← Chapters

အခန်း ၉၄၇

Vol. 64 Ch. 947

အခန်း ၉၄၇

Vol. 64 Ch. 947

အခန်း ၉၄၇ - နိဗ္ဗာန်သို့ ဓားတစ်ချက်ဖြင့်ပို့ဆောင်မည်

ချီဇွေယွန်းသည် ချက်ချင်းပင် အာရုံစိုက်ခြင်း ခံလိုက်ရသည်။ ယီယွင်၏ အသံမှာမူ မြေလွတ်ပြင်တစ်ခုလုံးတွင် စဉ်ဆက်မပြတ် ပဲ့တင်ထပ်နေသည်။

ယီယွင်၏ အသံ တိတ်ဆိတ်သွားပြီးနောက်တွင်မှ ချီဇွေယွန်းက ဖြည်းညှင်းစွာ စကားပြောလာသည်။ သူ၏ အသံမှာ မကျယ်လောင်သော်လည်း လူသန်းပေါင်းများစွာ၏ ဆူညံသံကို အလွယ်တကူပင် ဖုံးလွှမ်းသွားကာ လူတိုင်း၏ နားသို့ ရောက်ရှိသွားသည်။

“မင်းက ငါ့ကို တစ်ယောက်တည်း စိန်ခေါ်ချင်တာလား”

ချီဇွေယွန်း၏ စကားလုံးများမှာ မြင့်မြတ်သော အနေအထားမှ ပြောနေသည့်နှယ် မောက်မာသော လေသံဖြင့် ပြည့်နှက်နေသည်။

“ဟားဟားဟား”

ချီဇွေယွန်းက ရယ်မောလိုက်သည်။

“ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ဖြတ်သန်းပြီးမှ ငါ့ကို ဆက်ပြီး စိန်ခေါ်တယ်ပေါ့၊ မင်းက ကိုယ်နဲ့မမျှတဲ့ ဝန်ကို ထမ်းနေတာပဲ”

ချီဇွေယွန်း ပြောနေစဉ်တွင် သူသည် ထိုင်ခုံမှ ထလိုက်သည်။ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည့်အခါ သူ၏ လှံသည် သူ၏ လက်ဖဝါးထဲသို့ ရောက်ရှိလာသည်။

သူသည် သူ၏ ဘေးတွင် ထိုင်နေသော လော့ဟော်အာကို လှည့်ကြည့်လိုက်သည်။

“မင်း ငါ့ကို ရှုံးလိမ့်မယ်ဆိုတာ သိလို့ မတိုက်ခိုက်တော့တာလား”

“ချွတ်”

လော့ဟော်အာက လှောင်ပြုံးဖြင့်

“မင်းက ဘယ်သူမို့လို့လဲ။ မဟာမိတ်အဖွဲ့ထဲက ပါရမီရှင်တိုင်းက မင်းပတ်လည်မှာပဲ လည်ပတ်နေရမှာလား မင်းက ငါတို့က တစ်လှည့်စီ တိုက်ခိုက်မယ့်စစ်ပွဲကို လုပ်ချင်တယ်လို့ ထင်နေတာလား ဒီနေ့တော့ ယီယွင်တစ်ယောက်တည်းပဲ မင်းကို တိုက်ခိုက်မယ်၊ အဲဒီအခါမှ မင်း ရှုံးသွားရင် ဘာအကြောင်းပြချက်မှ ပေးလို့မရတော့ဘူးလေ”

လော့ဟော်အာ၏ လှောင်ပြောင်မှုမှာ ရက်စက်လွန်းသော်လည်း သူမ၏ စကားကို ကြားရသော ပရိသတ်များမှာ တိတ်တဆိတ် ထိတ်လန့်သွားကြသည်။ လော့ဟော်အာ၏ စကားများမှာ အလွန်ပင် ရဲတင်းလွန်းလှသည်။

တကယ်တမ်းတွင် လော့မျိုးနွယ်စုဝင် အများအပြားမှာ ယီယွင်ကို အားပေးနေကြသော်လည်း စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်နေကြသည်။ လော့ဟော်အာက ဤသို့ပြောလိုက်ရာ နောက်ဆုံးတွင် သူတို့ ရှုံးနိမ့်သွားပါက သူမ မည်သို့ ဖြေရှင်းမည်နည်း။

“ခရမ်းပြာဝိဉာဉ်မင်းသမီး၊ မင်းစကားတွေက ချီဇွေယွန်း ရှုံးလိမ့်မယ်လို့ သေချာနေပုံပေါက်ပါလား ဒါ ယီယွင်ကြောင့်လား” ဤသို့ပြောသူမှာ ယူထျန်ဖုန်းဖြစ်သည်။ သူသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ပြုမူသည်။

လော့ဟော်အာသည် ထိုမိုက်မဲသူကို ဂရုမစိုက်တော့ဘဲ ယီယွင်ကို ကြည့်ကာ အသံလှိုင်းဖြင့် ပေးပို့လိုက်သည်။ “ယွင်လေး၊ ငါ မင်းကိုပဲ အားကိုးနေတယ်။ ငါ မင်းအတွက် ရှေ့ကို တက်လှမ်းဖို့ တစ်ဆင့် ကူညီပေးပြီးပြီ။”

ယီယွင် စကားမပြောနိုင် ဖြစ်သွားသည်။ “မင်းက ငါ့အပေါ်မှာ အဲ့လောက်တောင် ယုံကြည်မှု ရှိနေတာလား၊ ငါ့စွမ်းအားရဲ့ အဆုံးအစကိုတောင် မင်း မသိဘဲနဲ့လေ”

“ငါ တကယ် မသိပါဘူး။ ခဏနေရင် မင်း ရှုံးရင်လည်း ငါတို့ အတူတူပဲ ခံရမှာပဲ၊ ဒါကြောင့် မင်း ငါ့ကို စိတ်လှုပ်ရှားစရာ အံ့အားသင့်မှုလေးတော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု လော့ဟော်အာက ပေါ့ပေါ့ပါးပါး ပြောသည်။ သူမသည် အမြဲတမ်း ဤသို့ ရဲတင်းသော ပင်ကိုယ်စရိုက်ရှိသည်။ ရှုံးလျှင်လည်း ရှုံးပေါ့။

ယီယွင် လော့ဟော်အာ၏ စကားကို ကြားသောအခါ သူ၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။

“ကောင်းပြီ”

“မင်းက ငါ့ကို စိန်ခေါ်ချင်တာဆိုတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်” ချီဇွေယွန်း ပြောပြီးသည်နှင့် သူသည် လေဟာနယ်ထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ စင်မြင့်၏ အလယ်တွင် ရပ်နေသည့် ယီယွင်ဆီသို့ လျှောက်သွားလိုက်သည်။

သူ၏ ခြေလှမ်းတိုင်းသည် လေဟာနယ်တွင် တုန်ခါမှုများကို ဖြစ်ပေါ်စေပြီး နိယာမ၏ စည်းချက်အတိုင်းပင်။

ထိုင်ခုံနေရာမှ စင်မြင့်အလယ်ရှိ ယီယွင်နေရာအထိ အကွာအဝေးမှာ ထောင်ပေါင်းများစွာ ဝေးသော်လည်း ခြေလှမ်းအနည်းငယ်ဖြင့် ချီဇွေယွန်းမှာ ယီယွင်၏ အနီး (ပေတစ်ရာအကွာ) သို့ ရောက်ရှိလာသည်။

“မင်းနဲ့ ခရမ်းပြာဝိဉာဉ် မင်းသမီးတို့ ပူးပေါင်းပြီး တိုက်ခိုက်ရင်တော့ ငါ နည်းနည်းတော့ အလေးအနက်ထားရလိမ့်မယ်။ ဒါပေမဲ့ အခုတော့… မင်းတစ်ယောက်တည်းဆိုရင် စစ်နတ်ဆိုးပုံစံ နဲ့တင် လုံလောက်ပြီ”

စစ်နတ်ဆိုးပုံစံ.....

မည်သူမျှ ချီဇွေယွန်း ဆိုလိုသည့် စစ်နတ်ဆိုးပုံစံမှာ မည်သည်ကို နားမလည်ကြသော်လည်း ၎င်းမှာ ချီဇွေယွန်း၏ အစွမ်းအစ အပြည့်အဝ မဟုတ်သည်မှာ သေချာသည်။

ယီယွင်က ရယ်မောကာ “တကယ်လား ပုံမှန်အားဖြင့် ဒီလိုစကားပြောတတ်တဲ့သူတွေက သေမင်းအလံကို စိုက်မိပြီး ပိုမြန်မြန် သေတတ်ကြတယ်” ဟု ပြောသည်။

သူတို့နှစ်ဦး၏ စကားပြောဆိုမှုမှာ ပြတ်သားပြီး ထိရှလွန်းသဖြင့် ပရိသတ်များ၏ စိတ်ကို လှုပ်ရှားစေသည်။ လူငယ်ဆန်ပြီး ရူးသွပ်သည်မှာ ဤသို့ပင် ဖြစ်သည်။

“စကားများမနေနဲ့”

ချီဇွေယွန်းသည် သူ၏ လှံကို မြှောက်လိုက်သည့်အခါ သူ၏ အသူရာ နယ်ပယ်မှာ ပျံ့နှံ့သွားသည်။

ချက်ချင်းပင် ချီဇွေယွန်း၏ ခြေဖဝါးအောက်မှ သွေးရောင်နယ်ပယ်တစ်ခု ထွက်ပေါ်လာကာ စင်မြင့်တစ်ခုလုံးကို ဝါးမြိုသွားသည်။ ဤသွေးရောင်စွမ်းအင်သည် ချီဇွေယွန်းနှင့် သူ၏ လှံကို လွှမ်းခြုံထားသည်။ လှံ၏ အပေါ်တွင် ရုန်းကန်နေကြသော တစ္ဆေများနှင့် နတ်ဆိုးများ၏ ပုံရိပ်များမှာ အဆုံးမရှိ ပေါ်လာပြီး အော်ဟစ်ငိုယိုသံများ ထွက်ပေါ်နေသည်။

လူသန်းပေါင်းများစွာ၏ မျက်စိရှေ့တွင် ဤကဲ့သို့သော မြင်ကွင်းပေါ်လာခြင်းမှာ ချီဇွေယွန်းမှာ ငရဲထောင်ထဲမှ ထွက်လာသည့်နှယ်ပင်။ ပရိသတ်များမှာပင် ဤမြင်ကွင်းကို ကြည့်၍ ကြောက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။

“ဒါ ချီဇွေယွန်းရဲ့ အသူရာ ဥပဒေသနယ်ပါယ်ပဲ”

လူတိုင်း၏ မျက်စိထဲတွင် တောင်ပိုင်းမြေလွတ်ပြင်တစ်ခုလုံး ပျောက်ကွယ်သွားပြီး ချီဇွေယွန်းတစ်ဦးတည်းသာ ကျန်ရှိနေတော့သည်။ သူသည် စကြဝဠာ၏ ဗဟိုချက်မ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၏ အရင်းအမြစ် ဖြစ်နေသည်။ သူ့ကို ကြည့်လိုက်ရုံနှင့် လူများမှာ အိပ်မက်ဆိုးထဲတွင် နစ်မွန်းနေသကဲ့သို့ ခံစားရပြီး ရုန်းမထွက်နိုင်တော့ပေ။

နယ်ပယ်တစ်ခုတည်းဖြင့်ပင် လူသန်းပေါင်းများစွာကို လွှမ်းခြုံထားနိုင်သည်။ ချီဇွေယွန်း၏ အသူရာ ဥပဒေသနယ်ပါယ်မှာ တကယ်ပင် အံ့အားသင့်စရာ ကောင်းသည်။

“ယီယွင် ဥပဒေသနယ်ပါယ်ထဲမှာ နစ်မွန်းသွားပြီ”

“ယီယွင်က သူ့ရဲ့ကိုယ်ပိုင် ဥပဒေသနယ်ပါယ်ကို မပြသေးဘူး မဟုတ်လား”

လူများက သေချာစွာ တွေးတောမိကြသည်။ တကယ်တမ်းတွင် ယီယွင်မှာ ဥပဒေသနယ်ပါယ် မရှိသေးပေ။ ဥပဒေသနယ်ပါယ်ဆိုသည်မှာ နယ်ပယ်တစ်ခုခု၏ ကျင့်ကြံမှုအဆင့်ကို ရောက်ရှိမှသာ ရနိုင်ခြင်း ဖြစ်သည်။

ဥပဒေသနယ်ပါယ်မှာ နိယာမတရား၏ နယ်ပယ်ဖြစ်သော်လည်း ၎င်းသည် တိုက်ခိုက်ရေးတွင် သင့်လျော်ချင်မှ သင့်လျော်မည် ဖြစ်သည်။

လော့မျိုးနွယ်စုဝင်များပင် ချီဇွေယွန်း၏ အသူရာ ဥပဒေသနယ်ပါယ်မှာ ကြောက်မက်ဖွယ် ကောင်းကြောင်း ဝန်ခံရပေမည်။ ၎င်းမှာ ကမ္ဘာကြီးတစ်ခုလုံးကို အမှောင်ထုထဲသို့ ကျရောက်သွားစေသကဲ့သို့ပင်။

ယီယွင်မှာမူ အမှောင်ထုထဲတွင် နစ်မွန်းသွားသည်။ သူတို့၏ အမြင်အာရုံတွင် ယီယွင် ရှိနေသည့်နေရာကိုပင် မခန့်မှန်းနိုင်တော့ပေ။

လော့မျိုးနွယ်စုဝင်များမှာ ရင်တထိတ်ထိတ် ဖြစ်နေကြသည်။ ယီယွင်သာ ချီဇွေယွန်း၏ ဥပဒေသနယ်ပါယ်တွင် လုံးဝ ဖိနှိပ်ခံလိုက်ရပါက တိုက်ပွဲကို ဆက်ရန်မလိုတော့ပေ။

ထိုအချိန်တွင်

“ဝူး”

မှောင်မိုက်နေသည့် အမှောင်ထုထဲမှ သန့်စင် ယန်မီးတောက်များ ပေါက်ကွဲထွက်လာပြီး ချီဇွေယွန်းဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။ ၎င်းမှာ မိုးသောက်ချိန်အလင်းတန်းကဲ့သို့ပင်။

ဤသည်မှာ နှလုံးသားကို ဖောက်ထွက်သွားသည့် ဓားအလင်းတန်းဖြစ်သည်။

သန့်စင် ယန်ဓားဆန္ဒ .......

ယခင်က သန့်စင် ယန်ဓားနန်းတော် ပိုင်ရှင်သည် ဤဓားချက်ဖြင့် မဟာကမ္ဘာကြီးတစ်ခုကိုပင် ကွဲထွက်စေခဲ့သည်။ ယခု ယီယွင်၏ လက်ထဲတွင် ဤဓားချက်မှာ အသူရာ ဥပဒေသနယ်ပါယ်ကို ဖောက်ထွက်သွားကာ အမှောင်ထုထဲတွင် ရပ်တန့်မသွားဘဲ ရှေ့သို့ တိုးဝင်သွားသည်။

ဝှီး..........

ချီဇွေယွန်းက လှံကို နဂါးတစ်ကောင်ကဲ့သို့ ထိုးစိုက်လိုက်သောအခါ သွေးရောင်လှံကို လွှမ်းခြုံထားသော တစ္ဆေများမှာ ယီယွင်ဆီသို့ တည့်တည့် ဦးတည်သွားသည်။

လှံနှင့် ဓားအလင်းတန်းတို့ ပြင်းထန်စွာ ထိတွေ့မှု......

ဘုန်း.........

ပေါက်ကွဲသံတစ်ချက်နှင့်အတူ တစ္ဆေများမှာ သန့်စင် ယန်မီးတောက်များကြောင့် ပြာကျသွားပြီး ဘာမျှမကျန်တော့ပေ။

“မဆိုးဘူး ဒါပေမဲ့ ငါ့ရဲ့ နယ်ပယ်ထဲမှာ ငါ့ရဲ့ သွေးဆာမှု စွမ်းအားက အဆုံးမရှိဘူး။ မင်း ဘယ်လောက်အထိ မီးရှို့နိုင်မလဲ ကြည့်ရသေးတာပေါ့”

ချီဇွေယွန်း ပြောသည်နှင့် သူ၏ လှံဖြင့် တိမ်တိုက်နှင့် လေကို လှုပ်ခါလိုက်သည်။ သန့်စင် ယန်မီးတောက်ကြောင့် ပြာကျသွားသည့် တစ္ဆေများမှာ တစ်ဖန် ပြန်ပေါ်လာကြသည်။ ၎င်းတို့မှာ ပိုမိုကြီးမားလာပြီး နတ်ဆိုးမီးတောက်များ ထွက်ပေါ်နေသည်။

ဒါက…

အံ့အားသင့်စရာပင်။ သန့်စင် ယန်မီးတောက်ကြောင့် ပြာဖြစ်သွားပြီးမှ ဘယ်လိုလုပ် ပြန်ပေါ်လာရတာလဲ။

ဒါကိုပဲ မီးသွေးခဲထဲက မီးတောက် ပြန်ပေါ်လာတယ်လို့ ခေါ်တာ ဖြစ်လိမ့်မည်။

ချီဇွေယွန်း ပြောသည့်အတိုင်းပင် အသူရာ နယ်ပယ်ထဲတွင် သွေးဆာမှု စွမ်းအားမှာ အဆုံးမရှိသည်မှာ အမှန်ပင် ဖြစ်သည်။

သွေးဆာမှု စွမ်းအားသာ အမြဲတမ်း ပြန်လည်မွေးဖွားနိုင်ပါက ဤနတ်ဆိုးများကို မည်သို့ ဖျက်ဆီးရမည်နည်း

ပရိသတ်များမှာ ယီယွင်အတွက် စိုးရိမ်လာကြသည်။

ထိုအချိန်တွင် နတ်ဆိုးများမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ ချီဇွေယွန်း၏ ရှေ့တွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် စစ်နတ်ဆိုး တစ်ကောင် ဖြစ်လာသည်။ စစ်နတ်ဆိုးမှာ ဒူးထောက်နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အမြင့်ပေ ရာဂဏန်း ရှိပြီး ယီယွင်၏ ရှေ့တွင် တောင်ကုန်းငယ်တစ်ခုကဲ့သို့ပင်။

“ဟိန်း”

စစ်နတ်ဆိုးက ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ထိုအော်ဟစ်သံကြောင့် ပွဲကြည့်စင်ပေါ်ရှိ စစ်သည်များ၏ စိတ်ထဲတွင် တုန်ခါသွားပြီး သူတို့၏ သွေးသားများပင် ဆူပွက်လာသည်။

ဒါက ဘာလဲ......

“စစ်နတ်ဆိုးပုံစံ”

ချီဇွေယွန်းက လှံကို မြှောက်လိုက်သည့်အခါ သွေးပင်လယ်ကြီး လှုပ်ခါသွားသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စစ်နတ်ဆိုးက သူ၏လက်ထဲမှ လှံကို ချီဇွေယွန်းနှင့် တူညီစွာပင် မြှောက်လိုက်သည်။

ဧရာမ တိုင်ကြီးတစ်ခုကဲ့သို့ လှံမှာ ယီယွင်ထံသို့ ရက်စက်စွာ ထိုးစိုက်လိုက်သည်။ သွေးဆာမှု ပြင်းထန်လွန်းသဖြင့် ပတ်ဝန်းကျင်ရှိ လေထုပင် ပျစ်ချွဲလာသည်။

“မင်း ရှုံးဖို့ အချိန်တန်ပြီ”

ကမ္ဘာကြီး၏ အရောင်များပင် မှိန်ဖျော့သွားသည်။

“ကောင်းပြီလေ”

ထိုအချိန်တွင် ယီယွင်လည်း ဓားကို ထုတ်သုံးလိုက်သည်။

သံချေးတက်နေသော ဓားကျိုးမှာ မီးထဲသို့ ဝင်သွားသည့် ပိုးဖလံကဲ့သို့ နတ်ဆိုးကြီးထံသို့ ဝင်ရောက်သွားသည်။

သို့သော် ယီယွင်မှာ နတ်ဆိုးကြီး၏ လှံနှင့် ထိတွေ့တော့မည့်အချိန်တွင် သူ၏ နောက်ဘက်မှ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

ရွှေကျီးကန်းမှာ အော်ဟစ်လိုက်ပြီး ကိုးခေါင်းမြွေနဂါး မှာလည်း အော်ဟစ်လိုက်သည်။

ဘုန်း...

ပြင်းထန်သော ထိတွေ့မှုကြောင့် ပတ်ဝန်းကျင်သို့ လှိုင်းလုံးများ ပေါက်ကွဲထွက်သွားသည်။

ယီယွင်၏ အပေါ်ယံ ကောင်းကင်တွင် လှိုင်းလုံးများ အဆက်မပြတ် ပေါက်ကွဲနေပြီး တိမ်တိုက်များကို ဖောက်ထွက်ကာ မြေလွတ်ပြင် စင်မြင့်ပေါ်တွင် ဧရာမ အပေါက်ကြီးတစ်ခု ချန်ထားခဲ့သည်။

၎င်းမှာ ဓားချက်တစ်ခု၏ အစပျိုးခြင်းသာ ဖြစ်သည်။

ဘုန်း

ဘုန်း

ဘုန်း

နှစ်ဖက်စလုံးမှာ အကြိမ်ကြိမ် တိုက်ခိုက်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် အံ့အားသင့်စရာ အမြန်နှုန်းမှာ နှစ်ဦးစလုံးတွင် ရှိနေပြီး မိုးချုန်းသံများကဲ့သို့ပင် ပဲ့တင်ထပ်နေသည်။

အလွန်မြန်ဆန်လွန်းသဖြင့် ပွဲကြည့်နေသော စစ်သည်များမှာ မမှီနိုင်တော့ပေ။

သူတို့မှာ အသက်ရှူမှားသွားပြီး ရင်ခုန်သံများမှာ လည်ချောင်းထဲအထိ ရောက်နေသည်။

“ယီယွင်မှာ ဥပဒေသနယ်ပါယ် မရှိဘူး၊ ဒါပေမဲ့ သူ့ရဲ့ ဓားချက်တိုင်းက ရှေ့က အသူရာ ဥပဒေသနယ်ပါယ်ကို ဖောက်ထွက်နိုင်တယ်” ဟု ပိုင်ယွီချင်းက ပြောသည်။

ချူယွန်းကျန်းလည်း ဤတိုက်ပွဲကို ကြည့်၍ အံ့အားသင့်နေသည်။ ယခင် တိုက်ပွဲများတွင် ယီယွင်သည် သူ၏ အစွမ်းအစ အစစ်အမှန်ကိုပင် မသုံးခဲ့ပေ။ သူ၏ ဓားချက်အမြန်နှုန်းနှင့် စွမ်းအားမှာ အလွန်ပင် ထူးခြားသည်။

သို့သော် ယီယွင်၏ ကျင့်ကြံမှုအဆင့်မှာ ချီဇွေယွန်းထက် နိမ့်သည်။ ဤသို့ စွမ်းအင်များကို အသုံးပြုနေပါက ယီယွင်၏ ရှေ့ရေးမှာ မကောင်းနိုင်ပေ။ အဓိကအချက်မှာ ချီဇွေယွန်း၏ အသူရာ ဥပဒေသနယ်ပါယ်မှ သွေးဆာမှု စွမ်းအားမှာ အဆုံးမရှိခြင်းပင် ဖြစ်သည်။

ဤသို့သာ ဆက်သွားပါက ယီယွင်၏ ခွန်အားများ လျော့နည်းသွားလိမ့်မည်။

ထိုအချိန်တွင် အသူရာ နယ်ပယ်ထဲမှ ရှေးဟောင်း စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ယီယွင်မှာ တည်ငြိမ်နေပြီး သူ၏ ဓားတွင် ရှေးဟောင်း၊ အသက်မဲ့သော စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။

ဤဓားချက်မှာ ချီဇွေယွန်းဆီသို့ တည့်တည့် ထိုးစိုက်လိုက်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်မည့် စွမ်းအားဖြင့် တိုးဝင်သွားသည်။

ခရက်......

ဓားကျိုးနှင့် ဧရာမ စစ်နတ်ဆိုး၏ လှံတို့ ထိတွေ့မိသွားပြီး အချိန်မှာ ထိုနေရာတွင် ရပ်တန့်သွားသကဲ့သို့ပင်။

မှန်ကွဲသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ စစ်နတ်ဆိုးနှင့် လှံမှာ သက်တမ်းကြာရှည်စွာ တည်ရှိခဲ့သော ရုပ်တုတစ်ခုကဲ့သို့ ဖြစ်လာသည်။

ပထမဦးဆုံး မီးခိုးရောင်သို့ ပြောင်းလဲသွားပြီးနောက် ကွဲအက်သွားကာ နောက်ဆုံးတွင် အမှုန့်အဖြစ် ကြေမွသွားသည်။

ညှိုးနွမ်းခြင်း ဥပဒေသ နိဗ္ဗာန်သို့ ဓားတစ်ချက်ဖြင့်ပို့ဆောင်မယ် လာလေရော့.......

အချိန်၏ ရှေ့မှောက်တွင် မည်သည့် နတ်ဆိုးမဆို ညှိုးနွမ်းပျက်စီးရမည်သာ ဖြစ်သည်။ နတ်ဆိုးသည် တိုက်ခိုက်ခံရလျှင် ပြန်လည်ရှင်သန်နိုင်သော်လည်း အချိန်၏ တိုက်စားမှုကြောင့် ပြာဖြစ်သွားပါက ပြီးပြည့်စုံသော နိဗ္ဗာန် သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

စစ်နတ်ဆိုးမှာ ဖျက်ဆီးခြင်း ခံလိုက်ရပြီးနောက် ယီယွင်၏ ဓားမှာ ထိုးစိုက်လျက်ပင် ရှိသေးသည်။ ယခုအခါ ရှေ့တွင် အတားအဆီး မရှိတော့ဘဲ သူ၏ ဓားမှာ ချီဇွေယွန်းကို တည့်တည့်ချိန်ရွယ်ထားလိုက်သည်။

All Chapters