ကောင်းကင်ဘုံမန္တန်တောင် နင့်ရဲ့စွဲလမ်းမှုကို မဖုံးကွယ်နိုင်ဘူး
Vol. 008 Ch. 370
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ခပ်တိုးတိုးပြော၏။ “နင်က လေးကောင်မြောက် တတိယ နဂါး ပုံသဏ္ဌာန်ဖွဲ့လို့ မပြီးမချင်း ထွက်လာလို့ မရဘူး …”
သူမက လက်ဝှေ့ယမ်းလိုက်ရာ မိုးကြိုးလျှပ်စီးဓားက ချက်ချင်း ပျက်စီးသွား၏။ အဘိုးအိုက နောက်သို့ဆုတ်၍ တစ်ပြိုင်နက်တည်း ဓားအစင်းပေါင်း နှစ်ရာကို ဖန်တီးသည်။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက အားကောင်းလာ၏။
အခုချိန်တွင် နောက်ဆုံး ကောင်းကင်ဘုံ ဓားအလင်းလှိုင်း ရောက်လာခဲ့သည်။ မိုးခြိမ်းသံလို အသံကြီး ထွက်ပေါ်လာပြီး ဓားများက စုဝေးသွားပြီး လေးကောင်မြောက် နဂါးက ပုံပန်းသဏ္ဌာန် အပြည့်အဝ ပေါ်လာခဲ့သည်။
အဖြူရာင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးများက တည်ငြိမ်လျက်ရှိပြီး သူမက လက်ဝှေ့ယမ်းသည်။ နဂါးလေးကောင်က သူမဘေးပတ်လည်တွင် ရစ်ခွေလာကြ၏။ သူက နဂါးတစ်ကောင်ထံသို့ လက်ညွန်လိုက်ရာ ၎င်းတို့က ပြိုကွဲသွားပြီး ကောင်းကင်ဘုံ ဓားအသွင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။
သူမက သည်လက်ညှိုး ညွှန်လိုက်ခြင်းသည် သူမမျက်နှာပေါ်သို့ သေဆုံးခြင်း အငွေ့အသက်များကို ပျံ့နှံ့သွားစေ၏။ နှစ်နှစ်ထောင်ကျော် စုဆောင်းခဲ့သော ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးနီးပါးကို သူမက အသုံးပြုခဲ့သည်။ သူမက ကျောက်ရီ၏ စိတ်ဝိညာဉ်ကို အသွင်ပြောင်းဖို့အတွက် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အများကြီး လိုအပ်ခြင်းသာ မရှိလျှင် အဘိုးအိုကို လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်ပေသည်။
“ဒုတိယ မိုးကောင်းကင်ဓား …၊ ဓားစိတ်ဝိညာဉ်က ပေါ်ထွက်လာခဲ့လေပြီ …”
မိုးကောင်းကင်ဘုံဓားက ရွှေရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။ ထို့နောက် ရွှေရောင် မျက်လုံးတစ်လုံးက ဓားထဲမှ ထွက်ပေါ်လာခဲ့သည်။ အမျိုးသမီးပေါ်ရှိ သေဆုံးခြင်း အငွေ့အသက်က ပို၍ ပျံ့နှံ့လာ၏။ သူမက လျင်မြန်စွာ ထိုရွှေရောင်မျက်လုံးကို ဖမ်းဆုပ်၍ နဖူးပေါ်တွင် ခရမ်းရောင် အမှတ်အသားရှိသော နဂါးထံသို့ ပစ်သွင်းလိုက်သည်။
ရွှေရောင်မျက်လုံး ဆုံးရှုံးသွားပြီးနောက် ကောင်းကင်ဘုံဓားသည် ၎င်း၏ တောက်ပမှုကိုပါ ဆုံးရှုံးသွားပြီး ကောင်းကင်ထက်မှ ကျဆင်းသွားသည်။
ဓားကအောက်သို့ ပြုတ်ကျလာသည့်အချိန်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးများက ၎င်းအပေါ်တွင်သာ အာရုံစိုက်၍ ကြည့်နေသည်။
အဘိုးအိုက ရှေ့သို့ ထပ်၍တိုးသည်။ သည်အချိန်၌ သူက ချိတ်တံဆိပ်များကို ပြုလုပ်လိုက်ရာ ဓားဆယ်လက်ကျော်က သူ့ရှေ့၌ ပေါ်လာသည်။ သူက ဟိန်းသံတစ်ချက်ပြု၍ လျင်မြန်စွာ ရှေ့သို့ဆက်တိုးသည်။
ထိုအခိုက်တွင် ကျင့်ကြံသူအုပ်စုကြီးထဲမှ ပုံရိပ်တစ်ခုကလည်း တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ သည်လူက ဝမ်လင်းနှင့် ချီဟူတို့အား တိုက်ခိုက်ခဲ့သော သက်လတ်ပိုင်းလူကြီးပင်။
သူထွက်ပေါ်လာသည့် အခိုက်တွင် သူ့ပတ်ပတ်လည်၌ သွေးရောင်သတ္တုသုံးခုက ဝန်းရံထား၏။ သူ့ထိန်းချုပ်မှုဖြင့် ၎င်းသတ္တုတို့သည် အဘိုးအိုထံသို့ တိုးဝင်သွားသည်။
အဘိုးအိုက သူ့ရှေ့ကလူကိုကြည့်၍ လက်ဝှေ့ယမ်း၏။
သက်လတ်ပိုင်း လူကြီးက အော်ပြောလိုက်သည်။ “သတ်ဖြတ်ခြင်း ဆန္ဒ သွေးသလင်းကျောက်တုံး….ပေါက်ကွဲစမ်း …”
ဘန်း …။ဘန်း …။ဘန်း …။
သွေးသလင်း ကျောက်တုံးများက ကျယ်လောင်သော ပေါက်ကွဲသံသုံးခုနှင့်အတူ ပေါက်ကွဲသွားသည်။ သည်ပေါက်ကွဲမှုအလယ်၌ အမည်းရောင်ဝဲကတော့ တစ်ခု ဖြစ်ပေါ်လာ၏။ ဧရာမလက်တစ်ဖက်က သည်ဝဲကတော့ထဲမှ ဆန့်ထွက်လာပြီး အဘိုးအိုထံသို့ ရောက်လာ၏။
အဘိုးအို၏မျက်နှာက သည်လက်ကို မြင်လိုက်သည်နှင့် မူပျက်သွားသည်။ သူက အော်ဟစ်ကာပြောသည်။ “ထျန်ယွမ်ဇီ … မင်းက ငါ့ကို ကောင်းကင်ဘုံဓားကို ယူဆောင်ခွင့်ပြုရင် ငါပြန်ရောက်လာတဲ့အခါ ငါတို့ကလန်နှစ်ခုကို သွေးသောက် မဟာမိတ်အဖြစ် နှစ်တစ်ထောင်ကြာသည့်အထိ ပေါင်းစည်းစေမယ် …”
သူက ထိုသို့ပြောပြီးပြီးချင်း ထိုလက်ကြီးကို ဘေးတစ်ဖက်သို့ ရှောင်၍ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးထံသို့ မြန်ဆန်စွာဆက်၍ တိုးဝင်သည်။
သည်လက်ကြီးကလည်း မြန်ဆန်စွာပင် သူ့အား လိုက်ရဖမ်းဆုပ်၏။ ဝဲကတော့ထဲမှ ရှေးဟောင်း အသံတစ်ခု ထွက်ပေါ်လာ၏။
“လင်းထျန်ဟူ ...ကောင်းကင်ဘုံဓားက ကံစပ်တဲ့လူပဲ ပိုင်ဆိုင်ခွင့်ရှိတယ်။ မင်းဒါကို ရနိုင်မယ်ဆိုရင် မင်းကံစပ်လို့ပဲ …”
“ထျန်ယွမ်ဇီ” ဝမ်လင်းခန္ဓာကိုယ်က တုန်ခါသွား၏။ သူက ဝဲကတော့သို့ စူးစိုက်ကြည့်၍ စဉ်းစားနေသည်။
အဘိုးအို၏ မျက်နှာက ရှုံ့တွသွားသည်။ သူက အလင်းတန်းတစ်ခုအလား လှုပ်ရှား၍ မျက်စိတစ်မှိတ်အတွင်း အဖြူရောင်ဝတ်စုံနှင့် အဘိုးအို ရှေ့သို့ ရောက်လာသည်။ သူက ဖြစ်တည်လာနေသော ကောင်းကင်ဘုံဓားကို လက်ဆန့်၍ ဖမ်းဆုပ်သည်။
သို့ရာတွင် သူက သည်ဓားကို ဖမ်းဆုပ်ခါနီး၌ ကျင့်ကြံသူအုပ်စုထဲမှ နောက်ထပ်တစ်ယောက်က အရင်တစ်ယောက်ထပ် ပိုမြန်ဆန်စွာ ရောက်လာခဲ့သည်။ သည်ပုံရိပ်က အဘိုးအို ဖမ်းမဆုပ်နိုင်ခင် ဓားကို ဖမ်းဆုပ်၍ မြန်ဆန်စွာ ပြန်ထွက်ခွာ၏။
“ဟားဟား … လင်းထျန်ဟူ၊ ငါ… ထျန်မိုဇီက လောဘမကြီးဘူး။ ကောင်းကင်ဘုံ ဓားလေးချောင်းထဲက တစ်ခုကိုပဲ ယူတာပါ။ နှုတ်ဆက်ပါတယ် …” သည်လူက ပညာရှိပုံစံ သက်လတ်ပိုင်းလူကြီးပင် ဖြစ်၏။ သူက အဘိုးအိုအရင် ရောက်နှင့်နေခဲ့ပြီး လူအုပ်ထဲ၌ ပုန်းကွယ်နေခြင်း ဖြစ်သည်။ သူက လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ဘုံဓားကို တစ်ချက်တည်းဖြင့် ခိုးယူလိုက်နိုင်ခဲ့သည်။
“ထျန်မိုဇီ … မင်းက ငါ့ရှိကနေ ခိုးယူရဲတာလား…။ မင်း စောင့်နေပါ။ မင်း ထျန်မိုဂြိုဟ်ကို ငါ့တာလော့ဓားကလန်က လာပြီး အမြစ်ဖျက် သုတ်သင်ပေးမယ် …”
“ဟားဟား … လင်းထျန်။ ငါတို့နှစ်ယောက်ကြားက တိုက်ပွဲက ရှောင်လွှဲဖို့ ခက်ပါတယ်။ ငါက အချိန်မရွေး စောင့်နေပါ့မယ် …” ပညာရှိပုံစံ သက်လတ်ပိုင်းလူကြီးက အဘိုးအိုအား ရယ်မောလိုက်သည်။ သူက မြန်ဆန်စွာပင် ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားတော့သည်။ ရုတ်တရက် အမည်းရောင်ဝဲကတော့ တစ်ခုပေါ်ထွက်လာပြီး သူက ထိုအထဲသို့ ဝင်ရောက်သွား၏။ သည်ဝဲကတော့က သူ့ကို သူ့ဂြိုဟ်သို့ ပြန်ရောက် သွားစေလိမ့်မည်။
“ဒီအမြန်နှုန်း။ သူက ကြယ်သံလိုက်အိမ်မြှောင် ထက်တောင် ပိုမြန်သေးတယ် …” ဝမ်လင်းက အသက်ဝဝ ရှူသွင်းမိသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် လှည့်၍ပင် မကြည့်ချေ။သူက နောက်ထပ် နဂါးတစ်ကောင်ထံသို့ လက်ညွှန်လိုက်သည်။ နဂါးက ဟိန်းသံတစ်ချက်ပြု၍ နောက်ထပ် ဓားကွေးတစ်ချောင်း အသွင်သို့ ပြောင်းသွားသည်။
အဘိုးအို၏ မျက်လုံးများက လက်ခနဲဖြစ်သွားသည်။ သူက ဓားရှိရာသို့ လက်ဆန့်ထုတ်သည်။ သို့သော် ထျန်ယွမ်ဇီ၏ လက်က သူ့ထက်ပို၍ နီးကပ်နေသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးများက အေးစက်လာသည်။ သူက အဘိုးအိုထံသို့ လက်ညွှန်၏။ အဘိုးအိုက အော်ဟစ်လိုက်ရပြီး သူ့ရင်ဘတ်ပေါ်ရှိ အင်္ကျီစများသည်လည်း စုတ်ပြဲသွားပြီး အမည်းရောင် လက်ဝါးရာတစ်ခုက သူ့ရင်ဘတ်ပေါ်၌ ပေါ်လာ၏။
အဘိုးအိုက သွေးအန်ထုတ်လိုက်ရသည်။ သို့သော် သူ့လက်ကတော့ အရှိန်မလျှော့ဘဲ ကောင်းကင်ဘုံ ဓားရှိရာသို့ ရောက်ရှိလာ၏။
အမျိုးသမီး၏ သေဆုံးခြင်း အငွေ့အသက်က အထိတ်အထိပ်သို့ ရောက်လာသည်။ သူမမျက်လုံးများက ဝမ်းနည်းမှုများဖြင့် ပြည့်နေသည်။ သူမက ခပ်တိုးတိုးပြောလိုက်၏။ “နင်က ဒီဓားကိုလိုချင်ရင် ယူသွားနိုင်တယ်။ ဒါပေမဲ့ ဓားစိတ်ဝိညာဉ်ကတော့ ငါ့ဟာ …”
အဘိုးအိုက ဓားကို ဖမ်းကိုင်မိသွားသည့် အခိုက်တွင် ရွှေရောင် မျက်လုံးတစ်လုံးက ပေါ်ထွက်လာပြီး အမျိုးသမီးထံသို့ ပျံသန်းလာ၏။ သူမက ၎င်းကိုဖမ်းဆုတ်ပြီး နောက်ထပ် နဂါးတစ်ကောင်၏ နဖူးထံသို့ ပစ်ထည့်လိုက်သည်။
“ဒီဓားက ငါ့အပိုင် …” အဘိုးအိုက သူ့ရင်ဘတ်ပေါ်ရှိ နာကျင်မှုကို တောင့်ခံကာ ရယ်မောလိုက်၏။ သူက ဓားကို ဖမ်းဆုပ်လိုက်ပြီး နောက်သို့ ဆုတ်၏။
သူ့နောက်ရှိ လက်သည်လည်း ရပ်တန့်သွားသည်။ သည်လက်က ဘေးသို့ ရောက်သွားပြီး ဝမ်လင်းတို့အား တိုက်ခိုက်ခဲ့သော သက်လတ်ပိုင်းလူကြီးအား ဖမ်းဆုပ်၍ အမည်းရောင် ဝဲကတော့ထဲသို့ ဆွဲသွင်းသွားသည်။ လူတစ်ယောက်နှင့် လက်တစ်ဖက်သည် လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ထိုပျောက်ကွယ်သွားသည့် အခိုက်တွင် ထျန်ယွမ်ဇီ၏ ရှေးဟောင်းအသံက တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
“လင်းထျန်ဟူ မင်းက ကောင်းကင်ဘုံ ဓားတစ်လက်ကို ရရှိခဲ့တယ်။ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ။ ငါမင်းကို မတားတော့ဘူး။ ဒါပေမဲ့ ကိုယ့်အကန့်အသတ် ကိုယ်သိပါ …”
အဘိုးအိုက ရယ်မော၏။ သူ့အကြည့်က အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးပေါ်သို့ ကျရောက်နေသည်။ ထို့နောက် သူက ပြော၏။ “နင်ရဲ့ တိုက်ခိုက်မှုက အရင်ထက် အားပျော့လာပြီ။ ဒီလက်ဝါးရာက ငါ့ကို မသတ်နိုင်ဘူး။ နင်က ကောင်းကင်ဘုံ ကျင့်ကြံသူတစ်ယောက် ဖြစ်တာကြောင့် ငါက မင်းကို မသတ်နိုင်ဘူး။ ဒါပေမဲ့ ကျန်နေသေးတဲ့ ကောင်းကင်ဘုံ ဓားနှစ်လက်ရဲ့ ဓားစိတ်ဝိညာဉ်တွေကိုတော့ နင်မယူနိုင်တော့ဘူး …”
ကောင်းကင်ဘုံ ဓားတစ်လက်က ၎င်း၏ ဓားစိတ်ဝိညာဉ်ကို ဆုံးရှုံးသွားပြီးနောက် ၎င်းက တရကြမ်း ဓားတစ်လက် ဖြစ်နေသေးသော်လည်း ၎င်း၏မန္တန်များတော့ မရှိတော့ပေ။ ၎င်းဓားက သန့်စင်ရန် ဓားစိတ်ဝိညာဉ် သစ်တစ်ခုလို၏။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ဝမ်းနည်းမှုက ပိုတိုးလာခဲ့သည်။ သူမက သက်ပြင်းသဲ့သဲချ၏။ ထို့နောက် သူမက နောက်ထပ် နဂါးတစ်ကောင်ထံသို့ လက်ညွှန်လိုက်သည်။ ရွှေရောင်နဂါးက ပြိုကျသွားပြီး ဓားကြီးတစ်လက် အဖြစ်သို့ ပြောင်းသွားသည်။
အဘိုးအိုက နှခေါင်းရှုံ၍ ထိုဓားရှိရာသို့ လှမ်းလာ၏။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက သက်ပြင်းချ၍ သူမ မျက်ခုံးကြားသို့ လက်ဖြင့်ထိလိုက်သည်။ သူမခန္ဓာကိုယ်ထဲရှိ လက်ကျန်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက သူမအနားပတ်လည်ကို အကာအကွယ်တစ်ခု ဖြစ်စေပြီး အဘိုးအိုနှင့် ပိုင်ခြားထား၏။
အဘိုးအိုက ဒေါသတကြီး အော်ဟစ်၍ သူ့လက်ထဲရှိ ကောင်းကင်ဘုံ ဓားတစ်လက်ဖြင့် ထိုအကာအကွယ်ကို ဝှေ့ယမ်းပစ်သည်။ သည်အကာအကွယ်က တုန်ခါသွားသော်လည်း မပြိုကွဲပေ။
အဘိုးအိုက ထိုအဖြစ်ကို မည်သို့ ခွင့်ပြု ပေးနိုင်ပါ့မည်နည်း။ သူက ကောင်းကင်ဘုံဓားကို လွှဲ၍ခုတ်ချ၏။
နောက်ဆုံးလက်ကျန် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုပြီးနောက် အမျိုးသမီး၏ ပတ်လည်တွင် သေခြင်းအော်ရာများ နီးကပ်ဝန်းရံလာသည်။
“ကျောက်ရီ … ငါက ကောင်းကင်ဘုံဘုရင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်မရှိတော့ဘူး။ ကောင်းကင်ဘုံ ဘုရင်တစ်ယောက် စိတ်ခံစားချက်မရှိဘူး။ ငါက ပြိုကွဲနေတဲ့ စိတ်ဝိညာဉ်တစ်ခုပဲ ။ ငါက နင်ငါ့ကို နှစ် ၂၀၀၀ ကြာ ကာကွယ်ပေးခဲ့တာကို တွေ့မြင်ခဲ့တယ်။ နင်က ငါ့အတွက် နင့်မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းပစ်တဲ့ အချိန်မှာ နင့်စွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့ရတာ …”
“ကျေးဇူးတင်ပါတယ် …။ နောက်ဘဝသာ ရှိခဲ့ရင် ငါက ပျက်စီးနေတဲ့ စိတ်ဝိညာဉ်အဖြစ်နဲ့ မဟုတ်ဘဲ နင့်အနားမှာ ရှိနေချင်ပါသေးတယ် …”
နောက်ဆုံး ကျန်နေသေးသော နဂါး၏နဖူးထက်မှ ခရမ်းရောင် အမှတ်အသားထံမှ ငိုရှိုက်သံတစ်ခုကို ကြားလိုက်ရ၏။
“ထန်အာ …”
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ခန္ဓာကိုယ်က စတင်ပြိုကျလာသည်။ သူမက နောက်ဆုံး ကောင်းကင်ဘုံဓားကို လက်ညွှန်လိုက်သည်။ ရွှေရောင်မျက်လုံးတစ်ခုက ထိုဓားထံမှ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးကျန်ခဲ့သော နဂါးထံသို့ တိုးဝင်သွားသည်။
ထိုသို့ပြုလုပ်ပြီးနောက် သူမက ပျော်ရွှင်ဖွယ် အပြုံးတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်သည်။ သည်အပြုံးက အလွန်လှ၏။
ကောင်းကင်ဘုံကြောင့် မြေကြီးကြောင့် ကံတရားကြောင့် ငါတို့ ဆုံစည်းခဲ့ရတယ် …။
ကောင်းကင်ဘုံမန္တန်က နှစ်ထောင်ပေါင်းများစွာ ကြာအောင် စွဲလမ်းတဲ့နင့်စိတ်ကို မဖုံးကွယ်ထားနိုင်ဘူး။
နင့်ရဲ့စွဲလမ်းမှုနဲ့ စိတ်ခံစားချက်က ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေတယ်။ ငါ့အတွက် နင်က နင့်ဘဝကို ပေးအပ်တယ်။ ငါကလည်း နင့်အတွက် ငါ့ဘဝကို ပြန်ပေးအပ်ချင်ပါတယ်။
နင်နဲ့ငါ နောက်ဘဝမှာ ပြန်တွေ့ကြမယ်။ ငါတို့ထပ်တွေ့တဲ့ ဘယ်အချိန်ဖြစ်ဖြစ် ဒီဘဝကို မမေ့ပစ်ပါနဲ့။
“မဟုတ်ဘူး …” နောက်ဆုံး ကျန်နေသေးသော နဂါး၏ ခရမ်းရောင် အမှတ်အသားထံမှ ထိတ်လန့်ဖွယ်အသံ ထွက်ပေါ်လာ၏။ နဂါးထံမှ ခရမ်းရောင် ဓားစွမ်းအင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်ရီ၏ အသွင်သို့ ပြောင်းသွားသည်။
ရွှေရောင် မျက်လုံးလေးခုက ကျောက်ရီ၏ နဖူးထက်၌ နစ်မြုပ်နေခဲ့သည်။ သူတို့က လုံးဝ နစ်မြုပ်သွားချိန်၌ ပုံရိပ်ယောင် ဓားတစ်တစ်လက်က သူ့နဖူးထက်၌ ပေါ်လာခဲ့သည်။ သူခန္ဓာကိုယ် တစ်ခုလုံးကလည်း ရွှေရောင် တောက်ပနေ၏။
သို့ရာတွင် သည်ရွှေရောင် အလင်းတန်းက နူးညံ့သော ခံစားချက်မရှိချေ။ သို့သော် နက်ရှိုင်းသော ဝမ်းနည်းမှု ရှိနေ၏။
ကျောက်ရီ ထွက်ပေါ်လာသည်နှင့် ရွှေရောင်နဂါးက အမျိုးသမီးများ အသုံးပြုသော ဓားတိုတစ်ချောင်း အသွင်ပြောင်း၍ ပျက်စီးသွားသည်။ ၎င်းက လေထဲရှိ ဓားကြီး၏ ဘေး၌ မျောလွင့်နေသည်။
သည်ဓားကြီးနှင့် ဓားတိုတို့က ကြင်ဖော်ဓားအလား မှတ်ရသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးများက မှိတ်သွားပြီး သူမခန္ဓာကိုယ်က ပြိုကျလာသည်။ သူမ သေဆုံးသွားပြီးနောက် အကာအရံကလည်း ပျောက်ကွယ်သွားသည်။
“ဘာကြောင့်လဲ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ငါသေမယ်ဆိုရင် ငါသေရမှာပေါ့။ ဘာလို့ နင်က ငါ့အတွက် ဒီလိုလုပ်ခဲ့တာလဲ။ နင်သေရင် … ငါရှင်သန်နေရတယ်။ ငါသေရင် နင်ရှင်သန်နေရတယ်။ ငါတို့ ကံကြမ္မာက ဒီလိုဖြစ်နေတာလား။ မဟုတ်ဘူး …” ကျောက်ရီက သူမကို ထွေးပွေ့ထားလို၏။သို့သော် သူက သူမကို ထိတွေ့လိုက်သည်အခါ သူ့ခန္ဓာကိုယ်က ဒြပ်ထုမရှိသည့်အလား သူမကိုယ် ဖြတ်ကျော် ထွင်းဖောက်သွား၏။
သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုက ကောင်းကင်နှင့် မြေကြီးကို လှုပ်ရှားသွားနိုင်သည်။
အမျိုးသမီး အလောင်းက သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်၍ အောက်သို့ ပြိုကျလာသည်။ အကာအကွယ် ပျောက်ကွယ်သွားခြင်းနှင့် အတူ ကောင်းကင်ဘုံ ဓားနှစ်လက် ညင်သာသော စွဲအားကြောင့် အမျိုးသမီး အလောင်းနားသို့ ကျရောက်လာသည်။
အမျိုးသမီး အလောင်း ပြိုကျနေသည်ကို ကြည့်ရင်း သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုက ပို၍ပင် သန်လာခဲ့သည်။
ထန်အာ …။
ငါ့နာမည်က ထန်အာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ဒီနာမည်ကို ကြိက်နှစ်သက်တယ် …။
ငါက နင့်ရဲ့စွဲလမ်းမှုကြောင့် ဖြစ်လာရတာ…။
အဘိုးအိုက သူ့ဒေါသများကို ထုတ်လွတ်၍ အမျိုးသမီးအလောင်း ဘေးနားရှိ ကောင်းကင်ဘုံ ဓားနှစ်လက်ရှိရာသို့ တစ်ဟုန်ထိုး ဝင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ကျောက်ရီကို သတ်ဖြတ်ချင်စိတ်ဖြင့် သိမ်းကျုံးကြည့်သည်။
ဝမ်လင်းက အကွာအဝေး တစ်ခုကနေ သည်အရာများ အားလုံးကို ကြည့်ရှုနေသည်။ သူ့နှလုံးသားထဲ၌ ဝမ်းနည်းမှုကို ခံစားနေရသည်။
***