← Chapters

အခန်း (၆၆၁-၆၆၂)

Vol. 50 Ch. 661-662

အခန်း (၆၆၁-၆၆၂)

Vol. 50 Ch. 661-662

အပိုင်း ၆၆၁ - သေမျိုးတစ်ယောက်ပမာ

မဟာတာအိုနယ်မြေတွင် ဓားဌာနတွင် ဓားနှလုံးသား အရေအတွက် အများဆုံး ရှိပြီး ခေတ်အဆက်ဆက် အသုံးမပြုခဲ့သောကြောင့် အဆင့်သုံးအရာရှိ ဖြစ်သော ယုယင်က သေခြင်းတရားကို ဂရုမစိုက်ဘဲ သစ္စာဖောက်သွားသောအခါ အလွယ်တကူ ယူဆောင်လာနိုင်ခဲ့သည်။

"အစ်မ၊ ဒါတွေက အသုံးဝင်ပါ့မလား"

ဆေးအိုးအတွင်းမှ လွတ်မြောက်လာသော ချောင်ရူက မေးလိုက်ခြင်းဖြစ်ကာ ရင်ဘတ်တစ်ခုလုံး နိမ့်လိုက်မြင့်လိုက် ဖြစ်အောင် အသက်ရှူရခက်နေသည်။ အမှန်တကယ်တော့ ယုယင်လည်း မသိဘဲ ကောင်းကင်ရုံးတော်၏ ဧကရာဇ်တစ်ယောက်ကို ဓားနှလုံးသားများဖြင့် အနိုင်ယူမည်လား မသေချာပေ။

"နောက်ဆုတ်ကြ"

အသက်လု တိုက်ခိုက်ရတော့မည်ဟု သူမ ထင်ထားသော်လည်း ယွမ်ရှောင်က ဤသို့ အမိန့်ပေးလိုက်သောကြောင့် အံ့သြသွားသည်။ သူမအနေဖြင့် စဥ်းပင်မစဥ်းစားဝံ့သော ရူးသွပ်စရာ လုပ်ရပ်တစ်ခုပင်။

"မလိုဘူး"

ကြေးခေါင်းတလားကြီး ပျောက်ကွယ်သွားသည့်တိုင်အောင် သူက ယုံကြည်မှုအပြည့် ရှိနေသဖြင့် စိုးရိမ်နေသော်လည်း သူတို့သည် ဓားယာဥ်အတွင်း ပုန်းအောင်းနေသည့် ကူစုဝမ်ထံ သွားရောက်ပူးပေါင်းလိုက်ကြ၏။

"နင်တို့နှစ်ယောက်ရော သူနဲ့ အဆင်ပြေသွားကြတာလား"

"ဘာတွေပြောနေတာလဲ"

"ပါးစပ် ပိတ်ထားစမ်းပါ"

ချောင်ရူ၏ မေးခွန်းက အထင်မှားစရာ ဖြစ်သောကြောင့် ကူစုဝမ်သည် ဒေါသတကြီး ငေါက်ပစ်လိုက်သည်။ ယုယင်သည်လည်း တစ်ချက်စိုက်ကြည့်၍ တင်းမာစွာ ပြောလာသောကြောင့် သူမကို ဇဝေဇဝါ ဖြစ်သွားစေ၏။

"ထူးဆန်းလိုက်တာ။ နင်တို့က သူနဲ့ မပတ်သက်ဘူးဆိုရင် ဘယ်လိုလုပ် ဘက်ပြောင်းသွားတာလဲ"

"တော်စမ်းပါ။ အခု ယွမ်ရှောင်က ငါတို့စိတ်ကူးနိုင်တာထက် ကျော်လွန်ပြီး သူသာ မိုးကြိုးဧကရာဇ်ကို နိုင်သွားတယ်ဆိုရင် ဘယ်လောက်တောင် ထူးဆန်းလိုက်မလဲ"

ယုယင်က ယွမ်ရှောင်ထံ ညွှန်ပြ၍ တိုက်ပွဲအကြောင်း စိုးရိမ်နေသော်လည်း ချောင်ရူမှာ သူ့အတွေးနှင့်သူ ပိတ်မိနေပြန်သည်။

"နင်သာ လိုလားမယ်ဆိုရင် သူ့အနားမှာ အလုပ်အကျွေးပြုပြီး ခစားလို့ ရမှာပါ"

"နင် ပါးစပ်ပိတ်ထားလို့ မရဘူးလား"

"နင် လုပ်ချင်နေတာပါ။ ငါ့ရှေ့မှာ မောက်မောက်မာမာ ကြွားဝါခဲ့ပေမယ့် အခုတော့ သူ့လက်ထဲမှာ ကျရှုံးသွားပြီးမလား။ မစိုးရိမ်ပါနဲ့၊ ငါက အချစ်ကိုလည်း ဝေစားတတ်ပါတယ်"

"တော်ကြပါတော့။ အခု အနာဂတ်က ရှိမလားတောင် သေချာလို့လား"

ယွမ်ရှောင်က အလွန်အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ကူစုဝမ်သည် ကိုယ့်အသက်ကို တွေးပူနေသည်။ ထို့ကြောင့် သူမက အဝေးသို့ ငေးကြည့်ရင်း ပြောလိုက်သောအခါ ကျန်နှစ်ယောက်သည်လည်း တိတ်ဆိတ်သွားကြ၏။ မိုးကြိုးဌာန၏ ဆွဲဆောင်အား ပြင်းထန်သော မိန်းမလှ ဖြစ်စေ၊ အေးစက်စက်နိုင်သော ဓားအင်မော်တယ် မိန်းမ ဖြစ်စေ၊ မွေးစားအမေ ဟန်ဆောင်ခဲ့သော မိန်းမ ဖြစ်စေ အားလုံးသည် ကိုယ်ပိုင်အကြောင်းပြချက်များနှင့် အသက်၁၆နှစ်အရွယ် လူငယ်လေးကို ရင်တဒိန်းဒိန်းဖြင့် စိုးရိမ်စွာ စောင့်ကြည့်နေကြသည်။

"မင်းနဲ့ လုဖန်က မိန်းမအတော် လိုက်စားတာပဲ။ ဒါကြောင့် လမင်းဓားနတ်ဘုရားက မင်းအတွက် ဓားဌာနရဲ့ ပိုင်ဆိုင်မှုကိုတောင် ခိုးရဲတာပေါ့လေ"

မိုးကြိုးဧကရာဇ်က အေးစက်စက် ပြောလိုက်သောအခါ ယွမ်ရှောင်သည် တစ်ချက်ပြုံး၍ ခေါင်းယမ်းသည်။

"အဲ့ကောင်က မသမာတဲ့ နည်းတွေ သုံးထားတာ။ ငါက ရုပ်ချောလို့ အလိုလို ဖြစ်လာတာ၊ မတူဘူး။ ဒီအောက်တန်းစားနဲ့ မနှိုင်းနဲ့"

သူက အမှန်တကယ်ပင် ချောမောပြီး အပေါ်ပိုင်း အဝတ်အစားများ ပျက်စီးသွားသဖြင့် ရင်ဘတ်ဗလာ ဖြစ်နေသည်။ ခရမ်းရောင် နဂါးရုန်းများ ရစ်ပတ်ထားသည့် ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်သည် မိုးပြာရောင် ဓားရှည်တစ်လက် ဆွဲကိုင်ထားသောအခါ နတ်ဘုရားများထက်ပင် ချောမောခန့်ညား၏။

"ဓားနှလုံးသားတွေက ငါ့ကို တားနိုင်ပါ့မလား"

"စမ်းကြည့်ရတာပေါ့"

မိုးကြိုးဧကရာဇ်သည် ငရဲကိုးထပ်ကမ္ဘာသို့ အကြည့်ရောက်သွားကာ ဤအကွာအဝေးတွင် စွမ်းအား ထုတ်ဖော်လိုက်လျှင် သေချာပေါက် ဖျက်ဆီးပစ်နိုင်သည်။ နိမ့်ကျသော သေမျိုး လောကများသည် သူ့အတွက် လက်တစ်ဖက် ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးနိုင်သော ပုရွက်ဆိတ်အုံပမာ သဘောထား၏။ ထို့နောက် သူ၏ ကိုယ်တွင်းမှ စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာပြီး ရုတ်တရက် ခွဲထွက်သွားသောအခါ လျှပ်စီးစက်လုံး ကိုးလုံး ဖြစ်ပေါ်လာသကဲ့သို့ ကိုယ်ပွားကိုးယောက်လည်း ရှိနေသည်။ မိုးကြိုးကိုးပါး ဧကရာဇ်ဟူ၍ ကျော်ကြားသော အမည်နှင့် ထိုက်တန်စွာ မိုးကြိုးဌာန၏ အစွမ်းထက် သွေးမျိုးဆက်ကို ဆက်ခံထားကာ ဖန်ဆင်းရှင်မျိုးစေ့ ဖြစ်နေပြီး အစွမ်းထက်လှသောကြောင့် မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းပေးနိုင်သည် အထိပင်။ ၎င်းကြောင့် ကိုယ်ပွားကိုးခု ထုတ်ဖော်နိုင်ခြင်း ဖြစ်ကာ တစ်ယောက်ချင်းစီသည် အစွမ်းထက်လွန်းပြီး ဟင်းလင်းပြင်တွင် ပျံသန်းလျက် ကြီးမားသော လျှပ်စီးကွန်ရက် ဖွဲ့စည်း၍ ယွမ်ရှောင်ထံ ဖိချလိုက်သည်။ ဤမျှတင် မကသေးဘဲ မျက်လုံးအရောင်များ ပြောင်းလဲသွားကဲ့သို့ လျှပ်စီးစွမ်းအားများပင် မတူညီတော့ဘဲ နောက်ဆုံးတွင် အနီ၊ အဝါ၊ အစိမ်း စသဖြင့် တစ်ယောက်လျှင် အရောင်တစ်ရောင် ဖြစ်သွားကြ၏။

အရောင်ပြောင်းလဲသွားခြင်းက မိုးကြိုး ဂုဏ်သတ္တိကိုလည်း သက်ရောက်ပြီး ဥပမာပေးရလျှင် ရွှေရောင် မိုးကြိုးသည် သတ္တုကဲ့သို့ ခိုင်ခံ့ခြင်း၊ အနီရောင်မှာ ပူလောင်ခြင်းကဲ့သို့ ဖြစ်လာသည်။ မိုးကြိုးကိုးရောင်က စွမ်းအင်ကိုးမျိုး ပြောင်းလဲသွားကာ အထွတ်အထိပ် မိုးကြိုးမျိုးစေ့၏ ရာနှုန်းပြည့် စွမ်းအား ထွက်ပေါ်လာခဲ့လေသည်။

"လာစမ်း"

မိုးကြိုးဧကရာဇ် ကိုးယောက်က ​အမိန့်ပေးလိုက်သောအခါ ထာဝရ မိုးကြိုးဆေးအို၏ အစိတ်အပိုင်းများ ကွဲထွက်လာ၍ လှံတစ်ချောင်းစီအဖြစ် ရောက်ရှိလာကြ၏။ ၎င်းတို့ကို ရောင်စုံမိုးကြိုးများက ရစ်ပတ်၍ ပြောင်းလဲသွားစေကာ ပိုမိုကြမ်းကြုတ်လာသဖြင့် ယွမ်ရှောင်သည် မုန်တိုင်းအကြားမှ ငှက်ငယ်လေးပမာ သေးကွေးနေသည်။

"ဒီလောက် သန်မာတာကို နတ်ဆိုးတွေနဲ့ တိုက်ခိုက်မယ့်အစား အားနည်းသူကို အနိုင်ကျင့်ချင်နေတယ်။ အတော် ကျက်သရေ ယုတ်တာပဲ။ ဒါက ကောင်းကင်ရုံးတော်ရဲ့ ကာကွယ်သူပေါ့"

ယွမ်ရှောင်က ရန်သူ ခွန်အားကြီးမားလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်ကာ မိုးကြိုးဧကရာဇ်သည် မည်မျှ သန်မာစေကာမူ ထိုက်ဝေ ခိုင်းသမျှ လုပ်ရသော နောက်လိုက်ခွေး ဖြစ်နေသည်။ ထို့နောက် သူက သိုလှောင်အိတ်ကို သွန်ချလိုက်သောအခါ ဓားနှလုံးသားတစ်ထောင်ကျော် ထွက်ကျလာပြီး ပိုင်နက်အမှတ်အသားများလည်း မြင်နိုင်ပြီး ပိုင်ရှင် သေဆုံးသွားသည့်တိုင်အောင် မပျက်စီးသော အရာများ ဖြစ်လာခဲ့၏။ သာမန်မျက်စိဖြင့် ကြည့်လျှင်ပင် တစ်ခုချင်းစီက အလွန်တရာ အစွမ်းထက်သော်လည်း လူသားမျိုးနွယ်ကို ကာကွယ်ရမည့်အစား သေမျိုးများကို အနိုင်ကျင့်ရင်း သေသွားခဲ့ကြသည်။ ထို့ကြောင့် သူက လေးလေးစားစား လုပ်မနေဘဲ အကုန်လုံးကို ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်ထံ အစာကျွေးပစ်လိုက်၏။

ဓားပတ်ဝန်းကျင်၌ မိုးပြာရောင် စွမ်းအင်မုန်တိုင်းကြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုက်ခတ်၍ အတွင်း၌ တွန့်လိမ်ရှုံ့တွနေသော ဓားသမား ဝိညာဥ်များကိုပင် မြင်နိုင်သည်။ တဘုန်းဘုန်း ပေါက်ကွဲသံများနှင့်အတူ ၎င်းက အားလုံးကို ဝါးမျိုပစ်လိုက်သောအခါ ဓားသွားမှ စတင်၍ ဟင်းလင်းပြင် အက်ကြောင်းများ ပြန့်ထွက်လာကာ မိုးကြိုးဧကရာဇ်၏ စွမ်းအားကိုပင် အုပ်မိုးနေခဲ့၏။

ဓားကို ကိုင်ဆောင်ထားသော ယွမ်ရှောင်က အသက်ရှူကြပ်မတတ် ဖြစ်နေပြီး ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက်ကဲ့သို့ အစွမ်းထက်လာသည့်အပြင် စကြဝဠာအတွင်းမှ အလင်းရောင်ပင် မှေးမှိန်သွားသည်။

"ဟင်"

မိုးကြိုးဧကရာဇ် ကိုးယောက်လုံး မျက်မှောင်ကြုတ်ပြီး သူ နှိပ်စက်ခဲ့သော လူငယ်လေး ခဏအတွင်း စွမ်းအားများ တဟုန်ထိုး မြင့်တက်လာကြောင်း မျက်မြင်တွေ့လိုက်ရ၏။ သူတို့က အချိန်မဆွဲလိုသောကြောင့် လှံကြီးများကို ချက်ချင်း ပစ်ချလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်အထက်တွင် ဓားနှလုံးသား တစ်ထောင်ကျော်၏ စွမ်းအားများ စုစည်းသွားခဲ့သည်။

"သေလိုက်တော့"

ယွမ်ရှောင်က ဓားကို အားအင်အပြည့်ဖြင့် ခုတ်ပိုင်းလိုက်သောအခါ ကြီးမားလှသော မိုးပြာရောင် ဓားအလင်းသည် ဟင်းလင်းပြင်ကို ဖြိုခွဲ၊ မိုးကြိုးစွမ်းအားကို ချေမှုန်း၍ လှံကိုးချောင်းအား ဖြတ်သန်းသွားသည်။ ၎င်းတို့က တုန်ခါသွားပြီး ဓားစွမ်းအင် မုန်တိုင်းအလယ် လွင့်ပါ၍ ဘုန်းခနဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့၏။

"ဘုန်း"

ထိုဓားချက်အောက်တွင် မိုးကြိုးဧကရာဇ် ကိုးယောက်လုံး ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန် ထိခိုက်ကာ ပြန်လည် ပေါင်းစည်း၍ ပျံသန်းနေရာမှ ပြုတ်ကျလာသ​ဖြင့် နတ်သင်္ဘောကြီး၏ ကုန်းပတ်အထက် သွေးအလိမ်းလိမ်း ဖြစ်သွားသည်။ မိုးကြိုးစွမ်းအားများ တဖြတ်ဖြတ် လင်းလက်၍ အသားစများ အပုံလိုက်ကြီးသည် ယွမ်ရှောင် ရှေ့မှောက်တွင် ရှိနေခဲ့၏။

"ကြီးကျယ်မြင့်မြတ်တဲ့ မိုးကြိုးကိုးပါး ဧကရာဇ် ဟုတ်လား။ အခုတော့ မင်း အထင်သေးခဲ့တဲ့ သေမျိုးတွေလို အသေဆိုးနဲ့ သေရတာပဲ။ ကိုးယောက်ဆိုတော့ အသားစိုင်ကြီးတောင် ​စုပုံသွားသေးတယ်"

အဖြူရောင်ဝတ်ရုံ သေမင်းသည် စုတ်ပြတ် ပျက်စီးနေသော ခန္ဓာကိုယ် ကိုးခု၏ အသားစများအထက် တက်နင်းပြီး ထွီခနဲ တံတွေးတစ်ချက် ထွေးချလိုက်လေသည်။

အပိုင်း ၆၆၂ - မိုးကြိုးမျိုးစေ့ လွှဲပြောင်းခြင်း

မိုးကြိုးဧကရာဇ်သည် လက်ရှိတွင် ကုန်းပတ်ကြမ်းပြင်၌ သွေးချင်းချင်းနီနေသော အသားပုံကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဓားဌာန ဘိုးဘေးများ၏ ဓားနှလုံးသားများတွင် ဓားပိုင်နက်ပေါင်း တစ်သိန်းမက ရှိနေပြီး စွမ်းအားက ယခင်အောက် များစွာ လျော့ကျသွားကာ အကောင်းဆုံး အချိန်များကဲ့သို့ မဟုတ်သော်လည်း စုစည်းလိုက်သောအခါ ပြင်းထန်လွန်း၏။ ၎င်းတို့၏ စွမ်းအားက ကောင်းကင်ရုံးတော်၏ ဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်သည်ထက် ပိုနေသောကြောင့် တစ်ဝက်မျှ ချန်မထားမိသည်မှာ နောင်တရစရာပင်။ ပိုင်ရှင်များ အသက်ရှင်စဥ်က မိုးကြိုးဧကရာဇ်နှင့် စွမ်းအားချင်း မကွာလှသော အစွမ်းထက် ဓားသမားများ ဖြစ်သောအခါ ဓားနှလုံးသား ငါးရာက သူ့ကို နိဂုံးချုပ်ပေးရန် လုံလောက်ပေလိမ့်မည်။ ကြောက်ခမန်းလိလိ များပြားသော စွမ်းအားများ ပါဝင်သည့် ဓားချက်အောက်တွင် ကိုယ်ပွားများရော၊ ထာဝရ မိုးကြိုးဆေးအိုးမှာ လုံးဝ မခုခံနိုင်ဘဲ အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

မိုးကြိုးဧကရာဇ်သည် နောက်ဆုံးထွက်သက်အထိ နားမလည်နိုင်ခဲ့သောကြောင့် အကြွင်းအကျန် ဝိညာဥ်က ရေရွတ်လိုက်သော်လည်း အတွေးရတနာ ကျင့်စဥ်ကြောင့် ယွမ်ရှောင်၏ မူလဝိညာဥ်အတွက် စုပ်ယူခံလိုက်ရသည်။ သူက အလောင်းများကို နင်းဖြတ်၍ လျှောက်လှမ်းလာသောအခါ အမျိုးသမီးသုံးယောက်သည် နေရာတွင် မျက်လုံးအပြူးသား ရှိနေကြပြီး အသက်ပင် ရဲရဲ မရှူဝံ့ကြပေ။ နောက်ခံ၊ စွမ်းအား၊ အကျင့်စရိုက် ကွဲပြားကြသော သုံး​ယောက်လုံး ဤတစ်ကြိမ်တွင် ထပ်တူကျသော ခံစားချက်မျိုးကြောင့် ဦးရေပြားပင် ထုံကျင်သွားသည်။

"မိုးကြိုးဧကရာဇ် သေပြီ"

ယုယင်က ပထမဆုံး သတိပြန်ဝင်လာကာ မျက်ဝန်းများတွင် အစွန်းရောက် ကိုးကွယ်ယုံကြည်မှုများ စတင် ထင်ဟပ်လာကာ ယွမ်ရှောင်ကို ရုပ်ရည်ချောမောသော လူငယ်လေးအစား ရန်သူအားလုံးကို အနိုင်ယူနိုင်သည့် နတ်ဘုရားကြီးအဖြစ် အမြင်ပြောင်းလဲသွားသည်။ ကူစုဝမ်သည် အပျော်ဆုံး ဖြစ်နေခဲ့ပြီး မိုးကြိုးဌာန၏ ခေါင်းဆောင်အကြောင်း လူတိုင်းထက် ပိုသိထားသောကြောင့် ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်ခံလိုက်ရသည်မှာ မယုံနိုင်စရာ ဖြစ်နေ၏။ ထိုဓားချက်သည် သူမ၏ စိတ်အတွင်းပိုင်းသို့ ထိုးဖောက် ဝင်ရောက်သွားဟန်ဖြင့် သဘောထား ပြောင်းလဲကာ ကောင်းကင်ရုံးတော် ပြောင်းလဲခံရတော့မည် ဖြစ်ကြောင်း ယုံကြည်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချောင်ရူသည် အံ့​သြမင်သက်သွားသော်လည်း ပို၍ လက်ခံနိုင်စွမ်း ရှိသဖြင့် ကျင့်သားရဟန်နှင့် သူတို့ကို ရယ်မောကာ စကားစလိုက်သည်။

"နင်တို့ကို သူ နိုင်မှာပါလို့ ငါ မပြောဘူးလား"

ထိုအချိန်တွင် ယွမ်ရှောင်နှင့် ကြယ်ပြာသည် စိတ်ချင်းဆက်သွယ်၍ ဆွေးနွေးနေကြပြီး အချက်တစ်ချက် သိလိုက်ရသဖြင့် စိတ်ပျက်သွားပုံပေါ်သည်။

"ဒါဆိုရင် ဒီမျိုးစေ့က ငါ့အတွက် ဘာမှအသုံးမဝင်ဘူးလား"

သူက မိုးကြိုးဧကရာဇ်၏ ကိုယ်ပွားစွမ်းရည်ကို သဘောကျနေခြင်း ဖြစ်ပြီး ရန်သူကို တိုက်ခိုက်ရန် ကိုးယောက် ခွဲထွက်နိုင်လျှင် အသာစီးရပေလိမ့်မည်။

"ဒါက ခွဲထွက်ခြင်းအပေါ် အခြေခံထားတာ။ မင်းက စုပ်ယူဝါးမျိုပြီး ပေါင်းစည်းတာကို ကျင့်ကြံနေတယ်။ ရေတိုအတွက်ပဲ အသုံးဝင်လိမ့်မယ်။ တကယ်လို့ မူလကိုယ်ကို ကိုးယောက်အထိ ခွဲပစ်လိုက်ရင် သဘောသဘာဝ မတူညီလို့ အနာဂတ်ကိုတောင် ကန့်သတ်ပစ်လိုက်နိုင်တယ်"

"ဒါဆိုရင် ထားလိုက်ပါ"

ကြယ်ပြာက ရှင်းပြသဖြင့် သူ အတင်းအကြပ် မလုပ်ချင်တော့ပေ။

"မင်းအတွက် အသုံးမဝင်ပေမယ့် တခြားတစ်ယောက်ကို ပေးလိုက်လေ။ ချောင်ရူကို ယင်ယန် မိုးကြိုးမီးဖို တည်ဆောက်ပုံ သင်ထားတယ်မလား။ တစ်နည်းပြောရရင် မင်းတို့က နှစ်ကိုယ်တူ ကျင့်ကြံခြင်းကြောင့် ဆက်သွယ်မိသွားပြီ။ သူမက အစစ်အမှန် အင်မော်တယ်ဆိုတော့ နည်းနည်းလောက် ကူညီပေးလိုက်ရင် သေချာပေါက် ရတယ်"

ကြယ်ပြာ၏ အကြံပေးချက်ကြောင့် မဟာတာအို နယ်​မြေတွင် စိတ်ချရသော နောက်လိုက်တစ်ယောက် လိုချင်နေသည့် ယွမ်ရှောင်အတွက် စဥ်းစားစရာ ဖြစ်လာသည်။ ချောင်ရူက တမန်တော်များအနက် သန်မာသော်လည်း ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ယှဥ်နိုင်စွမ်း မရှိသေးသဖြင့် သေချာပေါက် မြှင့်တင်ပေးရပေလိမ့်မည်။

"ဘယ်လိုလုပ်ရမလဲ"

"အရင်ဆုံး မျိုးစေ့ကို မင်းရဲ့ ခန္ဓာကိုယ်ထဲ စုပ်ယူပြီး မိုးကြိုးတည်ဆောက်ပုံနှစ်ခု ဆက်သွယ်ရင်း ပို့ပေးလိုက်။ ဂရုတစိုက် ထိန်းချုပ်ရမယ်။ နည်းနည်းလောက် မှားတာနဲ့ ပေါက်ကွဲပြီး သေသွားနိုင်တယ်နော်"

ကြယ်ပြာက နှစ်ကိုယ်တူ ကျင့်ကြံရမည် ဖြစ်ကြောင်း ရယ်မောကာ ပြောလိုက်သောအခါ ယွမ်ရှောင်အတွက် ထူးဆန်းသွားသော်လည်း ရှက်ရွံ့မနေခဲ့ပေ။ သူက အမျိုးသမီးသုံးယောက်ကို မိုးကြိုးနတ်သင်္ဘောကြီးထံ လှမ်းခေါ်လိုက်ပြီး ရောက်လာကြသောအခါ ချောင်ရူမှလွဲ၍ ကျန်နှစ်ယောက်သည် နောက်လိုက်များပမာ ဦးညွှတ်လိုက်ကြသည်။

"ငါနဲ့ ခဏလိုက်ခဲ့။ မင်းတို့က ဒီမှာ စောင့်နေ"

"ဟုတ်ကဲ့"

မိုးကြိုးဧကရာဇ်ကို သတ်ပြီးပြီးချင်း ချောင်ရူနှင့် သီးသန့်တွေ့ဆုံမည်ဟု ဆိုသောကြောင့် သူတို့ ဇဝေဇဝါ ဖြစ်သွားသော်လည်း ချက်ချင်း ခေါင်းညိတ်ခဲ့ကြသည်။

"ဘာတွေလျှို့ဝှက်နေတာလဲ မသိပါဘူး"

ချောင်ရူက မျက်စောင်းတစ်ချက် ထိုးပြီး သင်္ဘောဝမ်းထဲသို့ သူ့နောက်မှ လိုက်ပါလာခဲ့သည်။ သီးသန့်အခန်းတစ်ခုသို့ ရောက်သောအခါ အဝတ်အစားများ စုတ်ဖြဲခံလိုက်ရသဖြင့် သူမကို ရင်ခုန်မြန်သွားစေသည်။

"အဲ့လောက်တောင် ဖြစ်နေတာလား"

"ဘာလဲ။ မင်းက မလိုချင်ဘူးလား"

ယွမ်ရှောင်က မေးလိုက်သောအခါ သူမသည် ခေါင်းငုံ့၍ ခပ်တိုးတိုး တောင်းဆိုလိုက်လေသည်။

"မိုးကြိုးမုန်တိုင်း တိုက်သလို ကြမ်းကြမ်းလေး ပေးပါ"

ကုန်းပတ်ပေါ်တွင် ယုယင်နှင့် ကူစုဝမ်က စကားဝိုင်းတစ်ခု စတင်နေသည်။

"သူက အရမ်း အစွမ်းထက်လွန်းတယ်"

"လူသား မဆန်လောက်အောင်ကို ကြောက်စရာကောင်းလွန်းတယ်"

သူတို့က အမြင်ချင်း တူညီပြီး ယခုအခါ တစ်လမ်းတည်း လျှောက်နေသော မိတ်ဆွေများ ဖြစ်ကြောင်း သိရန် ထုတ်ပြောရန်ပင် မလိုတော့ချေ။

"သူက ချောင်ရူနဲ့ နှစ်ကိုယ်ကြား ဘာလို့ တွေ့ချင်ရတာလဲ"

"ငါတို့ကို မသိစေချင်လို့ ဖြစ်မှာပေါ့"

ကူစုဝမ်က စပ်စုလိုစိတ်ဖြင့် ရေရွတ်လိုက်သောအခါ ယုယင်လည်း စိတ်ပျက်လက်ပျက် ဖြစ်နေပုံပေါ်သည်။ ဤအချက်က သူတို့အပေါ် မယုံကြည်ဟု ဆိုလိုသောကြောင့် နှစ်ယောက်လုံး အကြည့်ချင်းဖလှယ်၍ စိတ်မကောင်း ဖြစ်သွားကြသည်။ သို့သော် ထိုအချိန်မှာပင် ချောင်ရူ၏ အော်သံများ စတင်ထွက်ပေါ်လာသောကြောင့် အပျိုဖြန်းလေးများ မဟုတ်သော မိန်းမနှစ်ယောက်လုံး အခြေအနေကို ကောင်းကောင်း နားလည်လိုက်ကြ၏။

"သူတို့က တံခါးတောင် သေချာ ပိတ်မထားဘူး"

နှစ်ယောက်လုံးက ထူးထူးဆန်းဆန်း ခံစားလိုက်ရပြီး ကူစုဝမ်သည် အသံတုန်တုန်ယင်ယင်နှင့် ပြောလိုက်သောအခါ အသက်အကြီးဆုံး ဖြစ်သော်လည်း အတွေ့အကြုံ မရှိသော ယုယင်မှာ အရှက်သည်းနေ၏။

"ဘာလို့ ဒီလောက် ကျယ်နေရတာလဲ။ သူက အိပ်ရာပေါ်မှာရော တော်လွန်းလို့များလား"

"ဟန်ဆောင်ပြီး အော်နေတာလည်း မဟုတ်ပါဘူး"

"ငါ ချောင်းကြည့်မယ်"

ဤအခြေအနေက သိချင်စိတ်ကို လှုံ့ဆော်ခံလိုက်ရသဖြင့် ကူစုဝမ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သောအခါ ယုယင်လည်း တိတ်တဆိတ် လိုက်ပါလာခဲ့၏။ ကုန်းပတ်ပေါ်မှ သင်္ဘောဝမ်းသို့ ခရီးက တိုတောင်းသော်လည်း အမျိုးသမီးနှစ်ယောက်သည် သိချင်စိတ်ကြောင့် သိက္ခာကို ဘေးချိတ်ကာ ​ခိုးကြောင်ခိုးဝှက် ဆင်းလာကြရ၏။

"အာရုံစိုက်ထားပြီး မိုးကြိုးမီးဖို တည်ဆောက်ပုံကို ဖွင့်ထားလိုက်။ ငါ အခု လွှဲပေးမယ်"

ယွမ်ရှောင်က တိုးတိုးလေး အသိပေးလိုက်သောအခါ ချောင်ရူသည် ခပ်လေးလေး ပြန်ဖြေလာ၏။

"ငါ...ငါ အားမရှိတော့ဘူး"

သို့သော်လည်း သူက လုံးဝလျစ်လျူရှုထားပြီး မိုးကြိုးမျိုးစေ့ကို သူမထံ ဖြည်းဖြည်းချင်း စတင်လွှဲပြောင်းပေးလိုက်ကာ အပြည့်အဝ အာရုံစိုက်ထား၏။

"ဒါက မိုးကြိုးဧကရာဇ်ရဲ့ ကိုယ်ခွဲစွမ်းရည်ပဲ။ အဲ့တာကို မင်းဆီ လွှဲပေးနေတာ၊ မိုးကြိုးမီးဖိုနဲ့ ပေါင်းစပ်ပြီး ကိုးခု ခွဲထုတ်လိုက်။ ငါနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ပေါ့ဆလို့ မရဘူး"

"ဟုတ်ကဲ့"

အေးစက်စက် အငေါက်ခံလိုက်ရသကဲ့သို့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော အရာမျိုး ဖြစ်နေသောအခါ ချောင်ရူက နာခံစွာ ပြုမူနေသည်။

"ဝုန်း"

အချိန်တစ်ခုအကြာတွင် ရုတ်တရက် ဖြစ်ပေါ်လာသော ရောင်စုံလျှပ်စီးကြောင်းများက နှစ်ယောက်လုံးကို ဗဟိုပြုကာ စွမ်းအင်လုံးကြီး ဖွဲ့စည်းသွား၏။ ၎င်းအတွင်းမှ ပေါက်ကွဲသံ တဘုန်းဘုန်း ထွက်ပေါ်လာသောကြောင့် နတ်သင်္ဘောကြီးကို အဆက်မပြတ် တုန်ခါစေပြီး တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်ရန်ပင် မလွယ်တော့ပေ။

ကြောက်မက်ဖွယ် မိုးချုန်းသံများနှင့် အလင်းတန်း ရုတ်ချည်း ဖြစ်ပေါ်လာသောကြောင့် ယုယင်မှာ အခြေအနေကို နားလည်သွားရန် အချိန်မယူလိုက်ရပေ။

"ကြည့်ရတာ သူက မိုးကြိုးဧကရာဇ်ရဲ့ စွမ်းအားတွေကို ချောင်ရူဆီ လွှဲပေးလိုက်ပြီ ထင်တယ်"

"စတင်ပြီး ခွဲထွက်နေပြီ"

တံခါးဝမှ ချောင်းကြည့်နေသော ကူစုဝမ်က ခပ်တိုးတိုး ရေရွတ်နေစဥ် ချောင်ရူ၏ အသံမှာ တစ်စတစ်စ အရေအတွက် တိုးလာနေသည်။

"အောင်မြင်သွားပြီ"

နောက်ဆုံးတွင် ကိုယ်ပွားကိုးယောက် ဝုန်းခနဲ ခွဲထွက်သွားသောအခါတွင်မှ ယွမ်ရှောင်က သက်ပြင်းချလိုက်နိုင်၏။ သူမသည် မိုးကြိုးမျိုးစေ့ကို အောင်အောင်မြင်မြင် စုပ်ယူနိုင်ခဲ့ပြီး တစ်ယောက်ချင်းစီတွင် မိုးကြိုးမီးဖိုများ ပိုင်ဆိုင်ထားကြသဖြင့် အနာဂတ်အလားအလာတွင် မိုးကြိုးဧကရာဇ်ထက်ပင် ကျော်လွန်သွားနိုင်သည်။ ကိုးယောက်လုံးသည် ဆွဲဆောင်မှု ပြင်းထန်သော မိန်းမလှများ ဖြစ်ကြပြီး ဆံပင်နှင့် မျက်လုံးအရောင်များပါ ပြောင်းလဲသွားခြင်း ဖြစ်သည်။ မီးတောက်ပမာ ရဲရဲနီသော ဆံပင်ရှည်များ ဖြာကျ၍ ညှို့ငင်နိုင်လှသော ချောင်ရူ၊ ရွှေရောင်တောက်တောက် ဆံပင်ဖြင့် ခမ်းနားထည်ဝါသည့် ချောင်ရူ၊ စီးဆင်းနေသော ရေပမာ အပြာရောင်ဆံနွယ်ပိုင်ရှင် ချောင်ရူ စသဖြင့် စိတ်ကူးယဥ်စရာ ကောင်းလွန်းကာ ထူးခြားလှပသော ဆွဲဆောင်အားတစ်မျိုးစီ ပိုင်ဆိုင်သွားခဲ့ကြလေသည်။

All Chapters