← Chapters

အခန်း ၁၃၇၆

Vol. 92 Ch. 1376

အခန်း ၁၃၇၆

Vol. 92 Ch. 1376

အခန်း (၁၃၇၆) မြို့ငယ်လေးထဲမှ တစ္ဆေဈေးတန်း

ရွှယ်အန်း ပြောခဲ့သည့်အတိုင်းပင် တစ္ဆေနယ်ပယ် တစ်ခုလုံးမှာ ကြက်သွန်နီ တစ်လုံးနှင့် တူညီပြီး အတိုင်းအတာ နယ်ပယ် အလွှာများက တင်းကြပ်စွာ ချိတ်ဆက်နေကာ ၎င်းတို့ကြားတွင် ကျော်ဖြတ်၍မရနိုင်သော အတားအဆီးများ မရှိချေ။

အတားအဆီးများ ရှိနေခဲ့လျှင်တောင်မှ ၎င်းတို့က ရွှယ်အန်းကို တားဆီးနိုင်မည် မဟုတ်ပေ။

အစိန်ခေါ်ဆုံး အပိုင်းမှာ သူတို့ သွားရောက်လိုသော နယ်ပယ်၏ တည်နေရာ ကိုဩဒိနိတ်များကို တိကျစွာ ရှာဖွေရခြင်းပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့သည် နယ်ပယ်တစ်ခုပြီးတစ်ခုကို ပင်ပန်းကြီးစွာ ဖြတ်ကျော်ရမည် ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်မူလင်းကို ကယ်တင်ခဲ့သူ ပေးအပ်ထားသော ဖန်းရှေးဟောင်း ကြေးမုံပြင်တွင် တိကျသော ကိုဩဒိနိတ်များ ပါဝင်နေသဖြင့် ရွှယ်အန်းအနေဖြင့် ဤနယ်ပယ်ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ သို့သော် သူတို့နှစ်ဦး ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်လာသည်နှင့် ဝမ်မူလင်းမှာ အံ့ဩတကြီး အသက်ရှူမှားသွားရသည်။

သူတို့ရှေ့တွင် စွန့်ပစ်ခံထားရသော မြို့ငယ်လေး တစ်မြို့ ပေါ်လာခဲ့သည်။ မြို့လေးမှာ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသည်မှာ ရှင်းလင်းနေပြီး အဆောက်အအုံများကြားတွင် ပေါက်ရောက်နေသော ခြုံနွယ်ပိတ်ပေါင်းများမှတစ်ဆင့် မြို့လေး၏ ယခင်က စည်ကားခဲ့မှုများကို ခပ်ရေးရေးမျှသာ ခန့်မှန်းနိုင်တော့သည်။ သို့သော် ရွှယ်အန်းကမူ ဤအရာကို ဂရုမစိုက်ဘဲ လက်ကို မြှောက်ကာ ခေတ္တမျှ သေချာစွာ လေ့လာစောင့်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။

"နယ်ပယ် ဖိနှိပ်မှုလား"

ရွှယ်အန်း စကားကို ကြားသောအခါ ဝမ်မူလင်းမှာ ကြောင်အမ်းအမ်းဖြစ်နေရာမှ သတိပြန်ဝင်လာပြီး ဤနယ်ပယ်၏ ထူးဆန်းမှုကို အဆုံးတော့ သတိပြုမိသွားလေသည်။ ကြီးမားလှသော စွမ်းအားကြီးတစ်ခုက သူမအပေါ် ကျဆင်းလာပြီး သူမ စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏ စွမ်းအား အနည်းငယ်မျှကိုသာ အသုံးပြုနိုင်တော့သည်။ ထိုအရာကို သဘောပေါက်သွားသောအခါ ဝမ်မူလင်း မျက်နှာမှာ ဖြူလျော့သွားလေသည်။

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ.

.."

ရွှယ်အန်းက သူ၏လက်ကို ဖြည်းညှင်းစွာ ဆုပ်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ မေးသည်။

"မင်း အရင်တုန်းက ဒီနယ်ပယ်မှာ ရှိနေခဲ့တုန်းက ဒီလိုဖိနှိပ်မှုမျိုး ကြုံခဲ့ရလား"

ဝမ်မူလင်းက ခေါင်းယမ်းလာသည်။

"လုံးဝ မကြုံခဲ့ရဘူး၊ အဲဒီတုန်းက ဒီနေရာက တစ္ဆေနယ်ပယ်တွင်းက တခြား နယ်ပယ်တွေလိုပါပဲ၊ ပြီးတော့ ဒီက ဝိညာဉ်စွမ်းအင်တွေက တစ္ဆေနယ်ပယ် အနက်ပိုင်းက စွမ်းအားကြီးတဲ့ နေရာတွေနဲ့တောင် ယှဉ်နိုင်လောက်အောင် ပေါကြွယ်ဝခဲ့တာပါ"

ရွှယ်အန်း၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု လက်ကနဲ ဖြစ်သွားသည်။

"ဒီလိုဆိုရင် နယ်ပယ်ကိုယ်တိုင်ကနေ ထွက်ပေါ်လာတဲ့ ဒီဖိနှိပ်မှုက မကြာသေးခင်ကမှ ဖြစ်လာတာ ဖြစ်ရမယ်"

ဝမ်မူလင်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ခေါင်းယမ်းသည်။

"ကျွန်မ မသိဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့... အရင်တုန်းက ဒီလိုနေရာမျိုးတွေ လုံးဝ မရှိခဲ့ဘူး"

ဝမ်မူလင်း၏ စွမ်းအားမှာ ကန့်သတ်ခံထားရသော်လည်း သူမရှေ့ရှိ မြို့ငယ်လေးကို ဖုံးလွှမ်းနေသော ကြက်သီးထဖွယ်ရာ တစ္ဆေအငွေ့အသက်များကို သူမ အာရုံခံနိုင်နေဆဲပင်။ ဤလေထုမှာ သူမ ယခင်က ကြုံတွေ့ခဲ့ရသော အလှတရားနှင့် ငြိမ်းချမ်းမှုတို့နှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဒီနေရာမှာ တစ်ခုခုတော့ မှားယွင်းသွားပြီလား၊ ဒါဆို သူမရဲ့ ကျေးဇူးရှင်ကရော... သူတို့လည်း ဒုက္ခရောက်နေပြီလား...

ဤအတွေးကြောင့် ဝမ်မူလင်း၏ ရင်ထဲတွင် သည်းမခံနိုင်လောက်အောင် လေးလံသွားသည်။ ထိုအခိုက်အတန့်မှာပင် ရွှယ်အန်းက ရှေ့သို့ လှမ်းတက်သွားပြီး လူသူကင်းမဲ့နေသော မြို့လေးထဲသို့ ဦးတည်သွားလေသည်။

"အရှင်..."

ဝမ်မူလင်းမှာ အေးခဲသွားပြီး အလိုအလျောက် လှမ်းခေါ်လိုက်မိသည်။ ဤသို့ ရှင်းလင်းမှုမရှိသော အခြေအနေမျိုးတွင် မြို့ငယ်လေးဆီမှ ထွက်ပေါ်နေသည့် နိမိတ်မကောင်းသော အငွေ့အသက်များက ငြင်းဆို၍မရနိုင်အောင် စိုးရိမ်စရာ ကောင်းနေသည်။ ရွှယ်အန်းက လှည့်ပင်မကြည့်ပဲ တည်ငြိမ်စွာသာ ပြောသည်။

"ငါ့နောက်လိုက်ခဲ့၊ ရှေးဟောင်းကြေးမုံပြင်နဲ့ ကိုက်ညီတဲ့ ကိုဩဒိနိတ်တွေက ဒီနေရာထဲမှာပဲ ဆိုတာကို ငါ အာရုံခံလို့ရတယ်"

ထိုသို့ပြောပြီးနောက် သူသည် မြို့လေးထဲသို့ ဝင်ရောက်သွားသည်။ ထိုသည်ကိုမြင်သောအခါ ဝမ်မူလင်းက အံ့ကိုတင်းတင်းကြိတ်ကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အမှောင်ထုထဲမှ တွားသွားလာနေသော စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည်။ ထို့နောက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိတော့ဘဲ သူ့နောက်သို့ အလျင်အမြန် လိုက်သွားလေတော့သည်။

သို့သော် သူမသည် ရွှယ်အန်းနောက်မှ မြို့လေးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဧရာမ သစ်မြစ်နွယ်တန်းကြီးများက အမှောင်ရိပ်များကြားတွင် အသံတိတ် တွားသွားသွားကြပြီး အဆုံးတွင် မြေအောက်သို့ တိုးဝင်ကာ လုံးဝ ပျောက်ကွယ်သွားကြသည်။

သူတို့ အထဲသို့ အမှန်တကယ် ဝင်ရောက်သွားသောအခါ မြို့လေး၏ အခြေအနေမှာ အပြင်ဘက်မှ မြင်ရသည်ထက် ပိုမို ကောင်းမွန်နေကြောင်း တွေ့ရှိလိုက်ရသည်။

ပေါင်းပင်များ ဖုံးလွှမ်းနေသော လမ်းများမှလွဲ၍ အဆောက်အအုံများမှာ အများစု ပကတိအတိုင်း ရှိနေသေးသည်။ သို့တိုင်အောင် မြို့လေးမှာ နေရာအနှံ့ ပျံ့နှံ့နေပြီး အသက်ရှူကျပ်လောက်အောင် လေးလံသော တစ္ဆေအငွေ့အသက်များဖြင့် ဖုံးလွှမ်းခံနေရသည်။

ရွှယ်အန်းက ရပ်တန့်မနေဘဲ လမ်းတစ်လျှောက် ဆက်လက်လျှောက်လှမ်းကာ မြို့၏ အလယ်ဗဟိုဆီသို့ မှန်မှန် ဦးတည်သွားသည်။ အဆုံးတွင် သူတို့သည် မြို့လယ်ခေါင်ရှိ ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားကြပြီး ထိုနေရာတွင် ကြီးမားမြင့်မားသော ရှေးဟောင်း သစ်ပင်ကြီးတစ်ပင် ရှိနေသည်။ ၎င်း၏ စိမ်းလန်းစိုပြည်သော အကိုင်းအခက်များနှင့် အရွက်များက ကျယ်ပြန့်စွာ ဖြာထွက်နေပြီး ကွင်းပြင်တစ်ခုလုံး နီးပါးကို ဖုံးလွှမ်းထားသည်။

ဝမ်မူလင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဧရာမ သစ်ပင်ကြီးကို မိန်းမောစွာ စိုက်ကြည့်ရင်း စကားပြောရန် ပြင်လိုက်ချိန်မှာပင် ရွှယ်အန်း၏ အသံက သူမ စိတ်ထဲတွင် တိုက်ရိုက်ပဲ့တင်ထပ်လာခဲ့သည်။

"စကားမပြောနဲ့၊ တိတ်တိတ်နေ"

ဝမ်မူလင်က ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ပြီး ရွှယ်အန်း၏ အနောက်တွင် နာခံစွာ နေရာယူသည်။ ထိုအချိန်မှာပင် ကြက်သီးထဖွယ်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ကွင်းပြင်ထဲတွင် အမည်းရောင် အရိပ်အချို့ ပေါ်လာခဲ့သည်။ သူတို့၏ ပုံသဏ္ဌာန်များ ထင်ရှားလာသောအခါ ၎င်းတို့မှာ ရုပ်ဆိုးအကျည်းတန်ပြီး ပုံပန်းပျက်နေသော တစ္ဆေများဖြစ်ကြောင်း တွေ့လိုက်ရသည်။ မလှမ်းမကမ်းတွင် ရပ်နေကြသော ရွှယ်အန်းနှင့် ဝမ်မူလင်တို့ကို မြင်သောအခါ ထိုတစ္ဆေများပင်လျှင် ခေတ္တမျှ လန့်သွားကြသော်လည်း ချက်ချင်းပင် လှောင်ပြောင် ရယ်မောသံများ ပေါက်ကွဲထွက်လာသည်။

"ဟိုဟို... ဒီနေ့ တစ္ဆေဈေးတန်းကို ငါတို့ထက်တောင် စောရောက်နေတဲ့ ဧည့်သည်တွေ ရှိနေပါလား"

"ဟားဟား... ဟိုကောင်မလေးကို ကြည့်စမ်း... တော်တော်လေးကို နုနယ်ပြီး လှတာပဲ၊ ငါ သွားရည်ကျတာကိုတောင် မထိန်းနိုင်တော့ဘူး"

ထိုတစ္ဆေပုံရိပ်များက ဗြောင်ကျကျ စကားပြောနေကြသော်လည်း ရွှယ်အန်းကမူ အရိပ်ထဲတွင်သာ ရပ်လျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ နိမိတ်မကောင်းသော လေပြင်းများ ပိုမို ပြင်းထန်လာသည်နှင့်အမျှ ကွင်းပြင်ထဲတွင် တစ္ဆေပုံရိပ်များ ပို၍ပို၍ ထွက်ပေါ်လာသည်။

တစ္ဆေများ စုရုံးလာကြပြီး တက်ကြွစွာ စကားစမြည် ပြောဆိုလာကြသည်။ ရွှယ်အန်းနှင့် ပတ်သက်၍ သူတို့၏ စူးစမ်းလိုစိတ်များ သိသာထင်ရှားနေသော်လည်း သူတို့၏ အဓိကအာရုံစိုက်မှုမှာ ယနေ့ည တစ္ဆေဈေးတန်း အပေါ်တွင်သာ ရှိနေသည်။

"ဒီတစ်ခေါက် ဘယ်လို ရတနာတွေ ပါလာမလဲ မသိဘူးနော်"

"အရင်တစ်ခေါက်က အရမ်းလှတဲ့ တစ္ဆေမိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်ရပေမယ့် လွတ်သွားတယ်၊ နှမြောစရာပဲ"

ထိုဆူညံသံများကြားတွင် ဝမ်မူလင်းက တစ္ဆေပုံရိပ်များကို ခိုးကြည့်နေပြီး သူမ၏ နှလုံးသားမှာ လိမ်ကျစ်နေသကဲ့သို့ ခံစားနေရသည်။ အရင်က ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး...

ယခင်က သူမ ဤနယ်ပယ်တွင် ရှိနေခဲ့စဉ်က တစ္ဆေမျိုးနွယ်စု ရှိနေသော်လည်း သူတို့မှာ ကြင်နာတတ်ပြီး အေးချမ်းသော သက်ရှိများသာ ဖြစ်ကြသည်။ ဤရုပ်ဆိုးအကျည်းတန်ပြီး ခြိမ်းခြောက်နေသည့် သတ္တဝါများ လုံးဝ မရှိခဲ့ချေ။

ဒီနေရာမှာ ဘာတွေများဖြစ်ခဲ့တာလဲ...

အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီးနောက် ကွင်းပြင်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်၏အနောက်တွင် ဖြူရော်နေသော်လည်း ခန့်ညားသော လူငယ်တစ်ဦး ရပ်နေသည်။ ထိုတွဲဖက်မှုက စုရုံးနေကြသော တစ္ဆေများထံမှ စိတ်လှုပ်ရှားဖွယ် တီးတိုးရေရွတ်သံများကို ထွက်ပေါ်လာစေခသည်။

"အိုဟို... အရင်တစ်ခေါက်က လှပတဲ့ တစ္ဆေမိန်းမပျိုလေးကို လွတ်သွားလို့ နှမြောနေကြတုန်း အခု ပိုပြီးတောင် လှပတဲ့သူ ရောက်လာပါလား"

ဖားနှင့်တူသော တစ္ဆေတစ်ကောင်က ယုတ်မာသော အပြုံးဖြင့် အသံဩဩဖြင့် ပြောလိုက်သည်။

"ဟီးဟီး... ကြည့်ရတာ နေရာမှန်းမသိတဲ့ နောက်ထပ် အားနည်းတဲ့ကောင် တစ်ကောင်ပဲ"

အခြား တစ္ဆေတစ်ကောင်က လှောင်ပြောင်သည်။ သို့တိုင်အောင် သူတို့ မည်သို့ပင် ပြောဆိုနေကြပါစေ ထိုမိန်းမပျိုလေးမှာ တိတ်ဆိတ်စွာ မလှုပ်မယှက် ရပ်နေ၏။

သူမ အနောက်ရှိ ဖြူရော်နေသော လူငယ်လေးမှာ အကြည့်ကို အောက်သို့သာ ချထားပြီး သူတို့ပတ်လည်တွင် စုရုံးနေသော တစ္ဆေများကို သိသိသာသာ ရှောင်ဖယ်သည်။ ဤမြင်ကွင်းကြားတွင် ဧရာမ သစ်ပင်ကြီးမှာ ရုတ်တရက် စတင်ယိမ်းနွဲ့လာပြီး ၎င်း၏ အကိုင်းအခက်များက အပြင်ဘက်သို့ ဆန့်ထွက်လာလေသည်။ ၎င်းတို့၏ အောက်ဘက် မြေကြီးထဲမှ ဖော်ပြနေသော သစ်မြစ်နွယ်တန်းများ ထွက်ပေါ်လာပြီး စုရုံးနေသူများကို အထက်သို့ ပင့်တင်လိုက်သည်။

အဆုံးတွင်တော့ အရာအားလုံး ကြက်သီးထဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်သွားသောအခါ တစ္ဆေမီးတောက် အစုအဝေးများ တောက်ပစွာ လင်းလက်လာပြီး စင်မြင့်ကို နေ့ခင်းဘက်အလား လင်းထိန်သွားစေသည်။ ထို့နောက် ရှေးဟောင်း သစ်ပင်ကြီး၏ ပင်စည်ထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အစိမ်းရောင် ဝတ်ရုံဝတ်ဆင်ထားပြီး အလွန်တရာ ရုပ်ဆိုးအကျည်းတန်သော တစ္ဆေတစ်ကောင်က သစ်ပင်ထဲမှ ရှေ့သို့ ထွက်လာခဲ့သည်။

"သစ်ပင်ဘုရင်ကို ဂါရဝပြုပါတယ်"

တစ္ဆေအုပ်ကြီးက ချက်ချင်းပင် တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြလေသည်။ ထိတ်လန့်ဖွယ်ရာ ဝိညာဉ်ကြီးက ရယ်မောလိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြသည်။

"ယဉ်ကျေးမှုတွေ လုပ်နေစရာ မလိုပါဘူး... စလိုက်ကြရအောင်"

သူ့ အမိန့်အရ တစ္ဆေမီးတောက်များ မှေးမှိန်သွားပြီး စင်မြင့်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းမျိုးစုံကို ဖော်ပြလာသည်။ သူတို့ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသော အမျိုးသမီးတစ်ဦး ပါဝင်ပြီး သူမက ဒူးကိုပိုက်ထားကာ ကျဆင်းနေသော ဆံနွယ်မည်းများဖြင့် သူမ၏ ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားလျက် နက်ရှိုင်းသော အိပ်စက်ခြင်းထဲသို့ နစ်မွန်းနေပုံရသည်။

ထိုမြင်ကွင်းက လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ဝမ်မူလင်း၏ မျက်လုံးများ လင်းလက်သွားပြီး ပစ္စည်းများကြားတွင် တိတ်ဆိတ်စွာ ဝဲပျံနေသော ဖန်းရှေးဟောင်း ကြေးမုံပြင် တစ်ခုကို သူမ တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဖားနှင့်တူသော တစ္ဆေက အိပ်ပျော်နေသော အမျိုးသမီးကို လောဘတကြီး လက်ညှိုးထိုးကာ အော်ဟစ်လာသည်။

"အဲဒီ တစ္ဆေမိန်းမပျိုလေးကို ငါလိုချင်တယ်”

__

All Chapters