← Chapters

အခန်း ၁၃၆၉

Vol. 92 Ch. 1369

အခန်း ၁၃၆၉

Vol. 92 Ch. 1369

အခန်း (၁၃၆၉) -

ကောင်းကင်ယံကို လောင်ကျွမ်းစေသော သွေးမီးတောက်

၎င်းတို့ မျက်နှာပေါ်ရှိ အမူအရာများမှာ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှပေသည်။ ရန်ထျန်းယွင်၏ မျက်ဝန်းများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသော်လည်း သူ့အသွင်အပြင် တစ်ခုလုံးမှာ မယုံနိုင်လောက်အောင် တည်ငြိမ်သွားခဲ့ပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

ထန်ဖေးဝမ်၏ မျက်နှာမှာမူ ဒေါသတရားများဖြင့် ပြည့်လျှံနေသည်။ မကြာမီမှာပင် သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခေါင်းကိုမော့ကာ ရွှယ်အန်းကို အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ မာနကြီးမှုက... တစ္ဆေမျိုးနွယ်စုမှာ မင်းကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ တကယ်ပဲ ထင်နေတာလား"

ရွှယ်အန်းက ခပ်ဟဟ ရယ်မောလိုက်ပြီး သူ၏အပြုံးတွင် အရိုးခိုက်မတတ် အေးစက်မှုများ ပါဝင်နေသည်။

"မာနကြီးတယ် ဟုတ်လား... အဲဒီစကားက မင်းတို့ တစ္ဆေမျိုးနွယ်စုနဲ့ ပိုပြီး လိုက်ဖက်မယ် ထင်တယ်နော်"

ထန်ဖေးဝမ်၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခု လက်ကနဲ ဖြစ်သွားသော်လည်း သူမက အလျင်အမြန်ပင် ခေါင်းညိတ်သည်။

"ကောင်းပြီလေ၊ နင်က အဲဒီလို ယုံကြည်နေမှတော့ ငါတို့ ထပ်ပြောစရာ ဘာမှမရှိတော့ဘူး၊ နောက်မှ ပြန်တွေ့ကြတာပေါ့"

ထိုသို့ပြောပြီးနောက် သူမသည် လှည့်ကာ ထွက်ခွာသွားတော့သည်။ ရန်ထျန်းယွင်က ရွှယ်အန်းကို နက်ရှိုင်းသော အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ပြီး အေးစက်စွာ လှောင်ပြောင်လိုက်ပြီးနောက် သူလည်း လှည့်ထွက်သွားသည်။

ရှေးဟောင်း ဂုဏ်သရေရှိ မိသားစုကြီးများမှ တရားဝင် အမွေဆက်ခံသူများအတွက်မူ သူတို့၏ ကြီးပြင်းလာမှုသည် ကျင့်ကြံခြင်းထက်ပင် ကျော်လွန်နေပေသည်။ သူတို့သည် ဘက်စုံသင်တန်းများကိုပါ လက်ခံရရှိထားကြခြင်း ဖြစ်သည်။ အရေးကြီးဆုံး အချက်တစ်ချက်မှာ အချိန်တိုင်းတွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန်ပင် ဖြစ်သည်။

ထို့ကြောင့် ရန်ထျန်းယွင်ဖြစ်စေ၊ ထန်ဖေးဝမ်ဖြစ်စေ ရွှယ်အန်း၏ လုပ်ရပ်များအပေါ် ဒေါသထွက်နေကြသော်လည်း သူတို့၏ ဆင်ခြင်တုံတရားကသာ လွှမ်းမိုးသွားခဲ့သည်။ ရွှယ်အန်း၏ ရုတ်တရက် ပေါ်ထွက်လာမှုမှာ အလွန်တရာ ရှုပ်ထွေးလွန်းလှပြီး သူ၏ ဇစ်မြစ်ကို မသိရှိရသလို သူ့စွမ်းအားကိုလည်း စမ်းသပ်ရခြင်း မရှိသေးချေ။

ထို့ကြောင့် သူတို့နှစ်ဦးသည် ယာယီဆုတ်ခွာရန် ရွေးချယ်လိုက်ကြပြီး သူတို့ ထွက်ခွာသွားပြီးသည်နှင့် ရွှယ်အန်း၏ နောက်ခံကို သေချာစွာ စုံစမ်းစစ်ဆေးကာ ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုများ၏ အင်အားကို အသုံးပြု၍ သူ့ကို ပြတ်ပြတ်သားသား ဖြေရှင်းရန် ရည်ရွယ်ထားကြလေသည်။

ရလဒ်အနေဖြင့် သူတို့နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း ထွက်ခွာရန် ရွေးချယ်လိုက်ကြခြင်း ဖြစ်ပေသည်။ ဤသည်ကို မြင်သောအခါ အများအပြားမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိကြလေသည်။ အနည်းဆုံးတော့ အခြေအနေကို ယာယီဖြေရှင်းနိုင်သွားသညခ။

လူအများအပြားက ဤကိစ္စ ပြီးဆုံးသွားသည်နှင့် ကံကြမ္မာနယ်ပယ်မှ ချက်ချင်း ထွက်ခွာရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ကံကြမ္မာနယ်ပယ်မှာ ပေါက်ကွဲလုနီးပါး ဖြစ်နေသော မီးတောင်ကြီးတစ်ခုအလား ခံစားနေရသောကြောင့်ပင်။

သေဆုံးသွားသော ကံကြမ္မာတစ္ဆေဧကရာဇ် အတွက်ကတော့...

အသက်ရှင်နေစဉ်က သူသည် တစ္ဆေဧကရာဇ် တစ်ပါးဖြစ်သော်လည်း သေဆုံးသွားသောအခါ ဘာမျှမဟုတ်တော့ချေ။ သို့သော် ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့ ထွက်ခွာတော့မည့် ဆဲဆဲမှာပင် ရွှယ်အန်း၏ အသံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။

"အခုချိန်မှာ မင်းတို့ တကယ်ပဲ ထွက်သွားလို့ရပြီလို့ ထင်နေတာလား"

တိတ်ဆိတ်နေသော အုတ်အော်သောင်းနင်း ဖြစ်မှု လှိုင်းလုံးတစ်ခုက ပွဲခင်းတစ်ခုလုံးကို ရိုက်ခတ်သွားလေသည်။ လူတိုင်းမှာ ဆွံ့အသွားကြသည်။

ရန်မိသားစုနှင့် ထန်မိသားစုမှ လူများကို တမင်တကာ သွားရောက် ရန်စနေခြင်းလား။ ဒီအဖြူရောင်ဝတ် လူငယ် ဦးနှောက်များ ချို့ယွင်းနေတာလား။

စုန့်ကျင်းယဲ့ပင်လျှင် မှင်တက်သွားခဲ့ပြီး သူမ စိုးရိမ်ပူပန်နေသော မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာကာ ဆရာဖြစ်သူ၏ အင်္ကျီလက်စကို ဆွဲရင်း အလောတကြီး ပြောသည်။

"ဆရာ... သူလေ..."

ဝမ်လင်ချွေမှာ သူမ တပည့်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုကိုပင် သတိမပြုမိချေ။ အမှန်တကယ်တွင် ဤအရိုးဖြူတာအို ဂိုဏ်းချုပ်မှာ အလွန်အမင်း အံ့ဩထိတ်လန့်မှုများဖြင့် မှင်တက်စွာ ရပ်နေခဲ့သည်။

"ဒီလူငယ်ရဲ့ စွမ်းအားက ကြီးမားလှပေမယ့် သူတို့က တစ္ဆေနယ်ပယ် အနက်ပိုင်းက ဂုဏ်သရေရှိ မိသားစုတွေ ဆိုတာကို သူ မေ့နေပုံရတယ်"

ဝမ်လင်းချွေ့က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ အမှန်ပင် ရွှယ်အန်း၏ စကားကို ကြားသောအခါ ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့သည် တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး သူတို့ မျက်နှာပေါ်တွင် အံ့ဩမှုများ ပြည့်နှက်နေကာ ရွှယ်အန်းကို စူးစမ်းစွာ ကြည့်ရှုနေကြသည်။ သူ၏ ရန်စသော စကားကြောင့် သူတို့ အငိုက်မိသွားပုံရပေသည်။ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရန်ထျန်းယွင်က ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

"ရယ်စရာကောင်းလိုက်တာ၊ ကောင်းကင်အောက်မှာ ဒီလောက်တောင် မာနကြီးတဲ့သူ တကယ်ပဲ ရှိနေတာလား၊ မင်းကိုယ်မင်း တကယ်ပဲ စွမ်းအားကြီးတယ်လို့ ထင်နေတာလား"

ထန်ဖေးဝမ်မှာ တိတ်ဆိတ်နေသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် လက်ကနဲဖြစ်သွားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်က သူမစိတ်ကို ဖော်ပြနေလေသည်။ ရွှယ်အန်းက ခပ်ဟဟ ပြုံးလိုက်သည်။

"စိတ်ပျက်သွားစေဖို့ တောင်းပန်ပါတယ်... ဒါပေမဲ့ ငါက ငါ့ကိုယ်ငါ စွမ်းအားကြီးတယ်လို့ ထင်နေတာ မဟုတ်ဘူး၊ ငါက တကယ်ကို စွမ်းအားကြီးနေတာပဲ"

"ဟားဟားဟားဟား"

ရန်ထျန်ယွင်မှာ ရယ်စရာဟာသကို ကြားလိုက်ရသကဲ့သို့ ခေါင်းကို နောက်သို့ပစ်ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။ သို့သော် အကြိမ်အနည်းငယ် ရယ်မောပြီးနောက် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ခက်ထန်သွားပြီး လေသံမှာ အေးစက်နေလေသည်။

"ကောင်းပြီလေ၊ အစက ငါမင်းကို ယာယီ အသက်ချမ်းသာပေးဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မင်းက အသေခံဖို့ အတင်းအကျပ် တောင်းဆိုနေမှတော့ တခြားဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့၊ ဒီနေ့ ရန်မိသားစုရဲ့ စွမ်းအားကို မင်း မြည်းစမ်းခိုင်းပေးမယ်"

သူ့စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်ထျန်းယွင်၏ ပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ပြန်လည်ပေါ်လာချိန်တွင်မူ ရွှယ်အန်း၏ အရှေ့တည့်တည့်သို့ ရောက်ရှိနေပြီဖြစ်ကာ လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်တော့သည်။

တိုက်ခိုက်မှု၏ ကြမ်းတမ်းမှုကို ဘေးဖယ်ထားရင်တောင် အလွန်တရာ မြန်ဆန်လှသော အမြန်နှုန်းတစ်ခုတည်းကပင် မည်သူ့ကိုမဆို အံ့ဩမှင်တက်သွားစေရန် လုံလောက်လှသည်။ သို့သော် ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော တိုက်ခိုက်မှုကြီးကို ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းမှာ တုန်လှုပ်မှုမရှိပုံရကာ သူ၏ နှုတ်ခမ်းထောင့်မှ ခပ်ဟဟ အပြုံးလေး မပျက်ဘဲ သူရှိနေသော နေရာတွင် တည်ငြိမ်စွာ ရပ်နေသည်။

လူအုပ်ကြီးမှာ တိုးညှင်းစွာ အသက်ရှူမှားသွားကြပြီး အများအပြားက ရွှယ်အန်းမှာ ကျိန်းသေပေါက် သေဆုံးရတော့မည်ဟု ယုံကြည်ကာ တိတ်တဆိတ် ခေါင်းယမ်းလိုက်ကြသည်။

သို့သော် ဤအတွေးလေး ဖြစ်ပေါ်လာရုံမျှ ရှိသေးချိန် နောက်ဆုံးစက္ကန့်လေးမှာပင် ရွှယ်အန်း၏ လက်ဝါးက ရုတ်တရက် ထွက်ပေါ်လာပြီး ရန်ထျန်းယွင်၏ ဝင်ရောက်လာသော လက်သီးကို ဖမ်းဆုပ်ကာ ပြင်းထန်စွာ ညှစ်ချတော့သည်။

"အား"

နာကျင်စွာ အော်ဟစ်သံများနှင့်အတူ ရန်ထျန်းယွင်မှာ နောက်သို့ လွင့်စင်သွားပြီး သူ့ လက်မောင်းမှာမူ ရွံရှာဖွယ်ကောင်းသော ခရုပတ်ပုံစံအဖြစ် လိမ်ချိုးခံလိုက်ရကာ အမည်းရောင် အငွေ့တိမ်လွှာများ စိမ့်ထွက်နေတော့သည်။ ကြည့်ရှုနေသူတိုင်းမှာ ဆွံ့အသွားကြချိန်တွင် ရွှယ်အန်းက ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါက ရန်မိသားစုရဲ့ စွမ်းအားပေါ့လေ..."

သူ၏ လေသံမှာ တည်ငြိမ်နေသော်လည်း လှောင်ပြောင်မှုများ ရောယှက်နေလေသည်။ ရန်ထျန်ယွင်မှာ အတိုင်းဒေါသထွက်သွားလေတော့သည်။ သူသည် မွေးဖွားလာချိန်မှ ယခုအချိန်အထိ အခြားသူများအပေါ်တွင် အမြဲတမ်း ကြီးစိုးခဲ့ပြီး ဤကဲ့သို့သော အရှက်ရမှုကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

ရွှယ်အန်း၏ လှောင်ပြောင်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းမှာ သူ လက်မခံနိုင်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပြီး သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။

"ကောင်းပြီလေထ မင်းက အဲဒီလောက်တောင် သေချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့"

"သွေးမီးတောက်... ကောင်းကင်ယံကို လောင်ကျွမ်း‌စေ"

ဤဟိန်းဟောက်သံနှင့်အတူ ရန်ထျန်ယွင်၏ မျက်လုံးများမှာ ငရဲမီးများအလား မည်းနက်သော အနီရောင် တွင်းပေါက်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး သွေးရောင် အလင်းစက်လေးများက သူ၏ ပတ်လည်တွင် စတင်ပေါ်ထွက်လာလေသည်။ တစ်ခုမှ နှစ်ခုသို့ ကွဲထွက်သွားပြီး၊ နှစ်ခုမှ လေးခုအထိ...

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးရောင် အလင်းတန်းများမှာ အဆမတန် ပွားများလာပြီး ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းမိုးသွားလေတော့သည်။ ရန်ထျန်ယွင်က ရူးသွပ်စွာ ရယ်မောလာသည်။

"ငါ့ကို ဒီလှုပ်ရှားမှု သုံးအောင် လုပ်နိုင်ခဲ့တဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်"

ထိုသို့ပြောပြီးနောက် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ အဆုံးအစမဲ့သော သွေးရောင်နီရဲရဲများမှာ တောက်လောင်နေသော မီးတောက်များအဖြစ်သို့ အလုံးစုံ ပြောင်းလဲသွားသည်။ ထပ်တလဲလဲ ဖြစ်နေသော မီးတောက်အရိပ်များကြားတွင် လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားကြီးက လူတိုင်းကို မထိန်းချုပ်နိုင်အောင် တုန်ယင်သွားစေပြီး မတ်တတ်ပင် ခဲယဉ်းစွာ ရပ်နေရသည်။ ဝမ်လင်းချွေ့မှာ ငိုသံပါလုနီးပါးဖြင့် အော်ဟစ်လိုက်သည်။

"ဒါက တစ္ဆေနယ်ပယ်က အထက်တန်းလွှာ မိသားစုတွေရဲ့ အစစ်အမှန် စွမ်းအားပဲ၊ ဒီကောင်လေး သေချာပေါက် သေရတော့မယ်"

စုန့်ကျင်းယဲ့မှာ ယခုအခါ သွေးမီးတောက်များဖြင့် ဝန်းရံခံနေရသော ရွှယ်အန်းကို ငေးမောစွာ ကြည့်နေပြီး သူမ၏ နှလုံးသားမှာ လိမ်ကျစ်နေသကဲ့သို့ ခံစားနေရသည်။ ကံကြမ္မာတစ္ဆေဧကရာဇ် သေဆုံးသွားမှုကြောင့် အားချင်းနှင့် အခြားသူများမှာ သူတို့၏ အချုပ်အနှောင်များမှ လွတ်မြောက်သွားခဲ့ကြသည်။ ဤအခိုက်အတန့်တွင် အားချင်းက ရုတ်တရက် အော်ဟစ်သည်။

"ပြေးတော့"

သူမ၏ အလန့်တကြား အော်ဟစ်သံကို ကြားသောအခါ ရွှယ်အန်းက သူမကို ကြည့်ရန် အကြည့်ကို နှိမ့်ချလိုက်ပြီးနောက် ခပ်ဖွဖွ ပြုံးပြလိုက်သည်။

"ပြေးရမယ် ဟုတ်လား၊ ဘာလို့ ငါက ပြေးစရာ လိုရမှာလဲ"

ရန်ထျန်ယွင်က ကျယ်လောင်စွာ ရယ်မောသည်။

"သေမင်းနဲ့ ရင်ဆိုင်နေရတာတောင် စကားကြီးစကားကျယ် ပြောနေသေးတဲ့ မင်းလိုလူမျိုးတွေကို ငါ အရမ်းသဘောကျတာပဲ... အခု သေလိုက်တော့"

အဆုံးအစမဲ့သော သွေးမီးတောက်များက ရှေ့သို့ ပြင်းထန်စွာ တိုးဝင်လာပြီး ၎င်းတို့၏ ကြီးကျယ်ခမ်းနားမှုရှေ့တွင် ရွှယ်အန်း၏ ပုံရိပ်မှာ အရေးမပါတော့သကဲ့သို့ ဖြစ်သွားစေသည်။ လူအုပ်ကြီးထဲမှ အများအပြားမှာ ဆက်လက် မကြည့်ရက်တော့သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြလေသည်။

သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက သူ၏ လက်ကို မြှောက်လိုက်ပြီး လက်ညှိုးတစ်ချောင်းဖြင့် ဖြည်းညှင်းစွာ ညွှန်ပြသည်။

လက်ညှိုး ဆန့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ကြီး ရုတ်တရက် တုန်ခါသွားပြီး မမြင်နိုင်သော လှိုင်းဂယက်တစ်ခုက အပြင်ဘက်သို့ ချက်ချင်း ပြန့်ကားသွားသည်။ ပြေးဝင်လာသော သွေးမီးတောက်များမှာ မုန်တိုင်းတစ်ခုအတွင်းရှိ ကျိုးပဲ့လွယ်သော ဖယောင်းတိုင်လေးများအလား နောက်သို့ ဆုတ်ခွာသွားပြီး မည်သည့် ရုန်းကန်မှုမျှ မရှိဘဲ ငြိမ်းသတ်ခံလိုက်ရလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံကို ဖုံးလွှမ်းနေသော စွမ်းအားကြီးမားသည့် သွေးမီးတောက်များမှာ ဘာမျှမရှိတော့သော အခြေအနေသို့ လျော့ကျသွားတော့သည်။

ရန်ထျန်းယွင်၏ ကျေနပ်ဂုဏ်ယူနေမှုမှာ သူ၏ မျက်နှာပေါ်တွင် အေးခဲသွားပြီး ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် မှင်တက်စွာ ထိုင်ကြည့်နေလေတော့သည်။ ရွှယ်အန်းကမူ ခပ်ဖွဖွ ပြုံးသည်။

"ငါလည်း စွမ်းအားမရှိဘဲနဲ့ မာနကြီးတဲ့ လူတွေကို ကြည့်ရတာ သဘောကျတယ်၊ ဒါကြောင့် မင်းလည်း သေလိုက်တော့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ ရန်ထျန်ယွင်၏ အရှေ့တည့်တည့်တွင် ပေါ်လာပြီး လက်သီးတစ်ချက် ထိုးချသည်။ ရန်ထျန်းယွင်က ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ၏ ထိတ်လန့်ဖွယ်ရာ တွေ့ရှိမှုမှာ သူကိုယ်တိုင် လုံးဝ လှုပ်ရှား၍ မရနိုင်တော့ကြောင်း သိလိုက်ရပြီး သူ့ထံသို့ ပြေးဝင်လာသော လက်သီးကို မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် စောင့်ကြည့်နေရန်သာ တတ်နိုင်တော့သည်။

ထိုအချိန်မှာပင် တဖျပ်ဖျပ် တောက်ပနေသော အမည်းရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရန်ထျန်ယွင်ကို အလျင်အမြန် ရစ်ပတ်ကာ ဘေးဘက်သို့ ဆွဲယူသွားသဖြင့် ရွှယ်အန်း၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်သွားသည်။ သို့တိုင်အောင် လက်သီး၏ အရှိန်အဟုန်ကြောင့် အမည်းရောင် အလင်းတန်းမှာ ထိခိုက်မှုကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားစေခဲ့သည်။

ထန်ဖေးဝမ်က လတ်လတ်ဆတ်ဆတ်သွေး တစ်ပွက် အန်ချလိုက်ပြီး သူမ မျက်ဝန်းများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ လက်သီး၏ အရှိန်အဟုန် အကြွင်းအကျန်လေးကပင် သူမကို ဒဏ်ရာရသွားစေသည်ဆိုလျှင် ဤအမျိုးသား၏ စွမ်းအားက မည်မျှတောင် အတိုင်းအဆမဲ့ ကြီးမားနေမည်နည်း။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းက သူဘလက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး ထန်ဖေးဝမ်ကို အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်ကာ နှုတ်ခမ်းများက လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားလေသည်။

"ကောင်းပြီလေ။ မင်းပါ ဒီကို ရောက်နေမှတော့ အတူတူ သေကြတာပေါ့”

__

All Chapters