← Chapters

အခန်း ၁၃၆၈

Vol. 92 Ch. 1368

အခန်း ၁၃၆၈

Vol. 92 Ch. 1368

အခန်း (၁၃၆၈) - ခြေတစ်ချက်နင်းရုံဖြင့် ဒူးထောက်သွားစေခြင်း

ပွဲခင်းတစ်ခုလုံးမှာ သေမင်းတမန်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။

လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ကောင်းကင်ယံတွင် တန့်လွင့်နေသော အဖြူရောင်ဝတ် လူငယ်ကို ငေးမောကြည့်နေကြကာ သူတို့၏ စိတ်အစဉ်များမှာ လုံးဝ ရပ်တန့်သွားသော အခြေအနေတစ်ခုတွင် ပိတ်မိနေကြသည်။

စုန့်ကျင်းယဲ့မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် သူမ၏ ရင်ထဲတွင် အတိုင်းမသိသော ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုတို့က လွှမ်းမိုးသွားသည်။

သူပဲ၊ ဒီနေရာမှာ သူ့ကို တွေ့ရလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး...

သူမအတွက်မူ ဟင်္သာပြဒါးဆောင်တွင် သူမကို ကယ်တင်ခဲ့သော ဤလူငယ်က မေ့ဖျောက်၍ မရနိုင်သော မှတ်သားလောက်ဖွယ် ပုံရိပ်တစ်ခုကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မကြာမီမှာပင် သူမ အတွေးများ ပြောင်းလဲသွားပြီး ရင်လေးလာခဲ့သည်။ သူမ မျက်နှာပေါ်တွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာသည်။

သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ အခု ပွဲခင်းထဲက အခြေအနေကို သူ မမြင်ဘူးလား...

စင်မြင့်ပေါ်ရှိ အားချင်းမှာလည်း အလားတူပင် ဆွံ့အသွားရသည်။ သူမက တင်းကြပ်စွာ ချုပ်နှောင်ခံထားရသော်လည်း အထက်သို့ မော့ကြည့်ရန် ကြိုးစားလိုက်ပြီး ရွှယ်အန်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကာ သူမ၏ မျက်ဝန်းများတွင် ထိတ်လန့်အံ့ဩမှုများ ပြည့်နှက်နေလေသည်။

သူ ဘာလို့ ဒီကိုရောက်နေတာလဲ ဒါမှမဟုတ်... ငါ့ကို ကယ်ဖို့များလား...

ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်ဝန်းများထဲတွင် သံသယနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို အပြန်အလှန် မြင်တွေ့လိုက်ကြရသည်။

မည်သို့ပင်ဖြစ်စေ ဤအဖြူရောင်ဝတ် လူငယ်၏ ပေါ်ထွက်လာမှုမှာ အလွန်တရာ ထူးဆန်းလွန်းလှပေသည်။ မိတ်ဆွေလား ရန်သူလား ဆိုသည်မှာ ရှင်းလင်းမှု မရှိသဖြင့် ထိုနှစ်ဦးမှာ တိတ်တဆိတ် လှုပ်ရှားရန်အတွက် သူတို့ကိုယ်သူတို့ ကြိုတင်ပြင်ဆင်ထားလိုက်ကြလေသည်။

တစ်ချိန်တည်းမှာပင် ဝမ်မူလင်မှာ နောက်ဆုံးတော့ ကြောင်အမ်းအမ်း ဖြစ်နေရာမှ သတိပြန်ဝင်လာပြီး ဟိန်းဟောက်လာသည်။

"ကျောက်စိမ်းအမိန့်တော်ပြားကို ငါ့ဆီ ပြန်ပေးစမ်း"

ထိုစကားပြောနေစဉ်မှာပင် သူမသည် ရူးသွပ်စွာဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။ ရွှယ်အန်းက သူကိုင်ဆောင်ထားသော ကျောက်စိမ်းအမိန့်တော်ပြားကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ သက်ပြင်းချသည်။

"မင်းရဲ့ စွဲလမ်းမှုက ချီးကျူးစရာပါပဲ၊ လောလောဆယ် ခဏလောက် နားလိုက်ဦး"

ထိုစကားများ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရှေ့သို့ ရူးသွပ်စွာ လှမ်းတက်လာသော ဝမ်မူလင်းမှာ ချက်ချင်းပင် တောင့်တင်းသွားလေတော့သည်။

သူမ၏ တစ်ကိုယ်လုံးမှာ ထိန်းချုပ်နိုင်စွမ်း လုံးဝ ကင်းမဲ့သွားပြီး လက်ချောင်းထိပ်လေး တစ်ခုကိုမျှ လှုပ်ရှား၍ မရနိုင်တော့ကြောင်း သူမ သဘောပေါက်လိုက်သောကြောင့် သူမ မျက်ဝန်းများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

ရွှယ်အန်းက ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် စင်မြင့်ပေါ်ရှိ လူများဆီသို့ သူ၏ အကြည့်များကို လှည့်လိုက်ကာ နောက်ဆုံးတွင် ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့အပေါ်၌ အကြည့်ကို ရပ်တန့်လိုက်လေသည်။ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ရန်မိသားစုနဲ့ ထန်မိသားစုလား"

"မှန်တယ်၊ ငါက ရန်မိသားစုရဲ့ တရားဝင် အမွေဆက်ခံသူ ရန်ထျန်းယွင်ပဲ၊ မင်းက ဘယ်သူလဲ"

ရန်ထျန်းယွင်က အေးစက်စွာ မေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မာနတရားများ အပြည့်အဝ ဖုံးလွှမ်းနေသည်။

"ငါက ဘယ်သူလဲ ဟုတ်လား..."

ရွှယ်အန်း၏ နှုတ်ခမ်းများက နောက်ပြောင်ချင်ဟန်ရှိသော အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားလေသည်။

"ငါဘယ်သူလဲဆိုတာကို သိခွင့်ရဖို့ မင်းမှာ အရည်အချင်းရှိပုံ မပေါ်ပါဘူး"

"မင်း..."

ရန်ထျန်ယွင်မှာ ဒေါသပေါက်ကွဲသွားပြီး တိုက်ခိုက်ရန် ပြင်သည်။ ကံကြမ္မာတစ္ဆေဧကရာဇ်က အရင် ရှေ့သို့ ထွက်လာပြီး ဟိန်းဟောက်လိုက်သည်။

"ငနဲလေး... မင်းဘယ်သူနဲ့ စကားပြောနေလဲဆိုတာကိုရော သိရဲ့လား"

ဤအခိုက်အတန့်တွင် ကံကြမ္မာတစ္ဆေဧကရာဇ်သည် မိမိကိုယ်ကို သက်သေပြရန် စိတ်အားထက်သန်နေသည်။ သူ၏ အသက်မှာ ရန်ထျန်ယွင်၏ လက်ထဲတွင်ရှိနေပြီး အကယ်၍ မရဏဧကရာဇ်၏ အင်အားစု အကြွင်းအကျန်များနှင့် သူ ပူးပေါင်းကြံစည်ထားနိုင်သည်ဟူသော သတင်းကိုသာ ရန်ထျန်းယွင်က ဖြန့်လိုက်ပါက သူ့သေဆုံးမှုမှာ သေချာသွားမည် ဖြစ်ပေသည်။

ထို့ကြောင့်ပင် ယခု သူ ဤမျှလောက် အလောတကြီး လှုပ်ရှားရခြင်း ဖြစ်လေသည်။ သို့သော် သူ၏ စကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှယ်အန်း မျက်ဝန်းများထဲတွင် အေးစက်မှုတစ်ခု လက်လာခဲ့ပြီး တိုက်ခိုက်ရန် သူ၏ လက်ကို မြှောက်လိုက်လေသည်။

ဤတိုက်ခိုက်မှုသည် ကောင်းကင်ဘုံဆမှ ချီးမြှင့်လိုက်သော လက်ဆောင်တစ်ခုအလား ကျဆင်းလာပြီး ကံကြမ္မာတစ္ဆေဧကရာဇ်၏ ခေါင်းထက်သို့ ချက်ချင်းပင် ကျရောက်သွားတော့သည်။ ဆက်လက် ထွက်ပေါ်လာသည်မှာ အရိုးများ ကျိုးကြေသွားသော အသံများပင် ဖြစ်သည်။

မကြာမီမှာပင် စင်မြင့်ပေါ်၌ တစ်ချိန်က ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေခဲ့သော ကံကြမ္မာတစ္ဆေဧကရာဇ်မှာ ရွှယ်အန်း၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အသားအနှစ်များအဖြစ်သို့ ရိုက်ချေခံရတော့သည်။ အသားစများမှာ စင်မြင့်၏ ကြမ်းပြင်များတွင် ကပ်ငြိနေပြီး သွေးများက လွတ်လပ်စွာ စီးဆင်းနေကာ လေထုထဲတွင် ရွံရှာဖွယ်ရာ အနံ့အသက်များ ထူထပ်နေသည်။

ထိုမြင်ကွင်းမှာ ထိတ်လန့်ဖွယ် ကောင်းလှပြီး ကောင်းကင်ယံကို ခွဲခြမ်းသွားသော မိုးကြိုးပစ်သံကြီးတစ်ခုကို အမှတ်ရစေသည်။ လူအုပ်ကြီးမှာ မှင်တက်ကာ တိတ်ဆိတ်သွားပြီးမှသာ ဆူညံသောင်းကျန်းမှုများ ပေါက်ကွဲထွက်လာတော့သည်။

ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့မှာလည်း လန့်ဖျပ်ပြီး အံ့ဩသွားကြလေသည်။ ရွှယ်အန်းက ဤမျှ ရုတ်တရက် လှုပ်ရှားလိမ့်မည်ဟု သူတို့ နှစ်ဦးစလုံး မျှော်လင့်မထားခဲ့ကြချေ။ ထူးဆန်းသည်မှာ ခဏအကြာက ဒေါသတကြီးဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ရန်ထျန်းယွင်မှာ ရုတ်တရက် တည်ငြိမ်သွားပြီး မည်သည့်စကားတစ်ခွန်းမှ မဟဘဲ ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

ထန်ဖေးဝမ်၏ မျက်နှာအမူအရာမှာမူ အလွန်တရာ မှုန်ကုပ်နေသည်။ သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အသံကိုနှိမ့်ကာ မေးသည်။

"ဒါက ဘာသဘောလဲ"

"ဘာသဘောလဲ ဟုတ်လား"

ရွှယ်အန်းက ရယ်မောလိုက်သည်။

"ဘာမှမရှိပါဘူး။ ငါသူ့ကို ကြည့်မရလို့ သတ်ပစ်လိုက်တာပဲ"

"ရှင်..."

ထန်ဖေးဝမ် မျက်နှာမှာ ဖြူလျော့သွားပြီး ဒေါသကြောင့် အသက်ရှူပင် ကျပ်သွားရသည်။ ဤအဖြေက လူအများအပြား၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအဖြူရောင်ဝတ် လူငယ်သည် ကြီးမားလှသော ပြဿနာကြီးတစ်ခုကို ဖန်တီးလိုက်ပြီဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်သောကြောင့်ဖြစ်သည်။

ယခင်က လူသားများက တစ္ဆေမျိုးနွယ်စုကို နှိမ်နင်းခဲ့ဖူးခြင်း မရှိချေ။ တစ္ဆေမျိုးနွယ်စုကသာ လူသားများကို အမြဲတမ်း ဖိနှိပ်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုမူ သူ၏ လှုပ်ရှားမှုများက ဤစွမ်းအားကြီးမားသော တစ္ဆေမျိုးနွယ်စုဝင်များ၏ ဒေါသကို မလွဲမသွေ ဆွပေးလိုက်မည်မှာ သေချာနေပေသည်။

ထင်သည့်အတိုင်းပင် ရစရာမရှိအောင် ပျက်စီးနေသော ကံကြမ္မာတစ္ဆေဧကရာဇ်၏ အလောင်းကောင်မှ အမည်းရောင် အငွေ့တိမ်လွှာများကို စတင်ထုတ်လွှတ်လာပြီး ပုံရိပ်တစ်ခုအဖြစ်သို့ အလျင်အမြန် ပြန်လည် ဖွဲ့စည်းလာခဲ့သည်။

သို့သော် ယခုအခါ ကံကြမ္မာတစ္ဆေဧကရာဇ်မှာ သူ၏ လူသားပုံစံ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ချေ။ သူသည် အစစ်အမှန် တစ္ဆေမျိုးနွယ်စု ပုံစံအဖြစ်သို့ ပြန်ရောက်ရှိသွား၏။

"ငါ မင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်"

ကံကြမ္မာတစ္ဆေဧကရာဇ်မှာ လုံးဝကို ဒေါသထွက်နေသည်။ သူ၏ နှစ်ထောင်ပေါင်းများစွာသော သက်တမ်းတစ်လျှောက်တွင် ဤမျှလောက် အရှက်ကွဲခြင်းမျိုးကို သူ တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

သူ ခဲယဉ်းစွာ ကျင့်ကြံထားခဲ့သော လူသားပုံစံ ခန္ဓာကိုယ်မှာ လူငယ်တစ်ဦး၏ သာမန် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရခြင်းက စိတ်ကူး၍ပင် မရနိုင်စရာ ဖြစ်ပေသည်။

သူ၏ အစစ်အမှန် ပုံစံကို ဖော်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဒေါသများက ပေါက်ကွဲထွက်လာပြီး အော်ဟစ်ဆဲဆိုသံများနှင့်အတူ ရှေ့သို့ ပြေးဝင်လာတော့သည်။ သို့သော် သူ့ ခန္ဓာကိုယ် မြေပြင်မှ ခွာလိုက်သည်နှင့် တစ်ပြိုင်နက် ရွှယ်အန်းက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး ခြေတစ်ချက်ကို ညင်သာစွာ ဆောင့်နင်းလိုက်သည်။

ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက် အတိုင်းအဆမဲ့သော စွမ်းအားကြီးတစ်ခုက ကံကြမ္မာတစ္ဆေဧကရာဇ်၏ ခေါင်းပေါ်သို့ ကျဆင်းလာသည်။ ဤတိုက်ခိုက်မှုက ယခင်အကြိမ်ကဲ့သို့ သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို ရိုက်ချေမပစ်သော်လည်း လေးလံသော အသံကြီးနှင့်အတူ သူ့ကို ဒူးထောက်သွားစေပြီး ပြန်မထနိုင်အောင် ဖိနှိပ်ထားလေတော့သည်။

လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကံကြမ္မာတစ္ဆေဧကရာဇ်မှာ မည်သို့သော အဆင့်အတန်းရှိသူ ဖြစ်သနည်း။ သူသည် နယ်ပယ်တစ်ခုလုံးကို အုပ်စိုးထားသူ ဖြစ်သည်။ ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့၏ ရှေ့တွင် အစေခံတစ်ဦးအလား ပြုမူခဲ့သော်လည်း တစ္ဆေဧကရာဇ် တစ်ပါး ဖြစ်လာသူ မည်သူမျှ သာမန်လူ မဖြစ်နိုင်ချေ။

သို့တိုင်အောင် ထိုနေရာတွင် သူသည် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ ချေမှုန်းခံလိုက်ရလေပြီ။ လူသားပုံစံကို လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရပြီး ယခုအခါ ဤအဖြူရောင်ဝတ် လူငယ်၏ ရှေ့တွင် ခြေတစ်ချက် ဆောင့်နင်းရုံမျှဖြင့် ဒူးထောက် ဖမ်းဆီးခံထားရသည်။ ဤကဲ့သို့သော အမှန်တရားက ရှိနေသူတိုင်း၏ ကြားတွင် တုန်လှုပ်ဖွယ်ရာ လှိုင်းလုံးများကို ဖြစ်စေသည်မှာ သဘာဝပင်ဖြစ်သည်။

စုန့်ကျင်းယဲ့မှာ အံ့ဩမှင်တက်စွာ စိုက်ကြည့်နေပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လက်ခံစဉ်းစားရင်း သူမ ပါးစပ်မှာ အနည်းငယ် ဟနေသည်။ ဤအဖြူရောင်ဝတ် လူငယ်မှာ စွမ်းအားကြီးမားကြောင်း သူမ သိထားခဲ့သော်လည်း ဤမျှအထိ ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်ဟု သူမ စိတ်ကူးမယဉ်ခဲ့ဖူးချေ။

သူမဆရာဖြစ်သူ ဝမ်လင်းချွေ့မှာမူ မျက်နှာက ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့နေပြီး တုန်ယင်နေသည်။ ရွှယ်အန်းက သူ့ထံသို့ ဦးတည်လာသော အကြည့်များကို ဂရုမစိုက်ချေ။ သူ့ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

"ငါ မင်းကို ဘာလို့ သတ်ချင်တာလဲ မင်းသိလား"

ကံကြမ္မာတစ္ဆေဧကရာဇ် ပတ်လည်ရှိ အမည်းရောင် အငွေ့တိမ်လွှာများမှာ သူ လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေသည်နှင့်အမျှ အဆက်မပြတ် လည်ပတ်လှုပ်ရှားနေလေသည်။ သို့သော် ရွှယ်အန်း၏ ဖိနှိပ်ထားသော ခြေနင်းချက်က သူ့ကို လှုပ်ရှား၍ မရနိုင်အောင် လုပ်ထားသဖြင့် ကြိုးစားမှုတိုင်းမှာ အချည်းနှီးသာ ဖြစ်ပေသည်။ သူသည် ရွှယ်အန်းကို ထိတ်လန့်နေသော မျက်ဝန်းများဖြင့်သာ ကြည့်နေရုံသာ တတ်နိုင်သည်။ ရွှယ်အန်းက ခေါင်းကို အနည်းငယ် ငုံ့ကာ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့... မင်းမှာ ရိုသေလေးစားမှုဆိုတဲ့ အသိတရား ပျောက်ဆုံးနေလို့ပဲ"

ဤစကားများက တစ္ဆေမျိုးနွယ်စုဝင် အများအပြား၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။ ထန်ဖေးဝမ်က တစ်စုံတစ်ရာကို နားလည်သွားဟန်ဖြင့် အော်ဟစ်လိုက်သည်။

"ဟင့်အင်း..."

သို့သော် သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်း၏ ခြေထောက်က ခပ်ပြင်းပြင်း ဖိချလိုက်ရာ တားဆီး၍မရနိုင်သော စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး ကံကြမ္မာတစ္ဆေဧကရာဇ်ကို ချက်ချင်းပင် လုံးဝ ပျက်သုဉ်းသွားစေတော့သည်။ ကံကြမ္မာတစ္ဆေဧကရာဇ်မှာ သူသေဆုံးချိန်အထိ အော်သံလေးတစ်ချက်မျှ ထုတ်လွှတ်ရန်ပင် အချိန်မရလိုက်ချေ။ အမည်းရောင် အငွေ့တိမ်လွှာ အရိပ်အယောင်လေး တစ်ခုမျှပင် လွတ်မြောက်သွားခြင်း မရှိဘဲ သူ၏ တည်ရှိမှု တစ်ခုလုံး အလုံးစုံ ဖျက်ဆီးခံလိုက်ရလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် နယ်ပယ်တစ်ခုလုံးကို အုပ်စိုးထားသော တစ္ဆေဧကရာဇ် တစ်ပါး ပျက်သုဉ်းသွားသည်။ လက်သည်ဖြစ်သူမှာ မည်သူနည်း။ လူသားမျိုးနွယ်စု လူငယ်တစ်ဦးပင် ဖြစ်ပေသည်။ ဤကဲ့သို့သော ဖြစ်ရပ်က လူအများအပြားကို ယုံကြည်နိုင်စရာ မရှိလောက်အောင် အဓိပ္ပာယ်မဲ့လွန်းသည်ဟု ခံစားသွားစေခဲ့သည်။ ၎င်းမှာ အလွန်တရာကို ယုံကြည်နိုင်ဖွယ် မရှိလွန်းလှပေ။

ထန်ဖေးဝမ်နှင့် ရနထျန်ယွင်တို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ သိသိသာသာ ဆွံ့အသွားကြပြီး မြေပြင်ကို အချိန်အတော်ကြာအောင် ငေးမောကြည့်နေကြပြီးမှသာ တဖြည်းဖြည်း သတိပြန်ဝင်လာကြတော့သည်။

__

All Chapters