ကြယ်သံလိုက်အိမ်မြှောင်
Vol. 008 Ch. 366
“ဝှက်ထားတဲ့ အဓိပ္ပာယ်က ဘာလဲ …” စွန်ထိုင်နှလုံးသားထဲ၌ အလွန် ထိတ်လန့်နေမိသည်။ သို့သော် သူက ထိုထိတ်လန့်မှုကို အပြင်ဘက်၌ ဖော်ပြခြင်း မရှိပေ။
ဝမ်လင်းက ရယ်မော၍ ရှေ့သို့ ဆက်တိုးလာလဲ့သည်။ “ဒီအဓိပ္ပာယ်ကို မင်းဘာသာ ရှာသင့်တယ်။ မင်းက ဒါကို အဆုံးသတ်ချိန်ထိ နားမလည်ခဲ့ဘူးဆိုရင် မင်းဘဝပါအဆုံးသတ် သွားရလိမ့်မယ် …”
စွန်ထိုင်က နောက်သို့သာ ဆက်၍ဆုတ်နေသည်။ သူက သည်တစ်ကြိမ်တွင် ပို၍ မြန်အောင်ပင် ဆုတ်လိုက်သဖြင့် ဝမ်လင်းနှင့်ပိုကွာဝေးသွား၏။ “ငါက မင်းလို ဂျူနီယာတစ်ယောက်နဲ့ ယှဉ်ပြိင်ရတဲ့အထိ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချသင့်ဘူး။ မင်းသာ ငါ့တတိယစိတ်ဝိညာဉ်ကို ဖျက်ဆီးရဲရင် ငါမင်းကို ဘယ်လို လက်တုံ့ပြန်မလဲ စောင့်ကြည့်နေလိုက် …”
ထိုသို့ပြောပြီးနောက် သူက အကွာအဝေးတစ်ခုသို့ ပျံသန်းသွားတော့သည်။ သူက ဝမ်လင်း၏ စကားလုံးများအောက်တွင် ပိတ်မိနေအောင် ထပ်မံ၍ မပြောလိုတော့ပေ။
ဝမ်လင်းက မတ်တတ်ရပ်နေရင်း စွန်ထိုင်ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ရှုနေသည်။ သူထွက်သွားသည့် အချိန်ကြမှ ဝမ်လင်းက စိတ်သက်သာရ ရခဲ့တော့သည်။
စွန်ထိုင်၏ ကျင့်ကြံမှုအဆင့်က အလွန်မြင့်၏။ သည်လိုအစေခံမျိုးကို ဝမ်လင်းက ဘယ်တုန်းကမျှ မလိုချင်ခဲ့ပေ။ ကြည့်ရသည်မှာ ကျောက်ရီသည်ပင် စွန်ထိုင်၌ လေးခုမြောက် စိတ်ဝိညာဉ် ရှိနေသည်ကို မသိခဲ့သည့်ပုံပင်။
ဝမ်လင်းက စိတ်ထဲ၌ တွေးနေမိသည်။ “သူ့တွင် လေးခုမြောက် စိတ်ဝိညာဉ်သာ ရှိနေလျှင် သူ့သုံးခုမြောက် စိတ်ဝိညာဉ်က သေဆုံးသွားမည်ပါက သူ့ကျင့်ကြံမှုအဆင့်က အလွန်အမင်း နိမ့်ကျသွားနိုင်သည်။ ဒီလိုသာမဟုတ်ရင် စွန်ထိုင်က သူ့စကား အနည်းငယ်လောက် ပြောလိုက်ရုံဖြင့် ထိုမျှ ထိတ်လန့် သွားနိုင်ပါ့မလား …” သူကနောက်သို့ ပြန်လှည့်၍ ချီဟူနှင့် သံလိုက်အိမ်မြှောင် ရှိရာနေရာသို့ ပြန်သွားသည်။
ဝမ်လင်းက ဖြစ်ပျက်သွားခဲ့သော အရာများသည် အလွန်အန္တရာယ်များကြောင်း သိလေသည်။ သူက အနည်းငယ်လောက် တုံ့ဆိုင်းခဲ့ပါက သူက စွန်ထိုင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရမည် ဖြစ်သည်။
“ငါသာ စွန်ထိုင်ရဲ့ လေးခုမြောက် စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် ငါက သူ့ကို အစေခံတစ်ယောက် အဖြစ် ထားနိုင်မှာပဲ …”
ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင် ရှိရာသို့ လျင်မြန်စွာ ပျံသန်း သွားလေသည်။
“အစ်ကိုစန် … စွန်ထိုင်က အလောင်းကောင် ကလန်ရဲ့ အကြီးအကဲခေါင်းဆောင်ပဲ …။ မင်း နောက်ကျရင် သူ့ကို ဂရုစိုက်မှရမယ် …” ချီဟူက မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို တွေ့မြင်ခဲ့ပေသည်။ သူ့စိတ်ထဲ၌လည်း ဝမ်လင်း၏အဆင့်အတန်းက ပိုနေရာယူလာခဲ့သည်။ သူက ဘီလူးနတ်ဆိုးကလန်၏ လူငယ် ဆရာသခင်တစ်ယောက်အ နေဖြင့် ရန်သူများရမည့်အစား သူရဲကောင်းများကို မိတ်ဆွေဖြစ်လာချင်ပေသည်။
သူတို့ခရီးစဉ် တစ်လျှောက်တွင် ဝမ်လင်းက သူ၏ ဉာဏ်ပညာနှင် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ကို ပြသနိုင်ခဲ့ပေသည်။ သူ့ကျင့်ကြံမှု အဆင့်ကလည်း အံ့အားသင့်စရာ ကောင်းလှပြီး ချီဟူသည် ဝမ်လင်း၏ မိတ်ဆွေတစ်ယောက် ဖြစ်ချင်နေခဲ့သည်။
ဝမ်လင်းက ပြုံးကာ ပြော၏။ “စိတ်ပူဖို့မလိုပါဘူး။ စီနီယာကျောက်ရီက ပြောခဲ့တယ်။ စွန်ထိုင်ကို အသက်ဆက်ရှင်စေခြင်းက တစ်ချိန်မှာ အလွန် အသုံးဝင်လာ လိမ့်မယ်တဲ့။ ငါက သူ့ကို အခုသတ်လိုက်ပြီး သူ့ လေးခုမြောက် စိတ်ဝိညာဉ်ကို ချိပ်ပိတ်မှု ပြုနိုင်တယ်။ သူက သူ့ကံကြမ္မာကနေ လွတ်မြောက်ဖို့ နည်းလမ်း မရှိပါဘူး …” ဝမ်လင်းက ထိုစကားများကို တည်ငြိမ်စွာ ပြောဆိုခဲ့ခြင်း ဖြစ်၏။ သူက စွန်ထိုင်က ထွက်ခွာသွားသည်ကို သိသော်လည်း သူ့နတ်ဘုရားအာရုံဖြင့် သူတို့အပေါ်သို့ စောင့်ကြည့် နေနိုင်ကြောင်း သတိပြုမိပေသည်။
ချီဟူက မှင်တက်သွားသည်။ သူက ထပ်မံ၍ စကားမဆိုတော့ပဲ ကြယ်မြေပုံကို ထိန်းချုပ်၍သာ ဟင်းလင်ပြင်ထဲ၌ ပျောက်ကွယ် သွားတော့သည်။
သူတို့ထွက်သွားပြီး သိပ်မကြာခင်တွင် စွန်ထိုင်က ပြန်ပေါ်လာခဲ့၏။ သူက ဝမ်လင်းတို့ ဦးတည်သွားသော နေရာသို့ စူးစိုက်ကြည့်နေပြီး မတည်မငြိမ် ဖြစ်နေသော သူ့အသွင်ကလည်း ပျောက်ကွယ်သွား၏။
“ငါက ဒီဂျူနီယာ ပြောတာကို အကုန်မယုံပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်း လောက်ကတော့ အမှန်တွေ ဖြစ်နိုင်တယ်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း စဦးအဆင့် တစ်ယောက်က ငါနဲ့ရင်ဆိုင်နေရချိန်မှာ အခုလိုများ အလွန်တည်ငြိမ် နိုင်နေပါ့မလား။ ဟမ် … သူက ငါ့သုံးခုမြောက် စိတ်ဝိညာဉ်ကို ဘာကြောင့်များ မဖျက်ဆီးခဲ့တာလဲ။ ကြည့်ရတာ ကျောက်ရီက သူ့ကို တစ်ခုခု ပြောခဲ့တယ်နဲ့တူတယ်။ အခုငါက သူတို့ ငါ့ကို ဘာအတွက် အသုံးပြုဖို့ ရည်ရွယ်ထားလဲ သိအောင်လုပ်ရမယ် …”
စွန်ထိုင်က အနည်းငယ် စဉ်းစားပြီးနောက် ရှေ့သို့ ဆက်၍ ပျံသန်းလိုက်သည်။
“ဒါက ဘယ်လိုပြဿနာလဲ …။ ငါက သူ့ကို သတ်လည်း မသတ်နိုင်ဘူး။ ချုပ်နှောင်လည်း မထားနိုင်ဘူး။ ငါက သူ့ကို အတင်းအကျပ်လုပ်မယ် ဆိုရင်လည်း သူက ကျောက်ရီမှာခဲ့တဲ့ စကားကို ဆန့်ကျင့်ပြီး ငါ့သုံးခုမြောက် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်မှာပဲ။ ငါမှာ လေးခုမြောက်စိတ်ဝိညာဉ် ရှိပေမဲ့ ဒါက အခုထိ မဖွံ့ဖြိုးသေးဘူး။ သုံးခုမြောက်စိတ်ဝိညာဉ်သာ ပျက်စီးသွားရင် ငါ့ကျင့်ကြံမှု အဆင့်ကလည်း လျော့ကျသွားလိမ့်မယ်။ ငါ့သက်တမ်းပါ လျော့ကျသွားမှာ …”
စွန်ထိုင်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။
ဝမ်လင်းနှင့်ချီဟူတို့သည် ကြယ်မြေပုံဖြင့် ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းသွားနေသည်။ သို့ရာတွင် နာရီအနည်းငယ် ကြာပြီးနောက် ကြယ်သံလိုက် အိမ်မြှောင်ပေါ်ရှိ အက်ကွဲကြောင်းများသည် များစွာတိုးလာခဲ့ပြီး ရှေ့သို့ ဆက်၍မသွားတော့ပေ။
ဝမ်လင်းက ခုထိလှုပ်ရှားခြင်း မပြုသလို မည်သည့်စကားမျှလည်း မဆိုပေ။
“အစ်ကိုစန် … ဒီကြယ်သံလိုက် အိမ်မြှောင်က ဆက်ပျံသန်းလို့ မရတော့ဘူး။ ငါတို့က ကိုယ့်ဘာသာ ပျံသန်းရတော့မယ်။ ဒါပေမဲ့ ဒီဟင်းလင်းပြင်က အရမ်းအန္တရာယ် များတယ်။ အာ …” ချီဟူက ကြယ်သံလိုက် အိမ်မြှောင်ပေါ်မှ ခုန်ဆင်းလိုက်၏။
ဝမ်လင်းက ကြဘ်သံလိုက် အိမ်မြှောင်ကို ကြည့်၍ ဆက်ပြောလိုက်သည်။ “အစ်ကိုချီဟူက ကြယ်သံလိုက် အိမ်မြှောင်တစ်ခုတည်း ယူလာခဲ့တာလား …”
ချီဟူက မချင့်ပြုံး ပြုံးလိုက်သည်။ “အစ်ကိုစန် … ကြယ်သံလိုက် အိမ်မြှောင်က ရှားပါးရတနာပဲ …။ ဟင်္သာပြဒါးနိုင်ငံ အနေနဲ့တောင် အများကြီး မရှိဘူး။ ငါတို့ ဘီလူးနတ်ဆိုး ကလန်မှာလည်း တစ်ခုပဲရှိတယ်။ ဒီရှိတဲ့တစ်ခုတောင် ငါ့ကြောင့်ပျက်စီးသွားပြီ။ ငါပြန်ရောက်ရင် တံခါးပိတ်လေ့ကျင့်ခိုင်းပြီး အပြစ်ပေးခံရမှာ ကျိန်းသေတယ် …”
ဝမ်လင်က တည်ငြိမ်စွာပြုံး၍ ဆက်ပြောသည်။ “အစ်ကိုချီဟူ … ငါတို့က တစ်ယောက်နဲ့ တစ်ယောက် အချိန်အကြာကြီး မရှိခဲ့ပေမဲ့ သေခြင်းရှင်ခြင်း အန္တရာယ်တွေကို အတူဖြတ်သန်း ခဲ့ကြတယ်။ ငါမင်းကို မလိမ်ပါဘူး။ ငါဒီကြယ်သံလိုက် အိမ်မြှောင်ကို ပြန်ပြုပြင်နိုင်တယ် …”
ချီဟူက မှင်တက်သွား၏။ သူက ကြယ်သံလိုက်အိမ်မြှောင် မရှိလျှင် မည်သို့ လုပ်ဆောင်ရမည်ကိုသာ တွေးနေခဲ့သည်။ သူတို့နှစ်ယောက်၏ အမြန်နှုန်းသည် နိမ့်ကျခြင်း မရှိသော်လည်း သူတို့က ဒီဟင်းလင်ပြင်ထဲ၌ မရေမတွက်နိုင်သည့် အန္တရာယ်များကို တွေ့နိုင်ပေသည်။
“အစ်ကိုစန်ကသာ ကြယ်သံလိုက် အိမ်မြှောင်ကို ပြန်ပြင်ပေးနိုင်မယ် ဆိုရင် ငါတို့နှစ်ယောက်လုံး ဒီနေရာကနေ ကျိန်းသေပေါက် ထွက်သွားနိုင်လိမ့်မယ် …” ချီဟူ ဝမ်လင်း သည်ကြယ်သံလိုက် အိမ်မြှောင်ကို မည်သို့ပြန်ပြုပြင်မည်ကို မမေးချေ။ လူတိုင်းက လျှို့ဝှက်ချက်ရှိပေသည်။ ဝမ်လင်း မပြောပြပဲ သူမေးလျှင် သူရိုင်းရာ ကျပေလိမ့်မည်။
ဝမ်လင်က ချီဟူက ကြည့်လိုက်၏။
ချီဟူက ချက်ချင်းနားလည်ပြီး လျင်မြန်စွာ ပြန်ပြောလိုက်သည်။ “အစ်ကိုစန် … ငါက မင်း ကြယ်သံလိုက် အိမ်မြှောင်ကို ပြန်ပြင်တာနဲ့ ပတ်သက်ပြီး ဘာမှ မမေးပါဘူး ။ မင်းလိုချင်တာ တစ်ခုခု ရှိရင်သာ ပြောပါ …”
“ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ ဒီကြယ်သံလိုက် အိမ်မြှောင်ကို ပြန်ပြင်နိုင်ရန် အသုံးပြုရမဲ့ ပါဝင်ပစ္စည်းတွေက တန်ဖိုးရှိလွန်းတယ်။ ၎င်းက စိတ်ဝိညာဉ် စွမ်းအင် အများအပြားကိုပါ လိုအပ်သေးတယ်။ ငါက ဒီကြယ်သံလိုက် အိမ်မြှောင်ကို ပြန်ပြင်ပေးပြီး၍ ဒီဟာက ငါ့အပိုင်ဖြစ်ဖို့လိုတယ်။ အစ်ကိုချီဟူ နားလည်လိမ့်မယ်လို့ ထင်ပါတယ် …”
ချီဟူအသွင်က ပြောင်းလဲခြင်းမရှိပေ။ သူက တိတ်ဆိတ်နေမြဲပင်။ သည်ကြယ်သံလိုက် အိမ်မြှောင်သည် သူ့မိသားစုအတွက် အလွန်ပင် အရေးကြီးလှသည်။ ၎င်းက အခုချိန်တွင် အသုံးမဝင်သော်လည်း သည်အရာကို စွန့်လွှတ်လိုက်ရခြင်းက သူ့ကို အလွန် စိတ်ပျက်မှုအား ဖြစ်စေ၏။
ဝမ်လင်းက ပြုံးလိုက်သည်။ “ဒီတောင်းဆိုမှုက အစ်ကိုချီဟူအတွက် အရမ်းခက်ခဲနေတယ် ဆိုရင်လည်း ငါက ဒါကို ငါတို့နှစ်ယောက်ရဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်မှု အနေနဲ့ လဲလှယ်နိုင်ပါတယ် …”
ချီဟူက သူ့ခေါင်းကို မော့လိုက်သည်။ သူက ဝမ်လင်းကို ကြည့်၍ ရယ်မောလိုက်၏။ “အစ်ကိုစန် … မင်း တကယ် အမှန်ပြောနေတာလား …”
ဝမ်လင်းက ပြုံးလိုက်၏။ “တကယ်ပြောတာပါ။ ဒါပေမဲ့ ငါက ဒီကြယ်သံလိုက်အိမ်မြှောင်ကို အနာဂတ်မှာ တစ်ခုခုအတွက် လိုလာနိုင်တယ်။ ဒါကြောင့် အဲဒီအချိန်ကြလို့ ငါ ငှားရင် မငြင်းဆန်နဲ့ပေါ့ …”
ချီဟူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူက ဝမ်လင်းက အမှန်ပြောနေခြင်းလား၊ အမှားလား စိတ်ထဲ၌ တွေးနေမိ၏။
“စန်နူးက ငါ့ကို အတင်းအကျပ်လုပ်တာ ဒါမှမဟုတ် လှည့်စားတာ ဆိုရင်တောင် ငါက သူ့ကို ကြယ်သံလိုက်အိမ်မြှောင် ပေးလိုက်ရရင် ငါက ပျော်မိမှာမဟုတ်ဘူး။ ဒီလိုသာ ဖြစ်ခဲ့ရင် ငါက ဒီနေရာမှာ အသက်ရှင်အောင် လုပ်ပြီး နောင်တစ်ချိန်ကျရင် ပြန်လက်စားချေဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မယ်။ ဒါပေမဲ့ သူက အခုစိတ်ရင်းနဲ့ ပြောနေတဲပုံပဲ။ သူက မိတ်ဆွေ တစ်ယောက်အဖြစ် ယူဆနေတာဖြစ်ရမယ် …”
စန်နူးကျင့်ကြံမှု အဆင့်က တုန်လှုပ်ဖွယ်ကောင်းတဲ့ အပြင် သူက အာဏာတက်ခြင်း သလင်းကျောက်ကိုလည်း ကျောက်ရီထံက ရထားသေးတယ်။ ဒီလူက ငါ့နောက်မျိုးဆက်သစ်တွေ ခေတ်လောက်ကျရင် အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိနိုင်လောက်တယ်။ ငါသာ သူနဲ့ အခုချိန်မှာ မိတ်ဆွေဖြစ်နေခဲ့မယ် ဆိုရင် အနာဂတ်မှာ ငါ့ကလန်အတွက် အကူအညီပေးနိုင်လိမ့်မယ် …”
ချီဟူက ပြောလိုက်သည်။ “အစ်ကိုစန် … သင်က ငါ့ကို မိတ်ဆွေတစ်ယောက် အနေနဲ့ သတ်မှတ်ထားခဲ့တာကို ငါ့ဘက်က ဘယ်လိုများ တွန့်တိုနေနိုင်ပါ့မလဲ။ အစ်ကိုက အနာဂတ်မှာ ဒီကြယ်သံလိုက် အိမ်မြှောင်ကို ငါ့ရှိက ချေးငှားချင်တယ်ဆိုရင် ငါအိမ်ကို ပြန်ရောက်တဲ့အခါကျရင် အဲဒီက လူအိုကြီးတွေက ဒေါသဖြစ်မှာပဲ။ ဒီတော့ လွယ်လယ်နဲ့လည်း သူတို့က အစ်ကို့ကို ငှားမှာမဟုတ်ဘူး။ ဒါကြောင့် ငါက ဒါကို အစ်ကို့အတွက် လက်ဆောင်အဖြစ် ပေးနိုင်တယ် …”
ဝမ်လင်းက ပြုံးလိုက်သည်။ သူက လက်သီးနှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် …”
စကားတစ်ခွန်းမှ မဆိုတော့ပဲ ချီဟူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြယ်သံလိုက်အိမ်မြှောင်က သူ့လက်ထဲသို့ ရောက်ရှိလာ၏။ “သူက ၎င်းအပေါ်ရှိ သူ့အမှတ်အသားကို ဖယ်ရှားလိုက်ပြီး ဝမ်လင်းထံသို့ ကမ်းပေးလိုက်သည်။ အစ်ကိုစန် … အခုဒီကြယ်သံလိုက်အိမ်မြှောင်က အစ်ကို့ဟာ ဖြစ်သွားပြီ …”
ဝမ်လင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “အစ်ကိုချီဟူက ငါ့ကို ကာကွယ် ပေးထားစေချင်တယ်။ အခုငါ ပြန်ပြုပြင်တော့မယ် …”
“အစ်ကိုစန်က ငါ အစ်ကို့ကို ကာကွယ်ပေးစေချင်တာလား …” ချီဟူက ဝမ်လင်းက အလေးအနက် အသွင်ဖြင့် ကြည့်လိုက်၏။ အချိန်အတန်ကြာသည့်အခါ သူက ခေါင်းညိတ်ကာ ပြောသည်။ “အစ်ကိုစန် … ငါချီဟူကို မင်းရဲ့မိတ်ဆွေ တစ်ယောက်အဖြစ် မှတ်ယူလိုက်ပါ …”
ဝမ်လင်းက မည်သို့မျှ ပြန်မပြောတော့ပဲ ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်သည်။ သူက သိုလှောင်အိတ်ထဲက ခရမ်းရွှေရောင် ကျောက်တုံးကို ထုတ်ယူလိုက်၏။ သူက ၎င်းပေါ်တွင် ချိတ်တံဆိပ်အနည်းငယ် ပြုလုပ်ပြီးနောက် ခရမ်းရွှေရောင် ကျောက်တုံးကို စတင် သန့်စင်လေသည်။
ဝမ်လင်း မျက်ခုံးနှစ်ခုကြားထဲမှ လေလွင့်ဝိညာဉ်များစွာ ထွက်ပေါ်လာကြ၏။ သာမန်လူများက သည်လေလွင့်ဝိညာဉ်များကို မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ချီဟူကသာ သူ့ကို တိုက်ခိုက်မည် ဆိုပါက လေလွင့်ဝိညာဉ်များက သူ့အား ကာကွယ် ပေးပေလိမ့်မည်။
နှစ်လေးရာကျော် အသက်ရှင်ပြီးနောက် ဝမ်လင်းက တစ်စုံတစ်ယောက်ကို အလွယ်တကူ မယုံကြည်တော့ပေ။
အချိန်အတန်ကြာသည့်အခါ ခရမ်းရွှေရောင် အရည်များက သူ့ရှေ့၌ မြောလွင့်လာသည်။ သည်လို ခရမ်းရောင်နှင့် ရွှေရောင် ရောထွေးနေမှုက သိပ်ကိုလှပနေ၏။
ကြယ်သံလိုက်အိမ်မြှောင် တစ်ခုမှ မရှိဘဲ သူက ကြယ်သံလိုက်အိမ်မြှောင် အသစ်တစ်ခုကို လုပ်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ထိုသို့ပြုလုပ်ရန်က ပစ္စည်းများစွာလိုအပ်၏။ အခု သည်ကြယ်သံလိုက် အိမ်မြှောင်က များစွာပျက်စီးနေပြီ ဖြစ်သော်လည်း ပြန်ပြုပြင်ခြင်းက အသစ်ပြုလုပ်ခြင်းထက် လွယ်ကူသည် မဟုတ်ပါလော။
ဝမ်လင်းက ညာလက်ဖြင့် ခရမ်းရွှေရောင်အရည်ကို လက်ညှိုးညွှန်လိုက်ရာ ၎င်းက ကြယ်သံလိုက် အိမ်မြှောင်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် သူ့လက်က ချိတ်တံဆိပ်များစွာကို ပြုလုပ်၍ ၎င်းကြယ်သံလိုက် အိမ်မြှောင်ကို သန့်စင်လေ၏။
သံလိုက်အိမ်မြှောင်ပေါ်ရှိ ရှုပ်ထွေးသော သင်္ကေတများက စတင် တောက်ပလာကြသည်။ အချိန် ကုန်လွန်သွားသည်နှင့် ပိုမိုများပြားသော သင်္ကေတများက လျင်မြန်စွာ တောက်ပလာကြသည်။
ချီဟူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ အလွန်သတိထားနေသည်။ သူက သူတိုနှစ်ယောက်နှင့် မီတာတစ်ရာ ပတ်လည်ရှိ အရာအားလုံးကို သတိပြုမိနိုင်ပေသည်။ သူက နတ်ဘုရားအာရုံကို အချိန်ကြာမြင့်စွာ ဖြန့်ကြက်မထားရဲပေ။ အကြောင်းမှာ သည်ဟင်းလင်းပြင်ထဲ၌ များစွာသောအန္တရာယ်များ ရှိနေသောကြောင့်ဖြစ်၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်လျှင် ၎င်းအာရုံက သည်နေရာ၌ ရှိနေသော မွန်းစတား သားရဲတစ်ကောင်ကောင်ကို သွား၍ ထိမိပြီး သူတို့ရှိရာနေရကို လမ်းပြသလို ဖြစ်သွားမည်ကို စိုးမိနေသည်။
ချီဟူက ဝမ်လင်းအသုံးပြုနေသော ချိပ်တံဆိပ်များနှင့် နည်းစနစ်များကို ကြည့်ရှုခြင်းမရှိပေ။ ဝမ်လင်းပတ်လည်တွင် ပေနှစ်ဆယ်ခန့်ရှိသော တွင်းကြီးတစ်ခုလို ဖြစ်နေခဲ့ပြီး သူ့နတ်ဘုရားအာရုံက ထိုတွင်းကြီးကို ထိတွေ့ခြင်း မရှိပေ။
“စန်နူးက ငါ့အပေါ်မှာ ကောင်းမွန်တဲ့စိတ်ဆန္ဒနဲ့ ယုံကြည်မှု ရှိတယ်။ ငါချီဟူက ဒီလိုဂုဏ်ယူစရာကောင်းတဲ့ လူရဲ့ ဘေးကရပ်နေပြီး စိတ်အနှောင့်အယှက်ပေးဖို့ မသင့်ဘူး။ ဒီ့အပြင် စန်နူးမှာ ရှိနေတဲ့ ကျောက်ရီပေးခဲ့တဲ့ အာဏာတက်ခြင်းအဆင့် သလင်းကျောက်ကည်း အတားအဆီးတစ်ခုလို ဖြစ်နေမှာပဲ။ ငါက ဒီအာဏာတက်ခြင်း သလင်းကျောက်ကို ရမယ်ဆိုရင်တောင် အနာဂတ်မှာ ပြဿနာအများကြီ တက်လိမ့်မယ်။ စန်နူးမိသားစုက စွမ်းအားကြီးတဲ့ လူတွေအများကြီး ရှိနေလိမ့်မယ်။ ဒါကြောင့် ငါ ကလန်အတွက် ကပ်ဆိုးတစ်ခု ရောက်လာအောင် ငါလုပ်မိလို့မဖြစ်ဘူး။ ငါက ကလန်ရဲ့ လျှို့ဝှက်ရတနာကို အသုံးပြုမယ် ဆိုရင်တောင် ငါက စန်နူးကို အနိုင်ရဖို့ ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ဒီချိန်မှာ ငါက စန်နူးကို ဘာမှ သွားမလုပ်တာ ပိုကောင်းတယ် …”
စွန်ထိုင်က အကွာအဝေးတစ်ခုကနေ သူတို့ကို ကြည့်ရှုနေ၏။ သူက ချီဟူ မထောက်လှမ်းနိုင်သော နေရာကနေ ကြည့်နေခြင်းဖြစ်သည်။
“ဒီစန်နူးက ကြယ်သံလိုက် အိမ်မြှောင်ကိုတောင် ဘယ်လို ပြန်ပြုရမလဲသိနေတာပဲ။ သူက တကယ့်ကို မရိုးရှင်းဘူး။ ငါက ဒါကို ပြန်ပြုနိုင်တယ် ဆိုရင်တောင် ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ယုံကြည်မှု ရှိတယ်။ ဒါပေမဲ့ သူက ပြန်ပြုပြင်နိုင်မယ်လို့ တစ်ရာရာခိုင်နှုန်း ယုံကြည်နေတယ်။ ပြီးတော့ ငါ့ကို ချိပ်ပိတ်ထားခံရတဲ့ ချိတ်တံဆိပ်ကလည်း အလွန် အားကောင်းလွန်းနေတယ်။ အတွေး တစ်ချက်တည်းနဲ့တောင် ငါ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်တယ်။ ဒါက ငါ့အတွက် အလွန် အန္တရာယ်များလွန်းနေတယ် …”
စွန်ထိုင်မျက်လုံးထဲ၌ တုံ့ဆိုင်းမှုများ ပေါ်ထွက်နေ၏။ အချိန်တစ်ခုကြာပြီးနောက် သူက သက်ပြင်းချ၍ ဝမ်လင်းကို အလောင်းအစားလုပ်၍ မတိုက်ခိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူ့အတွက် သုံးခုမြောက် စိတ်ဝိညာဉ်သည် အဓိက စိတ်ဝိညာဉ်ဖြစ်နေ၏။ သူက မသေချာပဲနှင့် စွန့်စားကြည့်ရန် မထိုက်တန်ကြောင်း တွေးမိနေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဝမ်လင်း ရှေ့ရှိ ကြယ်သံလိုက်အိမ်မြှောင်သည် တောက်ပသွား၏။ ကြယ်သံလိုက် အိမ်မြှောင်ပေါ်ရှိ ထူးဆန်းသောသ င်္ကေတများက မှိန်ဖျော့နေရာကနေ တောက်ပလာခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းက မျက်လုံးဖွင့်လိုက်သည်။
ချီဟူက ချက်ချင်းပင် သတိပြုမိခဲ့၏။
“အစ်ကိုစန် … အစ်ကို ဒါကိုပြန်ပြင်တာ ပြီးသွားပြီလား …”
***