← Chapters

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း (၈၅၆) ထူးကဲသာလွန်အဆင့် ပါရမီ။ မှန်ရိပ်ဟင်းလင်းပြင်။ (၁)

"သုံးလလား။ အရင်ဆုံး ဒီမှန်ရိပ်ဟင်းလင်းပြင်ကို သွားကြည့်ကြတာပေါ့။" ရှယန်ယီက ပြောလိုက်သည်။ မှန်ရိပ်လူသား၏ ပြောကြားချက်အရ သူတို့သည် စတုတ္ထမြောက် စမ်းသပ်မှုကို သုံးလအတွင်း အောင်မြင်ရမည် ဖြစ်ပြီး မအောင်မြင်ပါက မှန်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက်သို့ ပြန်လည် ပို့ဆောင်ခံရမည် ဖြစ်သည်။ ထိုသို့ဖြစ်ပါက မဟာနတ်ဘုရားမျိုးစေ့ကို ရရှိရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။

"အင်း" စူးချန်ခုန်းနှင့် ဟုန်ကျန်းရှန့်တို့ နှစ်ဦးစလုံးက ခေါင်းငြိမ့်လိုက်ကြသည်။

အရှေ့မှ လိမ်ဖည်နေသော ဝင်ပေါက်ထဲသို့ သုံးယောက်သား လှမ်းဝင်လိုက်ကြသည်။

"ဝူးရှ်"

မျက်စိရှေ့တွင် မြင်ကွင်းများ ရိပ်ခနဲ ဝေဝါးသွားပြီး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ ရှေ့တွင် ပေါ်လာသည်မှာ ပိတ်လှောင်ထားသော စက်ဝိုင်းပုံ ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။ ထိုစက်ဝိုင်းပုံ ဟင်းလင်းပြင်အတွင်းရှိ နံရံအားလုံးမှာ သူတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာများကို ထင်ဟပ်နေသော မှန်ချပ်များ ဖြစ်သည်။ မှန်ချပ်တိုင်းက ဝင်ပေါက်တစ်ခုစီ ဖြစ်၏။

"မှန်တွေ အများကြီးပါလား။ ဒီစမ်းသပ်မှုက ဘာလဲ။"

ဟုန်ကျန်းရှန့်က အနည်းငယ် ဇဝေဇဝါဖြစ်ကာ ခေါင်းကို ကုတ်နေမိသည်။

ဝှူးရှ်….

ထိုစဉ် စူးချန်ခုန်းနှင့် အခြားနှစ်ဦးက သတိကို အမြင့်ဆုံး ကပ်လိုက်ကြသည်။ မှန်ချပ်တစ်ခုအတွင်းမှ လူတစ်ယောက် ဖရိုဖရဲနှင့် ပြေးထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုလူသည် အရပ်ရှည်ရှည် ခပ်ချောချောနှင့် နဖူးအလယ်တွင် နတ်ဘုရားအလင်းတန်းများ လင်းလက်နေသော တတိယမျက်လုံးတစ်လုံး ရှိသည်။

"သူက... ရှီမျိုးနွယ်စုက ရှီကျင့်ထျန်းလား။"

ထိုလူကို မြင်သည်နှင့် ရှယန်ယီက သူမည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။

"ရှီကျင့်ထျန်း... သူက ဝူကျိအင်ပါယာရဲ့ ရှီမျိုးနွယ်စုက နတ်ဘုရားသားတော်ပဲ။ သိုင်းဝိဇ္ဇာသူတော်စင် ပြန်ဝင်စားလာတာ။ သူ့ရဲ့ ဘိုးဘေးဖြစ်တဲ့ သိုင်းဝိဇ္ဇာသူတော်စင် ကျောက်တုံးဘုရင်ရဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင်ထားတယ်။"

ရှယန်ယီက စူးချန်ခုန်းနှင့် ဟုန်းကျန်းရှန့်တို့ထံ စိတ်ဝိညာဉ် အသံလွှင့်ခြင်းဖြင့် ဆက်ပြောပြလိုက်သည်။

"ရှီမျိုးနွယ်စုရဲ့ နတ်ဘုရားသားတော်လား။"

ဟုန်ကျန်းရှန့်က ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ပြန်လည်ဝင်စားလာခြင်းမှာ မည်မျှ ထူးကဲကြောင်း သူ ကောင်းကောင်း သိပါသည်။ သူတို့အတွက် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာခြင်းမှာ အစပျိုးရုံမျှသာ ရှိသေးသည်။

"ရှီမျိုးနွယ်စုက ရှီကျင့်ထျန်းလား။"

ဤအမည်ကို ကြားလိုက်ရချိန်တွင် စူးချန်ခုန်း၏ စိတ်ထဲ၌ လှုပ်ခတ်သွားပြီး အတိတ်က အကြောင်းအရာအချို့ကို ပြန်လည် အမှတ်ရလာသည်။

ရှီမျိုးနွယ်စုသည် စူးချန်ခုန်းနှင့် ရန်ငြိုးအချို့ ရှိခဲ့ဖူးသည်။ တစ်ချိန်က သူတို့သည် လီမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားခဲ့ဖူးပြီး စူးချန်ခုန်းသည်လည်း သားရဲစစ်ပန်းချီကားအတွက် လီမျိုးနွယ်စုနှင့် ပူးပေါင်းကာ ရှီမျိုးနွယ်စုဝင် အများအပြားကို သတ်ဖြတ်ခဲ့ဖူးသည်။ သူ့ရှေ့မှ ရှီကျင့်ထျန်းက ရှီမျိုးနွယ်ရဲ့ သိုင်းဝိဇ္ဇာသူတော်စင် ပြန်ဝင်စားလာတဲ့လား။

သူသည် ရှီမျိုးနွယ်စု၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဟု သတ်မှတ်နိုင်သည်။

သို့သော် ဤမှန်ရိပ်ဟင်းလင်းပြင်ထဲ၌ မစဉ်းစားမဆင်ခြင်ဘဲ လုပ်ဆောင်ရန်မှာ မသင့်တော်ပေ။

စူးချန်ခုန်းကို ပို၍ အံ့အားသင့်စေသည်မှာ ဤရှီကျင့်ထျန်းသည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရပုံရပြီး သူ၏ အရှိန်အဝါမှာ အားနည်းနေပုံ ပေါ်ခြင်းပင် ဖြစ်သည်။

"ကျွန်တော်က ရှမျိုးနွယ်စုကပါ။ ဒီမှန်ထဲမှာ ဘာရှိတာလဲ။"

ရှီကျင့်ထျန်း၏ စွမ်းဆောင်ရည်မျိုးနှင့်ပင် ဤကဲ့သို့ ပြာပြာသလဲ ထွက်ပြေးလာရသဖြင့် ရှယန်ယီက မမေးဘဲ မနေနိုင်တော့ပေ။

ဤစတုတ္ထမြောက် စမ်းသပ်မှုမှာ အမှန်တကယ်ပင် သာမန်မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။

ရှီကျင့်ထျန်းက သူ့ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ကိုယ့်ဘာသာကိုယ် အထဲဝင်ကြည့်ပေါ့။"

ထိုသို့ပြောပြီးနောက် ရှီကျင့်ထျန်းသည် သူတို့ သုံးဦးကို ဂရုမစိုက်တော့ပေ။ သူသည် စက်ဝိုင်းပုံ ဟင်းလင်းပြင်၏ ထောင့်တစ်နေရာတွင် တင်ပလ္လင်ခွေထိုင်ကာ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ရယူရန်နှင့် ယခင်တိုက်ပွဲမှ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ရန် ပြင်ဆင်လိုက်သည်။ ရှယန်ယီမှာ အငြင်းခံလိုက်ရသဖြင့် အနည်းငယ် အနေရခက်သွားသော်လည်း ဒါဟာ သဘာဝပင် ဖြစ်သည်။

ဤနေရာတွင် ပြိုင်ဘက်များဖြစ်ကြသဖြင့် မိမိမှလွဲ၍ အခြားသူအားလုံး ရှုံးနိမ့်သွားစေရန်သာ ဆုတောင်းကြမည် ဖြစ်သည်။

မိမိသိရှိထားသော အချက်အလက်များကို အခြားသူများအား အဘယ်ကြောင့် လွယ်လွယ်ကူကူ မျှဝေကြမည်နည်း။

"အထဲကို ဝင်ပြီး အခြေအနေကို ကြည့်ရအောင်။" ဟုန်ကျန်းရှန့်က ပြောလိုက်သည်။

ရှီကျင့်ထျန်း ပြန်ထွက်လာနိုင်ခဲ့သည်မှာ ဤစမ်းသပ်မှုတွင် အန္တရာယ်ရှိသော်လည်း ဆုတ်ခွာဖို့ ရွေးချယ်နိုင်ကြောင်းကို ပြနေသည်။

"ကောင်းပြီ။"

စူးချန်ခုန်းနှင့် ရှယန်ယီတို့ နှစ်ဦးစလုံးက သဘောတူလိုက်ကြသည်။ သူတို့ သုံးဦးသည် ကြီးမားသော မှန်ချပ်ကြီးတစ်ခုဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားကြသည်။ မှန်မျက်နှာပြင်မှာ ရေကဲ့သို့ သိမ်မွေ့နေပြီး သူတို့က အတွင်းသို့ တိုးဝင်လိုက်ကြသည်။

"ဟင်"

ထိုအချိန်တွင် စူးချန်ခုန်း အံ့အားသင့်သွားလေ၏။ သူ့ရှေ့တွင် ပေါ်လာသည်မှာ ဖြူပျပျ ကောင်းကင်နှင့် မြေကမ္ဘာဖြစ်ပြီး ကောင်းကင်ရော မြေပြင်ပါ ဖြူဖွေးနေသည်။ ဟုန်ကျန်းရှန့်နှင့် ရှယန်ယီတို့ကို သူ မတွေ့ရပေ။ ဤနောက်ဆုံး စမ်းသပ်မှုမှာ မိမိ၏ ကိုယ်ပိုင်အစွမ်းအစအပေါ်တွင်သာ မူတည်ကြောင်း ဖော်ပြနေသည်။ အခြားသူများနှင့် ပူးပေါင်းကာ အောင်မြင်ရန် မဖြစ်နိုင်ပေ။

စူးချန်ခုန်း၏ ရှေ့တွင် မလှမ်းမကမ်း၌ ဝေဝါးသော ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုပုံရိပ်သည် စူးချန်ခုန်းကို ကြည့်နေပြီး ၎င်း၏ ခန္ဓာကိုယ်မှာ လိမ်ဖည်ကာ ပြောင်းလဲသွားကာ ဝေဝါးနေသော မျက်နှာမှာ တဖြည်းဖြည်း ရှင်းလင်းလာသည်။

ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားနှင့် ခါးတွင် ဓားတစ်လက် ချိတ်ထားကာ စူးချန်ခုန်းနှင့် တစ်ပုံစံတည်း တူညီနေသည်။

"ဒါဆို... မှန်ရိပ်ဟင်းလင်းပြင်ရဲ့ စမ်းသပ်ချက်က ကိုယ်ကိုယ်ကို ပြန်အနိုင်ယူဖို့ပေါ့။"

စူးချန်ခုန်း သဘောပေါက်သွားလေပြီ။

အစွမ်းထက်သော ရန်သူထက် မိမိကိုယ်ကိုယ် ပြန်လည်အနိုင်ယူရန်မှာ အမှန်တကယ်ပင် အခက်ခဲဆုံး ဖြစ်သည်။

သိုင်းပညာရပ်များဖြစ်စေ၊ တိုက်ပွဲဝင် အတွေ့အကြုံဖြစ်စေ အားလုံးမှာ အတူတူပင် ဖြစ်သည်။

၎င်းမှာ မှန်နှင့် တိုက်ခိုက်နေရသကဲ့သို့ပင်။ မိမိနှင့် တစ်ပုံစံတည်း တူညီသော ရန်သူကို အနိုင်ယူရန်မှာ အလွန် ခက်ခဲလှသည်။

မှန်ရိပ်ပုံတူ စူးချန်ခုန်းက စူးချန်ခုန်းကို စူးစိုက်ကြည့်နေ၏။ သူ၏ အကြည့်မှာ ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ အပြည့်နှင့်။

"အယောင်ဆောင် အကောင်ကများ ငါ့ရန်သူဖြစ်ချင်နေတာလား။" စူးချန်ခုန်းက ထိုမြင်ကွင်းကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ဤမှန်ရိပ်ဟင်းလင်းပြင်သည် လူတစ်ဦး၏ မှန်ရိပ်ပုံတူကို ထုတ်ပေးလိမ့်မည်။

၎င်းကို အနိုင်ယူရန်မှာ စမ်းသပ်မှု ဖြစ်သည်။ ပြောရသည်မှာ လွယ်ကူသော်လည်း လက်တွေ့တွင်မူ သေချာပေါက် ခက်ခဲပေလိမ့်မည်။

"သတ်"

စူးချန်ခုန်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ မှန်ရိပ်လူသား၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်သွားသည်။

သူ၏ သံဖြတ်ဓားသည် ဓားအိမ်အတွင်းမှ လွတ်မြောက်လာပြီး ဓားသွားဝိညာဉ်နှင့် ဟန်ချက်ညီညီ မြည်ဟည်းသွားသည်။

ဓားချက်မှာ ငွေရောင် ချည်မျှင်တန်းတစ်ခုကဲ့သို့ မှန်ရိပ်လူသားထံသို့ ခုတ်ပိုင်းလိုက်သည်။

မှန်ရိပ်လူသားမှာ မည်သည့် ခံစားချက်မျှ မရှိပေ။

သူ၏ ခါးမှ သံဖြတ်ဓားကို ဆွဲထုတ်လိုက်ရာ ဓားသွားဝိညာဉ်၏ အရှိန်အဝါမှာ လေထုထဲသို့ ပျံ့နှံ့သွားလေ၏။

သူ၏ သံဖြတ်ဓားသည်လည်း လေထုကို ခွဲကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

"ချွမ်းးး"

ဓားနှစ်လက် ထိပ်တိုက်တွေ့သွားပြီး လေထုထဲတွင် သတ္တုချင်း ထိခိုက်သံမှာ နားကွဲလုမတတ် ပေါက်ကွဲထွက်လာသည်။

ဓားသွားဝိညာဉ်များ ထိပ်တိုက်တွေ့မှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများသည် ဟင်းလင်းပြင်အတွင်း ပျံ့နှံ့သွားပြီး ဓားသံများမှာ မပြတ်တမ်း မြည်ဟည်းနေတော့သည်။

"ရှူး"

ဓားချင်း ထိခိုက်မိချိန်တွင် မှန်ရိပ်လူသား၏ မျက်လုံးများထဲ၌ အေးစက်သော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ သူ၏ နဖူးမှ နှင်းခဲအလင်းစက်တစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းဆန်သော ဓားရှည်တစ်လက်က ဟင်းလင်းပြင်ကို ခွဲကာ ထွက်ပေါ်လာသည်။

၎င်းမှာ သာမန်မျက်စိဖြင့် မလိုက်နိုင်လောက်အောင် လျင်မြန်လှပြီး ခန္ဓာကိုယ်ပြင်ပသို့ ထွက်ပေါ်လာသော ဓားသွားဝိညာဉ်ပင် ဖြစ်သည်။

"ချွင်"

စူးချန်ခုန်း စဉ်းစားလိုက်သည့် ခဏမှာပင် သူ၏ သိစိတ်ပင်လယ်ထဲမှ ဓားသွားဝိညာဉ်မှာလည်း ထွက်ပေါ်လာသည်။ ဓားသွားနှစ်ခု ထိပ်တိုက်တွေ့သွားပြီး ဝိညာဉ်ကို တုန်ခါစေသော ပေါက်ကွဲမှု ဖြစ်ပေါ်လာကာ ဓားသွားဝိညာဉ်နှစ်ခုစလုံး နောက်သို့ လွင့်ထွက်သွားပြီး သိစိတ်ပင်လယ်အတွင်းသို့ ပြန်လည် ပျောက်ကွယ်သွားကြသည်။

All Chapters