← Chapters

အခန်း ၂၃၂

Vol. 16 Ch. 232

အခန်း ၂၃၂

Vol. 16 Ch. 232

အခန်း ၂၃၂ - လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက ဆင်ထားခဲ့သည့် ထောင်ချောက်

‘ဟင်...’

ရီယွင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာဦးဟင်းလင်းပြင်နဂါးသည် အနက်ရောင်အလုံးကြီးအတွင်း၌ ပုန်းကွယ်လျက် မိမိအား အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ ထင်မှတ်ချက်များနှင့် ဆန့်ကျင်ဘက်အနေဖြင့် မြေပြင်အောက်ခြေ အနက်ရှိုင်းဆုံးနေရာ၌ ဧရာမ ဆန်းကြယ်မှုကြီးတစ်ခု ပုန်းကွယ်နေခဲ့ပြီ မဟုတ်ပါလား။

ရီယွင် မြေပြင်ရှိရာဘက်သို့ လှမ်း၍ မစူးစမ်းရသေးမီမှာပင် ကျယ်လောင်သော အသံကြီးတစ်ခု ပဲ့တင်ထွက်လာခဲ့ရတော့သည်။

“ဘုန်း...”

မှိန်ဖျော့သော အနက်ရောင်အလင်းတန်းများ ဝင်းလက်နေသည့် ဧရာမ ကြေးညိုတိုင်ကြီး ခုနစ်တိုင်သည် မြေပြင်အောက်ခြေ အနက်ရှိုင်းဆုံးနေရာမှနေ၍ ရုတ်တရက် ထိုးထွက်လာခဲ့ပြီး အနက်ရောင်အလုံးကြီးကို ခဏချင်းမှာပင် ဝန်းရံပိတ်ဆို့လိုက်ကြသည်။

ထိုကြေးညိုတိုင်ကြီး ခုနစ်တိုင်မှာ အလွန်ပင် ထည်ဝါကြီးမားလှပေရာ မြေပြင်မှသည် ဤလျှို့ဝှက်နယ်မြေတစ်ခုလုံး၏ ကောင်းကင်ယံအထိ ထိုးတက်နေခဲ့သဖြင့် အလွန်ပင် ခန့်ညားထည်ဝါသော မြင်းကွင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ကြေးညိုတိုင် တစ်တိုင်ချင်းစီတိုင်းတွင်လည်း ဆန်းကြယ်သော အနက်ရောင်စွမ်းအင်များ အဆက်မပြတ် စီးဆင်းနေကြ၏။

ရီယွင်က တစ်ချက်လှမ်းကြည့်လိုက်သည်။

သူသည် ထိုကြေးညိုတိုင်ကြီး ခုနစ်တိုင်မှာ ခုနှစ်စဉ်ကြယ်အစီရင်ပုံသဏ္ဌာန်အတိုင်း တည်ရှိနေသည်ကို ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်သည်။

၎င်းတို့သည် နဂါးနတ်ဘုရားဂိုဏ်း၏ အောက်ခြေတွင်ရှိသော ခုနှစ်စဉ်ကြယ်အစီရင်နှင့်လည်းကောင်း၊ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် အတွင်း၌ရှိသော ဝိညာဉ်ကိုးပါးဧကရာဇ်၏ ခုနှစ်စဉ်ကြယ်အစီရင်နှင့်လည်းကောင်း အလွန်တရာ ဆင်တူလှပေသည်။

ခုနှစ်စဉ်ကြယ်အစီရင်ကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည့်အခါ ရီယွင်၏ မျက်နှာမှာ အေးစက်ညှိုးမှိန်သွားခဲ့ရသည်။

‘ကွယ်ပျောက်နေတဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဒီလျှို့ဝှက်နယ်မြေအတွင်းကိုတောင် ခြေဆန့်ဝင်ရောက်ခဲ့တာလား... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းကတည်းက ဒီသတ်ကွင်းအစီရင်ကို ဆင်ထားခဲ့ပြီး သေတွင်းတစ်ခု ဖန်တီးထားခဲ့တာများလား...’

မြင်းနက်ကြီးသည် ဧရာမ ကြေးညိုတိုင်ကြီး ခုနစ်တိုင်ဖြင့် ဖွဲ့စည်းထားသော ခုနှစ်စဉ်ကြယ်အစီရင်ကို ကြည့်ရှုနေမိပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ချက်ချင်းပင် ထင်ဟပ်သွားတော့သည်။ သူက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

“သခင်ကြီး... ဒါက နောက်ထပ် ခုနှစ်စဉ်ကြယ်အစီရင်တစ်ခု ထပ်ဖြစ်နေပြန်တာလား...”

ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။

ဤခုနှစ်စဉ်ကြယ်အစီရင်သည် ယခင်က မြင်တွေ့ခဲ့ရသော အရာများနှင့် အနည်းငယ် ကွဲပြားနေပုံရပေသည်။ ယခုတစ်ကြိမ်တွင်မူ အနက်ရောင်အလုံးကြီးသည် အစီရင်၏ ဗဟိုချက်အတွင်း၌ တည်ရှိနေခဲ့ပြီး တစ်စုံတစ်ရာသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။

အပြင်ဘက်၌ ကြေးညိုတိုင်ကြီး ခုနစ်တိုင် ပေါ်ထွက်လာမှုကြောင့် ကမ္ဘာဦးဟင်းလင်းပြင်နဂါး၏ မျက်ဝန်းအတွင်း၌ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ရသည်။

၎င်း၏ အမူအရာကို ရီယွင်က ချက်ချင်းပင် သတိပြုမိလိုက်၏။

ပြည့်စုံမှုမရှိသော ဤကမ္ဘာဦးဟင်းလင်းပြင်နဂါးသည် မြေပြင်အောက်ခြေ အနက်ရှိုင်းဆုံးနေရာ၌ ခုနှစ်စဉ်ကြယ်အစီရင်တစ်ခု ပုန်းကွယ်နေခဲ့သည်ကို မိမိကိုယ်တိုင်လည်း သိရှိထားပုံမရချေ။

“ရှူး...”

ထိုကြေးညိုတိုင်ကြီး ခုနစ်တိုင်မှနေ၍ အနက်ရောင်အလင်းတန်းများ ရုတ်တရက် ထိုးထွက်လာခဲ့ပြီး ဟင်းလင်းပြင်အလယ်၌ အနက်ရောင်အလုံးကြီးတစ်ခုကို ဖွဲ့စည်းပေါ်ပေါက်စေခဲ့သည်။

ခေတ္တမျှ လှုပ်ခါသွားပြီးနောက်တွင်မူ ထိုအနက်ရောင်အလုံးကြီးသည် နောက်ဆုံး၌ အနက်ရောင် လူသားပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုအနက်ရောင်ပုံရိပ်၏ မျက်နှာသွင်ပြင်ကို သဲသဲကွဲကွဲ မမြင်တွေ့နိုင်သော်လည်း ၎င်းသည် ပေါ်ထွက်လာသည့် အခိုက်အတန့်ကတည်းက သူ၏ကိုယ်ခန္ဓာကို အစဉ်မပြတ် လှုပ်ယမ်းနေခဲ့ရာ ကြည့်ရသည်မှာ ဤပြောင်းလဲမှု လုပ်ငန်းစဉ်နှင့် အသားကျအောင် ပြုလုပ်နေပုံရပေသည်။

ရီယွင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးစက်သော မျက်နှာဖြင့် မတ်တတ်ရပ်နေခဲ့သည်။

သူသည် ခပ်သိမ်းသောအရာအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ပြီး အလျင်စလို လှုပ်ရှားခြင်း မပြုခဲ့ချေ။

အစွမ်းထက်သွေးနဂါးမိစ္ဆာနှင့် မြင်းနက်ကြီးတို့မှာမူ စိုးရိမ်ထိတ်လန့်လာခဲ့ကြရသည်။ ထိုအနက်ရောင်ပုံရိပ်ထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် အော်ရာ အရှိန်အဝါများကြောင့် သူတို့မှာ အသက်ရှူရန်ပင် ခက်ခဲလာခဲ့ရ၏။

အစွမ်းထက်သွေးနဂါးမိစ္ဆာက ထိတ်လန့်တုန်လှုပ်သော မျက်နှာဖြင့် တိုးညင်းစွာ ဆိုလိုက်သည်။

“ဘုရားရေ... အဲ့ဒီကောင်က နတ်ဧကရာဇ်နယ်ပယ်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အဆင့် ၁၀ မှာ ရှိနေတာပဲ...”

မြင်းနက်ကြီးက သူ၏မျက်လုံးများကို ပြူးကျယ်လျက် ဒေါသတကြီးဖြင့် စိုက်ကြည့်နေမိပြီး နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

“နတ်ဧကရာဇ်နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့် ၁၀ ဖြစ်နေတော့ ဘာဖြစ်လဲ... သူများရဲ့ အရှိန်အဝါကို လျှောက်ပြီး မြှင့်မပေးစမ်းနဲ့...”

အစွမ်းထက်သွေးနဂါးမိစ္ဆာသည် နောက်ဆုံး၌ သဘောပေါက်သွားခဲ့ပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။ သူက အားနာဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ကဲ့... ဟုတ်ကဲ့... ကျွန်တော် စကားမှားသွားပါတယ်... စိတ်မရှိပါနဲ့...”

သူသည် စကားပြောဆိုပြီးနောက် မိမိ၏မျက်နှာကို လက်ဝါးဖြင့် အကြိမ်အနည်းငယ်ပင် ပြန်လည်ရိုက်ပစ်လိုက်မိသည်။

ရီယွင်က စိတ်ပျက်လက်ပျက်ဖြစ်လျက် အသာအယာ ပြုံးလိုက်မိ၏။

ဤမျှအထိ လေးနက်လှသော အခိုက်အတန့်မျိုးတွင်ပင် သူတို့နှစ်ကောင်က နောက်ပြောင်ရန် စိတ်ကူးရှိနေကြသေးသည်။

ထိုစဉ် ထိုအနက်ရောင်ပုံရိပ်ထံမှနေ၍ အေးစက်လှသော ရယ်မောသံကြီးတစ်ခု ရုတ်တရက် ပဲ့တင်ထွက်လာခဲ့သည်။

“ဟားဟားဟား... ငါ ဒီလိုမျိုး ထူးဆန်းတဲ့နေရာထဲမှာ စစ်မှန်တဲ့ ပိုင်ရှင်ကို စောင့်နေခဲ့တာ... အခုဆိုရင် နှစ်ပေါင်းတစ်သိန်းတောင် ရှိပြီလေ... ငါက ရောက်လာမယ့်သူဟာ အလွန်တရာ ပြင်းထန်တဲ့ ထိပ်တန်းသန်မာသူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ တကယ်တမ်းတော့ နတ်ဧကရာဇ်နယ်ပယ်က အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်နေတာပါလား...”

ထိုအနက်ရောင်ပုံရိပ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေခဲ့ပြီး သူ၏မျက်နှာကိုမူ ခွဲခြား၍မရနိုင်သေးချေ။ သူသည် သူ၏ကိုယ်ခန္ဓာကို လှုပ်ယမ်းလျက် ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ဘုန်း...”

သူ၏ ရယ်မောသံကြောင့် တစ်ခုလုံးသော လျှို့ဝှက်နယ်မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင်၊ ချင်မျိုးနွယ်စု၏ ရွာငယ်လေးအတွင်း၌...

မျိုးနွယ်စုဝင် အားလုံးမှာ မဖော်ပြနိုင်လောက်သော ကောင်းကင်ဘုံအရှိန်အဝါကြီးတစ်ခု ဆင်းသက်လာသည်ကို ခံစားလိုက်ကြရသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်သွားကြရပြီး ခြေလှမ်းများ ယိုင်နဲ့ကာ လမ်းကိုပင် တည့်တည့်မတ်မတ် မတ်တတ်မရပ်နိုင်ကြတော့ချေ။

၎င်းတို့ထဲမှ ကျင့်ကြံမှုနယ်ပယ် အတော်လေးနိမ့်ကျသော အချို့သူများမှာမူ ဤပြင်းထန်လှသော အရှိန်အဝါများ၏ ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်သို့ အတင်းအကျပ် တွန်းလှဲခံလိုက်ရပြီး လှုပ်ရှားနိုင်စွမ်း လုံးဝမရှိတော့ချေ။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အဘိုးအိုအား အလျင်စလို မေးမြန်းလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်ကြီး... အဲ့ဒီအတွင်းထဲမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေတာလဲ...”

အဘိုးအို၏ မျက်ဝန်းအတွင်း၌ ရူးသွပ်လှသော အကြည့်များ ပေါ်ပေါက်လာခဲ့ပြီး သူက လေးနက်စွာ ဆိုလိုက်၏။

“ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီလေ... အဲ့ဒီစီနီယာကြီးက သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူး...”

တောင်နက်ပိုင်း၏ အနက်ရှိုင်းဆုံးနေရာအတွင်း၌ မသိရှိနိုင်သော တားမြစ်စွမ်းအားများ မကြာခဏ တည်ရှိနေတတ်သည်ဖြစ်ပါစေ၊ ၎င်းတို့သည် ထိုစီနီယာကြီး၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု သူ ယုံကြည်ထားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက အသက် ၂၄ နှစ် အရွယ်၌ပင် ထိုစီနီယာကြီးသည် ချန်းနန်ကုန်းမြေကြီးတစ်ခုလုံးပေါ်တွင် မည်သည့်ပြိုင်ဘက်မျှမရှိဘဲ အောင်နိုင်ခဲ့သူ ဖြစ်သည်။ ယခု နောက်ထပ် နှစ်ပေါင်းတစ်သိန်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ သူသည် ပိုမို၍ ပြိုင်ဘက်ကင်းနေခဲ့ပြီ မဟုတ်ပါလား။

“ဟင်...”

ရီယွင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် အဝေးက ဟင်းလင်းပြင်ထဲရှိ အနက်ရောင်ပုံရိပ်ကို လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် မေးမြန်းလိုက်သည်။

“ဒီလိုမျိုး အဆင့်မရှိတဲ့ ပိုးကောင်လေးတစ်ကောင်က... ဘယ်ကနေ ထွက်လာတာလဲ...”

ထိုအနက်ရောင်ပုံရိပ်သည် အောက်ဘက်ရှိ အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို တစိုက်မတ်မတ် စိုက်ကြည့်နေမိပြီး မောက်မာစွာဖြင့် သရော်လိုက်မိသည်။

“မင်းက သေတွင်းထဲကို ရောက်နေပြီဆိုတာတောင်မှ... ဒီလောက်အထိ ရဲတင်းနေသေးတာပဲ... ငါ မင်းကို သတ်ပြီးတာနဲ့... ငါတို့ရဲ့ သခင်ကြီးဟာ ဘာဖြစ်လို့မှန်းမသိဘဲ စိုးရိမ်ပူပန်နေရတဲ့ ဘေးကနေ လွတ်မြောက်သွားလိမ့်မယ်... အဲ့ဒီအချိန်ကစပြီး နဂါးပျောက်ကွယ်ရာကုန်းမြေကြီးပေါ်မှာ ဘယ်လိုမျိုး မတည်ငြိမ်တဲ့ အခြေအနေတွေမှ ရှိလာတော့မှာ မဟုတ်ဘူး...”

ထိုအနက်ရောင်ပုံရိပ်၏ စကားကို ကြားလိုက်ရသည့်အခါ ရီယွင်၏ မျက်ဝန်းအတွင်း၌ စူးရှသော အလင်းတန်းတစ်ခု ဝင်းခနဲ ဖြတ်သန်းသွားခဲ့သည်။ သူသည် ဤအခိုက်အတန့်အတွင်းမှာပင် သတင်းအချက်အလက် အမြောက်အများကို စုံစမ်းသိရှိလိုက်ပုံရပေသည်။

ရီယွင်က ရုတ်တရက်ပြုံးလျက် ပြန်လည်တုံ့ပြန်လိုက်၏။

“မင်းတို့ရဲ့ သခင်ကြီးက တကယ့်ကို အစွမ်းထက်တာပဲ... သူက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းကတည်းက... အခုလိုမျိုး နှစ်ပေါင်းတစ်သိန်းနောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် ကိစ္စတွေကို ကြိုတင်တွက်ချက်ထားနိုင်တာလား...”

ထိုအနက်ရောင်ပုံရိပ်၏ မျက်နှာသွင်ပြင်မှာ ခွဲခြား၍မရနိုင်သေးဘဲ သူ၏ကိုယ်ခန္ဓာမှာ အနက်ရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်တစ်ခုအလား ရှိနေခဲ့သည်။ သူသည် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“သေချာတာပေါ့... အခြေအနေတွေက ဒီအဆင့်အထိ ရောက်ရှိလာပြီဆိုမှတော့... ငါ မင်းကို ဘာကြောင့်လဲဆိုတာ သေသေချာချာ သိရှိပြီးမှ သေခွင့်ပေးရတာပေါ့... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက... ငါတို့ရဲ့ သခင်ကြီးဟာ နက်နဲတဲ့ တံခါးပိတ်ကျင့်ကြံမှုကို ပြုလုပ်နေစဉ်မှာပဲ... နောက်ထပ် နှစ်ပေါင်းတစ်သိန်း ကြာတဲ့အခါ နဂါးပျောက်ကွယ်ရာကုန်းမြေကြီးပေါ်မှာ အလွန်ပဲ ထူးဆန်းပြီး အန္တရာယ်များတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်ဆိုတာကို ကြိုတင်မြင်ခဲ့တာလေ... အဲ့ဒီလူက ဒီကုန်းမြေကြီးကို ပရမ်းပတာ ဖြစ်စေရုံတင်မကဘဲ နတ်ဘုရားနယ်မြေကြီးအပေါ်မှာပါ သက်ရောက်မှုတွေ ရှိစေလိမ့်မယ်... ဒါကြောင့် သူက ကြိုတင်ပြီးတော့ လျှို့ဝှက်တဲ့ ထောင်ချောက်တစ်ခုကို ချန်ထားခဲ့ပြီး... မင်းလိုမျိုး မသိရှိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာမယ့်အချိန်ကို စောင့်ခိုင်းခဲ့တာပေါ့... အစပိုင်းမှာတော့ ငါလည်း သံသယဖြစ်ခဲ့မိပေမဲ့... အခု နှစ်ပေါင်းတစ်သိန်းလုံးလုံး စောင့်ခဲ့ပြီးတဲ့နောက်... မင်းက တကယ်ပဲ ပေါ်လာခဲ့ပြီကိုး...”

ထိုသို့ပြောပြီးနောက် အနက်ရောင်ပုံရိပ်သည် စကားပြောခြင်းကို ခေတ္တမျှ ရပ်တန့်လိုက်၏။ ထို့နောက်တွင်မူ မောက်မာစွာဖြင့် ထပ်မံကြေညာလိုက်တော့သည်။

“မင်း သိထားသင့်တာက... ဘယ်လိုလူမျိုးမဆို ဒီနေရာထဲကို ဝင်လာနိုင်တာ မဟုတ်ဘူး... ဒီနေရာထဲကို ဝင်လာနိုင်တဲ့ တစ်ဦးတည်းသောသူက... ငါတို့ သခင်ကြီး ကြိုတင်တွက်ချက်ထားခဲ့တဲ့ အန္တရာယ်အရှိဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်...”

ရီယွင်က ခေတ္တမျှ ဆွံ့အသွားခဲ့ရပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

“အန္တရာယ်အရှိဆုံး ပုဂ္ဂိုလ် ဟုတ်လား... မင်းတို့ရဲ့ သခင်ကြီးက... ငါ့အပေါ်မှာ ဒီလိုမျိုး ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အတွက် ဘာအရည်အချင်း ရှိလို့လဲ...”

ထိုအနက်ရောင်ပုံရိပ်သည် ဒေါသတကြီးဖြင့် တောက်လောင်လာခဲ့၏။

“ရဲတင်းလှချေလား...”

၎င်းက ဆက်လက်၍ ကြိမ်းဝါးလိုက်သည်။

“သေတွင်းထဲ ရောက်နေတဲ့ နတ်ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က... ဒီလောက်အထိ ခေါင်းမာနေသေးတယ် ဟုတ်လား... ဒီခုနှစ်စဉ်ကြယ်အစီရင် ပုံရိပ်ယောင်သတ်ကွင်းအစီရင်က... ကမ္ဘာဦးဟင်းလင်းပြင်နဂါးရဲ့ မျက်လုံးအိမ်ကို အစီရင်ဗဟိုချက်အဖြစ် အသုံးချထားတာလေ... သူ့ရဲ့ စွမ်းအားက စိတ်ကူးလို့မရနိုင်လောက်အောင် ပြင်းထန်လှတယ်... မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က နတ်ဦးသျှောင်နယ်ပယ်ကို ရောက်နေခဲ့ရင်တောင်မှ... ပြာအဖြစ် ပြောင်းလဲသွားရမှာပဲ...”

“ဒါက ကမ္ဘာဦးဟင်းလင်းပြင်နဂါးရဲ့ မျက်လုံးအိမ် ဟုတ်လား...”

ရီယွင်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအနက်ရောင်ပုံရိပ် ပြောဆိုသော အကြောင်းအရာများသည် သူကိုယ်တိုင် ဆုံးဖြတ်ချက်ချထားခဲ့သော အချက်များနှင့် အတူတူပင် ဖြစ်ပေသည်။ ဟင်းလင်းပြင်ပြင်ပရှိ ထိုအမြှေးပါးကို မြင်တွေ့ခဲ့ရသည့် အခိုက်အတန့်ကတည်းက ၎င်းသည် မျက်လုံးအမြှေးပါးတစ်ခု ဖြစ်ကြောင်း သူ သိရှိခဲ့ပြီးဖြစ်သည်။ ဤလျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ပြီး ဧရာမ အနက်ရောင်အလုံးကြီးအတွင်း၌ ပုန်းကွယ်နေသော ကမ္ဘာဦးဟင်းလင်းပြင်နဂါးကို မြင်တွေ့လိုက်ရသည့်နောက်တွင်မူ... ဤလျှို့ဝှက်နယ်မြေသည် ကမ္ဘာဦးဟင်းလင်းပြင်နဂါး၏ မျက်လုံးအိမ်တစ်ခု ဖြစ်ကြောင်း ရီယွင်က တွက်ချက်မိသွားခဲ့သည်။ သို့သော်ငြားလည်း နောက်ကွယ်မှ ဤကြိုးကိုင်သူမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ သူသည် ခုနှစ်စဉ်ကြယ်အစီရင်ကြီး၏ ဗဟိုချက်အဖြစ် အသုံးပြုရန်အတွက် ကမ္ဘာဦးဟင်းလင်းပြင်နဂါး၏ မျက်လုံးအိမ်တစ်ခုကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်ပေရာ ဤသို့ဆိုလျှင် ဤအစီရင်ကြီးသည် နတ်ဦးသျှောင်နယ်ပယ်မှ ထိပ်တန်းသန်မာသူများကို အမှန်တကယ်ပင် ချေမှုန်းဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

အစွမ်းထက်သွေးနဂါးမိစ္ဆာက မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အမူအရာဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

“ဘုရားရေ... ဒါက တကယ်ပဲ ကမ္ဘာဦးဟင်းလင်းပြင်နဂါးရဲ့ မျက်လုံးအိမ်ကြီး ဖြစ်နေတာလား...”

“ရှူး...”

မြင်းနက်ကြီးသည်လည်း ပြင်းထန်စွာ သက်ပြင်းချလိုက်မိ၏။

သူသည် အဝေးက ကောင်းကင်ယံထက်ရှိ အနက်ရောင်ပုံရိပ် ပြောဆိုခဲ့သော စကားလုံးတိုင်းကို သေသေချာချာ ကြားသိခဲ့ရသည်။ ဤထောင်ချောက်ကြီးကို လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကတည်းက ကြိုတင်၍ ဆင်ထားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့သဖြင့် ဤသည်က တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုသခင်ကြီး ဆိုသည့် ပုဂ္ဂိုလ်၏ ကျင့်ကြံမှုနယ်ပယ်မှာ မည်မျှအထိ ပြင်းထန်ရမည်နည်း။ သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းနောက်ပိုင်းတွင် ဤကုန်းမြေကြီးပေါ်သို့ ရီယွင် ပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်းကို မည်သို့ ခံစားသိရှိနိုင်ခဲ့ရသနည်း။

ထိုအနက်ရောင်ပုံရိပ်သည် ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး သူ၏လက်ကြီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်တော့သည်။

“ဟဲဟဲ... ငါ ပြောသင့်တာတွေကို အကုန်ပြောပြီးပြီ... အန္တရာယ်အရှိဆုံး ပုဂ္ဂိုလ်လေး... မင်း အခု အေးအေးဆေးဆေးပဲ သေတွင်းထဲ ဆင်းလိုက်တော့... မင်း သေသွားတာနဲ့ နဂါးပျောက်ကွယ်ရာကုန်းမြေကြီးဟာ နောက်ဆုံးတော့ ငြိမ်းချမ်းသွားရမှာပေါ့...”

ထိုကြေးညိုတိုင်ကြီး ခုနစ်တိုင်ထံမှနေ၍ အနက်ရောင်အလင်းတန်းများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်မျက်လုံးအိမ်ကြီးအတွင်းသို့ အရှိန်အဟုန်ဖြင့် စုဆုံသွားကြရသည်။

“ဝုန်း... ဝုန်း...”

ဧရာမ အနက်ရောင်မျက်လုံးအိမ်ကြီးမှာ ပြင်းထန်လှစွာဖြင့် စတင်၍ တုန်ခါလာခဲ့တော့သည်။

အခန်း ၂၃၂ ပြီးပါပြီ။

All Chapters