← Chapters

အခန်း ၈၂၉

Vol. 56 Ch. 829

အခန်း ၈၂၉

Vol. 56 Ch. 829

အခန်း (၈၂၉) - ဇီချုံ နတ်မိမယ်

ကျိုကျိုး မြို့တော် တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားတော့၏။ ထိတ်လန့်တုန်လှုပ်နေသော အကြည့်ပေါင်းများစွာက ကောင်းကင်ထက်ဆီသို့သာ စူးစိုက်နေကြသည်။ ထိုနေရာတွင် ဒဏ်ရာအပြင်းအထန် ရရှိထားသော ရှဟိုထျန်းနန်မှာ အရှိန်အဟုန်ဖြင့် အောက်သို့ လွင့်စဉ်ကျဆင်းနေတော့သည်။

ရှဟိုထျန်းနန်မှာ လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့ပြီ။ အလွန်တရာ အရှက်ရဖွယ် ကောင်းလှသော ရှုံးနိမ့်မှုကြီးပင်။ ဖုန်းဝူချန်သည် သွေးရောင် အလင်းတန်း တစ်ခုတည်းဖြင့်သာ ဤအောင်ပွဲကို ရယူခဲ့ခြင်း ဖြစ်သည်။ သူသည် ရှဟိုထျန်းနန်ကို အေးအေးဆေးဆေးပင် အလဲထိုးပစ်လိုက်၏။

“စွမ်းအား ကွာခြားချက်က တကယ်ပဲ ဒီလောက်တောင် ကြီးမားနေတာလား... သူက ထျန်းကျီဘုံ ပဉ္စမအလွှာမှာပဲ ရှိသေးတာကို”

ဟု ချူထိုက်ရွှမ်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရဘဲ တုန်ယင်နေတော့၏။

“ရှဟိုထျန်းနန်ရဲ့ မြေကမ္ဘာအဆင့် သိုင်းကွက်က တကယ်ကို အစွမ်းထက်တာပါ... ဘယ်လိုဖြစ်လို့ ဒီလောက်အထိ အခြေအနေ ဆိုးသွားရတာလဲ”

ချောင်ဆန်းယန်ကလည်း အံ့အားသင့်နေတော့သည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် လေလံရုံ အကြီးအကဲ သုံးဦးစလုံးမှာ အလွန်အမင်း သတိထားနေကြတော့၏။

ရှဟိုထျန်းနန်က အားနည်းနေခြင်း မဟုတ်ပေ။ ဖုန်းဝူချန်ကသာ ကောင်းကင်ဘုံကို အန်တုနိုင်သော စွမ်းအားများဖြင့် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်နေခြင်း ဖြစ်သည်။

“သခင်ကြီး”

“အဖေ”

ကျိုကျိုး မြို့တော်ကြီး တိတ်ဆိတ်နေစဉ်မှာပင် ရှဟိုဖုန်းနှင့် အကြီးအကဲများမှာ ကောင်းကင်ယံသို့ ပြာယာခတ်စွာ ပျံတက်သွားကြတော့သည်။ ရှဟိုထျန်းနန်၏ ဒဏ်ရာများမှာ အလွန်တရာ ဆိုးရွားလှသဖြင့် အချိန်မီ မကုသနိုင်ပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။ ဤမျှ ရက်စက်ကြမ်းကြုတ်သော ရလဒ်မျိုးကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

“ကြောက်စရာ ကောင်းလိုက်တာ... သူ့စွမ်းအားက တကယ်ကို ကြောက်စရာကြီးပဲ”

“အစွမ်းထက်လှတဲ့ ရှဟို မိသားစု ခေါင်းဆောင်ကြီးတောင် တစ်ကွက်တည်းနဲ့ ရှုံးသွားတယ်”

“အဲဒီလူငယ်လေးက ဘယ်သူလဲ... သူ့စွမ်းအားက နတ်ဘုရား နန်းတော်က ခန်းမဆောင်သခင်လေးထက်တောင် သာနေတာလား”

ကျိုကျိုး မြို့တော်သူ မြို့တော်သားများမှာ အံ့အားသင့်မှုများဖြင့် ဆူညံပွက်လောရိုက်သွားကြတော့သည်။ ထျန်းကျီဘုံ ပဉ္စမအလွှာ အဆင့်ရှိသော လူငယ်လေး တစ်ဦးက နဝမအလွှာ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားခြင်းမှာ မည်သို့မျှ စဉ်းစားမရနိုင်သော ကိစ္စပင်။

အောက်သို့ လွင့်စဉ်ကျနေသော ရှဟိုထျန်းနန်ကို အေးစက်စက် ကြည့်ရင်း ဖုန်းဝူချန်က တိုးညှင်းစွာ ရေရွတ်လိုက်၏။

“ငါ လွဲသွားတာလား...”

တိုက်ခိုက်မှုမှာ ရှဟိုထျန်းနန်၏ နှလုံးသားကို ထိမှန်ရန် အလွန်နီးကပ်သွားခဲ့ခြင်း ဖြစ်သည်။

“ကောင်စုတ်လေး... ငါ့အဖေသာ တစ်ခုခုဖြစ်ရင် မင်းတို့လည်း အသက်ရှင်ဖို့ မမျှော်လင့်နဲ့တော့...”

ဟု ရှဟိုဖုန်းက ဖုန်းဝူချန်အား ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ သူ၏ ဖြူဖျော့နေသော မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ ရှုံ့မဲ့နေတော့၏။

“မင်းတို့ အရင် အသက်ရှင်နိုင်မလား ဆိုတာကိုပဲ ကြည့်ရသေးတာပေါ့”

ဖုန်းဝူချန်က အန္တရာယ် အငွေ့အသက်များဖြင့် ပြောလိုက်ရင်း သူ၏ လက်မောင်းကို ဖြည်းညင်းစွာ မြှောက်တင်လိုက်သည်။ သူ၏ လက်ဝါးမှာ ရှဟိုထျန်းနန်တို့ အုပ်စုရှိရာသို့ ချိန်ရွယ်ထား၏။ သူသည် ရှဟို မိသားစုဝင် အားလုံးကို အပြီးတိုင် သုတ်သင်ရန် တကယ်ပင် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ခဏလောက် နေပါဦး ညီလေး...”

ချောင်ဆန်းယန်က အလျင်အမြန် ဖျန်ဖြေလိုက်တော့၏။

“ရှဟို မိသားစု ခေါင်းဆောင်ကို သတ်လိုက်မယ် ဆိုရင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာကြီး ရှင်းရီက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... သူက မင်းကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး... မင်းမှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ် မဟုတ်လား... အချိန်မနှောင့်နှေးပါစေနဲ့...”

“သူကိုယ်တိုင် လာရင်တောင်မှ ကျွန်တော်တို့ ကိစ္စတွေကို မနှောင့်နှေးစေရပါဘူး...”

လျိုချင်းယန်က ယုံကြည်မှု အပြည့်ဖြင့် တုံ့ပြန်လိုက်သည်။ ရှင်းရီမှာ မည်မျှ အစွမ်းထက်သည်ဖြစ်စေ နတ်ဘုရားအသွင်ပြောင်းဘုံသို့ မရောက်သေးသရွေ့ ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ကြောင်း သူတို့ သိရှိထားကြပေသည်။

သို့သော် ဖုန်းဝူချန်က ထပ်မံ မတိုက်ခိုက်တော့ချေ။ သူသည် ချောင်ဆန်းယန်ကို မျက်နှာထောက်ထားသလို ကျိုကျိုး မြို့တော်သူ မြို့တော်သားများ အားလုံးလည်း စောင့်ကြည့်နေကြသောကြောင့် ဖြစ်သည်။

“ဒီနေ့တော့ ခင်ဗျားတို့ ကံကောင်းသွားတယ်...”

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။ သူသည် ပိုမိုအရေးကြီးသော ကိစ္စများ ရှိနေသဖြင့် အချိန်မဖြုန်းလိုတော့ခြင်းပင်။ သူက လေလံရုံ အကြီးအကဲ သုံးဦးဘက်သို့ လှည့်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။

“ပစ္စည်းတွေအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် သွားတော့မယ်...”

“ကိစ္စမရှိပါဘူး ညီလေး...”

ချောင်ဆန်းယန်က အလျင်အမြန် ပြန်ပြောလိုက်ရင်း ဖုန်းဝူချန် လက်လျှော့သွားသဖြင့် သက်ပြင်းချလိုက်နိုင်၏။ သူ၏ စကားကြောင့် ရှဟို မိသားစုမှ အဆင့်မြင့် ခေါင်းဆောင်များ အသက်ချမ်းသာရာ ရသွားခဲ့ခြင်းပင်။

“ဝှစ်... ဝှစ်... ဝှစ်...”

ဖုန်းဝူချန်နှင့် အဖွဲ့သားများ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဝေးကွာသော ကောင်းကင်ယံထက်မှ လေထုကို ဆုတ်ဖြဲသံများ ထွက်ပေါ်လာတော့သည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် လူအများက လှမ်းကြည့်လိုက်ကြ၏။

“ပေရွှမ် ဂိုဏ်းက ဇီချုံ နတ်မိမယ် ရောက်လာပြီ”

“ဇီချုံ နတ်မိမယ်... တကယ်ပဲ သူပါလား”

“ပေရွှမ် ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် အမျိုးသမီးလေးပဲ”

ကျိုကျိုး မြို့တော် တစ်ခုလုံး ဆူညံသွားကာ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်သို့ မော့ကြည့်နေကြတော့သည်။

အထက် ကောင်းကင်ယံတွင် ခရမ်းနုရောင် ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသမီးလေး တစ်ဦးသည် နတ်မိမယ် တစ်ပါးပမာ လွင့်မျောလာနေသည်။ သူမသည် အလွန်တရာ လှပလွန်းလှပြီး အသားအရေမှာလည်း ကျောက်စိမ်းပမာ ဝင်းပနေ၏။ သူမ၏ ဟန်ပန်မှာ မြင့်မြတ်လှပြီး လူ့လောကသို့ ဆင်းသက်လာသော နတ်မိမယ် တစ်ပါးအလားပင်။ သူမ၏ ပါးပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ရှိနေပြီး အသက်ရှူမှားလောက်အောင် လှပလွန်းလှသည်။

စောင့်ကြည့်နေသူ အားလုံးမှာ သူမထံသို့ အကြည့်များ ကျရောက်သွားကြတော့၏။ အချို့မှာ တံတွေးများကိုပင် ဝါးမြိုနေကြပြီး အစောပိုင်းက ထိတ်လန့်တုန်လှုပ်မှုများမှာလည်း ပျောက်ကွယ်သွားသည့်အလား ရှိနေတော့သည်။

ဤကဲ့သို့ တိုင်းပြည်ကို မှောက်လှန်နိုင်သော အလှမျိုးက ထိုအခိုက်အတန့်တွင် ရှိနေသည့် အမျိုးသားတိုင်းကို တိရစ္ဆာန်များအဖြစ် အသွင်ပြောင်းကာ သူမထံသို့ ပြေးဝင်သွားချင်စိတ် ပေါက်ဖွားလာစေတော့သည်။

ထိုအမျိုးသမီးမှာ ပေရွှမ် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ကျန်းဇီချုံ ပင် ဖြစ်သည်။ သူမသည် မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ အလှဆုံး အမျိုးသမီး သုံးဦးထဲမှ တစ်ဦး ဖြစ်ပြီး ဇီချုံ နတ်မိမယ်ဟု လူသိများကာ ပါရမီရှင် အများအပြား၏ စိတ်ကူးယဉ် အိမ်မက်လည်း ဖြစ်၏။ သူမ၏ အနောက်တွင် ပေရွှမ် ဂိုဏ်းမှ အခြား အမျိုးသမီး တပည့်များလည်း လိုက်ပါလာကြသည်။

ပေရွှမ် ဂိုဏ်းသည် မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ အစွမ်းအထက်ဆုံး အင်အားစု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက်ပင် များစွာ သာလွန်ပြီး နတ်ဘုရား ဘုရင် နန်းတော်ပင်လျှင် သူတို့ကို သတိထား ဆက်ဆံရပေသည်။ ပေရွှမ် ဂိုဏ်း၏ ကြီးမားလှသော အရှိန်အဝါကြောင့် ကျန်းဇီချုံသည် မည်သူမျှ မပြစ်မှားရဲသော မြင့်မြတ်သည့် အဆင့်အတန်းတွင် ရှိနေခြင်းပင်။

အကယ်၍ ယနေ့တွင် တစ်စုံတစ်ယောက်က ကျန်းဇီချုံကို စော်ကားမိပါက ပေရွှမ် ဂိုဏ်းက လှုပ်ရှားစရာပင် မလိုတော့ချေ။ နောက်တစ်နေ့တွင် မြောက်ဘက် ဆန်းကြယ် နယ်မြေမှ ပါရမီရှင်များ၏ ဝိုင်းဝန်း ရိုက်နှက်မှုကို ခံရကာ အသေစောသွားမည်သာ ဖြစ်သည်။

“ပေရွှမ် ဂိုဏ်းက ဇီချုံ နတ်မိမယ် ဟုတ်လား...”

လျိုချင်းယန်နှင့် အဖွဲ့သားများမှာလည်း ဆူညံသံများကို ကြားသဖြင့် သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

ကျိုကျိုး မြို့တော် တစ်ခုလုံးကို ဆူညံသွားစေနိုင်သော ထိုအမျိုးသမီးမှာ မည်သို့သော အဆင့်အတန်း ရှိသနည်း ဆိုသည်ကို သူတို့ သိလိုနေကြပါ၏။

ကျန်းကျွင့်လန်က ရှင်းပြလိုက်၏။

“ကျန်းဇီချုံ... ပေရွှမ် ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ...ပေရွှမ် ဂိုဏ်း ပထမ အကြီးအကဲရဲ့ အချစ်ဆုံး တပည့်လေးပေါ့... လက်နက်သွန်းလုပ်ရေး တွေ့ဆုံပွဲမှာ သူ့ကို ငါ မြင်ဖူးတယ်... အရမ်း လှတဲ့ မိန်းမတစ်ယောက်ပဲ... မြောက်ဘက် ဆန်းကြယ် နယ်မြေရဲ့ အလှဆုံး သုံးယောက်ထဲက တစ်ယောက်လို့ ပြောကြတယ်... သူ့ရဲ့ စွမ်းအားကလည်း သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေထက် မလျော့ဘူး”

“ဒီလောက်တောင် အရေးပါတဲ့လူလား...”

ပိုင်မိက အံ့အားသင့်စွာ ရေရွတ်ရင်း ထိုအမျိုးသမီးထံသို့ အကြည့်ပို့လိုက်သည်။

“ပေရွှမ် ဂိုဏ်းက မြောက်ဘက် ဆန်းကြယ် နယ်မြေရဲ့ အစွမ်းအထက်ဆုံး ဂိုဏ်းပဲ... ဒီ ကျန်းဇီချုံကလည်း နံပါတ်တစ် ပါရမီရှင် အမျိုးသမီး ဆိုတော့... တကယ်ကို အထင်ကြီးစရာပဲ...”

ဟု ယီထျန်းချင်းကလည်း မှတ်ချက်ချလိုက်၏။

“ထျန်းကျီဘုံ သတ္တမအလွှာရဲ့ ကျင့်ကြံခြင်းလား... တကယ်ကို အစွမ်းထက်တာပဲ... သူ့နောက်က တပည့်တွေကလည်း ကောင်းကင်ဘုံလူသား အဆင့်တွေချည်းပဲ... အင်အားကြီး ဂိုဏ်းက တပည့်တွေဆိုတာ တကယ် မတူဘူးပဲ...”

ဟု မြောင်ချင်းချင်းက သူမ၏ လှပသော မျက်လုံးများတွင် အားကျမှုများဖြင့် ပြောလိုက်သည်။

“တကယ် လှတာပဲ... သူ့ကို နတ်မိမယ်လို့ ခေါ်တာ မလွန်ပါဘူး...”

ပိုင်မိမှာ ဇီချုံ နတ်မိမယ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မှင်သက်သွားတော့၏။

“ဒီအလှက ရှောင်ရှောင်နဲ့တောင် နှိုင်းယှဉ်လို့ ရတယ်...”

နန်းကုန်းကျန့်မှာလည်း မျက်လုံးများ ပြူးကျယ်သွားပြီး ဇီချုံ နတ်မိမယ်အား အကြိမ် အနည်းငယ် ပိုကြည့်မိသည်ကို မထိန်းချုပ်နိုင်တော့ချေ။

နုနယ်ပျော့ပျောင်းသော ပုံရိပ်တစ်ခုမှာ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ ကျန်းဇီချုံ ပင် ဖြစ်၏။

ကျန်းဇီချုံကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသောအခါ ဖုန်းဝူချန်မှာလည်း အနည်းငယ် အံ့အားသင့်သွားရသည်။ သူမသည် သူ စိတ်ကူးထားသည်ထက်ပင် ပိုမို လှပနေသောကြောင့် ဖြစ်သည်။

“မြောက်ဘက် ဆန်းကြယ် နယ်မြေရဲ့ ထိပ်သီး အလှလေး သုံးဦးထဲက တစ်ဦး ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ... တကယ် လှပါတယ်...”

ဟု ဖုန်းဝူချန်က ချီးကျူးလိုက်မိသည်။ ကျန်းဇီချုံသည် လင်ရှောင်ရှောင်နှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိကြောင်း သူ ခံစားလိုက်ရခြင်းပင်။ ဤကဲ့သို့ အလှမျိုးဖြစ်ရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်မှာ မဆန်းတော့ပေ။

“ဇီချုံ နတ်မိမယ်... ကျွန်တော့်ရဲ့ ဆရာက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာကြီး ရှင်းရီပါ... ကျွန်တော်တို့ ရှဟို မိသားစု အတွက် တရားမျှတမှု ရှာပေးဖို့ နတ်မိမယ်ကို အနူးအညွတ် တောင်းပန်ပါတယ်... သူတို့က ကျွန်တော်တို့ကို အရမ်း အနိုင်ကျင့်လွန်းနေလို့ပါ...”

ရှဟိုဖုန်းက ကျန်းဇီချုံအား အလျင်အမြန် အသနားခံလိုက်တော့သည်။

“မင်းက ဆရာ ရှင်းရီရဲ့ တပည့် ရှဟိုဖုန်းလား...”

ကျန်းဇီချုံက ဒဏ်ရာရနေသော ရှဟိုဖုန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်းဝူချန်တို့ အဖွဲ့ထံသို့ အကြည့်ပို့လိုက်သည်။

“ဟုတ်ပါတယ်... သူတို့က အင်အားသုံးပြီး ကျွန်တော့်ကို သတ်မလို့ လုပ်ခဲ့တာပါ... ကျွန်တော့် အဖေ အသက်ရှင်နိုင်မလားတောင် မသိရသေးပါဘူး... နတ်မိမယ် အနေနဲ့ သူတို့ကို သတ်ပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်...”

ရှဟိုဖုန်းက ဆက်လက် အသနားခံနေတော့၏။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဇီချုံက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“နင်တို့ ကိစ္စကို ငါ မကူညီနိုင်သလို... မကူညီရဲပါဘူး... နင် အခုထိ အသက်ရှင်နေတာကိုတောင် ငါ တော်တော်လေး အံ့သြနေမိတာ...”

ကျန်းဇီချုံ၏ စကားများကြောင့် ထိုနေရာရှိ လူတိုင်းမှာ အံ့အားသင့် တုန်လှုပ်သွားကြတော့သည်။

--

All Chapters