အခန်း (၄၁၁-၄၁၂)
Vol. 42 Ch. 411-412
အခန်း ၄၁၁:သတ္တုတွင်းက ဘယ်မှာလဲ
လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း...
ဤနေရာသည် လူများဖြင့် စည်ကားပြီး အလွန်အမင်း သက်ဝင်လှုပ်ရှားနေသင့်သည်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် ထိုနေရာသည် အပျက်အစီးနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ယနေ့တွင်...
ပုံရိပ်တစ်ခုက အပျက်အစီးများထဲမှ ထွက်ပေါ်လာသည်။
"ငါက ဘယ်သူလဲ..."
"ငါ ဘယ်ရောက်နေတာလဲ..."
"ဘာတွေ ဖြစ်သွားတာလဲ..."
ထိုလူသည် နိုးလာသည်နှင့် တပြိုင်နက် သူ၏မျက်နှာတွင် ပြင်းထန်သော နာကျင်မှုတစ်ခုကိုသာ သူ ခံစားလိုက်ရသည်။ သူ၏မျက်နှာ နာကျင်နေရုံသာမက သူသည် အလွန်အမင်း ဇဝေဇဝါ ဖြစ်နေခဲ့လေ၏။
ဤလူမှာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ မဟာအာဏာရှင်လုဖုန်းမှလွဲ၍ တခြားလူမဟုတ်ချေ။
ယခင်က သတ္တုတွင်းတာဝန်ခံများအားလုံးသည် သူတို့၏ အသက်ရှင်သန်ရန်အတွက် ထွက်ပြေးရန် အလုပ်ရှုပ်နေကြသဖြင့် မဟာအာဏာရှင်လုဖုန်းကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြချေ။
သတ္တုတွင်းကျွန်များသည် သတ္တုတွင်းကို သိမ်းပိုက်ပြီးနောက် သူ၏အင်မော်တယ်လှိုဏ်ဂူသည် အပျက်အစီးများအဖြစ်သို့ ဖောက်ခွဲခြင်းခံလိုက်ရပေ၏။
ချီလင်တစ်ကောင်၏ နှစ်ကြိမ်တိုင်တိုင် နင်းချေခြင်းကို ခံရကာ ပင်မခန်းမ၏ အရှင်လတ်လတ် မြှုပ်နှံခြင်းကို ခံရပြီးနောက် ဤသတ္တုတွင်း မဟာအာဏာရှင် အသက်ရှင်နေသေးခြင်းမှာ အံ့ဖွယ်တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။
မဟာအာဏာရှင် လုဖုန်း ဇဝေဇဝါ ဖြစ်နေချိန်တွင်...
လူအုပ်ကြီးတစ်စုသည် မိုးကုတ်စက်ဝိုင်းမှ ပျံသန်းလာပြီး သူတို့၏ပစ်မှတ်မှာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း အတိအကျပင်။
ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရှေ့ဆုံးမှလူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ ကြီးကျယ်ခမ်းနားသော လူတစ်ဦး၏ ဖိနှိပ်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
သူ၏မျက်လုံးများသည် နက်ရှိုင်းပြီး သူ၏ချီစွမ်းအားမှာ ချောက်နက်ကြီးတစ်ခုအလား ကြီးမားကျယ်ပြန့်လှသည်။
သူသည် ဖုန်းယွီဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖုန်းပုချွင် ပင်။
သူ၏နံဘေးတွင် ဖုန်းယွီဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအားလုံး ရှိနေကြ၏။
ထိုလူများအနက် ဆံပင်ဖြူနေသော်လည်း ငယ်ရွယ်သောမျက်နှာ ရှိသည့် မဟာအကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ်... ကောင်းကင်ဘုံက ကျွန်တော်တို့ရဲ့ ဖုန်းယွီဂိုဏ်းကို ကောင်းချီးပေးတာပဲ..."
"အခု နတ်ဘုရားငှက်ရဲ့ သတင်းက ယာယီ မရှိသေးပေမဲ့ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းက မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါရဲ့ အထွတ်အထိပ် ရတနာကို မထင်မှတ်ဘဲ တူးဖော်တွေ့ရှိခဲ့တယ်..."
"ဒီရတနာကို ကျွန်တော်တို့ ရရှိသရွေ့ ကျွန်တော်တို့ဖုန်းယွီဂိုဏ်းရဲ့ စွမ်းအားနဲ့ အခြေခံအုတ်မြစ်က အဆင့်သစ်တစ်ခုကို သေချာပေါက် ရောက်ရှိသွားလိမ့်မယ် လို့ ကျွန်တော် ယုံကြည်တယ်..."
"တကယ်လို့ ကျွန်တော်တို့က နတ်ဘုရားငှက်ကို ပြန်ရှာတွေ့နိုင်ရင် ဖုန်းယွီဂိုဏ်းရဲ့ တိုးတက်မှုက အချိန် ပြဿနာတစ်ခု သက်သက်ပဲ ဖြစ်လိမ့်မယ်..."
ယခုအချိန်ကာလ မတိုင်မီက ဖုန်းယွီဂိုဏ်းရှိ လူတိုင်းသည် နတ်ဘုရားငှက် ပျောက်ဆုံးသွားမှု၏ ဝမ်းနည်းပူဆွေးမှုတွင် နစ်မြောနေခဲ့ကြကြောင်း ဆိုရပေမည်။
နတ်ဘုရားငှက် ဆုံးရှုံးသွားခြင်းက ဖုန်းယွီဂိုဏ်း တစ်ခုလုံး တိုးတက်လာရန် မျှော်လင့်ချက်လည်း ဆုံးရှုံးသွားကြောင်း ဆိုလိုခြင်းပင်။
သို့သော် ဆုတ်ယုတ်မှုတစ်ခုသည် အသွင်ပြောင်းလာသော ကောင်းချီးတစ်ခု ဖြစ်နိုင်ပေ၏။
လွန်ခဲ့သော ရက်အနည်းငယ်အကြာက လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ မဟာအာဏာရှင် လုဖုန်း သတင်းပို့ခဲ့သည်မှာ လျှို့ဝှက်ဆန်းကြယ်နယ်မြေသတ္တုတွင်းတွင် မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါတစ်ခု ထွက်ပေါ်လာကြောင်းပင်။
ရုတ်ချည်းဆိုသလိုပင် ဖုန်းယွီဂိုဏ်းတစ်ဂိုဏ်းလုံး၌ ဆူပူအုံကြွမှုကြီး ဖြစ်ပွားသွားခဲ့သည်။
မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါ၏ အထွတ်အထိပ် ရတနာကို ပိုင်ဆိုင်ခြင်းသည် မည်သည့်အရာအား ဆိုလိုသနည်း။
ထိုအရာမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် အဖိုးတန်သော ရတနာတစ်ခု ဖြစ်နေမည်ဟု ဆိုလိုခြင်းပင်။
ထိုရတနာကို ရရှိပြီးသည်နှင့် နတ်ဘုရားငှက် မရှိလျှင်ပင် ဖုန်းယွီဂိုဏ်း၏အင်အား များစွာတိုးတက်လာပေလိမ့်မည်။
အကယ်၍ သူတို့သာ နတ်ဘုရားငှက်ကို ပြန်ရှာတွေ့နိုင်ပါက သူတို့၏ဂိုဏ်းသည် အနာဂတ်တွင် မည်မျှ အထိ သွားနိုင်မည်ကို သူတို့ စိတ်ကူးပင် မယဉ်ရဲကြချေ။
ထို့ကြောင့် ဖုန်းယွီဂိုဏ်းတွင် ဤကာလအတွင်း နတ်ဘုရားငှက်နှင့် ပတ်သက်သည့် သတင်းအချက်အလက် မရှိသော်လည်း ထိုအချက်က သူတို့ကို အလွန်အမင်း စိတ်လှုပ်ရှားခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါကို ဖော်ထုတ်ရန် အလွန်မြင့်မားသော ဝင်္ကပါတာအို အောင်မြင်မှုများရှိသည့် မဟာသခင်တစ်ဦး လိုအပ်သည်ဟူသော အချက်သာ မဟုတ်ပါက....
ဂိုဏ်းတစ်ခုလုံး၏ အဆင့်မြင့်အကြီးအကဲများ လှုပ်ရှားနေခဲ့ပြီး ပထမဆုံးအခွင့်အရေးရရန် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းဆီသို့ အပြေးအလွှား သွားခဲ့ကြပြီး ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ထိုသတင်းကို သိရှိလိုက်ရသည့် အချိန်အခိုက်အတန့်တွင် ဖုန်းယွီဂိုဏ်းချုပ်သည် ဝင်္ကပါတာအိုတွင် နာမည်ကျော်ကြားသော ဝင်္ကပါမဟာသခင် လျှူရီဖုန်းကို ချက်ချင်းသွားရောက် ဖိတ်ကြားခဲ့၏။
ဤလျှူရီဖုန်းသည် ဝင်္ကပါတာအိုတွင် အမှန်တကယ့်ကို ဒဏ္ဍာရီတစ်ခုပင်။
သူသည် လွန်ခဲ့သော နှစ်ကိုးထောင်က နာမည်ကျော်ကြားလာခဲ့ပြီး ဝင်္ကပါတာအိုတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု လူသိများသည်။
သူ၏ ဘဝတလျှောက်လုံးတွင် သူသည် ဝင်္ကပါများကို စေ့စပ်သေချာစွာ လေ့လာခဲ့ပြီး မရေမတွက်နိုင်သော ဝင်္ကပါများကို ချိုးဖျက်ခဲ့သည်။
ဝင်္ကပါ မဟာသခင် လျှူရီဖုန်း မချိုးဖျက်နိုင်သော ဝင်္ကပါဟူ၍ လောကကြီးတွင် မရှိဟုပင် လူတချို့က ကောလာဟလများ ဖြန့်ဝေခဲ့ကြသည်။
ထို့ကြောင့် လျှူရီဖုန်းကို ဖိတ်ကြားပြီးနောက် ဖုန်းယွီဂိုဏ်းချုပ်သည် အကြီးအကဲဆယ်ဦးနှင့်အတူ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းဆီသို့ အပြေးအလွှား လာခဲ့ကြ၏။
မြင့်မားသော ကောင်းကင်ယံတွင်....
ဂိုဏ်းချုပ်ဖုန်းပုချွင်၏အမူအရာသည် မဟာအကြီးအကဲ ပြောသည့် စကားကို ကြားချိန်၌ အနည်းငယ် လှုပ်ခတ်သွားသည်။
သို့သော် သူသည် သူ၏နံဘေးရှိ ဝင်္ကပါမဟာသခင် လျှူရီဖုန်းကို တစ်ချက်ကြည့်ကာ မဟာအကြီးအကဲ အား ပြောလိုက်သည်။
"မဟာ အကြီးအကဲ... အဲဒီစကားက မဟုတ်သေးဘူး...ကျွမ်းကျင်သူတွေ ထွက်ပေါ်လာပြီးတော့ အစွမ်းထက်သူတွေ စုဝေးနေတဲ့ အလယ်ပိုင်းဒေသ က ဘယ်လောက်တောင် ကျယ်ပြန့်လိုက်လဲ..."
"နတ်ဘုရားငှက်ရဲ့ အကူအညီနဲ့တောင် ငါတို့ရဲ့ ဖုန်းယွီဂိုဏ်းက ဒီလောကမှာ ပိုကောင်းအောင် အခြေချနိုင်ရုံလောက်ပဲ..."
"တိုးတက်လာမယ်လို့ ပြောဖို့က အရမ်းစောပါသေးတယ်..."
သူ စကားပြောဆိုနေစဉ်မှာပင် လျှူရီဖုန်းအား ကြည့်လိုက်၏။
"ဝင်္ကပါမဟာသခင်လျှူကို ကျွန်တော်က ရယ်စရာအောင် လုပ်မိပြီ ထင်တယ်..."
ထိုစကားကို ကြားသောအခါ လျှူရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဖုန်းယွီဂိုဏ်းက ဖရိုဖရဲနယ်မြေမှာ အစွမ်းထက်ဆုံး အင်အားစုတစ်ခု ဖြစ်နေပါပြီ...တကယ်လို့ နတ်ဘုရားငှက်ရဲ့ အကူအညီကို ရနိုင်ရင် ဂိုဏ်းရဲ့ တိုးတက်မှုက အချိန်ပြဿနာတစ်ခု သက်သက်ပါပဲ... ကျွန်တော်က ဘာလို့ ရယ်ရမှာလဲ...ဂိုဏ်းချုပ်က အရမ်းနှိမ့်ချလွန်းနေတာလို့ ကျွန်တော် ထင်မိတယ်..."
နှစ်ဖက်လုံးသည် ဤကဲ့သို့ လမ်းတလျှောက်လုံး ပေါ့ပေါ့ပါးပါး စကားပြောဆိုရင်း လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းဆီသို့ အလွန်လျှင်မြန်သော အမြန်နှုန်း ဖြင့် အပြေးအလွှား သွားခဲ့ကြသည်။
ဖုန်းပုချွင်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။
"စကားမစပ်... ဒီတစ်ကြိမ်မှာ ဝင်္ကပါမဟာသခင် လျှူကို ဖိတ်ကြားနိုင်တာက ကျွန်တော်တို့ ဖုန်းယွီဂိုဏ်း အတွက် ကောင်းချီးတစ်ခုပဲ...ဒါပေမဲ့ မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါက အရမ်း အရေးကြီးတယ်... ဒီကိစ္စပြီးရင် ဝင်္ကပါမဟာသခင်လျှူက ကျွန်တော်တို့ ဖုန်းယွီဂိုဏ်း အတွက် ဒီ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်မိတယ်..."
လျှူရီဖုန်းက ပြုံးလိုက်၏။
"ဂိုဏ်းချုပ်ဖုန်း... စိတ်ချပါ... ကျွန်တော်က လူတွေဆီက ငွေယူပြီးရင် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးပါတယ်...ဖုန်းယွီဂိုဏ်းကပေးတဲ့ အခကြေးငွေကို ကျွန်တော် လက်ခံပြီးမှတော့ ဒီကိစ္စကို လျှို့ဝှက်ပေးထားမှာပါ..."
"ပြောရရင် ကျွန်တော်က ကျွန်တော့်ရဲ့ဘဝမှာ ဝင်္ကပါတွေ အများကြီးကို ချိုးဖျက်ခဲ့ဖူးပေမဲ့ မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါနဲ့ တကယ့်ကို တစ်ခါမှ မကြုံဖူးဘူး...ဒီခရီးစဉ်က ကျွန်တော့်အတွက် သေးငယ်တဲ့ စိန်ခေါ်မှုတစ်ခု မဟုတ်ဘူး..."
ဖုန်းပုချွင်၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ထင်ဟပ်လာသည်။
"ဝင်္ကပါမဟာသခင်လျှူတောင်မှ ဒီမွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါကို ချိုးဖျက်ဖို့ ယုံကြည်မှု မရှိတာများ ဖြစ်နေမလား..."
"ဒါက....ကျွန်တော်မှာ ယုံကြည်ချက် ရှိပါတယ်...ဒါပေမဲ့ မဟာဝင်္ကပါက ပိုပြီးရှုပ်ထွေးလေလေ အဲ့ဒါကို ချိုးဖျက်ဖို့ အချိန်ပိုပြီး ကြာလေလေပဲ..."
"တချို့ မဟာဝင်္ကပါတွေအတွက်ဆိုရင် အဲဒါတွေကို ချိုးဖျက်ဖို့ တစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက် အချိန်ယူရတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး...ဂိုဏ်းချုပ် ဖုန်းက ကျေးဇူးပြုပြီးတော့ ဒီအချက်ကို မှတ်သားထားပေးပါ..."
"သေချာတာပေါ့... သေချာတာပေါ့..."
လူအုပ်ကြီးသည် အလွန်အမင်း မြန်ဆန်စွာ ခရီးနှင်နေပြီး သူတို့ စကားပြောနေစဉ် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏အထက်သို့ ရောက်ရှိနေလေပြီ။
သို့သော် အောက်ဘက်ရှိ ပျက်စီးနေသော လွင်ပြင်ကို ကြည့်ရင်း.....
အကြီးအကဲတစ်ဦးက သူ၏မျက်လုံးများကို ပွတ်သပ်လိုက်၏။
"ကျွန်တော်တို့ နေရာ မှားသွားတာ ဖြစ်နိုင်မလား..."
"လမ်းကြောင်းက ပြဿနာ များ ရှိနေတာလား..."
ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အဆင့်မြင့်အကြီးအကဲများအားလုံး ဇဝေဇဝါ ဖြစ်နေသော အမူအရာများကို ပြသလိုက်ကြသည်။
"သတ္တမ အကြီးအကဲ... ခင်ဗျား ဘယ်လို လမ်းပြခဲ့တာလဲ..."
"ကျွန်တော်တို့ဂိုဏ်းက လက်အောက်ခံ လုပ်ငန်းရဲ့ တည်နေရာကိုတောင် ခင်ဗျား အမှတ်မှားသေးတာလား..."
ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများဖြစ်သည့်တိုင် လူတိုင်းသည် သူတို့ဂိုဏ်း၏လုပ်ငန်းများအကြောင်း မသိကြချေ။
ကိစ္စတချို့ကို သတ်မှတ်ထားသော အကြီးအကဲများက ကိုင်တွယ်ဖြေရှင်းကြသည်။
ဤလုပ်ငန်း၏ အစစ်အမှန် ခေါင်းဆောင်သည် သတ္တမ အကြီးအကဲပင်။
သတ္တမ အကြီးအကဲသည်လည်း လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်နေပေ၏။
"ငါ အမှတ်မှားတာ မဟုတ်ဘူး..."
"သတ္တုတွင်းကို ရှာတွေ့တုန်းက ငါက လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းကို တစ်ခါလာခဲ့ဖူးတယ်..."
"ဒီနေရာပဲ ဖြစ်ရမယ်... အမှား မရှိနိုင်ဘူး..."
"အဲ့ဒီလိုဆိုရင် သတ္တမ အကြီးအကဲ... သတ္တုတွင်းက ဘယ်မှာလဲ... ငါတို့ ဖုန်းယွီဂိုဏ်းက လူတွေ ဘယ်မှာလဲ ဆိုတာ ငါတို့ကို ရှင်းပြပေးနိုင်မလား..."
အချိန်တခဏကြာသည်အထိ သတ္တမအကြီးအကဲ သည်လည်း သူ အမှတ်မှားသည်ဟု ခံစားလိုက်ရသည်။
သို့သော် အလွန်လျင်မြန်စွာဖြင့် သူသည် သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သတ္တုတွင်း ဧရိယာတွင် မဟာအာဏာရှင် လုဖုန်းကို ချက်ချင်း တွေ့ရှိလိုက်ရ၏။
"အာဏာရှင် လု... သတ္တုတွင်းက ဘယ်မှာလဲ..."
"ငါတို့ ဖုန်းယွီဂိုဏ်းက လူတွေ ဘယ်မှာလဲ..."
ဤအချိန်တွင် လုဖုန်းသည် ဇဝေဇဝါ ဖြစ်နေဆဲပင်။
ရုတ်တရက် အပြစ်တင်သောအသံ တစ်သံကို သူ ကြားလိုက်ရသည်။
သူသည် ကြောင်စီစီအမူအရာဖြင့် သူ၏ခေါင်းကို လှည့်ကြည့်လိုက်၏။
အဆင့်မြင့် အကြီးအကဲများကို ကြည့်ရင်း...
"ကျွန်... ကျွန်တော် မသိဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သတ္တမအကြီးအကဲက ဒေါသတကြီး အော်ငေါက်လိုက်သည်။
'မင်းက သတ္တုတွင်းရဲ့ မဟာအာဏာရှင်အနေနဲ့ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း တစ်ခုလုံးကို စီမံခန့်ခွဲဖို့ တာဝန်ရှိတယ်...အခု သတ္တုတွင်းက စိတ်ဝိညာဉ်ချီတွေ မရှိတော့ဘဲ လွင်ပြင်တစ်ခု အဖြစ် ပြောင်းလဲသွားတယ်....ဖုန်းယွီဂိုဏ်းက လူတစ်ယောက်မှ မတွေ့ရဘူး...ပြီးတော့ သောင်းနဲ့ချီတဲ့ သတ္တုတွင်းကျွန် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတယ်....အခြေအနေကို မေးတဲ့အချိန်မှာ မင်းက မသိဘူးလို့ တကယ်ကြီး ပြောရဲတာလား"
ရုတ်ချည်းဆိုသလိုပင် သတ္တမအကြီးအကဲ ဒေါသထွက်သွားပြီး သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူ၏တစ်ကိုယ်လုံးမှာ လေထိုးထားသော ဖားပြုတ် တစ်ကောင်အလား ဖြစ်နေပေ၏။
သူ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
ထို့နောက် ဝင်္ကပါမဟာသခင် လျှူရီဖုန်းက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်သည်။
သူသည် ဖုန်းယွီဂိုဏ်းချုပ် ဖုန်းပုချွင်ကို တစ်ချက် ကြည့်လိုက်၏။
သူ၏မျက်လုံးအကြည့် ချက်ချင်းပြောင်းလဲသွားတော့သည်။
'ဒါက ခင်ဗျား ကျွန်တော့်ကို ချိုးဖျက်ခိုင်းတဲ့ မဟာဝင်္ကပါလား....ဝင်္ကပါကို မပြောနဲ့...ဆံချည်တစ်မျှင်တောင် မရှိဘူး'
သူ ထိုသို့တွေးနေစဉ် ညှိုးနွမ်းခြောက်ကပ်နေသော အဝါရောင် ဆံချည်တစ်မျှင်က လေနှင့်အတူ လွင့်တက်လာသည်။
ကောင်းပြီလေ...
တကယ်တော့ ဆံချည်တစ်မျှင် ရှိနေတယ်...ပြီးတော့ ခင်ဗျားက ကျွန်တော့်ကို ဝင်္ကပါကို ချိုးဖျက်စေချင်တာလား...
အခန်း ၄၁၂: ဇဝေဇဝါ ဖြစ်နေသော အမူအရာ
မိုးကောင်းကင်ယံတွင် လျှူရီဖုန်း၏အမူအရာမှာ အတော်လေး မှုန်ကုပ်နေသည်။
သူ၏အသံမှာလည်း အလိုအလျောက် အေးစက်သွားခဲ့သည်။
"ဂိုဏ်းချုပ်ဖုန်း... ခင်ဗျားက ဒီအဘိုးကြီးကို အရူးလုပ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား..."
"မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါကို မျက်မြင်တွေ့ဖို့နဲ့ ကျွန်တော့်ရဲ့ တာအိုကို အတည်ပြုဖို့ မိုင်ထောင်ချီပြီး ခရီးထွက်လာခဲ့တယ်..."
"ဒီကိစ္စအတွက် ဒီအဘိုးကြီးကို လှုပ်ရှားဖို့ ဖိတ်ကြားတဲ့ အခကြေးငွေက အောက်ခြေစျေးနှုန်းအထိ လျှော့ချထားပြီးသားပါ..."
ဤဝင်္ကပါမဟာသခင်သည် သူ၏ ပြင်းထန်သော မကျေနပ်မှုကို ပြသလိုက်၏။
သူ အရူးလုပ်ခံရသည်ဟု ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်ဖုန်းပုချွင်က အလျင်အမြန် နှစ်သိမ့်ပေးပြီး ပြောလိုက်သည်။
"မဟာသခင်... ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါအုံး... ဒီနေရာက မမျှော်လင့်ထားတဲ့ အပြောင်းအလဲ တစ်ခုခု ဖြစ်သွားပုံ ရတယ်..."
"ဒီကိစ္စကို ရှင်းလင်းပြီးတာနဲ့ ဝင်္ကပါမဟာသခင်လျှူ စိတ်ကျေနပ်စေမယ့် ဖြေရှင်းချက်တစ်ခုကို သေချာပေါက် ပေးပါ့မယ်..."
ဖုန်းယွီဂိုဏ်းသည် ဖရိုဖရဲနယ်မြေကို မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် လွှမ်းမိုးထားခဲ့သော်လည်း သူတို့သည် ဒေသအသီးသီးတွင် နာမည်ကြီးသော လျှူရီဖုန်းကဲ့သို့ ဝင်္ကပါမဟာသခင် တစ်ဦးကို အလွန်အမင်း လေးစားမှုဖြင့်သာ ဆက်ဆံနိုင်သည်။
လျှူရီဖုန်းသည် အစွမ်းထက်ရုံသာမက သူ၏ အဆက်အသွယ်များမှာ အလွန်ကျယ်ပြန့်သဖြင့် ဖုန်းယွီဂိုဏ်းပင်လျှင် သူ့ကို အလွယ်တကူ မစော်ကားလိုချေ။
ဖုန်းပုချွင်သည် လျှူရီဖုန်းကို နှစ်သိမ့်ပြီးနောက် သူ၏ မျက်နှာတပြင်လုံးမှာ လျှင်မြန်သော အမြန်နှုန်း ဖြင့် သိသိသာသာ မည်းမှောင်သွားပေ၏။
တခြားတစ်ဖက်တွင် သတ္တမအကြီးအကဲသည် လုဖုန်း ထံမှ မည်သည့်သတင်းအချက်အလက်ကိုမျှ ထုတ်ယူ၍မရနိုင်သည်ကို မြင်သောအခါ သူသည် သူ၏နှလုံးသားထဲရှိ ကသောင်းကနင်းနိုင်မှုကို ဖိနှိပ်ကာ စစ်ဆေးမေးမြန်းမှုကို လွှဲပြောင်းယူလိုက်သည်။
"လုဖုန်း... ငါ့ကို ပြောစမ်း...ဒီကာလအတွင်း မင်း ဘာတွေကို ကြုံတွေ့ခဲ့ရတာလဲ..."
ဤအခိုက်အတန့်တွင် လုဖုန်းသည် ယုံမှားသံသယဖြစ်ဖွယ်မရှိအောင်ပင် ပြိုလဲလုနီးပါး ဖြစ်နေသည်။
သူ၏မျက်နှာ အလွန်အမင်း နာကျင်နေသည်။ ထို့ပြင် သူ နိုးလာချိန်၌ သတ္တုတွင်း ပျောက်ကွယ်သွားပြီး သူ၏ လက်အောက်ငယ်သားများကို မတွေ့ရတော့ဘဲ သတ္တုတွင်းကျွန်များအားလုံး ထွက်ပြေးသွားကြလေပြီ။
သူ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်နေဆဲပင်။
မျက်စိတမှိတ်အတွင်း ကောင်းကင်ပြိုကျပြီး မြေကြီး အက်ကွဲသွားသကဲ့သို့ပင်။
သို့သော် ဤအချိန်အခိုက်အတန့်တွင် ဂိုဏ်းချုပ်၏ မေးခွန်းကို ရင်ဆိုင်ရချိန်၌ လုဖုန်းသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းအကျပ်လုပ်ကာ သူ သိသမျှ အရာအားလုံးကို စကားတစ်လုံးမလွဲဘဲ ပြန်ပြောပြရုံသာ တတ်နိုင်တော့သည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... သတ္တုတွင်းက ဘာလို့ ဒီလို ဖြစ်သွားလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး..."
"အဲဒီနေ့က ကျွန်တော်က ဂိုဏ်းရဲ့ အထက်လူကြီး တွေဆီက တာဝန်တစ်ခုကို ထမ်းဆောင်နေပြီးတော့ သတ္တုတွင်း ကို ပြန်ပြီး ရှင်းလင်းဖို့ အမိန့်ပေးခံရတယ်..."
"သတ္တုတွင်း တာဝန်ခံ သုံးယောက်က ပုန်ကန်ခဲ့ပြီးတော့ သတ္တုတွင်းကျွန်တွေနဲ့ ပူးပေါင်းပြီး နံပါတ်တစ်ဆယ်သတ္တုတွင်းက သတ္တုတွင်းကျွန်တွေကို တိတ်တဆိတ် သတင်းပေးမယ်လို့ ဘယ်သူက သိမှာလဲ..."
"ဒါကြောင့် ကျွန်တော်က အစွမ်းကုန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်....ဒီသတ္တုတွင်းကျွန်တွေ အားလုံးနဲ့ ပုန်ကန်တဲ့ သတ္တုတွင်း တာဝန်ခံသုံးယောက်ကို အရှင်လတ်လတ် မြှုပ်နှံဖို့ လူတွေကို တိုက်ရိုက် ဦးဆောင်ခဲ့တယ်..."
"မထင်မှတ်ဘဲ သတ္တုတွင်းထဲမှာ ကျွမ်းကျင်သူတချို့ ပုန်းအောင်းနေခဲ့တယ်..."
"အဲ့ဒီထဲက အမျိုးသမီးတစ်ယောက်က တော်တော်လေး အစွမ်းထက်တယ်... သူ့ရဲ့ ကျင့်ကြံမှုက ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့်မှာပဲ ရှိပေမဲ့ ကျွန်တော်တို့ ဖုန်းယွီဂိုဏ်းရဲ့ ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့် နှစ်ယောက်နဲ့ ဓမ္မသောင်းချီနယ်ပယ် စတုတ္ထအဆင့် တာဝန်ခံတစ်ယောက်ကို လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့တယ်..."
"ဒါတင်မကဘူး အဲ့ဒီအမျိုးသမီးက သတ္တုတွင်းကျွန် တွေရဲ့ လက်ပေါ်က ကြေးနီကွင်းတွေရဲ့ ဖိအား ကန့်သတ်ချက်ကို တော်တော်များများ လျှော့ချပေးနိုင်တဲ့ အထူးနည်းလမ်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်..."
"သူ့ရဲ့ စည်းရုံးမှုအောက်မှာ နံပါတ်တစ်ဆယ်သတ္တုတွင်းက သတ္တုတွင်းကျွန်တွေအားလုံး ပုန်ကန်ခဲ့ကြတယ်..."
"ဒါပေမဲ့ အဲဒီလို ဖြစ်နေရင်တောင် ဒီ လက်အောက်ငယ်သားက ပုန်ကန်မှုကို နှိမ်နင်းဖို့ လုံးဝယုံကြည်မှု ရှိခဲ့တယ်..."
"ပြီးတော့ ဘာဆက်ဖြစ်လဲ..."
ဂိုဏ်းချုပ်ဖုန်းပုချွင်က ကျယ်လောင်စွာ အော်ဟစ်၍ မေးမြန်းလိုက်၏။
သတ္တုတွင်းကျွန်များအားလုံး ပုန်ကန်လျှင်ပင် အဆုံးမဲ့ ဆန်းကြယ်အလင်း ဝင်္ကပါက သူတို့ကို ကာကွယ်ပေးထားသဖြင့် ပုန်ကန်မှုကို နှိမ်နင်းရန် အလွန်မခက်ခဲသင့်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းသည် ယခုချိန်၌ မည်သည်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသနည်း။
မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါကို မဆိုထားနှင့် သူတို့၏ဂိုဏ်းက ခင်းကျင်းထားသော အဆုံးမဲ့ ဆန်းကြယ်အလင်းဝင်္ကပါပင်လျှင် ပျောက်ကွယ်သွားလေပြီ။
လုဖုန်းက ထိုစကားကို ကြားသောအခါ အတိတ်ကို ပြန်လည်၍ အမှတ်ရသွားသည်။
"အဲ့ဒီနောက်မှာ ကျွန်တော်က တိုက်ပွဲထဲကိုဝင်ပြီး ဆူပူအုံကြွမှုကို နှိမ်နင်းဖို့ လုပ်နေတုန်း လေဟာနယ်ထဲကနေ ချီလင်တစ်ကောင် ရုတ်တရက် ခုန်ထွက်လာတယ်..."
"ပြိုင်ဘက်က ရုတ်တရက်ကြီး ကျွန်တော့်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်....ပြီးတော့ ကျွန်တော် သတိလစ်သွားတယ်... ကျွန်တော် ပြန်နိုးလာတဲ့အချိန်မှာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းက ဒီလို ဖြစ်နေပြီ..."
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် လုဖုန်း အပေါ် လူတိုင်း၏အကြည့်များ သိသိသာသာ ပြောင်းလဲသွားပေ၏။
သတ္တမအကြီးအကဲက အလွန်အမင်း ဒေါသထွက်နေပြီး အော်ငေါက်လိုက်သည်။
"အဓိပ္ပာယ် မရှိတာ...လုံးဝ အဓိပ္ပာယ်မရှိတာ...မင်း ဘာပြောနေလဲဆိုတာ မင်း သိရဲ့လား...ဒါက မင်းရဲ့ အပြစ်ကနေ လွတ်မြောက်လိမ့်မယ်လို့ မင်း ထင်နေတာလား..."
"လျှို့ဝှက်ဆန်းကြယ်နယ်မြေသတ္တုတွင်းမှာ ချီလင် တစ်ကောင် ထွက်ပေါ်လာတယ်ပေါ့..."
"မဟာဧကရာဇ်တစ်ပါးက လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းကို လာတယ်လို့ မင်း ဘာလို့ မပြောတာလဲ..."
ချီလင်သည် မည်မျှထိ မြင့်မြတ်သနည်း။ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းကဲ့သို့ ခြောက်ကပ်သောနေရာမျိုးသို့ ချီလင်သည် မည်သို့ ဆင်းသက်လာနိုင်မည်နည်း။
ထို့ပြင် ထိုကဲ့သို့ သားရဲမျိုး လောကကြီးတွင် ရှိမရှိဆိုသည်မှာပင် အငြင်းပွားဖွယ် ကိစ္စတစ်ခု ဖြစ်နေသည်။
သူ၏အမြင်အရ ဤသည်မှာ တာဝန်ယူမှုမှ ရှောင်လွှဲရန် လုဖုန်း ဖန်တီးထားသော ထိတ်လန့်ဖွယ် လိမ်လည်မှု တစ်ခုသာ ဖြစ်ပေမည်။
သတ္တမ အကြီးအကဲ၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် လုဖုန်းက အလျင်အမြန် ရှင်းပြလိုက်၏။
"သတ္တမ အကြီးအကဲ... ကျွန်တော် ပြောခဲ့သမျှ အရာအားလုံးက လုံးဝ အမှန်ဖြစ်တယ် ဆိုတာကို ကျွန်တော့်ရဲ့ အသက်နဲ့ကံကြမ္မာကိုရင်းပြီး ကောင်းကင်ဘုံ တာအိုသစ္စာကို ကျိန်ဆိုပါတယ်..."
"ကျွန်တော် ပြောခဲ့တဲ့ အထဲမှာ လိမ်လည်မှု တစ်ဝက်လောက် ရှိနေရင်တောင် ကျွန်တော် ဆိုးဆိုးရွားရွား သေပါစေ..."
ကောင်းကင်ဘုံတာအို ကျမ်းသစ္စာဆိုမှုအပေါ် ယုံကြည်လက်ခံနိုင်စွမ်းမှာ အလွန်အမင်း မြင့်မားနေဆဲ ဖြစ်ကြောင်း ဆိုရပေမည်။
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်းက သူ့ကို သုံးပုံတစ်ပုံခန့် ယုံကြည်သွားခဲ့ကြသည်။
မည်သည်ကြောင့် သုံးပုံတစ်ပုံ ဖြစ်သနည်း။ ဤသည်မှာ ချီလင်တစ်ကောင် ထွက်ပေါ်လာသည်ဟူသော သတင်းသည် အလွန်အမင်း မယုံနိုင်စရာ ကောင်းနေသောကြောင့်ပင်။
သူတို့၏ဖုန်းယွီဂိုဏ်းက ကိုးကွယ်သော နတ်ဘုရားငှက်တွင် အလွန် ကြီးမားသော မူလအစရှိသော်လည်း ချီလင်နှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ဆင့်မက ပို၍နိမ့်ကျနေသည်။
ဂိုဏ်းချုပ်ဖုန်းပုချွင်က လုဖုန်းကို နောက်တစ်ကြိမ် ဖိအားပေး၍ မေးမြန်းလိုက်၏။
သို့သော် ထိုနောက်ပိုင်းတွင် လုဖုန်းသည် မည်သည့်အရာကိုမျှ မသိတော့ချေ။
အခြေအနေမှာ ဤအချိန်တွင် ထူးဆန်းသော အကျပ်အတည်းတစ်ခုသို့ ရောက်ရှိသွားပုံရသည်။
နောက်ဆက်တွဲ မည်သို့ဆက်ဖြစ်သွားသည်ကို လူတိုင်း သိချင်ကြသော်လည်း မည်သည့်နေရာက စရမည်ကို သူတို့ မသိခဲ့ကြချေ။
ဂိုဏ်းချုပ် ဖုန်းပုချွင်၏မျက်နှာသည် ရေများ စိမ့်ထွက်လာနိုင်သည်ဟု ထင်ရလောက်အောင် မှုန်ကုပ်နေပေ၏။
"အဲဒီ သတ္တုတွင်းကျွန်တွေအားလုံးနဲ့ ဒီနေရာမှာ တာဝန်ချထားတဲ့ ဖုန်းယွီဂိုဏ်းတပည့်တွေအားလုံး သေဆုံးသွားပြီဆိုတာကို ငါ မယုံဘူး..."
"အခုချက်ချင်း စုံစမ်း..."
"သေချာ စုံစမ်းကြစမ်း..."
"ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့အင်အားကို စုစည်းရမယ် ဆိုရင်တောင် ဒီကိစ္စကို အောက်ခြေအထိရောက်အောင် သွားရမယ်..."
ဤအခိုက်အတန့်တွင် သူ၏မျက်နှာ၌ နတ်ဆိုးဆန်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
သတ္တုတွင်းမှ စိတ်ဝိညာဉ်ချီများကို မည်သူ စုပ်ယူသွားခဲ့သနည်း။
ထို့ပြင် မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါ အတွင်းရှိ အထွတ်အထိပ်ရတနာကို မည်သူ ယူဆောင်သွားခဲ့သနည်း။
ဤသည်က ဖုန်းယွီဂိုဏ်း၏ အကျိုးစီးပွားကို ထိခိုက်စေရုံသာမက ဂိုဏ်းတစ်ဂိုဏ်းလုံး၏မျက်နှာကို မြေကြီးထဲသို့ နင်းချေပြီး အကြိမ်ကြိမ် ပွတ်တိုက်လိုက်ခြင်း ပင်။
အမှန်တရားကို ဖော်ထုတ်ပြီးသည်နှင့် ဂိုဏ်းတစ်ဂိုဏ်းလုံး၏အင်အားကို စုစည်းရမည် ဆိုလျှင်ပင် လက်သည်တရားခံများကို အသက်ဖြင့် ပြန်ပေးဆပ်ခိုင်းရပေမည်။
လူတစ်ယောက် ယူဆောင်သွားပါက လူတစ်ယောက် အပြစ်ပေးခံရမည်။
လူဆယ်ယောက် ယူသွားပါက လူဆယ်ယောက် အပြစ်ပေးခံရမည်။
လူတစ်သောင်း ယူသွားပါက လူတစ်သောင်း အပြစ်ပေးခံရပေမည်။
သူသည် လောကကြီးကို ဇောက်ထိုးလှန်ကာ တစ်ဖက်လူများ၏ခေါင်းများ ပြတ်သွားအောင် လုပ်ရပေမည်။
ဖုန်းယွီဂိုဏ်းကို ရန်မစသင့်ကြောင်း လောကကြီးကို သူ သိစေချင်ခဲ့သည်။
ဂိုဏ်းချုပ်၏အသံ တိတ်သွားသည် အကြီးအကဲတစ်ဦးက ချက်ချင်းရှေ့ထွက်လိုက်ပြီး ဤကိစ္စကို သေချာစုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်း၏လူများကို စုဝေးရန် ဟန်ပြင်လိုက်၏။
သို့သော် သူ့ကို တစ်စုံတစ်ယောက်က တားဆီးလိုက်သည်။
ထိုသူမှာ ဝင်္ကပါမဟာသခင် လျှူရီဖုန်းမှလွဲ၍ တခြားလူ မဟုတ်ချေ။
လျှူရီဖုန်းက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ဒီနေရာက ဂိုဏ်းချုပ် ပြောခဲ့သလို တကယ်ကြီး ဖြစ်ခဲ့ရင်.... ဒီကာလအတွင်းမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ရှာဖွေဖို့ မခက်ခဲပါဘူး..."
ထိုစကားကို ကြားသောအခါ ဖုန်းပုချွင်သည် ဝင်္ကပါမဟာသခင်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ဝင်္ကပါမဟာသခင်လျှူ... ခင်ဗျားမှာ နည်းလမ်း ရှိလို့လား..."
လျှူရီဖုန်းက သူ၏ လက်များကို နောက်ပစ်ထားပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ကျွန်တော်တို့လို လူတွေမှာ ထူးခြားတဲ့ စွမ်းရည် တစ်ခု ဒါမှမဟုတ် နှစ်ခု ရှိတတ်ပါတယ်..."
"ကျွန်တော့်မှာ အချိန်နောက်ပြန်လှည့်ခြင်း ဝင်္ကပါလို့ ခေါ်တဲ့ ဝင်္ကပါတစ်ခု ရှိတယ်..."
"အဲ့ဒီဝင်္ကပါကို ခင်းကျင်းလိုက်သရွေ့ လွန်ခဲ့တဲ့ တစ်လ လောက်အတွင်း ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြီးခြေရာခံနိုင်တယ်..."
ထိုစကားကိုကြားချိန်၌ ဖုန်းပုချွင်နှင့်တခြားသူများ၏ မျက်လုံးများ တောက်ပသွားသည်။
"ကျေးဇူးပြုပြီး ဝင်္ကပါမဟာသခင်လျှူက လှုပ်ရှားပေးပါ...မဟာသခင်မှာ ဘယ်လို တောင်းဆိုမှုမျိုးပဲရှိရှိ ပြောပြပေးပါ...အစစ်အမှန် တရားခံကို ရှာတွေ့နိုင်သရွေ့ ကျွန်တော်တို့ဖုန်းယွီဂိုဏ်းက မဟာသခင်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ..."
လျှူရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏。
"ကျွန်တော် လုပ်တာက အခကြေးငွေ အတွက် မဟုတ်ဘူး...ဒီနေရာမှာ တကယ်ကြီး မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါတစ်ခု ရှိမရှိ ဆိုတာကို သိချင်လို့ပါ...တကယ်လို့ မွေးရာပါ မဟာဝင်္ကပါတစ်ခု တကယ်ကြီး ရှိတယ်ဆိုရင် ဒီလောက် အချိန်တိုလေး အတွင်းမှာ တစ်ယောက်ယောက်က အဲဒါကို ချိုးဖျက်နိုင်မယ်လို့ ကျွန်တော် မယုံဘူး..."