← Chapters

အခန်း ၉၄၅

Vol. 64 Ch. 945

အခန်း ၉၄၅

Vol. 64 Ch. 945

အခန်း ၉၄၅- အလွန်အမင်း အထင်သေးခြင်း

တစ်ဝက်တစ်ပျက်ကျိုးနေသော ဓားတစ်လက်၊ ထိုဓားက သံချေးတက်နေသေးသည်။ ထိုဓားကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ပုံမှန်အားဖြင့် စစ်သည်များမှာ နတ်ဘုရားသတ္တုများဖြင့် ပြုလုပ်ထားသည့် အဆင့်မြင့် လက်နက်များကိုသာ အသုံးပြုကြသည်။ ယီယွင် ထုတ်ပြလိုက်သော ဓားမှာမူ ဓားဟုပင် ခေါ်ရန် ခက်ခဲနေသည်။

ထျန်ယာဟောင်ယွဲ့ က “အဲဒီ အမှိုက်သရိုက်နဲ့ပဲ ငါ့သံချပ်ကာကို ဖောက်ထွင်းဖို့ ကြိုးစားမလို့လား” ဟု ရယ်မောသည်။

“စမ်းကြည့်ရင် သိရမှာပေါ့ကွာ ဟဲဟဲ။”

ယီယွင်သည် ဓားကျိုးကို ကိုင်ကာ ထျန်ယာဟောင်ယွဲ့ဆီသို့ ချက်ချင်း ခုတ်ပိုင်းလိုက်သည်။ ထျန်ယာဟောင်ယွဲ့မှာ ယီယွင်၏ စွမ်းအားကို သိထားပြီးဖြစ်၍ အထင်မကြီးဘဲ ချက်ချင်းပင် ရှောင်တိမ်းလိုက်သည်။

“လရောင်ဖုံးကွယ်ခြင်း”

ထျန်ယာဟောင်ယွဲ့သည် သူ၏ တန်ဖိုးကြီး လမုန့်ပုံစံ ဓားဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ သူ၏ တိုက်ကွက်ကြောင့် ဟင်းလင်းပြင်နယ်ပယ်မှာ မှောင်မိုက်သွားပြီး လရောင်ပင် ပျောက်ကွယ်သွားသည်။ ယီယွင်သည်လည်း အန္တရာယ်ကို ခံစားလိုက်ရသည်။ ထိုတိုက်ကွက်မှာ အလင်းကိုသာမက အသက်စွမ်းအားကိုပါ စားသုံးပစ်နိုင်စွမ်း ရှိသည်။

“ဟင်းလင်းပြင်ဆိုင်ရာ တိုက်ခိုက်မှုပဲ။” အဖြူရောင် မြေခွေးမင်းသမီးက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောသည်။ ဤနည်းစနစ်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယီယွင်မှာမူ ထိုအမှောင်ထုကို ဂရုမစိုက်ဘဲ ထျန်ယာဟောင်ယွဲ့ကိုသာ အာရုံစိုက်ထားသည်။ သူသည် ဓားကျိုးကို ကိုင်ဆောင်ကာ ဥပဒေသအပိုင်းအစများကို ဓားထံသို့ စုစည်းလိုက်သည်။

“ခုတ်”

ယီယွင်၏ ဓားချက်မှာ မည်သည့်အရာကိုမျှ မကြောက်ရွံ့ဘဲ တိုးဝင်သွားသည်။ ထျန်ယာဟောင်ယွဲ့သည် သူ၏ လမုန့်ပုံစံ ဓားဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း၊ ဓားချင်း ထိတိုက်မိသည့်အခါ ထျန်ယာဟောင်ယွဲ့၏ ဓားမှာ အပိုင်းပိုင်း ကွဲထွက်သွားသည်။

“အို”

ထျန်ယာဟောင်ယွဲ့မှာ ထိတ်လန့်သွားသည်။ သို့သော် သူ၏ နောက်ဆုံး အားကိုးရာဖြစ်သည့် ခရမ်းရောင် နဂါးဟိန်းသံ သံချပ်ကာရှိနေသေးသည်။

“ကိုးခေါင်းနဂါး”

ယီယွင်၏ မီးလျှံများထဲမှ နဂါးခေါင်း ကိုးလုံး ပေါ်ထွက်လာပြီး ထျန်ယာဟောင်ယွဲ့၏ အကာအကွယ်ကို တိုးဝင်တိုက်ခိုက်လိုက်သည်။

“ခရက်”

အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး အကာအကွယ်မှာ ဖန်ကွဲသကဲ့သို့ အပိုင်းပိုင်း ကွဲထွက်သွားသည်။ ထိုဓားချက်မှာ ထျန်ယာဟောင်ယွဲ့၏ သံချပ်ကာကိုပါ ဖောက်ထွင်းသွားသည်။

“ခရက်”

ထျန်ယာဟောင်ယွဲ့၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားပြီး သူ၏ သံချပ်ကာတွင် အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားသည်။ ထျန်ယာဟောင်ယွဲ့မှာ ထိတ်လန့်စွာဖြင့် သူ၏ သံချပ်ကာကို ငေးကြည့်နေသည်။

ဥပဒသအသက်ဝင်ခြင်းအဆင့်အထိ ကာကွယ်ပေးနိုင်သော သံချပ်ကာမှာ ယီယွင်၏ တစ်ချက်တည်းသော ဓားချက်ဖြင့် အက်ကွဲသွားခဲ့သည်။

“မင်း… မင်း…”

ထျန်ယာဟောင်ယွဲ့မှာ သံချပ်ကာ ပျက်စီးသွားသဖြင့် အသည်းယားအောင် ဒေါသထွက်နေသည်။ သံချပ်ကာမှာ အလွန် တန်ဖိုးကြီးလှသည်။ ယခုမူ ပြင်ဆင်၍ မရနိုင်တော့သည့် အဆင့်သို့ ရောက်သွားပြီဖြစ်သည်။

“တောင်းပန်ပါတယ်။ မင်းရဲ့ သံချပ်ကာက အစွမ်းထက်တယ်လို့ ပြောထားလို့ ငါလည်း အားနည်းမှာစိုးပြီး အားပိုသုံးလိုက်မိတာပါ။ ဒီလောက်မြန်မြန် အက်သွားလိမ့်မယ်လို့ မထင်ထားဘူး။” ယီယွင်က အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကြောင့် ထျန်ယာဟောင်ယွဲ့မှာ ဒေါသထွက်လွန်း၍ အူတွေပင် လိမ်သွားသကဲ့သို့ ဖြစ်ရသည်။

“ယွင်လေး၊ ကောင်းလိုက်တာ” လော့ဟော်အာက အော်ဟစ် အားပေးလိုက်သည်။

ယီယွင်သည် ထျန်ယာဟောင်ယွဲ့ဆီသို့ လျှောက်သွားကာ “မင်းရဲ့ စွမ်းအားက အဲလောက်ကြီး မဟုတ်ပါဘူး။ မင်းက မှန်ပြင်နည်းစနစ်နဲ့ သံချပ်ကာကိုပဲ အားကိုးနေတာ။ အဲဒီနှစ်ခု မရှိရင် မင်းမှာ ဘာကျန်သေးလဲ” ဟု မေးသည်။

ထျန်ယာဟောင်ယွဲ့မှာ ဒေါသထွက်လွန်း၍ ယီယွင်ကို အရှင်လတ်လတ် အရေခွံခွာချင်နေသည်။

“မင်းကလည်း အဲဒီဓားကျိုးကိုပဲ အားကိုးနေတာမဟုတ်လား”

“အို..... ဟုတ်ပါပြီ။ ဒါဆိုရင် ဒီဓားကို မသုံးတော့ဘူး။ မင်းရဲ့ သံချပ်ကာလည်း ပျက်သွားပြီဆိုတော့ ငါလည်း တရားမျှတအောင် လုပ်လိုက်ပါ့မယ်။”

ယီယွင်သည် ဓားကျိုးကို သိမ်းလိုက်ပြီး အုတ်ခဲပုံစံ ကောင်းကင်အသွင်ပြောင်းတံဆိပ်ကို ထုတ်ယူလိုက်သည်။ ထိုအရာကို မြင်လိုက်ရသောအခါ ထျန်ယာဟောင်ယွဲ့မှာ ကြောက်ရွံ့သွားသည်။ သူသည် အရှက်ရပြီး အရှုံးပေးရန် ကြိုးစားသော်လည်း ယီယွင်မှာ အခွင့်အရေး မပေးတော့ပေ။

ယီယွင်သည် ထျန်ယာဟောင်ယွဲ့၏ ရှေ့သို့ တစ်ခဏချင်း ရောက်ရှိသွားသည်။ မိစ္ဆာစက်ဝန်းတစ်သောင်း ၏ စွမ်းအားများဖြင့် တောက်ပနေသော အုတ်ခဲဖြင့် ထျန်ယာဟောင်ယွဲ့၏ ခေါင်းကို အားပါးတရ ရိုက်ချလိုက်သည်။

“ဘုန်း”

ထျန်ယာဟောင်ယွဲ့၏ ခေါင်းမှာ ရိုက်ချက်ကြောင့် မူးဝေသွားပြီး သူ၏ အသိစိတ်များ ပျောက်ကွယ်သွားသည်။ သူသည် ယီယွင်၏ အုတ်ခဲရိုက်ချက်အောက်တွင် လဲကျသွားသည်။

ပရိသတ်များမှာ တိတ်ဆိတ်သွားကြသည်။ ယေးရီကို အုတ်ခဲဖြင့် ရိုက်ခဲ့သည်ကို ခွင့်လွှတ်နိုင်သော်လည်း၊ ထျန်ယာဟောင်ယွဲ့ကိုပါ အုတ်ခဲဖြင့် ရိုက်လိုက်ခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို အပြီးတိုင် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

“ဒီကောင်လေးနဲ့တော့ မရှုပ်မိဖို့ အကောင်းဆုံးပဲ…” လော့မျိုးနွယ်စုမှ ပါရမီရှင်များမှာ ယီယွင်ကို ကြောက်ရွံ့သွားကြသည်။

ထျန်ယာဟောင်ယွဲ့ကဲ့သို့သော ပါရမီရှင်ကိုပင် အုတ်ခဲဖြင့် ရိုက်လိုက်သည်ဆိုလျှင် နောက်ထပ် မည်သူ့ကို ထပ်ရိုက်ဦးမည်နည်း။

All Chapters