← Chapters

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း (၃၉၂)

မြို့ထဲရှိ စစ်စခန်းသို့ ရောက်သောအခါ စခန်းတံခါးဝတွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က စောင့်နေခဲ့သည်။ သူမက ကျောက်ရင်ပင်ဖြစ်သည်။

" အစ်ကို နောက်ဆုံးတော့ ပြန်လာပြီပေါ့။ " ကျောက်ရင်က သွေးများ ပေကျံနေသော ကျောက်ဖုန်းကို မြင်သောအခါ ချက်ချင်း ပြေးသွားခဲ့သည်။

ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းလာပြီး သူ ညစ်ပတ်နေသည်ကို ပြောရန် ပြင်လိုက်သည်။ သို့သော် ကျောက်ရင်က ဂရုမစိုက်ဘဲ သူ့အနီးသို့ ပြေးလာခဲ့သည်။

" အစ်ကိုကို စိတ်ပူနေတာ။ ဘာမှမပြောဘဲ ရန်သူနယ်မြေထဲဝင်သွားတယ်။ " ကျောက်ရင်က မျက်ရည်များ စီးကျလာပြီး ပြောလိုက်သည်။ သူမက အသက် ၂၂နှစ် ရှိနေပြီဖြစ်သော်လည်း ကျောက်ဖုန်း၏ ရှေ့တွင် သူမက ကလေးမလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။

" အစ်ကို အရမ်းညစ်ပတ်နေတာ မမြင်ဘူးလား။" ကျောက်ဖုန်းက ကျောက်ရင်၏ ခေါင်းကို ပွတ်ပြီး ပြောလိုက်သည်။

" အစ်ကို အသက်ရှင်လျက်ပြန်လာတာ ကောင်းတယ်။ " ကျောက်ရင်က ခေါင်းမော့ပြီး ပြောလိုက်သည်။

" တိုင်းတစ်ပါးလူမိုက်တွေက အစ်ကိုကို သတ်ဖို့က မဖြစ်နိုင်တဲ့ ကိစ္စပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

" နောက်ထပ်မသွားတော့ဘူးမဟုတ်လား။ " ကျောက်ရင်က ကျောက်ဖုန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

" တုန်ဟူနန်းတော်ကို အစ်ကို ဖျက်ဆီးပြီးပြီ။ ပြန်သွားစရာမလိုတော့ပါဘူး။ ဒါပေမယ့် တိုက်ပွဲတစ်ခုတော့ ရှိဦးမယ်။ ပြီးရင်တော့ အစ်ကိုတို့ ရှန်းယန်ကို ပြန်ကြမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူက တုန်ဟူဘုရင်ကို ကြီးမားသော ဆုံးရှုံးမှုဖြစ်အောင် လုပ်ခဲ့သောကြောင့် တုန်ဟူဘုရင်က သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။ တုန်ဟူက စစ်တပ်တစ်ခု စေလွှတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ကျောက်ဖုန်းက တုန်ဟူဘုရင်ကို မကြောက်ပေ။

တုန်ဟူဘုရင်က စစ်တပ်ကို ဦးဆောင်လာလျှင်တောင် မကြာခင် ပြန်လည်ဆုတ်ခွာသွားရမည်ဖြစ်သည်။ သူတို့က စစ်ဆင်ရေးကို ဆက်လုပ်ရန် ရိက္ခါလုံလောက်မည်မဟုတ်ပေ။ ကျောက်ဖုန်းက သူတို့ကို ရှန်ပင်းမြို့တွင် စောင့်ရန် ရည်ရွယ်ထားသည်။ သူတို့လိုက်လာလျှင် ကျောက်ဖုန်းက သူတို့နှင့် တိုက်ခိုက်ပေးမည်ဖြစ်သည်။

" မိန်းကလေးကျောက် အရင်ဆုံး စစ်သေနာပတိချုပ်ကို ရေချိုးခိုင်းလိုက်ပါဦး။ ဒီစစ်ဆင်ရေးတစ်လျှောက်လုံး စစ်သေနာပတိချုပ် ရေမချိုးရသေးဘူး။ " လီယောင်က ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

လီယောင်က ကျောက်ဖုန်းနှင့် စစ်သည်များကို ကြည့်ပြီး သူမ၏ လက်ကို အမြန်လွှတ်လိုက်သည်။

" အဲ့ဒါဆို အစ်ကို ရေသွားချိုးလိုက်ဦးလေ။ ညီမ သမားတော်တွေကို စခန်းမှာ စုစည်းလိုက်မယ်။ ပြီးရင် စစ်ဆင်ရေးက ပြန်လာတဲ့ စစ်သည်တွေကို စစ်ဆေးပေးမယ်။ " ကျောက်ရင်က နူးညံ့စွာ ပြောလိုက်သည်။

" ကောင်းပြီ။ ဒီတစ်ခါ ညီအကိုအားလုံး ဒဏ်ရာရထားကြတယ်။ သူတို့ကို တကယ်စစ်ဆေးသင့်တယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" ညီအကိုတို့ ရေချိုးဖို့ သွားကြတော့။ ငါတို့ဆီက ပုပ်စော်နံနေပြီ။ " ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းပြီး စခန်းထဲသို့ ဝင်ရောက်သွားသည်။

ထောက်ပို့တပ်ဖွဲ့။

စစ်သည်များက တစ်ယောက်ပြီး ရေနွေးအိုးများ တည်နေကြသည်။ ထိုနေရာတွင် သစ်သားစည်ပိုင်း ထောင်ချီကို စီစဉ်ထားပြီး အထဲတွင် ရေများဖြည့်ထားသည်။

" စစ်သေနာပတိချုပ်ကို ကြိုဆိုပါတယ်။ " ယန်ပိုက ကျောက်ဖုန်းကို နှုတ်ဆက်ဘိုက်သည်။

" ပြင်ဆင်ထားတာ အံ့ဩစရာပဲ။ သစ်သားစည်ပိုင်းတွေလည်း အများကြီးပါလား။ " ကျောက်ဖုန်းက အနည်းငယ် အံ့ဩသွားသည်။

" စစ်သေနာပတိချုပ် ကျွန်တော် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားတာပါ။ ဒီသစ်သားစည်ပိုင်းတွေက အသစ်တွေပါ။ ပြီးတော့ ရေထဲမှ ကုသရေးဆေးမှုန့်တွေလည်း ထည့်ထားပါတယ်။ " ယန်ပိုက ချက်ချင်း ပြန်ဖြေလိုက်သည်။

" တော်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ချီးကျူးလိုက်သည်။ သူက သစ်သားစည်ပိုင်းတစ်ခုဆီသို့ လျှောက်သွားသည်။

" ညီအကိုတို့ ယဉ်ကျေးနေစရာမလိုဘူး။ သေချာသန့်စင်အောင် လုပ်ကြ။ " ကျောက်ဖုန်းက ချပ်ဝတ်တန်ဆာများကို ချွတ်ပြီး စည်ပိုင်းထဲသို့ ခုန်ဆင်းသွားသည်။

" အမိန့်အတိုင်းပါ။ " စစ်သည်များကလည်း သူတို့၏ ချပ်ဝတ်များကို ချွတ်လိုက်ကြသည်။

သူတို့၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ထောက်ပို့တပ်သားများက အံ့ဩသွားကြသည်။ အကြောင်းမှာ စစ်သည်တိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာများနှင့် မြားဒဏ်ရာအမာရွတ်များ ရှိနေကြသည်။ သူတို့၏ စစ်သေနာပတိချုပ်ကလည်း ချွင်းချက်မရှိဘဲ အပေါ်ပိုင်းခန္ဓာကိုယ်တွင် ဒဏ်ရာအပြည့်ရှိနေသည်။

" မြောက်ဘက်နယ်စပ်မှာ အကြာကြီး တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတော့ လွတ်လွတ်လပ်လပ် ပျော်နိုင်ပြီပေါ့။ "

" ညီအကိုတို့ ဒါက ထောက်ပို့တပ်က ညီအကိုတွေ ပြင်ဆင်ပေးထားတာပဲ။ ငါတို့ အလကား မဖြုန်းတီးသင့်ဘူး။ "

" စစ်သေနာပတိချုပ် ကျွန်တော်တို့ ဘယ်တော့ သောက်ရမလဲ။ ဒီမှာ တအားသောက်ချင်နေပြီ။ "

" ဟုတ်တယ်။ ကျွန်တေယ်လည်း သောက်ချင်နေပြီ။ "

စစ်သည်တိုင်းက စည်ပိုင်းထဲတွင် စိမ်ရင်း ရယ်မောကာ ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

" စိတ်ချပါ။ ငါပေးထားတဲ့ ကတိကို မမေ့ပါဘူး။ " ကျောက်ဖုန်းက ပြုံးပြီး ယန်ပိုကို ကြည့်လိုက်သည်။ " စစ်သူကြီးယန် ကြားတယ်မဟုတ်လား။ "

" ကြားပါတယ် စစ်သေနာပတိချုပ်။ ထောက်ပို့တပ်က ပြန်လာတဲ့ စစ်သည်အားလုံးအတွက် ဝိုင်နဲ့ အသားတွေ အဝစားသောက်နိုင်အောင် ပြင်ဆင်ပေးပါမယ်။" ယန်ပိုက ပြုံး၍ ပြန်ပြောလိုက်သည်။

" ပြီးတော့ စစ်သည်တွေအတွက် ဝတ်စုံတွေ ပြင်ဆင်ခိုင်းထားလိုက်ဦး။ သူတို့သံချပ်ကာတွေကို ထောက်ပို့တပ်က ညီအကိုတွေကို သန့်ရှင်းခိုင်းလိုက်။ ပျက်စီးနေတာတွေကိုလည်း အသစ်ပြန်လဲရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယန်ပိုက ပြန်ဖြေလိုက်သည်။

ကျောက်ဖုန်းက စည်ပိုင်းကို မှီပြီး အေးချမ်းမှုကို ခံစားလိုက်ရသည်။ တုန်ဟူနယ်မြေတွင် သူက အနားယူခဲ့လျှင်တောင် သူ၏ နတ်ဘုရားအာရုံကို အမြဲတမ်း ဖြန့်ကျက်ထားခဲ့ရသည်။ ထို့ကြောင့်လည်း သူတို့က တုန်ဟူစစ်တပ်၏ ဝန်းရံမှုမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ယခု သူက ရှန်ပင်းမြို့သို့ ရောက်နေပြီဖြစ်သောကြောင့် စိုးရိမ်စရာမလိုဘဲ နေနိုင်ပြီဖြစ်သည်။ သူသာမက စစ်သည်များက စိတ်သက်သာမှုကို ခံစားနေရပြီး အချို့ဆို ရေစိမ်ရင်း အိပ်ပျော်နေကြသည်။

" ရန်သူတွေ သတ်ဖြတ်မှုစွမ်းရည်တွေကို တွက်ချက်မယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။

" ပိုင်ရှင်ရဲ့ စစ်သည်တွေက ရန်သူ ၅၈၆၇၃၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး စွမ်းရည်အမှတ် ၁၄၆၆၈၃ မှတ် ရရှိပါတယ်။ "

အစစ်အမှန်ချီ - ၁၅၄၉၃ မှတ်

ခွန်အား - ၁၇၃၂၉ မှတ်

အ​မြန်နှုန်း - ၁၇၁၂၃ မှတ်

ရုပ်ခန္ဓာ - ၁၅၃၂၁ မှတ်

စိတ်ဝိညာဉ် - ၁၄၃၄၅ မှတ်

သက်တမ်း - ၆၇၀၇၂ ရက်

စနစ်မှ အသိပေးချက်များကို ကြည့်ပြီး ကျောက်ဖုန်းက ပြုံးလိုက်သည်။ ဤတစ်ကြိမ် အကျိုးအမြတ်များက​ အမှန်တကယ် ကြီးမားလှသည်။

" စွမ်းရည်အမှတ် လေးသောင်းကျော်သွားတဲ့အတွက် အဆင့်နှစ်ရတနာသေတ္တာ တစ်လုံး ရရှိပါတယ်။ "

" စွမ်းရည်အမှတ် ငါးသောင်း ကျော်သွားတဲ့အတွက် အဆင့်နှစ် ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ "

ကျောက်ဖုန်းက သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများ တိုးတက်လာသည့် စိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်ကို တစ်ဖန် ခံစားလိုက်ရသည်။

နာမည် - ကျောက်ဖုန်း

အသက် - ၂၂ နှစ်

အစစ်အမှန်ချီ - ၅၁၃၁၂ မှတ်

ခွန်အား - ၅၃၃၄၅ မှတ်

အမြန်နှုန်း - ၅၃၂၃၀ မှတ်

ရုပ်ခန္ဓာ - ၅၁၀၉၃ မှတ်

စိတ်ဝိညာဉ် - ၅၂၉၄၇ မှတ်

ဝိညာဉ်စွမ်းအား - ၆၇၅၄ မှတ်

သက်တမ်း - ၄၇၁ နှစ် ၂၄၈ ရက် (နယ်ပယ်သက်တမ်း ၅၀၀ စည်းမျဉ်းတစ်ခု၏ ဖိနှိပ်ခြင်းခံထားရသည်။ )

စွမ်းရည်အမှတ် - ၁၁၂၅ မှတ်

သိုလှောင်နေရာ - ၅၀၉၉ ကု​ဗမီတာ

ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း

" စွမ်းရည်အားလုံး ငါးသောင်းကျော်သွားပြီ။ ငါ့ရဲ့ စွမ်းအားက ဘယ်အဆင့်ထိ ရောက်သွားပြီလဲသိချင်မိတယ်။ မဟာဆရာသခင်အထက်မှာ ရှန်ထုံအဆင့်ရှိတယ်။ ဒါပေမယ့် ရှန်ထုံအဆင့် အထွတ်အထိပ် ဖြစ်ရင်တောင် ငါ့ရဲ့ လက်သီးတစ်ချက်ကို ခံနိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။

သူက လက်ရှိလူသားကမ္ဘာတွင် ပြိုင်ဘက်ကင်းနေသည်။ ကျောက်ဖုန်းက သူ၏ ခွန်အားကို အပြည့်အဝ မထုတ်ဖော်ဖူးပေ။ ထို့ကြောင့် သူ ဘယ်လောက်သန်မာလဲ သေချာမသိနိုင်သေးပေ။ လက်ရှိအခြေအနေအရတော့ သူက မရှုံးနိမ့်နိုင်သော အဆင့်တွင် ရှိနေသည်။

" သက်တမ်းငါးရာ နီးကပ်လာပြီ။ သက်တမ်းကို ဖိနှိပ်တဲ့ စည်းမျဉ်းတွေက ငါ့ကို တကယ်ဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး။ နှစ်ငါးရာ ဒါက မင်းဆက်တစ်ခုရဲ့ သက်တမ်းပဲ။ " ကျောက်ဖုန်းက သူ၏ သက်တမ်းကို ကြည့်ပြီး ပြုံးလိုက်သည်။

" ရှန်းကျိုးနယ်မြေကို ပေါင်းစည်းပြီး ချင်နိုင်ငံ မကျဆုံးခင်အထိ နောက်ထပ် ဆယ်နှစ်ကျော် ကျန်သေးတယ်။ ဒီနှစ်တွေကို မဖြုန်းတီးသင့်ဘူး။ တောင်ဘက်ပဲဖြစ်ဖြစ် မြောက်ဘက်ပဲဖြစ်ဖြစ် အကုန်ဖြစ်နိုင်ပါတယ်။ ငါ စွမ်းရည်တွေကို နောက်တစ်ဆင့် မြင့်အောင် လုပ်နိုင်မှာ ငါ့အမေ အသက်ရှည်ရှည် နေနိုင်အောင် လုပ်ပေးနိုင်မယ့် အခွင့်အရေးကို ရှာတွေ့နိုင်လိမ့်မယ်။ "

ကျောက်ဖုန်းက တစ်ယောက်တည်း ထာဝရအသက်ရှည်နေသွားနိုင်ရန် မလိုလားပေ။ သူ၏ မိသားစု၊ သူ၏ လက်အောက်ငယ်သားများကိုလည်း ကျောက်ဖုန်းက ထာဝရအသက်ရှည်စေချင်ပြီး သူ၏ ဘေးတွင် အမြဲတမ်း ရှိနေစေချင်သည်။

သူ၏ စွမ်းရည်များ တစ်သိန်းကျော်သွားလျှင် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်ဟု ကျောက်ဖုန်းက ကြိုသိနေသည်။ ထိုအချိန်တွင် သူက အနည်းငယ် ပင်ပန်းလာသကဲ့သို့ ခံစားလိုက်ရပြီး သစ်သားစည်ပိုင်းထဲတွင် အိပ်ပျော်သွားခဲ့သည်။

မကြာမီ ထောက်ပို့တပ်ထဲနွင် ဟောက်သံများပင် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ ထောက်ပို့တပ်သားများအားလုံးက ၎င်းကို ကြားလိုက်ရပြီး သူတို့၏ လှုပ်ရှားမှုများကို အသံမထွက်စေရန် ဂရုစိုက် လုပ်ဆောင်လိုက်ကြသည်။ သူတို့က တိုင်းတစ်ပါးနယ်မြေတွင် လေးလတိုင်တိုင် တိုက်ခိုက်ရသောကြောင့် မည့်မျှပင်ပန်းနေမည်ကို လူတိုင်း စိတ်ကူးကြည့်နိုင်သည်။

စစ်​မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters