← Chapters

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း (၃၉၃)

စစ်စခန်းအတွင်း ကျောက်ရင်က သမားတော်များနှင့် စောင့်ဆိုင်းနေသည်။ ထိုအချိန်တွင် လီယောင်က လျှောက်လာသည်။

" ရင်အာ မင်း သမားတော်တွေခေါ်ပြီး အရင်သွားနှင့်လိုက်တော့။ စစ်သေနာပတိချုပ်က အိပ်ပျော်သွားပြီ။ " လီယောင်က နွေးထွေးစွာ ပြောလိုက်သည်။

ကျောက်ရင်က လီယောင်၏ ခေါ်ဝေါ်ပုံကို ရင်းနှီးနေပုံရပြီး ဘာမှမပြောခဲ့ပေ။

" တစ်ချိန်လုံး တိုက်ခိုက်ခဲ့ရတော့ ပင်ပန်းနေမှာပဲ။ ပြန်လာတဲ့ စစ်သည်တိုင်းအတွက် အားဖြည့်ဆေးရည်ပြုတ်ပြီး သူတို့ နိုးလာရင် သောက်ဖို့ ပေးလိုက်ကြ။ " ကျောက်ရင်က သမားတော်များကို လှည့်ပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " သမားတော်အားလုံးက ပြန်ပြောလိုက်ကြသည်။

စကား​ပြောပြီးနောက် ကျောက်ရင်က လီယောင်ကို တစ်ချက်ကြည့်ပြီး အခြားလမ်းတစ်ဖက်သို့ လျှောက်သွားသည်။

" ရင်အာ စစ်သေနာပတိချုပ် နိုးလာရင် လာခေါ်လိုက်မယ်။ " လီယောင်က ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " ကျောက်ရင်က ပြန်ပြောလိုက်သည်။

" ကိစ္စမရှိဘူး။ ဒါနဲ့ စစ်သေနာပတိချုပ် မြို့တော်ကို ပြန်ရင် မင်းလည်း သူနဲ့အတူ မြို့တော်ကို ပြန်ဖို့ စီစဉ်ထားတာလား။ ကိုယ်လည်း လိုက်ခဲ့ရင် ဘယ်လိုလဲ။ မင်း အမေက ရှချူးမှာ ရှိတယ်ဆိုတော့ သွားတွေ့ကြမှာလား။ " လီယောင်က စိတ်အားထက်သန်စွာ မေးလိုက်သည်။ သူက အသက် ၂၆ နှစ် ရှိပြီဖြစ်ပြီး ကျောက်ရင်ထက် လေးနှစ်ကြီးသည်။

လီယောင်၏ ကြိုတင်ပြင်ဆင်ထားပုံရသော အမူအရာကို မြင်သောအခါ ကျောက်ရင်က ကူကယ်ရာမဲ့သွားသည်။

" အချိန်တန်တော့ သိရမှာပေါ့။ " ကျောက်ရင်က ပြောပြီး လှည့်ထွက်သွားသည်။

ထိုစကားများကို ကြားသောအခါ လီယောင်က အံ့အားသင့်သွားပြီး သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာသည်။

" ရင်အာက ငါနဲ့အတူ ပြန်ဖို့ သဘောတူလိုက်ပြီ။ သူမ အမေနဲ့တောင် တွေ့ခွင့်ရတော့မယ်။ ဒါက ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခုပဲ။ "

မြောက်ဘက်နယ်စပ်၊ တုန်ဟူနန်းတော်။

ထို့ပါဟူက တုန်ဟူစစ်သည်တစ်သိန်းဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ တုန်ဟူနန်းတော်က အပျက်အစီးများအဖြစ် ပြောင်းလဲသွားပြီး စခန်းထဲတွင် သူတို့၏ မျိုးနွယ်ဝင်များ၏ အလောင်းများက မီးများ လောင်ကျွမ်းထားခဲ့သည်။ ချင်စစ်တပ်၏ လက်ချက်ဖြင့် မသေကြသေးသော လူများစွာက ပြန်လည်ရောက်ရှိလာကြပြီး အော်ဟစ်ငိုကြွေးသံများက အဆုံးမရှိပေ။

" ငါတို့ တုန်ဟူနန်းတော်ကို ချင်စစ်တပ်က ဖျက်ဆီးလိုက်ပြီ။ နှစ်ပေါင်းတစ်ရာသက်တမ်းရှိတဲ့ တုန်ဟူနန်းတော်က ပျက်စီးသွားခဲ့ပြီ။ " ထို့ပါဟူက အပျက်အစီးများကို ကြည့်ပြီး သူ၏ မျက်လုံးများက နီရဲသွားသည်။

သူ၏ နောက်မှ တုန်ဟူးတပ်မှူးများနှင့် စစ်သည်များက မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ တုန်ဟူနန်းတော်က ရှန်းကျိုးနယ်မြေမှ မြို့တော်တစ်ခုနှင့် တူညီသည်။

" လူတွေကို အမြန်ကယ်ကြ။ အသက်ရှင်တဲ့ ဘယ်သူကိုမဆို ကယ်တင်ရမယ်။ " ထို့ပါဟူက အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " တုန်ဟူစစ်သည်များက ပြန့်ကျဲသွားပြီး လူများကို စတင်ကယ်တင်လိုက်ကြသည်။

ထိုအချိန်တွင် ထို့ပါဟူက ပင်မစခန်းသို့ လျှောက်သွားသည်။

" မင်းသား ကြည့်လိုက်။ " တုန်ဟူစစ်သူကြီးတစ်ယောက်က မျက်နှာပျက်သွားပြီး ပင်မစခန်းကို ညွှန်ပြလိုက်သည်။

"ချင်လူမျိုးတွေ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။ ဒုတိယညီလေး၊ တတိယညီလေး၊ ပဉ္စမညီမ... သူတို့အားလုံးကို ချင်လူမျိုးတွေ သတ်သွားတယ်။ " ထို့ပါဟူ၏ မျက်လုံးများထဲမှ အမုန်းတရားက ပိုမို ပြင်းထန်လာခဲ့သည်။

ပင်မစခန်းရှိ တုန်ဟူလူမျိုးများကြားတွင် တော်ဝင်မိသားစုဝင် ဆယ်ယောက်ကျော်၏ အလောင်းများ ရှိနေသည်။ သူတို့က ခမ်းနားသော ဝတ်စုံများ ဝတ်ဆင်ထားကြပြီး တုန်းဟူတွင် အရေးပါသော အဆင့်အတန်းရှိသူများ ဖြစ်ကြသည်မှာ ထင်ရှားနေသည်။ ကျောက်ဖုန်း​က သူတို့၏ အသက်များကို အသုံးပြုပြီး တုန်ဟူကို သတိပေးခဲ့ခြင်းဖြစ်သည်။

" မင်းသား ဟိုမှာ ချင်လူမျိုးတွေက စာရေးထားခဲ့တယ်။ " စစ်သူကြီးတစ်ယောက်က အဖြူရောင်အလံတစ်ခုကို ညွှန်ပြလိုက်သည်။

၎င်းပေါ်တွင် သွေးများဖြင့် ရေးသားထားသောစာလုံးများ ရှိနေသည်။ ထိုသွေးအားလုံးမှာ တုန်ဟူလူမျိုးများ၏ သွေးများပင်ဖြစ်သည်။ ထို့ပါဟူက လက်ဝှေ့ရမ်းလိုက်သည်နှင့် စစ်သည်များက အလံကို ဆွဲဖြုတ်ပြီး ယူလာကြသည်။

" ဒီမှာ ဘာရေးထားတာလဲ။ " ထို့ပါဟူက အံကျိတ်ပြီး မေးလိုက်သည်။

၎င်းက ချင်ဘာသာစကားဖြင့် ရေးထားသောကြောင့် သူတို့က နားမလည်ကြပေ။ ချင်ဘာသာစကားကို နားလည်သော တပ်မှူးတစ်ယောက်က ထွက်လာပြီး အလံပေါ်ရှိ သွေးစာလုံးမျာယကို ကြည့်လိုက်ရာ သူ၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

" မင်းသား ကျွန်တော် မပြောရဲပါဘူး။ " တပ်မှူးက တုန်ယင်စွာ ပြောလိုက်သည်။

" ပြော။ " ထို့ပါဟူက အေးစက်စွာ ပြောလိုက်သည်။

" ဒီမှာ ရေးထားတာက ဒီတိုက်ပွဲက သွေးနဲ့ရင်းပြီး ဆပ်ရမယ့် သွေးကြွေးတစ်ခုပဲ။ ကျွန်တော်တို့ လူမျိုးတွေကြောင့် ယန်နယ်မြေမှာ သေဆုံးခဲ့ရတဲ့ ဟွာရှလူမျိုးတွေအတွက် လက်စားချေတာလို့ ပြောပါတယ်။ သွေးအတွက် သွေး မျက်လုံးအတွက် မျက်လုံး။ ဒီတိုက်ပွဲက အစပဲ ရှိသေးပြီး အနာဂတ်မှာ ကျွန်တော်တို့ လူမျိုးတွေကို ချေမှုန်းဖို့ သူတို့ ပြန်လာမယ်လို့ ရေးထားပါတယ်။ ပြီးတော့ ဒီစကားတွေကို ချင်စစ်သေနာပတိချုပ်ကျောက်ဖုန်းကိုယ်တိုင် ရေးထားတညလို့ ပြောပါတယ်။ " တုန်ဟူတပ်မှူးက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

" ချင်၊ကျောက်ဖုန်း မင်း ငါလ့လူမျိုးတွေကို သတ်တယ်။ ငါ့ရဲ့ ညီအကိုမောင်နှမတွေကို သတ်တယ်။ ဒီရန်ငြိုးကို ငါ ထို့ပါဟူ မမေ့ဘူး။ မင်းကို အပိုင်းပိုင်း ခုတ်မဖြတ်နိုင်ရင် ငါထို့ပါဟူမဟုတ်တော့ဘူး။ " ထို့ပါဟူက မုန်းတီးမှုများဖြင့် ဟိန်းဟောက်လိုက်သည်။

ကျောက်ဖုန်းဆိုသော နာမည်က ထို့ပါဟူ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့သည်။ သို့သော် ထိုအရာအားလုံးက သူတို့မျိုးနွယ်စုများကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်ကိုတော့ သူ နားမလည်ခဲ့ပေ။

ရက်အနည်းငယ် ကြာပြီးနောက် တုန်ဟူစစ်သည်တစ်သိန်းကျော်က ယန်နယ်မြေဆီသို့ ချီတက်လာကြသည်။ တုန်ဟူဘုရင်ကိုယ်တိုင် သူတို့ကို ဦးဆောင်လာခြင်း ဖြစ်သည်။

" မြန်မြန် အရှိန်မြှင့်ကြ။ ငါ ချင်နိုင်ငံကို သွေးနဲ့ ဆေးကြောပစ်မယ်။ " တုန်ဟူဘုရင်က ဟိန်းဟောက်ပြီး ချင်နိုင်ငံဘက်သို့ မြင်းစီးထွက်သွားသည်။

" အရှင်မင်းကြီး ကျွန်တော်တို့ စစ်တပ်ရဲ့ ရိက္ခါတွေက ချင်စစ်တပ်နဲ့ တိုက်ခိုက်ဖို့ လုံလောက်ဘူး။ စစ်သားတစ်ယောက်ကို ဆယ်ရက်စာ ရိက္ခါပဲရှိတယ်။ " တရှုံက ပြောလိုက်သည်။

" ဆယ်ရက်က ချင်နယ်စပ်ကို ချေမှုန်းဖို့ လုံလောက်တယ်။ သူတို့က ငါတို့ လူမျိုးတွေ အများကြီးကို သတ်ခဲ့တယ်။ လက်စားမချေရင် တုန်ဟူကို ဘယ်လိုအုပ်ချုပ်မှာလဲ။ ငါတို့ လူမျိုးသန်းပေါင်းများစွာကို ဘယ်လိုမျက်နှာပြမှာလဲ။ " တုန်ဟူဘုရင်က ဒေါသတကြီး ပြောလိုက်သည်။

" ဒါပေမယ့် အရှင်မင်းကြီး အခု ချင်စစ်တပ်က မြို့ထဲဆုတ်ခွာသွားပြီ။ ကျွန်တော်တို့စစ်တပ်မှာ မြို့သိမ်းလက်နက်တွေ မရှိသလောက်ပဲ။ ဆယ်ရက်ဆိုတာ မလုံလောက်ဘူး။ " တရှုံက ဆက်လက်ဖြောင့်ဖျလိုက်သည်။

" တိတ်စမ်း။ " တုန်ဟူဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ထိုအချိန်တွင် တုန်ဟူစစ်တပ်က ချင်နယ်စပ်သို့ ရောက်လာပြီး ကျင်းကွမ်းကို မြင်လိုက်ရသည်။ တုန်ဟူဘုရင်က မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်ပြီး သူ၏ မျက်လုံးများက သွေးရောင်လွှမ်းသွားသည်။

နောက်မှ တုန်ဟူစစ်သည်များကလည်း ရှေ့သို့ ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်သွားသည်။ သို့သော် သူတို့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် ဖော်ပြ၍ မရနိုင်သော ကြောက်စိတ်တစ်ခု ပေါ်လာခဲ့သည်။

သူတို့၏ ရှေ့မှ လူခေါင်းပေါင်းများစွာဖြင့် ပြုလုပ်ထားသော ကျင်းကွမ်းကို မြင်လိုက်ရချိန်တွင် မည်သူမဆို ကြောက်စိတ်ဝင်သွားသည်မှာ သေချာသည်။ အထူးသဖြင့် တုန်ဟူလူမျိုးများအတွက် ထိုကျင်းကွမ်းက ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

" ချင်လူမျိုးတွေ ဘယ်လောက်တောင်ရဲတင်းလိုက်လဲ။ ငါ မင်းတို့ကို လုံးဝ ခွင့်မလွှတ်​ဘူး။ " တုန်ဟူဘုရင်က မုန်းတီးမှုများဖြင့် ဟိန်းဟောက်လိုက်သည်။ " ဒါကို ဖြိုဖျက်ကြစမ်း။ သူတို့က ငါတို့ လူမျိုးရဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေပဲ။ သူတို့ ဦးခေါင်းတွေကို မြေမြှုပ်ပေးလိုက်စမ်း။ "

စစ်သည်များက ကျင်းကွမ်းဆီသို့ အမြန်တိုးကပ်သွားကြသည်။ နှင်းများအောက်တွင် သူတို့ မျိုးနွယ်ဝင်များ၏ ဦးခေါင်းများကို ကြည့်ပြီး ထိတ်လန့်နေကြသည်။ ထိုကျင်းကွမ်းက တုန်ဟူလူမျိုးများ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

ရှန်ပင်းမြို့၏ မြောက်ဘက် လူနေအိမ်များနှငိ့ ဝေးသော နေရာတွင် သစ်သားများဖြင့် ပြုလုပ်ထားသော အုတ်ဂူများစွာက ထိုနေရာတွင် ရှိနေသည်။ အုတ်ဂူများ၏ ရှေ့တွင် ကျောက်ဖုန်းနှင့် စစ်သည်ထောင်ချီက ရပ်နေကြသည်။ သူတို့က လေးလတိုင်တိုင် တုန်ဟူနယ်မြေတွင် ဟွာရှလူမျိုးများအတွက် တိုက်ခိုက်ခဲ့သော သူရဲကောင်းများ၏ ဝိညာဉ်များကို နှုတ်ဆက်ရန် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။

"ညီအကိုတို့ လွန်ခဲ့တဲ့ လေးလက ငါကျောက်ဖုန်း မင်းတို့ကို ဦးဆောင်ပြီး မြောက်ဘက်နယ်စပ်ကို ချီတက်ခဲ့တယ်။ တိုင်းတစ်ပါးမျိုးနွယ်စုတွေရဲ့ နယ်မြေကို ခေါ်ဆောင်သွားခဲ့တယ်။ မင်းတို့က နောင်တမရှိဘူးလို့ ငါ့ကို ပြောခဲ့တယ်။ ချင်စစ်သည်တွေအနေနဲ့ နယ်မြေကို ကာကွယ်ပြီး ရန်သူတွေကို သတ်ဖြတ်ဖို့က ငါတို့ တာဝန်ပဲ။ သေရလည်း နောင်တမရှိဘူး။ မင်းတို့ကို ပြန်ခေါ်လာဖို့ ငါ အစွမ်းကုန် ကြိုးစားမယ်လို့ ကတိပေးခဲ့တယ်။ ပြန်လာနိုင်ခဲ့ပေမယ့် အရာအားလုံးက မပြည့်စုံတော့ဘူး။ အခုတော့ စကားတွေက အသုံးမဝင်တော့ဘူး။ "

" ညီအကိုတွေကို နှုတ်ဆက်ပါတယ်။ " ကျောက်ဖုန်းက အုတ်ဂူများစွာကို ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" ညီအကိုတွေကို နှုတ်ဆက်ပါတယ်။ " စစ်သည်ထောင်ချီကလည်း အော်ဟစ်လိုက်ကြပြီး စက္ကူငွေများစွာက လေထဲတွင် လွင့်ပျံနေခဲ့သည်။

" ညီအကိုတို့ စိတ်ချလက်ချ သွားကြပါ။ မင်းတို့ရဲ့ ဇာတိ မင်းတို့ရဲ့ မိသားစုတွေကို ငါ မှတ်သားထားပါတယ်။ မြောက်ဘက်နယ်စပ်မှာ သေဆုံးသွားတဲ့ ညီအကိုတွေရဲ့ မိသားစုတွေကို ငါစောင့်ရှောက်ပေးမယ်။ ဒါက ငါ ကျောက်ဖုန်းရဲ့ ကတိပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်းက နောက်လှည့်ပြီး အော်ပြောလိုက်သည်။

" ကျွန်တော်တို့ အမိန့်ကို စောင့်နေပါတယ်။ " စစ်သည်များက ဂါရဝပြုပြီး ပြောလိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters