← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း ၄၁၃: လွှမ်းမိုးနေသော အမုန်းတရား

ဝင်္ကပါမဟာသခင် လျှူရီဖုန်း၏ ဆိုလိုရင်းမှာ မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါ၏ အစစ်အမှန် တည်ရှိမှုကို မေးခွန်းထုတ်ခြင်းပင်။

သူ ထိုသို့ ပြောဆိုပြီးနောက် ဖုန်းယွီဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများပင်လျှင် ယုံကြည်မှု ကင်းမဲ့သွားသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါပင်။

တစ်စုံတစ်ယောက်သည် ဤမျှထိ အချိန်တိုလေး အတွင်း၌ အမှန်တကယ် ချိုးဖျက်နိုင်မည်လောဟု သူတို့ တွေးတောမိကြ၏။

သို့သော် ဤအချိန်တွင် ထိုအရာကို သူတို့ သိပ်ဂရုမစိုက်တော့ချေ။

အရေးအကြီးဆုံးကိစ္စမှာ မည်သည့်ကိစ္စများ အတိအကျ ဖြစ်ခဲ့သည်ကို အရင်ဆုံးရှာဖွေရန်ပင်။

ဖုန်းပုချွင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဝင်္ကပါမဟာသခင်လျှူကို လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်... အမှန်တရားကို ဖော်ထုတ်ပြီးတာနဲ့ မဟာသခင် စိတ်ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု သေချာပေါက် ပေးပါ့မယ်..."

ထိုစကားကို ကြားချိန်၌ လျှူရီဖုန်းသည် အဓိပ္ပာယ် မရှိသောစကားများ ပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး အပျက်အစီးများနယ်မြေတစ်ခုလုံးကို လှည့်ပတ်သွားကာ ဝင်္ကပါတစ်ခုကို ခင်းကျင်းရန် ပြင်ဆင်လိုက်၏။

ဤလူသည် ဝင်္ကပါတာအိုတွင် ထူးခြားသော ပါရမီ တစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ထားသူပင်။

သူသည် ဝင်္ကပါကို အလွန်လျှင်မြန်စွာ ခင်းကျင်းခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံးသည် ချောမွေ့ကာ မည်သည့် နှောင့်နှေးကြန့်ကြာမှုမျှ မရှိချေ။

တစ်ရက်မပြည့်မီမှာပင် မိုင်ထောင်ချီ ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံထားသည့် ဝင်္ကပါတစ်ခု၏ပုံစံ ထွက်ပေါ်လာသည်။

ထိုဝင်္ကပါအတွင်းတွင် သုံးကျန်းအချင်းရှိသော ကြီးမားသည့် ဆန်းကြယ်အလင်း ကြေးမုံပြင်တစ်ခု ရှိနေပေ၏။

ဝင်္ကပါကို အပြည့်အဝ အသက်သွင်းလိုက်သည်နှင့် ဆန်းကြယ်အလင်း ကြေးမုံပြင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ အတိတ်မြင်ကွင်းကို ရှင်းလင်းစွာ ပြသလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ အထက်တွင် လူများ အသွားအလာ ရှိနေခဲ့သည်။

ကင်းလှည့်အဖွဲ့များကလည်း နံဘေးပတ်လည်၌ လှည့်လည်၍ သွားလာနေခဲ့ကြ၏။

သတ္တုတွင်း၏အထက်တွင် သတ္တုတွင်းကျွန် အမြောက်အများ ရှိနေသည်။

သတ္တုတွင်းကျွန်တချို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း သူတို့သည် နေရာတွင်ပင် လျှင်မြန်စွာ နှိမ်နင်းခြင်း ခံလိုက်ရသည်။

ထိုနေရာကို စနစ်တကျ စီမံခန့်ခွဲထားခဲ့ပုံရသည်။

သေချာသည်မှာ ယခုအချိန်၌ လျှို့ဝှက်ဆန်းကြယ်နယ်မြေသတ္တုတွင်းကို မည်သို့ စီမံခန့်ခွဲခဲ့သည်အား မည်သူကမျှ ဂရုမစိုက်ကြခြင်းပင်။ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း မည်သည်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသနည်း ဆိုသည်ကိုသာ သူတို့ သိချင်ကြ၏။

"ဝင်္ကပါမဟာသခင်လျှူ... လုပ်ငန်းစဉ်ကို နည်းနည်း မြန်မြန် လုပ်ပေးလို့ ရမလား..."

ဖုန်းပုချွင်က ကြေးမုံပြင်ကို စူးစိုက်၍ ကြည့်နေသည်။

သူ၏တောင်းဆိုမှုအရ လျှူရီဖုန်းသည် ဝင်္ကပါကို ထိန်းချုပ်ကာ လုပ်ငန်းစဉ်ကို စတင်၍ အရှိန်မြှင့်လိုက်သည်။

ထိုအထဲတွင် မဟာအာဏာရှင်က ငှက်ရုပ်ဆိုးကို ပါးရိုက်သည့် မြင်ကွင်းလည်း ပါဝင်နေပေ၏။

ထို့နောက် ငှက်ရုပ်ဆိုးက လုဖုန်း၏လက်ထဲမှ ဆေးလုံးကို လုယူသွားပြီး သတ္တုတွင်းတစ်ခုလုံးအနှံ့ လုဖုန်း၏အလိုရှိကြောင်း ဝရန်းထုတ်ခံရသည့် မြင်ကွင်းလည်း ပါဝင်နေသည်။

သို့သော် လူတိုင်း၏အာရုံစိုက်မှုမှာ ဤအရာပေါ်တွင် မရှိကြောင်း ရှင်းလင်းပြီး မည်သူကမျှ ပုံမှန်မဟုတ်သောအရာ တစ်ခုကိုမျှ သတိမထားမိခဲ့ကြချေ။

ဖုန်းပုချွင်ကမူ ဤငှက်ကို အနည်းငယ် ရင်းနှီးသည်ဟု ခံစားရသော်လည်း ထိုကိစ္စအကြောင်း များစွာမတွေးတောခဲ့ချေ။

သူသည် ငှက်တစ်ကောင်ကို ဆေးလုံးအား လုယူခွင့် ပေးလိုက်သည့် လုဖုန်းကို အသုံးမကျသူတစ်ဦးအဖြစ် ကျိန်ဆဲရုံသာ ပြုလုပ်ခဲ့သည်။

သတ္တုတွင်းတစ်ခုလုံးအနှံ့ ဝရန်းထုတ်သည့်အမိန့်ကိုပင် ဟာသပြက်လုံးတစ်ခုအဖြစ် သူ ရယ်မောခဲ့ပေ၏။

မကြာမီ မြင်ကွင်းသည် မဟာအာဏာရှင်က လူများကို ဦးဆောင်ပြီး ပုန်ကန်မှုကို နှိမ်နင်းရန် သွားသည့်နေ့သို့ ရောက်ရှိလာသည်။

လူတိုင်း၏မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

နောက်ဆုံးတွင် အမှန်တရားကို လုံးလုံးလျားလျား ဖော်ထုတ်တော့မည်လောဟု သူတို့ တွေးတောမိကြ၏။

ကြေးမုံပြင်ပေါ်၌ ဤအချိန်တွင် မဟာအာဏာရှင်နှင့် ကျုံးချင်တို့ ထိပ်တိုက်တွေ့ဆုံသည့်အချိန်သို့ ရောက်ရှိနေလေပြီ။

"ပုရွက်ဆိတ်... ဒီငှက်က မင်းရဲ့ဟာလား..."

ကြေးမုံပြင်မှတဆင့် လူတိုင်းသည် မဟာအာဏာရှင် လုဖုန်း၏ မောက်မာထောင်လွှားမှုကို ခံစားနိုင်သည်။

နောက်ဆက်တွဲအနေဖြင့် ဤသည်မှာ လုဖုန်း၏ အထူးချွန်ဆုံး ဟန်ရေးပြသည့် အချိန်အခိုက်အတန့်ပင်။

"ဟား ဟား ဟား ဟား..."

"ငှက်ရုပ်ဆိုး... ဒီမဟာအာဏာရှင်ရဲ့ ရတနာဆေးလုံး ကို ခိုးယူတာက သေရမယ့် လမ်းစဉ် ပဲ..."

"ဒီမဟာအာဏာရှင်ကို လက်စားချေချင်သေးတယ်ပေါ့... မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို တကယ် မသိဘူး....မင်းက ငါ့ကို မင်း ရဲ့မျက်လုံးထဲမှာ လုံးဝမထားဘူးပဲ..."

...

လူတိုင်းက မဟာအာဏာရှင်ကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်ကြသည်။

ယခုချိန်၌ ပျက်ယွင်းနေသော လုဖုန်း၏မျက်နှာကို ကြည့်ရင်း အကြောင်းတစ်ခုခုကြောင့် လူတိုင်းသည် သနားစိတ်ဖြစ်ပေါ်မလာဘဲ တစ်ဦးနှင့်တစ်ဦး စိတ်ချင်း ဆက်သွယ်နေသည့်အလား တူညီသော အတွေး တစ်ခုကို ခံစားလိုက်ရသည်။

အကြမ်းတမ်းဆုံး စကားတွေကို ပြောပြီး အပြင်းထန်ဆုံး ဖြတ်ရိုက်ခံရတာပဲဟု သူတို့ တွေးတောလိုက်ကြ၏။

မကြာမီ မြင်ကွင်းသည် ချီလင် ထွက်ပေါ်လာသည့် အချိန်သို့ ရောက်ရှိလာသည်။

ဤအချိန်တွင် လုဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော် မလိမ်ပါဘူး.... အဲ့ဒါက တကယ်ကြီး ချီလင်တစ်ကောင်ပါ..."

ကြေးမုံပြင်ပေါ်တွင် ကျန်းအနည်းငယ်မြင့်သော ချီလင်တစ်ကောင်က လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။

ထိုသားရဲ၏ခန္ဓာကိုယ်မှာ မီးကဲ့သို့နီရဲနေပြီး ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေကာ ကြေးမုံပြင်မှတဆင့်ပင် လူတိုင်းသည် ထိုသားရဲ၏ခန္ဓာကိုယ်မှ မြင့်မြတ်သော သွေးမျိုးဆက်ဖိနှိပ်မှုကို ခံစားနိုင်သည်။

"လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းမှာ တကယ်ကြီး ချီလင်တစ်ကောင် ထွက်ပေါ်လာတာလား..."

ဤအချိန်အခိုက်အတန့်တွင် လူတိုင်း၏စိတ်နှလုံးသားများသည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် တုန်ရီသွားပေ၏။

လုဖုန်းသည် ယခင်က ထိုသို့ ပြောခဲ့သော်လည်း...

ကြားရခြင်းမှာ တစ်ပိုင်းဖြစ်ပြီး မြင်ရခြင်းမှာ တခြားတစ်ပိုင်းပင်။

သူတို့၏ ဘဝတလျှောက်လုံးတွင် ချီလင်ကဲ့သို့ သားရံတစ်ကောင်ကို သူတို့ အမှန်တကယ် မြင်တွေ့ရလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ကြချေ။

ချီလင် ထွက်ပေါ်လာပြီး မဟာအာဏာရှင်ကို ကန်ချက် တစ်ချက်တည်းဖြင့် သတိလစ်သွားအောင် ကန်လိုက်၏။

တစ်ချိန်တည်းမှာပင် ထိုသားရဲ၏အော်သံက ထွက်ပေါ်လာခဲ့သည်။

"အမှိုက်ကောင်က ငါ့ရဲ့ ညီလေးကို အနိုင်ကျင့်ပြီး ငါ့ရဲ့ သခင်ကို စော်ကားရဲတယ်ပေါ့..."

ဤအခိုက်အတန့်တွင် လူတိုင်း၏စိတ်နှလုံးသားထဲရှိ တုန်လှုပ်မှုမှာ ထိုအချိန်က အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသူများနည်းတူ ဖြစ်နေမည်မှာ သေချာပေါက်ပင်။

တစ်ချိန်တည်းမှာပင် ကျုံးချင်၏ပခုံးပေါ်ရှိ ငှက်ရုပ်ဆိုးကို သူတို့ နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည်။

သို့သော် ငှက်ရုပ်ဆိုး၏ အစစ်အမှန် အထောက်အထားကို သူတို့ မမှတ်မိနိုင်သေးချေ။

ငှက်ရုပ်ဆိုးသည် လက်ရှိတွင် ကြီးထွားမှုအဆင့်တွင် ရှိနေပြီး နေ့စဉ်နှင့်အမျှ ပြောင်းလဲနေကာ သတ္တုတွင်းတွင် ထိုငှက်က သူ့ကိုယ်သူ ဖုန်လူးနေအောင် လုပ်ထားသဖြင့် ဤဘိုးဘေးကို သူတို့ မမှတ်မိခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

နောက်ဆုံးတွင် ချီလင်၏သခင်ဖြစ်သော ကျုံးချင်သည် ချီလင်နှင့် သတ္တုတွင်းကျွန်သောင်းချီကို ဦးဆောင်ကာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတွင် တပ်စွဲထားသော ဖုန်းယွီဂိုဏ်းတပည့်များ၏ လက်နက်ကိုင်တပ်ဖွဲ့များကို တွန်းလှန်လိုက်သည်အား သူတို့ မြင်တွေ့ခဲ့ရသည်။

အလားတူပင် ကျုံးချင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံး၏ စိတ်ဝိညာဉ်ချီများကို စုပ်ယူရန် နည်းလမ်းတစ်ခုအား အသုံးပြုနေသည်ကိုလည်း သူတို့ မြင်တွေ့ခဲ့ရ၏။

"ဒါဆို... လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းကို ဒီလို ဖြစ်သွားအောင် လုပ်ခဲ့တဲ့လူက သူပေါ့..."

လူတိုင်းက အဖြစ်မှန်ကို မြင်တွေ့လိုက်ရသည်။

ယခု ဖြစ်စဉ်ကို နောက်ပြန်လှည့်ကြည့်ချိန်တွင် သူတို့သည် ကျုံးချင်ကို တရားခံအဖြစ် ချက်ချင်း သတ်မှတ်လိုက်ကြသည်။

"သေသင့်တဲ့... အဲ့ဒီ တာဝန်ခံတွေက ဘာလုပ်နေကြတာလဲ..."

"ဒီအချိန်မှာ သူတို့ ချက်ချင်းသတင်းပို့ခဲ့ရင် ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေ လှုပ်ရှားလိုက်တာနဲ့ ဆုံးရှုံးမှု တွေအားလုံးကို အချိန်မီ ကယ်တင်နိုင်ခဲ့မှာပဲ..."

"သူတို့...သူတို့ အားလုံး... သေသင့်တယ်..."

"သူတို့ ဘာလို့ သတင်းမပို့တာလဲ..."

အကြီးအကဲတစ်ဦး၏မျက်လုံးများ စိုးရိမ်ပူပန်မှုများဖြင့် နီရဲနေသည်။

လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းသည် ဖုန်းယွီဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်တစ်ခုပင်။

သို့သော် ဤကဲ့သို့ ကြီးမားသော အဖြစ်အပျက်ကြီး ဖြစ်ပွားခဲ့ပြီး မည်သူကမျှ သတင်းမပို့ခဲ့သဖြင့် ထိုအချက်က သူတို့ကို လူသတ်ချင်စိတ် ပေါက်သွားစေခဲ့၏။

ထိုအချိန်မှာပင် ကြေးမုံပြင်ပေါ်တွင် တာဝန်ခံများ ဆွေးနွေးနေသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

"ငါတို့ ထွက်ပြေးရင်ကော ဘယ်လိုလဲ..."

တစ်စုံတစ်ယောက်က ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများထံမှ အပြစ်ပေးခံရမည်ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးရန် အမှန်တကယ် အကြံပြုခဲ့သည်။

ထို့ပြင် ဤအကြံပြုချက်ကို လူတိုင်းက တညီတညွတ်တည်း ထောက်ခံခဲ့ကြ၏။

"သေသင့်တဲ့..."

"တကယ် သေသင့်တဲ့ကောင်တွေ..."

"သူတို့အားလုံးကို... သတ်ပစ်သင့်တယ်..."

လူတိုင်း၏မျက်နှာများ အလွန်အမင်း မှုန်ကုပ်နေသည်။

လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း ဤကဲ့သို့ ဖြစ်သွားရခြင်းအတွက် အကြောင်းအရင်းတချို့ ရှိလိမ့်မည်ဟု သူတို့ တွေးထင်ထားခဲ့သော်လည်း သူတို့၏တပည့်များက သူတို့၏ကျောကို ဓားနှင့် ထိုးခြင်းကြောင့်လည်း ဖြစ်နေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။

အကယ်၍ သူတို့သာ စောစီးစွာ သတင်းပို့ခဲ့ပါက မည်သည်ကြောင့် ဤအခြေအနေအထိ ရောက်လာမည်နည်း။ သူတို့သည် ဆုံးရှုံးမှုများအားလုံးကို အချိန်မီ ကယ်တင်နိုင်ခဲ့ပေမည်။

သို့သော် ယခုအချိန်၌ ထိုလူများသည် သေရမည်ကို ကြောက်ရွံ့ကာ အဆင့်မြင့်အကြီးအကဲများထံမှ အပြစ်ပေးခံရမည်ကို ကြောက်ရွံ့သောကြောင့် သူတို့အားလုံး ထွက်ပြေးရန် ရွေးချယ်ခဲ့ကြ၏။

ထို့နောက် သုံးရက် မပြည့်မီမှာပင် ကျုံးချင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း တစ်ခုလုံးကို ခန်းခြောက်သွားအောင် လုပ်ဆောင်ခဲ့သည်။

ထိုမျှသာမက တစ်ဖက်လူသည် သတ္တုတွင်းအတွင်းသို့ ဝင်ရောက်သွားပြီး မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

ဤသည်က လျှူရီဖုန်းကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။

ကြေးမုံပြင်မှတစ်ဆင့် ဝင်္ကပါ၏အရိပ်အယောင်ကိုသာ သူ မြင်တွေ့ခဲ့ရသော်လည်း ဤအရာမှာ မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါ ဖြစ်ကြောင်းကို သူ သေချာသိနေပေ၏။

သို့သော် ဤဝင်္ကပါသည် ညင်သာစွာ ထိတွေ့လိုက်ရုံဖြင့် ပြိုင်ဘက်ကင်းသော သတ်ဖြတ်လိုခြင်း အရှိန်အဝါများကို ထုတ်လွှတ်နိုင်သည်။ ကျုံးချင်သည် ဤမွေးရာပါ မဟာဝင်္ကပါကို အသက်မဝင်စေဘဲ မည်သည်ကြောင့် ဝင်ရောက်သွားနိုင်သနည်းဟု သူ တွေးတောမိသည်။

သူ့ကို ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားစေသောအရာမှာ မကြာမီ ကျုံးချင်သည် မဟာဝင်္ကပါထဲမှ ပြန်ထွက်လာခဲ့ခြင်းပင်။

သူသည် အန္တရာယ် ကင်းရုံသာမက မွေးရာပါ မဟာဝင်္ကပါသည် အလိုအလျောက် ပြိုကွဲပြီး ပျက်စီးသွားခဲ့လေ၏။

ဤသည်က သူ၏မျက်လုံးများကို ပြူးကျယ်သွားစေခဲသည်။

အဲ့ဒီလူက ဘယ်လိုလုပ်လိုက်တာလဲ...

ကျုံးချင်၏ လုပ်ရပ်များအပေါ် မတူညီသော လူများတွင် ကွဲပြားခြားနားသော ခံစားချက်များ ရှိနေသည်။

လျှူရီဖုန်းသည် တုန်လှုပ်မှုနှင့်အံ့အားသင့်မှုကို ခံစားခဲ့ရသော်လည်း ဖုန်းယွီဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများ ခံစားခဲ့ရသောအရာမှာ ဒေါသပင်။

"အဲဒီ လူဆိုးကောင်က လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းရဲ့ စိတ်ဝိညာဉ်ချီတွေကို ခန်းခြောက်အောင် စုပ်ယူသွားရုံတင်မကဘူး....သတ္တုတွင်းထဲက မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါ အတွင်းမှာ ပြုစုပျိုးထောင်ထားတဲ့ ရတနာတွေတောင် သူ့ရဲလက်ထဲ ရောက်သွားခဲ့ရတယ်..."

"ဒါက အရမ်းတရားလွန်တယ်..."

ဤအချိန်အခိုက်အတန့်တွင် ဖုန်းယွီဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများ၏မျက်လုံးများ နီရဲနေပြီး သူတို့၏နှလုံးသားထဲတွင် ကြီးမားသော အမုန်းတရား ကို ခံစားနေရသည်။

ဤအရာမှာ မူလက သူတို့ဖုန်းယွီဂိုဏ်း၏ ရတနာပင်။

အခန်း ၄၁၄: စားစရာက အရေးအကြီးဆုံး

အချိန်နောက်ပြန်လှည့်ခြင်း ဝင်္ကပါက သတ္တုတွင်း တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အပြည့်အဝ ပြန်လည်ဖော်ထုတ်ပေးခဲ့သည်။

မြင်ကွင်း၏အဆုံးတွင် ကျုံးချင်သည် အဆုံးမဲ့ ဆန်းကြယ်အလင်းဝင်္ကပါကို ချိုးဖျက်ခဲ့ပြီး သတ္တုတွင်း ကျွန် သောင်းနှင့်ချီပြီး ထွက်ပြေးလွတ်မြောက်သွားတော့သည်။

မိုးကောင်းကင်ယံတွင်ရှိနေသော ဝင်္ကပါမဟာသခင် လျှူရီဖုန်းသည် ကျုံးချင်၏ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သူ ထိတ်လန့်တုန်လှုပ်နေပေ၏။

သူသည် သူ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ၊

"ဒီလူရဲ့ ဝင်္ကပါတာအိုပါရမီက ငါ့ထက် လုံးဝမနိမ့်ကျဘူး...တကယ်လို့ အနာဂတ်မှာ အခွင့်အရေး ရှိရင် ငါ သူနဲ့ အပြန်အလှန် သင်ယူနိုင်ကောင်း သင်ယူနိုင်လိမ့်မယ်..."

တခြားတစ်ဖက်တွင် ဖုန်းယွီဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများအားလုံးသည် လျှူရီဖုန်း လောက် မတည်ငြိမ်နိုင်ခဲ့ချေ။

သူတို့ မြင်တွေ့ခဲ့ရသောအရာမှာ ကျုံးချင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းမှ စိတ်ဝိညာဉ်ချီများကို စုပ်ယူခြင်း သူတို့၏ အထွတ်အထိပ်ရတနာကို ခိုးယူခြင်း ဖုန်းယွီဂိုဏ်း၏ သီးသန့်ပိုင်ဆိုင်မှု ဖြစ်သော သတ္တုတွင်းကျွန်များကို လွှတ်ပေးခြင်းနှင့် ဂိုဏ်းက ခင်းကျင်းထားသော ဝင်္ကပါအလံများကိုပင် သူ ယူဆောင်သွားခဲ့ခြင်းတို့သာ ဖြစ်ပေ၏။

ဤသည်မှာ တောငန်းတစ်ကောင်က ဖြတ်သန်းသွားသော သိုးမွှေးတိုင်းကို နှုတ်ယူပြီး မြေကြီးထဲသို့ သုံးပေ အထိ တူးဖော်သွားသည့်အလားပင်။

ဤအရာက ဖုန်းယွီဂိုဏ်းကို မည်သို့ ဖြစ်သွားစေသနည်း။

သိုးမွှေးညှပ်ခံရမည့် သိုးများအဖြစ် သတ်မှတ်ခံလိုက်ရခြင်း ဖြစ်သလော...

သိုးမွှေးညှပ်ခံရမည့် သိုးများအဖြစ် သတ်မှတ်ခံရလျှင်ပင် သူတို့သည် လုံးလုံးလျားလျား ပြောင်စင်သွားအောင် အညှပ်ခံလိုက်ရခြင်း ဖြစ်ပေ၏။

သူ့လုပ်ရပ်များ၏ မကောင်းဆိုးဝါးဆန်မှုက လူတိုင်း၏စိတ်နှလုံးသားများကို ပြင်းထန်သော ဒေါသ လှိုင်းလုံးများဖြင့် ပြည့်နှက်သွားစေသည်။

သူတို့၏ဖုန်းယွီဂိုဏ်း တည်ထောင်ကတည်းက ဤမျှထိ ကြီးမားသော ဆုံးရှုံးမှုကို သူတို့ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

ဤမျှကြီးမားသော ပျက်စီးဆုံးရှုံးမှုကိုလည်း သူတို့ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

"ဂိုဏ်းချုပ်... ဒီအဘိုးကြီးက တိုက်ပွဲထဲ ဝင်ဖို့ တောင်းဆိုပါတယ်... ဒီကောင်လေးကို ဖမ်းပြီး ပြန်ခေါ်လာရမယ်..."

"ကျွန်တော်တို့ရဲ့ ဖုန်းယွီဂိုဏ်းကို အနိုင်ကျင့်လို့ မရဘူး...ဒါ့ပြင် စော်ကားလို့ မရဘူးဆိုတာ လောကကြီး ကို သိစေရမယ်..."

သတ္တမ အကြီးအကဲက တိုက်ပွဲဝင်ရန် တိုက်ရိုက်တောင်းဆိုလိုက်ပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထင်ဟပ်နေပေ၏။

သူ၏အရှိန်အဝါ တလိမ့်လိမ့်ထလာပြီး တိမ်များကို တုန်ခါသွားစေကာ ဓမ္မသောင်းချီနယ်ပယ်၏ မဟာပြီးပြည့်စုံခြင်းအဆင့် အထက်ရှိ ကွေ့ရီနယ်ပယ် ကျွမ်းကျင်သူအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေကြောင်း ထုတ်ဖော်ပြသနေသည်။

"ဂိုဏ်းချုပ်... ဒီငယ်သားက အဲ့ဒီလူကို ဖမ်းဆီးပြီး တရားမျှတမှုဆီ ခေါ်ဆောင်လာဖို့နဲ့ အဲ့ဒီကိစ္စကနေတဆင့် ကျွန်တော့်ရဲ့အပြစ်တွေကို ပြန်ပေးဆပ်ဖို့အတွက် သတ္တမအကြီးအကဲနဲ့ အတူသွားဖို့ ဆန္ဒရှိပါတယ်..."

ဤအချိန်အခိုက်အတန့်တွင် မဟာအာဏာရှင် လုဖုန်း ကလည်း ပြောဆိုလိုက်သည်။

ဖုန်းပုချွင်သည် သတ္တမအကြီးအကဲနှင့် လုဖုန်းကို သေချာကြည့်လိုက်၏။

ရက်စက်ကြမ်းတမ်းသော အလင်းရောင်တစ်ခုက သူ၏မျက်လုံးများတွင် တောက်ပသွားသည်။

"ကောင်းပြီ..."

"အဲ့ဒီလူကို ဖမ်းဆီးရမယ့် တာဝန်ကို မင်းတို့နှစ်ယောက်လုံးဆီ ငါ အပြည့်အဝ အပ်နှင်းလိုက်မယ်..."

"သူ သေသေရှင်ရှင် သူ့ဆီက အထွတ်အထိပ်ရတနာနဲ့ သူ့နောက်က လိုက်နေတဲ့ ချီလင်ကိုတော့ အကောင်းပကတိ ပြန်ခေါ်လာရမယ်..."

"ဒါ့ပြင် ထွက်ပြေးသွားတဲ့ သတ္တုတွင်းကျွန်တွေနဲ့ သစ္စာဖောက်အဖွဲ့အတွက် အလိုရှိကြောင်း ဝရန်းတွေ ထုတ်ပြန်ဖို့ ဂိုဏ်းရဲ့အင်အားကို စုစည်းစမ်း...သူတို့ အားလုံးကို ဖမ်းဆီးပြီး တရားမျှတမှုဆီ ခေါ်ဆောင်လာဖို့ စိတ်ပိုင်းဖြတ်ထားရမယ်..."

"သူတို့ အသက်ရှင်နေချိန်မှာ ငါ့တို့ဖုန်းယွီဂိုဏ်းက လူတွေ ဖြစ်ပြီးတော့ သေသွားတဲ့အချိန်မှာလည်း ငါတို့ ဖုန်းယွီဂိုဏ်းရဲ့ တစ္ဆေတွေ ဖြစ်ရမယ်..."

ဂိုဏ်းချုပ်က အမိန့်ပေးလိုက်သည်နှင့် ဖုန်းယွီဂိုဏ်းတစ်ဂိုဏ်းလုံးသည် စတင်လှုပ်ရှားရန် အချိန်ကြာကြာ မယူလိုက်ရချေ။

အလိုရှိကြောင်း အမိန့်တစ်ခုက ဖုန်းယွီဂိုဏ်းမှ လွှမ်းခြုံထားသော မိုင်တစ်သန်း အချင်းဝက်ရှိသည့် နေရာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပေ၏။

အချိန်တခဏအတွင်း ဖရိုဖရဲနယ်မြေတစ်ခုလုံး ဆူပူအုံကြွမှု ဖြစ်သွားပြီး မရေမတွက်နိုင်သော အင်အားစုများ ထိတ်လန့်တုန်လှုပ်သွားသည်။

"အိုး ဘုရားရေ... အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ..."

"ဒါက ဖုန်းယွီဂိုဏ်းဆီကနေ ဒီလောက်ထိ ကြီးမားတဲ့ လှုပ်ရှားမှုကြီးကို တကယ်ကြီး ဖြစ်ပေါ်စေရလောက်အောင်လား..."

"ဖရိုဖရဲနယ်မြေမှာ ဒီလောက်ထိ ကြီးမားတဲ့ ဆူပူအုံကြွမှုကြီး မဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ..."

တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"အဲ့ဒီလူက ဘယ်သူလဲ..."

တစ်စုံတစ်ယောက်က အလိုရှိကြောင်းအမိန့်၏ ထိပ်ဆုံးတွင် ရှိနေသော ကျုံးချင်၏ပုံတူကို လက်ညှိုးညွှန်ပြလိုက်၏။

ထို့နောက် သူက အလွန်စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီလူရဲ့ တည်နေရာကို သတင်းပေးနိုင်သူ ဘယ်သူမဆို စိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်း ပြီးပြည့်စုံတဲ့ ဧကရာဇ်အဆင့် နည်းစနစ်နဲ့ ဧကရာဇ်အဆင့် နတ်ဘုရား လက်နက်တွေကို ဆုချီးမြှင့်ခံရလိမ့်မယ်..."

"ဟူး..."

ဤဆုလာဘ်က မရေမတွက်နိုင်သော လူများ၏စိတ်နှလုံးသားများကို ချက်ချင်းလှုပ်ရှားသွားစေပြီး သူတို့၏အသက်ရှူနှုန်းများ လျှင်မြန်လာခဲ့သည်။

"သူက ဖုန်းယွီဂိုဏ်းရဲ့ အသိုက်ကို သွားပြီးထိုးဆွခဲ့တာလား..."

"ဒီလူရဲ့ တည်နေရာကို သတင်းပေးရုံနဲ့ ဒီလောက်ထိ ဆုလာဘ်တွေ အများကြီးကို ရနိုင်တယ်..."

"တကယ်လို့ ငါသာ သူနဲ့ တွေ့ခဲ့ရင်... အိုး ဘုရားရေ... ငါ ညတွင်းချင်း သူဌေးဖြစ်သွားမှာပဲ..."

တစ်စုံတစ်ယောက်၏ မျက်လုံးများ တောက်ပလာပြီး တံတွေးများပင် ကျလာလုနီးပါး ဖြစ်သွားခဲ့ပေ၏။

စိတ်ဝိညာဉ်ကျောက်တုံးဆယ်သန်းဟူသည်မှာ မည်သည့်သဘောတရားမျိုးဖြစ်သနည်း...

ဤသည်မှာ ဂိုဏ်းအများစုအတွက် တသက်လုံး စုဆောင်း၍ မရနိုင်သော ကြီးမားသည့် ဓနဥစ္စာတစ်ခု ပင်။

ဧကရာဇ် အဆင့် နတ်ဘုရား လက်နက်များနှင့် ဧကရာဇ်အဆင့် နည်းစနစ်များသည် အင်အားစုတစ်ခုကို လက်ဆင့်ကမ်းပြီး ထာဝရ ကြီးပွားတိုးတက်စေနိုင်သော အင်မော်တယ် အခြေခံအုတ်မြစ်များပင်။

ဤဆုလာဘ်မှာ အလွန်အမင်း ရက်ရောလွန်းလှပေ၏။

အချိန်တခဏအတွင်း ဖရိုဖရဲနယ်မြေတစ်ခုလုံးအတွင်း၌ မရေမတွက်နိုင်သောလူများ စတင်၍ လှုပ်ရှားလာကြပြီး အလိုရှိကြောင်းအမိန့်ပေါ်ရှိ ထွက်ပြေးလွတ်မြောက်သူများကို ရှာဖွေသည့် ရူးသွပ်မှုတွင် ပါဝင်လာကြသည်။

ကျုံးချင်သည် မရေမတွက်နိုင်သော လူများ၏ မျက်လုံးများတွင် လမ်းလျှောက်နေသော ဓနဥစ္စာတစ်ခု ဖြစ်လာခဲ့သည်။

သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ ထိုအချက်က မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဖမ်းစားသွားနိုင်ခဲ့သည်။

ဝေးလံခေါင်သီသော မြို့ငယ်လေးတစ်မြို့တွင် ဝူကျောက်တို့ ညီအစ်ကိုသုံးဦးသည် အလိုရှိကြောင်း အမိန့်၏ အကြောင်းအရာကို ကြည့်ရင်း သူတို့၏ အမူအရာများ အနည်းငယ် ပျက်ယွင်းသွားပေ၏။

ဝူကျောက်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက ပြောလိုက်သည်။

"ဖုန်းယွီဂိုဏ်းက ဒီကိစ္စကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပါ....ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေက ဒီလောက်ထိ မြန်ဆန်ပြီး ပြင်းထန်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မျှော်လင့်မထားခဲ့ဘူး..."

"ဒါက လုံးလုံးလျားလျား အမြစ်ပြတ် ရှင်းလင်းပစ်မယ့် လှုပ်ရှားမှုဖြစ်ပြီးတော့ အဆုံးမရှိတဲ့ လိုက်လံဖမ်းဆီးမှု ပဲ..."

အလိုရှိကြောင်းအမိန့်ပေါ်တွင် သူတို့သုံးဦး၏ ပုံတူ များလည်း အမှန်တကယ် ရှိနေကြောင်း တွေ့မြင်နိုင်သည်။

သို့သော် ကျုံးချင်၏ဆုငွေနှင့် နှိုင်းယှဉ်ပါက သူတို့သုံးဦးအတွက် ဆုငွေများမှာ လုံးလုံးလျားလျား အရေးမပါဘဲ အဆင့်တူ၌ ရှိမနေချေ။

ကျုံးယင်က ပြောဆိုသည်။

"သခင်က ဖုန်းယွီဂိုဏ်းရဲ့ လက်စားချေမှုကို ခုခံနိုင်ပါ့မလား ဆိုတာကို ငါ မသိဘူး..."

သူတို့သုံးဦးသည်လည်း စာရင်းတွင် ပါဝင်နေသည့်တိုင် ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ကျုံးချင်အတွက် အမှန်တကယ်ကို စိုးရိမ်ပူပန်နေခဲ့ကြ၏။

အကြောင်းအရင်းမှာ သူတို့ ရင်ဆိုင်ရသော ဖိအားမှာ အဆင့်တူ လုံးဝမဟုတ်သောကြောင့်ပင်။

ထို့နောက် ချန်ချီက ပြောလိုက်သည်။

"သခင်က ဖုန်းယွီဂိုဏ်းရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ် ကနေ လွတ်မြောက်သွားပါစေလို့ပဲ ငါတို့ မျှော်လင့်နိုင်တော့တယ်..."

"အဲဒီလိုဆိုရင်တော့ ဒီဘေးအန္တရာယ်ကနေ သူ ရှောင်လွှဲနိုင်ကောင်း ရှောင်လွှဲနိုင်လိမ့်မယ်..."

ကျုံးချင်သည် သာမန်ထက် လွန်ကဲသော စွမ်းရည်များကို ပြသခဲ့ပြီး ချီလင်တစ်ကောင်၏ သခင်ပင် ဖြစ်သော်လည်း....

သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် လက်ရှိ ကျုံးချင်ထံ၌ ဖုန်းယွီဂိုဏ်းနှင့် ယှဉ်ပြိုင်ရန် အရည်အချင်းရှိသည်ဟု သူတို့ မယုံကြည်ခဲ့ကြချေ။

ဖုန်းယွီဂိုဏ်းကဲ့သို့ အင်အားစုတစ်ခုအတွက် သူတို့၏ ခြေထောက်မှ အမွှေးတစ်မျှင်ပင်လျှင် တခြားလူများ၏ ပေါင်များထက် ပို၍တုတ်ခိုင်ပေလိမ့်မည်။

အကယ်၍ ထိုကဲ့သို့ အင်အားစုကို တိုက်ရိုက်ရင်ဆိုင်ရမည်ဆိုပါက ကျုံးချင်တွင် အနိုင်ရရန် အနည်းငယ်မျှသော မျှော်လင့်ချက် ရှိလိမ့်မည်ဟု သူတို့ စိတ်ကူးပင် မယဉ်နိုင်ကြချေ။

တစ်ချိန်တည်းမှာပင်....

ဖူမိုတောင်..

တောင်ပေါ်ရှိ သူမ၏အင်မော်တယ်လှိုဏ်ဂူတွင် ကျင့်ကြံနေသော လျှူယွင်သည် အဝေးရှိ တောအုပ်မှ စကားပြောသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"မင်း ကြားပြီးပြီလား... လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းက သောင်းနဲ့ချီတဲ့ သတ္တုတွင်းကျွန်တွေက ဖုန်းယွီဂိုဏ်းကို ပုန်ကန်ခဲ့ပြီးတော့....အခု ဖုန်းယွီဂိုဏ်း ရဲ့ လိုက်လံဖမ်းဆီးတာကို ခံနေရတယ်..."

"အဲဒီအထဲက လူတစ်ယောက်ရဲ့ တည်နေရာကို ငါတို့ ရှာတွေ့နိုင်ရင် ငါတို့ တော်တော်လေး ချမ်းသာသွားနိုင်တယ်..."

"အလိုရှိကြောင်း အမိန့်ရဲ့ ထိပ်ဆုံးက လူကို ရှာတွေ့နိုင်ရင်တော့ အဲဒါက တကယ်ကို ချက်ချင်းချမ်းသာသွားတာပဲ..."

"ဟူး.. ဒီလောက်ထိ ကျယ်ပြန့်တဲ့ လောကကြီးမှာ အဲဒီလို လူမျိုးရဲ့ တည်နေရာကို ရှာဖို့ဆိုတာ ပြောသလောက် မလွယ်ပါဘူး..."

"ဒီလို အသုံးမဝင်တဲ့ စိတ်ကူးယဉ်မှုတွေမှာ အချိန်မဖြုန်းတာ ပိုကောင်းပါတယ်..."

"အဲဒီလို ပြောလို့ မရဘူးလေ... အိပ်မက်တွေတော့ ရှိရမှာပေါ့... တကယ်လို့ တကယ်ကြီး ဖြစ်လာရင်ကော..."

ထိုစကားများကိုကြားသောအခါ လျှူယွင်က သူမ၏မျက်လုံးများကို မှေးစင်းလိုက်၏။

"ဖုန်းယွီဂိုဏ်းရဲ့ လက်စားချေမှုက နောက်ဆုံးတော့ စတင်ပြီပေါ့...ငါ မျှော်လင့်ထားတာထက် စောပြီး ရောက်လာတာပဲ..."

သူမ၏ အကြည့်က ကောင်းကင်ကို ဖောက်ထွင်းသွားမည့်အလား အင်မော်တယ်လှိုဏ်ဂူ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"နင်က ဖုန်းယွီဂိုဏ်း ကို မကြောက်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား...အဲဒီလိုဆိုရင် ဖုန်းယွီဂိုဏ်းရဲ့ လက်စားချေမှုကို ခုခံဖို့ နင့်မှာ ဘယ်လို ဝှက်ဖဲတွေ နည်းလမ်းတွေ ရှိလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပြုပါ..."

မှုန်ဝါးပြီး ဖော်ပြ၍မရနိုင်သော အဓိပ္ပာယ်တစ်ခုက လှောင်ပြောင်သကဲ့သို့ သို့သော် ရွံရှာသကဲ့သို့ သူမ၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဤကိစ္စ၏ဗဟိုချက်ဖြစ်သော ကျုံးချင်သည် တောအုပ်တစ်ခုတွင် ဘာမှ မဖြစ်ခဲ့သည့်အလား ပျော်ပွဲစားထွက်နေပေ၏။

လောကကြီးသည် ကြီးမားကျယ်ပြန့်သော်လည်း စားသောက်ရန်မှာ အရေးအကြီးဆုံးပင်။

အပြင်ဘက်တွင် မည်ကဲ့သို့ မုန်တိုင်းမျိုး ဖြစ်ပေါ်နေသည်ကို သူ လုံးဝမသိခဲ့ချေ။

တောက်ပသော လမင်းကြီးက မိုးကောင်းကင်တွင် ထွန်းလင်းနေပြီး ကြယ်များက ကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံထားသည်။

ပါးလွှာသော မြူခိုးများ လူးလွန့်နေပြီး လရောင်ထဲသို့ တိုးဝင်သွားပေ၏။

ကျယ်ပြန့်သော တောနက်ကြီးထဲတွင် သီးသန့်ဖြစ်နေသော အေးစက်သည့် စမ်းရေအိုင်တစ်ခုနံဘေးတွင် မီးပုံတစ်ခု တောက်လောင်နေပြီး ကင်ထားသော အသား၏ မွှေးရနံ့က ပျံ့နှံ့နေသည်။

ရှောင်ကာ၏ပါးစပ်မှ သွားရည်များ စီးကျနေကာ အသားကင်ကို ကြည့်နေသည်။

"သခင်... အသား ရပြီလား..."

ထိုငှက်၏ မျက်လုံးများတွင် တောင့်တမှုများဖြင့် ပြည့်နှက်နေပြီး အလွန်အမင်း လောဘကြီးနေသဖြင့် သည်းမခံနိုင်လောက်အောင် ဖြစ်နေပေ၏။

နံဘေးရှိ ချီလင်က ချက်ချင်းဆိုသလိုပင် ရှောင်ကာ ၏ ရှုံ့တွနေသော နဖူးကို ခွာဖြင့် ခေါက်လိုက်သည်။

"သခင်တောင် မစားရသေးဘူး... မင်းက ဘာလောနေတာလဲ..."

"လူကြီးတွေကို လေးစားဖို့နဲ့ သင့်လျော်တဲ့ အပြုအမူတွေ အကြောင်း မင်း မသိဘူးလား..."

"အို..."

ရှောင်ကာက နှုတ်ခမ်းဆူလိုက်ပြီး အလွန်အမင်း မတရားခံရသည်ဟု ခံစားလိုက်ရသည်။

သို့သော် ရှောင်ကာက ချက်ချင်းပြောဆိုသည်။

"သခင်... တောင်းပန်ပါတယ်... ကျွန်တော် မှားသွားပါတယ်..."

အမှားကို ဝန်ခံသော ရှောင်ကာ၏ သဘောထားမှာ အတော်လေး ရိုးသားလှသည်။

ဤလူပြက်နှစ်ကောင်ကြောင့် ကျုံးချင် ရယ်ချင်စိတ် ပေါက်သွားပေ၏။

"ကောင်းပြီ... ငါ့ဆီမှာ စည်းကမ်းတွေ သိပ်မများပါဘူး..."

သူက အသားကို သုံးပုံခွဲလိုက်သည်။

"စားကြတော့..."

"ကျေးဇူးတင်ပါတယ် သခင်..."

နှစ်ကောင်သည် အသားကင်ကို ဆုပ်ကိုင်ကာ ငတ်မွတ်နေသော တစ္ဆေများ ပြန်လည်မွေးဖွားလာသည့်အလား အငမ်းမရ ဝါးမြိုလိုက်ကြ၏။

စားသောက်ပြီးနောက် သူတို့သုံးဦးသည် မီးပုံနံဘေးတွင် လှဲလျောင်းကာ ည၏တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားနေခဲ့ကြသည်။

All Chapters