← Chapters

အခန်း ၉၄၈

Vol. 64 Ch. 948

အခန်း ၉၄၈

Vol. 64 Ch. 948

အခန်း ၉၄၈- ကောင်းကင်ဘုံ နတ်ဆိုးပုံစံ

“ကျား....”

သန့်စင် ယန်မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဓားတစ်ချက်သည် ချီဇွေယွန်း၏ မျက်နှာဆီသို့ တည့်တည့် ထိုးစိုက်လိုက်သည်။

ချီဇွေယွန်းမှာ ထိတ်လန့်သွားပြီး သူ၏ တပ်မတော်ကြီးကိုပင် ဖျက်ဆီးနိုင်သည့် လှံဖြင့် ပြန်လည်ခုခံလိုက်သည်။

ဘုန်း.......

ဓားနှင့် လှံတို့ ထိတွေ့မိရာမှ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ မြင်သာသော တုန်ခါမှုလှိုင်းများမှာ အသူရာ ဥပဒေသနယ်ပါယ်ကို တုန်လှုပ်သွားစေပြီး နယ်ပယ်မှာ မတည်မငြိမ် ဖြစ်လာသည်။

“မင်းရဲ့ စစ်နတ်ဆိုးပုံစံက ဒီလောက်ပါပဲ” ယီယွင်၏ အသံမှာ တောင်ပိုင်းမြေလွတ်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ချီဇွေယွန်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသော်လည်း သူ စကားမပြန်ချေ။ ယီယွင်၏ တိုက်ခိုက်မှုမှာ သူ့ကို အံ့အားသင့်စေခဲ့ပြီး သူ၏ စစ်နတ်ဆိုးကို ဖျက်ဆီးလိုက်နိုင်သည်မှာ အမှန်ပင်။

ချီဇွေယွန်း၏ အသူရာ နယ်ပယ်ထဲတွင် စစ်နတ်ဆိုးမှာ မသေနိုင်သော အရာဖြစ်ပြီး တုနှိုင်းမရအောင် သန်မာသည်ဟု ဆိုနိုင်သည်။ ပြိုင်ဘက်အားလုံးမှာ တိုက်ပွဲတွင် အညံ့ခံကြရမည်သာ ဖြစ်သည်။ သို့သော် ယီယွင်၏ တိုက်ခိုက်မှုကြောင့် စစ်နတ်ဆိုး၏ အသက်စွမ်းအင်မှာ ညှိုးနွမ်းသွားပြီး ပြန်လည်မွေးဖွား၍ မရတော့ပေ။

အသူရာ နယ်ပယ်မှာ ပျက်စီးမသွားသော်လည်း စစ်နတ်ဆိုးပုံစံမှာ ပြိုလဲသွားပြီ ဖြစ်သည်။ ချီဇွေယွန်းအတွက် ဤသို့သော အခြေအနေမျိုးမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

“ဒါ ဘယ်လို တိုက်ခိုက်မှုမျိုးလဲ” ချီဇွေယွန်းက အလေးအနက် မေးလိုက်သည်။

“ညှိုးနွမ်းခြင်းနိယာမ” ဟု ယီယွင်က မဖုံးကွယ်ဘဲ ပြောသည်။

ထိုနေရာတွင် လူသန်းပေါင်းများစွာ ရှိနေသဖြင့် ဤသဘောတရားကို သိရှိသူများ ရှိနေမည်မှာ သေချာသည်။

ညှိုးနွမ်းခြင်း သဘောတရားမှာ အသက်စွမ်းအင်ကို တိုက်ရိုက် ငြိမ်းသတ်နိုင်ပြီး ပြန်လည်ကောင်းမွန်ခြင်း မရှိစေရပေ။ ကမ္ဘာပေါ်တွင် အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ရှင်သန်စေနိုင်သည့် ဆေးဝါးများစွာ ရှိသော်လည်း လူတစ်ဦး၏ အသက်စွမ်းအင် ကုန်ဆုံးသွားပါက ၎င်းကို ပြန်လည်တိုးမြှင့်ပေးနိုင်သည့် ဆေးဝါးမှာ မရှိပေ။ ဤသည်မှာ အချိန်ကာလ၏ စွမ်းအားဖြစ်သည်။ ညှိုးနွမ်းခြင်းမှာ တားဆီး၍ မရနိုင်ပေ။

“ဒါဆို ဒါက ညှိုးနွမ်းခြင်း သဘောတရားပဲ။ ဒီသဘောတရားက ထူးဆန်းပြီး အရမ်းရှားပါးတယ်” ဟု စစ်သည်တစ်ဦးက အံ့အားသင့်စွာ ပြောသည်။

ထိုင်ခုံနေရာမှ ယူထျန်ဖုန်း၏ မျက်ခုံးများ ပင့်တက်သွားသည်။ ယီယွင်၌ ဤသို့သော လျှို့ဝှက်လက်နက်များ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ချီဇွေယွန်းက “ငါ မင်းကို လျှော့တွက်မိတာပဲ။ ငါ့စကားကို ပြန်ရုပ်သိမ်းပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ နောက်တစ်ဆင့်ကို မင်း ခံနိုင်ရည် ရှိမရှိ ကြည့်ရသေးတာပေါ့” ဟု ပြောကာ လှံကို မြှောက်လိုက်သည်။

ယီယွင်က အေးစက်စွာ တုံ့ပြန်သည်။ “မင်းရဲ့ တိုက်ခိုက်မှုကို ဖျက်ဆီးဖို့ အကြောင်းမရှိဘူး၊ မင်းက ငါ့ရဲ့ ဓားနဲ့ တိုက်ခိုက်မှုကို ခံနိုင်မလား ကြည့်လိုက်”

ဓားအလင်းတန်းများမှာ တောက်ပလာပြီး ယီယွင်၏ ဟင်းလင်းပြင် အိတ်ထဲမှ ထောင်နှင့်ချီသော နှင်းနယ်မြေ နှင့် ဓားငယ် ၉၉၉ ချောင်း ပျံထွက်လာသည်။ နှင်းနယ်မြေတစ်ထောင် မှာ ချက်ချင်းပင် ဖြစ်ပေါ်လာသည်။

ပြင်းထန်သော ဓားအရှိန်အဝါများမှာ အသူရာ ဥပဒေသနယ်ပါယ်ကပင် မထိန်းချုပ်နိုင်တော့ပေ။

ချီဇွေယွန်း၏ ဘက်တွင် ရပ်နေသည့် အားနည်းသော စစ်သည်များမှာ နောက်သို့ ဆုတ်ခွာသွားကြရသည်။ သူတို့၏ ကာကွယ်ရေး စွမ်းအင်များမှာပင် တုန်လှုပ်သွားသည်။

ယီယွင်၏ တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ ချီဇွေယွန်း၏ ဥပဒေသနယ်ပါယ်မှာ တုန်လှုပ်သွားသော်လည်း ပြိုလဲသွားခြင်း မရှိသေးပေ။

“ကောင်းတဲ့ ဓားပဲ ဒါပေမဲ့ ဒါက မင်းမှာ လက်နက်ကောင်း ရှိနေလို့ပဲ” ချီဇွေယွန်းက လှံကို မြေကြီးထဲသို့ စိုက်ချလိုက်သည်။

ဘုန်း

ဘုန်း

ဘုန်း

မြေကြီးမှာ ပေါက်ကွဲထွက်သွားသည်။ ချီဇွေယွန်း၏ လှံစိုက်လိုက်သည့်အခါ သူ၏ အသူရာ နယ်ပယ်မှာ လှံထဲသို့ ပြန်လည်ကျုံ့ဝင်သွားသည်။ လှံပေါ်တွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးပုံရိပ်တစ်ခု ပေါ်လာပြီး လှံနှင့် တစ်သားတည်း ဖြစ်သွားသည်။

လှံမှာ သွေးဆာသည့် အော်ဟစ်သံများဖြင့် တုန်ခါနေသည်။

ချီဇွေယွန်း၏ လှံဖျားက မြေပြင်ကို ဖြတ်ကျော်သွားရာ မြေကြီးမှာ မီးလျှံများ ဖြစ်ပေါ်လာပြီး သွေးရောင်သို့ ပြောင်းလဲသွားသည်။

“နတ်ဆိုး တစ်သောင်း”

လှံဖျားမှာ ဓားအလင်းတန်းများနှင့် ထိတွေ့မိသွားသည်။ ချီဇွေယွန်း၏ လှံမှာ ယီယွင်၏ ဓားများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ဘုန်း.......

ငရဲခန်းကဲ့သို့သော မြင်ကွင်းမှာ ပေါ်လာပြီး ယီယွင်နှင့် ချီဇွေယွန်းတို့မှာ သွေးရောင်များကြားတွင် နစ်မွန်းသွားကြသည်။ စင်မြင့်တစ်ခုလုံးမှာ သွေးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ တစ္ဆေများမှာ ယီယွင်ထံသို့ အော်ဟစ်လျက် တိုးဝင်လာကြသည်။

“ဒီတစ်ခါတော့ ယီယွင် ရှုံးနိမ့်သွားလိမ့်မယ်” ဟု နတ်ဆိုးမလေးက ပြောသည်။

ချီဇွေယွန်းမှာ နိမိတ်ဖတ်ဖေးမျိုးနွယ်စု ၏ နံပါတ် (၁) ပါရမီရှင် ဖြစ်သည်။ ယီယွင်၏ စွမ်းအားမှာ သူမကို အံ့အားသင့်စေခဲ့သော်လည်း ဤအဆင့်တွင် ယီယွင် ဆက်ခံနိုင်ပါ့မလား

လော့မျိုးနွယ်စုဝင်များမှာ အသက်ရှူမှားလျက် စောင့်ကြည့်နေကြသည်။ ယီယွင် ဘာဖြစ်သွားသနည်း။

ထိုအချိန်တွင် သွေးပင်လယ်ကို ဖောက်ထွက်လာသည့် ဓားအလင်းတန်းတစ်ခု ပေါ်လာသည်။ ဓားအလင်းတန်းမှာ ရေခဲကို အရည်ပျော်စေသကဲ့သို့ နတ်ဆိုးများကို ပြာကျစေသည်။ ယီယွင်မှာ ဓားနှင့်အတူ ထိုပင်လယ်ထဲမှ ပေါ်ထွက်လာသည်။

သူ၏ ဓားမှာ တုန်ခါနေပြီး ဓားပတ်လည်ရှိ လေဟာနယ်မှာ ပုံပျက်သွားသည်။ ၎င်းမှာ မိစ္ဆာစက်ဝန်းတစ်သောင်း ၏ ဥပဒေသ ပုံစံများဖြင့် စွမ်းအားမြှင့်တင်ထားခြင်း ဖြစ်သည်။

ချီဇွေယွန်း၏ မျက်ခုံးများ ပင့်တက်သွားသည်။ ယီယွင်၏ လျှို့ဝှက်ဓားမှာ အလွန်ပင် နက်နဲသည်။ အားနည်းသော တိုက်ခိုက်မှုက သာမန်အတိုင်း ဖြစ်သော်လည်း အားကောင်းသော တိုက်ခိုက်မှုက ထျန်ယာဟောင်ယွဲ့ကိုပင် အနိုင်ယူနိုင်ခဲ့သည်။ ယခု သူ၏ နတ်ဆိုးတစ်သောင်း တိုက်ခိုက်မှုကိုပင် ဖောက်ထွက်နိုင်ခဲ့သည်။

ဒါ ဘာတိုက်ခိုက်မှုလဲ၊ ဘာလို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ။

ချီဇွေယွန်းအတွက် သူ၏ ပြိုင်ဘက်ကို မခန့်မှန်းနိုင်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ထိုအချိန်တွင် ချီဇွေယွန်း ထိတ်လန့်သွားသကဲ့သို့ ယီယွင်လည်း အံ့အားသင့်နေသည်။ သူ၏ ဓားမှာ ပြိုင်ဘက် ပိုသန်မာလေ၊ ပို၍ အားကောင်းလေ ဖြစ်သည်။ သို့သော် ချီဇွေယွန်းမှာ အလွန်သန်မာလွန်းသဖြင့် ယီယွင်၏ စွမ်းအင်များမှာ အတော်လေး ကုန်ဆုံးသွားသည်။

ယီယွင်မှာ သူ၏ အစွမ်းအစ အပြည့်အဝကို မသုံးရသေးပေ။ ချီဇွေယွန်းမှာလည်း လျှို့ဝှက်လက်နက် ရှိနေသေးကြောင်း သူသိသည်။ ချီဇွေယွန်းမှာ သားကောင်ကို ချဉ်းကပ်သည့် သားရဲကဲ့သို့ ဖြစ်သည်။

“မင်းက တကယ်ကို အထင်ကြီးစရာကောင်းတဲ့ ပြိုင်ဘက်ပဲ” ချီဇွေယွန်းက ပြောသည်။

“ငါ့ရဲ့ တိုက်ပွဲသမိုင်းမှာ ဘယ်သူ့ကိုမှ မရှုံးဖူးဘူး။ ဒီနေ့လည်း ရှုံးမှာ မဟုတ်ဘူး မင်းရဲ့ ဓားချက်မှာ ကန့်သတ်ချက် ရှိရမယ်။ ငါ့ရဲ့ အစွမ်းအစအရှိဆုံး တိုက်ခိုက်မှုဖြစ်တဲ့ ကောင်းကင်ဘုံ နတ်ဆိုးပုံစံကို သုံးတော့မယ်။ ဒါက ငါတောင် အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ အရာပဲ။ မင်း အချိန်ရှိတုန်း အညံ့ခံလိုက်တာ ကောင်းမယ် မင်းက ငါ့ထက် အဆင့်တစ်ဝက်လောက် နိမ့်နေတာပဲ၊ မင်းလို ပြိုင်ဘက်မျိုးက ရှားပါတယ်၊ မင်းရဲ့ တိုးတက်မှုကို ငါ စောင့်မျှော်နေမယ်။”

All Chapters