းနေပြီ။ မင်းက ငါ့ကို ချိပ်ပိတ်ထားတာကို ဖြေလျော့ပေးမယ်ဆိုရင် ဟင်္သာပြဒါးနိုင်ငံကို လုံလုံခြုံခြုံ ပြန်သွားနိုင်ဖို့ ကတိပေးတယ်။ ဘယ်လိုလဲ …”

ဝမ်လင်းကို သူက ဆရာလို့ခေါ်ရသည့် အကြောင်းမှာ ကျောက်ရီ ရှိနေသောကြောင့်ပင်။ အခု ကျောက်ရီက သေဆုံးသွားပြီ ဖြစ်သည့်အတွက် သူကဲ့သို့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူအဆင့် တစ်ယောက်က မည်သို့များ အစေခံဖြစ်လိုပါ့မည်နည်း။ သည်အဖြစ်က သူ့ကို အကြီးကျယ်ဆုံး အရှက်ရစေသည် မဟုတ်လား။

သူက ဝမ်လင်းကိုသပ်၍ ရုပ်သပ်မမ်မီအဖြစ်ပါ သန့်စင်ပစ်ချင်နေသည်။

စွန်ထိုင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်း အခု ငါ့မေးခွန်းကို မဖြေသေးဘူးလား။ ဒီအဘိုးအိုက မင်းကို အလကား မလုပ်ခိုင်းပါဘူး။ ငါက မင်းကို စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ရုပ်သေးနှစ်ရုပ်ပေးမှာပါ။ ဒီရုပ်သေးနှစ်ခုနဲ့ဆိုရင် အနာဂတ်မှာ မင်းက လုံလုံခြုံခြုံ ရှိနိုင်လိမ့်မယ်။ ငါက ကျင့်ကြံမှု နည်းလမ်းတွေလည်း ပေးနိုင်တယ်။ ဒါ့အပြင် ငါ့မှာ ကောင်းကင်ဘုံ ဆေးလုံးတွေလည်း ရှိနေသေးတယ်။ မင်း သဘောတူတာနဲ့ ငါတို့အလုပ်ဖြစ်ပြီ …”

ဝမ်လင်းက စွန်ထိုင်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ “စီနီယာကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် အစေခံတစ်ယောက် ဖြစ်လာဖို့ ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး။ ဒါကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ငါက ချိတ်တံဆိပ်ကို ဘယ်လိုဖြေရမလဲ မသိဘူး …”

စွန်ထိုင်က မျက်မှောင်ကြုတ်ကာ အေးစက်စွာပြော၏။ “ကောင်စုတ်လေး … မင်းက ငါ့ဆရာလို့ တကယ်ထင်နေတာလား …”

ဝမ်လင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ဒါက စီနီယာ ကျောက်ရီရဲ့ဆန္ဒပါ။ ငါ့ဆန္ဒမဟုတ်ပါဘူး။ စီနီယာက ငါ့ကို ပမွှားတစ်ယောက်လို့ ထင်မှတ်နေတယ်မလား။ ငါက စီနီယာကို ချိတ်တံဆိပ် ဖြေပေးလိုက်တာနဲ့ ချက်ချင်း သတ်ပစ်မှာကို စိုးရိမ်မိပါတယ် …”

စွန်ထိုင်မျက်နှာက ရှုံ့တွသွားသည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူက ရယ်မောလိုက်၏။ သို့သော် သူ့ရယ်သံတွင် မကောင်းဆိုးဝါး အငွေ့အသက်များ ပါနေခဲ့သည်။

“ပြောပါ … မင်းက ချိတ်တံဆိပ်ကို ဖယ်ရှားပေးဖို့ ငါဘာလုပ်ပေးရမလဲ …”

ဝမ်လင်းက ခေါင်းယမ်း၍ ပြုံးကာ ပြောလိုက်သည်။ “ငါက ဒီချိပ်ပိတ်မှုကို ဖယ်ရှားပစ်နိုင်တဲ့ နည်းစနစ်ကို တကယ်မသိဘူး။ ဒါကြောင့် ဒါကို ဘယ်လိုလုပ်နိုင်ပါ့မလဲ …”

စွန်ထိုင်က ရုတ်တရက် မတ်တတ်ရပ်၍ ဝမ်လင်းကို စူးစိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ “ကောင်စုတ်လေး … ငါက ဟင်္သာပြဒါးဂြိုဟ်ရဲ့ အလောင်းကောင်ကလန်က အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်။ ငါက လူတိုင်းကို ဦးညွှတ်ဖို့ ငြင်းဆန်တယ်။ အထူးသဖြင့် ငါ့လက်နှစ်ချောင်းတည်းနဲ့ သတ်ပစ်လို့ရတဲ့ မင်းလို ဂျူနီယာတစ်ယောက်ပဲ …”

“ဒီ့အပြင် မင်းအမိန့်တစ်ခုတည်းနဲ့ ငါ့ကို သတ်ပစ်နိုင်တယ်လို့ မတွေးထင်နဲ့ ငါမင်းကို ပြောလိုက်မယ်။ ငါ့မှာ စိတ်ဝိညာဉ်သုံးခုတည်း ရှိတာမဟုတ်ဘူး။ လေးခုမြောက် စိတ်ဝိညာဉ်လည်း ရှိတယ်။ ဒီစိတ်ဝိညာဉ်က ခေါင်းတလားထဲမှာ ရှိတယ်။ မင်းက ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် လုပ်နိုင်တယ်။ ဒါပေမဲ့ မင်းအဲဒီလိုလုပ်တာနဲ့ ငါ့လေးခုမြောက် စိတ်ဝိညာဉ်နဲ့ မင်းကိုပါ သတ်ပစ်နိုင်တယ် …”

ဝမ်လင်းက တစ်စုံတစ်ခုကို သဘောပေါက်၍ ပြုံးကာ ပြောလိုက်သည်။ “စီနီယာ ဒီလိုပြောတာ ချိပ်ပိတ်မှုကို ဖယ်ရှားပေးဖို့အပြင် နောက်အဓိပ္ပာယ်တစ်ခု ရှိဦးမှာပါ။ စီနီယာက ငါက ဒီချိပ်ပိတ်မှုကို ဖယ်ရှားပစ်နိုင်စွမ်းရှိမှာ မဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်မှာပါ …”

စွန်ထိုင်က ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်းကို သေချာကြည့်ရှုပြီးနောက် စွန်ထိုင်က ဆက်ပြောသည်။ “ကောင်းပြီ … ကျောက်ရီက မင်းကို ရွေးချယ်ခဲ့တာ အံ့ဩစရာတော့မရှိပါဘူး။ မင်းက ကျန်တဲ့လူတွေထက် ပိုတော်နေခဲ့တာပဲ။ ငါက ဒီချိပ်ပိတ်မှုက ချိုးဖျက်နိုင်ဖို့ နည်းလမ်းတစ်ခုကို ကိုယ့်ဘာသာ ရှာဖွေမှာပါ။ ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းက ငါနဲ့ ခရီးတစ်ခု ထွက်ရမယ်။ ငါက မင်းကို တစ်နေရာမှာ ပိတ်လှောင်ထားချင်တယ်။ ဒါပေမဲ့ မင်းက စိတ်ပူပန်ဖို့ မလိုဘူး။ ငါက ဒီချိပ်ပိတ်မှုကို ပယ်ဖျက်ပြီးတာနဲ့ မင်းကို လျော်ကြေးတစ်ခု ပြန်ပေးမယ်လို့ ကျိန်ဆိုတယ် …”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက အော်ပြောလိုက်သည်။ “စွန်ထိုင် … ငါသာသေသွားမယ် ဆိုရင် မင်းရဲ့ လေးခုမြောက်စိတ်ဝိညာဉ်ကို ဘယ်လိုများ သက်ရောက်မှု ရှိမလဲလို့ သိချင်မိတယ် …”

“စိတ်မပူပါနဲ့ … ငါက မင်းကို သေဖို့ခွင့်မပြုပါဘူး …” စွန်ထိုင်က နှာခေါင်းရှုံ၍ ဝမ်လင်းထံသို့ ရောက်ရှိလာ၏။

“ဒီအစေခံချိပ်ပိတ်မှုက ခိုင်မြဲမှု မရှိဘူး။ မင်းက မင်းကိုယ်မင်း ကာကွယ်ဖို့ စေတီကို အသုံးပြုပါ …” သည်စကားက ကျောက်ရီ မပျောက်ကွယ်ခင် သူ့ကိုပြောခဲ့သော နေက်ဆုံးစကားပင်။

ဝမ်လင်းက စွန်ထိုင်ကို တည်ငြိမ်စွာ ကြည့်နေ၏။ စွန်ထိုင်က ဝမ်လင်းကို ဖမ်းဆုပ်ခါနီးချိန်၌ အဖြူရောင် အလင်းတန်းတစ်ခုက သူ့သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

သည်အဖြူရောင် အလင်းတန်းထဲ၌ ကျောက်ရီ၏ အာဏာတက်ခြင်းအဆင့် ရူးသွပ်မှုနယ်ပယ် ပါဝင်နေ၏။

စွန်ထိုင်က နာကျင်စွာ ညည်းတွားလိုက်ပြီး သူက နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားသည်။

ဝမ်လင်းမျက်လုံးက တလက်လက်ဖြစ်နေသည်။ ကျောက်ရီက သည်စေတီက စွန်ထိုင်ကို တိုက်ခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် သူက လေးခုမြောက် စိတ်ဝိညာဉ်အကြောင်းကိုတော့ ဘာမှ မပြောခဲ့ချေ။

သူက စေတီကိုကိုင်ထားရင်း ရှေ့သို့တိုးကာ ပြောလိုက်သည်။ သူ့မျက်လုံးများက ထူးဆန်းသော အလင်းများဖြင့် ပြည့်နေခဲ့ပြီး နှာခေါင်းရှုံ့လိုက်၏။ “စွန်ထိုင် … ဒီစေတီရဲ့နယ်ပယ်က ပုံမှန်အားဖြင့် အန္တရာယ်ပေးနိုင်တဲ့ သက်ရောက်မှု မရှိဘူး။ ဒါပေမဲ့ ဒါက မင်းကို အန္တရာယ် ဖြစ်စေခဲ့တယ်။ ကြည့်ရတာ စီနီယာကျောက်ရီက မင်းကို တိုက်ခိုက်နိုင်ဖို့ တစ်ခုခု စီစဉ်ခဲ့တဲ့ပုံပဲ …”

စွန်ထိုင်မျက်နှာက ရှုံ့တွသွားသည်။ သည်စေတီမှ ထွက်ပေါ်လာသော အလင်းက သူ့အတွက် အလွန်ပင် အန္တရာယ် ဖြစ်စေခဲ့သည် မဟုတ်ပါလော။ သူက သည်အရာသည် သူ့ခန္ဓာကိုယ်ထဲရှိ ချိပ်ပိတ်ခံထားရမှုကြောင့် ဖြစ်သည်ကို သိပေ၏။

သူက နောက်သို့ဆက်၍ ဆုတ်သည်။

ဝမ်လင်းက ရှေ့သို့တိုးလာရင်း အေးစက်စွာ အော်ဟောက်၏။ “အခြားကလန်တစ်ခုခု အကြောင်းဆိုရင်တော့ ငါက အများကြီး မသိဘူး။ ဒါပေမဲ့ အလောင်းကောင် ကလန်အကြောင်းကိုတော့ အတော်လေးသိတယ်။ ဒီခေါင်းတလားထဲမှာ ရှိတဲ့ အလောင်းရုပ်သေးထဲမှာ မင်းရဲ့ လေးခုမြောက် စိတ်ဝိညာဉ် ရှိမနေပါဘူး။ ဒါက တခြားလူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ဖြစ်လိမ့်မယ်။ မင်းရဲ့ စိတ်ဝိညာဉ်ဆိုရင်တောင်မှ ဒါက ပျက်စီးနေတဲ့ စိတ်ဝိညာဉ်တစ်ခု ဖြစ်နေမှာပဲ …”

စွန်ထိုင်မျက်နှာက အလွန်ရုပ်ဆိုးသွား၏။သူက အသံအက်အက်ဖြင့် ပြောလိုက်သည်။ “မင်းမယုံရင် ကြိုးစားကြည့်နိုင်တယ် …”

ဝမ်လင်းက စွန်ထိုင်ကို ကြည့်၍ ရယ်မောလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတိုး၍ အော်ပြောလိုက်သည်။ “စွန်ထိုင် … မင်းက ငါမကြိုးစားရဲဘူးလို့ ထင်နေတာလား။ စီနီယာ ကျောက်ရီရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် မင်းလို ဒုက္ခကောင်းကောင်း ပေးနိုင်တဲ့ လူမျိုးကို ငါ့အတွက် ထားခဲ့မယ်ထင်လား။ အတွေးတစ်ချက်နဲ့တင် မင်းကို သေချာပေါက်သေအောင် လုပ်နိုင်တယ်။ မင်းမှာ လေးခုမြောက် စိတ်ဝိညာဉ်သာ ရှိမယ်ဆိုရင်လည်း စီနီယာကျောက်ရီက ဒါကို သိပြီးသားဖြစ်မှာပဲ။ မင်းရဲ့ကျင့်ကြံမှု အဆင့်လောက်ကို ရဖို့က တကယ့်ကို မလွယ်ဘူး။ ငါမင်းကို သတ်မပစ်ချင်ဘူး။ ဒါပေမဲ့ ကြည့်ရတာ မင်းက ပုန်ကန်ချင်နေတဲ့ပုံပဲ၊ ဒီတော့ မင်းက သေသင့်တယ်ထင်တယ် …”

စွန်ထိုင်မျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက အပြင်ဘက်အသွင်၌ မည်သည့် အရိပ်လက္ခဏာမှ မပြပေမဲ့ စိတ်ထဲတွင် သူ့ကိုယ်သူ သံသယရှိနေခဲ့ပြီ ဖြစ်သည်။ သည်လိုခံစားမှု ဖြစ်ပေါ်သည်အမှန်ပင်။ ကျောက်ရီ၏ ကျင့်ကြံမှုအဆင့်ကို စဉ်းစားကြည့်သည်နှင့် သူက သည်ဂျူနီယာအတွက် ပြဿနာတစ်ခုခုကို မည်သို့ ထားခဲ့ပါ့မည်နည်း။

စွန်ထိုင် စိတ်နှလုံးက တုန်လှုပ်နေမိပြီ ဖြစ်သည်။

“စွန်ထိုင် … မင်းက စေတီထဲက အမျိုးသမီးအလောင်းက ဆက်ခနဲ လှုပ်ရှားခဲ့တာကို မမှတ်မိတော့တာလား။ မင်းက ဒီအဖြစ်ရဲ့အနောက်က ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို မမြင်နိုင်ဘူးမလား …” ဝမ်လင်းအသံက ပို၍ ကျယ်လောင်လာသလို သူ့အသွင်ကလည်း ခံ့ညားလွှမ်းမိုးနိုင်မှု အပြည့်ဖြစ်လာခဲ့သည်။ သူက လက်ထဲတွင် စေတီကို ကိုင်ထားရင်း ရှေသို့ တိုးလာခဲ့သည်။ ထိုအခိုက်တွင် သူက ရပ်တန့်မည့် အသွင် မရှိတော့သည့်ပုံပင်။

စွန်ထိုင်က ဝမ်လင်း၏ စကားလုံးများကို တဖြည်းဖြည်းချင်း လက်ခံယုံကြည်လာခဲ့၏။ သူက ခုချိန်တွင် ထိတ်လန့်နေပြီး နောက်သို့သာ ဆက်၍ ဆုတ်နေခဲ့သည်။

***

All Chapters